← Chapters

အခန်း (၁၁၇)

Vol. 8 Ch. 117

အခန်း (၁၁၇)

Vol. 8 Ch. 117

နောက်နေ့မနက်မှာ နောက်ကျနေပြီဖြစ်သည်ကြောင့် ယန်ကျားက အမျိုးသမီးယန်ကို ရှောင်းကော၏အိမ်ဆီ ခေါ်သွားခိုင်းသည်။ ယောက်ျားလေးတစ်ယောက်ထဲ သွားသည်က မသင့်တော်ပေ။

အမျိုးသမီးယန်လည်း သူတောင်းဆိုရသည့် အကြောင်းရင်းကို သိသည်ကြောင့် သူမ မငြင်းဆန်လိုက်ပေ။ သူမပြောလျှင်လည်း အမျိုးသမီးယန်မှာ သူ့ကိုခေါ်သွားရန် စီစဉ်ထားသည်။

သူတို့ ရှောင်းကော၏ အိမ်သို့ရောက်လာ‌တော့ တံခါးခေါက်လိုက်သည်။

ခဏကြာတော့ သူတို့ကို ခဏစောင့်ခိုင်းသည့် ကျွမ်းကျွမ်း၏အသံထွက်လာသည်။

ပြေးလာသည့် ခြေသံကို သူတို့ကြားလိုက်ရသည်။ ခဏအကြာ တံခါးနောက်တွင် တစ်စုံတစ်ယောက်ရောက်လာသည်။

"ဒေါ်ဒေါ်!"

ကျွမ်းကျွမ်း တံခါးကိုဖွင့်ကာ အမျိုးသမီးယန်ကို နှုတ်ဆက်လိုက်သည်။ အမျိုးသမီးယန်ဘေးနားကလူကို ကြည့်လိုက်ကာ သူမျက်တောင်ခတ်လိုက်သည်။ "မင်္ဂလာပါ ကိုကို!"

အိမ်ထောင်မပြုသေးသူများကို ကိုကို၊ မမ ဟု ခေါ်ဆိုရမည်။ _'မေမေ အမြဲမှန်တယ်!'_

ကျွမ်းကျွမ်း သူ့ဘာသာသူ တွေးနေမိသည်။

သူ၏ နှုတ်ခွန်းဆက်မှုဟာ အမျိုးသမီးယန်နှင့် ယန်ကျားတို့အား သဘောကျသွားစေကာ မပြုံးဘဲမနေနိုင်တော့ပေ။ ကျွမ်းကျွမ်းဟာ စကားပြောရာတွင် တကယ်တော်သည်။

"သား မေမေ ဘယ်မှာလဲ?"

အမျိုးသမီးယန်က ရယ်မောပြီးသည့်အခါ၊ ကျွမ်းကျွမ်း မျက်နှာကိုကြည့်ရင်း မေးလိုက်သည်။

ကျွမ်းကျွမ်းလည်း ခြံဝင်း၏ထောင့်တစ်ဖက်တွင် သန့်ရှင်းရေးလုပ်နေသည့် ရှောင်းကောကိုပြရန် သူ့အနားရှိ တခါးတစ်ချပ်ကို ဖွင့်လိုက်သည်။

သူမက တဲဆောက်မည့်နေရာကို သန့်ရှင်းရေးလုပ်နေသည်။ တဲဟု ခေါ်သော်လည်း အမှန်တကယ်မှာ သော့ခတ်ပိတ်နိုင်သည့် ရုံဖြစ်သည်။ ပထမတော့ သူမကိုယ်တိုင်လုပ်ချင်ပေမယ့် ကောင်းမွန်အောင် မဆောက်နိုင်မှာ စိုးရိမ်သွားမိသည်။ ချင်းအန့်မင်ကို ဆောက်ပေးရန်ပြန်ခေါ်တာဟာလည်း မသင့်တော်သည့်အတွက် သူမကိုကူညီရန် ရွာရှိလူကိုရှာတာက ပိုကောင်းသည်ဟု တွေးမိလိုက်သည်။

“အစ်မ လာ !”

