← Chapters

အခန်း (၉၉)

Vol. 7 Ch. 99

အခန်း (၉၉)

Vol. 7 Ch. 99

"မေမေ၊ သား ဝက်အူချောင်းတွေ သွားယူလိုက်မယ်!"

ရှောင်းကောကိုယ်တိုင် ဆန်တွေယူလိုက်တော့ ယခု ကျွမ်းကျွမ်း လက်ထဲတွင် ဘာမှမရှိနေပေ။ နံရံတွင် ချိတ်ထားသည့် ဝက်အူချောင်းတွေအား သူတွေ့လိုက်ကာ ၎င်းတို့အား သွားယူချင်သွားသည်။

သို့ပေမယ့် ရှောင်းကောက ဝက်အူချောင်းတွေကို အရမ်းမြင့်မြင့်ထားထားသည်ကြောင့် ကျွမ်းကျွမ်းမှာ ခုံပေါ်တက်လျှင်တောင် ဝက်အူချောင်းတွေကို မမှီပါချေ။

သူ ရှောင်းကောအား ကူကယ်ရာမဲ့စွာကြည့်လိုက်ကာ အကူအညီတောင်းလိုက်သည်။

"မေမေ ယူပေးမယ်"

ကျွမ်းကျွမ်းဆီမှ အကူအညီတောင်းဝာာကို လက်ခံရရှိပြီးနောက် ရှောင်းကောသည် နံရံဆီသို့ ဓားဖြင့်သွားကာ အစပ်မပါသည့် ဝက်အူချောင်းနှစ်ပိုင်းကို လှီးဖြတ်လိုက်သည်။

ရှောင်းကော လျှောက်သွားသည်ကို ကျွမ်းကျွမ်းမြင်သည့်အခါ သူခုန်ဆင်းလိုက်ပြီး ခွေးခြေခုံကို မီးဖိုချောင်ထဲ ပြန်ယူလာလိုက်သည်။

သူမချက်ပြုတ်နေသည်ကို ကြည့်ရတာ ကျွမ်းကျွမ်းသဘောကျကြောင်း ရှောင်းကော သိသည်ကြောင့် သူ့အား သူမအနား နေခွင့်ပေးထားလိုက်သည်။ ကျွမ်းကျွမ်းသည် ခွေးခြေခုံကို သယ်ကာ ရှောင်းကော ဝက်အူချောင်းများကို ဆေးကြော လှီးနေသည်ကိုကြည့်ရန် စားပွဲရှေ့တွင် ရပ်လိုက်သည်။

စုစုပေါင်း ဝက်အူချောင်း နှစ်ခု ရှိသည်။ ရှောင်းကောသည် ဝက်အူချောင်းများကို ခပ်စောင်းစောင်းလှီးလိုက်ကာ ဇလုံအကြီးတစ်လုံးကို ဝက်အူချောင်းတွေဖြင့် ဖြည့်လိုက်သည်။ သူမသည် ဝက်အူချောင်းများကို ထမင်းပေါ်တွင် သေသေသပ်သပ်စီကာ ကြက်ဥထည့်ရန်အတွက် အလယ်တွင် နေရာလွတ်တစ်ခုချန်ထားလိုက်သည်။

ရှောင်းကောသည် ကျွမ်းကျွမ်း သူမအားပေးခဲ့သည့်ကြက်ဥနှစ်လုံးကို ယူကာ အလယ်တွင် ခွဲထည့်လိုက်သည်။

"ဟုတ်သားပဲ၊ ဆော့စ်ထည့်ရအုံးမယ်!"

ကျွမ်းကျွမ်း၏ အကူအညီဖြင့် ရှောင်းကောသည် အရသာရှိသည့် ဆော့စ်အချိုကို အမြန်စပ်ကာ ဝက်အူချောင်းများပေါ်တွင် အညီအမျှလောင်းထည့်လိုက်သည်။

"ကောင်းပြီ စချက်လို့ရပြီ!"

