← Chapters

👑 The Grand Finale

Vol. 15 Ch. 144

👑 The Grand Finale

Vol. 15 Ch. 144

ဒီခုနစ်ရက်အတွင်း နန်းတော်ထဲမှာ ယွဲ့လင်း အလွန်အလုပ် များနေခဲ့သည်။

ချန်အိမ်တော် စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သတ်ပြီး ယွဲ့လင်းကို အရိပ်အမြွက်တချို့ပေးတာကလွဲလို့ ကျန်းကျီမြောင် ကျန်တာဘာမှ ဝင်ရှုပ်လို့ မရပါ။ ထို့ကြောင့် ခုနစ်ရက်အတွင်း ဇာတ်လမ်းတွဲကြည့်ဖို့သာ အာရုံစိုက်ထားခဲ့သည်။

စနစ်ကလည်း မလိုအပ်သည့် အပိုင်းတွေကို မထည့်ခဲ့ပေ။ တစ်ပိုင်းချင်းစီတိုင်းက ဇာတ်လမ်းကို ရှေ့ရောက်အောင် တွန်းပို့နိုင်ခဲ့သည်။ အပိုင်းကလည်း ၂၀ သာရှိသဖြင့် ယခု ဇာတ်သိမ်းပိုင်းကို ရောက်ရှိသွားပြီဖြစ်ပါသည်။

ယခင်အပိုင်းတွေတုန်းက နန်းတွင်းစားမေးပွဲမှာ ချူးရှား အမှတ်အမြင့်ဆုံးနဲ့ အောင်မြင်ခဲ့ပြီး ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါသည်။ ထို့နောက်ပိုင်းမှာလည်း သူမ ဘာပဲလုပ်လုပ် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သည်။

ပထမတော့ ဟန်လင်းကျောင်းတော်၏ သင်ရိုးစာအုပ်များကို ပြန်လည် ပြုပြင်နိုင်ခဲ့သည်။ နောက်တော့ အရှင်မင်း ကြီး၏ အနီးကပ်လက်ပါးစေတစ်ဦးဖြစ်သည်အထိ ရာထူးတိုးပေးခြင်းကို ခံခဲ့ရသည်။

ချူးရှားတစ်ယောက် ဘဝတက်လမ်းကို လျှောက်လှမ်းနေချိန် မူရုံရွှမ်ကတော့ ရှုပ်ပွေလို့ ကောင်းနေဆဲဖြစ်သည်။ မိသားစုအရှိန်အဝါကိုအားကိုးပြီး ချူးရှာအား မထိတထိ ပြဿနာ ရှာနေဆဲပင်။

သို့သော် ခမည်းတော်ဖြစ်သူက မူရုံရွှမ်ကို သတိပေးခဲ့သည်။ ချူးရှားဆိုသည်မှာ အရှင်မင်းကြီး၏မျက်နှာသာ ပေးမှုကို ခံထားရသော ပညာရှင်တစ်ယောက်ဖြစ်သဖြင့် ပြဿနာသွားမရှာသင့်ကြောင်း ဆုံးမခဲ့သည်။

ထိုအခါ မူရုံရွှမ် အလွန်မှင်သက်သွားခဲ့ရသည်။ တစ်ချိန်တုန်းက သူအထင်အမြင်သေးခဲ့ဖူးသည့် လူတစ်ယောက်ကို ယခု ခမည်းတော်ကပင် လေးစားကြောက်ရွံ့နေရပြီး သူ့ကိုပါ ပြင်းပြင်းထန်ထန် သတိပေးလာခဲ့သည်။

သူက မူရုံမိသားစု၏ တရားဝင်သားဖြစ်နေသေးသော် လည်း နန်းတွင်းစာမေးပွဲကို ကျရှုံးကာ မိသားစုအဆက် အသွယ်ကြောင့် တော်ဝင်အစောင့်တပ်သား ရာထူးကိုသာ ရနိုင်ခဲ့သည်။ သူများတွေအတွက်တော့ ဒါက အထင်ကြီးစရာကောင်းချင် ကောင်းနိုင်ပါသည်။

သို့သော် ဒီရာထူးက ထင်သလောက် အရေးမပါမှန်း မူရုံရွှမ်ကောင်းကောင်းသိသည်။ သူ့နေရာကို အချိန်မရွေးအစား ထိုးနိုင်သည့်လူတွေ အများကြီးရှိနေလေသည်။

