← Chapters

ညှာတာမှုမရှိဘဲ သတ်ဖြတ်ခြင်း

Vol. 20 Ch. 199

ညှာတာမှုမရှိဘဲ သတ်ဖြတ်ခြင်း

Vol. 20 Ch. 199

ချန်ဟွိုက်အန်က မိစ္ဆာနှိမ်နင်းသူဗျူရိုချုပ် အပြင်ဘက်သို့ ထွက်လာပြီး ကောင်းကင်ကို ကြည့်ရင်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

နောက်ဆုံးတွင် ထိုအဘိုးကြီး ငါးယောက်က သူ့ကို ဆုကြေးငွေအဖြစ် သိန်း၅၀၀ ပေးလိုက်ပြီး C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၏ အုပ်ချုပ်ရေးမှူးအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ကြသည်။

ဘုရင်အဆင့်မိစ္ဆာကို သတ်လိုက်သည့်အတွက်ရရှိသော ပမာဏမှာ လမ်းဘေးက ခွေးလေခွေးလွင့် တစ်ကောင်ကို ပစ်ကျွေးလိုက်တဲ့ အစအနလောက်သာ ရှိနေ၏။

“မုတ်ဆိတ်မွေးနဲ့ဦးလေး... ခင်ဗျား တစ်သက်လုံး ပေးဆပ်ခဲ့တဲ့ မိစ္ဆာနှိမ်နင်းသူဗျူရိုကြီးကတော့ ဒီလောက်အထိ အရှက်မရှိတဲ့ အဆင့်ကို ရောက်သွားပြီ။ ခင်ဗျားသာ အသက်ရှင်နေဦးမယ်ဆိုရင် ဒါမျိုးကို မြင်ချင်မှာ မဟုတ်ဘူး။” သူ လှောင်ပြောင်လျက် ရေရွတ်လိုက်ပြီး မိုးကုတ်စက်ဝိုင်းဆီမှ နောက်ဆုံး နေဝင်ရီတရော အလင်းတန်းကို စိုက်ကြည့်လိုက်သည်။ “ဒီလို ဖြစ်နေမှတော့... သူတို့ကို ဖျက်ဆီးပစ်တာပေါ့။ အဆိုးဆုံး ဖြစ်လာရင်တောင် ခင်ဗျားရဲ့ ကမ္ဘာကြီးကို ခင်ဗျား ကိုယ်စား ကျွန်တော် ကာကွယ်ပေးပါ့မယ်။”

“အုပ်ချုပ်ရေးမှူးချန်... ဒီမှာ...”

ဟွမ်ကူပေက ကားတစ်စီး ဘေးမှ လက်လှမ်းပြနေသည်။

ချန်ဟွိုက်အန်က မိစ္ဆာနှိမ်နင်းသူဗျူရိုချုပ်ကို နောက်ဆုံးတစ်ခေါက် လှည့်ကြည့်လိုက်ပြီး အမည်းရောင်ယာဉ်ဆီသို့ လျှောက်သွားလိုက်သည်။

သွေးကြွေထည်မိန်းကလေးမှာ တစ်ချိန်က အရိုးကြွေထည် ဗောဓိသတ္တအပေါ် ဖြေဖျောက်၍ မရနိုင်သော နာကျည်းမှုများ ရှိနေခဲ့သော်လည်း ဘာမှ ပြန်မလုပ်နိုင်ခဲ့ဘဲ နာကျည်းမှုများ ပြည့်နှက်နေသော ဝိညာဉ်တစ်ခု ဖြစ်ခဲ့ရသည်။

အရိုးကြွေထည်ဗောဓိသတ္တကို သတ်ပြီးနောက်တွင် ဗောဓိသတ္တ၏ပြာများ ရောနှောနေသည့် သွေးကြွေထည်ထည်ပုလင်းက သွေးကြွေထည်မိန်းကလေးကို အသစ်တစ်ဖန် ပြန်လည်၍ မွေးဖွားပေးခဲ့သည်။

သူက သနားကြင်နာတတ်သောသူမျိုးတော့ မဟုတ်ပေ။ သို့သော် သူက နာခံတတ်သည်။ ထို့ပြင် သူက ချန်ဟွိုက်အန်၏ စကားကိုသာ နားထောင်သည်။

