← Chapters

အခန်း (၉၃)

Vol. 7 Ch. 93

အခန်း (၉၃)

Vol. 7 Ch. 93

“ဟားဟားဟား…”

ရှောင်းကော ဗိုက်နာလာတော့မှဘဲ ရယ်တာရပ်သွားတော့သည်။ သူမ ပါးစပ်ကိုအုပ်ထားသည့် လက်ကိုဖယ်လိုက်သည်။ သူမ ပါးစပ်နှင့် လက်နှစ်ဖက်စလုံး ထုံကျင်နေသည်။ သူမ ရယ်ချင်တာအား ထိန်းထားရသည်မှာ အရမ်းခက်သည်။

ထိုအချိန်တွင် ရှောင်းကော အိမ်အတွင်းမှ အသံတစ်ခုကြားလိုက်ရသည်။ ကျွမ်းကျွမ်း ထွက်လာသည့်အသံလိုပင်။ ရှောင်းကော အမြန်ထရပ်ကာ မြည်းလှည်းဆီ ပြေးသွားလိုက်သည်။ သူမ အလုပ်ရှုပ်ဟန်ဆောင်ကာ အိမ်ထဲသို့ မဝင်ခဲ့သလို ဟန်ဆောင်လိုက်သည်။

ကျွမ်းကျွမ်း အဝတ်အစားအသစ်ကို လဲပြီးသွားပြီဖြစ်သည်။ ရှောင်းကောသည် ကလေးမလေးမှ သူမသားအဖြစ်သို့ ပြန်ပြောင်းသွားသည့် သူမအရှေ့မှ ကလေးကို ကြည့်လိုက်သည်။ သူမ ရယ်ချင်သော်လည်း ရယ်လို့မရပေ။ သူမသည် ဘာမှမဖြစ်ခဲ့ဟန်ဆောင်ကာ ပုံမှန်အတိုင်း သူနှင့် စကားပြောရန် ကြိုးစားလိုက်သည်။ ရုတ်တရက် သူ့အဝတ်အစားတွေလဲလိုက်တဲ့အကြောင်း သူမဘာမှ မပြောပေ။

ကျွမ်းကျွမ်း စိတ်မသက်မသာဖြစ်နေခဲ့သည်။ ရှောင်းကော ပန်းရောင်ဝတ်စုံအကြောင်း ဆက်မမေးတော့သည့်အတွက် သူသက်ပြင်းတစ်ချက်ချလိုက်သည်။

ထိုနေ့ကတည်းက ရှောင်းကောသည် ထိုပန်းရောင်ဝတ်စုံကို မတွေ့ခဲ့ရပေ။

ယနေ့မှပင် ရှောင်းကော ဒါကိုပြန်တွေ့ရ‌တော့သည်။ ကျွမ်းကျွမ်း၏ လိပ်ပြာမလုံသည့် အမူအရာကို ကြည့်လိုက်တော့ သူ ဒီကိစ္စကို မပြောချင်ဘူးဆိုတာ သူမသိသည်။ ရှောင်းကော အရိပ်အမြွက်ရကာ အကျီအကြောင်း မပြောတော့ပေ။

ရှောင်းကော ခေါင်းငုံ့ကာ အဝတ်များကို ဆက်လက်လျှော်ဖွပ်နေလေသည်။ သူမ၏အနောက်မှ ကျွမ်းကျွမ်း၏ အသက်ရှူသံကို သူမ ကြားလိုက်ရသည့်ပုံပင်။ သူမပြုံးကာ ပုခုံးတွေတုန်နေတဲ့အထိ ရယ်နေတယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ဖို့ ခက်ခက်ခဲခဲ အဝတ်တွေကို ခပ်ပြင်းပြင်းတိုက်ချွတ်လိုက်သည်။

“မေ့လိုက်၊ မေ့လိုက်။ ယောက်ျားလေးတစ်ယောက်ရဲ့ မာနအတွက် ဒီဝတ်စုံကို လျှော်ပြီးရင် ဗီရိုအောက်မှာ ပြန်ထားလိုက်မယ်…”

အဝတ်‌လျှော်ပြီးနောက် ကျွမ်းကျွမ်းက ရှောင်းကောအား မီးအဆင်သင့်ဖြစ်ပြီဟု ပြောလာသည်။

ရှောင်းကော နောက်ဆုံးအဝတ်အား အမြန်လှန်းလိုက်ကာ ဝါးဗန်းပေါ်မှ ပိုင်မုန့်များကို ထုတ်ရန် အိမ်ထဲသို့ ပြန်ဝင်သွားသည်။

