အခန်း (၁၁၆)
Vol. 8 Ch. 116
"လီသာ့ဟိုင်! လီသာ့ဟိုင်!"
လီကျောက်ဒီသည် ထွက်ခွာသွားသည့်ပုံရိပ်အား မုန်းတီးစွာ ကြည့်လိုက်သည် _'လီသာ့ဟိုင်၊ နင် ဒီလိုလုပ်နိုင်နေပြီပေါ့လေ'_
ဒါကို တွေးရင်း သူမ အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်။ သူမသည် လွန်ခဲ့သည့်ခြောက်ရက်ကတည်းက ရွာဝင်ပေါက်တွင် သူ့အားစောင့်ဆိုင်းနေခဲ့သည်။ သူ့ကို နေ့ရောညပါ စောင့်ခဲ့ရပြီးနောက်မှာ သူက တခြားလူတစ်ယောက်နှင့်အတူ ပြန်လာလိမ့်မည်ဟု သူမ မတွေးခဲ့မိပေ။
လီသာ့ဟိုင်သည် ယုံဟိုင်ကောင်တီသို့ ပြန်ရောက်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူ အိမ်မပြန်လာပေ။ ထိုအစား ဆောင်ကြာမြိုင်သို့သွားကာ ပြည့်တန်ဆာတစ်ယောက်၏ လွတ်လပ်ခွင့်ကိုဝယ်ယူရန် စစ်တပ်ကပေးခဲ့သည့်ငွေငါးဆယ်ကို အသုံးပြုခဲ့သည်။ သူမကိုပါ သူနှင့်အတူ ပြန်ခေါ်လာသေးသည်။ သူမကိုလက်ထပ်ရန်သူပြင်ဆင်ခဲ့သည်။ သို့ပေမယ့် လီကျောက်ဒီက ဘာလုပ်ခဲ့လဲ? သူမမှာ လီသာ့ဟိုင်ပြန်လာမည်ကို ပျော်ရွှင်စွာဖြင့် စောင့်မျှော်နေခဲ့သော်လည်း ဒါက သူမကို သူဆက်ဆံလိုက်တဲ့ပုံပင်။
လီကျောက်ဒီမှာ အမုန်းတရားတွေဖြင့် ပြည့်နှက်သွားသည်။
_'လီသာ့ဟိုင်! နင် ငါ့ကို ဘယ်လိုလုပ်စိတ်ပျက်အောင်လုပ်နိုင်ရတာလဲ!'_
အပြင်ဘက်တွင် ရွာသားတွေ စကားစမြည်ပြောနေတာကို ကြားတော့ သူမ ဒေါသထွက်လာသည်။
သွေးနီရဲနေသည့်မျက်လုံးတွေဖြင့် သူမ စကားတစ်ခွန်းမှ မပြောဘဲ ထလိုက်ကာ ဝက်စာတစ်ဇလုံအား တံခါးအပြင်ဘက်သို့ ပက်ပစ်လိုက်သည်။
ပထမတော့ သူမဘာလုပ်မယ်ဆိုတာ ဘယ်သူမှမသိကြပေ။ သူမ ဇလုံကို သယ်လိုက်တာမြင်တော့ တိုက်ပွဲအတွက် နည်းဗျူဟာအသစ် သုံးတော့မယ်လို့ ထင်သွားကြသည်။ ထို့ကြောင့် လူတိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်မြင်ကွင်းကို ရှုစားနိုင်ရန် ခြံဝင်းအတွင်းသို့ ဆက်လက်ကြည့်နေသည်။
တစ်ခုခုမှားနေပြီမှန်း အမျိုးသမီးယန်တစ်ယောက်သာ ပြောနိုင်သည်။ လီကျောက်ဒီသည် အိမ်ရှိလူနှစ်ယောက်အား လုပ်မည့်ပုံမပုံဘဲ ယင်းအစား၊ သူမသည် တံခါးအပြင်ဘက်ရှိ လူများကို လုပ်မည့်ပုံပင်။
ထိုအတွေးနှင့် အမျိုးသမီးယန်က လှုပ်ရှားလိုက်ကာ လူအုပ်ကြားထဲ တိုးကာထွက်ဖို့ ကြိုးစားလိုက်သည်။ နောက်ဆုံး သူမသည် လူအုပ်ထဲမှထွက်လာအချိန်၊ အိမ်တဝိုက်တွင် စုဝေးနေသည့်လူတွေဟာ ရုတ်တရက် နေရာအနှံ့ဆီဆဲဆိုကာ ပြေးကြတော့သည်။
