အခန်း (၁၀၁)
Vol. 7 Ch. 101
အမျိုးသမီးယန် ထွက်သွားပြီးနောက် ရှောင်းကောသည် တံခါးကိုပိတ်လိုက်ကာ သိုးသားသီရန် မီးဖိုချောင်သို့ ပြန်သွားလိုက်သည်။
"မေမေ၊ အဒေါ် ဘာဖြစ်လို့ လာတာလဲ?"
ကျွမ်းကျွမ်းသည် အမျိုးသမီးယန် မြည်းလှည်းယူသွားသည်ကို မြင်သောအခါ ထူးဆန်းသည်ဟု တွေးလိုက်မိသည်။
ရှောင်းကောက ရှင်းပြလိုက်သည်။ “အဒေါ်က ခရိုင်ကို မောင်းသွားမလို့လေ။ မေမေ့ကိုလဲ ပစ္စည်းတွေကူဝယ်ပေးသေးတယ်"
"ဘာဝယ်မှာလဲ?"
ကျွမ်းကျွမ်းက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
“ဇီးသီးချဥ်ဟင်းရည်ချက်ဖို့၊ ဆေးဖက်ဝင်ပစ္စည်းတွေလေ။ မနက်ဖြန် မေမေတို့ သိုးသားစားတဲ့အခါကျရင် အဲ့ဒီဟင်းရည်ကို သောက်လို့ရတာပေါ့။ အဲ့ဒါက ချိုချိုချဉ်ချဉ်လေးလေ"
ကျွမ်းကျွမ်းသည် ဇီးသီးချဉ်ဟင်းရည်ကို တစ်ခါမျှ မကြားဖူးသော်လည်း ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်သည်။ သူ ချိုချဉ်အရသာကို စောင့်မျှော်နေမိသည်။
ရှောင်းကော မှန်းထားသည့်အတိုင်း အမျိုးသမီးယန်သည် မွန်းတည့်အချိန်လောက်မှ ပြန်ရောက်လာသည့်တိုင် သူမတို့နှစ်ယောက်မှာ သီနေကြတာ မပြီးကြသေးပေ။
ရှောင်းကောသည် အမျိုးသမီးယန်ထံမှ ဆေးဖက်ဝင်ပစ္စည်းတွေအား မယူမီ သူမလက်ပေါ်ရှိ ဆီတွေကို ဆေးကြောလိုက်သည်။
အမျိုးသမီးယန်က အားလုံးစုံမစုံ ရှောင်းကောအား စစ်ကြည့်စေချင်သည်။ ရှောင်းကောကတော့ ပစ္စည်းတွေကိုတောင် မကြည့်ဘဲ ပိုက်ဆံယူရန် ဝင်သွားတော့သည်။
ဆေးဖက်ဝင်အပင်တွေက အများကြီးမကုန်ကျပါချေ။ တစ်ခုတည်းသော စျေးကြီးသည့်အရာမှာ ဆေးသကြားသာဖြစ်သည်။ ရှောင်းကောသည် အခန်းထဲသို့သွားကာ အမျိုးသမီးယန်အတွက် ငွေဒင်္ဂါးပြားတွေကို ထုတ်ယူလိုက်သည်။
အမျိုးသမီးယန်ကလည်း ဟန်မလုပ်နေပါချေ။ သူမသည် ပိုက်ဆံကိုယူကာ အိတ်များကို အိမ်ပြန်မသယ်ခင် နှုတ်ဆက်လိုက်သည်။
မနက်ကျလျှင် သူမမိသားစုဝင်တွေနှင့်အတူ ကောင်းမွန်သည့်ဆောင်းဦးလယ်ပွဲတော်ကို ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်ရန် အဆင်သင့်ပြင်ထားရမည်ပင်။
ရှောင်းကောက အမျိုးသမီးယန်ကို တံခါးပေါက်အထိ လိုက်ပို့ပေးလိုက်သည်။ သူမ အိမ်ထဲသို့ဝင်လာကာ ဆေးဖက်ဝင်ပစ္စည်းတွေအား မီးဖိုချောင်ဆီ ယူသွားလိုက်သည်။
ကျွမ်းကျွမ်းသည် သူ့လက်ထဲရှိ သီတံကို ချလိုက်ကာ ရှောင်းကော နံဘေးသို့ ရောက်လာသည်။ သူသည် ဖယောင်းစက္ကူအထုပ်ကို စိုက်ကြည့်နေကာ အထဲကိုဖောက်မြင်ရသည့်အတိုင်းပင်။
ရှောင်းကော သူ့ကို မစတော့ပေ။ သူမသည် အထဲရှိ ပစ္စည်းတွေကိုပြရန် ကြိုးကိုအမြန်ဖြည်လိုက်သည်။
ကျွမ်းကျွမ်း အံ့ဩတကြီး အသံပြုလိုက်ကာ အနက်ရောင်အရာတစ်ခုကို ယူလိုက်သည်။
"မေမေ၊ ဒါကဘာလဲ?"