ပိုင်မုန့်များကို ဘေးထားပြီးနောက် သူမသည် ကျွမ်းကျွမ်းအား ဝေးဝေးတွင်ရပ်ရန် ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မီးသွေးအဖြစ် လောင်ကျွမ်းနေသည့် ထင်းများကို ထုတ်မှာကြောင့် ဖြစ်သည်။ သူမသည် ဆောင်းရာသီတွင် မီးသွေးများညှပ်ယူသည့် ညှပ်ကိုသုံးကာ ပူနေသည့်ထင်းအားလုံးကို မီးဖိုထဲမှထုတ်လိုက်သည်။ အဝတ်ဟောင်းတွေနှင့် ပတ်ထားသည့် နောက်ထပ်သစ်သားတုတ်တစ်ချောင်းကို ရှာတွေ့တော့ ရှောင်းကော မီးဖိုထဲချလိုက်ကာ မီးလောင်နေသည့် ထင်းကြောင့်ကျန်ခဲ့သည့်ပြာတွေကို ဖယ်ရန် အောက်ခြေအား သူမ လှဲကျင်းလိုက်သည်။

ရှောင်းကော ငုံ့ကာ အနားကပ်သွားသည်နှင့်တစ်ပြိုင်နက် လေ‌ပူတစ်ချက် တိုက်ခတ်ကာ သူမမျက်နှာကို ရိုက်ခတ်သွားတော့သည်။ ရှောင်းကော မီးဟပ်သည်ကို သည်းခံကာ တုတ်ဖြင့် ပတ်ပတ်လည် လှဲကျင်းသုတ်လိုက်သည်။ ပြီးသွားသည့်အခါ သူမ ပိုင်မုန့်တွေထည့်ထားသည့်ဗန်းအားယူကာ ခပ်ကြမ်းကြမ်း လှုပ်လိုက်သည်။ ပိုင်မုန့်များ ဗန်းထဲမှ မီးဖိုထဲသို့ ချောမွေ့စွာ လျှောကျသွားသည်။

ရှောင်းကောသည် လေပူများမထွက်လာစေရန် မီးဖိုအဖွင့်အပိတ်အတွက် ကိုယ်တိုင်လုပ် အဖုံးကိုသုံးသည်။

သူမ ဖယ်ထုတ်လိုက်သည့် ထင်းတွေမှာ ပူနေသေးသည်။ ၎င်းတို့အား ရှောင်းကောသည် ဖိုအောက်တွင် သူမတမင်လုပ်ထားသည့်တွင်းထဲ ထည့်ထားသည်မို့ အတွင်းခန်းကို အဆက်မပြတ် အပူပေးနိုင်သည်။

နာရီမရှိသည့်အတွက် ရှောင်းကောအချိန်ကို ခန့်မှန်းရုံဘဲရှိသည်။ ကျွမ်းကျွမ်းနှင့် ခဏလောက် အိမ်ထဲတွင် ကစားပြီးနောက် အချိန်ကျပြီဖြစ်ကြောင်း သူမခံစားလိုက်ရသည်။ ထို့ကြောင့် ရှောင်းကောသည် ကောင်လေးအား သူမနှင့်အတူ ပိုင်မုန့်တွေအား ကြည့်ရန်ခေါ်လိုက်သည်။

ကျွမ်းကျွမ်း အရှေ့ကို ပြေးသွားလိုက်သည်။ ဒီအချိန်တွင် သူ့စိတ်ထဲ ဖိုအပေါ်တွင်သာ ရှိနေသည်။ ပိုင်မုန့်ထုပ်တွေက သူ့အမေပြောသလို ဖြစ်သွားမလားဆိုတာ သူသိချင်နေသည်။

ရှောင်းကောလည်း သူနဲ့ ထပ်တူစိုးရိမ်နေသည်။ ဤသည်မှာ သူမကိုယ်တိုင် မီးဖိုလုပ်တာ ပထမဆုံးအကြိမ်ဖြစ်သည်။ အလုပ်ဖြစ်ပါ့မလားဆိုတာ သူမ မသိပေ။ မအောင်မြင်လို့မရဘူး!

