← Chapters

အခန်း (၁၀၂)

Vol. 7 Ch. 102

အခန်း (၁၀၂)

Vol. 7 Ch. 102

ရှောင်းကော တံမြက်စည်းတစ်လက်နှင့် အဝတ်စုတ်တစ်ထည်ယူကာ တစ်အိမ်လုံးကို သန့်စင်လိုက်သည်။

တကယ်တော့ သန့်ရှင်းရေးလုပ်စရာ သိပ်မရှိပါချေ။ ဒါဟာ ရက်အများစုတွင် ရှောင်းကောတစ်ယောက် ဝီရိယရှိရှိနှင့် သန့်ရှင်းရေးလုပ်ခဲ့သည့် ကျေးဇူးကြောင့်ပင်။

သူမ ကျွမ်းကျွမ်း၏စာကြည့်စားပွဲကို ရွှေ့လိုက်ကာ ထမင်းစား စားပွဲနှင့် ကပ်လိုက်သည်။ စားပွဲနှစ်ခုက အမြင့်တူညီသည်ကြောင့် လူတိုင်းအတွက် ထိုင်ခုံနေရာပိုပေးနိုင်မည်ဖြစ်သည်။

ရှောင်းကော မီးဖိုချောင်သို့ ပြန်သွားကာ သူမအသုံးမပြုသည်မှာကြာပြီဖြစ်သည့် ထိုင်ခုံများကို ဆွဲထုတ်လိုက်သည်။

ထိုင်ခုံများကို အချိန်အတော်ကြာတိုင် အသုံးမပြုဘဲ မီးဖိုချောင်တွင်သာ သိမ်းဆည်းထားသည်ကြောင့် အမှိုက်များနှင့် ဖုန်မှုန့်အများအပြား စုပုံနေတော့သည်။ ရှောင်းကောသည် ထိုင်ခုံများကို ဆပ်ပြာများများဖြင့် ပွတ်တိုက်ကာ သန့်စင်ဆေးကြောလိုက်သည်။

သူမ ထိုင်ခုံများကို နေပြရန် အပြင်ဘက်သို့ ရွှေ့လိုက်သည်။ ထို့နောက် သူမတစ်ချက်တောင်မနားဘဲ မီးဖိုကိုထုတ်ကာ မီးဖိုပေါ်၌စုနေသည့် ဖုန်မှုန့်များကို သုတ်လိုက်သည်။ ၎င်းကို သိုးသားသီတံများ ကင်ရန်အတွက် အသုံးပြုမည်။ ရှောင်းကော မီးဖိုအား ထိုင်ခုံများနှင့်အတူ အပြင်တွင် ထားလိုက်သည်။

ရှောင်းကောသည် မနက်ဖြန်ကျလျှင် အလုပ်မရှုပ်နေစေရန် အရာအားလုံး ကြိုတင်ပြင်ဆင်ထားရသည်ကို သဘောကျသည်။

နေမ၀င်ခင် ရှောင်းကောသည် စောင်နှင့် ခေါင်းအုံးများကို အခန်းထဲသို့ ယူသွားလိုက်သည်။

စောင်ကို ရှောင်းကော လက်ထပ်သည့်အချိန်တုန်းက အမျိုးသမီးချင်း ချုပ်ခဲ့တာဖြစ်သည်။ စောင်က အရမ်းထူကာ ကြီးလည်းကြီးသည်။

အမျိုးသမီးချင်းသည် ၎င်းစောင်အား နည်းနည်းချင်းစီ ချုပ်ခဲ့သည်။ စောင်အတွက် လိုအပ်သည့် အထည်စတွေဝယ်ရန် သူမတွင်ကျန်သည့် ငွေအနည်းငယ်ကိုသာ သုံးခဲ့သည်။ အထဲရှိ ဂွမ်းတွေအတွက်မူ ‌အဖေချင်းနှင့် အမေချင်းတို့ လယ်မြေများတွင် သူတို့ရခဲ့သည့် လုပ်အားခဖြင့် ဝယ်ယူခဲ့သည်။

