← Chapters

အခန်း (၁၂၁)

Vol. 9 Ch. 121

အခန်း (၁၂၁)

Vol. 9 Ch. 121

ရှောင်းကောသည် ချင်းအန့်မင်အတွက် ဖိနပ်ချုပ်ရန် အချိန်များစွာ ကြိုးစားအားထုတ်ခဲ့ရာ ကျွမ်းကျွမ်းမှာ မနာလိုစပြုလာသည်။

"မေမေ သားကိုအချိန်မပေးတာ နှစ်ရက်ရှိပြီ!"

ကျွမ်းကျွမ်း၏ မျက်လုံးလေးတွေဟာ တစ်စုံတစ်ခုကို ပြောချင်နေသလိုမျိုး ဟိုကြည့်ဒီကြည့်ဖြစ်နေသည်။

ရှောင်းကောမှာ သူမ လုပ်နေသည့်အလုပ်တွင် လုံးလုံးလျားလျားကို စွဲလန်းနေသည်။ သူမသည် ဖိနပ်လုပ်နည်း သင်ထားခါစဖြစ်ကာ အိမ်မှာရှိနေသည့် တိရိစ္ဆာန်တွေအတွက်တောင် ဖိနပ်ချုပ်ပေးချင်နေသည့်ပုံပင်။

ကျွမ်းကျွမ်းမှာ ရှောင်းကော၏ အာရုံကိုဆွဲဆောင်ရန် အစွမ်းကုန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော်လည်း သူမ လုံးဝဂရုမစိုက်ဘူးလို့ ပြောတာတော့ မမှန်ပါချေ။ ရံဖန်ရံခါတွင် သူမသည် ခေါင်းငုံ့ကာ ကျွမ်းကျွမ်းကို နမ်းလေ့ရှိပြီး ကျွမ်းကျွမ်း သူမကိုပြန်မနမ်းရသေးခင် ရှောင်းကောမှာ သူမ၏ခေါင်းအား ဖိနပ်ချုပ်တဲ့ဆီတွင်သာ ထပ်ပြီးနှစ်ထားပြန်သည်။

သူမ ဖိနပ်တစ်ရံကို အပြီးသတ်ရန် သုံးရက်ကြာခဲ့သည်။ သူမ မျှော်လင့်ထားသည်ထက် တစ်ရက်ပိုခဲ့သည်။ ဖိနပ်၏ အလယ်တွင်၊ မှားချုပ်ထားမိသည့် အကွက်တစ်ခုရှိနေသည်ကြောင့် ရှောင်းကောသည် ထိုအပိုင်းကိုထုတ်ကာ ပြန်ချုပ်လိုက်ရသည်။

"ကျွမ်းကျွမ်း၊ မနက်ဖြန် ဦးလေးဆီ ဖိနပ်သွားပို့ကြမလား?"

ရှောင်းကော နောက်ဆုံးချုပ်ရိုးချုပ်ပြီးနောက် ကျန်ချည်များကိုညှပ်နေရင်း ကျွမ်းကျွမ်းအား ပြောလိုက်သည်။ ပြီးသွားသည့် ဖိနပ်တစ်ရံကို စားပွဲပေါ်တင်ကာ သူမဘေးတွင်ထိုင်နေတဲ့ ကောင်လေးကို ကြည့်လိုက်သည်။

"အင်း အင်း သွားမယ်!"

ရှောင်းကော နောက်ဆုံးတွင် ဖိနပ်ကိုချလိုက်တာ မြင်တော့ ကျွမ်းကျွမ်းဝမ်းသာအားရ ခုန်ပေါက်လိုက်သည်။ နောက်ဆုံးတော့ သူ့မေမေဖိနပ်ချုပ်ပြီးသွားပြီ!

ကျွမ်းကျွမ်း‌ဆီမှ လက်ခံကြောင်းရလိုက်သဖြင့် ရှောင်းကောလည်း ပျော်ရွှင်စွာ အိပ်ရာဝင်လိုက်သည်။

နောက်တစ်နေ့မနက်တွင် ရှောင်းကောသည် စားသောက်ပြီးပြီးချင်း မသွားပေ။ ယခု ရာသီဥတုဟာ ပိုအေးလာသည်။ ရှောင်းကောသည် အေးတဲ့ရာသီဥတုကို သဘောမကျသည်ကြောင့် အပူချိန်ပိုမြင့်သည့် မွန်းတည့်ချိန်တွင် သွားရန်ရွေးချယ်လိုက်သည်။ ထိုအချိန်တွင် နေရောင်ခြည်သည် သူမအား နွေးထွေးမှုပေးကာ ကျွမ်းကျွမ်း အအေးမိမှာကိုလည်း သူမ စိတ်ပူနေစရာမလိုတော့ပေ။