ရှောင်းကော စိတ်အားထက်သန်စွာ ဆုတောင်းလိုက်သည်။ ကောင်းကင်က သူမရဲ့ပြင်းထန်တဲ့ခံစားချက်တွေကို ခံစားမိတာကြောင့် ဖိုက သူမကို စိတ်မပျက်သွားစေပေ။ ပိုင်မုန့်တွေအားလုံး ရွှေရောင်သန်းကာ ကြွပ်ကြွပ်ရွရွဖြစ်နေသည်။

ရှောင်းကော မုန့်တွေအားယူရန် လုပ်လိုက်သည့်အခါ သူမအပူလောင်သွားသည်။ ဖိုအတွင်းပိုင်းတွင် ဤမျှလောက်ထိပူလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ဒီဖိုက အရမ်းမိုက်သည်။

ကျွမ်းကျွမ်းမှာ အံ့ဩတကြီးဖြင့် မအော်ဘဲမနေနိုင်ပါချေ။ ရှောင်းကော ပိုင်မုန့်တစ်ခုအားယူကာ လက်နှစ်ဖက်ဖြင့် ဖဲ့လိုက်သည်ကို သူကြည့်နေသည်။ ပိုင်မုန့်ထဲမှ ဆီတစ်စက်ချင်းစီ ကျလာသည်။ ပိုင်မုန့်အား ဖဲ့လိုက်သည့်အခါ ကြွပ်ရွလှသည့်အလွှာမှာ ကွဲအက်သွားတော့သည်။ ပိုင်မုန့်တွေဟာ ပြီးပြည့်စုံစွာ ကျက်နေသည်။ ၎င်းတို့သည် အပြင်တွင် ကြွပ်ကြွပ်ရွရွရှိကာ အတွင်းပိုင်းတွင် နူးညံ့နေသည်။

ကျွမ်းကျွမ်း၏ တံတွေးတွေ နှုတ်ခမ်းထောင့်နားတွင် ရှိနေသည်။ ရှောင်းကော ရွှင်မြူးစွာ မော့ကြည့်လိုက်သည့်အခါ သူ့ပါးစပ်ထောင့်မှ ရွှဲနစ်နေသည့် သရေစီးကြောင်းကို တွေ့လိုက်ရသည်။

ရှောင်းကော အပြုံးအား မျိုသိပ်ကာမုန့်ကို ချလိုက်သည်။ သူမ လက်ဆန့်ကာ ကျလုနီးပါးဖြစ်‌နေသည့် သရေကိုသုတ်ပေးလိုက်သည်။

"သွားစားရအောင်!"

ရှောင်းကော ပိုင်မုန့်တွေကို ယူလိုက်သည်။ ကျွမ်းကျွမ်းတစ်ယောက် သူမ ပြောသည်ကိုကြားတဲ့အခါ အော်ဟစ်ကာ အိမ်ထဲပြေးဝင်သွားတော့သည်။

ကျွမ်းကျွမ်း ရှောင်းကောပေးလာသည့် မုန့်ကိုယူလိုက်ပြီး တစ်ကိုက်ကိုက်တော့မယ့်အချိန် မမှုတ်ရသေးတာကို ရုတ်တရက် သတိရသွားသည်။ သူ ကိုက်လိုက်တော့မလို့၊ မဟုတ်ပါက အပူလောင်သွားတော့မှာပင်။

ထိုအတွေးဖြင့် သူသည် မုန့်ကို ပါးစပ်နားမှရွှေ့ကာ မှုတ်လိုက်သည်။

တစ်ဆယ်အထိရေတွက်ပြီးနောက် ကျွမ်းကျွမ်း ကိုက်လိုက်သည်။ ပိုင်မုန့်ဟာ သူ့ပါးစပ်ထဲတွင် ပေါက်ကွဲသွားကာ အဆီအနှစ်တွေဟာ သူ့ပါးစပ်ထဲ ချက်ချင်းစီးဝင်သွားသည်။ သူ့ပါးစပ်ကနေ ထွက်လာတဲ့ တဂျွတ်ဂျွတ်အသံတွေဟာ ပိုင်မုန့်စားနေတာနဲ့တောင်မတူပေ။

ရှောင်းကောသည် ပိုင်မုန့်အကာကိုလုပ်သည့်အချိန် ဂျုံမှုန့်ထဲတွင် ဝက်ဆီထည့်ခဲ့သည်။ ထို့ကြောင့် ကိုက်လိုက်တိုင်း အခွံသည် မွှေးကြိုင်ကာ ကြွပ်ကြွပ်ရွရွဖြစ်နေသည်။

"မေမေ၊ မေမေက အရမ်းတော်တာပဲ! အရမ်းတော်တာပဲ!"