အရင်ပိုင်ရှင်က ဤစောင်အား တစ်ခါမှ မသုံးဖူးပေ။ ဗီရိုထဲတွင် သိမ်းထားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူမတွင် ဒီစောင်လေးရှိနေလို့ပင်။ မဟုတ်ပါက သူမဝယ်ရဦးမည်ပင်။ ယခုခေတ် ချည်တွေက အရမ်းဈေးကြီးသည်။

သူမ စောင်ကိုခေါက်လိုက်ကာ ချင်းအန့်မင်၏ အခန်းထဲတွင် ထားလိုက်သည်။ မနက်ဖြန်ကျမှသာ သူမအခန်းထဲ ပြောင်းရမည်ပင်။ မဟုတ်ပါက ဒီညအဖို့ သူမနှင့်ကျွမ်းကျွမ်းတွင် အိပ်ရာနေရာ ရှိမည်မဟုတ်ပေ။

ဇီးသီးချဉ်ဟင်းရည် အေးသွားပြီးနောက် ရှောင်းကော မြည်းကြည့်လိုက်သည်။ ချိုချဉ်အရသာပမာဏ မှန်ကန်သည်။ သူမ ဟင်းရည်အား အိုးတစ်လုံးထဲ လောင်းထည့်လိုက်ကာ နေရာလွတ်ဆီသွားလိုက်သည်။ သူမ ရေခဲသေတ္တာကို ဖွင့်ကာ ထည့်ဖို့ကြိုးစားလိုက်သည်။

သို့သော် ရေခဲသေတ္တာဟာ သီတံတွေဖြင့် ပြည့်နေသည်။ ရှောင်းကော အိုးတစ်လုံးအတွက် နေရာချရန် ရေခဲသေတ္တာထဲရှိ ပစ္စည်းတွေကို နေရာပြန်ချရုံကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

ရေခဲသေတ္တာထဲတွင် သိမ်းဆည်းပြီးနောက် ရှောင်းကော နေရာလွတ်ထဲမှာ ထွက်လာသည့်အချိန် သူမကို ရှာနေသည့် ကျွမ်းကျွမ်းနှင့် သွားတိုးသည်။

"မေမေ၊ သားဗိုက်ဆာတယ်"

ကျွမ်းကျွမ်းမှာ မီးဖိုချောင်ထဲတွင် သနားစရာကောင်းစွာ ပေါ်လာကာ ရှောင်းကော သူ့အား အစားအသောက် ကျွေးမှာကို စိတ်အားထက်သန်စွာဖြင့် စောင့်နေသည်။

ရှောင်းကောအတွက် သန့်ရှင်းရေးလုပ်ဖို့ ဘာမှမကျန်တော့ပေ။ ညစာချက်ရမည့်အချိန်ရောက်နေပြီဖြစ်သည်။

အတော်ကြာသည့် နေ့တစ်နေ့ပင်။ သူမ၏ စွမ်းအင်ကို ဖြည့်တင်းရန်အတွက် စွပ်ပြုတ်ချက်သင့်သည်ပင်။

ရေခဲသေတ္တာထဲတွင် အရိုးအချို့ ရှိကောင်းရှိနေလိမ့်မည်ဟု ရှောင်းကော တွေးလိုက်မိသည်။

ရှောင်းကောဟာ စွပ်ပြုတ်ကြိုက်သည်၊ ကျွမ်းကျွမ်းလည်းဘဲ သူမဆီမှ စွပ်ပြုတ်ကြိုက်သည့်အမွေကို ဆက်ခံထားသည်။ သူမ ခရိုင်တွင် အရင်တုန်းက ချက်ပြုတ်ရန်အရိုးတွေ အများကြီး ဝယ်ခဲ့သော်လည်း ဒီတလောတွင် မဝယ်ဖြစ်ခဲ့ပေ။ ရေခဲသေတ္တာထဲတွင် ကျန်နေသေးမလားဟု တွေးမိသည်။

