အခန်း (၁၁၃)
Vol. 8 Ch. 113
“ပင်လယ်စာတွေကို အခြေခံအားဖြင့်တော့ ချမ်းသာတဲ့ မိသားစုတွေ ဒါမှမဟုတ် အဆင့်မြင့်အရာရှိတွေကပဲ စားကြတာ။ တခါတလေ ဧကရာဇ်မင်းကို လက်ဆောင်ပဏ္ဏာအဖြစ်လဲ ပေးတတ်ကြတယ်"
လင်လုံသည် မြို့တော်တွင် အလုပ်လုပ်ခဲ့ရစဉ်က အိမ်ရှိသခင်ကြီးသည် တခြားဗျူရိုအရာရှိများအတွက် ပင်လယ်စာများကို အထူးဝယ်ယူတတ်သည်။ ပင်လယ်မှ ဆန်းသစ်သည့်အရသာများကို ရှာဖွေရန် လူတို့အားစေလွှတ်ကာ ဧကရာဇ်မင်းအား လက်ဆောင်ပဏ္ဏာအဖြစ် ပေးအပ်တတ်သည်။ တစ်ခါတစ်ရံ ကျွန်များသည်ပင် ပင်လယ်စာအချို့ကို မြည်းခွင့်ရသည်။
ပင်လယ်စာဟာ ဒီကိုရောက်နိုင်ဖို့ အရမ်းခက်ခဲတယ်ဆိုတာ ရှောင်းကောမသိခဲ့ပေ။ သူမသာ စားချင်ရင် သွားဖမ်းရမှာမဟုတ်ဘူးလား?
ဒါကို ရူယီကြားသည့်အခါ သူမစိတ်ဝင်တစားနှင့် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ သူမမှာ ပင်လယ်စာအကြောင်းကို ဘာမှမသိခဲ့ပါချေ။ အဲ့ဒီအကြောင်း လင်လုံသိမှန်း သူမ သိလိုက်ရတဲ့အခါ သူမကိုအမြန်ထပ်ပြောပြခိုင်းသည်။
ကျွမ်းကျွမ်း ရှောင်းကောရဲ့လက်ကို လှုပ်လိုက်ကာ သူမအား ခေါင့်ငုံပေးရန် အမူအရာပြလိုက်သည်။
ရှောင်းကော ခေါင်းငုံ့ပေးလိုက်ကာ သူပြောလိုသည့်စကားတွေကို နားထောင်ရန် သူမနားရွက်အား သူ့ပါးစပ်နားတွင် ကပ်လိုက်သည်။
"မေမေ၊ ဘယ်တော့ပြန်မှာလဲ"
???
ရှောင်းကော အံသြသွားသည်။ သူမ မှားကြားမိတာ များလား? ကျွမ်းကျွမ်းက သူမကိုပြန်ဖို့ တကယ်ကြီးပြောနေတာလား?
ရှောင်းကော ကျွမ်းကျွမ်းကို သေချာကြည့်လိုက်သည်။ လူကတော့ အရင်ကနှင့် အတူတူပင်။ သူမတို့ဟာ ရှေးခေတ်မှာဖြစ်ကာ နတ်ဆိုးခေတ်မှာမဟုတ်ပေ။ သူက လူသားယောင်ဆောင်ထားတဲ့ နတ်ဆိုးတစ်ကောင်များလား?
“မေမေ…”
ကျွမ်းကျွမ်းက ရှောင်းကောကို ခပ်တိုးတိုးလောဆော်လိုက်သည်။
ဘာတွေဖြစ်နေတာလဲ? ကျွမ်းကျွမ်းက အရင်တုန်းကလူဘဲလား? သူ့ကို ချင်းအန့်မင်ဆီကနေ ခေါ်ထုတ်လိုက်တာနဲ့ မကျေမနပ်ဖြစ်နေမယ့် ကျွမ်းကျွမ်းနဲ့ အတူတူပဲလား?
“မေမေ…”
ကျွမ်းကျွမ်းမှာ ကလေးဆန်ကာ တုန်တုန်ယင်ယင်အသံဖြင့် ထပ်မံတိုက်တွန်းလိုက်သည်။
အာရုံထွေပြားသွားသည်မှာ ရှောင်းကောတစ်ယောက်ထဲမဟုတ်ပေ။ စားသောက်ဆိုင်ထဲရှိ တခြားသူတွေလည်း ကြားလိုက်ရသည်။
"ဘာဖြစ်လို့လဲ ကျွမ်းကျွမ်း?"
