← Chapters

အခန်း (၁၂၃)

Vol. 9 Ch. 123

အခန်း (၁၂၃)

Vol. 9 Ch. 123

ကျွမ်းကျွမ်းက နာနာခံခံဖြင့် ခေါင်းညိတ်လိုက်ပြီး ရှောင်းကောအား မီးကူမွှေးပေးကာ ပန်းကန်တွေကို ကူထုတ်ပေးသည်။

ရှောင်းကောတွင် ပြင်ဆင်စရာတွေရှိသည်ကြောင့် သူမသည် ရိုးရိုးရှင်းရှင်း ထမင်းတစ်နပ်ကိုသာ ပြုလုပ်ခဲ့သည်။

ကျွမ်းကျွမ်း စားသောက်ပြီးသည့်အခါ ရှောင်းကောသည် အမိန့်စာကို ထုတ်လိုက်သည်။

ကျွမ်းကျွမ်းမှာ ယခင်ကအမိန့်စာကို တစ်ခါမှ ယမမြင်ဖူးသော်လည်း သူမမေးလာပေ။ သူ့အမေက အကုန်ပြောပြမယ်ဆိုတာ သူသိသည်။ သူလုပ်စရာရှိတာက စောင့်နားထောင်ရုံပင်။

ရှောင်းကောက အားလုံးကို ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်သည်။ ကျွမ်းကျွမ်းမှာ လုံး၀နားမလည်သော်လည်း အကြမ်းဖျင်းတော့ နားလည်လိုက်သည်။

သူ့အဘိုးအဘွားများ အေးအေးချမ်းချမ်း အနားယူနိုင်ရန် မြို့တော်သို့ပြန်ပို့ပေးရမည်ဖြစ်သည်။

"မေမေ၊ သားရော မေမေနဲ့လိုက်ရမှာလား?"

ဒါကို ရှောင်းကော ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ် ကျွမ်းကျွမ်းလဲ သွားရမယ်"

ကျွမ်းကျွမ်းလည်း သွားခဲ့ရမည်ပင်။ သူဟာ ကျန်းမိသားစု၏ တစ်ဦးတည်းသော မျိုးဆက်ဖြစ်သည်။ သူအဲ့ဒီကိုရောက်ပါက အရိုအသေပေးကာ သင်္ချိုင်းနေရာကို မှတ်ထားရမည်ပင်။ နောင်တွင်၊ ပွဲတော်များနှင့် အောက်မေ့ဖွယ်နေ့များတွင် ရှောင်းကောအနေဖြင့် ကျွမ်းကျွမ်းအား မြို့တော်ရှိ သူ၏အဘိုးအဘွားများ သင်္ချိုင်းသို့ သွားရောက်လည်ပတ်ရန် ခေါ်ဆောင်သွားရမည်ဖြစ်သည်။

ကျွမ်းကျွမ်းက နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ မြို့တော်? သူ့အဘွား ကိစ္စနှစ်ခုကိုပြောလေ့ရှိတာ သူ မှတ်မိသေးသည်။ တစ်ခုက သူ့အဖေအကြောင်းဖြစ်ကာ၊ နောက်တစ်ခုက မြို့တော်အကြောင်းပင်။ သို့သော် သူဟာ ငယ်သေးကာ ၎င်းဟာလည်း အတော်ကြာပြီဖြစ်သည်။ သူ့အဖွားပြောခဲ့တာကို သူမေ့နေတာကြာပြီ။

ကျွမ်းကျွမ်းက စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “စိတ်မပူပါနဲ့ မေမေ။ အဘိုးနဲ့အဘွားကို မြို့တော်ဆီ လုံလုံခြုံခြုံခေါ်သွားပေးမယ်"

ရှောင်းကော ကျွမ်းကျွမ်းအား ချစ်ခင်စွာကြည့်ကာ သူ့ခေါင်းကို ကိုင်လိုက်သည်။ "လိမ္မာလိုက်တဲ့ကောင်လေး၊ ကျွမ်းကျွမ်း သားက မေမေ မျှော်လင့်ထားတဲ့အတိုင်း တကယ်ကြီးပြင်းလာတာပဲ!"

