← Chapters

ကျုပ်က မိစ္ဆာပဲ

Vol. 20 Ch. 195

ကျုပ်က မိစ္ဆာပဲ

Vol. 20 Ch. 195

ဒုတိယမြောက် စစ်နိုင်ပစ္စည်းမှာ အရိုးကြွေထည် ဗောဓိသတ္တ၏ ကျောက်စိမ်းလက်စွပ်ပင်။

၎င်းကို အဖြူရောင် နက်ဖရိုက်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး လက်ရာမှာ အလွန်ပင် စေ့စပ် သေချာလှကာ ရှေးကျပြီး လျို့ဝှက်ဆန်းပြားသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်မိသည်။

တန်ဖိုးမရှိပုံ ပေါက်နေ၍ မဟုတ်ဘဲ ထိုလက်စွပ်ပေါ်တွင် ထွင်းထုထားသည့် နံပါတ်စဉ် တစ်ခုကြောင့်ပင်။ ၁၃၇...

“နေပါဦး...”

“အလောင်းဘုရင် တိကျန်းဆီကရခဲ့တဲ့ ဝိညာဉ်နှိမ်နင်းသံမှိုမှာလည်း နံပါတ်က ၁၃၇ မဟုတ်ဘူးလား။”

သူ့မှတ်ဉာဏ်ကို အတည်ပြုရန်အတွက် ချန်ဟွိုက်အန်က ပစ္စည်းစာရင်းထဲမှ ဝိညာဉ်နှိမ်နင်း သံမှိုကို ထုတ်ယူကာ ပစ္စည်းနှစ်ခုကို ယှဉ်ထားလိုက်သည်။

ထင်ထားသည့်အတိုင်းပင် ပစ္စည်းနှစ်ခုလုံးပေါ်ရှိ ၁၃၇ ဟူသော ဂဏန်းမှာ ထပ်တူကျနေ၏။

အကယ်၍ ၎င်းကို လက်ဖြင့် ထွင်းခဲ့သည်ဆိုလျှင် ထိုသူက တစ်ယောက်တည်း ဖြစ်ပေရမည်။

“စိတ်ဝင်စားစရာကောင်းသားပဲ။”

သူက ကျောက်စိမ်းလက်စွပ်ကို လက်ချောင်းများဖြင့် ပွတ်သပ်ရင်း မျက်လုံးကို မှေးလိုက်သည်။

အစကတော့ ဝိညာဉ်နှိမ်နင်းသံမှိုပေါ်က ၁၃၇ ဆိုတာဟာ ၁၃၇ခုမြောက် ထုတ်လုပ်တဲ့ သံမှိုလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ အဲဒီယူဆချက်က မမှန်တော့ဘူး။ ဒီကျောက်စိမ်းလက်စွပ်က ဝိညာဉ်နှိမ်နင်း သံမှိုတွေလိုမျိုး အမြောက်အမြား ထုတ်လုပ်ထားတဲ့ ပစ္စည်းမဟုတ်ဘူး။ ဒါက အလှဆင်ပစ္စည်း သက်သက်ပဲ။ ဒါဆိုရင် ၁၃၇ ဆိုတာ အရေအတွက် မဟုတ်ဘဲ နံပါတ်စဉ် တစ်ခု ဖြစ်နေပြီ။ အဲဒါက ပိုကြီးမားတဲ့ ပြဿနာတစ်ခုဆီ ဦးတည်သွားနေတယ်။

တကယ်လို့ ငါ သတ်ခဲ့တဲ့ တိကျန်းက နံပါတ် ၁၃၇ဖြစ်ပြီးတော့ အရိုးကြွေထည် ဗောဓိသတ္တ ကလည်း နံပါတ် ၁၃၇ ဆိုရင်...

ကျန်တဲ့နံပါတ်တွေက ဘယ်မှာလဲ။

ဒီလောကကြီးထဲမှာ တိကျန်းတွေနဲ့ အရိုးကြွေထည် ဗောဓိသတ္တတွေ ဘယ်လောက် အများကြီး ရှိနေဦးမှာလဲ။

ပြီးတော့...