ကျွမ်းကျွမ်းက မီးကူမွှေးပေးကာ ရှောင်းကောက မြေအိုးအား မီးဖိုပေါ် တင်လိုက်သည်။ တစ်နာရီလောက်ဆိုလျှင် ကျက်လောက်မည်ပင်။

ထမင်းကျက်မည့်အချိန်ကို စောင့်ရင်း လမုန့်များကို ကြက်ဥရည် သုတ်ရမည့်အချိန်ဖြစ်သည်။ ကြက်ဥများ ခွဲသည့်တာဝန်ကို ကျွမ်းကျွမ်းဆီ အပ်ထားလိုက်သည်။ ရှောင်းကောသည် လမုန့်များကိုထုတ်ရန် ဖိုဆီသို့သွားလိုက်သည်။

အရမ်းပူနေသည်ကြောင့် ရှောင်းကောသည် လက်သုတ်ပုဝါကိုသုံးကာ သူမ၏ လက်ကို ပတ်လိုက်သည်။ ထို့နောက် မီးဖိုထဲမှ သံဇကာကို အမြန်ဆွဲထုတ်လိုက်သည်။

လမုန့်၏ မျက်နှာပြင်သည် အရောင်ပြောင်းကာ မွှေးရနံ့တွေ ထွက်လာခဲ့သည်။

ကျွမ်းကျွမ်းက ကြက်ဥမွှေထားတာတွေနှင့် ရောက်လာခဲ့သည်။ ရှောင်းကောသည် ကျွမ်းကျွမ်း အပူဒဏ် ခံရမည်ကို စိုးသဖြင့် ကြက်ဥသုတ်ခွင့်မပေးချေ။

ကြက်ဥသုတ်ခြင်း၏ ရည်ရွယ်ချက်မှာ လမုန့်များအားအရောင်တင်ရန်ဖြစ်သည်။ လမုန့်အားလုံးမှာ ကြက်ဥတစ်လုံးနှင့် သုတ်ရုံဖြင့် လုံလောက်သွားသည်။ ရှောင်းကောသည် ပန်းကန်လုံးအား ကျွမ်းကျွမ်းဆီ ပြန်ပေးလိုက်ပြီး သူမလက်အား အဝတ်ဖြင့်အုပ်ကာ လမုန့်တင်ထားသည့်ဇကာကွက်အား ဖိုထဲသို့ ပြန်တွန်းထည့်လိုက်သည်။

သူမ အဖုံးပြန်ဖုံးလိုက်သည်။ ဖိုထဲရှိအပူသည် နောက်ထပ်တစ်နာရီလောက် ကြာနိုင်သေးသည်ကြောင့် ထင်းထပ်ထည့်ရန် မလိုပါချေ။

မြေအိုးထမင်း၏ ရနံ့သည် မီးဖိုချောင်မှ ပျံ့လွင့်လာခဲ့သည်။ ကျွမ်းကျွမ်း ခြံဝန်းထဲတွင် လှည့်ပတ်လိုက်သည်။ မတူကွဲပြားသော အစားအသောက်အနံ့ နှစ်ခုကြောင့် သူ့မှာ အိမ်ထဲ ဝင်လိုက်ထွက်လိုက် ခေါက်တုံ့ခေါက်ပြန်လုပ်နေရသည်။

ရှောင်းကောသည် ခြံဝင်းဆီ ပြေးမလို့ပြင်နေသည့် ကျွမ်းကျွမ်းကို လှမ်းဆွဲလိုက်သည်။ "ကောင်းပြီ စားရအောင်"

အစားအသောက်က အဆင်သင့်ဖြစ်နေလေပြီ။ ကျွမ်းကျွမ်း၏ဆာလောင်မွတ်သိပ်နေသောမျက်နှာကိုကြည့်ရင်း ရှောင်းကောသည် သူ့ကို တစ်ခုခုစားခွင့်ပေးသင့်သည်ဟု ခံစားမိလိုက်သည်။ ဒီတော့မှ သူ့စိတ်မငြိမ်မသက်ဖြစ်နေသည်ကို ထိန်းထားနိုင်မည်ဖြစ်သည်။

