← Chapters

အခန်း (၁၁၁)

Vol. 8 Ch. 111

အခန်း (၁၁၁)

Vol. 8 Ch. 111

ရှောင်းကော နွားကျောင်းရာမှ ပြန်လာသည့်အချိန် အမျိုးသမီးယန်နှင့် ဝင်တိုးသည်။ သူမအား လှမ်းအော်‌ခေါ်မလို့ လုပ်လိုက်သော်လည်း သူမစကားတွေကို ပြန်မျိုချလိုက်မိသည်။

အမျိုးသမီးယန် အနားတွင် အသားညိုညိုနှင့်လူတစ်ယောက်လည်း လမ်းလျှောက်‌နေ၏။ ရှောင်းကော ရပ်လိုက်ကာ လေထဲမှ ချစ်ကြည်နူးမှုတွေက်ို ခံစားမိလိုက်သည်။ ရှောင်းကော သိနားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဒါဟာ သူမရဲ့ခင်ပွန်း ယန်ဖုန်းဖြစ်လိမ့်မည်။ ဆိုတော့ သူပြန်လာပြီပေါ့? တစ်ခဏလောက် အမျိုးသမီးယန်အား သူမ မတွေ့ခဲ့ရသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

သူမအား မအော်ခေါ်တော့ဘဲ လင်မယားနှစ်ယောက်အတွက် အတူတူပျော်ဖို့ အချိန်ပေးလိုက်တာက ပိုကောင်းမည်။

ကျွမ်းကျွမ်း ရှောင်းကောအနားသို့ လျှောက်လာကာ သူမလက်ကို လှမ်းဆွဲလိုက်သည်။ "သွားကြရအောင်လေ"

ရှောင်းကောလည်း သူ့လက်လေးကို ဆုပ်ကိုင်လိုက်ကာ နွားတွေအား အိမ်ပြန်မောင်းလိုက်သည်။

လမ်းတစ်လျှောက်တွင် မူလကတိတ်ဆိတ်နေတတ်သည့် မက်မွန်ပွင့်ရွာဟာ လှုပ်လှုပ်ရှားရှားဖြင့် စည်ကားနေသည်ကို သတိပြုမိလိုက်သည်။ ဤသည်မှာ ရွာရှိ အမျိုးသားများ တစ်ယောက်ပြီး တစ်ယောက် ပြန်လာခြင်းကြောင့် ဖြစ်နိုင်သည်။

ရှောင်းကောမှာ ရွာတွင်ယောက်ျားသားများ ရှိနေသည်ကို မြင်ရတာ အသားမကျသေးသော်လည်း ၎င်းနှင့်ပတ်သက်၍ သူမအနေဖြင့် ဘာမှမလုပ်နိုင်ပါချေ။

ရက်အနည်းငယ်အကြာ ရှောင်းကောသည် ကြမ်းပြင်အားလှဲကျင်း‌နေတုန်း ကျွမ်းကျွမ်းတစ်ယောက် တစ်ယောက်ထဲ သက်ပြင်းချနေသည်ကို တွေ့လိုက်ရသည်။ ဒီကောင်လေး အိမ်ပြင်မထွက်တာ ရက်အတော်ကြာပြီဖြစ်သည်။

ဒါက ဒီလိုမျိုး ဆက်သွားနေလို့မရတော့ပေ။ ရှောင်းကောသည် ကျွမ်းကျွမ်းနှင့် ရင်ဖွင့်စကားပြောရန် ဆုံးဖြတ်လိုက်သည်။ သူဂာ ငယ်ရွယ်ပေမယ့် အတွေးအခေါ် ရင့်ကျက်လှသည်။ သူနှင့်စကားပြောရမည်။

"ကျွမ်းကျွမ်း၊ ဘာလို့ အစ်ကိုရှောင်းဟူ နဲ့ မကစားတော့တာလဲ?"

