← Chapters

အခန်း (၉၄)

Vol. 7 Ch. 94

အခန်း (၉၄)

Vol. 7 Ch. 94

ရှောင်းကော ကျွမ်းကျွမ်း အကြည့်နောက်လိုက်ကာကြည့်လိုက်သည်။ တကယ်ပင်!

အစက ပိန်ပိန်သေးသေး နွားနှစ်ကောင်သည် ယခုအခါ ပိုမိုသန်မာလာပြီး အရပ်ရှည်လာသည်။ သူတို့အနားက မြည်း အလေးချိန်လောက်ကိုတောင် သယ်နိုင်လောက်သည့်ပုံပင်။

'နောက်နှစ်ကျ နွားနို့သောက်ရတော့မယ်ထင်တယ်'

ထိုညတွင် ညစာစားပြီးနောက် ရှောင်းကောသည် ကျွမ်းကျွမ်းစာလုပ်ရာတွင် ကူညီပေးခဲ့သည်။ အခန်းတစ်ခန်းကို လေ့လာပြီးနောက် ရှောင်းကောသည် သူမည်မျှမှတ်မိသလဲဆိုတာ သိနိုင်ရန် စစ်ဆေးလိုက်သည်။

မမျှော်လင့်ထားစွာဖြင့် ကျွမ်းကျွမ်းသည် စာပိုဒ်များစွာကို မှတ်မိနိုင်နေပြီဖြစ်သည်။ ရှောင်းကောသည် ယခင်က သူမ ဝယ်ခဲ့သည့် ရှေးအက္ခရာသုံးခုကို ချရေးလိုက်သည်။ ကျွမ်းကျွမ်းဟာ သူမဝယ်ခဲ့သည့် ပထမဆုံးစာအုပ်တွင် အနည်းငယ်ကို မှတ်မိပြီးဖြစ်သောကြောင့် ရှောင်းကောအနေဖြင့် နောက်ထပ်စာအုပ်များ ဝယ်ရန် စာအုပ်ဆိုင်သို့သွားရမည်။

စာအုပ်အသစ်များသည် ယခင်မိတ်ဆက်စာအုပ်များထက် များစွာအဆင့်မြင့်သည်။ ဆိုင်ဝန်ထမ်း၏ အဆိုအရ ဤစာအုပ်များတွင် ပါရှိသည့် အကြောင်းအရာများအားလုံးဟာ ကျောင်းတွင် သင်ကြားရတာဖြစ်သည်။

၎င်းကိုကြည့်ခြင်းအားဖြင့် ကျွမ်းကျွမ်းသည် ကျောင်းစမတက်မီ စာအုပ်များအားလုံးကို ဖတ်ပြီးသွားလောက်မည့်ပုံပင်။

"ဘယ်လိုလဲ မေမေ? တစ်ခုခုမှားသွားလား?"

ကျွမ်းကျွမ်း နောက်ဆုံးအပိုင်းကို ရွတ်ဆိုပြီးနောက် ရှောင်းကောအား တောက်ပသည့် မျက်လုံးတွေဖြင့် ကြည့်လိုက်သည်။ သူ အားလုံးကို မှန်မှန်ကန်ကန်မှတ်မိရဲ့လားဆိုတာ မေးချင်သည်။

ရှောင်းကော ကျွမ်းကျွမ်းကို လက်မထောင်ပြလိုက်သည်။ သိချင်စိတ်ဖြင့် ကျွမ်းကျွမ်းလည်း ရှောင်းကော၏ အမူအရာအတိုင်း လက်မထောင်လိုက်သည်။ "ဒါကဘာအဓိပ္ပါယ်လဲမေမေ?"

ရှောင်းကော သူ့ကို လက်မနှစ်ဖက်လုံးထောင်ပြလိုက်သည်။ “ဒါက ချီးကျူးတာ။ နှစ်ခုဆိုရင် နှစ်ဆ ပိုတော်တာပေါ့!"

ကျွမ်းကျွမ်းလည်း သူမအတိုင်းလိုက်လုပ်သည်။ သူက လက်မနှစ်ဖက်လုံးထောင်ကာ ရှောင်းကောကို ပြောလိုက်သည်။ "မေမေလဲ နှစ်ဆပိုတော်တယ်!"