ကျွမ်းကျွမ်း နှုတ်ခမ်းစူကာ ပြုံးလိုက်ပြီး သူ့သွားလေးတွေကိုထုတ်ပြလာသည်။

သဘက်ခါကျလျှင် စထွက်မည်ဖြစ်တာကြောင့် ရှောင်းကောတွင် အချိန်အများကြီးမရပါချေ။ ရွာသူကြီးနှင့်ခရိုင်တရားသူကြီးက အလုပ်အများစုကို တာဝန်ယူထားသော်လည်း မြှုပ်နှံရန်အတွက် အမွှေးတိုင်များ၊ အမွှေးနံ့သာများကဲ့သို့ ပစ္စည်းအချို့ကိုလည်း ပြင်ဆင်ရသေးသည်။ ဒါ့အပြင် အိမ်ရှိတိရိစ္ဆာန် ပြဿနာတွေလည်းရှိသေးသည်။ ရှောင်းကောသည် ရွာလူကြီးအိမ်မှ မပြန်လာမီ ခရိုင်မှ မြို့တော်သို့ရောက်ရန် အချိန်မည်မျှကြာကြောင်း မေးခဲ့သည်။

ရွာလူကြီးသည် ယခင်ကမြို့တော်သို့ရောက်ဖူးသည်ကြောင့် ရှောင်းကော၏ မေးခွန်းကို ကြားသည့်အခါ သူ့မုတ်ဆိတ်မွေးကို လက်ဖြင့်သပ်ရင်း ပြောလာသည်။ “ခရီးစဉ်က မရပ်ရဘဲ ချောချောမွေ့မွေ့ဖြစ်မယ်ဆို အနည်းဆုံး ခုနစ်ရက်လောက်ကြာမယ်။ နားနားရင်းသွားရင်တော့ အနည်းဆုံးဆယ်ရက်လောက် ကြာလိမ့်မယ်"

ရှောင်းကော ထိုစကားကိုကြားတဲ့အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ ဆယ်ရက်ခရီးကိုအခြေခံရပါက အသွားအပြန် ခရီးထွက်ရန်မှာ အနည်းဆုံး ရက်နှစ်ဆယ်လောက် ကြာလိမ့်မည်။ ဒီကြားထဲတွင် ရာသီဥတု ဆိုးရွားပါကအနည်းဆုံး တစ်လလောက်တော့ ကြာလိမ့်မည်။ အိမ်က အကြာကြီး လွတ်နေမှာကို သူမအရမ်းစိုးရိမ်မိသည်။

ရှောင်းကောသည် ကျွမ်းကျွမ်းကို အိမ်တွင်ထားခဲ့ကာ သူမအစ်ကိုကို ခရိုင်မှသွားပြန်ခေါ်ရန် စီစဉ်ထားသည်။ သို့သော် ယခုအချိန်ဟာအတော်နောက်ကျနေပြီဖြစ်။ အခုသွားမည်ဆိုပါက မမှောင်ခင် ပြန်နိုင်လိမ့်မည်မဟုတ်ပေ။ ကျွမ်းကျွမ်းကိုခေါ်သွားပါက သူမစိတ်ပူနေရလိမ့်မည်။ သူ့ကိုထားခဲ့ပါကလည်း စိတ်အေးရမည်မဟုတ်ပေ။ နောက်ဆုံးတော့ သူမနောက်တစ်နေ့မနက်တွင်သွားရန် ဆုံးဖြတ်လိုက်သည်။

ညစာစားပြီးနောက် ရှောင်းကော အိပ်ရာစောစောဝင်လိုက်သည်။ နောက်နေ့ မိုးမလင်းခင်တွင် သူမခရိုင်သို့သွးရမည်။ ပြင်ဆင်မှုတွေကို သေချာပြီးအောင် သူမလုပ်ရမည်။ သူမအနေဖြင့် အခမ်းအနားအတွက်လိုအပ်သည့် မည်သည့်ပစ္စည်းကိုမှ မေ့သွားလို့မရပေ။

ရှောင်းကောတစ်ယောက် အတွေးများကြားတွင် အိပ်ပျော်သွားသည်။ ရှောင်းကောတွင် တွေးစရာတွေအများကြီးရှိမှန်း ကျွမ်းကျွမ်းသိသည်ကြောင့် သူမကို မနှောင့်ယှက်ခဲ့ပေ။ သူမဘေးတွင် ငြိမ်ငြိမ်လေးနေကာ အိပ်ပျော်သွားသည်။

