← Chapters

အခန်း (၁၂၂)

Vol. 9 Ch. 122

အခန်း (၁၂၂)

Vol. 9 Ch. 122

ရှောင်းကော အကြည့်ပြန်ရုတ်လိုက်ကာ တန်းစီနေသည့် တပ်သားများကို ကြည့်လိုက်သည်။ တကယ်တော့ သူတို့ဟာ တကယ့်တပ်သား‌တွေပင်။ ဤသည်မှာ ရှောင်းကောစိတ်ထဲသို့ ဝင်လာသည့် တစ်ခုတည်းသော အတွေးဖြစ်သည်။

_'အယ်? ချပ်ဝတ်တန်ဆာတွေ ဝတ်ထားတာလား? အိုး၊ သူတို့က တကယ်အစစ်တွေပဲ!'_

ရှောင်းကော တကယ်ကို အမြင်ပွင့်သွားရသည်။ သို့သော် အိမ်ရှေ့တံခါးမှနေဝင်လာပြီးနောက် သူမကိုယ်သူမ ထိန်းလိုက်သည်။ ဘယ်သူမှ သူမကိုဒီလိုမျိုး မမြင်စေရဘူး။

ရှောင်းကောသည် ရွာလူကြီး၏ ဇနီးနောက်သို့ တည်တည်ငြိမ်ငြိမ်ဖြင့် လိုက်သွားသည်။ သူမ လိုက်မကြည့်တော့ဘဲ အေးအေးဆေးဆေးဖြင့် ရှေ့ကိုသာကြည့်နေလိုက်သည်။

အိမ်ရှိလေထုဟာ တည်ငြိမ်နေသဖြင့် လူတိုင်း၏ အသက်ရှူသံကိုတောင် ရှင်းရှင်းလင်းလင်းကြားနိုင်လောက်သည်။ အဆင့်မြင့်အရာရှိနှစ်ဦးသည် ဧည့်ခန်းတွင်ထိုင်ကာ ရေနွေးကြမ်းကို အေးအေးဆေးဆေး သောက်နေကြသည်။

ရွာသူကြီးက မတ်တပ်ရပ်နေကာ စိုးရိမ်တကြီးဖြစ်နေ၍ သူ့နောက်ကျောက ပိုလို့တောင် ကွေးညွတ်နေ၏။

သူသည် ရွာသူကြီးတစ်ဦးမျှသာဖြစ်သည်။ သူ့ရှေ့တွင် အဆင့်မြင့်အရာရှိ နှစ်ယောက် ထိုင်နေသဖြင့် သူမျက်တောင်တောင် မခတ်ရဲပေ။

သူ့ဇနီးသည် ရှောင်းကောအား အမြန်ခေါ်လာ၍ သူ့ကိုကယ်တင်မည်အားမျှော်လင့်ကာ တံခါးဆီသို့ စိုးရိမ်တကြီးကြည့်နေ၏။

ဒုက္ခရောက်နေသူဟာ သူတစ်ဦးတည်း မဟုတ်ပါချေ။ ယုံဟိုင်ကောင်တီ၏ ခရိုင်တရားသူကြီး သခင်လျှိုဟာလည်း ဒုက္ခရောက်နေ၏။ သူ့ကို ယုံဟိုင်ကောင်တီတွင် အကောင်ကြီးဟု ယူဆထားကာ ယခုဒီလူတွေ၏ ဘေးတွင် ထိုင်နေသည်။ ဒီလူတွေ မြို့တော်ကဆိုတဲ့အချက်ကို ဘေးဖယ်ထားဦး၊ လက်ထောက်ဝန်ကြီးတစ်ဦးဖြစ်သော်လည်း ခရိုင်တရားသူကြီးဖြစ်သည့် သခင်လျှိုကိုတော့ လုံးဝလွှမ်းမိုးနိုင်သည်။