ရူယီသည် နှုတ်ခမ်းစူနေသည့် ကောင်လေးအား စနောက်ချင်သလို ကြည့်လိုက်သည်။
ကျွမ်းကျွမ်း သူ့နာမည်ကိုကြားသည့်အခါ အံ့အားသင့်သွားသည်။ သူ ရူယီကိုကြည့်လိုက်တော့ သူမ မျက်ခုံးပင့်ပြလာတာကို တွေ့လိုက်ရသည်။ တခဏအတွင်းမှာပဲ သူ့မျက်နှာတွေ နီရဲလာသည်။ သူ့အမေကို ကပ်ချွဲနေတာကို မြင်သွားတာလား? အိုး... မဖြစ်ဘူး၊ သူရှက်လွန်းလို့ ဘယ်သူ့ကိုမှ မျက်နှာချင်းမဆိုင်ရဲတော့ဘူး....
ကျွမ်းကျွမ်း ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အားလုံးက သူ့ကို ကြည့်နေကြသည်ကို သဘောပေါက်လိုက်သည်။ သူရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလှည့်ကာ ရှောင်းကော၏ ရင်ခွင်ထဲတွင် ပုန်းနေလိုက်သည်။ သူ့လက်လေးတွေက ရှောင်းကော၏ အဝတ်စကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
အားလုံးက သူ့လုပ်ရပ်ကြောင့် ကျယ်လောင်စွာ ရယ်မောကြတော့သည်။
ကျွမ်းကျွမ်းမှာ ရှောင်းကော၏ အဝတ်တွေကို ပိုလို့ပင်ဆွဲလာကာ ပုန်းနေလိုက်သည်။
ရွှင်မြူးစွာဖြင့် ရှောင်းကောမှာ ကျွမ်းကျွမ်း၏ နောက်ကျောအား ပွတ်ပေးလိုက်သည်။ သူဟာ အမွှေးတွေထောင်နေသည့် ကြောင်ကလေးနှင့်တူလှသည်။
ကျွမ်းကျွမ်းသည် သူမရင်ခွင်ထဲမှနေ ခပ်တိုးတိုးလေးပြောလာသည်။ ရှောင်းကောက သူပြောတာကို ရှင်းရှင်းလင်းလင်း မကြားရသည့်အတွက် ငုံ့ကာဂရုတစိုက် နားထောင်လိုက်သည်။
“သွားကြရအောင်၊ သွားကြရအောင်လေ…”
ရှောင်းကော ရယ်မောမိသွားသည် _'ဒီကလေးက အရမ်းချစ်စရာကောင်းတာပဲ။ ဟားဟားဟားဟား'_
နောက်ကျနေပြီမို့ ရှောင်းကောလည်း ပြန်ရန်ဆုံးဖြတ်လိုက်သည်။ သူမအနေဖြင့် လူတိုင်းအား အချိန်ကြာကြာ နားခွင့်ပေးသင့်သည်။ နေ့ခင်းကျလျှင် သူတို့တွေ ထပ်ပြီးအလုပ်များကြဦးမည်။
ကျွမ်းကျွမ်းက မော့လာဖို့ ငြင်းဆန်နေတာကို မြင်လိုက်ရတော့ ရှောင်းကော သူ့အားချီကာ အားလုံးကို နှုတ်ဆက်လိုက်သည်။
ချင်းအန့်မင်က သူမနောက်ကို လိုက်သွားသည်။ ရှောင်းကောသည် ကျွမ်းကျွမ်းအား အောက်ချကာ ကျွမ်းကျွမ်းနှင့် မည်သည့်အကြောင်းပြောခဲ့ကြောင်း ချင်းအန့်မင်အားမေးရန် ကြံလိုက်သည်။ ကောင်လေးက သူထွက်လာတော့ ဘာလို့ အိပ်ပြန်ဖို့လောနေရတာလဲ?
သို့ပေမယ့် ရှောင်းကောမသွားခင်မှာပဲ ကျွမ်းကျွမ်းက သူမကို နောက်ပြန်ဆွဲထားကာ ထွက်သွားခွင့်မပေးချေ။ ရှောင်းကောမှာ ချင်းအန့်မင် သူမအားကူညီပေးလိမ့်မည်ဟု မျှော်လင့်ကာ ကြည့်နေရုံဘဲ တတ်နိုင်တော့သည်။ မမျှော်လင့်ထားစွာနှင့်၊ ချင်းအန့်မင်ဟာ ရှောင်းကောကို တစ်ချက်သာကြည့်လိုက်ပြီး သူတို့ကို လက်ပြနှုတ်ဆက်လိုက်သည်။ သူမဘာသာသူမ အဖြေရှာရန် ပြောနေသည့်ပုံပင်။
ရှောင်းကော သူ့အားမျက်လုံးလှိမ့်ပြလိုက်သည်။ သူဘာလို့ဒီလောက်လျှို့ဝှက်နေရတာလဲ...