ကျွမ်းကျွမ်းမှာ စကားပြောဖို့ ပါးစပ်ထဲပြည့်နေသော်လည်း ရှောင်းကောကို ချီးကျူးနေတာတော့မရပ်ပေ။

ကျွမ်းကျွမ်း ဘာကိုပြောလိုက်သလဲဆိုတာ ရှောင်းကောသေချာမကြားလိုက်ပေမယ့် သူဘာကိုပြောချင်သလဲဆိုတာကို‌တော့ သူမသိသည်။

သူမ လက်ဆန့်ကာ သူ့နှာခေါင်းလေးကို ပုတ်လိုက်သည် “ကောင်းရင် အများကြီးစား"

ရှောင်းကော ကျွမ်းကျွမ်းအား ချစ်ချင်စွာဖြင့် ကြည့်လိုက်သည်။ သူမ၏ အသံမှာ မယုံနိုင်လောက်အောင် နူးညံ့နေသည်။

မိခင်တစ်ယောက်အနေဖြင့် သူမကလေးကို ကောင်းကောင်းစားသောက်စေချင်သည်။

ကျွမ်းကျွမ်း ရှောင်းကောအား ခပ်သာသာခေါင်းညိတ်ပြလိုက်သည်။ "မေမေ လုပ်တာတွေက အကောင်းဆုံးပဲ!"

ရှောင်းကော ကျွမ်းကျွမ်းစားနေတာကို ကြည့်ရတာ သဘောကျသည်။ သူ့မျက်လုံးတွေက ဝိုင်းစက်နေကာ ပါးစပ်ထဲတွင်လည်း ပြည့်နေသည်။ အစားအသောက်က အရသာရှိတာကြောင့် သူ့မျက်နှာပေါ်တွင် စိတ်ကျေနပ်မှုအပြည့်ပင်။

ကျွမ်းကျွမ်း စားတာကို နေ့တိုင်းကြည့်ရုံဖြင့် သူမဗိုက်ပြည့်ကာ စိတ်ကျေနပ်သလို သူမ ခံစားရသည်! သူမလုံးဝဘာကိုမှ စားစရာမလိုတော့သလိုပင်!

ကျွမ်းကျွမ်း တော်တော်စားလိုက်သည်။ နောက်ဆုံးအလုတ် စားပြီးနောက် သူ့ဗိုက်ကိုကျေနပ်စွာဖြင့် ပွတ်လိုက်သည်။ အရသာရှိလွန်းသဖြင့် သူသတိမထားမိဘဲ အလွန်အကျွံ စားမိသွားသည်။

ရှောင်းကောကတော့ အရင်စားပြီးသွားသည်။ သူမဘေးတွင်ထိုင်ကာ ကျွမ်းကျွမ်း စားနေတာကိုကြည့်နေခဲ့သည်။ ရှောင်းကောသည် အပိုင်းအသေးလေးသာ စားချင်စိတ်ရှိကာ အပိုင်းသေးသေးလေး စားပြီးနောက် ဗိုက်ပြည့်နေပြီဖြစ်သည်။ အရင်က သူမဟာ ကြောင်လိုတစ်ကိုက်စားရုံနှင့် ဗိုက်ပြည့်သွားတတ်သည်ဟု သူမ အမေပြောဖူးသည်။

ကျွမ်းကျွမ်း နောက်ဆုံးတစ်ကိုက်ကိုကိုက်ကာ သူ့ဗိုက်ကို ပွတ်နေသည်ကို သူမမြင်လိုက်ရသည့်အခါ သူအလွန်အကျွံစားမိသွားပြီဟု သူမခန့်မှန်းမိသည်။

ရှောင်းကော ဘာမှမပြောရသေးခင် ကျွမ်းကျွမ်းတစ်ယောက် သူ့ဗိုက်အား ပွတ်ပေးမည်ဟုမျှော်လင့်ကာ သူမရင်ခွင်ထဲသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

ကျွမ်းကျွမ်း ရှောင်းကော၏လက်များကို ဆုပ်ကိုင်လိုက်သည်။ သူ အလွန်အကျွံစားမိတိုင်း သူ့ဗိုက်ကို ပွတ်ပေးရမယ့် သူဟာ သူ့အမေပင်။ ဗိုက်ပွတ်ခံလိုက်ရပြီးပါက အမြဲတမ်း သူ နေလို့ပိုကောင်းလာသည်။