ရှောင်းကောလည်း သူမနောက်မှ အသံတွေကို ကြားလိုက်ရသည်။ ဒါနဲ့ သူမလှည့်လာကာ မြန်မြန်ဝင်ဘာဖို့ ပြောလိုက်သည်။

ကျွမ်းကျွမ်းလည်း ထိုစကားကိုကြားသည့်အခါ ဘေးဖယ်ပေးလိုက်ပြီး သူတို့ကို ဝင်ခွင့်ပြုလိုက်သည်။

အမျိုးသမီးယန်က ကျွမ်းကျွမ်းရဲ့ ခေါင်းကို ပွတ်လိုက်ကာ ယန်ကျားအား အိမ်ထဲသို့ခေါ်သွားလိုက်သည်။

ကျွမ်းကျွမ်းမှာ သူ့အမေ၏ စကားကိုသတိတရရှိကာ တံခါးကိုကျယ်ကျယ်လေး ဖွင့်ပေးလိုက်သည်။ ခွေးလေးတွေ ထွက်မပြေးနိုင်အောင်လည်း သူစောင့်ကြည့်နေရသည်။

" ရှောင်းကော၊ ဒါက ယန်ကျား။ ယန်ကျား၊ နင် သူ့ကိုအစ်မလို့ ခေါ်လို့ရတယ်"

အမျိုးသမီးယန်က သူတို့ကို အချင်းချင်း မိတ်ဆက်ပေးလိုက်သည်။ ရှောင်းကောက ယန်ကျားကို ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။ ယန်ကျားကလည်း သူမအား အမျိုးသမီးကျန်းအဖြစ် နှုတ်ဆက်လိုက်သည်။ သူမဟာ အစ်ကိုတန်းဟယ်၏ ဇနီးဖြစ်ကြောင်း သူသိသည်ကြောင့် သူမကို အမျိုးသမီးကျန်းဟုခေါ်လိုက်သည်။

ရှောင်းကောလည်း သူနှုတ်ဆက်တာကို အသိအမှတ်ပြုလိုက်ပြီး သူမရှေ့က သိသိသာသာကို ငယ်ရွယ်လှတဲ့ကောင်လေးကို ကြည့်လိုက်သည်။ ကောင်လေးလား?

သူက ကောင်လေးတစ်ယောက်သာသာပင်။ ငယ်ရွယ်သေးမှန်း သိသာလှသည်။ ဒီအရွယ်ဆိုလျှင် သူဟာအထက်တန်းကျောင်းသားဖြစ်လိမ့်မည်ပင်။

ရှောင်းကောအနေဖြင့် စာအုပ်တစ်အုပ်ကို ၎င်း၏ မျက်နှာဖုံးဖြင့် အကဲဖြတ်ရန် ဆန္ဒမရှိပါချေ။ သို့ပေမယ့် ဒီလိုကလေးတစ်ယောက်က သစ်သားပြားကိုတောင် ရွှေ့နိုင်ပါ့မလား?

ရှောင်းကော ဘာကိုမှသံသယမ၀င်နိုင်မီ၊ ယန်ကျားက သူ့စွမ်းရည်တွေကို ပြသလာသည်။ အမှန်စင်စစ်၊ သူသည် စစ်စခန်း၌ သုံးနှစ်တာလောက် အလကားနေခဲ့တာမဟုတ်ပေ။

သူအိမ်ထဲသို့ဝင်လာသည်နှင့် အလုပ်လုပ်တော့သည်။ သူအရင်ဆုံး တိုင်းတာကာ လိုအပ်သည့် သစ်သားပျဉ်ချပ်အရေအတွက်ကို တွက်ချက်ပြီး ဝယ်ရန်ထွက်သွားတော့သည်။

ရွာတွင် ပျဉ်ချပ်ဆိုင်တွေရှိသည်။ ယင်းတို့ထဲမှ တစ်ဆိုင်ဟာ သစ်လုပ်ငန်း လုပ်ကိုင်ဖူးသည်။ ယခုတော့ အဲဒီလူလည်းပြန်လာပြီဖြစ်ကာ ဆိုင်ပြန်ဖွင့်ထားသည်။

ယန်ကျား တစ်ယောက်တည်း သစ်ရောင်းသူ၏ အိမ်ဆီသွားကာ ပျဉ်ကြီးလေးချပ်နှင့် ပျဉ်ပြားသေးတစ်ချပ်ဝယ်လိုက်ကာ ရှောင်းကော၏ အိမ်ဆီ သယ်လာသည်။ ရှောင်းကောအနေဖြင့် ငွေပေးချေဖို့အဆင်ပြေစေရန်က သူပစ္စည်းတွေကို အကြွေးဖြင့်ယူလာသည်။