ကျွမ်းကျွမ်း အိမ်ထဲတွင် စားပွဲနေရာချ‌နေစဥ် ရှောင်းကောသည် အသီးအရွက်အချို့ ခူးရန် ဟင်းသီးဟင်းရွက် စိုက်ခင်းသို့ သွားလိုက်သည်။ အိမ်ထဲပြန်ဝင်လာပြီးနောက် အသီးအရွက်တွေအား ရေနွေးဖြောလိုက်သည်။ အရွက်တွေ ပျော့သွားပြီးတဲ့နောက် သူမသည် အရွက်တွေအား မြေအိုးထဲသို့ ထည့်လိုက်သည်။

မြေအိုးထမင်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ရှောင်းကော ထမင်းအား အိမ်ထဲကို ယူသွားလိုက်သည်။ ကျွမ်းကျွမ်းက စားပွဲတွင်ထိုင်ကာ ရှောင်းကောကျွေးမှာကို စောင့်နေပြီဖြစ်သည်။

ရှောင်းကောမှာ ကျွမ်းကျွမ်း၏ လောဘတကြီး အကြည့်ကြောင့် သဘောကျသွားရသည်။ သူမမြေအိုးကိုချကာ သူ့ကိုပြောလိုက်သည်။

"ညစာ ရပါပြီ"

ညစာစားပြီးနောက် ကျွမ်းကျွမ်းသည် ပန်းကန်များ ဆေးကြောရန် သွားလိုက်သည်။ ရှောင်းကောက ဖိုဆီသွားလိုက်သည်။ လမုန့်ထုတ်ရန် အချိန်ကျပြီဖြစ်သည်။

"ကျွမ်းကျွမ်း၊ ကျွမ်းကျွမ်း၊ လမုန့် အဆင်သင့်ဖြစ်ပြီ"

ကျွမ်းကျွမ်းဟာ ဤအခိုက်အတန့်ကို စောင့်နေကြောင်း ရှောင်းကော သိသည်ကြောင့် သူမ ဖိုကို အရင်မဖွင့်လိုက်ပေ။ ယင်းအစား သူမနှင့်အတူ လမုန့်များကိုကြည့်ရန် ကျွမ်းကျွမ်းအား ခေါ်လိုက်သည်။

ကျွမ်းကျွမ်းက အခန်းထဲမှ အသံပေးလိုက်သည်။ ရှောင်းကောသည် သူမလက်တွေကို လက်သုတ်ပုဝါဖြင့် ပတ်ထားကာ ကျွမ်းကျွမ်း ထွက်လာမည်ကို စောင့်နေသည်။

ကျွမ်းကျွမ်းက လွတ်သွားမည်စိုးတာကြောင့် အမြန်ပြေးထွက်လာသည်။

ရှောင်းကော အဖုံးဖွင့်လိုက်သည်နှင့် ပူနွေးနွေးအငွေ့တွေနှင့်အတူ လမုန့်၏မွှေးရနံ့ဟာ သူမရဲ့နှာခေါင်းထဲ တိုးဝင်လာခဲ့သည်။

“အနံ့က အရမ်းကောင်းတာပဲ…”

ကျွမ်းကျွမ်း မနေနိုင်ဘဲ အံ့ဩတကြီးပြောလိုက်သည်။

လမုန့်များအားလုံး ရွှေရောင်သန်းနေကြသည်။ လမုန့်တိုင်း အရောင်သန်းနေသည်အား ရှောင်းကောမြင်လိုက်ရသည်။ ရွှေညိုရောင်မသန်းနေသည့် လမုန့်တစ်လုံးမျှ မရှိပါချေ။

ကျွမ်းကျွမ်း လမုန့်တွေကို တကယ်စားချင်နေပေမယ့် အခု စားလို့မရသေးပေ။ ရှောင်းကောသည် လမုန့်များကို အိုးထဲသို့ထည့်ကာ မီးဖိုချောင်ထဲရှိ ဗီရိုပေါ်တွင် တင်လိုက်သည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။

