← Chapters

အခန်း (၁၀၅)

Vol. 7 Ch. 105

အခန်း (၁၀၅)

Vol. 7 Ch. 105

နောက်နေ့မွန်းတည့်ချိန် ဆောင်းဦးရာသီပွဲတော်အပြီးတွင်၊ ချင်းအန့်မင်၊ ရူယီနှင့် တခြားသူများလည်း နေ့လယ်စာစားပြီးနောက် ပြန်ကြသည်။ သူတို့က အချိန်ကြာကြာ နေချင်သော်လည်း ခရိုင်အဝင်ဝတွင် စစ်ဆေးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြသည်။ တန်းစီရတာက တစ်ညလုံး ကြာနိုင်သည်မို့ စောစောပြန်ကြတာက ပိုကောင်းသည်။

ရှောင်းကောလည်း နားလည်ကြောင်းပြကာ နောက်တစ်ခါလာလည်ရန် သူတို့နဲ့ကတိလုပ်လိုက်သည်။ ထို့နောက် သူမ သူတို့ကို ကျွမ်းကျွမ်းနှင့်အတူ လိုက်ပို့သည်။

ရှောင်းကော သူမ မျက်လုံးတွေကို ပွတ်လိုက်သည်။ နှုတ်ဆက်ရတာကို သူမ ဘယ်လောက်တောင်မုန်းလိုက်သလဲ။ ပြန်မဆုံဖြစ်တော့တာ မဟုတ်ပေမယ့် ခွဲခွာရတာကို သူမမုန်းနေဆဲပင်။

ရှောင်းကောတောင် ဒီလို ခံစားနေရလျှင် ကျွမ်းကျွမ်းလည်း ဒီထက်ပိုဆိုးမှာပင်။ သူက ချင်းအန့်မင်၏လည်ပင်းကို ဖက်ထားကာ လွှတ်ရန်ငြင်းဆန်နေသည်။

ချင်းအန့်မင်သည်လည်း ထွက်သွားရန် တွန့်ဆုတ်နေမိသည်။ သူက ကျွမ်းကျွမ်းကို ပွေ့ဖက်ကာ တိုးတိုးလေး ပြောလိုက်သည်။ ရှောင်းကောလည်း နောက်ကျနေပြီမှန်း မြင်လိုက်ရသည်။ သူတို့သာနောက်ထပ် နောက်ကျပါက ဆိုင်ကိုပြန်ရောက်လျှင် မှောင်သွားမှာသေချာပေါက်ပင်။

"ကျွမ်းကျွမ်း သားဦး‌လေးကို မလွှတ်ချင်ရင် ဦးလေးနဲ့လိုက်သွားလိုက်လေ။ မေမေ သားဆီကို နှစ်ရက်တခါ လာလည်ပါ့မယ်"

ရှောင်းကောက ကျွမ်းကျွမ်းအား ဘေးမှနေပြောလိုက်သည်။ ကောင်လေးက ဒီစကားကိုကြားတော့ နှာရှုံ့လိုက်ကာ ချင်းအန့်မင်ကို လွှတ်လိုက်သည်။ “ဦးလေး ဂရုစိုက်ပါ”

သူ့ဦးလေးက အရေးကြီးပေမယ့် သူ့မေမေက ပိုအရေးကြီးသည်။

ချင်းအန့်မင် သူရဲ့ ချော့ပြောမယ့်စကားတွေကို ပြန်ထိန်းထားလိုက်သည်။ ကျွမ်းကျွမ်း…

ရှောင်းကောသည် ကျွမ်းကျွမ်းအား သူ့ဆီမှလွှဲယူလိုက်ကာ လူတိုင်းကို လက်ပြနှုတ်ဆက်လိုက်သည်။ သူတို့ကို မမြင်ရတော့သည့်အခါမှ ကောင်လေးကို အိမ်ပြန်ခေါ်လာလိုက်သည်။

