← Chapters

အခန်း (၁၁၈)

Vol. 8 Ch. 118

အခန်း (၁၁၈)

Vol. 8 Ch. 118

ကျွမ်းကျွမ်းသည် သူ၏စာအုပ်စုဆောင်းမှုအပေါ် အရမ်းဂုဏ်ယူနေကာ ယန်ကျား၏ တုံ့ပြန်မှုကို အရမ်းကျေနပ်နေ၏။ တစ်ဖန်၊ ရှောင်းကော သူ့အတွက် ပြင်ဆင်ထားပေးသည့်အပေါ် ကျေးဇူးတင်မှုတွေဖြင့် ပြည့်နှက်နေသည်။

ရှောင်းကော ဝယ်ထားပေးသည့် စာအုပ်တွေမှာ နံရံအပြည့်ပင်။ စာအုပ်စင်များကို နံရံတွင် သံချောင်းများ၊ သစ်သားပျဉ်ချပ်များဖြင့် ရိုက်ထားသည်။ ချင်းအန့်မင်နေသည့်အခန်းတွင်လည်း နံရံအပြည့်ကပ်ထားသည့် စာအုပ်စင်တစ်ခုက နေရာယူထားသည်။

ဤသည်မှာ နောင်တွင် ကျွမ်းကျွမ်း၏ အခန်းဖြစ်လာမည်ဖြစ်တာကြောင့် ရှောင်းကောမှာ သူ့အတွက် အခန်းကိုစောစောကတည်းက ပြင်ဆင်ထားရန် ဆုံးဖြတ်ထားသည်။

ယန်ကျားမှာ စာအုပ်တိုင်းကို ဖတ်ချင်သော်လည်း စာအုပ်တိုင်းကို အချိန်တိုအတွင်း ဖတ်ပြီးရန်မှာ မဖြစ်နိုင်ကြောင်းသူသိသည်။ အခက်အခဲများစွာဖြင့် သူသည် စာအုပ်သုံးအုပ်ကို ရွေးယူလိုက်ကာ မကြာခင် ပြန်ပေးမည်ဟု ပြောလိုက်သည်။ စာအုပ်တွေပြန်ဖတ်ရန် သူမြန်မြန်ဆန်ဆန် နှုတ်ဆက်လိုက်ကာ ပျော်ရွှင်စွာဖြင့် ထွက်သွားတော့သည်။

ယန်ကျားထွက်သွားပြီးနောက် ရှောင်းကောလည်း ရေချိုးခန်းအသစ်ရှေ့တွင် ရပ်ကြည့်ကာ ရွှင်မြူးနေသည်။ သူမကြည့်လေ ပိုပြီးကျေနပ်လာလေပင်။ တကယ့် မိုက်တယ်!

ကြမ်းခင်းနေရာကို ကြိုပြီးစီစဉ်ထားသည်။ ရေချိုးဇလုံကိုချထားပြီးသော်လည်း အပိုနေရာကျန်နေသေးသဖြင့် ဧရိယာသိပ်ကြီးကြီးမားမား မလိုပါချေ။

သစ်သားချက်ပါသည့် ပတ္တာတံခါးတစ်ခုရှိသည်။ အထဲဝင်ပြီးပါက တွန်းလိုက်သော်လည်းကောင်း ဆွဲလိုက်သော်လည်းကောင်း တံခါးပိတ်သွားမည်ပင်။

ရှောင်းကောမှာ မကျေနပ်မချင်း တံခါးကို အကြိမ်ကြိမ်ဖွင့်လိုက်ပိတ်လိုက်လုပ် နေမိသည်။

သစ်သားပျဉ်ချပ်ဖိုးများ ပေးဆောင်ရန် ကျန်နေသေးကြောင်း သူမသိ၏။ အိတ်ကပ်ထဲတွင် ပိုက်ဆံကိုထည့်ကာ သူမဆိုင်သို့သွားစဉ် ကျွမ်းကျွမ်းအား အိမ်စောင့်ထားခိုင်းလိုက်သည်။

ရှောင်းကော ဆိုင်ကိုမတွေ့မီ ရွာကိုဖြတ်၍ လမ်းတစ်ဝက်လောက် လျှောက်ခဲ့ရသည်။ အိမ်ရှေ့တံခါးကို ကျယ်ကျယ်ဖွင့်ထားသည်။ ရှောင်းကော တံခါးဝမှ အကြိမ်အနည်းငယ် အော်ခေါ်လိုက်သည်။ တစ်ယောက်ယောက် ထွက်လာမှသာ သူမအိမ်ထဲသို့ဝင်လိုက်သည်။