ရှောင်းကော နေ့လယ်စာကို ကြိုပြင်ဆင်လိုက်သည်။ မြန်မြန်စားသောက်ပြီးပါက မြန်မြန်သွားနိုင်လေပင်။ နေမ၀င်ခင်အိမ်ပြန်ရန် သူမစီစဉ်ထားသည်။

ရှောင်းကောမီးမွှေးကတည်းက ကျွမ်းကျွမ်းသည် သူမအနားတွင်သာရှိနေ၏။ ရှောင်းကော စဉ့်တီတုံးပေါ်တွင် အသီးအရွက်တွေ လှီးဖြတ်နေတုန်း တံခါးခေါက်သံထွက်လာသည်။ ပထမတော့ ရှောင်းကော မကြားပေ။ ကျွမ်းကျွမ်းက မီးဖိုချောင်တံခါးအနီးတွင် ရပ်နေသည်ကြောင့် အိမ်ရှေ့မှ ခေါက်သံကြားလိုက်ရသည်။

ကျွမ်းကျွမ်း ရှောင်းကော၏ အင်္ကျီစအားလှမ်းဆွဲကာ ရပ်ခိုင်းလိုက်သည်။

ရှောင်းကောမှာ ကျွမ်းကျွမ်းဆီမှ အဆွဲခံရသလို ခံစားလိုက်ရသည်ကြောင့် သူမ ဓားကိုချလိုက်ကာ ကျွမ်းကျွမ်း စကားပြောနိုင်စေရန် လှည့်ကြည့်လိုက်သည်။

“မေမေ၊ တစ်ယောက်ယောက် လာတယ်"

ကျွမ်းကျွမ်းက အိမ်ရှေ့တံခါးကို ညွှန်ပြလိုက်သည်။ ထိုအချိန်တွင် တံခါးခေါက်သံ ထပ်မံထွက်ပေါ်လာသည်။

ရှောင်းကော၏ သဘောတူချက်ဖြင့် ကျွမ်းကျွမ်းလည်း တံခါးကိုဖွင့်ရန် အမြန်ပြေးထွက်လာလိုက်သည်။ ရှောင်းကောက သူ့နောက်မှအနီးကပ်လိုက်လာသည်။

ကျွမ်းကျွမ်းက တော်တော်လေးသတိထားသည်။ သူတံခါးကို အနည်းငယ်ဖွင့်ကာ အပြင်ကိုလှမ်းကြည့်လိုက်သည်။ သူ မသိတဲ့သူတစ်ယောက်ဖြစ်နေသည်ကြောင့် ကျွမ်းကျွမ်းက တံခါးမဖွင့်ပေးချေ။ သူ ရှောင်းကောဆီ လွဲပေးလိုက်သည်။

ရှောင်းကော ကျွမ်းကျွမ်း၏ အမူအရာကိုကြည့်ကာ အနည်းငယ် ထူးဆန်းသည်ကို တွေ့လိုက်ရသည်။ ဒီကလေးက မရှက်တတ်ပေ။ တံခါးရှေ့မှာ သူစိမ်းတစ်ယောက်ရှိနေလို့များလား? ဘယ်သူများလဲ?

ထိုအတွေးများဖြင့် ရှောင်းကောလှမ်းလာကာ အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်။

"အမ်?" ရှောင်းကော တံခါးနောက်မှ ဧည့်သည်ကို ကြည့်လိုက်သည်။ သူစိမ်းတော့ မဟုတ်ပေ။ ယခင်က သူမအား ပိုင်ဆိုင်မှုတွေလွှဲပေးရန် လာဖူးသည့် ရွာသူကြီးဇနီးဖြစ်သည်။

"အဒေါ်လား?"

