← Chapters

အခန်း (၉၇)

Vol. 7 Ch. 97

အခန်း (၉၇)

Vol. 7 Ch. 97

ရှေးခေတ်မှ ကလေးများသည် အမှန်ပင် အရွယ်နှင့်မလိုက်အောင်သိလွန်းလှသည်။

ရှောင်းကောသည် ကျွမ်းကျွမ်းအား ရှောင်းဟူတို့မောင်နှမနှင့် အတူရှိပါက မည်သည်တို့ကို ကစားကြကြောင်း မေးလိုက်သည်။

ကျွမ်းကျွမ်းက လေးလေးနက်နက် တွေးကြည့်ပြီး ပြောလာသည်။ "အစ်ကိုရှောင်းဟူက စွန်လွှတ်တာကို ကြည့်ဖို့ ကောက်တလင်းဆီ သားကိုခေါ်သွားတတ်တယ်"

"ဟင်?"

၎င်းဟာ မည်သည့်နေရာတွင်ရှိမှန်း ရှောင်းကော သိသည်။ ရိတ်သိမ်းပြီးသည့် ကောက်ပဲသီးနှံများကို နေလှန်းရန် ထိုနေရာသို့ လူများ သွားရောက်လေ့ရှိကြောင်း သူမ သိသည်။ သို့သော် နောက်ပိုင်းတွင် မိသားစုများစွာ ရိက္ခာပြတ်လပ်သွားလာသည့်အခါ ထိုနေရာကို စွန့်ပစ်ခဲ့ကြသည်။

ကျယ်ဝန်းပြီး ပြန့်ပြူးသည့် နေရာဖြစ်သည့်အတွက် ရွာရှိ ကလေးတိုင်းဟာ ထိုနေရာတွင် သွားဆော့ကြသည်။ သူတို့သည် ဝါးမြင်းတွေစီးကာ ရွှံ့နွံတွေတွင် ကစားကြသည်။ စွန်လည်း လွှတ်တတ်ကြသည်။

ရှောင်းကော ယခင်က ထိုနေရာကို ဖြတ်သွားဖူးကာ မိန်းကလေးအများစုဟာလည်း ထိုနေရာတွင် ဆော့ကစားနေသည်ကို တွေ့ဖူးသည်။ တကယ်တော့ တစ်ရွာလုံးတွင် ယောင်္ကျားလေးတွေထက် မိန်းကလေးငယ်လေးတွေက ပိုများသည်။

ကလေးဆယ်ယောက်မှာဆိုလျှင် မိန်းကလေး ရှစ်ယောက်ဖြစ်ကာ ယောက်ျားလေးမှာ နှစ်ယောက်သာ ရှိတတ်သည်။

“ဘယ်သူက စွန်လွှတ်တာလဲ? ယောက်ျားလေးလား မိန်းကလေးလား?"

ရှောင်းကော မျက်ခုံးပင့်လိုက်သည်။ မေးသာ မေးလိုက်သော်လည်း မိန်းကလေး ဖြစ်နိုင်ခြေအရှိဆုံးဆိုတာ သူမစိတ်ထဲတွင် သိနေသည်။

"မိန်းကလေး!"

'ငါသိသားပဲ' ရှောင်းကောသည် သူမ မျှော်လင့်ထားသလိုဘဲ ဆိုသည့်ပုံစံမျိုးဖြင့် ကြည့်လိုက်သည်။

ကျွမ်းကျွမ်းဟာ ငယ်သေးကာ မသိနားမလည်သေးပေ။ သူသည် ပျော်စရာကောင်းသဖြင့် ရှောင်းဟူအနောက်ကို လိုက်သည်။ အခြေခံအားဖြင့် ရှောင်းဟူ သူ့အား ဘယ်ခေါ်သွားသွား သူ အနောက်ကနေ လိုက်သွားမှာပင်။

ရှောင်းဟူဟာ ဒီလိုအရွယ်ငယ်ငယ်လေးနှင့် မိန်းကလေးအုပ်စုထဲ မည်ကဲ့သို့ ခိုးဝင်ရမည်ကို သိနေလိမ့်မည်ဟု ရှောင်းကော မထင်ထားခဲ့ပါချေ။