ပြင်ပလူများ၏ အမြင်တွင် သခင်လျှိုသည် ရေနွေးကြမ်းကို အေးအေးဆေးဆေး သောက်နေသည်။ သို့သော် သူ့ခြေထောက်တွေ ထုံနေမှန်း သူသာသိသည်။ သူ့ကိုယ်ဟန်အနေအထားကို ထိန်းထားရကာ လုံးဝမလှုပ်ရှားရဲပေ။ သူ့ပါးစပ်နားတွင် ကိုင်ထားသည့် ရေနွေးကြမ်းခွက်ထဲတွင် ရေတွေတော်တော်ကုန်နေပြီ။ သို့သော် သူ ရေမတောင်းရဲပေ။ ကြီးကျယ်ခမ်းနားသည့် အရာရှိကြီးဟာ သူ့အနားတွင် ရှိနေသေးသည်။ သူ့လို အသေးအမွှား ခရိုင်တရားသူကြီးအနေဖြင့် သူ့ပါးစပ်ကို ဘယ်လိုလုပ်ဖွင့်ရဲမှာလဲ? ရွာလူကြီးသည် သူ့ကိုမြင်ပါက သူ့အတွက် ရေထည့်ပေးလိမ့်မည်ဟု မျှော်လင့်ကာ အစမ်းသဘောဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း ရွာလူကြီးမှာ အပြင်ကိုသာ လှမ်းကြည့်နေပြီး သူ့ကို တစ်ချက်မျှပင် မကြည့်လာပါချေ။

ထိုသုံးယောက်ထဲတွင် အတည်ငြိမ်ဆုံးလို့ ထင်ရသည့်သူကတော့ အခွန်ဝန်ကြီးပင်ဖြစ်သည်။ သူသည် အတော်ကြာကုန်နေပြီဖြစ်သည့် ခွက်ကို ညင်သာစွာချလိုက်သည်။

ကျန်လူနှစ်ယောက်မှာ သူတို့၏ နေရာကိုမသိမသာဖြင့် လဲလုနီးနီးပင်။

အခွန်ဝန်ကြီးသည် တံခါးဆီသို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ သူ၏ တည်ငြိမ်နေသည့် အမူအရာအောက်တွင် သူသည် 'မြန်မြန်လာပါတော့၊ မြန်မြန်လာပါတော့ဟ။ သူ မြန်မြန်လာလေ၊ ငါ့တာဝန် မြန်မြန်ပြီးလေဘဲ။ ငါ့မိန်းမက ငါ့ကို ညစာစားဖို့ စောင့်နေသေးတာ!' ဆို၍တွေးနေ၏။

သုံးယောက်သား အတွေးချင်း မတူကြသော်လည်း အားလုံးက တံခါးဝကိုသာ ကြည့်နေကြသည်။

"ရောက်လာပြီ!"

ရွာလူကြီးနေရာဟာ ခြံဝင်းနှင့် ပိုနီးသည်။ သူ့မိန်းမနောက်ကနေလိုက်လာသည့် ရှောင်းကောကို သူပထမဆုံးမြင်လိုက်သည်။ သူ အရမ်းပျော်သွားတော့သည်။

ဒါကိုကြားတော့ ကျန်တဲ့နှစ်ယောက်လည်း မတ်မတ်ထိုင်လိုက်ကာ သူတို့၏ အရာရှိဝတ်စုံအား တစ်ပြိုင်နက်တည်း သပ်ရပ်အောင်လုပ်လိုက်ကြသည်။ သူတို့လည်း တံခါးဆီ လှမ်းကြည့်လိုက်ကြသည်။

ရွာလူကြီး၏ ဇနီးသည် တံခါးဝတွင်ရပ်နေကာ မဝင်ပေ။ သူမ မဝင်ချင်တာမဟုတ်ပေမယ့် သူမ ခြေထောက်တွေက တုန်နေတာဖြစ်သည်။ သူမသာ ဝင်သွားပါက ဒူးခွေကျသွားလိမ့်မည်ပင်။

သူမ ရှောင်းကောကို တစ်ချက်ကြည့်လိုက်ကာ ဝင်သွားရန် အချက်ပြလိုက်သည်။ ရှောင်းကောမှာ အကျပ်ရိုက်နေသည်။ ဝင်သွားတဲ့အခါ ဒူးထောက်လိုက်သင့်လား?

စိတ်ထဲလွန်ဆွဲရင်းနှင့် သူမအိမ်ထဲသို့ဝင်လိုက်ကာ ရွာလူကြီးအနားတွင် ရပ်လိုက်သည်။ နောက်ဆုံးတွင် သူမဒူးထောက်လိုက်သည်။

ရှောင်းကော အခန်းထဲဝင်လာပြီးသည်နှင့် အခွန်ဝန်ကြီးက ရုတ်တရက်ထရပ်ကာ တော်ဝင်အမိန့်တော်ကို ထုတ်လိုက်သည်။