ဘယ်သူက သူတို့ကို နံပါတ်စဉ်တွေ တပ်နေတာလဲ။

ယုတ်မာတဲ့ သတ္တဝါတွေနဲ့ မိစ္ဆာတွေကို ဒီလိုမျိုး အုပ်စုခွဲသတ်မှတ်ဖို့ သူတို့မှာ ဘာရည်ရွယ်ချက် ရှိနေတာလဲ။

အဲဒီနောက်ကွယ်ကလူက ဘယ်သူပဲဖြစ်ဖြစ် ကျိန်းသေပေါက် အားနည်းနေမှာ မဟုတ်ဘူး။

အခု ငါက သူတို့ရဲ့ နံပါတ်စဉ်တပ်ထားတဲ့ ဖန်တီးမှုနှစ်ခုကို သတ်ပစ်လိုက်ပြီဆိုတော့ အဲဒီလူရဲ့ အာရုံစိုက်မှုကို ခံရနိုင်လောက်တယ်။

“ဒါတော့ မကောင်းဘူး...” ချန်ဟွိုက်အန် ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။

အဲဒီလူက မိတ်ဆွေဖြစ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ တိကျန်းတို့ အရိုးကြွေထည် ဗောဓိသတ္တတို့လို မိစ္ဆာတွေကို လွှတ်ပေးထားတယ်ဆိုကတည်းက သူတို့တွေက ရန်သူပဲ။ အခု ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် အဲဒီလိုလူမျိုးကို ရင်ဆိုင်ဖို့ အဆင်မပြေနိုင်သေးဘူး။

“ငါ ပိုပြီး အစွမ်းထက်လာဖို့ လိုတယ်။ အမြန်ဆုံး။”

ယခုလောလောဆယ် စိတ်ဝိညာဉ်ချီစွမ်းအင်ကို ကျင့်ကြံခြင်းက ကိုယ်ထဲမှ ကင်ဆာမိစ္ဆာနဂါးကြီး နိုးထလာခြင်းကို ပိုမြန်စေလိမ့်မည်။ ထို့ကြောင့် သူက နေ့တိုင်း ကျင့်ကြံရန် ဝေခွဲမရ ဖြစ်နေခဲ့၏။

သို့သော် အခုတွင် ကောင်းကင်မိစ္ဆာကျင့်စဉ်ဖြင့် သူက ခန္ဓာကိုယ်ကျင့်ကြံခြင်းဘက်ကို ခဏ ပြောင်းလဲကျင့်ကြံ၍ ရနိုင်ပြီ ဖြစ်သည်။

ခန္ဓာကိုယ် သန့်စင်ခြင်းက အရင်းအမြစ် အများအပြား လိုအပ်၏။ အထူးသဖြင့် အစောပိုင်း အဆင့်များတွင် ကျင့်ကြံသူက ခန္ဓာကိုယ် တည်ဆောက်ရန်အတွက် ဆေးလုံးအမြောက်အမြား လိုအပ်ခြင်းပင်။

ယခင်ကဆို ၎င်းက ပြဿနာတစ်ခု ဖြစ်နိုင်သော်လည်း ယခု သူ့နောက်တွင် ဓားကျောင်းတော် တစ်ခုလုံး ရှိနေသည်လေ။

သူဟာ အဂ္ဂိရတ်ဂိုဏ်းနှင့် လင်းရှီးတောင်ကြားတို့နှင့်လည်း ကုန်သွယ်၍ ရသေးသည်။

သူသာ လိုချင်လျှင် ခန္ဓာကိုယ် ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ် မှန်သမျှကို ချက်ချင်း ရနိုင်၏။

ယခုလိုမျိုးပင်။ ဓားကျောင်းတော် တပည့်များ ဖော်စပ်ထား‌သော ဆေးလုံး အတော်များများက ခန္ဓာကိုယ် သန့်စင်ခြင်းအတွက် အကောင်းဆုံးတွေ ဖြစ်နေသည်။ ထို့ပြင် သူ့တွင် နောက်ထပ် အတွေးတစ်ခု ရှိနေသေး၏။

ကောင်းကင်မိစ္ဆာကျင့်စဉ်က ယုတ်မာတဲ့ သတ္တဝါတွေကို သန့်စင်ပြီး စုပ်ယူနိုင်တယ်။ ဒါဆိုရင် ငါ့ကိုယ်ထဲက ကင်ဆာမိစ္ဆာနဂါးကြီးကိုရော သန့်စင်ပစ်လို့ ရမလား။

ချန်ဟွိုက်အန်က ဆေးရုံကုတင်ဘေးက ခေါ်ဆိုရန် ခလုတ်ကို နှိပ်လိုက်သည်။

သူနာပြုဆရာမလေး တစ်ယောက် ချက်ချင်း ဝင်လာ၏။

“အုပ်ချုပ်ရေးမှူးချန်။ အိမ်သာသွားချင်လို့လား။ ကျွန်မ လမ်းလျှောက်ဖို့ ကူညီပေးရမလား... ဒါမှမဟုတ် အဆင်မပြေဘူးဆိုရင် ကျွန်မ... ကိုင်ပေး... ရမလား...”

