← Chapters

အခန်း (၁၁၅)

Vol. 8 Ch. 115

အခန်း (၁၁၅)

Vol. 8 Ch. 115

သူတို့ပြောသမျှဟာ သူမဖွံ့ဖြိုးပုံ၊ သူမ၏ သဲနာရီပုံစံနှင့် ရင်သွေးယောက်ျားလေးတွေ မွေးဖွားဖို့အတွက် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပုံစသည့်အကြောင်းတွေ ပါဝင်၏။

ဒီလို အဖြစ်အပျက်တွေဟာ အတော်များသည်။ အကြိမ်တိုင်း ရှောင်းကောမှာ ရှက်ရွံ့စွာဖြင့်ထွက်ပြေးရသည်။

ရှောင်းကော လက်လှမ်းကာ သူမအိပ်ပျော်နေတုန်း ပြေလျော့နေသည့် အတွင်းဝတ်တွေအား ပြန်တင်းလိုက်သည်။ အဝတ်အစားကို လုံလုံခြုံခြုံချည်ကန် ကြိုးကတိုလွန်းနေသည်။ သူမ၏ အပြင်အဝတ်အစားတွေကို ဝတ်ပြီးနောက် ရင်ဘတ်တစ်ဝိုက်ဟာ တင်းကျပ်သလို ခံစားလိုက်ရသည်။

သူမအနေဖြင့် ကိုယ်အလေးချိန် လျှော့ချရန် သို့မဟုတ် အဝတ်အစားအသစ်များ ချုပ်ရန် လိုအပ်ပေသည်။

ရှောင်းကော ဆုံးဖြတ်ချက်ချလိုက်သည်။

အဝတ်အစားအသစ်ချုပ်မယ်...

မနက်မိုးလင်းလျှင် သူမအိပ်ယာထဲကနေတောင် မထနိုင်တော့ပေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားတာကို မေ့ထားသင့်သည်။ ဒီလိုအပိုကိုယ်အလေးချိန် နည်းနည်းလေးအတွက် သူမအနေနဲ့ ငါးတွေအသားတွေကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်ရမှာလဲ? အဲ့ဒါကအရှုံးပဲ!

ကိုယ်အလေးချိန်ချရန် အနှေးပြေးရတာထက် အဝတ်အစားသစ်တွေကို ချုပ်ရတာ သူမပိုသဘောကျသည်။

ဒါ့အပြင် သူမ၏ ကိုယ်အလေးချိန် တက်လာမှုဟာလည်း အတော်လေး တည်ငြိမ်သည်။ မှန်ကန်သည့်နေရာတွင်သာ ကိုယ်အလေးချိန်တက်ခဲ့သည်။ သူမ၏ကိုယ်ဟာ လူများစွာသေပေးနိုင်သည့်ပုံစံဖြစ်သည်။ သူမကိုယ်သူမ ဘယ်လို့ခက်ခဲအောင်လုပ်ရမှာလဲ?

ရှောင်းကော အိပ်ယာမှ ထလာသည့်အချိန် ကျွမ်းကျွမ်းမှာ နိုးလာမည့်ပုံမပေါ်ချေ။ လုပ်စရာအများကြီးမရှိတာကြောင့် ရှောင်းကောလည်း သူ့ကိုစောင်ခြုံပေးကာ ဆက်အိပ်ခိုင်းလိုက်သည်။

သူမ ဆေးကြောသန့်စင်ရန်သွားလိုက်သည်။

သူမ ရေဇလုံအားသွန်နေချိန် တံခါးခေါက်သံအား ကြားလိုက်ရသည်။

ရှောင်းကော တံခါးကိုဖွင့်ရန် သွားလိုက်သည်။

"အစ်မ?"

ရှောင်းကောသည် တံခါးအပြင်ဘက်ရှိ အမျိုးသမီးယန်ကို ကြည့်ကာ အနည်းငယ် သိချင်စိတ်ဖြစ်သွားသည်။ သူမ၏ ခင်ပွန်းဖြစ်သူယန်ဖုန်း ပြန်ရောက်ပြီးကတည်းက အမမျိုးသမီးယန်သည် သူမထံလာမလည်သည်မှာ ကြာပြီဖြစ်သည်။ အနှောက်အယှက်မဖြစ်စေလိုသည့်အတွက် ရှောင်းကောလည်း အမျိုးသမီးယန်ထံသို့ မသွားရောက်ခဲ့ပေ။ အမျိုးသမီးယန်တစ်ယောက် ဒီနေ့ သူမဆီကို လာရလောက်အောင် ဘာကြောင့်အားလပ်သွားတာလဲဟု သူမသိချင်မိသွားသည်။

"ရှောင်းကော၊ လီကျောက်ဒီတို့အိမ်မှာ တစ်ခုခုဖြစ်နေတယ်လို့ အစ်မကြားတယ်!"