မိသားစု အရှိန်အဝါကြောင့်သာ မဟုတ်ပါက ဒီလို အစောင့်တပ်သားတစ်ယောက်တောင် ဖြစ်ခွင့်ရမှာ မဟုတ်ပါ။ သို့သော် ချူးရှားကမူ ခြားနားသည်။ သူမ ပိုင်ဆိုင်ထားသည့်အရာအားလုံးကို ကိုယ့်အစွမ်းအစဖြင့် တစ်ဆင့်ချင်း ရယူခဲ့ခြင်းဖြစ်သည်။

အရှင်မင်းကြီးကလည်း သူမကို မကြာခဏဆိုသလို ချီးကျူးချီးမြှောက်ပြုတတ်သည်။ သူ့လို သာမန် အစောင့်တပ်သားမျိုးကိုတော့ ဘယ်သူမှ အရေးစိုက်မှာ မဟုတ်ပါ။

မူရုံရွှမ် အလွန်နာကျင်သွားခဲ့သည်။ ယခုသေချာပြန်စဉ်း စားကြည့်မှ သူ့ကို ချူးရှားကြည့်ခဲ့သည့် အကြည့်များက ရန်သူတစ်ယောက်ကို ကြည့်သည့်အကြည့်မျိုးမဟုတ်ဘဲ ကလေးဆိုးတစ်ယောက်ကိုကြည့်သည့် အကြည့်မျိုးသာ ဖြစ်သည်။

ထိုအတွေးများကြောင့် မူရုံရွှမ် ပြောင်းလဲသွားခဲ့ပြီး အမှန်တကယ် စိတ်အားထက်သန်လာခဲ့သည်။ တိုင်းပြည်အတွက် အကျိုးပြုသည့် လုပ်ရပ်တစ်ခုကိုဆောင်ရွက်ခဲ့ပြီးနောက် ကိုယ်ရံတော်အစောင့်တပ်သားအဖြစ် ရာထူး တိုးပေးခြင်းကို ခံခဲ့ရသည်။ ထိုအခါ နန်းတော်ထဲမှာ ချူးရှားနဲ့ ပြန်ဆုံနိုင်ခဲ့ပါသည်။

သူ့ကို မြင်သည့်အခါ ချူးရှား အံ့အားသင့်သွားလိမ့်မည်ဟု မူရုံရွှမ် ထင်ထားခဲ့သည်။ သို့သော်လည်း ချူးရှားကမူ သူ့ကို တစ်ချက်သာ လှည့်ကြည့်ပြီး ဆက်လျှောက်သွားခဲ့သည်။

မူရုံရွှမ် ရင်ထဲက ခံစားချက်များ ပိုပိုပြီးထူးဆန်းလာခဲ့သည်။ စိတ်အားထက်သန်မှုတွေလည်း ပိုမိုမြင့်တက်လာခဲ့ပြီး အလုပ်ကို ဆက်ကြိုးစားခဲ့ပါသည်။ သို့သော် ချူးရှား၏တိုးတက်အောင်မြင်နှုန်းက သူ့ထက် အများကြီးပိုသာနေသည်။ သူသည် ချူးရှားအား အမြဲတမ်းနောက်ကနေ မျှော်ငေးကြည့်ဖို့ ကံပါလာခဲ့ပုံရသည်။

တစ်သက်လုံး ချူးရှားအားလက်လှမ်းမှီနိုင်တော့မည် မဟုတ်ဟု မူရုံရွှမ် တွေးပြီး လက်လျှော့ဖို့ ပြင်လိုက်စဉ် ထင်မှတ်မထားသည့် ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ ချူးရှားက မိန်းကလေးတစ်ဦးဖြစ်မှန်း သူ သိရှိသွားခဲ့ပါသည်။

မူရုံရွှမ်ရင်ထဲ အလွန်ပျော်ရွှင်သွားခဲ့သည်။ ယခင်တုန်းက သူခံစားခဲ့ရသည့် စိတ်ခံစားချက်တွေအားလုံး ရုတ်တရက် အဓိပ္ပာယ်ရှိသွားသလို ခံစားလိုက်ရသည်။

သူသဘောကျနေသည့် လူက မိန်းကလေးတစ်ယောက် ဖြစ်နေသည်။ မိန်းကလေးတစ်ယောက် ဖြစ်သဖြင့် သူပိုင်ဆိုင်နိုင်ဖို့အတွက် ပွင့်ပွင့်လင်းလင်း လက်ဆက်ထိန်းမြှားနိုင်ပါပြီ။