သူမ ကျွမ်းကျွမ်းအား ငုံ့ကြည့်လိုက်သည်။ ကောင်လေးနှစ်ယောက်အား နှိုင်းယှဉ်ကြည့်လိုက်တော့ ကျွမ်းကျွမ်းဟာ ကလေးတစ်ယောက်လိုဖြစ်နေဆဲပင်။

အချိန်တွေဟာ ခပ်မြန်မြန် ကုန်သွားခဲ့သည်။ ဆောင်းဦးလယ်ပွဲတော်လည်း နီးကပ်လာသည်။

ရှောင်းကောသည် အားလပ်ရက်အတွက် မာလာထန်ဆိုင်မှ လူအားလုံးကို သူမအိမ်သို့ ဖိတ်ခဲ့သည်။

အစီအစဉ်က နှစ်ရက်နှင့်တစ်ည ဖြစ်သည့်အတွက် ဧည့်သည်တွေက သူမအိမ်တွင် ညအိပ်မှာပင်။

ရှောင်းကော လူအရေအတွက်ကို သေချာရေတွက်လိုက်သည်။ သူမနှင့်ကျွမ်းကျွမ်း အပါအဝင် စုစုပေါင်း ရှစ်ဦးဖြစ်သည်။

သို့သော် အိမ်တွင် အိပ်နိုင်သည့် အခန်းနှစ်ခန်းသာရှိသည်။ သူမအနေဖြင့် ရူယီ၊ လင်လုံ၊ ဖူအာ၊ ရှောင်စွေ့ တို့နှင့်အတူ တစ်ခန်းမျှသုံးရမည်။

ကျွမ်းကျွမ်း၊ ချင်းအန့်မင်နှင့် ဦးလေးရှုတို့လည်း တစ်ခန်း မျှသုံးရမှာပင်။

ရှောင်းကော သူမအခန်းထဲရှိ ကုတင်ကို ကြည့်လိုက်သည်။ တော်တော်ကြီးကာ လူငါးယောက်လောက် အဆင်ပြေပြေ အိပ်နိုင်ပေမယ့် နည်းနည်းတော့ ကျဉ်းသွားနိုင်သည်။

ရှောင်းကောသည် သူမကိုယ်တိုင် ကုတင်ပေါ်တွင် လဲလိုက်ကာ လူငါးယောက် အတူတူလဲနေမည်ကို စိတ်ကူးကြည့်လိုက်သည်။ ကျန်သည့်မိန်းကလေးတွေအားလုံးဟာ အကောင်သေးသေးလေးမို့ အိပ်ရာက အားလုံးနှင့်ကွက်တိပင်။ အနည်းငယ် ကြပ်သည်ဟု ခံစားရသော်လည်း လူကြပ်သည့် ကုတင်ဟာ ပိုနွေးထွေးသည်။

ချင်းအန့်မင်၏ အခန်းထဲရှိ ကုတင်ဟာလည်း ပြဿနာမရှိပါချေ။ ကလေးတစ်ယောက်နှင့် လူကြီးနှစ်ယောက်အတွက် ကွက်တိပင်။

အိပ်ကြမည့်အစီအစဉ်ကို ဖြေရှင်းပြီးသည်နှင့် စိတ်ပူစရာ သိပ်မရှိတော့ပေ။

"မေမေ၊ မေမေ၊ ဒီနေ့ လမုန့်လုပ်ဖို့ ပြောထားတာမဟုတ်လား?"