ထိုအချိန်တွင် ရှောင်းကောတစ်ယောက် အမျိုးသမီးယန်ကို အချိန်မီ ဆွဲနိုင်လိုက်သည်။ မဟုတ်ပါက သူမကို လူအုပ်ကြီးက နင်းသွားလိမ့်မည်ပင်။
အမျိုးသမီးယန်လည်း ဘေးကင်းသည့်နေရာတွင်ရပ်ကာ သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ သူမသည် လှည့်ပတ်ပြေးနေသည့် လူများကိုကြည့်ကာ ခေါင်းမပါတဲ့ယင်ကောင်တွေလိုဘဲ ဆိုပြီး ပြောနေလေသည်။ ရှောင်းကော သူမကို အချိန်မီဆွဲနိုင်ခဲ့လို့ ဝမ်းသာမိသည်။
သူတို့နှစ်ဦးလည်း ဘူအုပ်နှင့်အတူ တူညီသည့်ဦးတည်ရာဆီ သို့ အတူတူအိမ်ဆီလျှောက်သွားကြတော့သည်။ သို့ပေမယ့် သူတို့နှစ်ဦးသာ သန့်ရှင်းနေသည်။ တခြားသူတွေနှသ့် တိုက်မိမည်စိုးကာ ရှောင်းကောက အမျိုးသမီးယန်ကို အခြားသူများနှင့် ခပ်ဝေးဝေးသို့ ဆွဲလိုက်သည်။
ကြည့်နေကြသည့်သူများကို လီကျောက်ဒီမှ ဝက်စာများဖြင့် ပက်ခဲ့သည်။ ကံကောင်းထောက်မစွာနှင့်၊ သူမတို့နှစ်ယောက်စလုံး အချိန်မီ ရှောင်ထွက်နိုင်ခဲ့သည်။ မဟုတ်ပါက သူတို့လည်း တခြားသူတွေလို စိုစွဲကာနံစော်နေလိမ့်မည်ပင်။
လမ်းတစ်လျှောက်တွင် အမျိုးသမီးယန်က အတွင်းပိုင်းအခြေအနေအကြောင်း ရှောင်းကောကို ပြောပြသည်။ ရှောင်းကောမှာ လီကျောက်ဒီအတွက် အနည်းငယ် သနားသွားမိသည်။ ဒီလိုလူနှင့်တွေ့သည်မှာ သူမတကယ်ကံဆိုးတာပင်။
“ဟင်းး၊ သူ့ကိုသနားစရာမလိုဘူး။ သူ စိုက်ထားတဲ့အသီး သူပြန်ရိတ်သိမ်းရတာပဲ"
ရှောင်းကော၏ သနားနေသည့်အမူအရာကို အမျိုးသမီးယန်က မြင်တဲ့အခါ သူမကို အမြန်သတိပေးလိုက်သည်။
ရှောင်းကော ဘာမှမပြောနိုင်တော့ပေ။ တကယ်တော့ သူမဟာလည်း သူတော်စင်တစ်ယောက်မဟုတ်ပါချေ။ ထို့နောက် သူမက အမျိုးသမီးယန်ကို ဟန်ဆောင်မျက်စောင်းထိုးလိုက်သည်။ “စိတ်မပူပါနဲ့။ ညီမ မတုံးပါဘူး"
အမျိုးသမီးယန်က ရှောင်းကောရဲ့လက်မောင်းကို အပျော်သဘောဖြင့် ပုတ်လိုက်သည်။
နှစ်ယောက်သား လမ်းခွဲကာအိမ်ပြန်လာခဲ့ကြသည်။ မသွားခင်မှာဘဲ ရှောင်းကောလည်း အမျိုးသမီးယန်ရဲ့အမူအရာကိုမြင်ကာ သူမမိသားစုနှင့် အတင်းအဖျင်းပြောတော့မယ်ဟု ခန့်မှန်းလိုက်မိသည်။
ရှောင်းကော ရယ်လိုက်သည်။ အမျိုးသမီးယန်ဟာ တကယ်ကို အတင်းပြောတတ်သူပင်။
သူမအိမ်ပြန်ရောက်သောအခါ ကျွမ်းကျွမ်းနိုးနေပြီဖြစ်ကာ အဝတ်အစားလဲနေသည်။ ရှောင်းကောကို မြင်တဲ့အခါ သူက မကျေနပ်သလိုပြောလာသည်။ "မေမေ၊ မင်းဘယ်ရောက်နေတာလဲ...?"