သွေး... ဆိုသည်က ဘိလပ်မြေထဲ ရောလိုက်သော ရေလိုပင်။ သွေးကြွေထည်မိန်းကလေး၏ စွမ်းအားကို ၎င်းက ဆုံးဖြတ်ပေးပေလိမ့်မည်။

ချန်ဟွိုက်အန်က အစောင့်အရှောက်သားရဲ၏သွေးများကို ပုလင်းထဲ ထည့်ပေးပြီးပြီ ဖြစ်ရာ သွေးကြွေထည်မိန်းကလေးသည် အခုဆိုရင် နောက်ဆုံးအဆင့် ပြန်လည် မွေးဖွားခြင်းကို ဖြတ်သန်းနေလောက်ပြီ ဖြစ်သည်။ ယနေ့ည သန်းခေါင်ယံ အချိန်ကျရင် သူသည် အလုံးစုံ ပြီးပြည့်စုံသွားလိမ့်မည်။

ဝိညာဉ်အနှစ်သာရအဆင့် မိစ္ဆာတစ်ကောင်...

တွက်ချက်မှုတွေအရဆိုလျှင် သူ၏ စွမ်းအားမှာ အရိုးကြွေထည် ဗောဓိသတ္တထက် သာလွန်နိုင်ခြေ ရှိနေသည်။

သူကို ဘယ်လို အဆင့်သတ်မှတ်မလဲ။ ထိပ်တန်း ဘုရင်အဆင့်လား။ ဒါမှမဟုတ်... ဧကရာဇ်အဆင့်လား။

“အုပ်ချုပ်ရေးမှူးချန်၊ ဘာတွေ တွေးနေတာလဲ။”

ယာဉ်မောင်းနေရာမှ ဟွမ်ကူပေက နောက်ကြည့်မှန်ကို တစ်ချက် ကြည့်လိုက်သည်။ ချန်ဟွိုက်အန်၏ နက်ရှိုင်းပြီး တည်ငြိမ်နေသော မျက်လုံးများထဲတွင် ချောက်နက်ကြီးတစ်ခု ပုန်းကွယ်နေသယောင် ရှိနေသည်။

ဟွမ်ကူပေ အနည်းငယ် စိတ်အေးရသော တစ်ခုတည်းသော အချိန်မှာ ချန်ဟွိုက်အန် စကား ပြောနေချိန်ပင်။ မဟုတ်လျှင်တော့ နောက်တစ်စက္ကန့်မှာပင် ထိုလူက မိစ္ဆာကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားမလားဟူ၍ သူ အမြဲတမ်း စိုးရိမ်နေခဲ့ရသည်။

“ကျွန်တော် တွေးနေတာက... လူတွေ အိုလာရင် ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်သင့်တယ်လို့။”

“ဗျာ... ဟုတ်ကဲ့... မှန်ပါတယ်... ဒါပေမဲ့ သူတို့ မလှုပ်ရှားနိုင်တော့ရင်ရော။”

“ဒါဆိုရင်လည်း မြန်မြန် ပေးသေလိုက်ရုံပဲပေါ့။”

....

“သား၊ အဖေ မင်းအတွက် သတင်းကောင်း တစ်ခု ရှိတယ်။ ကျင်းသဲမြို့က ဘုရင်အဆင့် မိစ္ဆာ သေသွားပြီ။ ပြီးတော့ အဲဒီကောင်ကို သတ်ဖို့ သုံးခဲ့တဲ့ ရတနာကိုတောင် အဖေ ရခဲ့သေးတယ်...”

ဝမ်ကျင်းရှန်းက ဖုန်းချလိုက်ရင်း ဝမ်းသာအားရ ပြုံးလိုက်သည်။

သူ့သား ဝမ်လင်းချွမ်းက ငြင်းစရာ မရှိသော ပါရမီရှင်တစ်ဦးပင်။ အသက် ၂၁နှစ်မှာတင် အင်မော်တယ်နန်းတော်၏ လှေကားထစ် ၆၀၀၀လုံးကို တက်နိုင်ခဲ့ပြီး တိုက်ရိုက်တပည့်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

သို့သော်လည်း တိုက်ရိုက်တပည့် ဖြစ်ရုံနှင့် နန်းတော်၏ ထောက်ပံ့မှုကို အပြည့်အဝ ရပြီဟု မဆိုလိုသေးပေ။

