အခန်း (၁၂၄)
Vol. 9 Ch. 124
ချင်းအန့်မင် သူ့အထုပ်အပိုးတွေကို ထုပ်ပိုးပြီးချိန်တွင် ရူယီနှင့် တခြားသူတွေလည်း စားပွဲဝိုင်းတွင် ထိုင်ကာ ဘာတွေပြင်ဆင်ဖို့ လိုအပ်သေးလဲလို့ မေးကြသည်။ သူမ ပိုက်ဆံလိုလား? သူမအား လမ်းခရီးတွင် အဝတ်တွေများများဝတ်သွားရန်နှင့် ကျွမ်းကျွမ်းကိုလည်း ထိုအတိုင်းသာ လုပ်ပေးရန်သတိပေးကြသည်။ သူတို့မှာ ရှောင်းကောအပေါ် အပြည့်အဝကို စိုးရိမ်နေမိသည်။
ရှောင်းကောလည်း ရင်ထဲ နက်နက်ရှိုင်းရှိုင်းကိုထိမိသွားကာ လူတိုင်းအားလိုက်လျောညီထွေစွာ ပြန်တုံ့ပြန်ရင်း ခေါင်းညိတ်ပြလိုက်သည်။
ချင်းအန့်မင် ထွက်လာသည်နှင့် ရှောင်းကောလည်း သူနှင့်အတူ တံခါးဝဆီ အမြန်လျှောက်သွားလိုက်သည်။
လူတိုင်းကိုနှုတ်ဆက်ပြီးနောက် ရှောင်းကောနှင့် ချင်းအန့်မင်တို့ မြည်းလှည်းပေါ်တွင်ထိုင်ကာ ပြင်ဆင်ရမည့်အရာများကို စာရင်းပြုစုကြသည်။
ရှောင်းကော တစ်ခုခုကျန်ခဲ့ပါက ချင်းအန့်မင်က ၎င်းကို သူမ၏စာရင်းတွင် ထည့်ပေးမည်ဖြစ်သည်။
သူတို့နှစ်ယောက်သည် စာရင်းထဲမှ ပထမဆုံးပစ္စည်းကနေ စကာဝယ်ကြသည်။ စာရင်းအတိုင်း အကုန်ဝယ်ပြီးသည့်နောက် နေ့ခင်းပိုင်းဖြစ်နေပြီဖြစ်သည်။ ခရိုင်အတွင်း မရရှိနိုင်သည့် ပစ္စည်းအနည်းငယ်ရှိသည်ကြောင့် သူတို့နှစ်ဦးသည် ဆိုင်ရှင်ထံမှ အကြံတောင်းကာ တခြားကျေးရွာတွင် သွားဝယ်ယူခဲ့ရသည်။ နေရာနှင့် မရင်းနှီးသောကြောင့် အနည်းငယ်လမ်းမှားခဲ့ကြသေးသည်။
သွားလိုက်ပြန်လိုက် လုပ်ပြီးသည့်နောက် သူတို့ပြန်ရောက်သည့်အချိန် မွန်းလွဲနေပြီဖြစ်သည်။
ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့၏ ခရီးဆောင်အိတ်များကို ပြင်ဆင်ရသေး၏။ ရှောင်းကောသည် ဗီရိုထဲမှ ပိုက်ဆံအားလုံးကို ထုတ်လိုက်သည်။ လမ်းတစ်လျှောက်တွင် တစ်ခုခုဖြစ်သွားမလားဆိုတာ သူမ မသိသည်ကြောင့် အိတ်ကပ်ထဲတွင် ပိုက်ဆံပိုထည့်ထားတာက ပိုပြီးသက်တောင့်သက်သာဖြစ်သလို ခံစားရစေသည်။
သို့ပေမယ့် ပိုက်ဆံက အများကြီးဖြစ်နေ၏။ ရှောင်းကော ရေတွက်ကြည့်လိုက်တော့ ငွေတုံးရာကျော်လောက်ရှိနေသည်။ ပိုက်ဆံတွေ အားလုံးကို သူမနဲ့အတူသယ်သွားရင် သူမက လမ်းလျှောက်နေတဲ့ ပိုက်ဆံအိတ်ကြီး ဖြစ်မနေဘူးလား?