ကျွမ်းကျွမ်းရဲ့စူနေတဲ့ နှုတ်ခမ်းကိုကြည့်ကာ သူမ ဝက်အူချောင်း ဆွဲလို့ရလောက်အောင် ရှည်ထွက်နေသလိုပင်။ "မေမေက ဒေါ်ဒေါ်ယန်ကို လမ်းလျှောက်ဖို့သွားရှာတာ"
ရှောင်းကော ကုတင်ပေါ်တွင်ထိုင်ကာ ကျွမ်းကျွမ်းအဝတ်အစားဝတ်ရန် ကူညီပေးလိုက်သည်။
ကျွမ်းကျွမ်းက ရှောင်းကောအင်္ကျီဝတ်ပေးနိုင်ရန် နာနာခံခံဖြင့် သူ့လက်တွေကိုမြှောက်လိုက်သည်။ သူ့အမေ သူ့အပေါ်ချစ်ခြင်းမေတ္တာတွေ ဖော်ပြတာကို သူသဘောကျသည်။
"သားနိုးလာတော့ မေမေ့ကို မတွေ့လို့..."
ကျွမ်းကျွမ်းက တကယ်တော့ ဘာမှမဖြစ်ပေမယ့်၊ သူ့အမေဆီကနေ ဂရုစိုက်ခံချင်နေသည်။
ရှောင်းကော သူ့ကိုအသာလေး နမ်းလိုက်သည်။ "တောင်းပန်ပါတယ် ကလေးလေး။ မေမေ နောက်တစ်ခါဒီလိုမလုပ်တော့ဘူး…”
ကျွမ်းကျွမ်းလည်း ရှောင်းကောရဲ့အနမ်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံလိုက်သည်။ သူက ရှောင်းကောရဲ့ အာမခံချက်ကို ဘာမှမပြောဘဲ နေလိုက်သည်။ သူမဟာ နောက်တစ်ခါဆိုတာကို အမြဲတမ်းပြောနေတာကြောင့် ဖြစ်သည်။ အရင်တစ်ခေါက်ကလည်း နောက်တစ်ခါဆိုပြီးပြောခဲ့သလို အခုတစ်ခါလည်း ပြောပြန်သည်။
ရှောင်းကောမှာ ကျွမ်းကျွမ်းအား ချော့ရန် ကြိုးစားပြုံးပြနေသည်။ ဒီတော့မှ သူသည် သူမအား “ခွင့်လွှတ်ကြောင်း” ကြီးကြီးမားမား ထုတ်ပြလာသည်။
“သွားချက်ပြုတ်ရအောင်"
“ဟုတ်ကဲ့!”
ကျွမ်းကျွမ်းက ဝမ်းသာအားရ ခေါင်းညိတ်ပြကာ ဖိနပ်စီးရန် အိပ်ရာကနေ ထလိုက်သည်။ ရှောင်းကော၏ လက်ကိုကိုင်ကာ မီးဖိုချောင်ဆီ သွားလိုက်သည်။
မွန်းတည့်ချိန်တွင် ရှောင်းကောက ကျွမ်းကျွမ်းကို တစ်ရေးအိပ်ရန် ချော့လိုက်သည်။ ကလေးတွေ ကြီးပြင်းလာဖို့ အိပ်ရေးဝဖို့လိုတယ် ဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကို သူမ ဖတ်ဖူးသည်။ ကျွမ်းကျွမ်းအရပ်ပိုရှည်လာဖို့အတွက် ရှောင်းကော သူ့ကို တစ်ရေးတစ်မော အိပ်ခိုင်းလိုက်သည်။
ကျွမ်းကျွမ်းကို စောင်ခြုံပေးနေစဉ် တံခါးခေါက်သံတစ်ခုထွက်ပေါ်လာသည်။
ရှောင်းကောလည်း ခွေးဟောင်သံကြောင့် ကျွမ်းကျွမ်းနိုးလာမည်ကိုစိုးကာ အမြန်ထွက်သွားလိုက်သည်။
"ဘယ်သူလဲ?"