ယခင်တုန်းက ချူးရှားနဲ့ ရင်ဆိုင်ရတိုင်း ကိုယ့်ကိုယ်ကိုယ် နိမ့်ကျသလို မူရုံရွှမ် ခံစားခဲ့သည်။ သို့သော် ချူးရှားက မိန်းကလေးဖြစ်မှန်း သိရှိလိုက်ရပြီးနောက်မှာတော့ ထိုခံစားချက် လုံးဝပျောက်ကွယ်သွားခဲ့ပါသည်။

ယခု ချူးရှားနှင့် ရင်ဆိုင်ရသောအခါ အဖို အမကွဲပြားခြားနားမှုတစ်ခုကြောင့် သူရုတ်တရက် အရေးသာသွားသလို ခံစားနေရပြီဖြစ်သည်။

ချူးရှားကို မူရုံရွှမ် တစ်ချိန်တုန်းကလိုပဲ စတင်နှောက်ယှက်ခဲ့ပြန်သည်။ ဒီတစ်ခါတော့ ချူးရှား အခက်တွေ့သွားခဲ့ပါသည်။ ယခင်တုန်းက မူရုံရွှမ် ပြဿနာရှာတာကို အလွယ်တကူ ဖြေရှင်းနိုင်သည်။ သို့သော်လည်း ယခုတော့ သူမရဲ့ လျှို့ဝှက်ချက်ကို မူရုံရွှမ် သိနေပါပြီ။

ထိုလျှို့ဝှက်ချက်သာ လူသိရှင်ကြားဖြစ်သွားပါက အကျိုး ဆက်တွေ ဆိုးရွားလိမ့်မည်။

ဒါသာ သာမန် အချစ်ဇာတ်လမ်းတစ်ခုဆို သူတို့နှစ်ယောက် မတည့်အတူနေ စုံတွဲတွေဖြစ်သွားလိမ့်မည်။ နောက်တော့ မူရုံရွှမ်ကို ချူးရှား အမှန်တကယ်ချစ်မိသွားလိမ့်မည်။ ထို့နောက် ချူးရှား မိန်းကလေးတစ်ဦးလိုပြန် လည်နေထိုင်ကာ သူတို့နှစ်ယောက်ဘဝကို ချိုချိုမြိန်မြိန်နဲ့ ဖြတ်သန်းသွားကြလိမ့်မည်။

သို့သော် စနစ်ဖန်တီးထားသည့် ဇာတ်လမ်းတွေက သာမန်မဟုတ်မှန်း အားလုံးသိပြီးသားပင်။

ချူးရှားကို မူရုံရွှမ် နောက်ဆုံးရွေးချယ်ခွင့်တစ်ခု ပေးနေသည့်အခန်းကို ရောက်ရှိနေပါပြီ။ သူ့ကိုလက်ဆက်မလား၊ ချူးရှားရဲ့ လျှို့ဝှက်ချက်ကို တစ်တိုင်းပြည်လုံးသိသွားအောင် ထုတ်ဖော်လိုက်ရမလားဟူ၍ ဖြစ်သည်။

ကိုယ်လုပ်တော်များ အားလုံးစိတ်လှုပ်ရှားနေကြပါပြီ။ ဇာတ်သိမ်းက ဘယ်လိုဖြစ်သွားမလဲ အလွန်သိချင်နေကြလေပြီ။

သိပ်ကြာကြာမစောင့်လိုက်ရဘဲ အနောက်နန်းဆောင် ညီအစ်မတွေသာမကဘဲ ကျန်းကျီမြောင်၏ ရင်ထဲမှာပါ ‘လခွမ်း’ဟူသည့် အတွေးသံများ ထွက်ပေါ်လာခဲ့သည်။

[အစ်မကြီးရှားက အဲ့လောက်အစွမ်းထက်တာလား]

ယခင်တစ်ခေါက်က ရုပ်ရှင်ထဲမှာ ဟွားမူလန် ကံကြမ္မာကို မတွန်းလှန်နိုင်ခဲ့ပေ။ သို့သော် ချူးရှားကတော့ အောင်အောင်မြင်မြင် တွန်းလှန်နိုင်ခဲ့သည်။

တစ်ဖက်မှာတော့ မူရုံရွှမ်ကို လိုက်လျောချင်ယောင်ဟန် ဆောင်ပြီး နောက်တစ်ဖက်မှာ သူမအတွက် လွတ်လမ်းကို ရှာဖွေနေခဲ့တာဖြစ်သည်။ အကျိုးအမြတ်ချင်းသာ ထပ်တူကျမည်ဆို သူမရဲ့ လျှို့ဝှက်ချက်ကို ကူညီဖုံးကွယ်ပေးမည့်လူ ကျိန်းသေပေါက် ပေါ်လာလိမ့်မည်ဟု ချူးရှား ယုံကြည်ခဲ့ပါသည်။