အမျိုးသမီးယန်မှာ နှစ်ထောင်းအားရဖြစ်စွာ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို လိုက်ကြည့်ရန် ရှောင်းကောအား မေးလိုက်သည်။

လီကျောက်ဒီသည် ရှောင်းကောအား မုဆိုးမဟူသော စကားလုံးဖြင့် စော်ကားပြီးကတည်းက အမျိုးသမီးယန်သည် သူမအား ရန်သူအဖြစ် မှတ်ယူခဲ့သည်။ သူမသည် လီကျောက်ဒီအား အခွင့်အရေးရတိုင်း လှောင်ပြောင်နေတတ်သည်။ ယနေ့နံနက်တွင်လည်း သူမသည် လီကျောက်ဒီ၏ အိမ်တွင် ဖြစ်ပျက်နေသည့်အရာများကို သူမအား လာပြောပြလိမ့်မည်ပင်။

သူမ၏ အိမ်ကိုတောင် မပြန်ဘဲ ရှောင်းကောဆီ တန်းတန်းမတ်မတ်လာခဲ့တာဖြစ်သည်။

“ဟေး၊ အစ်မ…”

အမျိုးသမီးယန်မှာ ပွဲလွတ်သွားမည်စိုးကာ ရှောင်းကောအား လီကျောက်ဒီ၏ အိမ်သို့ ဆွဲခေါ်သွားတော့သည်။

ရှောင်းကောမှာ အိမ်အပြင်သို့ ဆွဲခေါ်ခံလိုက်ရတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူမထွက်သွားသည့်အချိန် တံခါးကိုပိတ်နိုင်လိုက်သည်။ အမျိုးသမီးယန်၏ စိတ်အားထက်သန်နေပုံကို အကဲဖြတ်ကြည့်လျှင် သိပ်မကြာခင် ပြန်လာမည့်ပုံမပုံချေ။

လီကျောက်ဒီ၏ အိမ်အနီးသို့ ရောက်လာသည့်အခါ သူမ၏ အိမ်တံခါးနားတွင် ဆူပူအုံကြွမှုကို ကြည့်နေကြသည့်သူများဖြင့် အုံနေသည်ကိုတွေ့လိုက်ရသည်။ တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောကာ အိမ်ထဲသို့လှမ်းကြည့်နေကြသည်။

တံခါးတွင် လူတွေဝိုင်းထားသည်ကြောင့် အမျိုးသမီးယန်သည် ခြံဝင်းထဲရှိအခြေအနေကို မြင်နိုင်ရန် ရှောင်းကောအား ပိုမြင့်သည့်နေရာတစ်ခုဆီ ခေါ်သွားလိုက်သည်။

ရှောင်းကော အမြင့်တစ်နေရာသို့ ရောက်သည်နှင့် သူမ ပထမဆုံးမြင်လိုက်ရသည်မှာ ရှုပ်ထွေးနေသည့်

ခေါင်းမဲမဲတွေ‌ဖြစ်သည်။

ရှောင်းကော၏ နှုတ်ခမ်းများသည် အကြင်နာကင်းမဲ့သည့် အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ မက်မွန်ပွင့်ရွာတွင် နေထိုင်သူအများအပြားရှိကြောင်း သူအသိသည်။ ဒီလူတွေအားလုံးကိုတော့ သူမ မတွေ့ဖူးပေ။ သူတို့ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အတွက် အားလုံးက စစ်ဆေးရန် ရောက်လာကြတာဖြစ်သည်။

"ဟေး၊ အဒေါ် ဘာဖြစ်ကြတာလဲ?"