ရှောင်းကော ကျွမ်းကျွမ်းအတွက် ရေတစ်ခွက်ထည့်လိုက်ကာ သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။

ကျွမ်းကျွမ်းတစ်ယောက် တစ်မနက်လုံး စာရေးနေခဲ့သည်။ ယခု စားပွဲပေါ်တွင် ဆန်စက္ကူအထူကြီး တစ်ထပ်ရှိနေပြီဖြစ်သည်။ သာမာန်နေ့တွေတွင် မနက်ခင်း၌ဘာမှလုပ်စရာမရှိသည့်အခါ သူ ရှောင်းဟူနှင့် သွားကစားလေ့ရှိသည်။ သို့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်ကစကာ သူ အပြင်မထွက်တော့ပေ။ အတိအကျပြောရလျှင် ရှောင်းကောနှင့်သာထွက်ကာ သူ့ဘာသာသူတော့ မထွက်ပါချေ။

"စာအုပ်တစ်အုပ်လုံးကို ပြီးအောင်ကူးရေးမလို့လေ၊ အဲ့ဒါကြောင့် သားမအားဘူး"

ရှောင်းကော သူ့ကို လုံးဝမယုံပါ‌ချေ။ သူမ “အိုး” လို့ ပြောလိုက်ကာ သာမာန်ကာလျှံကာ ခေါင်းညိတ်လိုက်သည်။

"ကျွမ်းကျွမ်း၊ ဖေဖေ့ကို သတိရနေတာလား?"

ရှောင်းကောလည်း ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ပေ။ သူမဟာ တည့်တိုးပြောရသည်ကိုသာ သဘောကျသည်။

ကျွမ်းကျွမ်းလက် ရပ်သွားကာ သေသေသပ်သပ်ရေးထားသည့် စာပိုဒ်များကြားတွင် ရုတ်ခြည်းမှင်အစက်တစ်ခုကို ချန်ထားမိတော့သည်။

“…”

ကျွမ်းကျွမ်း တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသဖြင့် ရှောင်းကော ပထမဆုံးအကြိမ် သူမဘာသာပြန်တွေးကြည့်လိုက်မိသည်။ သူမ အရမ်းများ တိုက်ရိုက်ဖြစ်နေသလား? ဒီမေးခွန်းကို ဘယ်လိုပြန်ပြင်ရမလဲဆိုတာ သူမစဉ်းစားနေမိသည်။

“ကျွမ်းကျွမ်း…”

"မေမေ၊ ဖေဖေက ဘယ်လိုလူလဲဟင်?"

ရှောင်းကော အံ့သြသွားသည်။ ကျွမ်းကျွမ်း၏ လေးနက်သည့် အကြည့်ကိုမြင်တော့ သူမ ပြောစရာစကားပျောက်သွားရသည်။ ကျန်းတန်းဟယ်က ဘယ်လိုလူလဲ?

“သူက…”

ရှောင်းကော သူမ၏မှတ်ဉာဏ်ထဲမှ ထိုယောက်ျားကိုမှတ်မိရန် ကြိုးစားကြည့်သော်လည်း မရေရာသည့် ခံစားချက်တစ်ခုသာ ရှိနေသည်။ သူ့အသွင်အပြင်ကို သူမ ယောင်ဝါးဝါးသာ မှတ်မိတော့သည်။

ရှောင်းကော နှုတ်ဆိတ်နေသည်ကိုမြင်တော့ ကျွမ်းကျွမ်းမနေနိုင်ဘဲ အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။ သူ့အဖေက ဘယ်လိုပုံစံလဲဆိုတာ သူတကယ်သိချင်နေခဲ့တာဖြစ်သည်။

“သူက… အင်မတန်ကို ဝတ္တရားကျေပွန်ပြီး တာဝန်သိတတ်တဲ့လူပဲ"