လွန်ခဲ့တဲ့ ၁၀နှစ်က ခွန်းလွန်အင်မော်တယ်နန်းတော်သည် ပါရမီရှင်တစ်စုကို တိတ်တဆိတ် စုဆောင်းခဲ့ပြီး ၁၀တိုင်တိုင် ကျင့်ကြံခွင့် ပေးခဲ့သည်။ ထိုတပည့်များက ကြောက်စရာကောင်းသော အဆင့်တွေကို ရောက်နေကြလေပြီ။ ဝမ်ရှိုယီဆိုသည်မှာ ထိုအထဲက တစ်ယောက်ပင်။

သူ့သားက ပါရမီရှိပြီး သန်မာသော်လည်း ကျင့်ကြံချိန် ၁၀နှစ်ခန့် နောက်ကျနေသေးသည်။ ထိုအဓိကတပည့်များ၏ အဆင့်ကို လုံးဝ မမှီသေးပေ။

သို့သော်လည်း အဆင့်မြင့်ဝိညာဉ်လက်နက်အချို့ ရှိလျှင် အခြေအနေ ပြောင်းသွားနိုင်၏။

ဥပမာ ထိုသွေးကြွေထည်ပုလင်းလိုမျိုးပင်။

သူ၏ ရည်မှန်းချက်များက ကြီးမား၏။ ကမ္ဘာပေါ်မှာ စိတ်ဝိညာဉ်ချီစွမ်းအင်များ ပို၍ပင် နိုးထလာသည်နှင့်အမျှ ကမ္ဘာကြီးမှာ နတ်ဘုရားရတနာများ ပြည့်နှက်နေသော နယ်မြေတစ်ခု ဖြစ်လာမည်မှာ ကျိန်းသေပေသည်။

ထိုအခါကျလျှင် သူက... ထိုနယ်မြေကို ကိုယ်ပိုင်ဥယျာဉ်ကြီး ဖြစ်အောင် လုပ်ပစ်ပေမည်။

အရင်းအမြစ်မှန်သမျှ ဝမ်မိသားစုရဲ့ ဘဏ္ဍာတိုက်ထဲကို စီးဝင်လာမှာဖြစ်ပြီး တခြား မိသားစုကြီး များကတော့ အကြွင်းအကျန်များသာ ကောက်စားရပေလိမ့်မည်။

ခွန်းလွန်အင်မော်တယ်နန်းတော်၏ ကျောထောက်နောက်ခံနှင့် အဆုံးမရှိသော အရင်းအမြစ်များ ရှိနေလျှင် ဝမ်မိသားစုက တစ်နေ့ ထိပ်တန်း အင်မော်တယ်မိသားစုအဖြစ် စိုးမိုးနိုင်လိမ့်မည်။

ထိုထက် စိတ်လှုပ်ရှားစရာကောင်းသည့်အရာ ရှိဦးမည်လား။

“ငါ နန်းတော်ထဲမဝင်ခင် အချိန် ရှိသေးတယ်။အရင်ဆုံး ဒီသွေးကြွေထည်ပုလင်းကို စမ်းသပ် ကြည့်ရမယ်။”

ဝမ်ကျင်းရှန်းက ချန်ဟွိုက်အန် လိမ်ညာအာါကို မစိုးရိမ်ပေ။ အဆိုးဆုံး ဖြစ်လာလျှင်ပင် ထိုပုလင်းက သူတို့ပြောသလောက် စွမ်းအားမရှိရုံသာ ဖြစ်ပေလိမ့်မည်။

ထိုပုလင်းက သူ့ကို ပြန်ပြီး ဒုက္ခပေးနိုင်လောက်သည်ဟူသော အတွေးမျိုး သူ့ခေါင်းထဲတွင် လုံးဝ မရှိနေပေ။

နောက်ဆုံးတွင် သူက မိစ္ဆာနှိမ်နင်းသူဗျူရို၌ အခြေစိုက်နေခြင်း ဖြစ်သည်။ ၎င်းမှာ တရားမျှတမှု၏ ပြယုဂ်ပင်။

သူ၏လမ်းညွှန်မှုသာ မရှိခဲ့လျှင် မိစ္ဆာနှိမ်နင်းသူဗျူရိုတွင် ထိုမျှလောက် ထိရောက်သော စနစ်များ ရှိလာနိုင်မည်လား။

ချန်ဟွိုက်အန်သာ သူ့ကို သစ္စာဖောက်ရဲလျှင် တစ်ကမ္ဘာလုံးကို ရန်သူလုပ်ခြင်းနှင့် အတူတူပင်...