ရှောင်းကော ခေါင်းညိတ်လိုက်သည်။ မနေ့ညက ကျွမ်းကျွမ်းနှင့် စကားစမြည်ပြောရင်း ယနေ့ လမုန့်လုပ်မည်ဟု သူမပြောခဲ့သည်။ သူမ ဘာမှ မလုပ်ရသေးပေမယ့် ကျွမ်းကျွမ်းက အရမ်းစိတ်လှုပ်ရှားနေတာကြောင့် တစ်ညလုံး ကောင်းကောင်းမအိပ်နိုင်ခဲ့ပါချေ။

ကျွမ်းကျွမ်းသည် လမုန့်ပြုလုပ်သည်ကို မမြင်ဖူးတာကြောင့် ရှောင်းကော လမုန့်လုပ်မည်ဟု သူကြားတဲ့အခါ မနက်ဘက် သူအိပ်ရာထနောက်ကျပြီး လမုန့်လုပ်သည်ကို မကြည့်ရတော့မှာစိုးရိမ်နေခဲ့သည်။

ရှောင်းကော ထွက်လာကာ ဝက်အူချောင်းများကို မီးဖိုချောင်ထဲသို့ ယူလာလိုက်သည်။ ဆယ်ရက်ကျော် လေသလပ် အခြောက်ခံပြီးနောက် ဝက်အူချောင်းများလည်း ရနေပြီဖြစ်သည်။

ရှောင်းကော မီးဖိုချောင်နံရံတွင် ဝက်အူချောင်းများကို ချိတ်ဆွဲထားလိုက်သည်။ ဝက်အူချောင်းများ ပျက်စီးသွားမည်ကို သူမ မစိုးရိမ်ပါချေ။

ရှောင်းကော ဝက်အူချောင်းတွေကို ဖြုတ်လိုက်ပြီးကတည်းက ခွေးပေါက်လေးနှစ်ကောင်ဟာ သူမအနောက်မှ နေရာအနှံ့လိုက်နေတော့သည်။ ရှောင်းကော အိမ်ထဲသို့ဝင်ပါက သူတို့နောက်မှလိုက်ဝင်ကြသည်။ ရှောင်းကော ဝက်အူချောင်းတွေအား ချိတ်သည့်အချိန် သူတို့က နံရံနားတွင်စောင့်ကြပ်ကာ ကျယ်ကျယ်လောင်လောင် ဟောင်ကြသည်။

ခွေးပေါက်လေးနှစ်ကောင်ဟာ ပုံမှန်ဆိုလျှင် ရှောင်းကောနှင့် တခြားသူတွေနှင့်အတူ စားပွဲပေါ်တွင်ရှိသည့်ဟာတွေနှင့် တစ်ပုံစံတည်း စားသောက်ရလေ့ရှိသည်။ အချိန်အတော်ကြာပြီးနောက်တွင် ခွေးပေါက်လေးနှစ်ကောင်သည် လျင်မြန်စွာကြီးထွားလာကာ နွားသားပေါက်အရွယ်နီးပါးဖြစ်လာကြသည်။

ရှောင်းကောသည် သူတို့၏အရပ်အား ကြည့်ကာ ဝက်အူချောင်းများကို သူတို့လှမ်းမဆွဲနိုင်‌စေရန် သေသေချာချာ ခပ်မြင့်မြင့်တွင် ချိတ်ထားလိုက်သည်။ နောက်တော့ သူမထွက်သွားတော့သည်။

လမုန့်လုပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းတွေ ပိုများလာသည်ကြောင့် ရှောင်းကောသည် နေရာလွတ်မှ အသုံးလိုသည့် ပါဝင်ပစ္စည်းများကို အထူးတလည် ထုတ်လိုက်သည်။ ရေခဲသေတ္တာထဲတွင် ပဲအနှစ်တစ်ထုပ်ကို ရှာတွေ့လိုက်ကာ ၎င်းအား လမုန့်လုပ်ရန် ထုတ်လိုက်သည်။

ရှောင်းကောသည် သူမကိုယ်တိုင် ပဲအနှစ်အစာသွပ် လုပ်မည်ဖြစ်သည်။

ချက်ပြုတ်နည်းဟာ အလွန်ရိုးရှင်းသည်။ ပဲနီတွေကို အရင်ဆုံး ရေစိမ်ကာ ပြုတ်လိုက်သည်။ ပြုတ်ပြီးပါက ဆယ်လိုက်ကာ သကြားဖြူဖြင့် မွှေကျိုလိုက်သည်။ ရေတွေ အငွေ့ပျံသွားပါက ပြီးပြီဖြစ်သည်။