ရှောင်းကောက သူမရောက်လာရသည့်အကြောင်း ဆိုင်ရှင်ကို ပြောပြတဲ့အခါ ထိုအမျိုးသားက ပိုက်ဆံပေးပြီးပြီဖြစ်ကြောင်း မပြောခင် တစ်ခဏလောက် စဉ်းစားလိုက်သည်။ အားလုံး ငွေသုံးတုံးကျသည်။ ၎င်းအား ယန်ကျားစောစောလေးကတင် ပေးချေခဲ့တာဖြစ်သည်။

ဒီတစ်ခါတော့ ရှောင်းကော အံ့အားသင့်သွားသည်။ ယန်ကျား ပေးခဲ့တာလား?

ဒီယန်ကျားကတော့! ရှောင်းကော ရယ်မောမိသွားသည်။ ဘယ်လို‌တောင် ရိုးသားလိုက်တဲ့လူလဲ။ အဆုံးမှာတော့ သူငွေနှစ်တုံးသာ ရလိုက်သည်။ သူက တကယ် တစ်ဆင့်လေးတောင်မယူခဲ့ပေ။

ဆိုင်ရှင်အားနှုတ်ဆက်ပြီးနောက် ရှောင်းကောလည်း ထွက်လာလိုက်သည်။

လမ်းတစ်လျှောက်တွင် ယန်ကျားဟာ တကယ်ကောင်းသည့် ကလေးတစ်ယောက်ဟု သူမဘာသာတွေးလိုက်မိသည်။

ဟုတ်တယ် ကလေးပဲ‌လေ။ ဒီခေတ်အခါတွင်တော့ သူဟာဖခင်တစ်ဦးဖြစ်နိုင်သည့်အရွယ် ရောက်နေပြီဖြစ်သော်လည်း ရှောင်းကော၏ အမြင်တွင်တော့ သူဟာ ကျွမ်းကျွမ်းနှင့် ဆင်တူသည်။ သူတို့နှစ်ယောက်လုံးဟာ ကလေးတွေပင်။ ယန်ကျားဟာလည်း ကောင်ကလေးသာသာဖြစ်သည်။

"မေမေ၊ သား စာအုပ်စင်နဲ့ စာအုပ်တွေကို ဒုတိယအကြိမ် သန့်ရှင်းရေးလုပ်ပြီးသွားပြီ"

ကျွမ်းကျွမ်း မျက်ခုံးပင့်ကာ ရှောင်းကောအား အနမ်းတစ်ပွင့်တောင်းဆိုနေသည့်ပုံပင်။

ရှောင်းကောကတော့ ချီးကျူးဖို့ကို ဘယ်သောအခါမှ မတွန့်တိုနေပါချေ။ သူမက ကောင်လေးကို ချီးကျူးလိုက်ပြီး သူ့ကိုနမ်းရန် ကုန်းလိုက်သည်။

"သွားချက်ပြုတ်ရအောင်!"

ရှောင်းကော ကျွမ်းကျွမ်းကို မီးဖိုချောင်ဆီ ခေါ်သွားလိုက်သည်။

.....

မြို့တော်တွင်…

"တန်းဟယ်၊ ဒီနေ့ဘာလို့ ဒီကိုရောက်နေတာလဲ?"

လက်ရှိဧကရာဇ် ရှောက်ကျန့်သည် နဂါးပလ္လင်ပေါ်တွင် ငြိမ်သက်စွာထိုင်နေ၏။ သူ့လက်ထဲတွင် စုတ်တံတစ်ချောင်းရှိနေကာ ရုံးတော်အချက်အလက် စာရွက်တွင် အလျင်မလိုစွာ စာရေးနေသည်။

မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် ကျန်းတန်းဟယ်သည် သူ့နံဘေးတွင်ထိုင်နေကာ အနည်းငယ် မှိုင်တွေလွမ်းဆွေးနေ၏။ မသိနားမလည်ဟန် ဆောင်နေသည့် သူ့ရှေ့မှလူကို ကြည့်လိုက်သည်။ ကျန်းတန်းဟယ် ဘာပြောရမှန်းမသိတော့ပေ။

အခြားရွေးချယ်စရာမရှိသည့်အတွက် သူ့မှာ ရုံးတော်တွင် အကြိမ်မရေမတွက်နိုင်အောင် တင်ပြရုံသာရှိတော့သည်။

