ဓားဓာတ်လုံး
Vol. 20 Ch. 193
“ခွန်းလွန်နန်းတော်က ခွေးကောင်လေး... မင်းက ဒီလောက်ပဲလား။”
ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် စစ်တလင်းတစ်ခုလုံးမှာ မီတာ အတော်များများ နက်ဝင်သွားသည်။
ဘုန်း...
ဝမ်ရှိုယီ နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်ရာ သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားသော မြောင်းတစ်ခု ဖြစ်သွားသည်အထိ လိမ့်ဆင်းသွားတော့သည်။
သူ့ကို ရစ်ပတ်ထားသော အကာအကွယ် အလင်းတန်းမှာ နှစ်ချက်မျှ တုန်ခါသွားပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
သူ့၏ ရင်ဘတ်ကာကြေးမုံမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး လရောင်ကဲ့သို့ ဖြူစင်သော ကျင့်ကြံသူဝတ်ရုံမှာလည်း စုတ်ပြတ်သတ်နေပြီ ဖြစ်သည်။
အရိုးကြွေထည် ဗောဓိသတ္တက လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
သူ၏ လက်ထိပ်တွင် 卍 သင်္ကေတတစ်ခု တောက်ပလာပြီး ဝမ်ရှိုယီ၏ ရင်ဘတ်ဆီသို့ ထိုးစိုက်လိုက်ကာ သူ၏ ဒန်တျန်နှင့် ခရမ်းရောင်စံအိမ်ထဲမှ စိတ်ဝိညာဉ်ချီစွမ်းအင်များကို ရက်စက်စွာ စုပ်ယူနေတော့သည်။
ဝမ်ရှိုယီ အံကို တင်းတင်းကြိတ်ကာ အသည်းအသန် လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။
ဘုန်း... ဘုန်း...
အဆောင်နှစ်ခုမှာ ကြွေထည်ချပ်ဝတ်ပေါ်တွင် ပေါက်ကွဲသွားသော်လည်း ထွက်ပေါ်လာသော မီးတောက်များကို ဗောဓိသတ္တ၏ အက်ကွဲနေသော ကြွေသားများက စုပ်ယူပစ်လိုက်၏။
ထိုမီးတောက်များ သူ့ထံသို့ ပြန်လည်ဟပ်လာပြီး သူ၏ လက်ချောင်းများကို မည်းတူးသွားအောင် လောင်ကျွမ်းသွားစေခဲ့သည်။
အဆိုးဆုံးမှာ ကောင်းကင်ယံတွင် ခုနစ်စင်ကြယ်စုပုံစံဖြင့် ချိတ်ဆက်ထားသော သူ၏ ကြယ်ခုနစ်ခု ဓားအခင်းအကျင်းမှာ ဗောဓိသတ္တ၏ ဦးခေါင်းနောက်ကွယ်မှ သွေးခြင်ဆီရွှေစက်ဝန်း၏ ဝါးမျိုခြင်းကို ခံနေရခြင်းပင်။
“ကျင့်ကြံသူလေး...”
အရိုးကြွေထည် ဗောဓိသတ္တ၏ ကြောက်မက်ဖွယ်မျက်နှာကြီးမှာ အနားသို့ တိုးကပ်လာပြီး သူ၏ သွေးစွန်းနေသော လျှာကြီးမှာ ဝမ်ရှိုယီ၏ ညာဘက်လက်ကို နောက်ထပ် အဆောင်များ မဖော်စပ်နိုင်အောင် ရစ်ပတ်ထားလိုက်သည်။
“မင်းရဲ့ဆရာ မင်းကို မသင်ပေးဘူးလား။ ကျင်းတဲမြို့ရဲ့ မီးဖိုဂူတွေဆိုတာက...”
အရပ်မျက်နှာအနှံ့မှ ဖန်ချင်းပွတ်တိုက်သလို စူးရှသော အသံကြီး ပဲ့တင်ထပ်လာ၏။
“...မင်းတို့လို ကျင့်ကြံသူတွေကို ပြာဖြစ်အောင် ကျိုချက်ဖို့ အကောင်းဆုံးနေရာပဲ... ဟားဟား ဟားဟား...”