ရှောင်းကော ချက်ချင်း ရင်ထဲထိသွားကာ သူ့ကို အနမ်းကြီးကြီး ဆုချလိုက်သည်။

နောက်တစ်နေ့၊ ရှောင်းကော နေ့လည်စာစားပြီးနောက် အိပ်မပျော်ပေ။ ကျွမ်းကျွမ်းက သူ့အခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ ကလေးတွေက တော်တော်အိပ်သည်။ ကလေးတွေက အိပ်ရင်းနဲ့ကြီးလာတာလို့ လူကြီးတွေပြောကြတယ်မလား?

အခန်းထဲက ထွက်လာတော့ ရှောင်းကော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဩဂုတ်လနှောင်းပိုင်းမို့ အရမ်းမပူပေ။ ရွာရဲ့ ရာသီဥတုကို ကြည့်ရင်း သစ်ပင်တွေ ပေါတာကြောင့်များလားဟု သူမတွေးမိသည်။ အပူဆုံးလဖြစ်သည့် ဇွန်လနှင့်ဇူလိုင်လတွေမှာတောင် အရမ်းကြီးမပူပေ။

ဘယ်လိုဘဲဆို‌ဆို သူမဒီတိုင်းထိုင်ပြီး ဘာမှမလုပ်ဘဲ မနေနိုင်ချေ။ ထို့ကြောင့် ဝက်အူချောင်းလုပ်ရန် သူမစိတ်ကူးလိုက်သည်။ ဒီလိုရာသီဥတုမျိုးတွင် ဝက်အူချောင်းတွေအား အပြင်ဘက်တွင်ထားပါက မဆိုးပါချေ။

ရှောင်းကော ချက်ချင်းအလုပ်လုပ်တော့သည်။ သူမ နေရာလွတ်ထဲဝင်ကာ ရေခဲသေတ္တာထဲမှ အူတစ်ဝက်ကို ထုတ်ယူလိုက်သည်။

ရှောင်းကောသည် အားလုံးမလုပ်ပေ။ ကျန်အူများကို ဆောင်းဦးလယ်ပွဲတော်တွင် ကင်စားနိုင်သည်။

တစ်ချိန်တည်းမှာပဲ သူမဝယ်ထားသည့် ဝက်သားကို ထုတ်လိုက်သည်။

သူမ နေရာလွတ်ထဲမှ ထွက်လာသည်နှင့် တပြိုင်နက် ကျွမ်းကျွမ်း ထွက်လာတာကို ရှောင်းကောမြင်လိုက်ကာ လန့်သွားတော့သည်။

ရှောင်းကော အမြန်ဆောင့်ကြောင့် ထိုင်ချလိုက်ကာ ကျွမ်းကျွမ်း ခပ်ဝေးဝေးရောက်သွားတာကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။ သူအိမ်ပြန်ဝင်လာတာကိုမြင်တော့ ရှောင်းကော အသားနဲ့အူတွေကို အမြန်ချလိုက်ကာ အိမ်ထဲကို ပြေးဝင်သွားလိုက်သည်။

သူမ အိမ်ထဲဝင်သွားတော့ ကျွမ်းကျွမ်းနှင့် ဝင်တိုးသည်။

"မေမေ? ဘယ်တွေရောက်နေတာလဲ?"

ကျွမ်းကျွမ်းတစ်ယောက် ငိုရှိုက်ရင်း မေးလိုက်သည်။ သုနိုးလာပြီး သူ့အမေကို ခေါ်ပေမယ့် ဘယ်သူမှ ပြန်မဖြေပေ။ ထို့နောက် သူမကို လိုက်ရှာရန် ထွက်လာသော်လည်း မီးဖိုချောင်သို့ ရောက်သောအခါ သူမကို သူမတွေ့ပေ။ အဲ့ဒီအချိန်မှာ သူစိုးရိမ်လာသည်။

ရှောင်းကော သူ့ကို ပွေ့ချီကာနှစ်သိမ့်ပေးဖို့ ညင်သာစွာ ပုတ်လိုက်သည်။ “မေမေ အဒေါ်ယန်ကို သွားရှာတာ"

ရှောင်းကောက တည်တည်ငြိမ်ငြိမ်နဲ့ လိမ်ညာပြောလိုက်သည်။ တကယ်တော့ သူမဟာ သိပ်ပြီး တည်ငြိမ်နေတာမဟုတ်ပေ။ အပြစ်ကင်းပြီး ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက်ကို လိမ်ညာရတာက သူမကို ဖိအားကြီးကြီးမားမားခံစားရစေသည်။