“အရှင်မင်းကြီး၊ နန်းတော်က လုံခြုံနေပါပြီ။ အရင်မင်းဆက်က အသက်ရှင်ကျန်ရစ်သူတွေအားလုံးကို ရှင်းပစ်ပြီးလို့ တာဝန်တွေလဲပြီးပါပြီ။ ကျွန်တော်မျိုးမိသားစု ဖြတ်သန်းခဲ့ရတဲ့ မတရားမှုတွေဟာလဲ ပြေလည်သွားပါပြီ။ ကျွန်တော်မျိုးရဲ့ အမေ၊ ဇနီးနဲ့ သမီးလေးကို အရမ်းအောက်မေ့လို့…”

ဧကရာဇ်သည် သူ၏စုတ်တံကိုချလိုက်ကာ ကျန်းတန်းဟယ်ကို ကြည့်လိုက်သည်။ သူ သက်ပြင်းချလိုက်သည်။ "ဒီတိုင်းပြောစမ်းပါ!"

"အရှင်မင်းကြီး၊ ကျွန်တော်အိမ်ပြန်ချင်တယ်"

ကျန်းတန်းဟယ်မှာ ပေါ့ပေါ့ပါးပါး စကားပြောရသည်နှင့် အသားမကျပါချေ။ သို့သော် သူ့အခြေအနေက မတူပေ။ မိမိအထက်လူကြီးကို မစော်ကားမိစေရန် ဂရုစိုက်သင့်သည်။

ဧကရာဇ်သည် အတွေးနက်စွာဖြင့် အဝေးကို မျှော်ကြည့်လိုက်သည်။ ယခု သူရောက်နေတဲ့နေရာကို ရောက်ဖို့ဆိုတာ မလွယ်ကူခဲ့ပေ။ ကျန်းတန်းဟယ်အပေါ် အကြွေးအများကြီးတင်နေသည်။ သူသာမရှိရင် ဒီလိုအနေအထားမျိုးမှာ သူဘယ်လိုလုပ် ထိုင်နေနိုင်ပါ့မလဲ? လက်အောက်ငယ်သား တစ်ဦးအနေဖြင့် ကျန်းတန်းဟယ်ဟာ သူ၏မရှိမဖြစ်လိုအပ်တဲ့ ညာလက်ရုံးဖြစ်ကာ သူ့ရဲ့လျှို့ဝှက်လက်နက်လည်းဖြစ်သည်။

သူငယ်ချင်းတစ်ယောက်အနေနှင့်ဆိုပါက သူရဲ့အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ်သည်။ ဤအနေအထားတွင် အနည်းငယ် အထီးကျန်သည်ဟု သူခံစားရမည်မှာ မလွဲမသွေပင်ဖြစ်သည်။ သူယုံကြည်ရသည့်သူဟာ ကျန်းတန်းဟယ်သာရှိ၏။ သူနှင့် စကားပြောနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာလည်း သူပင်ဖြစ်သည်။

ဒါဟာ သူ့ကိုပေးထားတဲ့ ကတိပင်။ ကျန်းတန်းဟယ်အနေနှင့် သူ့ကို ဧကရာဇ်ဖြစ်လာအောင် ကူညီပေးနိုင်သရွေ့တော့ တာဝန်ပြီးမြောက်ပြီဟု ယူဆနိုင်သည်။ ကျန်းမိသားစုအတွက် တရားမျှတမှုကို ယူပေးမည်ဟုလည်း ကတိပြုခဲ့သည်။ ယခုဟာ ကျန်းတန်းဟယ်အနေဖြင့် မွေးရပ်မြေနှင့် သူ့မိသားစုထံသို့ ပြန်ရမည့်အချိန်ဖြစ်သည်။

ဒါပေမဲ့....တကယ်တော့ သူ့ကို ပြန်မလွှတ်ချင်ဘူး...

“တန်းဟယ်၊ တောက်ပတဲ့အနာဂတ်က မင်းရှေ့မှာရှိနေတည။ ဒီမှာပဲနေပါ။ တခြားအရာတွေအားလုံးက နောင်ကျ မင်းဆီရောက်လာမှာ"

သူဆိုလိုသည်မှာ ကျန်းတန်းဟယ်မှ မက်မွန်ပွင့်ရွာရှိအရာအားလုံးကို စွန့်လွှတ်ကာ နန်းတော်တွင်သာ ဆက်လက်ရပ်တည်နေထိုင်ရန်ဖြစ်သည်။ သူ့မှာ ငွေကြေးနဲ့ အဆင့်အတန်းရှိလာတဲ့အခါကျ မိန်းမဖြစ်ဖြစ် ကလေးဖြစ်ဖြစ် သူလိုချင်တာမှန်သမျှ သူ့ဆီရောက်လာလိမ့်မည်ပင်။