ဝမ်ရှိုယီက စိတ်ဝိညာဉ်ချီစွမ်းအင်များ လျင်မြန်စွာ ကုန်ခမ်းလာသည်ကို ခံစားလိုက်ရသည်။
ဗောဓိသတ္တ၏ လက်ညှိုးကို တားဆီးထားသော သူ၏ ရှေးဟောင်းစီရင်ချက်ဓားပင်လျှင် အလင်းရောင်များ မှိန်ဖျော့လာတော့သည်။
“ဒုက္ခပဲ... ဒါက ငါ့ရဲ့ အကန့်အသတ်ပဲလား။”
သူ အံကြိတ်ကာ ကြောက်မက်ဖွယ်ကောင်းသော အရိုးကြွေထည် ဗောဓိသတ္တကို စိုက်ကြည့် လိုက်သည်။
သူက ၁၀နှစ်တိုင်တိုင် ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ရသည်။ သူသည် မိစ္ဆာများကို နှိမ်နင်းပြီး မိမိကိုယ်မိမိ သက်သေပြရန် တောင်ပေါ်မှ ဆင်းလာခဲ့ခြင်းဖြစ်သည်။ ထိုပထမဆုံး တာဝန်သည် သူ၏ အရည်အချင်းကို စမ်းသပ်ရုံမျှသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။
ထိုမျှအစွမ်းထက်သော အခြေခံအုတ်မြစ်အဆင့် တစ္ဆေကျင့်ကြံသူနှင့် တိုးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဗောဓိသတ္တ၏ ကြွေထည်လက်ညှိုးကို ရစ်ပတ်ထားသော အေးစက်စက် မီးတောက်များက တစ်လက်မချင်း တိုးကပ်လာကာ သူ့ကိုရော ဓားကိုပါ ပြာအဖြစ် ခြေမှုန်းပစ်ရန် ခြိမ်းခြောက် နေသည်။
“နောက်ဆုံးတော့လည်း... ငါ မလုပ်နိုင်ခဲ့ဘူးလား။”
ဝမ်ရှိုယီ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာ၏။
ထိုခဏမှာပင်...
ဘုန်း...
မိုးကြိုးသံကြီးတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွား၏။ ခဏချင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး ဖြူဖွေးသွားတော့သည်။
လျှပ်စီးလက်ရောင်တစ်ခုက အောက်သို့ ပစ်ဆင်းလာပြီး အရိုးကြွေထည် ဗောဓိသတ္တကို တည့်တည့် ထိမှန်သွားတော့သည်...
“အား...”
တစ္ဆေအော်ဟစ်သံကြီးက အပျက်အစီးများကြားတွင် ပဲ့တင်ထပ်သွား၏။ ဝမ်ရှိုယီ၏ ဓားပေါ်က ဖိအားမှာ ခဏတာ လျော့ပါးသွားသည်။ သို့သော် သူက ပြန်လည်တိုက်ခိုက်ရန် အားအင် ကုန်ခမ်းနေပြီ ဖြစ်သည်။
သူ၏ ရှေးဟောင်းစီရင်ချက်ဓားမှာ လက်ထဲမှ လွတ်ကျသွား၏။
မျက်စိရှေ့မှ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားတော့သည်။ နောက်သို့ လန်ကျသွားစဉ် တစ်စုံတစ်ယောက်က သူ့ကို ဖမ်းထိန်းလိုက်သည်ကို သူ ခံစားလိုက်ရ၏။
ခေါင်းကို အသာလှည့်ကြည့်လိုက်ရာ ခုနက ‘ထွက်ပြေးသွားပြီ’ဟု သူထင်ထားသော မိစ္ဆာနှိမ်နင်းသူဗျူရို အဖွဲ့ဝင်များကို တွေ့လိုက်ရသည်။
“အဟွတ်... အဟွတ်... ခင်ဗျားတို့အားလုံး... ထွက်သွားကြပြီ မဟုတ်လား။”
နောက်ဆုံးအချိန်တွင် ကယ်တင်ခြင်းခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ့မျက်ဝန်းတွင် မျက်ရည်များ ဝဲလာ၏။
ပစ်မထားဘူး။ လက်မလွှတ်ခဲ့ဘူး။ ဒါ... လူသားဆန်မှုပဲ။ ငါ့လူမျိုးတွေအတွက် ဂုဏ်ယူလိုက်တာ...