ထိုအချိန်တွင် နန်းတော်သို့ တိုင်းတစ်ပါးမှ သံတမန်တွေ ရောက်ရှိနေခဲ့တာဖြစ်သည်။ ထို့နောက် ကိုယ်စားလှယ် အဖွဲ့အတွင်း လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တိုင်း ပြည် စက်မက်ဖြစ်ပွားလုနီးပါးဖြစ်လာခဲ့သည်။

ထို့ကြောင့် လူသတ်သမားကို သုံးရက်အတွင်း ရအောင် ရှာဖွေရပါမည်။

အိမ်ရှေ့စံမင်းသားကဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့သည်။ သို့သော် အချိန်နီးကပ်လာသည်အထိ ဘာသဲလွန်စမှ မရရှိခဲ့ပေ။ အိမ်ရှေ့စံမင်းသားက အိမ်ရှေ့စံဟုဆိုသော်လည်း သူ့မယ်တော်မိဖုရားကြီးအား အရှင်မင်း ကြီးက မျက်နှာသာ မပေးပါ။ အရှင်မင်းကြီး မျက်နှာသာ ပေးသည့် ကြင်ယာတော်တစ်ယောက်နှင့် သားနှစ်ယောက် သက်သက်ရှိပြီးသားဖြစ်သည်။

ထို့ကြောင့် ဒီတာဝန်ကို အိမ်ရှေ့စံလက်ထဲ အပ်နှင်းလိုက်ခြင်းက သူ့အစွမ်းအစကို သက်သေပြနိုင်ဖို့ဖြစ်ပါသည်။ သူသာ အောင်မြင်သွားလျှင် အိမ်ရှေ့စံဟူသည့် ရာထူး ပိုမို ခိုင်မြဲသွားမည်ဖြစ်သည်။ သို့သော် မအောင်မြင်ပါက တိုင်း ပြည်နှစ်ခုအကြား ပဋိပက္ခပိုမိုကြီးထွားလာပြီး သူအိမ်ရှေ့စံရာထူးလည်း အန္တရာယ်ရှိသွားနိုင်ပါသည်။

ထီးနန်းကို အပြိုင်လိုချင်နေကြသည့် မင်းညီမင်းသားများက အိမ်ရှေ့စံ၏ စုံစမ်းစစ်ဆေးမှုများကိုကြားဝင်နှောင့် ယှက်ခဲ့ကြသည်။ အချိန်တွေ ကုန်လာသော်လည်း အိမ်ရှေ့စံထံမှာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရှိပေ။

အိမ်ရှေ့စံမင်းသားဘက်မှာ အခက်ကြုံတွေ့နေရချိန် ချူးရှားဘက်ကိုတော့ ဘယ်သူမှ ဂရုမစိုက်ခဲ့ကြပါ။ ထို့ကြောင့် ချူးရှားက လျှို့ဝှက် လှုပ်ရှားခဲ့ပြီး အမှန်တရားကို သိရှိသွားခဲ့သည်။ လမ်းပျောက်နေသဖြင့် အိမ်ရှေ့စံမင်းသား စိတ်ဖိစီးနေချိန် ချူးရှား လျှို့ဝှက်စွာရောက်ရှိလာခဲ့သည်။

သူ့ကိုယ် သူ မိန်းကလေးတစ်ဦးဖြစ်ကြောင်း အရင်ဆုံးဖွင့်ပြောခဲ့ပြီး ဒါကို မူရုံရွှမ်တစ်ဦးတည်းသာ သိထားကြောင်း ရှင်းပြခဲ့ပါသည်။ ထို့ကြောင့် မူရုံရွှမ်ကို တစ်သက်လုံး နှုတ်ပိတ်သွားအောင် လုပ်ပေးနိုင်ပါက စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို အိမ်ရှေ့စံမင်းသားထံ အပ်နှံမည်ဟု ချူးရှား အပေးအယူလိုက်ခဲ့လေသည်။

သူ့ရှေ့က ပညာရှိလေးကို အိမ်ရှေ့စံမင်းသား သေသေချာ ချာ အကဲခတ်လိုက်သည်။ သူမကို အပြည့်အဝ မယုံကြည်နိုင်သေးပါ။