အိမ်အပြန်လမ်းတွင်၊ ကျွမ်းကျွမ်းတစ်ယောက် စိတ်မကောင်းဖြစ်နေသည့်ပုံပေါ်နေ၏။ နှစ်ရက်‌နေလျှင် သူ့အား ချင်းအန့်မင်ဆီ ခေါ်သွားပေးမည်ဟု ရှောင်းကောကတိပေးလိုက်သည်။ ကျွမ်းကျွမ်း၏ သံသယအကြည့်အောက်တွင် နောက်ဆုံးသူရယ်မလာခင်အထိ မရေမတွက်နိုင်သည့် ကတိတွေ ပေးလိုက်ရသည်။

ရှောင်းကော သက်ပြင်းတစ်ချက်ချကာ သူမ၏ မျက်နှာပေါ်မှ မမြင်ရသည့်ချွေးတွေကို သုတ်လိုက်သည်။ အခုခေတ်ကလေးတွေက လိမ်ဖို့ခက်လိုက်တာ။ မဟုတ်ဘူး! စိတ်ကျေနပ်အောင် လုပ်ပေးဖို့ ခက်လွန်းတာ!

လကုန်တွင် ရှောင်းကောသည် ခရိုင်သို့သွားရန် အဆင်သင့်ဖြစ်နေသည်။ လချုပ်စာရင်းရှင်းရန်အချိန်ဖြစ်ကာ၊ ကျွမ်းကျွမ်းအား သူ့ဦးလေးထံပို့ပေးရန် သူမအစီအစဥ်အတိုင်းပင်ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ကျွမ်းကျွမ်းသည် သူ့ဦးလေးအား ရှာပေးရန် ဆူဆူညံညံ‌လုပ်နေသေးသည်။

ရှောင်းကော ကျွမ်းကျွမ်းအား အိမ်မှထွက်ရန် အလျင်စလို တိုက်တွန်းလိုက်သည်။ သူမသည် တံခါးအပြင်ဘက်တွင် ရပ်ကာ သော့ခတ်ရန် စောင့်နေ၏။ ကျွမ်းကျွမ်း ထွက်လာသည်နှင့် သူမ တံခါးသော့ခတ်လိုက်သည်။

ရှောင်းကောသည် ကောင်လေးနှင့်အတူ ခရိုင်သို့ လှည်းမောင်းသွားလိုက်သည်။ ဈေးသို့ရောက်သည်နှင့် ထုတ်ပြန်ကြေညာချက်ဘုတ်တစ်ခုနားတွင် ရစ်ဝဲဝဲလုပ်နေကြသည့် လူတစ်စုကို သူမတွေ့လိုက်ရသည်။ ရှောင်းကော စူးစမ်းချင်သော်လည်း သူမသည် လူစုလူဝေးတွင်ဝင်မပါလိုက်ဘဲ ဖြတ်ကျော်သွားလိုက်သည်။

စားသောက်ဆိုင်အဝင်ဝကို ရောက်သည့်အခါ ခါတိုင်းလို လူမစည်ကားနေမှန်း သူမတွေ့လိုက်ရသည်။ ရှောင်းကောလည်း ထူးဆန်းသည်ဟု တွေးမိကာ ကျွမ်းကျွမ်းနှင့်အတူ လှည်းပေါ်မှ ဆင်းလာလိုက်သည်။ သူမ ဝင်လိုက်သည်နှင့် ဆိုင်ထဲတွင် ထိုင်နေကြသူအားလုံးကို တွေ့လိုက်ရသည်။

ချင်းအန့်မင်က ရှောင်းကောကို အရင်မြင်လိုက်ကာ သူမထိုင်နိုင်ရန် ကျွမ်းကျွမ်းအား သူမရင်ခွင်ထဲမှ လွှဲယူလိုက်သည်။ အားလုံးက တည်တည်ငြိမ်ငြိမ်ဖြင့် စုနေသည်ကို သူမမြင်လိုက်ရသဖြင့် စိတ်သက်သာရာရသွားမိသည်။