သူမ ဘာကြောင့် ရောက်လာတာလဲဟု သိချင်တာကြောင့် သူမကို ဝင်ခွင့်ပေးရန်တံခါးကိုတွန်းဖွင့်လိုက်သည်။

ရွာသူကြီး၏ဇနီးက သူမဝင်တော့ကြောင်း လက်ဝှေ့ယမ်းပြလိုက်သည်။ " ရှောင်းကော အခုအားလား? ပြောစရာရှိလို့"

ရှောင်းကော ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်မအားပါတယ်"

ရွာသူကြီး၏ ဇနီးသည် ရှောင်းကောအား သူမအိမ်သို့လိုက်လာရန်ပြောလိုက်သည်။

"ဘာဖြစ်လို့ အဒေါ့်အိမ်ကို သွားရမှာလဲဟင်?"

သူမပုံစံက စိတ်လှုပ်ရှားစိုးရိမ်နေသည်ကြောင့် ရှောင်းကော နားမလည်ဖြစ်သွားရသည်။ သူမတို့ မိသားစုနှစ်စုဟာ အမြဲတမ်း အဆက်အသွယ်ရှိတာမဟုတ်ပေ။ ဒီနေ့ဘာလို့ဒီလောက်လျှို့ဝှက်နေရတာလဲ?

“အသေးစိတ်ပြောပြဖို့ အချိန်မရှိဘူး။ မြို့တော်ကနေ တစ်ယောက်ယောက်ရောက်နေတယ်။ ငါနဲ့အတူ မြန်မြန်လိုက်လာခဲ့။ လမ်းမှာ မင်းကိုပြောပြမယ်"

ရွာလူကြီး၏ ဇနီးသည် ရှောင်းကောအား အိမ်အပြင်သို့ ခေါ်ထုတ်ရန် ကြိုးစားလိုက်သည်။ သူမအိမ်ရှိ အရာရှိတချို့ကြောင့် စိုးရိမ်နေမိသည်။ အချိန်အကြာကြီးစောင့်နေရပါက သူတို့စိတ်မရှည်နိုင်လောက်ပေ။

သေချာပေါက် ရှောင်းကောမှာ သူမနဲ့လိုက်လို့မရသေးပေ။ မီးဖိုတွင် မီးမွှေးထားဆဲပင်။

“မဟုတ်ဘူး ‌အဒေါ်။ အိမ်ထဲမှာ ချက်ပြုတ်နေတာ။ ဒီတိုင်းထားထားလို့မရဘူး။ ဘာဖြစ်လို့လဲ?"

ရွာလူကြီး၏ ဇနီးမှာ သူမ၏ "ရှင်းအောင်မပြောပြရင် မလိုက်နိုင်ဘူး" ဆိုသည့်မျက်နှာကိုမြင်လိုက်ရသည်။ ရွေးချယ်စရာမရှိတော့ပဲ ရွာလူကြီးဇနီးမှာ သူမအား အတိုချုံး ရှင်းပြလိုက်ရသည်။ စိုးရိမ်လွန်သွားသည့် သူမ၏အမှားပင်။

“ဒီလို။ မင်းရဲ့ယောက္ခမတွေက မြို့တော်မှာ နေခဲ့ဖူးတယ်။ တစ်ခါမှာ သူတို့အမှားလုပ်မိပြီး ရွာမှာ အခြေချနေထိုင်ခဲ့ရတာ။ မြို့တော်ထဲကိုလဲ ဝင်ခွင့်မရခဲ့ကြဘူး။ ဧကရာဇ်အသစ် နန်းတက်ပြီးသွားတော့ ကျန်းမိသားစုရဲ့ကိစ္စကိုဖျက်ပြီး သူတို့၏ နာမည်ကို ပြန်ထူထောင်ခွင့်ရလိုက်တယ်။ အခု မြို့တော်ကို ဝင်ခွင့်ရသွားပြီ။ ဘုရင်မင်းမြတ်က မင်းရဲ့ယောက္ခမတွေရဲ့သင်္ချိုင်းကို မြို့တော်မှာ ပြန်သင်္ဂြိုလ်ဖို့ တစ်ယောက်ယောက်ကိုလွှတ်လိုက်တာ"

ရွာလူကြီး၏ ဇနီးက ဇာတ်လမ်းတစ်ခုလုံးကို တစ်ချက်တည်းနှင့် ရှင်းပြလိုက်သည်။ ရှောင်းကော ထိုစကားကိုကြားသည့်အခါ အံ့ဩသွားသည်။ အမျိုးသမီးကျန်း အရင်ကပြောပြခဲ့တာကို သူမ ကြားဖူးသည်။ ထိုအချိန်တုန်းက ရှောင်းကောမှာ ကျွမ်းကျွမ်းကို မွေးပြီးခါစပင် ရှိသေးသည်။ အမျိုးသမီးကျန်းသည် အိပ်ယာပေါ်ရှိကလေးအား ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ငါတို့သာ မြို့တော်မှာရှိနေရင် မင်းလေးက ရွှေဇွန်းကိုက် မွေးလာလိမ့်မှာ"