ကျွမ်းကျွမ်း ရှောင်းကော၏ပခုံးပေါ် မှီကာ သူ့မျက်လုံးလေးတွေကို လက်နှစ်ဖက်ဖြင့် ပွတ်လိုက်သည်။ သူ့နှာခေါင်းသေးသေးလေးက နှာတရှုပ်ရှုပ်ဖြစ်‌နေကာ ပြင်းပြင်းထန်ထန် ငိုထားသည်ကြောင့် ထွက်လာသည့်အသံလိုပင်။

ရှောင်းကော ရင်ထဲမှာ ကျွမ်းကျွမ်းအတွက် နာကျင်သွားရသည်။ သူ တစ်ရေးအိပ်ပြီးနိုးလာတော့ ဘယ်လိုလုပ် ဒီလိုမျိုးအဆုံးသတ်သွားရတာလဲ

"ကျွမ်းကျွမ်း ဘာဖြစ်လို့လဲ?"

ကျွမ်းကျွမ်း ခေါင်းဖြည်းဖြည်းလေး မော့လာတော့ နီရဲနေတဲ့ သူ့မျက်လုံးလေးတွေ ပေါ်လာသည်။ သူက ရှောင်းကောအား သနားချင်စဖွယ် ကြည့်လိုက်သည်။

"သားအဆင်ပြေပါတယ်၊ အိပ်တာအရမ်းများသွားလို့...."

ကျွမ်းကျွမ်းတစ်ယောက် အဘယ်ကြောင့် ဤမျှ ထူးထူးခြားခြား ပြုမူနေသည်ကို ရှောင်းကောနောက်မှ သိခဲ့ရသည်။

ကျွမ်းကျွမ်းတစ်ယောက် အိပ်မက်မက်ခဲ့တာ‌ကြောင့်ပင်။ သူနိုးလာတော့ ရှောင်းကောကို မတွေ့လိုက်သောအခါ ရှောင်းကော အစာအဖြစ် အကျွေးခံလိုက်ရသည့်အချိန်သို့ ပြန်ရောက်လာသည်ဟု သူထင်သွားသည်။ သူ ကြောက်လန့်ကာ စပြီးငိုတော့သည်။

ကျွမ်းကျွမ်းကို ဖက်ထားရင်း ရှောင်းကောရဲ့ နှလုံးသား နာကျင်သွားရသည်။ ဒီကလေးက တကယ် စိတ်မလုံမခြုံဖြစ်နေတာပင်။ သူ့အနားတွင်နေကာ သူမ သူ့အားအချိန်ပိုပေးရမည့်ပုံပင်။

"အဆင်ပြေသွားပါပြီ ကျွမ်းကျွမ်း။ မေမေ သားကိုထားခဲ့မှာမဟုတ်ပါဘူး။ နောင်‌ မေမေဘယ်သွားသွား သားကိုခေါ်သွားမယ် ဟုတ်ပြီလား?"

ရှောင်းကော ကျွမ်းကျွမ်းအား ညင်ညင်သာသာ နှစ်သိမ့်ပေးလိုက်သည်။ သူ့မျက်လုံးတွေကို ပွတ်သပ်ကာ ရှောင်းကောကို မော့ကြည့်လိုက်သည်။ "နောင်ကျရင် ကျွမ်းကျွမ်းက မေမေ့အနောက်ကနေ နီးနီးကပ်ကပ်လိုက််မယ်။ မေမေသွားချင်တဲ့ဆီသွားပါ"

ကျွမ်းကျွမ်းသည် ရှောင်းကောအနား သူအရမ်းကပ်ပါက သူ့ကို သူမ သဘောမကျတော့မှာစိုးသည်။

"ကျွမ်းကျွမ်း၊ သားက မေမေ့ရဲ့သားလေ။ သေချာပေါက် မေမေက သားကိုအချိန်တိုင်း ခေါ်သွားမှာ။ မေမေဘယ်သွားသွား သားကိုခေါ်သွားမယ်..."