ရှောင်းကောသည် သူ့အိတ်ထဲမှ ငွေကိုထုတ်လိုက်သည်။ နေရာလွတ်ထဲတွင် ထားတာက ပိုသင့်တော်တယ်လို့ ထင်မိသည်။
ခဏအတွင်း သူမ နေရာလွတ်ထဲသို့ ရောက်သွားသည်။ ငွေကို ထိုနေရာတွက်ထားခဲ့သည်က ပိုလုံခြုံသည်။
ရှောင်းကောသည် ငွေအများစုကို နေရာလွတ်ထဲတွင် ထားလိုက်ပြီးနောက် ငွေအနည်းငယ်သာ ချန်ထားလိုက်သည်။ ထို့နောက် သူမဆက်လက်ထုပ်ပိုးတော့သည်။
နောက်ပိုင်းတွင် ချင်းအန့်မင်အတွက် အစားအစာကိုလည်း သူမပြင်ထားရမည်။
ချင်းအန့်မင်က ဟင်းမချက်တတ်ပေ။ ရှောင်းကောသည် ဝက်အူချောင်းများကို စားပွဲပေါ်တင်လိုက်ပြီး ရေခဲသေတ္တာထဲမှ အူအချို့ကိုပါ ယူထုတ်လိုက်သည်။ သူမသည် ၎င်းတို့အား ဆေးကြောပြီးနောက် ဇလုံတစ်ခုထဲတွင်ထားလိုက်သည်။ ဒီရာသီဥတုတွင် ၎င်းတို့ဟာ တစ်ရက်နှစ်ရက်လောက်အထိခံကာ မပုပ်သိုးတတ်ပေ။
သူ အူတွေကိုညယ အရမ်းသဘောကျကြောင်း ရှောင်းကောသိသော်လည်း အလွန်အကျွံ မထည့်လိုက်ပေ။သူသာ ကုန်အောင်မစားနိုင်ပါက ပုပ်သိုးသွားမည်ကို သူမစိုးရိမ်သည်။
သူမသည် သက်ဆိုင်ရာအိုးများတွင် ဆန်နှင့် ဂျုံမှုန့်များကို ဖြည့်လိုက်သည်။ ကံကောင်းထောက်မစွာနှင့်၊ ရှောင်းကောသည် ဂျုံနှစ်အိတ်အား ကြိတ်ချေကာ ဂျုံမှုန့်လုပ်ထားခဲ့မိသည်။ မဟုတ်ပါက ချင်းအန့်မင်တစ်ယောက် အိုးအလွတ်တွေကို ဖြည့်နိုင်မည်မဟုတ်ပေ။
ရှောင်းကောသည် အိမ်ရှိဆန်အိုးများ အားလုံးကို ဖြည့်လိုက်သည်။ တခြားဘာမှ ပြင်ဆင်စရာမရှိတော့တာကိုမြင်တော့ သူမ မီးဖိုချောင်ထဲကနေ ထွက်လာလိုက်သည်။
ကောင်းကင်က မမှောင်ခင် ရှောင်းကောသည် ဝက်အူချောင်းနှစ်ချောင်းဖြင့် အမျိုးသမီးယန်ရဲ့အိမ်တံခါးကို ခေါက်လိုက်သည်။
"အစ်မ!"
ရှောင်းကော အမျိုးသမီးယန်ကို အော်ခေါ်လိုက်သည်။ ခဏအကြာ အမျိုးသမီးယန်တစ်ယောက် တံခါးဖွင့်ကာ ထွက်လာသည်။ ရှောင်းကောကိုမြင်တော့ အိမ်ထဲဆွဲခေါ်ဖို့လုပ်လိုက်သည်။
ရှောင်းကောက အထဲကို မဝင်ပေ။ “အစ်မ၊ ကျွန်မ ထမင်းပြန်ချက်ရဦးမယ်။ မဝင်တော့ဘူး"
ရှောင်းကောပြောလိုက်ပြီး ဝက်အူချောင်းတွေကို အမျိုးသမီးယန်ဆီ ပေးလိုက်သည်။ “အစ်မယန်၊ ဒီနေ့ အစ်မကို အကူအညီတောင်းစရာရှိလို့"
အမျိုးသမီးယန်သည် ရှောင်းကော၏ တောင်းဆိုချက်ကိုကြားတဲ့အခါ ဝက်အူချောင်းများကိုယူ၍ စူးစမ်းလိုက်သည်။ သူမက မော့ကာမေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
"မနက်ဖြန် ကျွန်မ ယောက္ခမတွေ သင်္ချိုင်းတွေကို မြို့တော်ဆီရွေ့ရမယ်ဆိုတာ အစ်မကြားမိလားမသိဘူး? ကျွန်မ အစ်ကိုက အိမ်စောင့်ပေးမယ်ဆိုပေမဲ့ သူက ယောက်ျားလေးလေ။ သူချက်ပြုတ်မှာကို စိတ်ပူလို့၊ အဲ့ဒါ အစ်မအချိန်ရရင် သွားကြည့်ပေးပါအုံး။ နေ့တိုင်းသွားပေးစရာတော့ မလိုပါဘူး တစ်ခါတစ်လေမှပါ။ ကျွန်မ သူ့အတွက် လွယ်တဲ့အစားအစာတွေ အများကြီး ပြင်ထားပေးတာဆိုတော့ နေ့တိုင်းသွားပေးစရာမလိုပါဘူး"