ထိုလူသည့် သူ့အမေအတွက် ခြံဝင်းထဲတွင် ရေတွင်းတစ်တွင်းတူးခဲ့ကြောင်းကို သူမအမှတ်ရမိသည်။ သူဟာ တာဝန်ဝတ္တရားကျေသည့်သူပင်။

ဖမ်းခေါ်ခံရသည့်အခါတွင်လည်း သူဟာ အခြားသူများကဲ့သို့ ခယတောင်းပန်မနေခဲ့ပါချေ။ သူ့ဇနီးနှင့် အမေကိုသာ မှာစရာရှိတာ မှာခဲ့သည့်အတွက် သူဟာ တာဝန်ကျေသည့်သူတစ်ယောက်ပင်။

_'ကျန်းတန်းဟယ်က လူကောင်းတစ်ယောက်ဖြစ်လိမ့်မယ်'_ ရှောင်းကော တွေးလိုက်သည်။

ရှောင်းကောဆီမှ သူ့ဖခင်အပေါ်ဖော်ပြချက်ကို နားထောင်ကာ ကျွမ်းကျွမ်းတစ်ယောက် ဖခင်၏ပုံစုံကို ပုံဖော်ရန်ကြိုးစားလိုက်သည်။

"တစ်ခြားရော? သူက ဘယ်လိုပုံစံလဲဟင်?"

ကျွမ်းကျွမ်း ရှောင်းကောအား စိတ်လှုပ်တရှားဖြင့် မေးလိုက်သည်။

ရှောင်းကော အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူကဘယ်လိုပုံစံမျိုးလဲ? သူမ၏ မှတ်ဉာဏ်ထဲတွင်၊ ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် မင်္ဂလာဆောင်သည့်ညတွင်သာ သူ့ကိုတွေ့ဖူးသည်။ ထိုညတွင် သတို့သမီးမျက်နှာဖုံးထားသည့် ဇာပဝါသည် ဖယောင်းတိုင်မီးမှိန်မှိန်အောက်တွင် အဖယ်ခံလိုက်ရသည်။ ယခင်ကိုယ်ပိုင်ရှင်ဟာ သူ့မျက်နှာကို ကြည့်ရန် ရှက်နေမိခဲ့သည်။ တစ်ညတာ လင်မယားအရာရောက်ပြီးနောက် နံနက်ခင်း သူမနိုးလာသည့်အခါ တစ်ချက်သာ ကြည့်လိုက်မိသည်။ သို့ပေမယ့် သူမ သေချာမကြည့်ရသေးခင်မှာပင် ကျန်းတန်းဟယ်အား ခေါ်ဆောင်သွားခဲ့ကြသည်။

ထို့ကြောင့် ကျွမ်းကျွမ်းမှ သူ့ပုံစံအကြောင်း မေးလာသည့်အခါ ရှောင်းကောလည်း အနည်းငယ် မသေမချာဖြစ်သွားရသည်။

"သူ... ကျွမ်းကျွမ်းမှာ သူနဲ့တူတဲ့မျက်လုံး၊ နှာခေါင်းနဲ့ နှူတ်ခမ်းလေးရှိတယ်"

ရှောင်းကောက မရေမရာဖြင့် ပြောလိုက်သည်။ ဤရှင်းပြချက်အား သိသိသာသာကိုဘဲ ကျွမ်းကျွမ်းမကျေနပ်ပါချေ....

"မေမေ?"

ရှောင်းကော သက်ပြင်းချလိုက်သည်။ သူမ တကယ် အကောင်းဆုံး ကြိုးစားခဲ့တာပင်... ဒါက သူမအတွက် အရမ်းခက်ခဲလွန်းသည်။

"မေမေ?"

ကျွမ်းကျွမ်းက ရှောင်းကောအား နောက်ထပ် ထပ်ပြောရန် တိုက်တွန်းလိုက်သည်။ သူက ရှောင်းကောကို သူ့ရဲ့အရည်လဲ့နေသည့် မျက်လုံးကြီးတွေဖြင့် ကြည့်‌လာသည်။ ဒါက သူမကိုပျာယာခတ်သွားစေတော့သည်။

"မေမေတို့တွေ ဦးလေးဆီ သွားလည်ကြရင်ရော?"