ပြောပြီးသည့်နောက် သူငုံ့ကာ နမ်းလိုက်သည်။ အနံ့က မွှေးသည်။
သူ့မျက်လုံးတွေ တောက်ပလာသည်။ "ဆေးဖက်ဝင်အပင်တွေက ချိုလားဟင်?"
ရှောင်းကော သု့လက်ထဲမှ အနက်ရောင်ဇီးသီးကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်ကြောင့် သူ့အား မြည်းကြည့်ခိုင်းလိုက်သည်။
ကျွမ်းကျွမ်းမှာ ရှောင်းကောရဲ့ စကားကိုကြားမှ ဇီးသီးကို မြည်းကြည့်ရဲသည်။
“အရမ်းချဉ်တယ်…”
ကျွမ်းကျွမ်း မျက်နှာကိုရှုံ့မဲ့လိုက်တော့ ချက်ချင်းအဘိုးအိုလေး တစ်ယောက်လို ဖြစ်သွားသည်။
ရှောင်းကော သူ့အမူအရာကြောင့် အကျယ်ကြီး ရယ်လိုက်မိသည်။
ဇီးသီးဟာ အရမ်းချဉ်သော်လည်း ကျွမ်းကျွမ်းသည် ဇီးသီးကို မဖြုန်းတီးပစ်ချင်ပေ။ ခက်ခဲနေပေမယ့် သူစားလိုက်သေးသည်။
ထို့နောက် သူ့လျှာကို ထုတ်ကာ ရှောင်းကောထံမှ နှစ်သိမ့်မှုကို တောင်းလာသည်။
ရှောင်းကော သူ့ကို ဖက်လိုက်ကာ တင်ပါးလေးကို သာသာလေးပုတ်လိုက်သည်။ သူမ သိချင်မိသွားသည်။ အနက်ရောင်ဇီးသီးဟာ ချဉ်မှန်း သူမ သိသော်လည်း ထိုမျှလောက်ထိ မချဉ်သင့်ပေ။
ရှောင်းကောသည် ဘယ်လောက်ချဉ်လဲဆိုတာ သိနိုင်ရန် ဇီးသီးတစ်လုံးကို ယူလိုက်သည်။
ဇီးသီး သူမပါးစပ်ထဲရောက်သွားသည်နှင့် အချဉ်အရသာက သူမခေါင်းထဲ ထိုးဖောက်ဝင်ရောက်လာတော့သည်။
ကျွမ်းကျွမ်းမှာ ရှောင်းကော၏ သူရဲကောင်းဆန်သည့် အပြုအမူကို ကြည့်ကာ အနည်းငယ် ထိတ်လန့်သွားသည်။ သူ့အမေက အရမ်းအံ့သြစရာကောင်းတာပဲ!