သူမ နှာမှုတ်ကာ လှည်းအားမောင်းထွက်လိုက်သည်။
ချင်းအန့်မင်မှာ ရှောင်းကော၏ ကလေးဆန်သည့် အပြုအမူကို ချစ်ခင်စွာကြည့်၍ ရယ်မောလိုက်သည်။ သူမသည် မိခင်တစ်ယောက်ဖြစ်နေပြီဖြစ်သော်လည်း ကလေးဆန်နေသေးသည်။
လမ်းတစ်လျှောက်တွင် ကျွမ်းကျွမ်းတစ်ယောက် အိမ်ပြန်ရန် အလျင်လိုနေသည်။ သူက ရှောင်းကောကို မြန်မြန်သွားခိုင်းသည်။
ရှောင်းကော နှာမှုတ်လိုက်သည်။ "ဘာလို့ သားပြောတာကိုနားထောင်ရမှာလဲ? နောက်ပြီး မေမေတို့ အခုအိမ်ပြန်မယ်လို့ ဘယ်သူပြောလဲ? မေမေ့မှာ တခြားလုပ်စရာတွေ ရှိသေးတယ်"
အိမ်ပြန်လမ်းကို ကျွမ်းကျွမ်းသိသည်။ ဤလမ်းဟာ သူတို့သွားလေ့ရှိသည့်လမ်းကြောင်းနှင့် မတူပေ။ ထူးဆန်းတယ်၊ သူတို့ဘယ်သွားကြမလို့လဲ?
"မေမေ၊ သားတို့အိမ်မပြန်သေးဘူးလား?"
ရှောင်းကော ခေါင်းခါလိုက်သည်။ “မပြန်သေးဘူး၊တစ်ယောက်ယောက်ဆီ အရင်သွားလည်မလို့"
ကျွမ်းကျွမ်းက ရှောင်းကောအား မည်သူ့ဆီ သွားလည်မည်နည်းဟု မေးလိုက်သည်။
"ထန်ယိတို့ အိမ်ကိုသွားမလို့လေ"
"ရှောင်ယိလား?!"
ကျွမ်းကျွမ်းလည်း သူနှင့်အသက်တူသည့် သူငယ်ချင်းကို ရုတ်တရက် တွေးမိသွားသည်။ ဟုတ်သားပဲ၊ သူတို့တွေ မည်းနက်ကြီးနဲ့ ဖြူသေးကို လာကြည့်ဖို့တောင် သဘောတူထားတာကို!
ကလေးတွေက မေ့တတ်ကြသည်။ ကျွမ်းကျွမ်းမှာ သူ့အဖေအကြောင်းတွေးရင်း အာရုံလွင့်နေခဲ့ကာ ရှောင်ယိအကြောင်းကိုတောင် မေ့သွားခဲ့သည်။
"ရောက်ပြီ"
ရှောင်းကောသည် မြည်းလှည်းအား ရပ်လိုက်ကာ သူမရှေ့ရှိ သစ်သားတံခါးဆီ လှမ်းကြည့်လိုက်သည်။ သော့အကြီးကြီးကို ချိတ်ဆွဲထားဆဲပင်။ အရင်တစ်ခေါက်ကတည်းက ဘယ်တော့မှ မဖွင့်ခဲ့သလိုပင်။
ရှောင်းကောလည်း အနည်းငယ်ထူးဆန်းသည်ဟု ထင်မိသည်။ တော်တော်ကြာတဲ့အထိ သူတို့အိမ်ပြန်မလာခဲ့ကြဘူးလား?
ရှောင်းကော လျှောက်လာကာ တံခါးကိုတွန်းလိုက်သည်။ သူမ၏လက်အောက်တွင် ဖုန်မှုန့်တွေကို ခံစားလိုက်ရသည်။ ရှောင်းကောသည် ထူထဲသည့်ဖုန်အလွှာကို ကြည့်ကာ သော့ကို ထိလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဖုန်မှုန့်တွေဖြင့် ဖုံးလွှမ်းနေသည်။ ရှောင်းကော မှန်းတာမှန်သည်။
ဤကြားကာလတွင် သူတို့ပြန်မလာခဲ့ကြပေ။
စုဟွေ့၏ အဆိုအရ သူမတို့မိသားစုသည် မကြာခဏ လှည့်ပတ်သွားလာတတ်ကာ နေရာသတ်မှတ်ထားခြင်းမရှိပေ။ သူတို့တွေ ထပ်ထွက်သွားတာများလား?