ရှောင်းကောသည် သူမရင်ထဲမှ ဝမ်းနည်းမှုကို မျိုသိပ်ကာ ကျွမ်းကျွမ်းသည် သူမအတွက် မည်မျှ အရေးပါကြောင်း ထပ်ခါတလဲလဲ ပြောပြသည်။

ကျွမ်းကျွမ်း ဝမ်းနည်းနေတာတွေလည်း တဖြည်းဖြည်း ရပ်သွားသည်။ ထို့နောက် သူအနည်းငယ် ရှက်စပြုလာသည်။ သူ့အမေအတွက် ယောက်ျားလေးတစ်ယောက် ဖြစ်လာရမယ်လို့ သူအရင်က ပြောခဲ့ဖူးပေမယ့် အခုချိန်မှာတော့ သူ့အမေက သူ့ကို ချီထားကာ သူကငိုတောင်ငိုနေခဲ့သေးသည်။ အရမ်းရှက်စရာကောင်းတာပဲ။

ကျွမ်းကျွမ်းရဲ့ နီရဲနေတဲ့ မျက်နှာကိုကြည့်ကာ သူအဆင်ပြေသွားမှန်း ရှောင်းကော သိလိုက်သည်။ သူမ သူ့အားဖက်ထားကာ တစ်ခဏလောက် စနောက်လိုက်သည်။ နောက်ဆုံးတော့ သူ ပါးစပ်ဖွင့်ရယ်လာကာ သူမ သူ့ကို အောက်ချပေးလိုက်ပြီး မီးဖိုခန်းဆီ ခေါ်သွားလိုက်သည်။

ယခု ဝက်အူချောင်းလုပ်ရန် အချိန်မရှိတော့ပေ။ အမဲသားအား အရင်လှီးကာ အသားကို အရသာနယ်ထားတာက ပိုကောင်းသည်။ ကျန်တာတွေကိုတော့ မနက်ဖြန်အထိ စောင့်လို့ရသည်။

ကျွမ်းကျွမ်း ရှောင်းကောဝက်အူချောင်းလုပ်မည်မှန်းသိလိုက်ကာ သူ့ကြောင့် နှောင့်နှေးသွားသည်ကိုလည်း သူသိသည်။ သူ ရှောင်းကော၏ ခြေထောက်အား ဖက်ကာ ဘေးတွင် နာနာခံခံဖြင့် ရပ်နေလိုက်သည်။ သူ့အကျင့်အတိုင်း သူ့အမေရဲ့စကားတွေကို သဘောတူသည်။ သူဟာ သူမရဲ့ကလေးဖြစ်သည်။ သူမအား သူဖက်ထားရင်တောင် စိတ်ဆိုးမှာ မဟုတ်ပေ။

ကျွမ်းကျွမ်း အဲ့ဒီလိုတွေးလိုက်ပေမယ့် ခဏနေတော့ သူ့အမေကို လွှတ်ပေးလိုက်သည်။ သူ့အမေကို အသားလှီးရာတွင် အာရုံစိုက်နိုင်ရန် သူ‌လွှတိပေးလိုက်သည်။ သူ နည်းနည်း ဝမ်းနည်းနေသေးတာကြောင့် သူ့အမေကို ပိုပြီးဖက်ထားချင်ခဲ့တာဖြစ်သည်။ အခုတော့ အားလုံးအဆင်ပြေသွားပြီဖြစ်တာကြောင့် သူ့အမေကို ဒုက္ခမပေးသင့်တော့ပေ။

ရှောင်းကော အသားလှီးနေတုန်းမှာ ကျွမ်းကျွမ်းနှင့် စကားပြောဖို့လည်း မမေ့ပေ။ ထိုအချိန်တွင် သူ့အား သူမကိုကူညီခိုင်းသည်။ သူ့အိမ်မက်တွေအကြောင်း မတွေးမိဘဲ ဝက်အူချောင်း လုပ်သည့်နေရာတွင် ပါဝင်နိုင်ရန် သူ့အား ဟင်းခတ်အမွှေးအကြိုင်တွေယူခိုင်းသည်။

ကျွမ်းကျွမ်းလည်း သူ့အိပ်မက်ကို လုံးလုံး မေ့သွားတော့သည်။ သူ ဝမ်းသာအားရ ခေါင်းညိတ်ပြကာ ရှောင်းကောအတွက် ဟင်းခတ်အမွှေးအကြိုင်တွေ သွားယူပေးသည်။

ရှောင်းကောသည် ကျောဘက်အသားမှ အဆီများကို ဖယ်ရှားလိုက်သည်။ ဤဝက်သားပိုင်းသည် အဆီ ၃၀ ရာခိုင်နှုန်းနှင့် အသား ၇၀ ရာခိုင်နှုန်းပါသည်။ ဝက်အူချောင်းပြုလုပ်ရန်အတွက် သင့်တော်သည်။