အခုတော့ ရှောင်းကောတစ်ယောက် အဘွားကြီးတစ်ယောက်လို ရှုံ့တွနေရတဲ့အလှည့်ပင်။ သို့ပေမယ့် ကျွမ်းကျွမ်း၏ လေးစားသလို အကြည့်တွေကိုမြင်တော့ သူမသည်ချဉ်တဲ့အရသာကို ကြိုးစားသည်းခံကာ ဂရုမစိုက်သလိုအမူအရာပြရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည် "ဒီလောက်ဘဲလား?"
သူမ ဝါးတောင်မဝါးဘဲ ဇီးသီးကို မျိုချပစ်လိုက်သည်။
မျက်လုံးထဲတွင် မျက်ရည်များဖြင့်အတူ ရှောင်းကောဆုံးဖြတ်ချက်ချလိုက်သည်။ ဟင်းရည်ချက်သည့်အခါ သူမ ဆေးသကြားပိုထည့်ရမည်။
"မေမေ၊ ဘယ်အချိန်မှာ ဇီးသီးချဉ်ဟင်းရည်ကို လုပ်မှာလဲ?"
ရှောင်းကော လည်ချောင်းရှင်းလိုက်သည်။ “နေ့လည်လောက်မှ လုပ်မယ်"
ဇီးသီးချဉ်ဟင်းရည် ချက်ပြီးသည့်အခါ ရေခဲသေတ္တာထဲမထည့်ခင် အအေးခံထားရမည်။ တစ်ညလုံး အအေးခံထားပါက မနက်ဖြန်သောက်လျှင် အေးနေလိမ့်မည်ပင်။
ရိုးရှင်းသည့်နေ့လယ်စာကို စားပြီးနောက် ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့တွေ သီတံတွေဖြင့် ဆက်သီကြသည်။
ရှောင်းကော ငါးလုပ်ရန် ထွက်လာလိုက်သည်။ ထို့နောက် အိမ်ထဲသို့ပြန်လာကာ ငါးညှီနံ့များကို ဖယ်ရှားရန် ငါးကို ဝိုင်နှင့် ဂျင်းတို့ဖြင့် နှပ်ထားလိုက်သည်။
ဇီယာစေ့တွေကို မကြိတ်ရသေးကြောင်း ရှောင်းကောသတိရသွားသည်။ အကင်ကင်သည့်အခါ သိုးသားအပေါ်တွင် ဇီရာတွေကို ဖြူးပေးရမည်။
ထို့အပြင်၊ အသီးအရွက်များနှင့် ငါးပေါ်တွင် သုတ်လိမ်းရန် ကြက်သွန်ဖြူဆော့စ် တချို့ကိုလည်း သူမပြင်ဆင်ထားရမည်ဖြစ်ကာ ဒီတော့မှ ၎င်းတို့၏ အရသာကို မြင့်တင်နိုင်မည်ဖြစ်သည်။
လုပ်ရမယ့်အရာတွေအားလုံးကို တွေးရင်း သူမလုပ်နေသည့် အရှိန်ကို မြှင့်လိုက်သည်။ သီတာတွေကို အရင်ပြီးအောင် လုပ်လိုက်သည်က ပိုကောင်းသည်။
နှစ်နာရီအကြာ ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့ ပစ္စည်းတွေအားလုံးကို သီပြီးသွားကြပြီဖြစ်သည်။
ရှောင်းကောသည် သီတံများအားလုံးကို ရေခဲသေတ္တာထဲသို့ ထည့်လိုက်သည်။ နောက်တစ်ဆင့်ကတော့ ဆော့စ်နှင့် ဇီယာမှုန့်လုပ်ရမည်ပင်။
ရှောင်းကောမှ တခြားပါဝင်ပစ္စည်းများကို ပြင်ဆင်နေချိန်တွင် ကျွမ်းကျွမ်းက ကြက်သွန်ဖြူ အခွံခွာရန် သွားလိုက်သည်။
ကျွမ်းကျွမ်း ကြက်သွန်ဖြူ အခွံခွာပြီးသည့်အခါ ရှောင်းကောက ကြက်သွန်ဖြူတွေကို ငရုတ်ဆုံသုံးကာ ထောင်းလိုက်သည်။
ထို့နောက် အိုးထဲသို့ ဆီအနည်းငယ်ထည့်လိုက်သည်။ ကြက်သွန်ဖြူအတွက် ဆီအချိုးက ၁ အချိုး ၂ လောက်ရှိသည်။ ဆီပူလာသည့်အခါ သူမ ကြက်သွန်ဖြူကို ထည့်ကြော်လိုက်သည်။