“တကယ်တော့ ကျွန်မတို့ ထွက်သွားတော့မလို့ပဲ... ဒါပေမဲ့ သူက မသွားချင်ဘူးလေ။”
လင်းချန်က ရှေ့ဆုံးတွင် ရပ်နေသော ပုံရိပ်ကို မေးဆတ်ပြလိုက်သည်။ ဝမ်ရှိုယီ အကြည့်ကို လွှဲကြည့်လိုက်၏။ အစောပိုင်းတွင် အနောက်ဆုံး၌ ရပ်နေခဲ့သည့် အလွန်ပင် ချောမောသော မျက်နှာပိုင်ရှင် အမျိုးသားမှာ အခုတော့ အရှေ့ဆုံးတွင် မတ်မတ်ရပ်နေသည်။
သူ၏ ပုခုံးများက အကျယ်ကြီး မဟုတ်သော်လည်း လရောင်အောက်တွင်တော့ သူ့အရိပ်က အနောက်က လူတိုင်းကို လွှမ်းခြုံထား၏။
“ဒီ... ဒီလူက...”
ဝမ်ရှိုယီ၏ အသံမှာ တုန်ရီနေသည်။ သူ၏ လက်ညှိုးမှာ ချန်ဟွိုက်အန်ကို ညွှန်ပြရင်း တုန်ယင်နေသည်။
“သူ့... သူ့ဘောင်းဘီ... ကျွတ်ကျတော့မယ်...”
ထို့နောက် သူ ချက်ချင်းပင် သတိလစ်သွားတော့သည်။
ရှန့်ရှောင်ယွမ် - “...”
ကျောက်ရင်း / လင်းချန် - “...”
“အဟမ်း..”
ချန်ဟွိုက်အန်က မိုးကြိုးအဆောင်ကို ကိုင်ထားရင်း ခဏတန့်သွားသည်။ ချက်ချင်းပင် သူက ငုံ့ပြီး ဘောင်းဘီကို ပြန်ဆွဲတင်လိုက်၏။
သူ့ခါးပတ်က ခုနက ပြတ်သွားခဲ့ခြင်းဖြစ်ပြီး စိတ်ဝိညာဉ်ချီစွမ်းအင်များ ထုတ်လွှတ်လိုက်တိုင်း ဘောင်းဘီက လေဖောင်းလာသလိုဖြစ်ကာ ကျွတ်ကျတော့မလို ဖြစ်နေခြင်းပင်။
“အဲဒီမိုးကြိုးက မင်းလက်ချက်လား။”
တိုက်ခိုက်မှုကြောင့် ခေါင်းတစ်ခုလုံး မည်းတူးသွားသော အရိုးကြွေထည် ဗောဓိသတ္တက သူ့ကို လှောင်ပြုံးပြုံးကာ မေးလိုက်သည်။
“ကလေး... မင်းရဲ့ မိုးကြိုးမှာ တရားမျှတမှုတော့ ရှိပါတယ်... ဒါပေမဲ့ စွမ်းအား မရှိသေးဘူး။ ငါ့ရဲ့ မီးဖိုဂူမီးတွေက တရားမျှတမှုကို ဝါးမျိုတာ။ မင်းရဲ့စွမ်းအားကို သုံးပြီး ငါ့အင်အားကို ပြန်ဖြည့်မယ်...”
သူ၏ အဖြူရောင်ကြွေလက်မောင်းများတွင် မိစ္ဆာမီးတောက်များ တောက်လောင်လာ၏။ ထိုမီးတောက်များကြားတွင် အတိတ်က မြင်ကွင်းများ ပေါ်လာသည်။
မင်သဲခေတ်။
မရေမတွက်နိုင်သော မိန်းကလေးငယ်များကို သွေးပူဇော်သက္ကာအဖြစ် မီးဖိုဂူများထဲသို့ ပစ်ထည့် ခဲ့ကြသည်။
ထိုပူဇော်သက္ကာများက အရိုးကြွေထည် ဗောဓိသတ္တ၏ ယုတ်မာသော ပုံသဏ္ဌာန်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
တစ္ဆေစွမ်းအင်နှင့် ဗုဒ္ဓဘာသာစွမ်းအင်များ ရောယှက်နေသော မိစ္ဆာကောင်ကြီးပင်။
“ခင်ဗျားက တစ္ဆေဖြစ်နေပြီးတော့ ဗုဒ္ဓဘာသာကျင့်စဉ်တွေကို ကျင့်ကြံနေတာလား...”