ရှောင်းကောသည် သူတို့ဘယ်မှာလဲဆိုတာကို သိနိုင်ရန် အိမ်နီးနားချင်းတွေအား မေးမြန်းရန်ကြိုးစားခဲ့သည်။ သူမသည် အိမ်တံခါးအနည်းငယ်ကို ဆက်တိုက်ခေါက်ခဲ့သော်လည်း သူတို့ဘယ်သွားသည်ကို မည်သူမျှ မသိပါချေ။
ရှောင်းကောမှာ လက်လျော့လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ပိတ်ထားသည့်တံခါးကို သူမကြည့်လိုက်ပြီး သူတို့ ဘယ်မှာရှိနေနိုင်မလဲဆိုတာ မှန်းရန် ကြိုးစားလိုက်သည်။ သူတို့ တကယ်ပဲထွက်သွားတာ ဖြစ်နိုင်သည်။
ကျွမ်းကျွမ်းမှာ ရှောင်ယိအား တွေ့ရလိမ့်မည်ဟုထင်ကာ အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ သူ့ကိုအံ့အားသင့်စေတာကတော့ တံခါးကိုသော့ခတ်ထားသည်။
သူ မတတ်နိုင်ဘဲ အနည်းငယ် စိတ်ဓာတ်ကျသွားမိသည်။ သို့ပေမယ့် ရှောင်းကောက အိမ်ပြန်ကြမည်ဟု ပြောလာသည့်အခါ သူ့စိတ်အခြေအနေ ပိုကောင်းလာသည်။
မှန်တယ်၊ သူ အိမ်မြန်မြန်ပြန်ရမည်။ သူ့တွင် လုပ်စရာတွေရှိသေးသည်။
ကျွမ်းကျွမ်းမှာ ရှောင်းကောအား အရှိန်မြှင့်ရန် ထပ်ပြီး လောဆော်ပြန်သည်။ ဒီကောင်လေး မျက်နှာအမူအရာကို အော်ပရာဖျော်ဖြေနေသလိုမျိုး အမြန်ပြောင်းလိုက်တာကို ရှောင်းကောကြည့်နေလိုက်သည်။
သူမ သူ့ခေါင်းအား ခပ်ပြင်းပြင်းလေး ခေါက်လိုက်ကာ လှည်းစမထွက်ခင် သူငြိမ်ငြိမ်ထိုင်မှာကို စောင့်နေလိုက်သည်။
နာနာခံခံထိုင်ကာ ရှေ့တည့်တည့်ကိုသာ ကြည့်နေသည့် ကျွမ်းကျွမ်းကို ကြည့်ရင်း သူမအနည်းငယ်ပိုကျေနပ်သွားမိသည်။ ချော့မော့ခြင်းဟာ အသုံးမဝင်ဟု ထင်ရသည်။ သူမအနေဖြင့် ကြမ်းကြမ်းတမ်းတမ်း အင်အားကိုသုံးကာ သူ့ကိုစည်းရုံးသိမ်းသွင်းရမည်ပင်။
မြည်းလှည်းဟာ အိမ်ဘက်သို့ ဦးတည်သွားတော့သည်။ လမ်းတစ်လျှောက်တွင် ရှောင်းကောက တစ်ခုခုဝယ်ဖို့ ရပ်လိုက်သည့်အခါဆိုလျှင် ကျွမ်းကျွမ်းက သူမကိုအလျင်စလို မလုပ်တော့ပေ။ သူ့အပြုအမူကို စိတ်ကျေနပ်သဖြင့် ရှောင်းကောသည် သူမ၏ခရီးကို အရှိန်မြှင့်လိုက်သည်။
စနောက်နေသာ်ငြားလည်း ရှောင်းကောသည် အိမ်သို့အမြန်ပြန်ရန် လုပ်နေဆဲပင်။
ဒီကလေး အိမ်တွင် ဘာလုပ်မလို့ ကြံနေသလဲဆိုတာ သူမသိချင်မိသည်။
မြည်းလှည်းရပ်လိုက်သည်နှင့် ကျွမ်းကျွမ်းသည် တံခါးကိုသော့ဖွင့်ကာ ဝင်သွားသည်။ သူသည် ယခင်ကကဲ့သို့ ရှောင်းကော ဝင်လာသည်ကို မစောင့်နေတော့ပေ။ တံခါးသော့ဖွင့်ပြီးသည်နှင့် အိမ်ထဲသို့ပြေးဝင်ကာ တံခါးတွင် သော့ကိုချိတ်လျက်သားအတိုင်း ထားခဲ့သည်။