လမုန့်အခွံထဲမှ အဆီတွေထွက်လာဖို့ဆို နောက်ထပ်တစ်ညလောက် အချိန်ယူရဦးမည်ပင်။

နောက်နေ့မနက်တွင်

ကျွမ်းကျွမ်းသည် မနက်စာစားပြီးနောက် ကိုယ်ပိုင်အသိစိတ်ဖြင့် စာလုပ်လိုက်သည်။ ရှောင်းကောက သူ့ဘေးတွင်ထိုင်ကာ ရက်တွေကို ရေတွက်လိုက်သည်။ နှစ်ရက်ကြာလျှင် ဆောင်းဦးလယ်ပွဲတော် ရောက်တော့မည်ဖြစ်သည်။ သူမ ဆိတ်သားကို လှီးပြီးနှပ်ထားသင့်လား?

ထိုအတွေးဖြင့် ရှောင်းကောသည် ကျွမ်းကျွမ်းအား စာလုပ်ရန် ချန်ထားလိုက်ကာ မီးဖိုချောင်ဆီ သွားလိုက်သည်။ ကျွမ်းကျွမ်း အနားမှာမရှိသည့်အတွက် ရှောင်းကော တစ်ဖက်နေရာလွတ်ထဲသို့ သွားလိုက်သည်။

ရေခဲသေတ္တာထဲမှ သိုးသားအားလုံးကို ယူလိုက်ပြီးသည့်နောက် စားပွဲခုံတစ်ဝက်လောက် နေရာယူသွားသည့် အသားကို ရှောင်းကောကြည့်လိုက်သည်။ ယခင်က သူမသိုးသား ငါးကစ်တီဝယ်ခဲ့ကာ နောက်ထပ်ဆယ်ကစ်တီဝယ်ခဲ့သည်။ စုစုပေါင်း သိုးသား ဆယ့်ငါးကစ်တီ ရှိသည်။ လူရှစ်ယောက်အနေဖြင့် အကုန်လုံးစားကုန်လိမ့်မည်မဟုတ်ပေ။

ရှောင်းကောက သီတံ ဘယ်နှခုလောက် ပြင်ဆင်ရမလဲဆိုတာကို တွက်ကြည့်လိုက်သည်။ သူမ၏ အတွေ့အကြုံအရ သိုးသား တစ်ကစ်တီလျှင် သီတံအချောင်း၃၀ခန့် ပြုလုပ်နိုင်သည်။

ကျွမ်းကျွမ်းဟာ ငယ်ရွယ်သေးကာ အများကြီးမစားနိုင်ပေ။ နောက်ပြီး မိန်းကလေးတွေလည်း ပိုများသည်။ မိန်းကလေးတိုင်း သီတံအချောင်းနှစ်ဆယ်လောက်သာ စားနိုင်လောက်သည်။ ချင်းအန့်မင်နှင့် ဦးလေးရှုတို့ဟာ ယောက်ျားလေးတွေ ဖြစ်သည့်ကြောင့် တစ်ယောက်လျှင် သီတံအချောင်းလေးဆယ်စားလောက် စားနိုင်လောက်သည်။

သိုးသားသီတံများအပြင် အိမ်တွင် ဟင်းသီးဟင်းရွက်များစွာရှိသောကြောင့် ဝက်အူချောင်းများနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့ အခြားပစ္စည်းများကိုပါ ကင်ရန် ရှောင်းကောပြင်ဆင်ထားသည်။ ထိုနေ့အတွက် အသားနှင့် အသီးအရွက်ဟာ ကောင်းမွန်သည့်တွဲစပ်မှုတစ်ခုပင်။

တွက်ချက်မှုတချို့ ပြုလုပ်ပြီးနောက် ရှောင်းကောသည် သိုးရှစ်ကစ်တီသာ နှပ်ထားရန် ဆုံးဖြတ်လိုက်သည်။ အသားမလောက်ပါက အနည်းငယ်ပို၍ နှပ်ထားလိုက်မည်။ ကျန်သည့်အသားတွေအား ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားနိုင်သေးသည်။

သူမသည် အရင်ဝယ်ခဲ့သည့် သိုးသားငါးကစ်တီကို စားပွဲပေါ်တင်လိုက်ကာ အသားဆယ်ကစ်တီထဲမှ ၃ ကစ်တီစာ လှီးလိုက်သည်။