သူမသည် ကျွမ်းကျွမ်း မီးဖိုချောင်မှ ထွက်သွားရန် ချော့ပြောပြီးနောက် နေရာလွတ်ထဲသို့ သွားလိုက်ကာ ရေခဲသေတ္တာထဲတွင် ရှာကြည့်လိုက်တော့ ခြေထောက်အရိုးအနည်းငယ်ကို တွေ့ရှိခဲ့သည်။

ရှောင်းကော အရိုးတွေကိုထုတ်လိုက်ကာ ခဲနေတာပျော်သွားစေရန် ရေထဲတွင် ထားလိုက်သည်။ ကျွမ်းကျွမ်း အပြင်ကနေ ပြန်ရောက်လာတာမို့ ရှောင်းကော သူ့ကိုခေါ်လိုက်သည်။

ကျွမ်းကျွမ်းသည် ထင်းကိုချလိုက်ကာ မီးစမွှေးရန် ခွေးခြေခုံပေါ်တွင် ထိုင်လိုက်သည်။ ရှောင်းကော အရိုးတွေအား အိုးထဲသို့ ရေနှင့်အတူ ထည့်လိုက်ကာ ရေနွေးဖျောလိုက်သည်။

နောက်ထပ် မီးဖိုအသေးတစ်ခု ထားထားကာ အပေါ်တွင် မြေအိုးတစ်လုံးထားထားသည်။ အိုးထဲရှိ ဝက်အရိုးပြုတ်က ပွက်ပွက်ဆူလာသည်။ ရှောင်းကောသည် အရိုးတွေထဲမှ အညစ်အကြေးများကို ဆေးကြောလိုက်ကာ အရိုးတွေကို မြေအိုးထဲသို့ ထည့်လိုက်သည်။ အချို့သော ဒန်းရှင်း (ဂျင်ဆင်းနှင့်တူသည့် တရုတ်ဆေးပင်အမြစ်) နှင့် ဂိုဂျီဘယ်ရီသီးတို့ကိုထည့်ကာ ဆားအနည်းငယ်ထည့်ပြီးနောက် အဖုံးဖုံးကာ တစ်နာရီခန့် ပြုတ်ထားလိုက်သည်။

မီးဖိုချောင်၏အခြားထောင့်တွင် ရှောင်းကောသည် ဘန်းမုန့်‌ပေါင်းလုပ်ရန် မုန့်ညက်တချို့ကို နယ်ထားသည်။ မနက်ဖြန် လူတိုင်းရှိနေချိန် လုပ်စားနိုင်ရန် သူမပိုလုပ်ထားသည်။

သူမ ဟင်းသီးဟင်းရွက်တစ်ပန်းကန် မွှေကြော်လိုက်သည်။ သူမတို့နှစ်ယောက်အတွက် ဟင်းတစ်မျိုး၊ စွပ်ပြုတ်တစ်မျိုးနဲ့တင် လုံ‌လောက်သည်။

ညစာစားပြီးနောက် ကျွမ်းကျွမ်းသည် ပန်းကန်တွေကို ဆေးကြောလိုက်သည်။ ရှောင်းကော မီးဖိုထဲထင်းထည့်လိုက်ကာ ရေနွေးအိုးကြီးတစ်အိုးတည်လိုက်သည်။

မနက်ဖြန်ကျလျှင် ပွဲတော်ရက်ရောက်ပြီပင်။ ဒါ့အပြင် မနက်ဖြန်၌ ဧည့်သည်တွေ ရောက်လာကြမည်ဖြစ်သည်။ သူမတို့တွေ သေချာဆေးကြောသန့်စင်သင့်သည်ပင်။