ထိုအခါ ချူးရှားက သဲလွန်စတချို့ထုတ်ပြလိုက်သည်။ ထိုသဲလွန်စတွေကို ကြည့်ခြင်းအားဖြင့် သူမ တကယ် စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ထားမှန်း သိသာစေလိမ့်မည်။ အချက်အချာကျသည့် အဓိကသက်သေတွေကိုတော့ ထုတ်မပြသေးချေ။

“မူရုံရွှမ် တစ်သက်လုံး စကားမပြောနိုင်တော့တဲ့အခါမှ သက်သေတွေကို အရှင်မင်းသားထံ လက်နှစ်ဖက်နဲ့ ကျိန်းသေဆက်သပါ့မယ်”

ချူးရှား အလွန်တည်ငြိမ်နေပါသည်။ မူရုံမိသားစု၏ အရှိန်အဝါက မသေးမှန်း သူမနားလည်သည်။ ထို့ကြောင့် မူရုံရွှမ်ကို စာရင်းရှင်းဖို့အတွက် သူ့ထက် အဆင့်အတန်း ပိုမြင့်သည့်လူကို ရှာဖွေခဲ့ရသည်။ အိမ်ရှေ့စံမင်းသားက သူ့အတွက် နှစ်ယောက်မရှိသော အကောင်းဆုံး မဟာမိတ် ဖြစ်သည်။

အိမ်ရှေ့စံက အစွမ်းအစရှိသလို တစ်ချိန်တည်းမှာပဲ ကျဉ်းထဲကျပ်ထဲ ရောက်ရှိနေသူဖြစ်သည်။ ထို့ကြောင့် သူမရဲ့ ကိုယ်ပိုင်အစွမ်းအစကို ထုတ်ပြလိုက်ပါက လိုချင်တာကို တောင်းဆိုနိုင်လောက်သည်။

နောက်ဆုံးအချိန်သို့ ရောက်လာသောအခါ ချူုးရှားကို သေချာကြည့်ပြီး အိမ်ရှေ့စံမင်းသား ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဒီလိုနဲ့ မတော်တဆမှုတစ်ခုကို သူဖန်တီးခဲ့သည်။

မူရုံရွှမ် မနက်ခင်း အပြင်ထွက်ချိန် မြင်းပေါ်မှ ‘မတော်တ ဆ’ပြုတ်ကျပြီး ရုတ်တရက် သေဆုံးသွားခဲ့သည်။ ထိုအခါ ချူးရှားလည်း ကတိတည်ခဲ့ပြီး သက်သေတွေ အားလုံးကို အိမ်ရှေ့စံထံ အပ်နှံခဲ့ပါသည်။ ထို့ကြောင့် အိမ်ရှေ့စံမင်း သားလည်း လူသတ်မှုတရားခံကို ဖော်ထုတ်နိုင်ခဲ့ကာ အရှင်မင်းကြီး၏ ချီးမြှောက်မှုကို ခံခဲ့ရလေတော့သည်။

ဒါတွေအားလုံး တစ်ပိုင်းတည်းနဲ့ အဆုံးသတ်သွားခဲ့သည်။ ကျန်းကျီမြောင် အလွန်မှင်သက်သွားခဲ့ရသည်။

[လခွမ်း!!! တော်တော် သွေးအေးရက်စက်တဲ့ ဇာတ်လိုက်မင်းသမီးပဲ!!! ဒါမျိုးဆိုတာ တွေ့ရခဲတယ်!]

ကျန်းကျီမြောင် ယခင်တုန်းက ဇာတ်လမ်းတွဲတွေ အများကြီးကြည့်ခဲ့ဖူးပါသည်။ ဒီလိုရက်စက်ကြမ်းကြုတ်သည့် စရိုက်မျိုးနဲ့ ဇာတ်လိုက်မင်းသားတွေကို မြင်ဖူးသော်လည်း ဇာတ်လိုက်မင်းသမီးကတော့… အလွန်ရှားပါလိမ့်မည်။

ခေတ်သစ်ကာလမှာသာ ဖွင့်ပြလိုက်လျှင် ပရိတ်သတ်တွေက ချူးရှားနှင့် မူရုံရွှမ်တို့ မတည့်အတူနေစုံတွဲတွေ ဖြစ်သွားကြလိမ့်မည်ဟု ထင်ကောင်းထင်နိုင်သည်။

သို့သော် ဇာတ်လမ်းထဲမှာ သိပ်မကြာလိုက်ဘဲ ချူးရှားမှ မူရုံရွှမ်အား အညှာအတာမဲ့ နှုတ်ပိတ်ပစ်ခဲ့လေသည်။

All Chapters