ကျန်သည့် သိုးသားများကို ရေခဲသေတ္တာထဲတွင် ထားကာ လှီးထားသည့် အသားများကိုလည်း ချန်ထားလိုက်သည်။

ရှောင်းကော အသားတွေကို စားပွဲပေါ်တင်ကာ နံရံထောင့်တွင် ဓားသွားသွေးလိုက်သည်။ အသားကို ဓားထက်ထက်ဖြင့် လှီးပါကပိုအဆင်ပြေသည်။

ရှောင်းကော စားပွဲဆီသို့ ဓားဖြင့် ပြန်လာလာ အသားကို ခုတ်လိုက်သည်။

ရှောင်းကောသည် အသားတွေအား လိုအပ်သည့်အရွယ်အစားအတိုင်း လှီးလိုက်ကာ လှီးနေရင်းတစ်ဝက်တွင် ရပ်လိုက်သည်။

သူမ၏လက်တွေ ညောင်းလာခဲ့သည်။ သူမ ဓားကို တင်းတင်းကိုင်ထားသည်ကြောင့် လက်ချောင်းများကို နာကျင်လာစေသည်။

ရှောင်းကော သူမလက်တွေကို ပွတ်လိုက်သည်။ နာကျင်တာ အနည်းငယ် သက်သာသွားသည့်အခါ သိုးသားကို ဆက်လှီးသည်။

အသားအားလုံး လှီးဖြတ်ပြီးသွားသည့်နောက် အသားတွေ ဇလုံအကြီးတစ်လုံးနှင့် အပြည့်ရလိုက်သည်။

ရှောင်းကောသည် သူမဝယ်ထားသည့် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ကာမျှအောင် ရောမွှေလိုက်သည်။ သိုးသားဇလုံကြီးအား နယ်ဖို့ဆိုတာ မလွယ်ချေ။ ရှောင်းကောအနေဖြင့် တူနှင့် အသားတွေကို မမွှေနိုင်တာကြောင့် သူမ တူတွေကိုချလိုက်ကာ လက်ဆေးလိုက်ပြီး လက်ဖြင့် နယ်လိုက်သည်။

အားလုံးကို သမအောင်မွှေပြီးနောက် ဇလုံအား နေရာလွတ်ဆီ ပြန်ယူသွားလိုက်သည်။ ဇလုံကြီးဟာ ရေခဲသေတ္တာထဲတွင် ထည့်ရန် အလွန်ကြီးသည်ကြောင့် ရှောင်းကောသည် ဇလုံအသေးနှစ်လုံးအား ရှာလိုက်ကာ အသားတွေကို ခွဲထည့်လိုက်သည်။ အသားတွေအား ရေခဲသေတ္တာထဲတွင် အောင်အောင်မြင်မြင်ဖြင့် ထားနိုင်လိုက်သည်။

သူမပြန်ထွက်လာသည့်အခါ ဇလုံကြီးကို ယူလာသည်။ သိုးသားက ကြာကြာနှပ်ထားလေ အရသာပိုရှိလေပင်။ နှစ်ရက်ကြာပြီးပါက၊ အသားသည် ဟင်းခတ်အမွှေးအကြိုင်များ၏ အရသာကို လုံးဝစုပ်ယူသွားမည်ဖြစ်သည်။ ဒီလိုဆိုလျှင် အရသာရှိမှာ သေချာပေါက်ပင်။

အသားတွေ လုပ်ပြီးနောက် သီတံလုပ်ရမယ့် အချိန်ကျလာသည်။

ရှောင်းကောသည် သီတံအတွက် သစ်အကိုင်းအခက်များကို ခုတ်ရန် တောင်ပေါ်တက်ဖို့ ပြင်ဆင်လိုက်သည်။ ပြန်ရောက်သည့်အခါ အကိုင်းများကို ချွန်ရမည်။