ကျန်းတန်းဟယ်လည်း ဧကရာဇ်ပြောချင်သည့်စကားကို နားလည်သည်။ သူကတော့ ဧကရာဇ်မင်း၏ အနည်းငယ် လှည့်ဖြားလိုသည့် အသံထဲ မယိမ်းယိုင်သွားပါချေ။ သူ့ကို ခိုင်ခိုင်မာမာကြည့်ကာ ခေါင်းယမ်းလိုက်သည်။ သူ သူတို့ဆီ ပြန်ချင်သေးတုန်းပဲ။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ နောက်ဆုံးတော့ ရှောက်ကျန့်သက်ပြင်းတစ်ချက်ချလိုက်တော့သည်။ "မေ့လိုက်တော့၊ မေ့လိုက်တော့။ ဘယ်လိုတောင် ခေါင်းမာလိုက်သလဲ!"

“လာမယ့်နွေဦးကျရင်ပြန်။ ငါ့ရဲ့နောက်ဆုံးခရီးကို ကူညီပေးပါအုံး"

ဧကရာဇ်သည် ကျန်းတန်းဟယ်ကို အလေးအနက်ထားကာ သူ၏နောက်ဆုံးတောင်းဆိုချက်ကို စိတ်ရင်းမှန်ဖြင့်ဖော်ပြလိုက်သည်။

ကျန်းတန်းဟယ်မှာ ငြင်းဆန်ရန် ကြံရွယ်ထားသည်။ အိမ်ပြန်ချင်သည့်အတွေးက သူ့ကို အချိန်အတော်ကြာအောင် နှိပ်စက်နေခဲ့သည်။ သူ့မိသားစုကို နေ့ရောညပါ လွမ်းနေမိသည်။ ထိုခဏ၌ သူ့တွင်အတောင်ပံတွေပေါက်ကာ မက်မွန်ပွင့်ရွာသို့ ချက်ချင်းပျံသွားချင်မိသွားသည်။ စဉ်းတောင်မစဉ်းစားဘဲ ရှောက်ကျန့်၏ တောင်းဆိုချက်ကို သူငြင်းလိုက်သည်။

ရှောက်ကျန့်ကလည်း သူ့ကို ငြင်းမယ်မှန်း ပြောနိုင်သည့်အတွက် ကျန်းတန်းဟယ် ပါးစပ်မဟခင် သူအရင်ပြောလိုက်သည်။ “မင်းရဲ့ညီအစ်ကိုတွေကိုလဲ စဉ်းစားပေးရမှာပေါ့”

ကျန်းတန်းဟယ်၏ ကိုယ်ဟာ အေးခဲသွားတော့သည်။ ဒါအမှန်ပင်။ သူနဲ့အတူ အသက်စွန့်ခဲ့တဲ့ စစ်သည်တွေ ဘာဖြစ်သွားမလဲ? တစ်ဖက်တွင် သူ့မိသားစုနှင့် တစ်ဖက်တွင် အသက်စွန့်စားခဲ့ရသည့် သူ့ညီအစ်ကိုတွေဖြစ်သည်။ ကျန်းတန်းဟယ် အကျပ်ရိုက်သွားတော့သည်။

အတွေးတွေနှင့် တာဝန်ဝတ္တရားတွေဟာ ကျန်းတန်းဟယ်ကို ဆွဲထားလိုက်တော့သည်။ ခဏအကြာ သူအသက်ရှူထုတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ လာမယ့်နွေဦးကျမှပေါ့”

နောက်ဆုံးတွင် သူ၏လက်ရှိတာဝန်ဟာ ဦးစားပေးအဖြစ် ရှိနေဆဲပင်။ သူ့မိသားစုကို အရမ်းလွမ်းနေပေမယ့် သူနှင့်အတူ အေးအတူပူအမျှ ဖြတ်သန်းခဲ့ရတဲ့ သူ့ညီအစ်ကိုတွေကိုလည်း မစွန့်လွှတ်နိုင်ပါချေ။ မပြီးဆုံးသေးသည့် တာဝန်များအားလုံးကို အေးအေးချမ်းချမ်းနှင့်သူအိမ်မပြန်ရသေးခင် ပြေလည်သွားအောင် ဖြေရှင်းရမည်ပင်။

ကျန်းတန်းဟယ်မှာ လွမ်းဆွေးသည့်ခံစားချက်ဖြင့် နန်းတော်မှထွက်ကာ သူ၏ယာယီနေထိုင်ရာသို့ မြင်းစီးကာပြန်သွားတော့သည်။ သူမြင်းပေါ်ကနေ ချက်ချင်းမဆင်းလိုက်ပေ။ လီရှို့ကျီက သူ့ကို စောင့်နေသည်။