ရှောင်းကော ချင်းအန့်မင်အား ရုတ်တရက် တွေးမိသွားသည်။ ကျန်းတန်းဟယ်၏ ပုံစံအား သူသေချာပေါက် မှတ်မိလိမ့်မည်။ အကြောင်းမှာ ချင်းအန့်မင်သည် အောင်သွယ်သည့်အချိန်အတွင်း ကျန်းတန်းဟယ်နှင့် စကားပြောဆိုခဲ့သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ကျန်းတန်းဟယ်၏ ပုံပန်းသဏ္ဍာန်အား သူမှတ်မိနေလောက်မည်။ မှန်တယ်! သူ မှတ်မိနေမှာပဲ၊ ဟုတ်တယ်မလား?

ရှောင်းကောတစ်ယောက် အခုလေးတင် ယုံကြည်မှုအပြည့်ရှိနေခဲ့သော်လည်း သူတို့နောက်ဆုံးတွေ့ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ ချင်းအန့်မင်သာ မေ့သွားရင်တော့...

မေ့လိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့မှတ်ဥာဏ်ထက်တော့ ပိုကောင်းလိမ့်မည်ပင်။ အဆုံးမှာ သူသည် ကျန်းတန်းဟယ်နှင့် အကြိမ်ပေါင်းများစွာ တွေ့ဖူးခဲ့သည်။ သူမထက် သူပိုကောင်းအောင်လုပ်နိုင်လိမ့်မည်ပင်။

ရှောင်းကောဆီမှ သူ့ဦးလေးဆီသွားမည်ဟု ပြောသံကြားသည့်အခါ ကျွမ်းကျွမ်းတစ်‌ယောက် ခါတိုင်းလို မပျော်နေတော့ပေ။ သူ့အမေက သူ့ဦးလေးဆီသွားဖို့ ဘာလို့ ရုတ်တရက်ကြီး ဆုံးဖြတ်လိုက်တာလဲ? စကားခေါင်းစဉ်ပြောင်းဖို့ ကြိုးစားနေတာလား?

“မေမေ၊ သားအကောင်းပြောနေတာ။ အကြောင်းအရာကို မပြောင်းလိုက်နဲ့လေ"

ကျွမ်းကျွမ်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးတွေကိုလည်း ခပ်ကျယ်ကျယ် ဖွင့်ထားလိုက်သည်။ သူအတည်ပြောနေတာ!

ရှောင်းကော ရယ်မိသွားသည်။ “အကြောင်းအရာပြောင်းတယ် ဆိုတဲ့ အဓိပ္ပါယ်ကို သား တကယ်သိတာပဲ။ ဟားဟား"

“အဟမ်း မဟုတ်ပါဘူး၊ မေမေက အကြောင်းအရာ မပြောင်းပါဘူး။ သားဖေဖေက ဘယ်လိုမျိုးလဲဆိုတာ သားဦးလေးကို ပြောပြစေချင်တာ။ ဘာပဲဖြစ်ဖြစ် သားဦးလေးပြောပြတာက ပိုကောင်းတယ်"

ကျွမ်းကျွမ်း သူမအား စိုက်ကြည့်နေသည်ကို မြင်သည့်အခါ ရှောင်းကောပြုံးကာ လေးလေးနက်နက် ရှင်းပြလိုကသည်။

"သွားကြရအောင်။ အခုသွားကြစို့"