"ဒီနေ့ဘာလို့ဆိုင်မဖွင့်တာလဲ"

ရူယီက ရှောင်းကောကိုပြန်ဖြေလာသည်။ "ဒီနေ့က ဧကရာဇ်အသစ် နန်းတက်တဲ့နေ့ပဲ။ ဧကရာဇ်သစ်အတွက် ကောင်းချီးပေးတဲ့အနေနဲ့ ဆိုင်တွေအားလုံးကို တစ်ရက်ပိတ်ရတယ်"

ရှောင်းကော အံ့သြသွားသည်။ ဧကရာဇ်အသစ်လား? မျှော်လင့်ထားသည့်အတိုင်း ရွာငယ်လေးဟာ နောက်ဆုံးရသတင်းအားလုံးနှင့် သီးခြားဖြစ်နေသည်။ ကမ္ဘာကြီးလက်ပြောင်းသွားရင်တောင် သူမ သိလိုက်မှာမဟုတ်ပေ။

“ငါတို့လဲ မနေ့တုန်းက အကြောင်းကြားစာကိုတွေ့မှ သိရတာ"

ချင်းအန့်မင်က ဘေးကနေပြောလိုက်သည်။ ရှောင်းကောလည်း စောစောက သူမတစ်ခုခု မြင်ခဲ့တာကို သတိရသွားမိသည်။ လူစုလူဝေးဖြစ်နေတာကို သူမမြင်ခဲ့တယ်မလား?

“အားလပ်ရက်က ကွက်တိပဲပေါ့။ လူတိုင်း နားလို့ရပြီ!"

ရူယီက ဘေးနားမှနေ ပျင်းရိစွာဖြင့် အကျောဆန့်လိုက်သည်။ လူတိုင်းဟာ ရက်ပေါင်းများစွာ အလုပ်များနေခဲ့သည်ကြောင့် ကောင်းကောင်း အနားမယူရသေးပေ။

ဦးလေးရှုလည်း သူ့ပေသီးတွေဖြင့် ဟိုရွှေ့ဒီရွှေ့လုပ်လိုက်သည်။ ထို့နောက် ရူယီအား ဗိုက်ဆံပုံးနှင့် ငွေစာရင်းစာအုပ်ကို လွှဲပေးလိုက်သည်။ ယနေ့ဟာ ရှောင်းကောတစ်ယောက်သာ ပိုက်ဆံရသည့်သူ မဟုတ်ဘဲ လူတိုင်းလကုန်တွင် လစာရကြသည်။

ရူယီက တခြားသူတွေကို ပိုက်ဆံအရင်ပေးသည်။ ရူယီ ပေးသည့်လစာဟာ လက်ရှိပေါက်ဈေးထက် နှစ်ဆဖြစ်သည်။ ဆိုင်အခြေအနေဟာ ကောင်းမွန်နေသည်ကြောင့် ရူယီအနေဖြင့် သူမဝန်ထမ်းတွေကို ဆိုးဆိုးရွားရွား မဆက်ဆံသင့်ဘူးဟု ခံစားရသည်။ သူတို့၏ အခြေခံလစာထက်ပိုကာ လတိုင်း ဘောနပ်စ်တွေပေးရသည်ကို သူမ ပျော်၏။ ဤသည်မှာ လူတိုင်း၏ တသမတ်တည်း ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်တစ်ခုဖြစ်သည်။

ပိုက်ဆံပေးပြီးနောက် ကောင်မလေးတွေကို အနားယူခိုင်းလိုက်သည်။ သူတို့ထွက်သွားပြီးနောက် ရူယီလည်း ရှောင်းကော၊ ချင်းအန့်မင်တို့နှင့်အတူ ငွေစာရင်းရှင်းသည်။

"ဒါက ညီမရှောင်းကောအတွက်။ ငွေတုံးခုနစ်ဆယ့်ခြောက်တုံးနဲ့ ပြားငါးဆယ်”