သူမ ကျွမ်းကျွမ်းကို အရင်ဆေးကြောသန့်စင်ပေးရန် ဆွဲခေါ်လိုက်ပြီး အညစ်အကြေးများကို ဖယ်ရှားရန် သူ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ပွတ်ပေးလိုက်သည်။

"မေမေ၊ နာတယ်"

ကျွမ်းကျွမ်းက ရှောင်းကောကို ကျောပေးထားသည်။ သူမ၏ သွယ်လျတဲ့လက်တွေဟာ သူ့နောက်ကျောကို အတင်းပွတ်တိုက်နေသည်။

ကျွမ်းကျွမ်းမှာ မျက်ရည်ကျလုမတတ်ပင်။ သူမ၏ လက်မောင်းသေးသေးနှင့် လက်သေးသေးလေးတွေဖြင့် ခွန်အားတွေ ဘယ်ကရလာလဲဟု သူတွေးမိသည်။

ရှောင်းကောသည်တော့ သူမအားအများကြီး မသုံးထားရဘူးဟာ ခံစားရသော်လည်း သူမ၏ လှုပ်ရှားမှုများကို ညင်သာအောင်လုပ်လိုက်သေးသည်။

ထိုနောက် ကျွမ်းကျွမ်းလည်း မည်သည့်နာကျင်မှုမှ မခံစားရတော့ပေ။ ရိုးရိုးသားသားပြောရလျှင် ခုနတုန်းကတော့ သူ့နောက်ကျောက အရေပြားတွေ စုတ်ပြဲသွားတော့မလို ခံစားခဲ့ရတာဖြစ်သည်။ ကျောပေါ်ကကျသွားတဲ့ အရာတွေ အားလုံးဟာ သူ့အရေခွံတွေသာ ဖြစ်လိမ့်မည်ပင်။

ရှောင်းကောလည်း ကျွမ်းကျွမ်း၏ ကိုယ်ကို ညင်ညင်သာသာ ဆေးကြောပေးလိုက်သည်။ သူ့ဆံပင်ကိုလည်း ဆပ်ပြာနှင့် လျှော်ပေးလိုက်သည်။

သူမ သူ့ကို မျက်နှာသုတ်ပုဝါနှင့် ပတ်လိုက်ကာ ကုတင်ပေါ်တင်ပေးလိုက်သည်။

ရှောင်းကောသည် ကျွမ်းကျွမ်း၏ ဆံပင်စိုစိုများကို သန့်ရှင်းသည့် မျက်နှာသုတ်ပဝါဖြင့် ဂရုတစိုက် သုတ်ပေးလိုက်သည်။ သူ့ဆံပင်တွေ လုံးဝခြောက်သွားတဲ့အခါ သူမ ထပြီး ကောင်လေးအား လှဲအိပ်စေကာ သူမကိုစောင့်ခိုင်းလိုက်သည်။ သူမပြန်လာသည့်အခါ သူဝတ်ရန်အဝတ်အစားတချို့ ရှာပေးမည်။

ကျွမ်းကျွမ်းက သူမစကားကို ပြန်ဖြေလိုက်သည်။ ထို့နောက် ရှောင်းကောကို ခေါင်းညိတ်ပြလိုက်ကာ သူ့ကိုယ်သူ စောင်ထဲတွင် တင်းတင်းကျပ်ကျပ် ထုပ်ထားလိုက်သည်။

ရှောင်းကော သူမအဝတ်အစားများကို ဗီရိုထဲမှယူလိုက်ကာ မီးဖိုချောင်ဆီသွားလိုက်သည်။

သူမအတွက် မီးဖိုချောင်ထဲရှိ ဇလုံအကြီးတစ်လုံးနှင့်သာ ဆေးကြောလို့ရသည်။ သူမ ရေအနည်းငယ်တည်ပြီးနောက် ဇလုံကြီးထဲ လောင်းထည့်လိုက်သည်။