ကျွမ်းကျွမ်း စာအုပ်ကိုချလိုက်ကာ ရှောင်းကောနှင့်အတူသွားရန် ပြင်လိုက်သည်။ ရှောင်းကော ကုတင်တိုင်ကို အစွမ်းကုန် ဆုပ်ကိုင်လိုက်သည်။ "ကျွမ်းကျွမ်း၊ ကျွမ်းကျွမ်းရေ၊ အခုက နေ့လည်တောင်ရောက်နေပြီလေ။ အခုက စားရမယ့်အချိန် ရောက်နေပြီ။ မနက်ဖြန်ကျမှ သွားမယ်လေ။ မနက်ဖြန်၊ မနက်ဖြန်မှ"

ဒီလူရှုပ်လေးက ဘာလို့ဒီလောက်တောင် သန်ရတာလဲ?! ဒီလိုအဆွဲခံနေရတာကနေ သူမပါ ချောကျလုနီးနီးပင်။

ရှောင်းကော၏ ထပ်ခါတလဲလဲ အာမခံချက်ကြောင့် နောက်ဆုံးတော့ ကျွမ်းကျွမ်းတစ်ယောက် ငြိမ်သက်သွားကာ စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်သည်။

သူ့အမေဟာ အရာရာတိုင်းတွင် ကောင်းသော်လည်း အထူးသဖြင့် သူ့ဦးလေးဆီ ခေါ်သွားမည့်ကိစ္စတွင်တော့ ဘယ်တော့မှ စကားကိုမတည်ပါချေ။ သူမက နှစ်ရက်တစ်ကြိမ်သွားမယ်လို့ အမြဲတမ်းပြောခဲ့သည်။

ရှောင်းကော ကုတင်ပေါ်တွင် ထိုင်ကာ ပြင်းပြင်းထန်ထန် မောဟိုက်နေသည့် ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ ဆိုးလိုက်တာ! ဘယ်လိုတောင် စိတ်မြန်လိုက်တဲ့ ကလေးလဲ! သူက တကယ့် ကျားပြာကလေးပဲ!

ကျွမ်းကျွမ်း ဆွဲထားသည့် သူမ၏ လက်တွေကို ပွတ်လိုက်သည်။ သူက တကယ်သန်သည်။ သူက အလဟသ ကြီးပြင်းလာတာမဟုတ်ပေ။

သားအမိနှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။

နောက်တစ်နေ့ အာရုဏ်မတက်ခင်တွင် ရှောင်းကောတစ်ယောက် ကျွမ်းကျွမ်းဆီမှ အနှိုးခံလိုက်ရသည်။

သူမမျက်လုံးဖွင့်ကြည့်လိုက်တော့ ကောင်းကင်ကြီးက မှောင်နေသေးတာကို မြင်လိုက်ရသည်။ ဘာတွေဖြစ်နေတာလဲ?

"ကျွမ်းကျွမ်း ဘာလုပ်နေတာလဲ?"

"မေမေ၊ မေမေ၊ ခရိုင်ကို စသွားဖို့အချိန်ကျပြီလေ!"

ကျွမ်းကျွမ်းမှာ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ သူ့အဖေက ဘယ်လိုပုံစံလဲဆိုတာကိုသာ သူတွေးနေခဲ့သည်။

"မှောင်နေသေးတယ်လေ ကလေးလေး။ နည်းနည်းလောက် ထပ်အိပ်ရအောင်ပါ"

ရှောင်းကော ကျွမ်းကျွမ်းအား ချော့မော့ကာ နောက်ဆုံးတွင် သူ့အား စောင်အောက်ထဲ ပြန်ဆွဲသွင်းနိုင်လိုက်သည်။ သူမ သူ့အားထပ်ပြီး အိပ်ပျော်သွားစေရန် သူ့ကျောပြင်ကိုပုတ်ပေးလိုက်သည်။

သို့ပေမယ့် ကျွမ်းကျွမ်းမှာ နိုးနိုးကြားကြားဖြစ်နေကာ ရေချိုငါးကလေးလို တက်တက်ကြွကြွရှိနေသည်။ သူ့တစ်ကိုယ်လုံးက တွန့်လိမ်လူးလွန့်နေသည်။

ရှောင်းကောလည်း အိပ်မပျော်တော့ပေ။ သူမ အပြည့်အဝနိုးလာတော့သည်။

"မေမေ၊ သားတို့သွားကြတော့မလား?"