ထိုအချိန်တုန်းက ရှောင်းကောမှာ မီးဖွားပြီးခါစဖြစ်သည်ကြောင့် သိပ်ဂရုမစိုက်မိခဲ့ပေ။ အခု ရွာလူကြီးရဲ့ဇနီး ပြောလာတော့ သူမ တစ်ချို့တစ်လေကို မှတ်မိလိုက်သည်။

_'ကျန်းမိသားစုရဲ့ နောက်ခံကဘာလဲ? ဧကရာဇ်ကပါ ဒီကိစ္စမှာပါနေတယ်တဲ့'_

ရှောင်းကောမှာ ထူးဆန်းသည်ဟု ထင်မိသည်။ ကျန်းမိသားစုသည် ယခင်က အလွန်ချမ်းသာကြောင်း သူမသိသော်လည်း သူတို့၏ အလုပ်အကိုင် အတိအကျကိုတော့ သူမ သေချာမသိပါချေ။

"သွားရအောင် ရှောင်းကော၊ တာဝန်ရှိသူတွေ စောင့်နေတာ ကြာပြီ”

ရွာလူကြီးရဲ့ဇနီးဟာ အနည်းငယ် စိုးရိမ်နေမိသည်။ ရှောင်းကော မလှုပ်ရှားသေးသည်ကို မြင်သဖြင့် သူမကိုဆွဲခေါ်သွားလုနီးနီးပင်။

"ကောင်းပြီ ကျွန်မနားလည်ပါတယ်။ ကျွန်မ ကျွမ်းကျွမ်းကိုပြောလိုက်အုံးမယ်"

ရှောင်းကောတွင် ကျွမ်းကျွမ်းအားခေါ်သွားရန် အစီအစဉ်မရှိပေ။ ရွာလူကြီး၏ ဇနီးသည် အလွန်စိုးရိမ်နေပြီး အရာရှိတချို့အကြောင်းကိုလည်း ဆက်လက်ပြောပြနေသည်။ ရှောင်းကောမှာ အခြေအနေကို ကောင်းကောင်း နားမလည်တာကြောင့် အရင်သွားစစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ၊ မြန်မြန်လုပ်"

ရှောင်းကော ကျွမ်းကျွမ်းကို မီးဖိုချောင်ဆီခေါ်သွားလိုက်သည်။ "ကျွမ်းကျွမ်း မေမေ အပြင်ခဏသွားမယ်။ အိမ်မှာနေနေ‌နော်၊ မီးသတ်ပြီး ရေဖြန်းလိုက်။ တံခါးကိုအထဲကနေ သော့ခတ်ထား။ မေမေကလွဲပြီး တခြားဘယ်သူ့ကိုမှ တံခါးမဖွင့်ပေးနဲ့နော်။ နားလည်လား?"

ရှောင်းကောမှာ တကယ်ပဲ ဘာတွေဖြစ်နေမှန်းမသိပေ။ ဒီအတောတွင်းမှာ ဘာသတင်းမှ သူမ မကြားခဲ့ရပေ။ ဤကိစ္စသည် မည်သည့်နေရာမှ ရုတ်တရက် ထွက်ပေါ်လာသလဲဆိုတာ သူမတွေးလိုက်မိသည်။

ကျွမ်းကျွမ်းက သူမရဲ့ညွှန်ကြားသည်ကို နားထောင်ကာ သူတံခါးသော့ခတ်နေသည်ကို သူမ ကိုယ်တိုင်မြင်မှ ရွာလူကြီး၏ ဇနီးဖြစ်သူနှင့်အတူ သူမအိမ်ဆီ လိုက်သွားလိုက်သည်။

လမ်းတစ်လျှောက်တွင် ရွာလူကြီးဇနီးက ရှောင်းကောကို အသေးစိတ် အချက်အလက်တွေ ပြောပြသည်။ ရှောင်းကော အာရုံစိုက်နားထောင်ကာ နောက်ဆုံးတော့ ဇာတ်လမ်းတစ်ခုလုံးကို သဘောပေါက်သွားတော့သည်။