ချန်ဟွိုက်အန် - “...”

သူက ရှက်သွေးဖြန်းနေသော သူနာပြုဆရာမလေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။

တကယ်ပါပဲ။ တစ်ခါတလေကျရင် အရမ်းချောနေတာကလည်း ကျိန်စာတစ်ခုလိုပဲ။

အထူးသဖြင့် ငါ့လို တည်ကြည်တဲ့ လူတစ်ယောက်အတွက်ပေါ့။

“ကျွန်တော် လေ့ကျင့်ရေးအခန်း သုံးချင်တယ်။ စီစဉ်ပေးပါ။” သူက သူနာပြု လက်ထဲမှ ဖိနပ်ကို မြန်မြန်ဆွဲယူပြီး စီးလိုက်သည်။

သူနာပြုဆရာမလေးက ဆံနွယ်လေးကို နားနောက်သပ်ရင်း နှုတ်ခမ်းလေး ဆူလိုက်၏။

“နောက်တစ်ခါကျရင် ကျွန်မ စီးပေးပါ့မယ်... ရှင်က လူနာပဲဟာကို။”

“ကျွန်တော့်မှာ အတက်ရောဂါ ရှိတယ်။ တကယ်လို့ ကျွန်တော် မတော်တဆ ကန်မိရင် ခင်ဗျား သေသွားနိုင်တယ်။” ချန်ဟွိုက်အန်က ရှေ့သို့ တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်ရာ သူ၏ မျက်ဝန်းများမှာ အလွန် တည်ကြည်နေရာ ဆိုးသွမ်းလှသော မိစ္ဆာတစ်ဦးနှင့်ပင် တူနေတော့သည်။

ထိုနေရာမှာ J ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၏ လက်အောက်ခံ ဆေးဘက်ဆိုင်ရာ စင်တာဖြစ်ပြီး ဒဏ်ရာရသော မိစ္ဆာနှိမ်နင်းရေးသမားများကို ကုသပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ထိုနေရာတွင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများအတွက် လေ့ကျင့်ရေးအခန်း အတော် များများ ရှိသည်။

ချန်ဟွိုက်အန်က လေ့ကျင့်ရေးအခန်း၏ မှန်တံခါးများကို ပိတ်လိုက်ပြီး တရားထိုင်ဖျာပေါ်တွင် နေရာယူလိုက်သည်။

သို့သော် သူ မစတင်မီမှာပင် အပြင်ဘက်တွင် ဆူညံသံတွေ ထွက်ပေါ်လာ၏။

သူ မော့ကြည့်လိုက်ရာ မျက်နှာ မည်းမှောင်သွားလေသည်။

စင်္ကြံလမ်းတစ်ခုလုံး သူနာပြုဆရာမများနှင့် ပြည့်နှက်နေပြီး လေ့ကျင့်ရေးအခန်း တစ်ခုလုံးကို ဝိုင်းထားကြခြင်းပင်။

“လခွမ်းတဲ့မှ... သူတို့တွေ အကုန်လုံးက စုန်းမတွေပဲ...”

ချန်ဟွိုက်အန် မျက်လုံးမှိတ်လိုက်ပြီး သူတို့ကို လျစ်လျူရှုကာ ခြင်ဆီသန့်စင်ဆေးလုံး တစ်ဆုပ်ကို ထုတ်ယူလိုက်သည်။

ထို့နောက် သူ ကောင်းကင်မိစ္ဆာကျင့်စဉ်ကို စတင်လိုက်၏။

သူ၏ အသိစိတ်က ခန္ဓာကိုယ်ထဲ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက်သွားပြီး မိုးကြိုး စိတ်ဝိညာဉ်အမြစ်အောက်တွင် ပုန်းအောင်းနေသော ကင်ဆာမိစ္ဆာနဂါးကို ရှာဖွေလိုက်သည်။

အပြင်ဘက်တွင်တော့ သူနာပြုဆရာမလေးများ စိတ်လှုပ်ရှားစွာ တိုးတိုးလေး ပြောနေကြသည်။

“ဟိုလူက ဘယ်သူလဲဟင်။ လေ့ကျင့်နေတာတောင် အရှိန်အဝါက ဒီလောက် ပြင်းထန်တာ...”