ရှောင်းကောလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ယန်ကျားသည် ဤမျှလောက် အားကိုးရလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ ပေးချေရမှာတွေကို ခွဲထားတာက ရှင်းရှင်းလင်းလင်းဖြစ်စေကာ ရှုပ်ထွေးမှုမဖြစ်အောင် ရှောင်ရှားနိုင်သည်။

ရှောင်းကောသည် နေ့ခင်းပိုင်းတွင် ငွေရှင်းရန် စိတ်ထဲတွင် မှတ်ထားလိုက်သည်။

တဲဆောက်ရတာက လွယ်သည်။ တကယ်တော့ ရှောင်းကော စိတ်ကူးထားတာထက်တောင် ပိုလွယ်သေးသည်။ တစ်ရက်အတွင်းမှာပဲ အားလုံးပြီးသွားတော့သည်။

ရှောင်းကော အိမ်ထဲသို့ဝင်လာကာ ငွေငါးတုံးကို ထုတ်ယူလိုက်သည်။ ယန်ကျား လက်ဆေးပြီးသည်နှင့် ရှောင်းကောက သူ့ကို ပိုက်ဆံပေးလိုက်သည်။

“လောက်ရဲ့လား ကြည့်ကြည့်အုံး။ အစ်မက ခရိုင်ပေါ်က ဈေးနူန်းအတိုင်း ပေးလိုက်တာ။ အရေအတွက်မှန်လားဆိုတာ စစ်ကြည့်အုံး"

ယန်ကျားမှာ ပိုက်ဆံကိုယူလိုက်ပြီး အံ့သြသွားသည်။ ဘာလို့ ဒီလောက်တောင်များတာလဲ?

"မလိုဘူး၊ မလိုပါဘူး! ငွေနှစ်တုံးဆိုရင်ရပါပြီ"

သူကငွေနှစ်တုံးကိုပဲ ယူလိုက်ကာ ကျန်သုံးတုံးကို ပြန်ပေးလိုက်သည်။

“ရတယ်၊ ရတယ်။ ငွေငါးတုံးပေးရမှာပေါ့! ယူလိုက်!"

ယန်ကျားက လက်မခံပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ လက်မခံပေ။ သူက ရှောင်းကောရဲ့လက်ထဲ အခိုင်အမာပြန်ထည့်ပေးလိုက်သည်။

ပိုက်ဆံရတာက ကောင်းပေမဲ့ သူ့အသိစိတ်ကိုတော့ မလွန်ဆန်နိုင်ပါချေ။ အများဆုံး ငွေနှစ်တုံးလောက်သာကျသည်။ သူ့အနေဖြင့် နောက်ထပ် တစ်ပြားလေးတောင်မယူပါချေ။

သူတို့နှစ်ယောက် ငြင်းခုံနေကြတုန်းမှာပဲ ကျွမ်းကျွမ်းက သူနားမလည်တဲ့ စာပိုဒ်တစ်ခုကို တွေ့သည်။ သူ့စာအုပ်နဲ့ထွက်လာကာ ရှောင်းကောကို မေးဖို့လုပ်လိုက်သည်။

သူထွက်လာတော့ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တွန်းလိုက်ဆွဲလိုက်ဖြစ်နေတာကို တွေ့လိုက်ရသည်။ ကျွမ်းကျွမ်းမှာ သူ့အမေ အနိုင်ကျင့်ခံနေရတယ်လို့ ထင်သွားသည်။ သူချက်ချင်းပေါက်ကွဲလာကာ ယန်ကျားကို အဝေးတွန်းထုတ်လိုက်ကာ အော်လိုက်သည်။ “သား မေမေကို အနိုင်ကျင့်လို့မရဘူး!”