ပထမတော့ ရှောင်းကောဟာ သူမ၏ နေရာလွတ်ထဲတွက် ပဲနီ‌စေ့အခြောက်အိတ်ကို ရှာတွေ့ခဲ့သော်လည်း ပဲတွေကို ရေစိမ်ဖို့ နောက်ကျခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ရေခဲသေတ္တာထဲတွင် အသင့်လုပ်ထားသည့် ပဲအနှစ်တစ်ထုပ်ရှိနေသည်။ သူမအနေဖြင့် ၎င်းအားသုံးနိုင်သည်။

သူမသည် ၎င်းပဲအနှစ်ထုပ်အား ကျွမ်းကျွမ်းအာရုံမရှိနေသည့်အချိန်တွင် ထုတ်လိုက်ကာ ဇလုံတစ်ခုထဲသို့ ညှစ်ထည့်လိုက်သည်။ ထို့နောက် မီးတောက်လာပါက လောင်သွားစေရန် ၎င်းအထုပ်အား မီးဖိုထဲပစ်ထည့်လိုက်သည်။

ရှောင်းကော စားပွဲပေါ်တွင် ပါဝင်ပစ္စည်းများ အားလုံးထားလိုက်သည်။ ပဲအနှစ်အပြင် သံပုရာသီးလည်း ပါသည်။ ခဏနေကျလျှင် သူမ သကြားရည်လုပ်မည်။

ထိုအချိန်တွင် ကျွမ်းကျွမ်းသည် လက်ထဲတွင် ထင်းအပြည့်သယ်ကာ အိမ်ထဲသို့ဝင်လာသည်။ သူ မီးမွှေးနေတာကိုကြည့်ရင်း ရှောင်းကောသည် သကြားရည်လုပ်ရန် ပထမတစ်ဆင့် စတင်ဖို့ ပြင်ဆင်လိုက်သည်။

"မေမေ၊ ဘာလို့ သကြားကို ချက်နေတာလဲ?"

ကျွမ်းကျွမ်းသည် သူမလက်ထဲတွင် သကြားဖြူပုလင်းကိုင် ထားသည်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူမကိုမေးပြီးနောက်မှ သကြားရည်လုပ်နေကြောင်း သူသိလိုက်သည်။ ဒါပေမဲ့ အဲ့ဒါက ဘာအတွက်များလဲ?

"သကြားရည်ဆိုတာက လမုန့်လုပ်တဲ့နေရာမှာ အရေးကြီးဆုံးပါဝင်ပစ္စည်းပဲ"

ရှောင်းကောသည် ရှင်းပြနေရင်းဖြင့် အိုးထဲသို့ ရေထည့်ကာ သကြားဖြူပုလင်းတစ်ဝက်လောက် အိုးထဲသို့လောင်းထည့်လိုက်သည်။

ကျွမ်းကျွမ်း မီးမွှေးပြီးနောက် အိုးအတွင်းရှိသကြားဖြူတွေဟာ ပျော်သွားကာ ရေနှင့်တသားတည်းဖြစ်သွားသည်။

ရှောင်းကော သံပုရာသီးတစ်လုံးကို ထုတ်လိုက်တော့ ကျွမ်းကျွမ်းက သိချင်စိတ်ဖြင့် ချဉ်းကပ်လာသည်။ ဒီအဝါရောင်အလုံးလေးက ဘာများလဲ?