ရှောင်းကော တံခါးကိုဖွင့်ရင်း မေးလိုက်သည်။
"ရှောင်းကော၊ အစ်မပဲ"
အမျိုးသမီးယန်လား? ရှောင်းကော အသံကို မှတ်မိသည်။
"အစ်မ? ဘာဖြစ်လို့လဲ?"
"ရှောင်းကော၊ ညီမအိမ်မှာ ရေချိုးခန်းဆောက်ဖို့ ပြောခဲ့တယ်မလား?"
အမျိုးသမီးယန်သည် အရင်တုန်းက ရှောင်းကောသူမကို ပြောပြခဲ့သည့် အကြောင်းကို တွေးမိသွားသည်။ သူမက ခြံထဲတွင် ရေချိုးခန်းဆောက်ရန် တွေးထားသည်။ အစကတော့ အဲ့ဒါက ဘာလဲဆိုတာက်ို သူမ မသိခဲ့ပါချေ။ ရှောင်းကော၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ၎င်းဟာ ရေချိုးလို့ရသည့် သစ်သားတဲလေးဖြစ်ကြောင်း သူမ သိလိုက်ရသည်။
"ဟုတ်တယ်!"
ရှောင်းကော ဝမ်းသာအားရ ပြောလိုက်သည်။ မကြာသေးမီကပင် သူမအား အိမ်ဆောက်တတ်သူကို ကူညီရှာဖွေပေးရန် အမျိုးသမီးယန်ကို အကူအညီတောင်းခဲ့သေးသည်။ ၎င်းသည် ခရိုင်တွင်တစ်စုံတစ်ဦးကိုရှာဖွေရန် အခက်အခဲမှ ကယ်တင်နိုင်မည်ဖြစ်သည်။
အိမ်ဆောက်သူများသည် ခရိုင်မှဖြစ်လျှင် အစားအသောက်နှင့် နေရာထိုင်ခင်းကို ဂရုစိုက်ရဦးပေမည်။ ထို့အပြင် သူမသည် မုဆိုးမဖြစ်ကာ တစ်ဦးတည်းသာနေထိုင်သူဖြစ်သည်ကြောင့် သူမအိမ်တွင် သူစိမ်းများနေထိုင်နေသည်ကို တွေ့ပါက တခြားသူများကအတင်းအဖျင်း ပြောလိမ့်မည်ပင်။ ထို့ကြောင့် ရွာရှိလူကိုသာ ရှာသင့်သည်။ ထိုနည်းအားဖြင့် သူမလည်း အလုပ်သမားအတွက်သာ ပေးချေရမည်ဖြစ်ကာ သူတို့၏ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းကိစ္စများကို ဖြေရှင်းနိုင်လိမ့်သည်။ အဲ့ဒါက မပြီးပြည့်စုံဘူးလား?
“အဲ့ဒါ အစ်မရဲ့မတ်လေး ဆောက်တတ်တယ်။ ညီမဘယ်လိုထင်လဲ?"
အမျိုးသမီးယန်မှာ အမှန်တကယ်ပင် အနည်းငယ် ရှက်ရွံ့သွားမိသည်။ သူမ အိမ်ကလူအတွက် ပြောပေးမိသလို ခံစားလိုက်ရသည်။
"အစ်မရဲ့မတ်လေးလား?"
ရှောင်းကော အံ့သြသွားသည်။ ယန်ကျားလား?
“ဟုတ်တယ်!” အမျိုးသမီးယန်မှာ အစပိုင်းတွင် ပြောရတာ အနည်းငယ် အဆင်မပြေသော်လည်း ပြောပြောရင်းဖြင့် ပိုသက်တောင့်သက်သာရှိသလို ခံစားလိုက်ရသည်။ ဝေ့လည်ကြောင်ပတ် လုပ်နေစရာမလိုတော့ပေ။ သူမ မညာပါချေ — ယန်ကျားသည် စစ်တပ်စခန်းတွင် တဲများတည်ဆောက်ရာ၌ ကျွမ်းကျင်သူဖြစ်သည်။
"အဲဒါအရမ်းကောင်းတာပေါ့!"