ရူယီက လေးလံသည့် ပိုက်ဆံအိတ်ကို ပေးလိုက်သည်။ ရှောင်းကော မဖွင့်လိုက်တော့ပေ။ သူမ ၎င်းအိတ်အားယူကာ ရင်ခွင်ထဲထည့်ထားလိုက်သည်။

“ဒါက အစ်ကိုအန့်မင်အတွက်။ ငွေ သုံးဆယ့်ရှစ်တုံးနဲ့ ဒင်္ဂါးနှစ်ပြား၊ ပြီးတော့ တစ်လလစာက ငွေနှစ်တုံး။ ဒီတော့ စုစုပေါင်း ငွေအတုံးလေးဆယ်နဲ့ ဒင်္ဂါးနှစ်ပြား”

ချင်းအန့်မင်လည်း ယူလိုက်ကာ ဘေးပို့ထားလိုက်သည်။ ပထမတော့ သူ့အတွက် ရှောင်းကောကို သိမ်းထားစေချင်သော်လည်း သူမက ငြင်းခဲ့သည်။ သူဟာ အသက်ကြီးနေပြီဖြစ်တာကြောင့် အိမ်ထောင်ပြုဖို့ အချိန်တန်ပြီလို့ သူမပြောလိုက်သည်။ ချင်းအန့်မင်လည်း ရှက်သွားကာ ရူယီကို တစ်ချက် ခိုးကြည့်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုခဏ၌ပင် မျက်လုံးချင်း ဆုံမိသွားတော့သည်။ နှစ်ယောက်စလုံး ရှက်သွားကြကာ တစ်ပြိုင်တည်း အကြည့်လွှဲလိုက်ကြသည်။

ရှောင်းကော သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်နေတာကို မြင်လိုက်ကာ ပြုံးလိုက်မိသည်။ သူမရဲ့ ခပ်တုံးတုံးအစ်ကိုတော့ ဉာဏ်အလင်းပွင့်သွားတဲ့ပုံပင်။

သူတို့တစ်နေကုန် ကောင်းကောင်းအနားယူနိုင်ရန် ကျွမ်းကျွမ်းမှာ ဆက်နေရန် စိတ်အားထက်သန်နေသော်လည်း ရှောင်းကောလည်း ဆိုင်တွင် အချိန်အကြာကြီး မနေလိုက်တော့ပေ။ သူတို့ကို နှုတ်ဆက်ပြီးနောက် သူမ ကျွမ်းကျွမ်းကိုခေါ်ကာ ထွက်သွားလိုက်သည်။

ဒါက ဟာသမဟုတ်ပေ။ ကျွမ်းကျွမ်းသာ ဆိုင်တွင်ဆက်နေမည်ဆိုပါက၊ သူ ချင်းအန့်မင်ကို တစ်နေကုန် နှောက်ယှက်နေမည်မှာ သေချာပေါက်ပင်။ ချင်းအန့်မင်သာ ရူယီနှင့် အချိန်ဖြုန်းလိုပါက သူ့အနေဖြင့် အနားယူရန်နေနေသာသာ ထိုသို့ပြုလုပ်ရန် အခွင့်အလမ်းရှိလိမ့်မည်မဟုတ်ပေ။ 'ဒီတော့၊ ချစ်လှစွာသော သားလေးရေ၊ မင်းဦးလေးရဲ့ ပျော်ရွှင်မှုအတွက် မေမေနဲ့အတူ အိမ်ပဲပြန်သင့်တယ်"

ရှောင်းကော ခေါင်းငုံ့ကာ ကျွမ်းကျွမ်း၏ ပါးကို လှမ်းနမ်းလိုက်သော်လည်း ကောင်လေးက တစ်ဖက်လှည့်သွားသည်။