ကန်ချက်တစ်ခုဖြင့် ကျန်းတန်းဟယ် မြင်းပေါ်မှ ဆင်းလိုက်သည်။ လီရှို့ကျီက ဇက်ကြိုးကို ထိန်းထားကာ သူ့ဘေးမှ လိုက်လာသည်။ တစ်ခုခုဖြစ်ခဲ့မှန်း လီရှို့ကျီပြောနိုင်သည်။ ဘယ်လိုလုပ် နန်းတော်ကနေ ပြန်လာတော့ အများကြီး အိုစာသွားသလိုဖြစ်သွားတာလဲ?

လီရှို့ကျီ၏ မေးခွန်းနှင့် ရင်ဆိုင်ရသည့်အခါ ကျန်းတန်းဟယ်က သူ့လည်းနားမလည်ဟု အဓိပ္ပာယ်ရသည့်အကြည့်တစ်ချက်‌ပေးလိုက်သည်။ လီရှို့ကျီ မျက်လုံးပြူးသွားသည်။

လီရှို့ကျီ နားမလည်ပေ။ သူသည် ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ကာ တစ်ဦးတည်း ကြီးပြင်းလာခဲ့တာဖြစ်သည်။ ကျန်းတန်းဟယ်နှင့်သာ မဆုံခဲ့ပါက သူမြို့ဝင်ပေါက်မှာတင် အခိုးခံလိုက်ရမှာပင်။

ကျန်းတန်းဟယ်ဟာ မဆုံးဖြတ်နိုင်သည့်သူ မဟုတ်တာကြောင့် စစ်တပ်ကို သုရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အိမ်မပြန်ခင်မှာ သူ့စစ်တပ်၏ အုပ်ချုပ်မှုကို ဖြေရှင်းဖို့ သူသေချာပေါက် အာရုံစိုက်ကာ အားစိုက်ထုတ်လိမ့်မည်ပင်။ သို့သော် သူသည် ရံဖန်ရံခါ ဝမ်းနည်းသလို ခံစားရကာ သူ့မိသားစုအပေါ် အားနာနေတတ်သည်။

ရှောင်းကောတစ်ယောက်တည်း အိမ်တွင် သူ့အမေနှင့် ကလေးကို ပြုစုစောင့်ရှောက်နေရသည်ဆိုသည့် အတွေးဟာ သူ့ကိုဝမ်းနည်းစေသည်။

ကျန်းတန်းဟယ်မှာ အိမ်ပြန်ချင်စိတ်ကို ဆိုးဆိုးရွားရွား ထိန်းချုပ်ခဲ့ရသည် — ကုန်ဆုံးသွားသည့်နေ့ရက်တိုင်းဟာ သူ့အတွက် စိတ်ဆင်းရဲစရာတစ်ခုလိုပင်။ အကယ်၍ သူသာ နှစ်ကိုယ်ခွဲနိုင်လျှင် စစ်တပ်ကိစ္စတွေကိုကိုင်တွယ်ပြီးကာ အိမ်ပြန်နိုင်တော့မည်ဖြစ်သည်။

တစ်နေ့ ကျန်းတန်းဟယ် နန်းတော်မှ ထွက်ခွာကာ အိမ်ပြန်ခဲ့သည်။ လီရှို့ကျီ မောင်းသည့်မြင်းလှည်းပေါ်တွင် သူထိုင်နေသည်။ ဒီတိုင်းထိုင်နေကာ ဘာမှလုပ်စရာမရှိတာက သူ့အတွက် ရှားရှားပါးပါး အခွင့်အရေးပင်။ အပြင်ဘက်တွင် စည်ကားနေသည့် မြို့ကိုကြည့်ရန် ကန့်လန့်ကာကို သူ့လက်တစ်ဖက်နှင့် ဖယ်လိုက်သည်။

ပတ်ပတ်လည်ကို လိုက်ပတ်ကြည့်လိုက်တော့ ဆိုင်ငယ်လေးကို ရုတ်တရက် သူတွေ့လိုက်ရသည်။ ကျန်းတန်းဟယ်၏ မျက်လုံးတွေ တောက်ပလာကာ လီရှို့ကျီကိုလှည်းရပ်ခိုင်းလိုက်သည်။

လီရှို့ကျီမှာ နားမလည်သော်လည်း လှည်းရပ်ရန် နေရာရှာလိုက်သည်။

All Chapters