ရှောင်းကောသည် သူမ၏ ခန္ဓာကိုယ်ကို ပွတ်တိုက်‌နေရင်းဖြင့် အနာဂတ်တွင် ရေစိမ်ကန်ကြီးတစ်လုံးဝယ်ရန် တွေးလိုက်သည်။ ရေကန်ထဲမှာ စိမ်ရရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။

သို့ပေမယ့် မီးဖိုချောင်ထဲတွင် ရေချိုးရန်မှာ အဆင်မပြေပါချေ။ ရေစိမ်ကန်မဝယ်ခင် သူမအနေဖြင့် ရေချိုးခန်းအသေးလေး အရင်ဆောက်သင့်တယ်လို့ ထင်မိသည်။

ရှောင်းကောသည် ရေချိုးခန်းဆောက်ရန် တစ်စုံတစ်ဦးကို ရှာဖို့ စိတ်ထဲတွင် မှတ်ထားလိုက်သည်။

ရှောင်းကောက အအေးမိမှာ ကြောက်သည့်အတွက် ရေအမြန်ချိုးလိုက်ကာ အဝတ်အစားတွေကို ဝတ်လိုက်သည်။ မီးဖိုချောင်ထဲတွင် သူမဆံပင်ကို ခြောက်အောင်သုတ်ပြီးမှ အိပ်ခန်းထဲပြန်လာလိုက်သည်။

ဆံပင်မခြောက်တခြောက်ဖြစ်နေလျှင် သူမဖျားသွားလိမ့်မည်ပင်။

အိပ်ခန်းထဲသို့ သူမပြန်ရောက်သည့်အခါ၊ ကျွမ်းကျွမ်းသည် စောင်အောက်တွင် နာနာခံခံဖြင့် လဲလျောင်းနေသေးသည်ကို တွေ့လိုက်ရသည်။ ရှောင်းကော ဗီရိုကိုဖွင့်လိုက်ကာ သူ့အတွက် ချုပ်ထားပေးသည့် အတွင်းခံဘောင်းဘီတစ်ထည်ကို ရှာလိုက်သည်။

ကျွမ်းကျွမ်း ကုတင်ပေါ်မှထကာ ရှောင်းကော၏ အကူအညီဖြင့် အဝတ်အစားတွေကို၀တ်လိုက်သည်။

ရှောင်းကောလည်း သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် သူမထကာ ဖယောင်းတိုင်မီး မှုတ်လိုက်သည်။ အလုပ်များသည့် နေ့တစ်နေ့ပင် —သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

နောက်နေ့မနက်တွင်

ရှောင်းကော အိပ်ယာမှထကာ မနက်စာပြင်ဆင်ရန်သွားစဥ် ကျွမ်းကျွမ်းအား အိပ်ခိုင်းထားလိုက်သည်။

ချင်းအန့်မင်နှင့် တခြားသူတွေဟာ နေ့လည် ဘယ်အချိန်တွင်ရောက်လာမယ်ဆိုတာ သူမ မသိတာကြောင့် မနက်စာစားပြီးသည်နှင့် အိမ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်သည်။ အခန်းတိုင်းတွင် နေမည့်လူအရေအတွက်အတိုင်း စောင်များကို စီစဉ်ထားလိုက်သည်။

ရူယီနှင့် ကျန်သူတွေဟာ မနက်ပိုင်း ဆိုင်အတွက် ပါဝင်ပစ္စည်းတွေပြင်ဆင်ရသည်။ ဒါတွေဟာ ပွဲတော်ပြီးသည့်နောက်တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ထားတာပင်။ သူတို့တွေ နေ့ခင်းဘက်ရောက်မယ်လို့ ပြောပေမယ့် အချိန်အတိအကျကိုတော့ မသိရပေ။

ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့ နေ့လည်စာကို ပေါ့ပေါ့ပါးပါး စားလိုက်ကြသည်။ သူတို့၏ ညစာစားချင်စိတ်ကို ထိန်းထားရမည်။