ထို့ပြင် သူကိုယ်တိုင်ကလည်း အထူးစစ်သည်အဆင့် စွမ်းအားရှင် တစ်ယောက် ဖြစ်တာကြောင့် အလွယ်တကူ သတ်လို့မရနိုင်ပေ။

ဝမ်ကျင်းရှန်းက လက်ချောင်းထိပ်ကို ကိုက်လိုက်ပြီး သွေးတစ်စက်ကို ကြွေထည်ပုလင်းထဲသို့ ချလိုက်၏။

ထိုကဲ့သို့ ဝိညာဉ်လက်နက်များက သုံးရသည်မှာ လွယ်ကူပေသည်။

ဘယ်သူ သွေးတိုက်တာလဲ။ အဲဒီလူကိုပဲ သစ္စာရှိမှာပေါ့။ သခင်ကို ပြန်မစားနိုင်ပါဘူး။

သွေးတစ်စက်က ကြွေထည်ပုလင်းထဲ စိမ့်ဝင်သွား၏။ သို့သော် မျှော်လင့်ထားသော တုံ့ပြန်မှု ပေါ်မလာခဲ့ပေ။ ထိုအစား ပုလင်းကြီးက ကြောက်စရာ ဂျောက်ခနဲ အက်ကွဲသံများနှင့်အတူ ပြင်းထန်စွာ တုန်ခါလာ၏။

ထို့နောက် သွေးနီရောင် မြူခိုးများ ပန်းထွက်လာတော့သည်။

ဝမ်ကျင်းရှန်း၏ မျက်နှာ ပျက်သွားပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။

အခန်းထဲရှိ မှန်ရှည်ကြီး၏ အလင်းပြန်မှုထဲတွင် နောက်တွင် ရပ်နေသော သွေးနီရောင် ဝတ်စုံနှင့် မိန်းမတစ်ယောက်ကို သူ မြင်လိုက်ရ၏။

ထိုမိန်းကလေးက တိတ်ဆိတ်စွာ ပေါ်လာခဲ့ခြင်းပင်။

သူ၏ရုပ်က ကြောက်စရာ ကောင်းလောက်အောင် ချောမောပြေပြစ်ပြီး အသားအရေက ဖြူဖျော့ နေသော်လည်း ထူးဆန်းသော အရောင်အဝါများ ထွက်နေသည်။

သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး အလယ်တွင် အနီရောင် အစက်လေး တစ်စက်ပဲ ရှိနေသည်။

သူ၏ မျက်လုံးများက မည်းနက်နေပြီး မျက်သားလည်း မရှိ၊ မျက်လုံး သူငယ်အိမ်လည်း မရှိဘဲ သတ်ဖြတ်လိုစိတ်များ ပြည့်နေသော ချောက်နက်ကြီး တစ်ခုလိုပင်။

သတ်ဖြတ်လိုသော အငွေ့အသက်ကို ခံစားလိုက်မိသည်နှင့် ဝမ်ကျင်းရှန်းက အန္တရာယ်ရှိသည်ဟု ခံစားလိုက်မိသည်။

သူ တွန့်ဆုတ် မနေတော့။ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်ပြီး နောက်ကို ခုတ်ချလိုက်၏။

ရွှမ်း...

အပြာရောင် ဓားစွမ်းအင်များ စီးထွက်လာသည်။ သေရေးရှင်ရေး အရှေ့တွင် ထုတ်လိုက်သော ထိုဓားချက်မှာ အလွန်ပင် ပြင်းထန်လှသည်။

တိုက်ခိုက်မှုစွမ်းအားကြောင့် သတ္တုနံရံမှာပင် နက်ရှိုင်းသော အက်ကြောင်းများ ဖြစ်သွားရ၏...