"ဒါက သံပုရာသီး"

ရှောင်းကောသည် သံပုရာသီးအား ဓားဖြင့်တစ်ဝက်လှီးလိုက်ကာ သိချင်နေတဲ့ ကျွမ်းကျွမ်းဆီ လျှောက်သွားလိုက်သည်။

သူမ ပြုံးရင်းဖြင့် ကျွမ်းကျွမ်းအား ပါးစပ် ဟခိုင်းလိုက်သည်။ ကောင်လေးကလည်း သူပြောတဲ့အတိုင်းလုပ်တယ်။

“အာ…”

ရှောင်းကော သံပုရာသီးကို လှီးလိုက်တဲ့အခါ သူမပါးစပ်မှနေ မနေနိုင်ဘဲ သွားရည်တွေ ထွက်လာတော့သည်။ ကျွမ်းကျွမ်းက အရမ်းသိချင်နေသည့်အတွက် သူ့အား မြည်းကြည့်ခိုင်းရန် သူမဆုံးဖြတ်လိုက်သည်။ သို့သော် သူမ သိပ်အများကြီး မညှစ်ရဲပေ။

ကျွမ်းကျွမ်းက နာနာခံခံဖြင့် ပါးစပ် ဟ ထားတာကိုမြင်တော့ ရှောင်းကော သံပုရာသီးအား ညှစ်ကာ သူ့လျှာနှင့်ပွတ်လိုက်သည်။

ကျွမ်းကျွမ်းမှာ ပါးစပ်ကိုအုပ်ကာ အော်တော့သည်။ သူ့ကို ဒီလိုမျိုး မြင်လိုက်ရတော့ ရှောင်းကောလည်း မနေနိုင်ဘဲ သွားရည်ကျလာရသည်။

ကျွမ်းကျွမ်း စိတ်ဝင်တစားဖြင့် သူ့နှုတ်ခမ်းကို လျက်လိုက်သည်။ ဒီဟာက တကယ်ထူးဆန်းသည်။ တော်တော်ချဉ်ပေမဲ့ အသီးရနံ့လည်းရသည်။

ကျွမ်းကျွမ်း အဆင်ပြေနေတာကိုမြင်တော့ ရှောင်းကောက သူ့ကို ထပ်လိုချင်လားလို့ မေးလိုက်သည်။ ကျွမ်းကျွမ်းက လုံလောက်ပြီဖြစ်ကြောင်းပြကာ ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။

ရှောင်းကောသည် သံပုရာရည်အားလုံးကို သကြားရေထဲသို့ ညှစ်ထည့်လိုက်သည်။

၎င်းတို့အား မီးပြင်းပြင်းဖြင့် ကျိုလိုက်သည်။ ပွက်ပွက်ဆူလာသည့်အခါ မီးအား အနေတော်ပြောင်းလိုက်သည်။ တစ်နာရီလောက်နေပါက အရည်အရောင်သည် ပယင်းရောင်သို့ပြောင်းသွားလောက်မည်ဟု ရှောင်းကော ခန့်မှန်းမိသည်။ ၎င်းဟာ သကြားရည် အဆင်သင့်ဖြစ်ပြီဟု ဆိုလိုတာပင်။

သူမသည် ၎င်းအား ပုလင်းတစ်လုံးထဲသို့ လောင်းထည့်လိုက်ကာ နောက်ပိုင်းတွင်သုံးရန်အတွက် ဖယ်ထားလိုက်သည်။

ထို့နောက် သူမသည် အယ်ကာလိီရည်ကို ပြင်ဆင်လိုက်သည်။ သူမသည် မုန့်ဖုတ်ဆိုဒါထဲသို့ ရေအနည်းငယ်ထည့်ကာ မွှေလိုက်သည့်အခါ အယ်ကာလီအရည် ရလာသည်။ သူမ၎င်းအား ဘေးတွင် ထားလိုက်ပြန်သည်။

သကြားရည် လုံးဝအေးသွားသည့်အခါ သူမဇလုံထဲသို့ တစ်ဝက်လောင်းထည့်လိုက်သည်။ ကျန်တာတွေကို အလုံပိတ်ထားလိုက်သည်။ ၎င်းအား ကိတ်မုန့်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။

သကြားရည်တွေ ပြည့်နေသည့် ဇလုံထဲတွင် ရှောင်းကောသည် အယ်ကာလီရည်နှင့် ဟင်းချက်ဆီတို့ကို ထည့်လိုက်ကာ အားလုံးကို ရောမွှေလိုက်သည်။