ရှောင်းကောမှာ သူ့နောက်ကို အသဲအသန်လိုက်ချင်သော်လည်း သူမအောင့်ထားလိုက်သည်။ သူမ၏သားလေးလည်း သီးသန့်အချိန်လိုမည်ပင်။
ရှောင်းကောလည်း ကောင်လေးအနောက်မှ ဝင်လာလိုက်သည်။ သူမအိမ်ထဲဝင်လာသည့်အခါ သော့ကို အရင်ဆွဲထုတ်လိုက်ပြီး သိမ်းထားလိုက်သည်။ ထို့နောက် ကြက်၊ ဘဲ၊ ခွေး၊ နွားနှင့် မြည်းတို့ကို အစာကျွေးကာ ဥတွေကောက်လိုက်သည်။
ပြီးသွားတော့ အခန်းထဲကို သွားလိုက်သည်။
သူ့အား သီးသန့်အချိန်ပေးမည်ဟု သူမပြောခဲ့ပေမယ့် အင်း...
ရှောင်းကော မတတ်နိုင်ဘဲ ခြေလှမ်းကို အသာဖော့လိုက်သည်။ သူမ အခန်းဆီလျှောက်သွားကာ တံခါးကို အသာလေးဖွင့်လိုက်သည်။ သူမ အထဲကို ကြည့်လိုက်တော့ ကျွမ်းကျွမ်း ဘယ်မှာမှ မတွေ့ပေ။
ဟေး? သူဘယ်မှာလဲ? သူ အခန်းထဲမှာ မဟုတ်ဘူးလား?
ရှောင်းကော တံခါးကို ပိုကျယ်အောင်ဖွင့်ကာ ရှောင်းကောကို ရှာလိုက်သည်။
ထိုအချိန် အနောက်မှအသံတစ်ခု ထွက်လာခဲ့သည်။
"မေမေ?"
ရှောင်းကော တောင့်တင်းသွားကာ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူမ မထဘဲ ဘာကြောင့်ဆောင့်ကြောင့်ထိုင်နေလဲဆိုတာ ကျွမ်းကျွမ်းမပေးလျှင် ပိုကောင်းလိမ့်မည်။ သူသာမေးလာလျှင်လည်း သူမ ခြေထောက်ကျင်နေတာကြောင့်ပင်။
"ဟေး ကျွမ်းကျွမ်း"
ရှောင်းကောက ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ကာ ပြုံးရင်း ကျွမ်းကျွမ်းကို စကားပြောလိုက်သည်။ သူကတခြားအခန်းမှာ ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?
"မေမေ၊ ဘာလို့ထိုင်နေတာလဲ?"
ရှောင်းကောမှာ မေးခွန်းကိုရှောင်လွှဲရန် ကြိုးစားလိုက်သော်လည်း ကျွမ်းကျွမ်းကတော့ မေးလာဆဲပင်။ အမှန်ပဲ၊ ဘာကြောင့်လဲ?
"မေမေ ရုတ်တရက် ခြေထောက်ကြွက်တက်လာလို့"
ရှောင်းကောမှာ ပြီးပြည့်စုံသည့် အကြောင်းပြချက်ကို ရှာတွေ့သွားကာ ကျွမ်းကျွမ်းမှာ ထိုစကားကိုကြားသည့်အခါ ချက်ခြင်းပင် သူမကိုကူညီရန် ရောက်လာသည်။ သူက သူ့လက်မောင်းကို ကိုင်လိုက်ကာ သူ့ကိုယ်ပေါ်တင်လိုက်သည်။ ရှောင်းကော၏ ခြေထောက်တစ်ချောင်းလုံး ထုံကျင်နေပြီဖြစ်သော်လည်း ယခုတော့သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး လုံးဝ ထုံကျင်လာတော့သည်။
ယခုအချိန်တွင် ရှောင်းကောမှာ သူမ၏ခန္ဓာကိုယ်အောက်ပိုင်း၌ မရေမတွက်နိုင်သည့် ပုရွက်ဆိတ်များ တွားသွားနေသလို ခံစားလိုက်ရသည်။ အဲဒီခံစားချက်က…