အမျိုးသမီးယန်သည် လူအုပ်ထဲမှ ထွက်လာသည့် အမျိုးသမီးတစ်ဦးကို တားလိုက်သည်။ အိမ်ထဲတွင်ဘာတွေဖြစ်နေသလဲ ဆိုတာ သူမသိထားသည့်ပုံရသည့်အတွက် အမျိုးသမီးယန်က သူမလက်ကိုဆွဲကာ မေးလိုက်သည်။

"ဟေး၊ လီကျောက်ဒီရဲ့ယောက်ျား ပြန်လာပြီလေ!" ထိုအမျိုးသမီးမှာ သူမမှန်း တွေ့လိုက်ရသည့်အခါ အလျင်အမြန်ရပ်လိုက်ကာ သူကြားခဲ့သမျှကို ပြောပြတော့သည်။

လီကျောက်ဒီ၏ ယောက်ျား ပြန်ရောက်လာတာပင်။ သို့သော် သူသည် အမျိုးသမီးတစ်ဦးကိုပါ ခေါ်ပြန်လာခဲ့သည်။ သူမသည် အလွန်လှပကာ ဆောင်ကြာမြိုင်မှ ပြည့်တန်ဆာတစ်ဦးဖြစ်ကြောင်း လူအများကြားသိခဲ့ရသည်။ ထိုလူသုံးဦးဟာ အရုဏ်တက်ကတည်းက ရန်ဖြစ်နေတာဖြစ်သည်။

ရှောင်းကော ဒါကိုကြားရသည့်အခါ သူမမျက်လုံးတွေ ပေါက်ထွက်မတတ် ဖြစ်သွားတော့သည်။ ရန်ဖြစ်နေကြတာလား? လီကျောက်ဒီဟာ အရမ်းကိုအရည်အချင်းရှိတာပင်။ လူနှစ်ယောက်ကို သူမဘာသာကိုင်တွယ်သည်!

ဆိုတော့ စောစောက အော်ဟစ်သံတွေက သူ့အိမ်ကနေ ထွက်လာတာများလား?

ဒါကို အမျိုးသမီးယန်ကြားသည့်အခါ နောက်ထပ် မေးခွန်းတွေ မေးချင်သွားသည်။ သို့သော် သူမဘာမှမပြောရသေးခင် ခြံဝင်းထဲမှ ကျယ်လောင်သည့် အော်သံတစ်ခုနှင့်အတူ ဆဲဆိုသံကပါထွက်ပေါ်လာသည်။

လီကျောက်ဒီ၏ အသံဖြစ်သည်။ သူမ အသံက အရမ်းအားပြည့်နေဆဲပင်!

တစ်ခုခုထပ်ဖြစ်နေပြီဆိုတာကိုမြင်တော့ ထိုအမျိုးသမီးသည် လူအုပ်ထဲသို့ ချက်ချင်းပြေးသွားတော့သည်။

အမျိုးသမီးယန်လည်း အရမ်းသိချင်နေသည်။အမျိုးသမီးယန်သည် ရှောင်းကော၏ ပိန်ပိန်ပါးပါး ခြေလက်များကို ကြည့်ပြီး သူမကိုယ်တိုင်ပဲ လူအုပ်ကြားထဲ တိုးဝင်ရန် ဆုံးဖြတ်လိုက်သည်။ သူမဟာ ကိုယ်လုံးကိုယ်ပေါက် သန်မာသည်ကြောင့် လူအုပ်ကြားထဲ တိုးဝင်ရာတွင် ပြဿနာမရှိပေ။ ရှောင်းကောသာ ဝင်တိုးပါက ညှပ်နေမှာပင်။

သူမက ဝင်သွားတုန်းမှာ စောင့်နေရန် ရှောင်းကောအားပြောလိုက်သည်။ သူမ ကြည့်ပြီးနောက် အပြင်ထွက်လာလျှင် ပြောပြမည်ဖြစ်သည်။

ရှောင်းကော ခေါင်းညိတ်လိုက်ကာ အမျိုးသမီးယန်ပျောက်သွားသည်ကို ကြည့်နေလိုက်သည်။

ရှောင်းကော သူမဟ စိတ်ဓာတ်ကို လေးစားမိသည်။ သူမဆိုလျှင်တော့ ဒါကို သေချာပေါက် မလုပ်နိုင်ပေ။ ဘေးတွင်သာရပ်ကာ အသံတွေကို နားထောင်တာက ပိုကောင်းသည်။

"လီသာ့ဟိုင်! လူယုတ်မာ၊ ငါ့ကို ဘယ်လိုလုပ် ရန်စနိုင်ရတာလဲ!"

