← Chapters

အခန်း (၉၂)

Vol. 7 Ch. 92

အခန်း (၉၂)

Vol. 7 Ch. 92

ကျန်းမိသားစုသည် မြို့တော်ရှိ အချမ်းသာဆုံး မိသားစုများထဲမှ တစ်ခုဖြစ်ခဲ့ဖူးသည်။ လက်ရှိဧကရာဇ် နန်းတက်ပြီးနောက် နိုင်ငံတော်အရံငွေများ ပြတ်တောက်သွားခဲ့သည်။ ဧသရာဇ်သည် ကြုံရာအကြောင်းပြချက်တွေသုံးကာ မြို့တော်ရှိ ထိပ်တန်းအချမ်းသာဆုံးမိသားစုငါးစုတို့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သည်။ ကျန်းမိသားစုသည် ၎င်းဒဏ်အား ပထမဆုံး ခံခဲ့ရသည်။

လက်ဝယ်ရှိငွေအားလုံးအား မလိုလားစွာဖြင့် လွှဲပြောင်းပေးခဲ့ရသည်။ ကြုံရာဆင်ခြေများပေးခံရကာ သူတို့၏ နေအိမ်တောင် အသိမ်းခံလိုက်ရသည်။ ထို့နောက် မြို့တော်သို့ ပြန်လာခွင့်မရှိ မြို့‌တော်မှချက်ချင်းထွက်သွားရန် အမိန့်ပေးခဲ့သည်။

ကူကယ်ရာမဲ့စွာဖြင့် အဖေကျန်းသည် သူလျှို့ဝှက်စွာသိမ်းထားသည့် ငွေများကိုသုံးကာ မိသားစုနှင့်အတူ လှည့်လည်သွားလာနေထိုင်သည့်ဘဝအား စတင်ခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် မက်မွန်ပွင့်ရွာတွင် အခြေချနေထိုင်ခဲ့ကြသည်။

သို့သော်လည်း သူသည် စိတ်ဓာတ်ကျဝေဒနာကို ခံစားခဲ့ရပြီး မကြာမီပင် သေဆုံးသွားခဲ့သည်။ သူ မသေဆုံးမီတွင် ဘိုးဘွားအုတ်ဂူ၌ သင်္ဂြိုဟ်ခွင့်မရခြင်းအတွက် ပူဆွေးသောက ရောက်ခဲ့ရသေးသည်။ သူကွယ်လွန်ချိန်တွင် နောင်တတွေဖြင့် ပြည့်နှက်နေခဲ့သည်။

ကျန်းမိသားစုသည် မြို့တော်တွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့တာဖြစ်သည်။ သူတို့၏ ဘိုးဘွားသင်္ချိုင်းတွေဟာလည်း မြို့တော်တွင်သာ ရှိနေခဲ့သည်။ ယခုတွင်တော့၊ တခြားနေရာဒေသတစ်ခုတွင် သေဆုံးခဲ့ရသည်။ အဖေကျန်းသည် သူကွယ်လွန်ချိန်အထိ စိတ်ဓာတ်ကျခြင်းမှ မရုန်းထွက်နိုင်ခဲ့ပေ။

ကျန်းမိသားစုသည် အစဉ်အဆက် နာမည်ပျက်မခံရအောင် ထိန်းသိမ်းထားခဲ့သော်လည်း လက်ရှိဧကရာဇ်ဟာ ၎င်းတို့ မကျူးလွန်ခဲ့သည့်အရာအပေါ် စွပ်စွဲခဲ့သည်။ ထို့ကြောင့် ကွယ်လွန်သွားသည့်တိုင် မိမိတို့၏ မွေးရပ်မြေသို့ မပြန်နိုင်ခဲ့ကြပေ။

ကျန်းတန်းဟယ်သည် ထိုအချိန်က ငယ်ရွယ်သေးသော်လည်း အဖေကျန်း၏ နောက်ဆုံးဆန္ဒကို သတိရသေ၏။ သူ့အဖေ၏ နောက်ဆုံးစကားတွေကို သူ မှတ်မိနေသေးသည်။ အဖေကျန်းသည့် သူ၏ နောက်ဆုံးထွင်သက်မတိုင်ခင် သူ့သားအား ကျန်းမိသားစု၏ ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းကာ သူ့အား သူ့မွေးရပ်မြေဆီ ပြန်ခေါ်သွားပေးပါဟု ပြောခဲ့သည်။ ထိုသို့ပြောပြီးနောက် သူကွယ်လွန်သွားတော့သည်။