ဗိုက်နည်းနည်းတင်းနေတဲ့ ကောင်လေးက ရှောင်းကောကို မှီကာ ညည်းတွားနေသည်။

ကျွမ်းကျွမ်းသည် သူမကို အားကိုးတကြီးကြည့်နေသော်လည်း ရှောင်းကောက မလှုပ်ပေ။ သူတောင်းဆိုတာအား သူမ လုပ်ပေးမည်ဖြစ်သော်လည်း သူ့အားသင်ခန်းစာတစ်ခု ပေးရမည်။ သူကြိုက်တဲ့ အရာဖြစ်ရင်တောင်မှ အလွန်အကျွံမစားသင့်ပေ။

ကျွမ်းကျွမ်း သူမှားခဲ့တာကို သိသည်။ သူ့အမေရဲ့စကားတွေကို သူသတိရပေမယ့် ဒီတစ်ကြိမ်မှာတော့ သွေးဆောင်တာကို သူတကယ် ခံနိုင်ရည်မရှိခဲ့ပါ‌ချေ။ သတိမထားမိဘဲ သူ အများကြီး စားမိသွားပြီဖြစ်သည်။

တောင်းပန်လိုက်ကာ သနားချင်စဖွယ် ဟန်ဆောင်ပြီးနောက် ကျွမ်းကျွမ်း ရှောင်းကော‌ဆီမှ ပွေ့ဖက်မှုကို ရလိုက်သည်။

ရှောင်းကော သူ့ကိုဖက်လိုက်ကာ ဗိုက်ကို လက်တစ်ဖက်နဲ့ ပွတ်ပေးလိုက်သည်။ ကျွမ်းကျွမ်း သူမရင်ခွင်ထဲတွင်ညီးတွားလိုက်သည်။ သူ့အမေရဲ့လက်တွေက ကမ္ဘာပေါ်မှာ မှော်အဆန်ဆုံးလက်တွေပဲ!

နေ့ခင်းတစ်ရေးအိပ်ရာမှ နိုးလာပြီးနောက် ကျွမ်းကျွမ်းသည် ထုံးစံအတိုင်း နွားတွေနှင့် အပြင်ထွက်သွားသည်။ ရှောင်းကောတွင်လည်း ဘာမှလုပ်စရာမရှိသည်ကြောင့် သူ့နောက်လိုက်သွားလိုက်သည်။ မြက်တွေ သိပ်မကျန်တော့တဲ့အတွက် ရှောင်းကော ကျွမ်းကျွမ်းနှင့်အတူ မြည်းလှည်းဖြင့် ထွက်လာလိုက်သည်။

ထိုတစ်ခေါက်တွင် ကျွမ်းကျွမ်းသည် လယ်ကွင်းထဲတွင် နွားများအား ကျောင်းမည်။ နွားတွေနှင့် မြည်းတွေဟာပြောင်းနှံရိုးတံတွေကို ကြိုက်ကြကြောင်း ရှောင်းကောပြောဖူးသည်။

သားအမိနှစ်ယောက် လယ်ကွင်းသို့ သွားကြသည်။ ကျွမ်းကျွမ်းသည် နွားတွေကို ကြိုးဖြည်ပေးကာ လွတ်လပ်စွာစားခွင့်ပေးလိုက်သည်။ ရှောင်းကောလည်း မြည်းတွေကို ကြိုးဖြည်ပေးလိုက်ကာ လှည်းကိုသာ ချန်ထားလိုက်သည်။ ခဏနေလျှင်တွင် ပြောင်းဖူးရိုးတံများကို သယ်ရမည်ဖြစ်ကာ မြည်းတွေအနေဖြင့် ခဏတာ လွတ်လပ်စွာ သွားလာနိုင်သည်။

ရှောင်းကောသည် သူမလိုအပ်သည့် ရိုးတံများကို အမြန်ဖြတ်လိုက်သည်။ ပြီးသွားသည့်အခါ သူမသည် ကျွမ်းကျွမ်းနှင့်အတူ လှည်းပေါ်တွင် ထိုင်လိုက်သည်။

သားအမိနှစ်ယောက် စကားတပြောပြောဖြင့် မနီးမဝေမှ နွားတွေ၊ မြည်းတွေကို ကြည့်နေကြသည်။ ထိုအချိန်တွင် တိရစ္ဆာန်တွေက ပြောင်းဖူးရိုးတံတွေအား ပျော်ရွှင်စွာ စားနေကြသည်။ ကျွမ်းကျွမ်းသည် ရှောင်းကောအား သိချင်စိတ်ဖြင့် မေးလိုက်သည်။ "မေမေ၊ ဖြူသေးနဲ့ မည်းနက်ကြီးက ပိုကြီးလာတယ်လို့ မေမေထင်လား?"

All Chapters