လီကျောက်ဒီသည် လီသာ့ဟိုင်၏ ရင်ခွင်ထဲမှ အမျိုးသမီးကို ဖမ်းဆွဲကာ ပါးဖမ်းရိုက်သည်။ ထိုမိန်းမက အော်ဟစ်ကာ ကျိန်ဆဲလာသည်။

အမျိုးသမီးသည် လီသာ့ဟိုင်၏ လက်ထဲမှလွတ်ထွက်သွားကာ သူမရဲ့မျက်နှာပေါ်လာတော့သည်။ သူမရဲ့မျက်နှာတွင် ခြစ်ရာများဖြင့် ဖုံးလွှမ်းနေသည်။ လီကျောက်ဒီသည် သူမ၏ မျက်နှာတစ်ပြင်လုံးတွင် သွေးစွန်းသည့်ခြစ်ရာတွေကို ချန်ထားခဲ့တော့သည်။

ပထမတော့ ထိုအမျိုးသမီးဟာ အားနည်းသည့်ပုံစံလိုပင်။ လီကျောက်ဒီအား ရိုက်နှက်ဆူပူကြိမ်းမောင်းခွင့်ပြုထားကာ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိသည့်ပုံလိုပင်။

တကယ်တော့ လီသာ့ဟိုင်၏ သူမကိုကာကွယ်လိုသည့် ဆန္ဒကို နှိုးဆွချင်သည့် သူမ၏ဗျူဟာပင်။ သို့သော် လီသာ့ဟိုင်မှာ အသံမထွက်ရဲလောက်အောင် ကြောက်လန့်နေမှန်း သူမ တဖြည်းဖြည်း နားလည်လာတော့သည်။ သူသည် ထောင့်တစ်နေရာတွင် ပုန်းအောင်းနေကာ တုန်ရီနေသည်။

ထိုအမျိုးသမီး၏ အကြည့်ကို ခံစားမိသဖြင့် လီသာ့ဟိုင်သည် ရှက်စိတ်ဖြင့် ခေါင်းငုံ့လိုက်သည်။ လီကျောက်ဒီမှာ ဒေါသထွက်သည့် အခြေအနေသို့ ရောက်နေသည်ကြောင့် သူကြောက်ရွံ့နေကာ ဒုက္ခရောက်နေသည့်အမျိုးသမီးကို ကယ်တင်ရန် မေ့သွားတော့သည်။ သူ့မျက်နှာပေါ်ရှိ အနီရောင်အမှတ်တွေဟာတော့ တောက်ပနေဆဲပင်။

ထိုအမျိုးသမီးက သူ့ကို တံတွေးနဲ့ထွေးလိုက်သည်။ ဒီလို အသုံးမကျတဲ့လူက ဘယ်လိုလုပ် အရာရှိဖြစ်လာတာလဲ? သူ ကံကောင်းသွားတာဖြစ်မယ်။ သူ့မှာ ပိုက်ဆံနည်းနည်းရှိနေသေးလို့သာ မဟုတ်ရင် သူမ သူ့ကို ထားခဲ့တာ ကြာပြီပင်။ သူ့နောက်ကိုတောင် လိုက်ခဲ့မိလို့ ဒီလိုဆိုးဝါးသည့်ရွာကို လိုက်လာမိတာပင်။

ထိုအမျိုးသမီးသည် နှာမှုတ်လိုက်ကာ လီကျောက်ဒီ၏ ဆံပင်တွေကို အစွမ်းကုန် ဆုပ်ကိုင်လိုက်သည်။ သူမသည် လီကျောက်ဒီအား ခပ်ကြမ်းကြမ်းတွန်းထုတ်လိုက်ကာ မြေပြင်ပေါ် လဲကျသွားစေတော့သည်။

"နင်!"

လီကျောက်ဒီမှာ ထိုအမျိုးသမီးကို အံ့သြစွာဖြင့် ကြည့်လိုက်မိသည်။ ဘာတွေဖြစ်နေတာလဲ? ခုနတုန်းကကျ ပြန်မတိုက်ခဲ့ဘူးမလား? အခုကျ ဘာလို့ရုတ်တရက်ကြီး အရမ်းသန်မာလာတာလဲ?

သူမ တုံ့ပြန်လာဖို့ အချိန်အတော်ကြာသွားသည်။ သူမ ချက်ခြင်းပဲ ပြန်ထလိုက်ကာ ထိုအမျိုးသမီးကို လှမ်းခုန်အုပ်လိုက်သည်။ ထို့နောက် သူမ၏ဆံပင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကျန်တစ်ဖက်ဖြင့် ရင်ဘတ်ကိုထိုးလိုက်သည်။

ထိုအမျိုးသမီးလည်း သူမအားဖမ်းဆွဲကာ ရိုက်သည်။ သို့သော်၊ လယ်ကွင်းတွေထဲတွင် အလုပ်လုပ်လေ့ရှိသည့် လီကျောက်ဒီနှင့် မည်သို့ယှဉ်နိုင်ပါ့မလဲ?