“သူက C ပြည်နယ် အုပ်ချုပ်ရေးမှူး ချန်ဟွိုက်အန်လေ။ အဲဒီလို ပုန်ကန်တတ်တဲ့ မိစ္ဆာ အငွေ့အသက်လေးက အရမ်းကို မိုက်တာပဲ...”

“နေဦး... ဒါပေမဲ့ C ပြည်နယ်မှာ တရားဝင်ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး မရှိသေးဘူး မဟုတ်လား။”

“ဘယ်သူ ဂရုစိုက်လို့လဲ... ငါတို့ကတော့ ချန်ဟွိုက်အန်ကိုပဲ အသိအမှတ်ပြုတာ...”

အတွင်းထဲတွင်တော့ ချန်ဟွိုက်အန်က မိမိတွင် ပရိသတ်အဖွဲ့တစ်ခု ရနေကြောင်းကို လုံးဝ မသိရှာပေ။

သူက သေမင်းတမန် စစ်တုရင်ပွဲတစ်ပွဲကို အာရုံစိုက်နေရသည်။ စစ်တုရင်ခုံက သူ၏ အသွေးအသားပင်။ မျဉ်းကြောင်းများကတော့ သူ၏ သွေးကြောများနှင့် အာရုံကြောမှတ်များ ဖြစ်ကာ အဖြူအမည်း အစေ့များကတော့ မိစ္ဆာချီစွမ်းအင်များ စီးဝင်နေသော သူ၏ ကိုယ်ပိုင် ကင်ဆာဆဲလ်များ ဖြစ်လေသည်။

သူ၏ တစ်ဖက်တွင်တော့ ကင်ဆာမိစ္ဆာနဂါး၏ အရိပ်မည်းကြီးက ရစ်ခွေနေပြီး မကောင်းဆိုးဝါး အပြုံးနှင့် လှောင်ပြောင်နေ၏။

“ကောင်လေး။ မင်း ဘာလို့ ငါ့ကို အတင်းတိုက်ခိုက်နေတာလဲ။ ငါက မင်းရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ ငါ့ကို သန်မာအောင် လုပ်တာက မင်းကိုယ်မင်း သန်မာအောင် လုပ်တာပဲလေ။”

သူ၏ တွန့်လိမ်နေသော ခန္ဓာကိုယ်ကြီး လှုပ်ရှားနေပြီး အသံက ချိုသာယောင် ဆောင်နေသော်လည်း မျက်လုံးထဲတွင်တော့ သတ်ဖြတ်ချင်စိတ်များ တောက်လောင်နေ၏။

ချန်ဟွိုက်အန်၏ တက်ကြွနေသော ကင်ဆာဆဲလ်များ ထိန်းချုပ်မှုအောက် ရောက်သွားပြီး ကတည်းက၊ စိတ်ဝိညာဉ်ချီစွမ်းအင် ကျင့်ကြံခြင်းကို ရပ်လိုက်ကတည်းက၊ ကင်ဆာမိစ္ဆာနဂါး၏ ဘဝမှာ ငရဲလို ဖြစ်နေခဲ့ရသည်။

အခုတော့ သူက မိုးကြိုးစိတ်ဝိညာဉ်အမြစ်၏ ထောင့်တစ်နေရာတွင် ပိတ်မိနေပြီး လှုပ်မရ ဖြစ်နေ၏။

ချန်ဟွိုက်အန်ကို နာခံနေသည့် တခြားသော ကင်ဆာဆဲလ်များကလည်း သူ့ကို အချစ် သီချင်းဟောင်းများ ဆိုပြပြီး နေ့စဉ်နေ့တိုင်း အဆက်မပြတ် နှိပ်စက်နေကြသည်။