နောက်တစ်နေ့အရုဏ်မတက်မီ ရှောင်းကောထကာ ခရိုင်သို့သွားလိုက်သည်။ သူမ ခရိုင်သို့မသွားခင်တစ်ရက်က ကျွမ်းကျွမ်းကို သူမပြောပြခဲ့သည်။ သူမလုပ်ရမည့်အလုပ်တွေ အများကြီးရှိသည်ကြောင့် သူ့ကိုခေါ်သွားလို့မရပေ။ ကျွမ်းကျွမ်းလည်း နားလည်သည်။

ရှောင်းကောသည် ဘယ်အချိန်ပြန်ရောက်မလဲဆိုတာ မသေချာသည်ကြောင့် အစားအအသောက်များကို ပိုပြီးပြင်ဆင်ခဲ့သည်။ အနည်းဆုံး နေ့လယ်လောက်ထိ သူမပြန်မရောက်သေးပါက ကျွမ်းကျွမ်းတွင် စားစရာရှိလိမ့်မည်ပင်။

အရာအားလုံး စည်းစနစ်တကျဖြစ်ကြောင်း သေချာမှ ရှောင်းကောထွက်ခွာသွားသည်။

ခရိုင်သို့ရောက်သည့်အခါ ရှောင်းကောသည် စားသောက်ဆိုင်တံခါးကို ခေါက်လိုက်သည်။ အနည်းငယ် အနှောက်အယှက် ဖြစ်စေသော်လည်း ရှောင်းကောတွင် ရွေးချယ်စရာမရှိပေ။ သူမသည် ဒီနယ်ပယ်၌ အတွေ့အကြုံမရှိသည့်အတွက် တစ်ခုခုလွဲချော်သွားမည်ကို စိုးရိမ်သည်။ သို့သော် ချင်းအန့်မင်ကတော့ မတူပေ။ မိဘတွေရဲ့ ဈာပနပွဲကို သူကိုယ်တိုင်တစ်ယောက်တည်း စီစဉ်ခဲ့တဲ့အတွက် ဘာတွေပြင်ဆင်ရမလဲဆိုတာ သူပိုသိလိမ့်မည်ပင်။

ဒါ့အပြင် မနက်ဖြန် သင်္ချိုင်းရွှေ့ရန်အတွက် သူမအနေဖြင့် တစ်စုံတစ်ယောက်ဆီမှ အကူအညီလိုအပ်နေသေးသည်။ ရှောင်းကောမှာ ကျွမ်းကျွမ်းအား ဤကဲ့သို့သော ခရီးမျိုးမခေါ်သွားဖူးပါချေ။ ချင်းအန့်မင်ဟာ အနားမှာရှိပါက သူမပိုပြီးစိတ်အေးရမည်။

ရှောင်းကော တံခါးကို နောက်ထပ်သုံးကြိမ်လောက်မခေါက်ခင် တစ်ခဏလောက် စောင့်လိုက်သည်။

စားသောက်ဆိုင်ထဲတွင် သန့်ရှင်းရေးလုပ်နေသည့် လင်လုံက တံခါးခေါက်သံကြားလိုက်ရသည်။ သူမ အနည်းငယ် အံ့သြသွားသည်။ တော်တော်စောနေသေးသည်။

"ဆိုင်မဖွင့်သေးပါဘူး"

လင်လုံ အမြန်ထွက်လာကာ တံခါးနားမှနေပြောလိုက်သည်။

"လင်လုံ၊ အစ်မ ရှောင်းကောပါ"

ရှောင်းကော လင်လုံ၏ အသံကိုမှတ်မိသည်။

ရှောင်းကောမှန်း ကြားသည့်အခါ၊ လင်လုံသည် တံမြက်စည်းကို အမြန်ချလိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။

"အစ်မ ရှောင်းကော? ဒီနေ့ဘာလို့အစောကြီးရောက်လာတာလဲ?"