ကျွမ်းကျွမ်းက ရှောင်းကောအား သနားစရာကောင်းသည့် အသံဖြင့် တောင်းဆိုလိုက်သည်။ ရှောင်းကောကတော့ မလှုပ်မယှက်ပင်။ ဘာပြောပြောအသုံးမဝင်ပါချေ။ ဒီလောက်အစောကြီးသွားဖို့ဆိုတာ မဖြစ်နိုင်ပေ။ သူမတို့ရောက်သွားပါက ဆိုင်တွင် လူရှုပ်သည့်အချိန် ဖြစ်နေလိမ့်မည်။ သေချာပေါက် စားသုံးသူတွေအများကြီးရှိနေမှာဖြစ်သလို ချင်းအန့်မင်လည်း ရှုပ်နေလိမ့်မည်။

ရှောင်းကော ကုတင်ပေါ်တွင်လှဲနေကာ ကျွမ်းကျွမ်းအားတောင်းပန်ပြီး နမ်းလိုက်သည်။

နေထွက်လာသည့်အချိန်တွင် သူမ မနက်စာချက်မည်ဟု သူ့အားပြောလိုက်သည်။ ကျွမ်းကျွမ်းကတော့ အရမ်းစိတ်လှုပ်ရှား‌စိုးရိမ်နေသည်။ သူက ရှောင်းကောကို စွပ်စွဲပြောလာသည်။ "မေမေ၊ မေမေက တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတာပဲ"

ရှောင်းကောမှာ ထိတ်လန့်စရာကောင်းသည့် တစ်ခုခုကို ပြောရန် မော့တော့ကြည့်မလာပေ။

"မေမေတို့ ရင်းနှီးပြီးသားပဲ၊ စကားလုံးတွေက ဘာလို့ ဒီလောက်ထိ ယဉ်ကျေးနေရတာလဲ?"

ကျွမ်းကျွမ်း သူမပြောတာကို မကြားလိုက်သည့်အတွက် ထပ်ပြောပေးရန်ပြောလိုက်သည်။ ရှောင်းကော ပြုံးကာခေါင်းခါလိုက်သည်။ “ဘာမှမဟုတ်ဘူး၊ ဟားဟား”

ရှောင်းကောမှာ လူဆိုးတစ်ယောက်လို ပြုမူနေသည်။ သူမ စကားပြောတာကို ရပ်လိုက်ကာ အိပ်ရာမှထရန် ငြင်းဆန်နေသည်။

ကျွမ်းကျွမ်းအား သူ့အကန့်အသတ်ရောက်သည်အထိ စနောက်ပြီးသွားသည့်အခါ နောက်ဆုံးတော့ ရှောင်းကော ထလိုက်သည်။ "သွားရအောင်!"

သူမသာ သူ့ကိုဆက်ပြီး စနေပါက ကျွမ်းကျွမ်းငိုသွားလိမ့်မည်ပင်။ “မေမေတို့ တွေလမ်းမှာပဲ အချိန်ယူကြတာပေါ့။ မေမေ မနက်စာ မလုပ်တော့ဘူး။ ခရိုင်ရောက်မှ စားတော့မယ်"

ကျွမ်းကျွမ်းက အိပ်ရာထဲမှအရင်ထသည်။ သူက အဝတ်အစားတွေ ဝတ်ထားပြီးသားပင်။

ရှောင်းကော ကျွမ်းကျွမ်း အခန်းထဲမှ ထွက်သွားသည်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ချင်းအန့်မင်တစ်ယောက် ကျန်းတန်းဟယ်၏ မျက်နှာကို မှတ်မိနေပါစေဟု သူမ ဆုတောင်းမိသည်....

All Chapters