ရှောင်းကောနှင့် ယန်ကျားမှာ ဟန့်လိုက်သည့်အသံကြောင့် အံ့အားသင့်သွားကြသည်။

ရှောင်းကောမှာ ဒေါသထွက်နေသည့် ကျွမ်းကျွမ်းကို ပွေ့ဖက်လိုက်ပြီး ယန်ကျားအား တောင်းပန်စကားဆိုလိုက်သည်။ "အစ်မ တောင်းပန်ပါတယ်။ ကျွမ်းကျွမ်းက ဘာဖြစ်နေလဲဆိုတာ မသိလိုက်လို့ပါ"

ယန်ကျားလည်း တုံ့ပြန်လာကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ရတယ်၊ ရတယ်။ ကျွမ်းကျွမ်းက တော်တော် ကာကွယ်ပေးတာပဲ။ ဟားဟား!”

ရှောင်းကော ကိုယ်ထဲမှာနွေးထွေးမှုကို ခံစားလိုက်ရသော်လည်း သူမပြုံးကာတောင်းပန်လိုက်သေးသည်။

ကျွမ်းကျွမ်းလည်း သူ ယန်ကျားကို နားလည်မှုလွဲသွားကြောင်း သိလိုက်ရတာကြောင့် အမြန်တောင်းပန်လိုက်သည်။

ဖြောင့်မှန်တဲ့လူဟာ ကိုယ့်အမှားကို ဝန်ခံရမည်ပင်။

ယန်ကျားက အဆင်ပြေကြောင်း ပြောလာကာ ကျွမ်းကျွမ်း၏ တောင်းပန်မှုကို လက်ခံလိုက်သည်။ တကယ်တော့ သူ သိပ်ပြီးစိတ်ထဲမထားပါချေ။ ရှောင်းကောက ကောင်လေးရဲ့ တောင်းပန်မှုကို လက်ခံရန်သူ့ကိုပြောခဲ့တာဖြစ်သည်။ အသက်ငယ်တယ်ဆိုတာက အကြောင်းပြချက်တစ်ခု မဟုတ်ပေ။

ယန်ကျားလည်း ရှောင်းကော၏ ရည်ရွယ်ချက်ကို ချက်ခြင်းနားလည်သည်ကြောင့် ကျွမ်းကျွမ်း၏ တောင်းပန်မှုကို လက်ခံကာ ဖြစ်ပြီးတာက ပြီးပါစေတော့ဟု ထားလိုက်သည်။

ထို့နောက် ရှောင်းကောက ကျန်ငွေသုံးတုံးအား ယူရန် အခိုင်အမာ တိုက်တွန်းလိုက်သည်။ ယန်ကျားကတော့ လက်ခံဖို့မပြင်ထားပါချေ။ ရှောင်းကောက မျက်လုံးလှိမ့်လိုက်ကာ ပိုက်ဆံတွေကို ကျွမ်းကျွမ်းဆီပေးလိုက်သည်။ သူမက သူ့ကို ချစ်စရာကောင်းဟန်ပြု၍ ယန်ကျားအား ပိုက်ဆံပေးခိုင်းလိုက်သည်။ ဤနည်းဖြင့် သူ့အနေနဲ့ သူမကို ငြင်းနိုင်တော့မည်မဟုတ်ပေ။

ကျွမ်းကျွမ်းလည်း ရှောင်းကောရဲ့ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူက ပိုက်ဆံကိုယူလိုက်ကာ ယန်ကျားရဲ့လက်ထဲသို့ ထည့်လိုက်သည်။ သူက ယန်ကျားကို မျက်လုံးဝိုင်းဝိုင်းကြီးတွေဖြင့် ကြည့်နေတော့ ငြင်းဖို့ခက်သွားသည်။

ယန်ကျား ခဏလောက် တန့်သွားပြီးမှ ပိုက်ဆံကိုယူလိုက်သည်။

ကျွမ်းကျွမ်း ကိုင်ထားသည့် ကဗျာစုစည်းမှုစာအုပ်ကိုမြင်သည့်အခါ ယန်ကျားမျက်လုံးတွေ တောက်ပလာသည်။

"ကျွမ်းကျွမ်း၊ ဒီကဗျာစာအုပ်က ကျွမ်းကျွမ်းဟာလား?"

ကျွမ်းကျွမ်းငုံ့ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။ ဒါက သူ့ရဲ့ဟာပင်။

ရှောင်းကောလည်း ကဗျာစုစည်းမှုစာအုပ်ကို ကြည့်လိုက်သည်။ သူမ နှစ်ကြိမ်လောက် မျက်တောင်ခတ်လိုက်ပြီး ယန်ကျားကို နားမလည်သလိုကြည့်လိုက်သည်။ ကဗျာစုစည်းမှုစာအုပ်မှန်း သူ ဘယ်လိုသိတာလဲ?