"ကျွမ်းကျွမ်း၊ မေ့မေ့အတွက် ငရုတ်သီးတွေ သွားခူးပေးပါအုံး"
ကျွမ်းကျွမ်း ဝမ်းသာအားရဖြင့် ပြေးထွက်သွားသည်။ ခဏအကြာ ငရုတ်သီးလက်တစ်ဆုပ်စာနှင့် ပြန်ရောက်လာသည်။
ရှောင်းကော သူ့ထံမှ ငရုတ်သီးများကိုယူကာ ရေဆေးလိုက်သည်။ ထို့နောက် ကြက်သွန်ဖြူများ အဆင်သင့်ဖြစ်ပြီးသည့်အခါ ငရုတ်သီးတွေကို နုပ်နုပ်စဉ်း၍ ထည့်လိုက်သည်။
အိုးထဲမှ အစပ်နှစ်အား မခပ်ထုတ်ခင် သူမ ဆားအနည်းငယ် ထည့်လိုက်သည်။ ထို့နောက် သူမအတွက် ကျွမ်းကျွမ်းပြင်ထားပေးသည့် ပန်းကန်လုံးထဲသို့ အရာအားလုံးကို လောင်းထည့်လိုက်သည်။
ကြက်သွန်ဖြူဆော့ပြီးသွားတော့ ဇီယာမှုန့်ကြိတ်ရန်သာ ကျန်တော့သည်။
ငရုတ်ဆုံကိုသုံးကာ သူမဇီယာစေ့တွေကို အမှုန့်ဖြစ်အောင် ကြိတ်လိုက်သည်။ ဇီယာ၏ ကြမ်းရှမှုက အစားအစာ၏ အသွင်အပြင်ကို ပိုတိုးစေကာ ပိုမိုအရသာရှိစေသည်ဟု သူမ ခံစားမိသည်။
အစားအစာအားလုံးကို ပြင်ဆင်ပြီးသည့်အခါ ရှောင်းကောသည် မီးဖိုချောင်တွင် ရပ်ရင်း သူမ လုပ်စရာဘာကျန်သေးလဲဟု တွေးလိုက်သည်။
ရှောင်းကော လှုပ်ရှားနေတာကို ရပ်လိုက်တာမြင်တော့ ကျွမ်းကျွမ်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။ "မေမေ၊ သားတို့ ဘယ်တော့ ဇီးသီးချဉ်ဟင်းရည် ချက်မှာလဲ?"
"မှန်တယ်! အခု ချက်ချင်းလုပ်ကြရအောင်!"
ရှောင်းကောက ဘာလုပ်ရအုံးမလဲ တွေးနေတုန်း ကျွမ်းကျွမ်းက သတိပေးလာသည်။ ဇီးသီးချဥ်ဟင်းရည် ချက်ရန် ကျန်သေးသည်ကို သူမ ရုတ်တရက် သတိရသွားသည်။
ရှောင်းကော စွမ်းအင်အပြည့်ဖြင့် အင်္ကျီလက်တွေကို လိပ်တင်လိုက်သည်။ ကျွမ်းကျွမ်းလည်း မထင်မှတ်ရလောက်အောင် စိတ်လှုပ်ရှားနေသည်။
အိုးကြီးတစ်လုံးကို သန့်ရှင်းရေးလုပ်ပြီးနောက် ရှောင်းကောသည် ဆေးဖက်ဝင်ပစ္စည်းများကို အလိုက်သင့်ထည့်လိုက်သည်။ အနက်ရောင်ဇီးသီးတွေက သူမထင်ထားတာထက် ပိုချဉ်တာကြောင့် ရှောင်းကောသည် အိုးထဲသို့ ဆေးသကြားထပ်ထည့်လိုက်သည်။
ပါဝင်ပစ္စည်းများအားလုံးကို ထည့်ပြီးသည့်နောက် မီးမွှေးရန် သူမ ကျွမ်းကျွမ်းကိုခေါ်လိုက်သည်။
ဤဟင်းရည်ကို ပြင်ဆင်ရန်မှာ လွယ်ကူသည်။ နွေရာသီအားလပ်ရက်တွေတွင် သူမအမေ သူမအတွက် နေ့တိုင်းလုပ်ပေးခဲ့တာကို သူမ မှတ်မိသေးသည်။
သူမအမေအကြောင်းတွေးမိသည့်အခါ ရှောင်းကောမျက်လုံးတွေထဲ ဝမ်းနည်းမှုတွေ ချက်ချင်းပြည့်နှက်သွားတော့သည်။
"မေမေ?"