ရယ်မောရင်းဖြင့် ရှောင်းကော သူ့ကို ဆက်နမ်းလိုက်သည်။ သူက စိတ်ဆိုးနေတာမဟုတ်ဘဲ သူ့ခေါင်းတွေကို တက်တက်ကြွကြွ လှုပ်ရှားနေတာကိုမြင်တော့ သူကြည့်မနေတဲ့အချိန် သူမသူ့ကို ထပ်နမ်းလိုက်သည်။

အခုချိန်မှာတော့ သူမ သူ့ကိုစတာ ခံနိုင်ရည်ရှိဖို့ အစွမ်းကုန် ကြိုးစားရတော့သည်။ နောက်နှစ်နှစ်လောက်ကြာလျှင် သူ့ကို စရသည်မှာ သိပ်ပျော်စရာမကောင်းလောက်တော့ပေ။

ထုတ်ပြန်ကြေညာချက်ဘုတ်နား သူမရောက်သည့်အခါ ကြည့်ကြည့်ရန် သူမကိုယ်သူမ သတိပေးလိုက်သည်။ သူမကျွမ်းကျွမ်းကို တင်းတင်းဖက်ကာ လျှောက်သွားလိုက်သည်။ လူတွေ စုဝေးနေပြီဖြစ်သည်။

ရှောင်းကော ရှေ့သို့တိုးကာ ဆန်စက္ကူပေါ်တွင် ရေးထားသည့် ကြေညာချက်ကို ကြည့်လိုက်သည်။ လက်ရေးလှဖြင့် ခပ်နက်နက် ရေးသားထားသည့် စာကြောင်းသုံးကြောင်းရှိ၏။ ရှောင်းကော စကားလုံးတိုင်းကို ဂရုတစိုက် ဖတ်လိုက်သည်။ ကျွမ်းကျွမ်းလည်း စကားလုံးအများစုကို ဖတ်နိုင်နေပြီဖြစ်ကာ ရှောင်းကော၏ ရင်ခွင်ထဲမှနေ တိတ်တိတ်လေး ဖတ်ကြည့်လိုက်သည်။

ကြေညာချက်စာအတွင်းမှ ဗန်းစကားများထဲတွင် ရှောင်းကောသည် ဧကရာဇ်မင်းမြတ်ဟောင်းဟာ ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ ယခင်အိမ်ရှေ့မင်းသား ရှောက်ကျန့်အား ဧကရာဇ်သစ်အဖြစ် ခန့်အပ်ကြောင်း အကြမ်းဖျင်း အဓိပ္ပါယ်ဖော်နိုင်လိုက်သည်။

အဝေးမှ မြင်းခွာသံတွေကို ကြားလိုက်ရသည်။ အဝေးမှ တပ်သားဝတ်စုံ ဝတ်ထားသည့် အမျိုးသားတစ်ဦးကို ရှောင်းကော တွေ့လိုက်ရသည်။ သူဟာ မြင်းစီးရင်းဖြင့် ရောက်လာသည်။ ရှောင်းကောသည် ခပ်ဝေးဝေးတွင် ရပ်နေကာ ကျွမ်းကျွမ်းကို ပွေ့ချီထားသည်။ ထိုလူသည် ဘေးမှကြည့်နေသူများကို တွန်းဖယ်ကာ ကြေညာချက်ဘုတ်ဆီ ရောက်လာသည်။ သူက ဘေးနားတွင် ကြေညာချက် အသစ်တစ်ခုကို ကပ်လိုက်သည်။ သူဒီလိုလုပ်နေချိန်မှာ ရှောင်းကော စောင်းကာလှမ်းကြည့်လိုက်သည်။