ထို့ကြောင့် ကျန်းတန်းဟယ်သည် ရှောက်ကျန့် နန်းတက်နိုင်ရန် ကူညီဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရှောက်ကျန့် ဧကရာဇ်ဖြစ်လာသည်နှင့် တပြိုင်နက် သူ၏အောင်မြင်မှုတွေကိုသုံးကာ အသနားခံပြီး ကျန်းမိသားစု၏ဂုဏ်သတင်းကို ပြန်လည်ရယူနိုင်မည်။ ထိုအချိန်ရောက်လာပါက ဖခင်၏အုတ်ဂူအား မြို့တော်သို့ပြန်ရွှေ့ကာ သူ့အားအေးချမ်းစွာ အနားယူစေမည်။

ကျန်းတန်းဟယ် သူ့အတွေးတွေအား သိမ်းလိုက်ကာ စာကို သေချာဖွင့်လိုက်သည်။ သူအသက်ပြင်းပြင်းရှူလိုက်ကာ မျက်တောင်မခတ်တမ်း အကြောင်းအရာတွေကို ဖတ်လိုက်သည်။ ဖြည်းဖြည်းချင်း ရွှင်မြူးရိပ်တွေ သူ့မျက်နှာအနှံ့ ပျံ့နှံ့သွားကာ သူ့မျက်ခုံးတွေဟာလည်း ရွှင်မြူးမှုကြောင့် ပြေလျော့သွားတော့သည်။ သူ၏နီရဲနေသည့် နှုတ်ခမ်းများအား တောက်ပလှသည့်အပြုံးဖြင့် ဖုံးလွှမ်းထားသည်။

ဒီအခိုက်အတန့်တွင် သူ၏တင်းမာနေသည့်မျက်နှာဟာ နွေဦးလေညင်းဖြင့် နမ်းရှိုက်ခံလိုက်ရသလိုပင်။ သူ၏ ချောမောလှတဲ့မျက်နှာတွင် ယခုအခါတွင်တော့ နွေးထွေးသည့်အကြည့်တွေ ထပ်တိုးလာကာ ပို၍ပင်ဆွဲဆောင်မှုရှိသွားစေသည်။

စာအဆုံးသတ် ရောက်သည့်အခါ ကျန်းတန်းဟယ် စာကို ချလိုက်ပြီး သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးထဲတွင် မျက်ရည်တွေ ရှိနေသလိုပင်။ သူတို့ ကောင်းကောင်းနေထိုင်နေသည့်အတွက် သူစိတ်အေးရသည်။

လီရှို့ကျီမှာ သူအမြင်မှားနေသည်ဟု ထင်လိုက်မိသည်။ သူ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ပွတ်သပ်လိုက်ကာ ကျန်းတန်းဟယ်အား အချိန်အတော်ကြာ ဗလာကျင်းစွာဖြင့် ကြည့်နေမိသည်။

"ငါ့မှာ သမီးလေးတစ်ယောက် ရှိတယ်တဲ့!"

ကျန်းတန်းဟယ်သည် ဤစကားတစ်ခွန်းအား အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြောလိုက်သည်။ လီရှို့ကျီ သတိပြန်ဝင်လာကာ သူ့အား ဆွံ့အစွာကြည့်လိုက်မိသည်။ "ငါ့ကိုအပြင်ထွက်ပြီး မင်းအတွက် လူသိရှင်ကြားကြေငြာစေချင်လား?"

စာကိုဖတ်ပြီးနောက် ကျန်းတန်းဟယ်သည် ဤစကားတစ်ခွန်းကိုသာ ဆက်ပြောနေခဲ့သည်။ သူ့မှာ သမီးလေးတစ်ယောက်ရှိတယ်။ သူ့မှာ သမီးလေး တစ်ယောက်ရှိတယ်။ အစတုန်းကတော့ လီရှို့ကျီမှာ သူ့အတွက် စိတ်လှုပ်ရှားကာ ပျော်ရွှင်နေခဲ့သော်လည်း၊ နောက်တော့ သူ့ကို ပါးစပ်ပိတ်ထားချင်စိတ်သာ ရှိတော့သည်။

သူ့လို တစ်ကိုယ်တည်းသမားကို အနိုင်ကျင့်နေတာပဲ!

ကျန်းတန်းဟယ် နောက်တစ်ကြိမ် ထပ်ပြောပြီးနောက် လီရှို့ကျီ မနေနိုင်ဘဲ ပြန်ပြောလိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်! ပန်းရောင်အင်္ကျီလေးနဲ့ အသားဖြူဖြူ ဝဝကစ်ကစ်သမီးလေးပါ!"