“အိုး....ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်လဲ စာဖတ်ရတာ ကြိုက်တယ်လေ။ ကဗျာအမျိုးအစားအားလုံးကို ကြိုက်တယ်ဆိုတော့ မြင်တာနဲ့ မထိန်းနိုင်တော့ဘူး"

ယန်ကျား ခေါင်းကုတ်ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

ရှောင်းကောလည်း နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "အစ်မသိပြီ"

ယန်ကျားကိုကြည့်ရင်း ကျွမ်းကျွမ်းမျက်လုံးတွေ တဖျပ်ဖျပ်ခတ်သွားသည်။ “သားမှာ အများကြီး ရှိတယ်၊ ကိုကို့ကို ငှားပေးလို့ရတယ်။ ဒါပေမဲ့ စာအုပ်တွေ မတွန့်အောင်တော့ ဂရုစိုက်ပေးနော်။ ဘယ်လိုလဲ?"

ကျွမ်းကျွမ်းလည်း ကဗျာကို အရမ်းသဘောကျသည်။ စာဖတ်ဝါသနာပါသူ တစ်ယောက်နှင့် တွေ့ရတာ သူအရမ်းပျော်သည်။ ယန်ကျားလည်း သူနှင့် အလားတူ စိတ်ဝင်စားမှု ရှိသည်ကြောင့် သူ့ရဲ့ ကဗျာစာအုပ်တွေကို မျှဝေပေးလိုစိတ်ရှိသည်။

ယန်ကျားလည်း အရမ်းပျော်သွားသည်။ သူ မတတ်နိုင်ဘဲ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ သို့သော် စိတ်မြန်လက်မြန် သဘောမတူသင့်တာကိုတော့ သူသိသည်။ ရှောင်းကော၏ ခွင့်ပြုချက်ကို အရင်ယူရမည်ဖြစ်သည်။ ထို့ကြောင့် သူ ရှောင်းကောကို လှမ်းကြည့်လိုက်သည်။

ရှောင်းကောလည်း ကျွမ်းကျွမ်းကို ကြည့်ကာ သူဘာတွေတွေးနေလဲဆိုတာ ခန့်မှန်းနိုင်သည်။ သူမ ခေါင်းညိတ်ပြလိုက်သည်။ "စာအုပ်တွေက ကျွမ်းကျွမ်းအပိုင်၊ ဒါကြောင့် သူ့မှာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်"

ကျွမ်းကျွမ်းတွင် အခွင့်အာဏာ အပြည့်ရှိသည်ဟု ဆိုလိုတာပင်။

ယန်ကျားမှာ သူမကို အရမ်းကျေးဇူးတင်ကြောင်းပြောပြီးနောက် ကျွမ်းကျွမ်းက သူ့ကိုအိမ်ထဲဆွဲခေါ်သွားတော့သည်။ ရှောင်းကော ကျွမ်းကျွမ်းအတွက် ဝယ်ထားပေးသည့် စာအုပ်စင်ဆီ သွားကြကာ ယန်ကျားကို သူဖတ်ချင်သည့် စာအုပ်တွေ ရွေးခိုင်းလိုက်သည်။

ယန်ကျားမှာ အခန်းထဲဝင်လာသည်နှင့် တပြိုင်နက် အံ့ဩသွားမိသည်။ သူ့မှာမေးရိုးပြုတ်ကျမတတ် အံ့ဩသွားမိသည်။ နံရံတွင် စာအုပ်တွေဖြင့် ပြည့်နေ၏။ ဘယ်မှညာသို့ သပ်သပ်ရပ်ရပ် စနစ်တကျ စီထားသည်။

အမျိုးအစား အမျိုးမျိုးဖြင့် စာအုပ်မျိုးစုံ ရှိသည်။ ယန်ကျားရဲ့ မျက်လုံးတွေမှာ ထိန်းမနိုင်သိမ်းမရဖြစ်သွားသည်။ ဒါက စာကြည့်တိုက် အငယ်စားလေး မဟုတ်ဘူးလား! အံ့သြစရာပဲ!

All Chapters