ကျွမ်းကျွမ်း မီးမွှေးပြီးနောက် ရှောင်းကောအား လှည့်ကြည့်လိုက်သည်။ သူမ မလှုပ်မရပ်နှင့် အတွေးထဲ နစ်နေကြောင်း သူသိလိုက်သည်။ သူမ ဘာတွေးနေလဲဆိုတာ သိချင်မိသည်။
"ဘာမှမဟုတ်ပါဘူး"
ရှောင်းကော သတိပြန်ဝင်လာကာ ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ သူမ ခံစားချက်တွေကို မျိုသိပ်ကာ ပြုံးလိုက်သည်။ သူမတွင် ကျွမ်းကျွမ်း ရှိသေးသည်။
ရှောင်းကော စိတ်ထဲတွင် တစ်ခုခုဖြစ်နေမှန်း ကျွမ်းကျွမ်းသိသော်လည်း ဆက်မမေးတော့ပေ။
သူ့အမေ စိတ်မကောင်းဖြစ်မှာ ကြောက်သည်။
သူခေါင်းငုံ့ကာ မီးဖိုထဲ ထင်းတွေ ဆက်ထည့်လိုက်သည်။
ရှောင်းကော ပြန်လှုပ်ရှားလာသည်။ ကျွမ်းကျွမ်းတစ်ယောက် တစ်နေ့လုံး အလုပ်များနေကာ အခုထိ ဘာမှစားရသေးကြောင်း သတိရသွားသည်။ သူမ အနည်းငယ် ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။ သူလည်း ဗိုက်ဆာနေတော့မှာပင်။
ရှောင်းကော လမုန့်တွေကို တွေးလိုက်မိသည်။ ထိုနေ့ကတည်းက လုပ်ထားသည့် လမုန့်တွေကို အခုထိ မဖွင့်ရသေးပေ။ ကျွမ်းကျွမ်းလည်း မမြည်းကြည့်ရသေးပေ။
ထိုအတွေးဖြင့် သူမလှည့်လိုက်ကာ အိုးကိုဖွင့်လိုက်ပြီး အတွင်းမှ လမုန့်တွေကို ထုတ်လိုက်သည်။
ရှောင်းကော နှစ်ပိုင်း ထုတ်လိုက်သည်။ သူမသည် တစ်ပိုင်းကို ကျွမ်းကျွမ်းဆီ ပေးလိုက်ကာ ကျန်တစ်ပိုင်းအား သူမအတွက်ယူထားလိုက်သည်။
ကျွမ်းကျွမ်း လက်သုတ်လိုက်ပြီး လမုန့်ကို ယူလိုက်သည်။ သူ စူးစမ်းသလို ကြည့်လိုက်သည်။ 'ဆိုတော့ ဒါက ဘဲဥဆားငန်အနှစ်နဲ့ပဲအနှစ် လမုန့်ပေါ့?'