ကျန်းတန်းဟယ် ဆက်မပြောတော့ပေ။ စိတ်ကျေနပ်စွာဖြင့် ကြည့်ရင်း သူစာကို သေသေချာချာ ခေါက်လိုက်ကာ သူ့ရင်ဘတ်ရှေ့တွင် တင်လိုက်သည်။ သူ့နှလုံးသားနှင့် တစ်သားထဲရှိနေသည့် စာရွက်အား သူညင်သာစွာ ပွတ်သပ်လိုက်သည်။

ဤစာရွက်သည် သူ့မိသားစုနှင့် ဆက်စပ်နေသည်။ ဒီနေရာတွင် ထားလိုက်သည့်အခါ အတိုင်းအဆမရှိသည့် စွမ်းအားတွေ ရလိုက်သလို သူ ခံစားလိုက်ရသည်။ သူကောင်းကောင်းနေထိုင်ကာ သူ့အမေ၊ သူ့ဇနီး၊ သူ့သမီးတို့နှင့်အတူနေနိုင်ရန် ဖြစ်နိုင်သမျှမြန်မြန်ပြန်သွားရမည်။

ဤအရာအား စိတ်ထဲတွင်ထားကာ ကျန်းတန်းဟယ် အကြာကြီး အာရုံမလွှင့်နေခဲ့ပေ။ နေ့တိုင်း သူ့ရင်ထဲတွက် အဆုံးမရှိသည့် စွမ်းအားတွေ စုပုံနေသလိုပင်။ သူသည် နန်းတော်သို့သွားရာလမ်းနှင့် အမှုထမ်းစာရင်းအား ထပ်ခါထပ်ခါ စစ်ဆေးသည်။

ဒါဟာ ကျန်းတန်းဟယ်နောက် လိုက်ရသည့် လီရှို့ကျီအတွက်တော့ အရမ်းပြင်းထန်သည်။ လီရှို့ကျီဟာ နေ့စဥ်နေ့တိုင်း သူနှင့်အတူ နေရာအနှံ့ လိုက်သွားခဲ့သည်။ ကျန်းတန်းဟယ်သည် တော့ များများလျှောက်လေ၊ ပို၍ တက်ကြွလာလေလေဖြစ်ကာ ဒုက္ခခံရသူမှာတော့ လီရှို့ကျီသာဖြစ်သည်။

နေ့ခင်းဘက်တွင် သူက သူ့နောက်ကို လိုက်ရသည်။ ညဘက်တွင်တော့ သူနှင့်အတူ သေရည်သောက်ကာ အခုထိမတွေ့ဖူးသေးသည့် သူ့သမီးလေးအကြောင်း ပြောသည်။

လီရှို့ကျီ တစ်နေကုန် အလုပ်ပြီးသွားသည့်နောက် အိမ်သို့ ပြန်လာသည်။ သူ့ကိုယ်အား ကုတင်ပေါ် လှဲချလိုက်ကာ ရောင်ရမ်းနေသည့် ခြေထောက်များအား ပွတ်လိုက်သည်။ ကျွမ်းကျွမ်းတွင် သူ့ကိုခွန်အားပေးသည့် သူ့သမီးရှိပေမယ့် သူ့မှာတော့မရှိပါချေ။

သူထပြီး ရေချိုးခါနီးမှာ တံခါးခေါက်သံကြားလိုက်ရသည်။ လီရှို့ကျီ ကြွက်သားတွေ တောင့်တင်းလာကာ တံခါးအပြင်ဘက်ရှိ ပုံရိပ်အား သတိထားကြည့်လိုက်သည်။

"လီရှို့ကျီ!"

ကျန်းတန်းဟယ် လက်ထဲတွင် သေရည်အိုးနှင့်အတူ တံခါးအပြင်ဘက်မှ သူ့အသံထွက်ပေါ်လာသည်။ လီရှို့ကျီ သက်ပြင်းရှည်ကြီးချလိုက်သည်။ လုပ်ပြန်ပြီ…

"ကျွမ်းကျွမ်း၊ မီးမွှေးလိုက်တော့"

ရှောင်းကော မီးဖိုချောင်ထဲတွင် မုန့်လုပ်နေသည်။ ပြီးခါနီးပြီဖြစ်သည်။ ကျွမ်းကျွမ်း မီးမွှေးသည့်အချိန် သူမပိုင်မုန့်လုပ်တာပြီးလောက်ပြီဖြစ်သည်။