သို့သော် ဘာကိုမှ မထိခဲ့။

သူ့နောက်မှ မကောင်းတဲ့ လေပြင်းတစ်ချက် ဝှေ့ယမ်းလာ၏။ ဝမ်ကျင်းရှန်း၏ ထိပ်ပြောင်ပင် စိမ့်သွားခဲ့သည်။ သူ၏ မျက်လုံး သူငယ်အိမ်များ ကျဉ်းမြောင်းသွားလေသည်။

“ကျွတ်...”

သူ လှည့်ကြည့်လိုက်သော အချိန်မှာပင် ကြွေထည်အပိုင်းအစများနှင့် လုပ်ထားသော လက်မောင်း တစ်ဖက်က ပုလင်းထဲမှ ထွက်လာပြီး ဓားသွားလို ထက်မြက်သော လက်သည်းများက သူ့ရင်ဘတ်ကို တည့်တည့် ဖောက်ထွက်သွား၏။

စွမ်းအားက ကြောက်စရာကောင်းလှသည်။ ပေါင်၁၈၀ကျော် လေးသော သူ့ခန္ဓာကို အသာလေး လေထဲကို မြှောက်လိုက်သည်။

သွေးများက ရုံးခန်းကြမ်းပြင်ပေါ် ပန်းထွက်ကုန်၏။

ဝမ်ကျင်းရှန်း နာကျင်မှုကြောင့် မျက်လုံးပြူးကာ ရင်ဘတ်မှ ဖောက်ထွက်နေသော သွေးနီရောင် လက်သည်းတွေကို စိုက်ကြည့်နေမိသည်။

သူ့ဘေးမှာတော့ သွေးကြွေထည်မိန်းကလေး၏ အေးစက်တဲ့ အငွေ့အသက် ရှိနေသည်။

“အဟွတ်... အဟွတ်...”

“သူ... သူက... သူက တကယ် လုပ်ရဲတာလား......”

သွေးကြွေထည်မိန်းကလေး ပြန်မဖြေပေ။

သူက လက်သည်းများကို ပြန်နှုတ်လိုက်ပြီး ဝမ်ကျင်းရှန်းကို အသုံးမကျသော အမှိုက်တစ်ခုလို ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်သည်။

သူ၏ မျက်လုံး သူငယ်အိမ်များ တဖြည်းဖြည်း အလင်းကွယ်လာသော အချိန်မှာ ကြွေထည် မိန်းလေးက ငုံ့ပြီး သူ၏ခါးမှ ကျောက်စိမ်းပြားကို ဖြုတ်ယူလိုက်သည်။

သူ၏ ချောက်နက်လို မျက်လုံးများက ပို၍ နီရဲလာ၏။

“သတ်... သတ်... သတ်။ သခင်ရဲ့ အမိန့်က... ညှာတာမှုမရှိဘဲ သတ်ပစ်ဖို့ပဲ...”

မိစ္ဆာနှိမ်နင်းသူဗျူရိုထဲရှိ ခါးတွင် ကျောက်စိမ်းပြား ချိတ်ထားတဲ့ လူတိုင်းက အခုတွင်တော့ အသတ်ခံရမည့် စာရင်းထဲ ပါသွားလေပြီ။

အပြင်တွင် ရှိနေသူများနှင့် ကံကောင်း၍ ထွက်ပြေးနိုင်တဲ့သူများကတော့ သူတို့က ချန်ဟွိုက်အန်၏ အမိန့်ထဲ မပါပေ။

သို့သော် ဝိညာဉ်အနှစ်သာရအဆင့်ရှိသော မိစ္ဆာတစ်ကောင် အရှေ့တွင် ဘယ်နှစ်ယောက်ကများ တကယ်တမ်း ထွက်ပြေးနိုင်မည်နည်း။

ဌာနချုပ်တစ်ခုလုံး အချက်ပေးသံများ ဆူညံသွား၏။

အနီရောင် သတိပေးမီးများ လင်းလက်နေသော ကြားထဲတွင် သူက ရှေ့ကို လှမ်းတက်သွားပြီး လက်ချောင်းများကို မီတာဝက်ခန့် ရှည်သော သွေးဓားသွားများအဖြစ် ပြောင်းလဲလိုက်သည်။

ဂျွမ်း...