ခဏအကြာ သူမလည်း မြေပြင်ပေါ် ဖိကပ်ခံလိုက်ရသည်။ လီကျောက်ဒီက သူမအပေါ်တွင်ထိုင်ကာ ရိုက်နှက်နေသည်။

သူမမျက်နှာကို ကာကွယ်ဖို့သာ အစွမ်းကုန် ကြိုးစားရတော့သည်။ သူမ လုပ်နိုင်တာ တခြားဘာမှမရှိတော့ပေ။

လီ‌သာ့ဟိုင်သည် သူ့ချစ်သူမှာ ရက်စက်လှသည့်ဇနီးသည်၏ ရိုက်နှက်ခြင်းကို ခံနေရကြောင်း မြင်လိုက်ရသည့်အခါ ရှားရှားပါးပါး သတ္တိတွေဝင်လာသည်။ သူသည် ရှေ့သုံးလှမ်းလောက် တက်လာကာ လီကျောက်ဒီအား ဆွဲမလိုက်သည်။

လီသာ့ဟိုင်သည် စစ်စခန်းတွင် သုံးနှစ်ကြာနေထိုင်ခဲ့သည်ကြောင့် ခွန်အားအနည်းငယ်ရှိလာသည်။ လီကျောက်ဒီဟာ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ ဘယ်လောက်ပဲ သန်မာနေပါစေ ယောက်ျားတစ်ယောက်နဲ့တော့ မယှဉ်နိုင်ပေ။

"ကျွမ်းအာ မင်းအဆင်ပြေရဲ့လား?"

လီသာ့ဟိုင်သည် သူမြေပြင်ပေါ် ပစ်ချလိုက်သည့် လီကျောက်ဒီအား ကြည့်တောင်မကြည့်ပေ။ သူ့မျက်လုံးတွေထဲ သနားရိပ်တွေဖြင့် ငိုနေသည့် အမျိုးသမီးကိုသာ ကူညီထူ‌မပေးသည်။

“အစ်ကိုသာ့ဟိုင်… နာတယ်”

ကျွမ်းအာ အမည်ရှိ အမျိုးသမီးသည် ယောက်ျားတစ်ယောက်၏ သနားစိတ်ကို နှိုးဆွလို့ရသည့်နည်းလမ်းကို သိသည်။

လီသာ့ဟိုင် သူ့ကိုကူညီလိုက်သည်နှင့် သူ့အမူအရာဟာလည်း ပြောင်းသွားတော့သည်။ လီသာ့ဟိုင်ကိုကြည့်ရင်း ပါးပြင်ပေါ်သို့ မျက်ရည်တွေ စီးကျလာသည်။ သူ၏ သူရဲဘောကြောင်သည့်ပုံစံကို သူမအထင်သေးသော်လည်း ယခုဟာ ဒီအကြောင်းပြောရမည့်အချိန်မဟုတ်သေးပေ။ အရေးကြီးဆုံးကတော့ လီသာ့ဟိုင်အား သူမဘက်ဆွဲကာ လီကျောက်ဒီကို သူနှင့်အတူ တိုက်ခိုက်ရန်ဖြစ်သည်။

နောက်ဘာဆက်လုပ်ရမလဲဆိုတာ တွေးရင်းဖြင့် သူမစိတ်တွေ တက်ကြွလာသည်။

သူမသည် အလွန်သနားစရာကောင်းစွာ ငိုနေသည်ကို မြင်လိုက်ရသည့်အခါ လီသာ့ဟိုင်ရဲ့နှလုံးသားဟာ နာကျင်သွားရတော့သည်။ သူ့ရဲ့ ယောက်ျားပီသမှုဟာ ချက်ချင်း ပေါ်ထွက်လာတော့သည်။

သူသည် လီကျောက်ဒီအား စိုက်ကြည့်ကာ ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။ "မင်းကိုယ်မင်း အရှက်မခွဲစမ်းနဲ့! ကျွမ်းအာက ငါ့လူ။ မင်းလက်ခံရင်နေ၊ လက်မခံနိုင်ရင် ထွက်သွား!"

ဒီလိုနှင့် သူက ငိုနေသည့်အမျိုးသမီးကို အိမ်ထဲသို့ခေါ်သွားတော့သည်။

All Chapters