ကျွမ်းကျွမ်းက အတော်ကြာ စောင့်ပေးနေသည်။ သူက ရှောင်းကော သတိပေးလာမည်ကို စောင့်နေသည်။

ရှောင်းကော၏ အသံကိုကြားသည့်အခါ၊ ရှောင်းကော စောစောကပြောခဲ့သည့်နေရာတွင် သူစိတ်လှုပ်ရှားစွာဖြင့် မီးညှိလိုက်သည်။

ဒီမနက် ဖိုခြောက်သွားပြီမှန်း ရှောင်းကော မြင်လိုက်ရတာကြောင့် အလုပ်ဖြစ်မဖြစ် သူမ စမ်းသပ်ချင်သွားသည်။ နေ့လယ်စာ စားချိန်ရောက်သည့်အခါ ရှောင်းကောသည် ကျွမ်းကျွမ်းအား နေ့လယ်စာအတွက် မုန့်ဖုတ်မည်ဟု ပြောခဲ့သည်။ ဖိုအတွင်း မီးမွှေးနည်းကို ကျွမ်းကျွမ်းအား သူမ သင်ပေးလိုက်သည်။

ကျွမ်းကျွမ်း မီးကိုအောင်မြင်စွာ မွှေးပြီးသွားသည့်အခါ ရှောင်းကော၏ ပိုင်မုန့်လည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူမသည် ပိုင်မုန့်တွေအား ဝါးပြားပေါ်တွင် တင်လိုက်ကာ ပြီးလျှင် ဖိုထဲထည့်မည်ဖြစ်သည်။

ရှောင်းကော အပြင်ထွက်ကာ ဖိုဆီသွားလိုက်သည်။ ကျွမ်းကျွမ်း နေရာတွင် ငုတ်တုတ်ထိုင်ကာ မီးအားကြည့်နေသည်။ ထင်းချောင်းတွေ တောက်ပြီးသွားပါမှ မီးအဆင်သင့်ဖြစ်ပြီဟု သူ့အမေပြောခဲ့တာကို သူသတိရသည်။

"မီး အဆင်သင့်ဖြစ်နေပြီလား?" ရှောင်းကော ကျွမ်းကျွမ်းအား မေးလိုက်သည်။

ဒါကို ကျွမ်းကျွမ်း ကြားသည့်အခါ၊ ရှောင်းကောဘက် သွားလိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် သူမအား ဖက်လိုက်သည်။ "မရသေးဘူး။ မီးက တောက်နေတုန်းပဲ”

ရှောင်းကော ကျွမ်းကျွမ်းအား လှမ်းကိုင်လိုက်ကာ ခေါင်းညိတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမလည်းအလျင်မလိုပါချေ။

သူမ အချိန်နည်းနည်းအားနေသည်အား အခွင့်ကောင်းယူကာ ညစ်ပတ်နေသည့် အဝတ်အစားများအား လျှော်ဖွပ်ရန် ကျွမ်းကျွမ်းအား သွားယူခိုင်းလိုက်သည်။ ကျွမ်းကျွမ်း ခေါင်းညိတ်ပြကာ အိမ်ထဲသို့ ဝင်သွားလိုက်သည်။ ခဏအကြာ အဝတ်တစ်ပုံနှင့် သူထွက်လာသည်။

အဝတ်ပုံအား ရှောင်းကောအနားတွင် ချထားပြီးနောက် မီးကြည့်ဖို့ သူသွားလိုက်သည်။

ဘာဖြသ်နေလဲဆိုတာ ရှောင်းကောသိချင်နေသည် ။ ကျွမ်းကျွမ်းသည် အများအားဖြင့် သူမဘေးတွင်ထိုင်ကာ သူမအား ကြည့်နေလေ့ရှိသည်။ ဒီနေ့ သူဘာလို့ ထူးထူးဆန်းဆန်း လုပ်နေတာပါလိမ့်?

သူမ မေးချင်သော်လည်း ကျွမ်းကျွမ်းမှာ စိတ်အခြေအနေ မကောင်းသည့်ပုံပင်။သူသာ သူမကို မပြောပြချင်ဘူးဆိုလျှင် သူမအနေဖြင့် သူ့အားထုတ်ပြောခိုင်းလို့မရပါချေ။

ဒီဟာကိုတွေးရင်း ရှောင်းကော မေ့ပစ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ ကောင်လေးစိတ်ထဲတွင် တစ်ခုခုတော့ ရှိနေလိမ့်မည်။

ရှောင်းကော အောက်ငုံ့ကြည့်လိုက်ကာ အဝတ်တွေကိုယူပြီး ဇလုံထဲ ထည့်လိုက်သည်။ အဲဒီလိုလုပ်နေရင်းနှင့် အနက်ရောင်အဝတ်တွေထဲ ရောနေသည့် ပန်းရောင်အင်္ကျီတစ်ထည်ရှိနေမှန်း သူမသိလိုက်ရသည်။

"ဟင်? ဒါကဘာလဲ?"