ရှောင်းကော အဲ့ဒီတပ်သားနောက်မှ နီးနီးကပ်ကပ်လိုက်ကာ ထွက်သွားလိုက်သည်။

သူတို့ ထွက်ခွာသွားသည်နှင့် တပြိုင်နက် လူအုပ်ကြီးလည်း ရှေ့ကို ပြေးလာကာကြေညာချက်ဘုတ် ပတ်ပတ်လည်တွင် စုရုံးလာကြသည်။ စောစောက အရာရှိတွေနဲ့ စစ်သားတွေ ရှိနေသည်ကြောင့် သူတို့ အနီးကပ်မကြည့်ရဲခဲ့ကြပေ။ ယခု စစ်သားတွေ ထွက်သွားတော့ အားလုံးက ကြေညာချက်ကို ဖတ်ရန် ရုတ်တရက် ပြေးထွက်လာကြသည်။

ရှောင်းကော ကျွမ်းကျွမ်းအား မြည်းလှည်းပေါ်တင်လိုက်သည်။ လူအုပ်ကြီးကို ကြည့်ရင်း သူမသက်ပြင်းချမိသည်။ ကံကောင်းထောက်မစွာဖြင့် သူမ ထိုတပ်သားနှင့်အတူ လိုက်လာခဲ့တာကြောင့်ပင်။ မဟုတ်ပါက သူမနှင့် ကျွမ်းကျွမ်းတို့ ထိုနေရာမှ ထွက်လာနိုင်မည်မဟုတ်ပေ။

ကျွမ်းကျွမ်းတစ်ယောက် လမ်းတစ်လျှောက်တွင် ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ ရှောင်းကောလည်း သူမ ဖတ်ခဲ့ရသည့်သတင်းနှင့် ပတ်သက်၍ လေးလေးနက်နက် စဉ်းစားနေမိကာ ကျွမ်းကျွမ်းနှင့် ပတ်သက်၍ ထူးထူးဆန်းဆန်း ဖြစ်နေသည်ကို သတိမထားမိလိုက်ပေ။

သူမရွာထဲကို မောင်းဝင်လာတော့ ရွာရှိစည်းဝေးပွဲကို အဲဒီခဏတွင် လုပ်နေမှန်း တွေ့လိုက်ရသည်။ ရွာရှိလူတိုင်းက စုဝေးနေကြသည်။ သူတို့ရှေ့တွင် ဗိုက်ဟာမြေနှင့်ထိလုနီးပါးရှိနေသည့် အဘိုးကြီးတစ်ယောက် ရပ်နေ၏။ အဝေးမှနေ အမျိုးသမီးတွေ၏ မျက်နှာပေါ်ရှိ အပြုံးတွေကို လှမ်းမြင်နေရသည်။

သူတို့တွေ ထိုသတင်းကို သိသွားကြပြီဟု ရှောင်းကောတွေးလိုက်မိသည်။

စောစောက သူမတွေ့ခဲ့သည့် ကြေညာချက်တွင် ရေးထား၏။ ဧကရာဇ်အသစ် ထီးနန်းတက်ကာ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ပေးခဲ့သည်။ စစ်တပ်မှ ဖမ်းစီးထားခဲ့သည့် သာမန်ပြည်သူအားလုံးကို ပြန်လွှတ်ပေးကာ အိမ်ပြန်ခွင့်ပေးလိုက်ပြီ ဖြစ်သည်။

မက်မွန်ပွင့်ရွာမှ အမျိုးသား အများအပြားကို စစ်တပ်မှ ဖမ်းစီးစုဆောင်းခဲ့သည့်အတွက် ယခုအခါ တစ်ရွာလုံး လှုပ်ရှားရှားဖြင့် စည်ကားလျက်ရှိသည်။

ရှောင်းကော လူအုပ်ကြားမှ ဖြတ်သွားသည့်အချိန် အားလုံးက ရွှင်မြူးနေကြသည်။ ဘယ်သူမှ သူမကို လုံးဝအာရုံမရနေပေ။ ရှောင်းကောလည်း မဝင်ပါချင်တာကြောင့် လူအုပ်ကိုဖြတ်ကာ လှည်းအား အေးအေးဆေးဆေး ‌မောင်းလာလိုက်သည်။

All Chapters