တကယ်တော့ သူမဘာလို့ တောင်ပေါ်တက်စရာလိုမှာလဲ? ရှောင်းကောသည် ငါးရဖို့ စဉ်းစားနေတာဖြစ်သည်။ ငါးကင်က အရသာကောင်းသည်။ တောင်ပေါ်တွင် ငါးရလာလောက်အောင် ကံကောင်းပါ့မလားလို့ တွေးမိသည်။

ကျွမ်းကျွမ်းအား အိမ်တွင် စာလုပ်နေရန်ထားခဲ့ကာ သူမသည်ခြင်းတောင်းသယ်ရင်း တောင်ပေါ်သွားလိုက်သည်။

ကျွမ်းကျွမ်းမှာ သူမနှင့်အတူ လိုက်ချင်သော်လည်း ရှောင်းကောက သူမတစ်ယောက်တည်း သွားရန် ဆုံးဖြတ်ထားသည်။ စောစောသွားပါက၊ စောစောပြန်ရောက်နိုင်မည်ဖြစ်သည်။ ကျွမ်းကျွမ်းအနေဖြင့် အိမ်တွင် သူမအား လိမ်မာမာဖြင့် စောင့်နေရုံသာ တတ်နိုင်တော့သည်။

ကျွမ်းကျွမ်းလည်း အင်တင်တင်ဖြင့် သဘောတူလိုက်သည်။

ရှောင်းကောသည် ခြင်းတောင်းအား သူမ‌နောက်ကျောတွင် သယ်ကာ မကြာခင်တွင်ဘဲ တောင်ပေါ် ရောက်လာသည်။ သူမမှတ်မိထားသည့် လမ်းကြောင်းအတိုင်း သွားကာ မြစ်ဆီရောက်လာသည်။ သူမ ဒီကို ရောက်ခဲ့သည်မှာ တော်တော်ကြာနေပြီဖြစ်သည်။ ဤနေရာတွင် သူမ ငါးရှာတွေ့နိုင်သေးမလားဟု သိချင်မိသည်။

သူမ မြစ်ကမ်းဆီ ဂရုတစိုက် ချဉ်းကပ်သွားလိုက်သည်။ အချိန်အတော်ကြာအောင် ရှာပြီးသည့်နောက်‌တွင်ပင် ငါးတစ်ကောင်မှ မတွေ့သေးချေ။

ရှောင်းကော အနည်းငယ် စိတ်ပျက်သွားသည်။ သူမထွက်သွားခါနီးတွင် ဆူဖြိုးသည့်ငါးတစ်ကောင်က သူမမြင်ကွင်းထဲ ခုန်ဝင်လာခဲ့သည်။

ရှောင်းကော အကျယ်ကြီး အော်ရယ်ပစ်ချင်သွားသည်။ ဒီဆူဖြိုးဖြိုးငါးဟာ သူမရဲ့ ထောင်ချောက်ထဲဝင်လာတာပင်။ ယခု သူမနဲ့လာတိုးတော့ သူ့အ‌နေဖြင့် ထွက်သွားမယ့်အကြောင်း မေ့ပစ်လိုက်ရတော့မှာပင်။

ရှောင်းကောသည် ငါးကို အမြန်ဖမ်းကာ ခြင်းတောင်းထဲ ထည့်လိုက်သည်။ ငါးက ခြင်းတောင်းထဲတွင် ခုန်ပေါက်နေသည်။ အားတွေပြည့်နေဆဲပင်။

ကျေနပ်စွာဖြင့် ရှောင်းကောသည် ခြင်းတောင်းအား သယ်ကာ ထွက်လာလိုက်သည်။ သူမနောက်လုပ်ရမယ့်အရာကတော့ သစ်ကိုင်းအချို့ကို စုဆောင်းဖို့ပင်။

ရှောင်းကောသည် လျှောက်လာရင်း သစ်ကိုင်းများကို ခုတ်လိုက်သည်။ သိပ်မကြာခင်မှာပဲ ခြင်းတောင်း ပြည့်သွားတော့သည်။ အကိုင်းအခက်တွေပြည့်နေသည့် ခြင်းတောင်းနှင့်အတူ သူမအိမ်သို့ အမြန်ဦးတည်လိုက်သည်။

All Chapters