ရှောင်းကောလည်း အမျိုးသမီးယန်၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အခါ အရမ်းဝမ်းသာမိသွားသည်။ ဒါကကောင်းတာပေါ့။ သူစိမ်းတွေနဲ့ တွဲလုပ်ရမှာကို သူမစိုးရိမ်နေမိခဲ့သေးသည်။ ယန်ကျားဟာ အမျိုးသမီးယန်၏ မိသားစုမှ ဖြစ်သည့်ကြောင့် အနည်းဆုံးတော့ ရင်းနှီးသူတစ်ဦးဖြစ်သည်။ ဒါဟာ သူမမသိသည့်လူတွေနှင့် ဆက်ဆံရမည့်အခက်အခဲကနေ ကယ်တင်နိုင်လိမ့်မည်။
"ကောင်းပြီလေ! ဒါဆို အစ်မအခုပဲ ယန်ကျားနဲ့သွားပြောလိုက်မယ်"
အမျိုးသမီးယန်သည် သတင်းကောင်းကို ကြားသိရသည့်အခါတွင် စိတ်လှုပ်တရှားဖြင့် အိမ်သို့ပြေးသွားတော့သည်။
အိမ်ပြန်ရောက်တော့ ယန်ကျားသည် စာအုပ်တစ်အုပ်ကို ကိုင်ထားကြောင်းတွေ့လိုက်ရသည်။ အမျိုးသမီးယန်က သူ့အား ထိုအကြောင်း အမြန်ပြောပြလိုက်သည်။
"ဒါက အံ့သြစရာပဲ!"
ယန်ကျားသည် စာအုပ်ကိုချကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ယခုဆိုလျှင် ရွာသို့ပြန်လာကြသည့် အမျိုးသားတွေ၏ လက်ထဲတွင် နစ်နာငွေတွေရှိနေပေမဲ့ တစ်နေ့လုံး ဘာမှမလုပ်ဘဲ ထိုင်နေလို့တော့မရပေ။ သူတို့အနေဖြင့် ငွေရှာရန် နည်းလမ်းတွေကို တွေးနေရဦးမည်ပင်။
တချို့က စစ်တပ်ထဲမ၀င်ခင် လုပ်ခဲ့သည့် အလုပ်ဟောင်းတွေဆီ ပြန်သွားကြသည်။ အလုပ်မရှိသည့်အခြားသူများလည်း ရှိကြကာ ယန်ကျားဟာလည်း ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။
ယခုနှစ်တွင် သူသည် အသက် ၁၇ နှစ်သာ ရှိသေးသည်။ စစ်မှုမထမ်းခင်က သူသည် ပြည်နယ်စာမေးပွဲအတွက် ပြင်ဆင်နေခဲ့တာဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးနှစ်ကျော်ကြာသွားခဲ့သည်။ သူလုံခြုံစွာနှင့် အိမ်ပြန်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဒါဟာ ကြီးကြီးမားမား ကောင်းချီးတစ်ခုပင်။ သူသည် သူ့အမေ၊ အစ်ကို၊ မရီးတွေအား သူ့ကိုထောက်ပံ့ခွင့်မပေးပေ။ သို့ပေမယ့် သူ့ဟာ စာလေ့လာတာကလွဲလျှင် တခြားဘာကိုမှ သိပ်မသိပေ။
အရင်က တဲသေးသေးလေးဆောက်တာနှင့် ပတ်သက်ပြီး သူ့မရီး ပြောတာကို ကြားတော့သူတွေးတောင်မတွေးတော့ဘဲ အလုပ်လုပ်ချင်လာသည်။ မိသားစု၏ ဝန်ထုပ်ဝန်ပိုးကို သူခွဲဝေပေးနိုင်ပါက ကူညီပေးမည်။ ထို့အပြင် မိမိ၏ အရည်အချင်းကို ယုံကြည်သည်။ သူအတွက် ရိုးရှင်းသည့် သစ်သားတဲတစ်လုံးကို မဆိုထားနှင့် စစ်စခန်းရှိ တဲများတည်ဆောက်ခြင်းနှင့်ပတ်သက်၍ အလွန်ရင်းနှီးကျွမ်းဝင်ကာ မျက်စိမှိတ်ပြီးတောင် ဆောက်နိုင်သည်။