သူ အသာလေး ဝှေ့ယမ်းလိုက်သည်နှင့် မိစ္ဆာနှိမ်နင်းသူဗျူရို၏ ဂုဏ်ယူစရာကောင်းလှသော သံမဏိ လုံခြုံရေး နံရံကြီးများက စက္ကူလိုပင် အပိုင်းပိုင်း ပြတ်သွားတော့သည်။

ချန်ဟွိုက်အန်က အကျဉ်းခန်း(၀)ကို ပြန်ရောက်နေပြီ ဖြစ်သည်။

အုပ်ချုပ်ရေးမှူး တစ်ယောက်အနေဖြင့် သူ့တွင် ရုံးခန်းရှိသော်လည်း ထိုစခန်းတွင် နေရသည်ကို ပိုသဘောကျသည်။ ထိုနေရာက ပို၍ သက်သောင့်သက်သာ ရှိပေသည်။

ထိုနေရာတွင် ဂျွမ်းထိုးတတ်သောကြောင် ခြေထောက်နှစ်ချောင်းနဲ့ ငါး၊ ထွက်ပြေးတတ်သော စိတ်ဝိညာဉ်သစ်ခွ၊ စတော်ဘယ်ရီ ဝက်ဝံရုပ်နှင့် ပုစွန်ထုပ် ပုံသဏ္ဌာန် စနိုက်ပါရိုင်ဖယ်လည်း ရှိနေသေးသည်။

ဒီထက် ကောင်းတာ ဘာရှိဦးမှာလဲ။

သူ ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ဖွင့်လိုက်သည်။

လီချင်းရန်က ကျင့်ကြံနေ၏။ သူက ပါးလွှာသော ဝတ်ရုံကို ဝတ်ထားပြီး ဖြူစင်သော ခြေတံရှည်လေးများက လရောင်အောက်မှာ ပေါ်လွင်နေလေသည်။

“ဒီကောင်မလေးက အခြေခံအုတ်မြစ်အဆင့် နောက်ဆုံးပိုင်းမှာပဲ ရှိသေးတာ... အခုတော့ အထွတ်အထိပ် အဆင့်ကို တက်တော့မှာလား။”

သူ၏ အခြေအနေကို ကြည့်ရင်း ချန်ဟွိုက်အန် အံ့သြသွားသည်။

ဒီကျင့်ကြံတဲ့ အရှိန်က ဘာကြီးလဲ...

ငါကျတော့ ချီသန့်စင်ခြင်း တစ်ဆင့်တက်ဖို့တောင် ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ...

“စိတ်ဝိညာဉ်ချီစွမ်းအင် မလုံလောက်လို့ ဖြစ်ရမယ်။”

သူ မျက်လုံးမှေးပြီး စဉ်းစားလိုက်၏။

သူ၏ကျင့်ကြံမှု နှေးကွေးသော ပြဿနာကို ဖြေရှင်းရန် သူ့တွင် တွန်းအားတစ်ခု လိုအပ်သည်။ သူ၏ အကြည့်များက လီချင်းရန်၏ လှပပြီးဖြူဖွေးသော ခြေထောက်လေးများဆီ ရောက်ရှိ သွားခဲ့သည်။

ဒီအတိုင်း ထားထားရင် နှမြောစရာကြီး မဟုတ်လား။

သူက ဖုန်းကို ကောက်ကိုင်လိုက်သည်။

“အုပ်ချုပ်ရေးမှူးချန် တစ်ခုခု လိုအပ်လို့လား။” ကျောက်ရင်းရဲ့ အသံ ထွက်လာ၏။

“ကပ္ပတိန်ကျောက်။ ကျွန်တော်က အမျိုးသမီး ဖက်ရှင်တွေ အကြောင်းကို သိပ်ပြီးမသိဘူး။” ချန်ဟွိုက်အန်၏ အသံမှာ တည်ကြည်ပြီး တရားမျှတမှုများ ပြည့်နေသည်။ “ကျွန်တော့်အတွက် အကောင်းဆုံး အဖြူရောင်နဲ့ အမည်းရောင် ပိုးသားခြေအိတ်ရှည်တွေ ဝယ်ပေးပါ။ အရောင် တစ်မျိုးကို အစုံ ၁၀၀စီ။ အကောင်းဆုံး အရည်အသွေးပဲ ဖြစ်ရမယ်။”

....

All Chapters