နေ့ခင်းဘက်တွင် နေမြင့်လာကာ လင်းထိန်နေသော်လည်း ရာသီဥတုက အေးနေသည်။ ရှောင်းကောသည် ဧည့်သည်တွေ ရောက်လာပါက ပြင်ဆင်ရန်အတွက် သီတံများနှင့် ဇီးသီးချဥ်ဟင်းရည်ကို ရေခဲသေတ္တာထဲမှ ကြိုတင်ထုတ်လိုက်သည်။

တံခါးဝသို့ သူမရောက်လာကာ ရွာဝင်ပေါက်ဆီ လှမ်း‌မျှော်ကြည့်လိုက်သည်။ ထူးဆန်းတယ်လို့ သူမထင်မိသည်။

'သူတို့ ဒီကို အခုချိန်လောက်ဆို ရောက်သင့်နေပေမယ့် ဘာလို့ မလာကြသေးတာလဲ? မတော်တဆများဖြစ်နေလို့လား?'

ရှောင်းကော မျက်မှောင်ကြုတ်လိုက်မိကာ သူမရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ချင်းအန့်မင်နှင့် ရူယီတို့က သူမကို စကြမည့်သူတွေမဟုတ်ပေ။ သူတို့ သဘောတူထားပါက သေချာပေါက်လာမည်ပင်။ သူတို့မလာသေးတာက အကြောင်းတစ်ခုခုကြောင့် ဖြစ်လိမ့်မည်။

အဆိုးဆုံးအနေနှင့် လမ်းတွင် မတော်တဆမှုဖြစ်နေလောက်မှာပင်။

ရှောင်းကောမှာ စိုးရိမ်တကြီးဖြင့်သာ စောင့်နေနိုင်တော့သည်။ ကျွမ်းကျွမ်းလည်း အိမ်ထဲမှထွက်လာကာ တံခါးဝတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည့် သူ့အမေကို ကြည့်လိုက်သည်။

"မေမေ၊ ဦးလေးနဲ့ တခြားသူတွေက ဘယ်တော့ရောက်လာကြမှာလဲ?"

ရှောင်းကောလည်း မသိပေမယ့် သူ့ရဲ့စိတ်အားထက်သန်နေမှုကို သူမ မဖျက်စီးချင်တာကြောင့် မကြာခင် ရောက်လာတော့မယ်လို့ လိမ်ပြောလိုက်သည်။

ထိုစကားကိုကြားသည့်အခါ ကျွမ်းကျွမ်းမှာ ဝမ်းသာသွားတော့သည်။ သူက ရှောင်းကောနှင့်အတူ တံခါးဝတွင် စောင့်ချင်ပေမယ့် သူမက သူ့ကို စောင့်ခွင့်မပေးချေ။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမ သွားထွက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူမက ကျွမ်းကျွမ်းအား သူတို့ကို သွားကြိုမည့်အတွက် သူ့အား အိမ်တွင်စောင့်နေခိုင်းလိုက်သည်။

ကျွမ်းကျွမ်း ထိုစကားကိုကြားသည့်အခါ သူလည်း လိုက်ချင်သွားသည်။ ရှောင်းကောက သဘောမတူဘဲ သူ့ကို အိမ်တွင်သာ စောင့်ခိုင်းလိုက်သည်။ သူမ လှည့်ကာ မြည်းလှည်းထုတ်ရန် ခြံဝင်းဆီ သွားလိုက်သည်။

"မေမေ! မေမေ! ဦးလေးတို့တွေ ရောက်လာကြပြီ!”

ကျွမ်းကျွမ်းရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံက တံခါးဝကနေ ထွက်ပေါ်လာခဲ့သည်။

ရှောင်းကောရဲ့လက်တွေ တန့်သွားတော့သည်။ သူမမျက်နှာက တောက်ပလာကာ တံခါးဝဆီ ပြေးသွားလိုက်သည်။

All Chapters