ချန်ဟွိုက်အန်၏ မျက်နှာမှာ ရွံရှာမှုကြောင့် တွန့်သွား၏။
ဒါက သူ သွေးပူဇော်သက္ကာတွေ လုပ်နေတဲ့အချိန်မှာ တကယ်တမ်း သူ့ကိုယ်သူ သူတို့ကို ‘ကယ်တင်နေတာ’ လို့ ထင်နေတာလား။ ဘယ်လိုတောင် လွဲမှားနေတဲ့ အတွေးအခေါ်လဲ...
သူ မသိခဲ့သည်မှာ...
အရိုးကြွေထည် ဗောဓိသတ္တက အလွန်အမင်း ခြောက်သွေ့သော အငတ်ဘေးခေတ်တွင် မွေးဖွားခဲ့ခြင်းပင် ဖြစ်သည်။ အစာရေစာ ပြတ်လပ်မှုကြောင့် လူသားများ လူသားချင်း ပြန်စားနေကြရတဲ့ ခေတ်၌ပင်။
ထိုဒုက္ခရောက်နေသော လူများ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်စားသောက် နေကြမည့်အစား သူတို့ကို သွေးပူဇော်သက္ကာအဖြစ် ဆက်သလိုက်ခြင်းက ပိုကောင်းသည်ဟု သူ ယုံကြည်ခဲ့သည်။
သူက သူ့ကိုယ်သူ ကောင်းမှု လုပ်နေသည်ဟူ၍ အမှန်တကယ် ထင်နေခဲ့သည်။ စတေးခံခဲ့ရသော မိန်းကလေးများ အတွက်တော့ သူတို့သည် မြို့ဝန်၏သားကို ရှင်သန်စေရန် စတေးခြင်း သက်သက်တင် မဟုတ်ဘဲ သူတို့ မိသားစုများကလည်း အစားအသောက်များ ပြန်ရခဲ့ကြသည်။
မိသားစုများက ကျန်ရှိနေသော သားများကို အသက်ဆက်ခိုင်းနိုင်ခဲ့ကြသည်။
၎င်းမှာ ကြည်ဖြူစွာ လဲလှယ်မှု၊ နှစ်ဦးသဘောတူ အပေးအယူတစ်ခု ဖြစ်ခဲ့သည်။
‘တရားမျှတသောကုန်သွယ်မှု’ ပင်။
“တော်လောက်ပြီ။” အရိုးကြွေထည် ဗောဓိသတ္တက လက်ကို မြှောက်လိုက်သည်။ လက်အုပ်ချီ ထားသော သူ၏ လက်နှစ်ဖက်မှာ ရုတ်တရက် ပွင့်ထွက်သွား၏။
လူသားအရွယ်အစားသာ ရှိခဲ့သော သူ၏ ညာဘက်လက်မှာ ပြိုကျနေသော တောင်ကြီး တစ်ခုကဲ့သို့ ကြီးမားလာသည်။ လက်ဖဝါးပေါ်တွင် သွေးနီရောင် ကျမ်းစာများကို ရေးထွင်းထားပြီး လေထုတစ်ခုလုံး ခဲသွားကာ သူတို့ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော တစ္ဆေများ၏ အော်ဟစ်ငိုကြွေးသံများ စူးရှလာခဲ့သည်။
သူသည် အရင်က ချန်ဟွိုက်အန်ထက် အားနည်းခဲ့သော်လည်း အခုတော့ သူ၏ စွမ်းအားက ချန်ဟွိုက်အန်ကို ကျော်လွန်သွားပြီ ဖြစ်သည်။
သူသာ ချန်ဟွိုက်အန်နှင့် ဝမ်ရှိုယီ နှစ်ယောက်လုံးကို ဝါးမျိုလိုက်နိုင်လျှင် သူ၏ အခြေခံ စွမ်းအားကို အပြည့်အဝ ပြန်လည် တည်ဆောက်နိုင်ပေမည်။
သူ့အတွက်တော့ ၎င်းမှာ ကံကြမ္မာပင်။ ဝမ်ရှိုယီအတွက်တော့ သူ ဘာမှ ဂရုမစိုက်ပေ။
အနောက်ဘက်ခွန်းလွန်က တပည့်တစ်ယောက်က ဘာဖြစ်လဲ။ သူက အပြင်စည်းတပည့် တစ်ယောက်ပဲလေ။ အနောက်ဘက်ခွန်းလွန်ရဲ့ တကယ့် အတွင်းစည်းတပည့်တွေကတော့ သူ သေသွားရင်တောင် ဂရုစိုက်မှာ မဟုတ်ဘူး။
သူက နယ်ရုပ်လေးတစ်ရုပ်ပဲ။
“လခွမ်းတဲ့မှ...”