ကောင်းကောင်းရောမွှေပြီးနောက် ဂျုံမှုန့်ကို လောင်းထည့်လိုက်ကာ မုန့်ညက် ချောမွေ့သွားသည်အထိ မွှေလိုက်သည်။ မုန့်ညက် ပွလာစေရန် တစ်နာရီလောက်ဘေးတွင် ထားထားလိုက်သည်။

ထို့နောက် သူမပဲအနှစ်ကို ပြင်ဆင်လိုက်သည်။ သူမသည်သင့်တော်သည့် ဂျုံမှုန့်ပမာဏအား ပဲအနှစ်ပန်းကန်လုံးထဲသို့ ထည့်လိုက်ကာ လက်တွင် မကပ်နိုင်လောက်သည်အထိ နယ်လိုက်သည်။ ထို့နောက် ၎င်းအား နောက်ပိုင်းတွင် သုံးရန် ဖယ်ထားလိုက်သည်။

နောက်တစ်ဆင့်ကတော့ ဘဲဥဆားငန်အနှစ်ကို ပြင်ဆင်ရမည်ဖြစ်သည်။

ကျွမ်းကျွမ်းက အိုးတွေကို ကူရွှေ့ပေးဖို့လုပ်လိုက်သည်။ ရှောင်းကော သူ့ကို တစ်ချက်ကြည့်လိုက်သည်။ 'သူ အိုးတွေကိုရွေ့ဖို့ စဉ်းစားနေသေးတာလား?'

ကျွမ်းကျွမ်း တခစ်ခစ် ရယ်လိုက်သည်။ အရင်တစ်ခေါက် သူ အိုးရွှေ့ဖို့ကြိုးစားတုန်းက ရလာသည့်နောက်ဆက်တွဲ အကျိုးဆက်များကို သတိရမိသွားသည်။ သူ ချက်ချင်း စိတ်ပြောင်းသွားကာ ရှောင်းကောအား ရွှေ့ရန်ခေါ်သွားလိုက်သည်။

ရှောင်းကော သူ့အား ဉာဏ်‌ကောင်းသည့် ကောင်လေးဟုပြောလိုက်ကာ အိုးကိုစားပွဲပေါ်ရွှေ့လိုက်သည်။

ဘဲဥဆားငန်တွေဟာ ရက်နှစ်ဆယ်ရှိပြီဖြစ်သည်။ ဘဲဥဆားငန်လုပ်တာ အောင်မြင်ရဲ့လားဆိုတာ သူမ တွေးမိသည်။

ကျွမ်းကျွမ်းက ခွေးခြေခုံပေါ်တက်ကာ အထဲကို ကြည့်လိုက်သည်။ သူ့မေမေ စားချင်နေသည့် ဘဲဥဆားငန်ကို သူလည်းအရမ်းသိချင်မိသည်။

အဖုံးဖွင့်လိုက်သည်နှင့် ပြင်းထန်သည့် အရက်နံ့ဟာ လေထဲတွင် ပြည့်နှက်သွားတော့သည်။ ရှောင်းကောသည် ဘဲဥအားလုံးကို ခပ်ထုတ်လိုက်ကာ ရေထဲတွင်ပြုတ်လိုက်သည်။

ဆယ်မိနစ်ခန့်ကြာသည့်အခါ ဘဲဥတွေ ကျက်သွားပြီး ခပ်ထုတ်ရန် အသင့်ဖြစ်နေသည်။

ရှောင်းကော ဘဲဥတွေအား ရေအေးထဲ ထည့်လိုက်ကာ တစ်လုံးယူလိုက်သည်။ ကျွမ်းကျွမ်း၏ စူးစမ်းလိုစိတ်နှင့် စိတ်လှုပ်ရှားနေသည့် အကြည့်အောက်တွင် သူမ ဘဲဥကို အမြန်ခွာလိုက်သည်။ သူမလက်လှည့်လိုက်သည်နှင့် ဆီဖြင့် ပြောင်လက်နေသည့် ကြက်ဥအကာက ပေါ်လာခဲ့သည်။

All Chapters