သူနှုတ်ခမ်းသပ်လိုက်ကာ ရှောင်းကောကိုပါကျွေးရန် ခေါင်းမော့လိုက်သည်။ သို့သော် သူမော့ကြည့်လိုက်သည့်အခါ ရှောင်းကောက မုန့်တစ်ပိုင်းဖြင့် သူ့ကိုဝှေ့ယမ်းပြနေသည်။
ကျွမ်းကျွမ်း သူမအား လမုန့်ကျွေးမည်မှန်း သူမ သိသည်။ သူ မော့ကြည့်လိုက်တော့ သူ့မတွင်လည်း လမုန့် တစ်ပိုင်းရှိကြောင်း ဝှေ့ယမ်းပြလိုက်သည်။
ကျွမ်းကျွမ်း တခစ်ခစ်ရယ်လိုက်ကာ ခေါင်းငုံ့လိုက်ပြီး တစ်ကိုက် ကိုက်လိုက်သည်။
ရှောင်းကောလည်း တစ်ကိုက် ကိုက်လိုက်သည်။ ဟုတ်တယ်၊ ဒါ သူမ လိုချင်နေတဲ့ အရသာပဲ!
သူမ ဗိုက်ဆာနေတာကြောင့်များလားဟု ရှောင်းကောတွေးလိုက်မိသည်။ 'ဘာလို့ ဒီလောက်အရသာရှိနေရတာလဲ?'
ကျွမ်းကျွမ်းလည်း ဒီလိုပဲ တွေးမိသည်။ ' ဒီ ဘဲဥဆားငန်အနှစ်နဲ့ပဲနှစ် လမုန့်က ဘာလို့ အရမ်းအရသာရှိနေရတာလဲ?'
သားအမိနှစ်ယောက်မှာ စကားပြောဖို့ အချိန်တောင်မရှိပေ။ သူတို့တွေ လမုန့်ကို နည်းနည်းလောက်ကိုက်ပြီးသည်နှင့် ကုန်သွားတော့သည်။
ထိုအချိန်တွင် အိုးထဲမှ မွှေးရနံ့တွေ ထွက်လာသည်။ ရှောင်းကော ထရပ်လိုက်ကာ အဖုံးဖွင့်လိုက်သည်။ နီညိုရောင်ဟင်းရည်က ပွက်ပွက်ဆူနေသည်။ ရှောင်းကော ဇွန်းယူလိုက်ကာ မွှေလိုက်သည်။
ကျွမ်းကျွမ်းလည်း ထရပ်ကာ အထဲကို ကြည့်လိုက်သည်။ ဟင်းရည်က ဆေးလိုဖြစ်သွားသည်ကို သူမယုံနိုင်ပေ။
ကျွမ်းကျွမ်း၏ သံသယအပြည့်နှင့်အမူအရာကိုမြင်လိုက်ရတော့ ရှောင်းကော သူ့အတွက် ပန်းကန်တစ်လုံးနှင့်ခပ်ထည့်ပေးလိုက်သည်။
သူမ ဟင်းရည်ကိုမှုတ်လိုက်ပြီး အေးသွားသည့်အခါ ကျွမ်းကျွမ်းအား ပေးလိုက်သည်။
ကျွမ်းကျွမ်း ပန်းကန်လုံးအား သူ့နှုတ်ခမ်းနားကပ်လိုက်ကာ မဝံ့မရဲဖြင့် သောက်လိုက်သည်။ ထို့နောက် တစ်ကျိုက်ထဲ သောက်လိုက်တော့သည်။
သူပန်းကန်လုံးကို ချလိုက်ကာ လေတက်လိုက်သည်။
"မေမေ၊ ဒါက အရမ်းအရသာရှိတာပဲ!"
"အေးသွားရင် ပိုတောင်အရသာရှိသေးတယ်"
ဟင်းရည်ကို အိုးထဲကနေ လှယ်လိုက်ပြီး အအေးခံလိုက်ကာ သူမရေခဲသေတ္တာထဲတွင် ထည့်ထားလိုက်သည်။ မနက်ဖြန်ကျလျှင် ပိုလို့တောင်အရသာရှိလာလိမ့်မည်ပင်။