လင်လုံက ရှောင်းကောကို စိတ်ဝင်တစား မေးလိုက်သည်။

"အစ်မရဲ့ အစ်ကိုရှိလား? သူ့ကို ပြောစရာရှိလို့"

လင်လုံ ထိုစကားကိုကြားသည့်အခါ ရှောင်းကော မည်မျှစိုးရိမ်နေကြောင်း သူမမြင်လိုက်ရပြီး ချင်းအန့်မင်ကိုရှာရန် အိမ်နောက်ဖေးသို့ အမြန်သွားလိုက်သည်။

"ရှောင်းကော!"

ခဏအကြာ ချင်းအန့်မင်သည် အိမ်နောက်ဖေးမှ စိုးရိမ်စွာဖြင့် ပြေးထွက်လာသည်။ သူ့အဝတ်အစားတွေ ရှုပ်ပွနေ၏။ သူ အခုမှနိုးလာကြောင်း သိသာလှသည်။

"အစ်ကို! သိပ်ပြီးအရေးကြီးတာ မဟုတ်ပါဘူး၊ စိတ်မပူပါနဲ့!"

သူ ခလုတ်တိုက် ပြုတ်ကျသွားမှာစိုးကာ ရှောင်းကော အမြန်ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ?"

ရှောင်းကော အဆင်ပြေကြောင်း ကြားတဲ့အခါ ချင်းအန့်မင် သက်ပြင်းချလိုက်သည်။ လင်လုံမှ တံခါးကိုကမန်းကတန်းခေါက်ကာ သူ့ကို‌လာခေါ်နှိုးတာကြားတော့ သူ လန့်နိုးလာသည်။ ရှောင်းကောတစ်ခုခုဖြစ်နေတယ်လို့ သူမက ပြောလာသည်။ ချင်းအန့်မင်မှာ သူ့အဝတ်အစားတွေကို ကောင်းကောင်းတောင်မဝတ်နိုင်ဘဲ ပြေးထွက်လာခဲ့မိသည်။

ရှောင်းကော အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသည်။ ရှင်းရှင်းလင်းလင်း ‌မပြောခဲ့သည်မှာ သူမ၏ အမှားဖြစ်သည်။ သူမသည် လင်လုံကို နားလည်မှုလွဲသွားစေခဲ့ကာ ချင်းအန့်မင်ကိုပါ သွယ်ဝိုက်၍ ထိတ်လန့်သွားစေမိခဲ့သည်။

"အဆင်ပြေတယ် အစ်ကို။ ညီမ ယောက္ခမတွေရဲ့သင်္ချိုင်းကို မြို့တော်ဆီ ရွှေ့သွားဖို့ပါ"

ရှောင်းကောသည် ချင်းအန့်မင်အား အရာအားလုံးကို အကျဉ်းချုပ်ပြောပြလိုက်သည်။

"ကျွမ်းကျွမ်းနဲ့ ညီမလေးနဲ့ နှစ်‌ယောက်ထဲ ဘယ်လိုသွားမှာလဲ? မဖြစ်ဘူး! အစ်ကိုလဲ အတူလိုက်ခဲ့မယ်။ ကိုယ့်ဘာသာသွားလို့ နေမကောင်းဖြစ်နေမှာ စိတ်ပူတယ်!”

သူတို့တွေသွားတာ အနည်းဆုံးတစ်လလောက်တော့ ကြာမည်ပင်။ သူ မပါဘဲ သူတို့ကိုလွှတ်သွားရမှာ သူစိတ်မအေးပါချေ။

“အဆင်ပြေပါတယ်၊ အစ်ကို… ခရိုင်တရားသူကြီး လျှိုက ညီမတို့နဲ့အတူ လိုက်ခဲ့မှာ။ ညီမလေးတို့ကို လိုက်ပို့ပေးမယ့် တပ်သားတွေလဲ ပါတယ်။ ကျွမ်းကျွမ်းနဲ့ ညီမတို့က ရထားလုံးနဲ့သွားကြမှာ။ တကယ်အဆင်‌ပြေတယ်!”