ရှောင်းကော ကောက်ယူကြည့်လိုက်သည့်အခါ လွန်ခဲ့သည့် ရက်အနည်းငယ်က ကျွမ်းကျွမ်း ဝတ်ဆင်ခဲ့သည့် ပန်းရောင်ဝတ်စုံကို တွေ့လိုက်ရသည်။

ဘာလို့ ဒါကလုံးနေပြီး တခြားအဝတ်တွေကြားထဲရှိနေတာလဲ? ရှောင်းကော တော်တော်သိချင်သွားသည်။ သူမက ကျွမ်းကျွမ်းအား မော့ကြည့်လိုက်ကာ သူ့ကိုမေးချင်နေသည်။

သို့သော်လည်း သူမ ကြည့်လိုက်သည့်အခါ သူမအား လျှို့ဝှက်စွာ အကဲဖြတ်နေသည့် မျက်လုံးကြီးကြီး တစ်စုံကို တွေ့လိုက်ရသည်။

သူမ တွေ့သွားမှန်း သူသိလိုက်သွားသည့်အခါ သူ့ရဲ့မျက်လုံးကြီးတွေဟာ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး ဘာမှမဖြစ်ဟန်ဆောင်ကာ ခေါင်းကို ချက်ချင်းငုံ့လိုက်သည်။

'ကျွမ်းကျွမ်း ရှက်နေသေးတာများလား?'

ရှောင်းကောသည် လွန်ခဲ့သည့်ရက်အနည်းငယ်က သူဤအဝတ်အစားဝတ်ခဲ့သည်ကို မတတ်နိုင်ဘဲ သတိရသွားတော့သည်။ သူမ ရယ်ချင်သော်လည်း ကျွမ်းကျွမ်းက အနားတွင်ရှိနေသည်။ သူမ အမြန်လှည့်ကာ ခေါင်းငုံ့လိုက်သည်။ သူ့မလက်တွေက အဝတ်လျှော်ရင်း အလုပ်ရှုပ်နေပေမယ့် ပခုံးတွေကတော့ တုန်ရီနေသည်။

ရှောင်းကော ကျွမ်းကျွမ်းအား မရယ်ရဲပေ။ အရင်တစ်ခေါက်ပြန်ရောက်လာသည့်အခါ သူမ သူ့အား ချော့လို့မရခဲ့သည်ကို မှတ်မိနေသေးသည်။ အိမ်ပြန်ရောက်တာနဲ့ ကောင်လေးက တံခါးဖွင့်ပြီး အိမ်ထဲကို ပြေးသွားတော့သည်။ ရှောင်းကောမှာ ဘာဖြစ်သလဲဆိုတာ ကြည့်ရန်အတွက် သူ့နောက်မှတိတ်တဆိတ် လိုက်သွားခဲ့သည်။

အိမ်ထဲရောက်တော့ ရှောင်းကော ခြေဖျားထောက်ကာ အခန်းတံခါးကိုဖွင့်လိုက်သည်။ ကောင်လေး ဘယ်ကိုသွားသလဲဆိုတာ သူမ လှည့်ပတ်ကြည့်လိုက်သည်။

ကလေးလေးသည် မှန်ရှေ့တွင် မိန်းမောစွာဖြင့်ရပ်နေသည်။ သူသည် လှည့်လိုက်ပတ်လိုက်လုပ်ကာ မှန်ထဲရှိ သူ့ကိုယ်သူအား သဘောကျနေသည်။ အတိအကျပြောရလျှင် သူသည် သူ့အဝတ်အစားများကို သဘောကျနေတာဖြစ်သည်။

သူ့မျက်နှာပေါ်ရှိ အမူအရာများသည် စိတ်အနှောက်အယှက်ဖြစ်ကာ ရှုပ်ထွေးနေမှုကြားထဲ ပြောင်းသွားတော့သည်။

ဒါကိုမြင်တော့ ရှောင်းကော သူမပါးစပ်အား အတင်းအုပ်ကာ အခန်းထဲမှနေ နောက်ပြန်ဆုတ်သွားပြီး သူမဘာသာ တိတ်တိတ်လေး ရယ်မောလိုက်သည်။

All Chapters