ချန်ဟွိုက်အန်က အပေါ်မှ ဖိချလာသော ကြီးမားလှသည့် လက်ဝါးကြီးကို မော့ကြည့်လိုက်သည်။
“ငါ တကယ်ပဲ ဒီဓားကျောင်းတော်က တပည့်တွေကို အဆောင်တွေ မလုပ်ခိုင်းခဲ့သင့်ဘူး...”
သူက တွန့်ကြေနေသော မိုးကြိုးအဆောင်များကို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ လက်ရေးက အလွန်ပင် ဆိုးရွားလှသည်။ ထိုသူများ အဆောင်လုပ်နေရင်း လက်များ တုန်နေခဲ့ကြသည်မှာ သိသာလှသည်။
ဒီလောက် လက်ရေးညံ့တဲ့ အဆောင်တွေက ဘယ်လိုလုပ် အရည်အသွေး ကောင်းနိုင်မှာလဲ။ တစ်စောင်မှ အလယ်အလတ်တန်းတောင် မမီဘူး။ အကုန် အမှိုက်တွေချည်းပဲ။
အရိုးကြွေထည် ဗောဓိသတ္တက လှောင်ပြုံးပြုံးလိုက်သည်။
“ဘာလဲ။ လှည့်ကွက်တွေ ကုန်သွားပြီလား။ ဒါဆိုရင် သေလိုက်တော့...”
ဘုန်း...
ဧရာမလက်ဝါးကြီး အောက်သို့ ဝုန်းခနဲ ရိုက်ချလိုက်သည်။
“လှည့်ကွက်တွေ ကုန်သွားတာလား။ မဟုတ်ပါဘူး...”
ချန်ဟွိုက်အန် ခေါင်းခါလိုက်သည်။ သူ အေးအေးဆေးဆေးပင် အိတ်ထဲသို့ လက်နှိုက်လိုက်ပြီး ဓားဓာတ်လုံး တစ်လုံးကို လေထဲသို့ ပစ်တင်လိုက်၏။
ထိုဓားဓာတ်လုံးက ဓားကျောင်းတော်မှ ကောက်ကျစ်စဉ်းလဲမှုကြောင့် နာမည်ကြီးသော တပည့် ကျန့်ဟယ်က ဖန်တီးထားခြင်း ဖြစ်သည်။
“ကဲ... သူငယ်ချင်းလေး။ မင်း ဘာတွေလုပ်နိုင်လဲဆိုတာ ငါ့ကို ပြပါဦး။”
တကယ့် ယောင်္ကျားတစ်ယောက် ဆိုသည်မှာ ပေါက်ကွဲမှုကို လှည့်မကြည့်ပေ။
ချန်ဟွိုက်အန်က အေးဆေးစွာပင် နောက်သို့လှည့်ကာ လက်နှစ်ဖက်ကို အိတ်ထဲထည့်ရင်း ကျောက်ရင်းတို့ဆီသို့ လျှောက်သွားတော့သည်။
“ကြည့်ကြသေးတာပေါ့... မင်း တကယ်ပဲ ဘယ်လောက်အထိ နက်နဲမလဲဆိုတာ...”
ဝုန်း...
ဓားဓာတ်လုံး ပေါက်ကွဲသွား၏။
ဓားအရှိန်အဝါတစ်ခုတည်းက ထွက်ပေါ်လာပြီး အရိုးကြွေထည် ဗောဓိသတ္တ၏ လက်ဝါးနှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ တည့်တည့်မတ်မတ် ထိုးဖောက်သွားတော့သည်။
တိမ်တိုက်များ ကွဲအက်သွား၏။ ကောင်းကင်ကြီး ပွင့်ထွက်သွားပြီး လမင်းကြီး ပေါ်ထွက်လာသည်။ လရောင်အောက်တွင် လမ်းလျှောက်ရင်း ချန်ဟွိုက်အန်သည် သူ၏ နောက်ကွယ်မှ ကျောက်ခဲများ ပြိုကျပျက်စီးသံကို နားထောင်ကာ ပြုံးလိုက်သည်။
“ကောင်းလိုက်တဲ့ ဓား။ တကယ့်ကို ကောက်ကျစ်တဲ့သူပဲ။”
....