ရှောင်းကောက ချင်းအန့်မင်ကို နှစ်သိမ့်လိုက်သည်။ သူကြက်သီးမွှေးညင်း ထလောက်အောင် စိုးရိမ်နေတာမြင်တော့ သူမအမြန်နှစ်သိမ့်လိုက်သည်။

ရှောင်းကောက အာမခံထားပေမဲ့ ချင်းအန့်မင်ကတော့ စိုးရိမ်နေဆဲပင်။ သူက ထပ်ပြောချင်ပေမယ့် ရှောင်းကောက သူမဒီကိုလာရသည့်ရည်ရွယ်ချက်ကို အမြန်ပြောပြလိုက်သည်။

“အစ်ကို၊ မနက်ဖြန်ကျရင် လိုအပ်မယ့် စက္ကူပန်းနဲ့ တခြားပစ္စည်းတွေကို အစ်ကိုနဲ့အတူဝယ်ဖို့ ညီမရောက်လာတာ။ ပစ္စည်းတွေ ကျန်ခဲ့မှာစိုးလို့လေ။ အိမ်မှာလဲ တိရစ္ဆာန်တွေကို တစ်လလောက်ကြည့်ပေးဖို့ ဘယ်သူမှမရှိတော့။ အစ်ကို ခဏလောက် အိမ်ပြန်နေပေးပါလား။ အိမ်လွတ်နေမှာစိုးလို့ပါ"

ချင်းအန့်မင်က ချက်ချင်း သဘောတူလိုက်သည်။ အမှန်ပင်! အိမ်မှာ ပစ္စည်းတွေရှိနေသေးသည်။ ရှောင်းကော မရှိတဲ့အချိန် အိမ်ထဲဝင်လာမယ့်သူရှိနေရင်ရော?

“ကောင်းပြီ၊ နောက်မှ ရူယီနဲ့ဒီအကြောင်းပြောလိုက်မယ်"

ချင်းအန့်မင် သဘောတူလိုက်တာကိုမြင်တော့ ရှောင်းကောလည်း ရူယီကိုအကျိုးအကြောင်းပြောပြရန်ပြင်လိုက်သည်။

ဒီအချိန်မှာ ရှုယီက ရေချိုးခန်းထဲကနေ ထွက်လာသည်။ လင်လုံတစ်ယောက် သူမကိုနှိုးကာ ရှောင်းကောအကြောင်းကို လာပြောပြသည်။ သူမဖိနပ်ကိုချွတ်ကာအခန်းထဲကနေ ထွက်လာလိုက်သည်။ ရူယီ ထွက်လာပြီးသည်နှင့် အားလုံးအခန်းထဲကနေ ထွက်လာကြတော့သည်။ သူတို့အားလုံး ကပျာကယာနှင့် ရှောင်းကောအား ဘာဖြစ်တာလဲလို့ မေးလာကြသည်။

လူတိုင်း မည်မျှစိုးရိမ်ပူပန်နေကြောင်း ရှောင်းကောမြင်သည့်အခါ သူမရဲ့မျက်လုံးတွေနီရဲလာပြီး ရင်ထဲတွင် နွေးထွေးလာသည်။

"အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မအဆင်ပြေတယ်၊ စိတ်မပူကြပါနဲ့"

ရှောင်းကော သူတို့ကိုစိတ်အေးစေရန်ပြောလိုက်ကာ ချင်းအန့်မင် အိမ်ခဏပြန်နေမည့်အကြောင်းအပါအဝင် အရာအားလုံးကို ပြောပြလိုက်သည်။

ဤသည်ကို လူတိုင်းကြားသည့်အခါ စိတ်အေးသလိုသက်ပြင်းချလိုက်ကြသည်။ လင်လုံမှာ ရှက်ရွံ့စွာဖြင့် လျှာထုတ်လိုက်သည်။ သူမ အရမ်းစိတ်လိုက်မာန်ပါဖြစ်သွားတယ်။

"ကိစ္စမရှိဘူး! ရတယ်!"

ဒါကိုကြားပြီးနောက် ရူယီက ချင်းအန့်မင်အား ယနေ့ ရှောင်းကောနှင့်အတူ ပြန်သွားလို့ရကြောင်း ချက်ချင်းပြောလိုက်သည်။

ရှောင်းကောတွင် ပြင်ဆင်စရာတွေ အများကြီးရှိတာကြောင့် သူမ ခပ်ကြာကြာမနေတော့ဘဲ ချင်းအန့်မင်နှင့်အတူ ထွက်လာလိုက်သည်။

All Chapters