ဧကရာဇ်သစ် နန်းတက်လာပြီးတဲ့နောက် ကျန်းမိသားစုအပေါ် ပြုခဲ့သည့် မတရားမှုများကို ရုတ်သိမ်းပေးခဲ့သည်။ အဆိုပါအမိန့်ကို လက်ခံရရှိသူမှာ မြို့တော်မှအခွန်ဝန်ကြီးဖြစ်သည်။ ယုံဟိုင်ကောင်တီမှ ခရိုင်တရားသူကြီးနှင့်အတူ သူတို့သည် ရှောင်းကောတို့ ရွာလူကြီး၏ အိမ်တွင် စောင့်နေကြသည်။

ရှောင်းကော ထိုစကားကိုကြားပြီးနောက် လုံးလုံးသဘောပေါက်သွားတော့သည်။ ရွာလူကြီး၏ ဇနီးမှာ အဘယ်ကြောင့် ဤမျှအလျင်လိုနေရသလဲဟု သူမသိချင်ခဲ့တာဖြစ်သည်။ ဆိုတော့ ဒါကြောင့်ပေါ့။ တကယ်တော့ သူမဘယ်လိုလုပ် မစိုးရိမ်ဘဲနေမှာတဲ့လဲ? ခရိုင်ငယ်လေးတစ်ခုမှ ရွာလူကြီးတစ်ဦး၏ အမြင်တွင် အရာရှိနှစ်ဦးဟာ သူ့ထက် အဆများစွာ တန်ခိုးကြီးသည်။ သူ ဘယ်လိုလုပ် မကြောက်ဘဲနေနိုင်မှာလဲ?

ဒါကိုတွေးလိုက်မိတော့ ရှောင်းကောအနည်းငယ် လွန်ဆွဲသွားမိသည်။ သူ‌မ ရောက်သွားရင် ဒူးထောက်ပြီး အရိုအသေပေးရမှာလား? ခြေထောက်တစ်ဖက်တည်းနဲ့လား ဒါမှမဟုတ် ခြေထောက်နှစ်ဖက်စလုံးနဲ့လား? ခေါင်းငုံ့ထားရမှာလား ဒါမှမဟုတ် မြေကြီးပေါ်မှာ ဝပ်နေရမှာလား? သူမ ဘာတွေ ပြောရမလဲ? နန်းတော်ထဲတွင် မောင်းမမိဿံများနှင့် အစေခံများရှိသည်ကို သူမမှတ်မိသည်။ သာမာန်ရွာသား တွေကရော ဘယ်လိုအရိုအ‌သေပေးကြလဲ? သူမ လမ်းပျောက်သလို ခံစားလိုက်ရသည်။

ရှောင်းကော ရွာလူကြီး၏ ဇနီးနှင့်အတူ သူ့အိမ်သို့ လိုက်သွားလိုက်သည်။

သူတို့အိမ်ထဲမဝင်ခင် တံခါးဝတွင်စောင့်ကြပ်နေသည့် ရထားလုံးတွေနှင့် တပ်သား အရေအတွက်‌တွေကြောင့် ရှောင်းကော အံ့အားသင့်သွားမိသည်။

ဒါဟာ တပ်သားအစစ်ကို သူမ ပထမဆုံးမြင်ဖူးတာပင်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို သူမ တီဗီထဲတွင်သာ မြင်ဖူးသည်။

အိမ်ဝင်ပေါက်အနီးတွင် ရွာလူကြီးရှိနေချိန် နောက်ပါအခြွေအရံတွေဟာ သူ့အိမ်‌ပေါက်မှနေ မြစ်ကမ်းတစ်လျှောက်အထိ စီတန်းနေသည်။

ဝင်ပေါက်တွင် ရပ်ထားသည့် ရထားလုံးကို ရှောင်းကောအနီးကပ် ကြည့်လိုက်သည်။ ရှေးခေတ် ရထားလုံးများတွင် အမှတ်တံဆိပ်များရှိပါက ဤရထားလုံးဟာ ယနေ့ခေတ် BMW ပင်ဖြစ်လိမ့်မည်။ သူမ၏ကိုယ်ပိုင်မြည်းလှည်းလေးနှင့် ယှဉ်ကြည့်လိုက်မိသည်။

မေ့လိုက်တော့… လိုက်ယှဥ်တာက ရူးမိုက်တာပဲ…

All Chapters