တောက်ပလှသည့် အဝါရောင်စာလိပ်ကို မြင်လိုက်ရသည့်အခါ ရှောင်းကော ရင်ခုန်သွားမိသည်။ ဘာလုပ်ရမလဲဆိုတာ သူမသိလိုက်သည်။ အဲ့ဒါက တီဗီထဲမှာ အမြဲပါသည်။

သူမမျှော်လင့်ထားသလိုပဲ အခွန်ဝန်ကြီးက အမိန့်စာတမ်းကိုထုတ်လိုက်သည်နှင့် အိမ်တွင်းရော အိမ်ပြင်မှာရောရှိသည့် လူတိုင်းဒူးထောက်ထိုင်ချလိုက်ကြသည်။

"ဧကရာဇ်ကြီး သက်တော်ရာကျော်ရှည်ပါစေ"

ရှောင်းကောလည်း ကျန်သူများနှင့်အတူ ထိုစကားလုံးများကို ရွတ်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူမအနည်းငယ် ရှက်သွားမိသည်။

အားလုံးငြိမ်နေတာကိုမြင်တော့ ရှောင်းကောလည်း မလှုပ်ရဲဘဲ ကြမ်းပြင်ကိုသာငုံ့ကြည့်နေမိသည်။

ဖြစ်ပျက်နေတာကို သူမ မမြင်နိုင်ပေမဲ့ သူမရဲ့ ကြားအာရုံက ရုတ်တရက် စူးရှုလာသည်။

ရှောင်းကောလည်း ဧကရာဇ်အမိန့်ကို နားထောင်ရန် နားစွင့်လိုက်သည်။

အခွန်ဝန်ကြီးက လည်ချောင်းကိုရှင်းလိုက်သည်။ သူအခုလေးတင် ရေအများကြီး သောက်ထားသည်။

“ကောင်းကင်ဘုံရဲ့ကျေးဇူးတော်ကြောင့်၊ ယခင်က မြို့တော်မှနှင်ထုတ်ခြင်းခံရသည့် မြို့တော်အရှေ့ပိုင်းမှ ကျန်းမိသားစုကို ဧကရာဇ်က အမိန့်ချမှတ်လိုက်သည်။ ဒီအတွက်ကြောင့် ရွေးချယ်ထားသည့် နေ့ထူးနေ့မြတ်တွင် ကျန်းခွန်မင်နှင့် သူ၏ဇနီးသည်ကို မြို့တော်ရှိ ကျန်းမိသားစု ဘိုးဘွားသင်္ချိုင်းသို့ ပြောင်းရွှေ့မည်ဖြစ်ပါသည်။ ချွေးမတော်၊ မျိုးရိုးအမည် ကျန်း-ချင်း အမိန့်တော်ကို လက်ခံစေ"

ရှောင်းကောသည် တီဗီထဲတွင် သူမမြင်ခဲ့သည့်အတိုင်းအတုယူလိုက်သည်။ သူမ လက်ကို မြှောက်လိုက်သည်။ "နိမ့်ကျတဲ့ အကျွန်ုပ်မျိုးရိုးအမည် ကျန်း-ချင်းက အမိန့်တော်ကို လက်ခံပါတယ်"

သူမတွင် အပြုအမူကောင်းရှိကောင်း အခွန်ဝန်ကြီးမြင်သည့်အတွက် သူ့အားခက်ခဲအောင် မလုပ်တော့ပေ။ အမိန့်စာအား သူမထံ အမြန်လွှဲပေးလိုက်သည်။

"ထနိုင်ပြီ!"

အခွန်ဝန်ကြီးက အမိန့်ပြန်တမ်းကို ပြန်သိမ်းလိုက်ကာ လူတိုင်းအား ထခွင့်ပေးလိုက်သည်။

ဧကရာဇ်မင်း သူ့အားညွှန်ကြားထားသည်ကို သတိရသွားကာ သူ ချင်းရှောင်းကောအား သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။ ဒီ ချင်းရှောင်းကောက ဘယ်သူများလဲ?