အဆီများသည့်အပိုင်းကို ဖယ်ရှားပြီးနောက် ရှောင်းကောသည် အဆီနည်းသည့်အသားပိုင်းကို ပါးပါးလှီးလိုက်သည်။ အသားအားလုံး လှီးပြီးနောက် ဇလုံတစ်ခုထဲတွင် ထည့်လိုက်ပြီး သူမအဆီများကို စတင်ခုတ်ထစ်လိုက်သည်။ သူမ လုံးဝ ကြိတ်ပစ်ချင်တာဖြစ်သည်။

ထိုအချိန် ကျွမ်းကျွမ်းသည် ဟင်းခတ်အမွှေးအကြိုင်များနှင့်အတူ ရောက်လာသည်။ ရှောင်းကော ဟင်းခတ်အမွှေးအကြိုင်တွေအား ယူလိုက်ကာ စားပွဲပေါ် တင်လိုက်သည်။ သူမ လှည့်ကာ လှီးထားသည့် အသားများကို ဇလုံတစ်ခုထဲသို့ ထည့်လိုက်သည်။

ကျွမ်းကျွမ်းသည် ခွေးခြေခုံအား စားပွဲနားသို့ရွေ့ကာ အဲ့ဒီအပေါ်တက်လိုက်သည်။

စားပွဲအမြင့်ကြောင့် ကျွမ်းကျွမ်း ဘာမှမမြင်ရပေ။ အခု ခွေးခြေခုံပေါ်မှာ ရပ်လိုက်သည့်အခါမှ အရာအားလုံးကို မြင်ရတော့သည်။

ရှောင်းကောဝယ်ခဲ့သည့် ဟင်းခတ်အမွှေးအကြိုင်များသည် အကြမ်းထည်ဖြစ်ကာ အမှုန့်တွေမဟုတ်ပေ။ သူမကိုယ်တိုင် ၎င်းတို့အားကြိတ်ရသည်။

ရှောင်းကောသည် ဟင်းခတ်အမွှေးအကြိုင်များ ကြိတ်ရန်အတွက် ကျောက်ကြိတ်ဆုံအား မသုံးပေ။ကြက်သွန်ဖြူများထောင်းသည့် ငရုတ်ဆုံကိုသာ သုံးသည်။ ဟင်းခတ်သူမ အမွှေးအကြိုင်များအားလုံးကို ငရုတ်ဆုံထဲသို့ထည့်ကာ ညက်အောင်ထောင်းလိုက်သည်။ ၎င်းတို့ဟာ လုံးဝမကြေသွားသော်လည်း ရှောင်းကောကတော့ အဆင်ပြေသည်ဟု ခံစားရသည်။ အစေ့အဆန်များသည် နှပ်ထားသည့် အသားအားချောမွေ့စေသည်။

ကျွမ်းကျွမ်းဟာ စူးစမ်းလိုစိတ်ရှိသည့် ကလေးဖြစ်လာပြန်သည်။ ရှောင်းကော တစ်ခုခုထည့်လိုက်တိုင်း "အဲ့ဒါကဘာလဲ?" နှင့် "အဲ့ဒါကဘာလဲ..." ဆိုပြီး သူမကို သူမေးလိမ့်မည်။

ရှောင်းကောကလည်း စိတ်ရှည်ရှည်နှင့် ပြန်ဖြေပေးသည်။ သူဟာ စူးစမ်းရုံမျှသာဖြစ်ကြောင်း သူမသိသည်။ သူမသည် ဟင်းခတ်အမွှေးအကြိုင်တွေကို သူ့အားအနံ့ခံစေသည်။ ကျွမ်းကျွမ်းသည် သူ့နှာခေါင်းလေးကိုသုံးကာ စူးစမ်းအနံ့ခံကြည့်သည်။

ငရုတ်သီးအား သူအနံ့ခံကြည့်သည့်အခါ အကြိမ်ပေါင်းများစွာ နှာချေတော့သည်။ ရှောင်းကော သူ့နှာခေါင်းအား ရေအေးဖြင့် အမြန်ဆေးကြောလိုက်ကာ နှာချေတာကိုတားလိုက်သည်။

"သား အဲဒါကိုသိတယ်။ အဲ့ဒါက ငရုတ်သီးပဲ!”

ကျွမ်းကျွမ်းသည် ငရုတ်သီးနီနီနှင့် ခပ်လှမ်းလှမ်းတွင်နေကာ စားပွဲကို မှီလိုက်သည်။

All Chapters