“ကျုပ်ကပဲ ဒီခန္ဓာကိုယ်ရဲ့ တကယ့်သခင်။ ခင်ဗျားကလား။ ခင်ဗျားက ကိုယ့်သခင်ကို ပြန်ကိုက်ဖို့ ကြိုးစားတဲ့ လမ်းဘေးခွေးတစ်ကောင်ပဲ။ တစ်နေ့နေ့ ခင်ဗျားကို အရှင်လတ်လတ် ပြုတ်ပြီး နဂါးစွပ်ပြုတ် လုပ်သောက်ပစ်မယ်။”

ချန်ဟွိုက်အန်က စစ်တုရင်ခုံပေါ် အစေ့တစ်ခု ချလိုက်သည်။

“ဖတ်...”

မိစ္ဆာချီစွမ်းအင်များ စီးဝင်နေသော ကင်ဆာဆဲလ်များက သွေးနီရောင် ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး စစ်တုရင်ခုံပေါ် သောင်းကျန်းတော့သည်။

ကင်ဆာမိစ္ဆာနဂါးလည်း ပြန်လည် တိုက်ခိုက်ပြီး အမည်းရောင် မြူခိုးတွေနှင့်အတူ အမည်းရောင် မြွေနဂါးကြီးတစ်ကောင်ကို ဆင့်ခေါ်လိုက်၏။

တိုက်ပွဲ စတင်လေပြီ။

နှစ်ဖက်စလုံး ပြင်းထန်စွာ ထိပ်တိုက်တွေ့ကြပြီး သွေးနီရောင် ဝံပုလွေတွေက အမည်းရောင် အကြေးခွံရှိတဲ့ မြွေများကို ကိုက်ဖြတ်နေကြသည်။

တစ်ခဏတွင် အခြေအနေက တူညီနေသလိုပင်။

“ဒါက အလကားပဲ။” နဂါးကြီးက လှောင်လိုက်သည်။ “ဒီတိုက်ပွဲက အတူတူ ပျက်စီးသွားတာနဲ့ပဲ အဆုံးသတ်လိမ့်မယ်။ မင်းရဲ့ သွေးကြောတွေ ထိခိုက်လိမ့်မယ်။ မင်းရဲ့ အခြေခံတွေ အားနည်း သွားလိမ့်မယ်။”

သို့သော် တိုက်ပွဲ ကြာလာသည်နဲ့အမျှ အမည်းရောင် အစေ့များ နည်းပါးလာသည်။

နဂါးကြီးက မော့ကြည့်လိုက်သည်။ ချန်ဟွိုက်အန် တစ်ယောက် အားကုန်နေလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ချန်ဟွိုက်အန်က အေးအေးဆေးဆေးပင် လက်ချောင်းလေးများကို ခါလိုက်သည်။

သွေးနီရောင် အစေ့များက စစ်တုရင်ခုံပေါ်တွင် လျှံထွက်လာသည်။ ဝံပုလွေက အသွင် ပြောင်းသွားပြီး တဖြည်းဖြည်း ပိုကြီးမားကာ မီးတောက်နေသော တောင်ပံများ ပေါက်လာသည်။ လည်ပင်းတွင်လည်း အဖုအကျိတ်နှစ်ခု ထွက်လာ၏။

စက္ကန့်ပိုင်းအတွင်းမှာပင် ခေါင်းနှစ်လုံး ထပ်ထွက်လာလေသည်။

ခေါင်းသုံးလုံးပါသော သွေးမိစ္ဆာ သားရဲကြီးပင်။

သန့်စင်ပြီး အတိုင်းအဆမရှိသော မကောင်းဆိုးဝါး အငွေ့အသက်များ ရှိနေ၏။

“မင်း... မင်း...”

ကင်ဆာမိစ္ဆာနဂါး၏ မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးထွက်သွားသည်။

“မင်း ဘာလို့ စိတ်ဝိညာဉ်ချီစွမ်းအင် မလိုတာလဲ...”

ချန်ဟွိုက်အန်က ချွန်ထက်သော အစွယ်တွေကို ထုတ်ပြရင်း ပြုံးလိုက်သည်။

“ဘာလို့လဲဆိုတော့ ကျုပ်က မိစ္ဆာမို့လို့ပဲ။ ဘာလို့ စိတ်ဝိညာဉ်ချီစွမ်းအင်ကို လိုရမှာလဲ။”

....

All Chapters