သူ မထွက်လာမီတွင် ဧကရာဇ်မင်းသည် သူမအတွက်အရာအားလုံးကို စီစဉ်ပေးကာ သူမမြို့တော်သို့ဘေးကင်းစွာရောက်ကြောင်း သေချာစေရန် သူ့အားအထူးညွှန်ကြားခဲ့သည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် အခွန်ဝန်ကြီးက ဆက်လက်ပြောလာသည်။ သူ့လေသံထဲတွက် ရင်းနှီးမှုအပြည့်ပင်။

"မိန်းကလေးချင်း၊ သဘက်ခါကဘနေ့ကောင်းရက်မြတ်ဘဲ။ ခေါင်းတလားကို ရွှေ့ဖို့အစောဆုံးအချိန်ကို ရွေးလိုက်ပါ။ ရွာလူကြီးနဲ့ ခရိုင်တရားသူကြီး လျှိုက မင်းအတွက် အရာအားလုံးကို ပြင်ဆင်ပေးပါလိမ့်မယ်"

ရှောင်းကောမှာ “ရင်းနှီးသည်” ဟူသော စကားလုံးကိုတွေးမိကာ သူမ၏ရင်မှာ တုန်လှုပ်သွားတော့သည်။ ထိုကဲ့သို့သော သြဇာကြီးမားသည့် အခွန်၀န်ကြီးတစ်ဦးဟာ သူမကဲ့သို့ ရွာလေးတစ်ရွာမှ အမျိုးသမီးတစ်ဦးအပေါ် အဘယ်သို့ရင်းနှီးမှု ပြသနိုင်ပါ့မလဲ?

သူ့စကားကြားတော့ ရှောင်းကောမှာ အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သူမကို ခေါင်းညိတ်ပြပြီးနောက် အခွန်ဝန်ကြီးက ထွက်ခွာရန်မထမီ ကျန်လူနှစ်ဦးကိုကြည့်လိုက်သည်။

အခွန်ဝန်ကြီးသည် ရထားလုံး၊ တပ်သား ထက်ဝက်ခန့်နှင့် ပြန်သွားတော့သည်။

ရှောင်းကောလည်း ၎င်းဟာ သူ၏ “BMW” ဟုတ်မဟုတ် စစ်ဆေးကြည့်လိုက်သည်။

ရှောင်းကောမှလွဲ၍ ကျန်သူများမှာ စိတ်သက်သာရာရသွားကြတော့သည်။ နောက်ဆုံးတော့ သူတို့တွေ တောင်ကြီးကိုပို့လိုက်နိုင်ပြီ။

ရွာသူကြီးမှာ စိတ်မအေးရဲသေးပေ။ သူသည် ခရိုင်တရားသူကြီးလျှိုမှ နောက်ထပ်ညွှန်ကြားချက်များကို သတိကြီးကြီးထား၍ စောင့်မျှော်နေလိုက်သည်။

ရှောင်းကောမှာ ရွာလူကြီး၏ဘေးတွင် ရပ်နေကာ ကုလားထိုင်ပေါ်တွင်ထိုင်နေသည့် ခရိုင်တရားသူကြီးလျှိုကို ကြည့်လိုက်သည်။

တရားသူကြီးလျှိုသည် ဝန်ကြီး၏ မျက်လုံးတွေထဲမှ အကြည့်ကို ပြန်သတိရသွားကာ အခြေအနေ၏ ဆိုလိုရင်းကို သဘောပေါက်လိုက်သည်။ လက်ရှိ တရားသူကြီးရာထူးကို ရထားသည့်သူမှာ သေချာပေါက် နလပိန်းတုံး မဟုတ်ပါချေ။ သူ ရှောင်းကောအား ကြင်နာစွာဖြင့်ကြည့်ကာ သူ့စိတ်တွေ လျင်မြန်စွာလည်ပတ်သွားသည်။

“ထိုင်ပါဦး။ ရပ်မနေနဲ့။ အသေးစိတ် ဆွေးနွေးဖို့ အချိန်ကျပြီ”

ရှောင်းကောလည်း မတ်တပ်ရပ်‌နေရသည်မှာ အနည်းငယ် ပင်ပန်းနေပြီမို့ သူမ ထိုအခွင့်အရေးအားယူကာ ထိုင်လိုက်သည်။ ရွာလူကြီးလည်း ကုလားထိုင်ပေါ်တွင် စိတ်လှုပ်ရှားစွာဖြင့် ထိုင်လိုက်သည်။

“ခုနကပဲ ဝန်ကြီးက သဘက်ခါက နေ့ကောင်းရက်မြတ်လို့ ပြောခဲ့တယ်။ အဲဒီအခါကျရင် မနက်ကိုးနာရီလောက် လုပ်ကြမယ်။ ရွာသူကြီး၊ ခင်ဗျားက ဒီကိစ္စကိုတာဝန်ယူပြီး ခရိုင်ကိုအတူသွားကြမယ်။ ကျွန်တော်က ခင်‌ဗျားတို့ကိုခရိုင်မှာ စောင့်နေမယ်။ ကျန်းမိသားစုရဲ့ အကြီးအကဲနှစ်ယောက်ကို မြို့တော်ဆီ ခေါ်သွားပေးမယ်"

တရားသူကြီးလျှိုက အဆိုပါအစီအစဉ်ကို ရှင်းပြလိုက်ပြီး ရှောင်းကောကလည်းကန့်ကွက်ခြင်းမရှိပါချေ။ အမျိုးသမီးကျန်းသည် သူမအသက်ရှင်စဉ်အခါက ယခင်ပိုင်ရှင်အား ကောင်းမွန်စွာဆက်ဆံခဲ့သည်။ ရှောင်းကောအား သူမ၏ သမီးအရင်းအဖြစ် သတ်မှတ်ခဲ့သည်။ ဤသည်မှာ အကြီးအကဲကျန်းနှစ်ယောက်တို့၏ နောက်ဆုံးဆန္ဒဖြစ်ကာ ၎င်းတို့တွင် ကျွမ်းကျွမ်းမှလွဲ၍ တခြားသားစဉ်မြေးဆက်များ မရှိတော့ပါချေ။ ကျွမ်းကျွမ်းဟာ ငယ်သေးသည်မို့ ချွေးမတစ်ယောက်အနေဖြင့် ရှောင်းကောသာ သူတို့အားသင်္ဂြိုလ်ရန်အတွက် မြို့တော်သို့ သွားရာလမ်းတစ်လျှောက်လုံးတွင် လိုက်သွားရမည့်တာဝန်ရှိသည်။ ငြင်းလို့မရသည့်တာဝန်တစ်ခုပင်။

အချိန်ကို အတည်ပြုပြီးနောက် ရှောင်းကောလည်း အမြန်နှုတ်ဆက်ကာ အိမ်သို့ပြန်လာလိုက်သည်။ သူမ အပြင်ထွက်လာတာ အတော်ကြာပြီဖြစ်ကာ အိမ်တွင် ကျွမ်းကျွမ်းတစ်ယောက် ဘယ်လိုနေမလဲဆိုတာ သူမ မသိပါချေ။ သူ့၏ ပုံမှန်အပြုအမူကို အခြေခံကြည့်ပါက သူမကို အတော်ကြာတဲ့အထိ သူ မတွေ့ပါက စိုးရိမ်နေလိမ့်မှာပင်။

အိမ်နှစ်အိမ်က တစ်အိမ်နှင့်တစ်အိမ် မနီးပါချေ။ ရှောင်းကော သူမအိမ်သို့ အမြန်ပြန်ပြေးတော့သည်။ တံခါးခေါက်လိုက်သည်နှင့် အိမ်အတွင်းမှ အသံအချို့ကို ကြားလိုက်ရသည်။ ကျွမ်းကျွမ်း တံခါးအနောက်တွင် ရှိနေလိမ့်မည်ဟု ရှောင်းကောမှန်းဆမိသည်။

"ကျွမ်းကျွမ်း"

ရှောင်းကော၏ အသံကို ကြားသည်နှင့် ကျွမ်းကျွမ်းတံခါးကို အမြန်ဖွင့်လိုက်သည်။ "မေမေ!"

"မေမေ ဘယ်သွားတာလဲ? သား အရမ်းစိတ်ပူသွားတာ"

ရှောင်းကောက နှစ်သိမ့်ပေးသည့်အနေဖြင့် သူ့ခေါင်းကို ပွတ်လိုက်သည်။ "သွားရအောင်။ မေမေ သားအတွက် အရင်ချက်ပြုတ်ပေးမယ်။ ပြီးမှ သားကိုပြောပြမယ်"

အချို့သောနေရာများတွင် ကျွမ်းကျွမ်းသည် အခြားကလေးများနှင့် မတူပါချေ။

အခြားသုံးနှစ်အရွယ်ကလေးများနှင့်ဆင်တူသည်မှာ သူသည် အပြစ်ကင်း၊ ချစ်စရာကောင်းကာ ကြင်နာတတ်သလို၊ တက်လည်းတက်ကြွသည်။ သို့သော် သူသည် အခြားကလေးများထက် ရင့်ကျက်ကာ အသိဥာဏ်ပိုရှိသည်။

ထို့ကြောင့် ရှောင်းကောမှာ သူ့အား အရာအားလုံးကို ပြောပြရန် အသင့်ဖြစ်နေသည်။ ကျွမ်းကျွမ်း နားလည်မည်ဆိုတာသေချာသည်။

All Chapters