အမျိုးသမီးယန်က ဝက်အူချောင်းတွေကို ရှောင်းကောဆီ ပြန်ပေးလိုက်သည်။ "ဒါလား? အသေးအမွှားကိစ္စလေးကို။ ဒါတွေ ပြန်ယူလိုက်။ ငါတို့ရဲ့ခင်မင်ရင်းနှီးမှုက ဒီလိုနည်းနဲ့မဟုတ်ဘူးနော်"
ရှောင်းကောက ပျော်ပျော်ရွှင်ရွှင်နှင့် ပြန်တွန်းပေးလိုက်သည်။ “ဒါတွေက ဝက်အူချောင်းတွေ။ ကျွန်မကိုယ်တိုင်လုပ်ထားတာ။ တစ်မျိုးက အစပ်၊ နောက်တစ်မျိုးကအချို။ အစ်မ မိသားစုစားဖို့ အထူးတလည် ယူလာပေးတာ။ ဒီကိစ္စအတွက် လာပေးတာမဟုတ်ပါဘူး"
ရှောင်းကောသည် ဝက်အူချောင်းများကို ပြန်တွန်းပေးလိုက်ပြီးကာ နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။ သူမ ပြေးသွားရင်းနှင့် ပြောလိုက်သည်။ “အစ်မ ပြုတ်ချင်ရင်လဲရတယ်၊ မွှေကြော်ချင်လဲရတယ်"
အမျိုးသမီးယန် သူမကို မမှီလိုက်ခင်မှာဘဲ ရှောင်းကောက အိမ်ကိုပြေးပြန်သွားသည်။
အမျိုးသမီးယန်မှာ ပျောက်ကွယ်သွားသည့်ပုံရိပ်ကိုကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်မိသည်။ ဒီကလေး တော့!
အစောပိုင်းက ရွာလူကြီးသည် မိသားစုအနည်းငယ်မှ အမျိုးသားအချို့အား အစည်းအဝေးခေါ်ခဲ့သည်။ ယန်ဖုန်းလည်းပါသည်။ သူအိမ်ပြန်ရောက်တော့ အမျိုးသမီးယန်ကို ပြောပြလိုက်တဲ့အခါ သူမရှောင်းကောကိုချက်ချင်းတွေးလိုက်မိသည်။ သူမ ကျွမ်းကျွမ်းနှင့် တစ်ယောက်ထဲ နိုင်ပါ့မလားဟု မေးချင်ခဲ့သည်။ သို့မဟုတ်ပါက သူမနှင့်အတူ ယန်ဖုန်းနှင့် ယန်ကျားတို့ကိုပါ လိုက်သွားခိုင်းလိုက်မည်။ သူမအိမ်က လွတ်နေရင် တိရိစ္ဆာန်တွေဘယ်လိုနေမလဲ? သူမအကူအညီလိုနေမလား?
ရှောင်းကောအား သွားတွေ့ရန် သူမအိမ်ကနေ ထွက်ခါနီးမှာဘဲ သူမက ရောက်လာသည်။ အမျိုးသမီးယန်မှာ သူမကိုအိမ်ထဲသို့ မခေါ်ရသေးခင်မှာဘဲ သူမကပြေးပြန်သွားသည်။
မေ့လိုက်တော့၊ ရှောင်းကော ကောင်းကောင်းစီစဉ်ထားမှာဘဲ! သူ တကယ်ကြီးပြင်းလာပြီပဲ!
အမျိုးသမီးယန် အိမ်ထဲမဝင်ခင် ပြုံးကာခေါင်းယမ်းလိုက်သည်။
အမျိုးသမီးယန်၏ မျက်လုံးထဲတွင် ရှောင်းကောအား ကျန်းမိသားစုနှင့် လက်ထပ်ပြီးသည့် ကိုယ်ဝန်ရှိခါစ ခိုကိုးရာမဲ့ကလေးမလေးအဖြစ်သာ မြင်နေဆဲပင်။ အချိန်တွေကုန်တာမြန်လိုက်တာ...
ဒုက္ခကြုံတိုင်း မျက်လုံးတွေနီရဲလာတတ်သည့် ကလေးမလေးဟာ အရည်အချင်းရှိတဲ့ မိခင်တစ်ယောက် ဖြစ်လာသည်။
နောက်တစ်နေ့နံနက်တွင် ရှောင်းကောသည် အစောကြီးထကာ ချက်ပြုတ်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။
စစ်အချိန် ဆိုသည်မှာ နံနက်ကိုးနာရီဖြစ်သည်။ ရှောင်းကောသည် ပြတင်းပေါက်မှ ခေါင်းပြူကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ခုနစ်နာရီဝန်းကျင်လောက်သာရှိဦးမည်ထင်သည်။ အချိန်ရှိသေး၏။
ဒါဟာ ရှောင်းကောရဲ့ ပထမဆုံးအကြိမ် ဒီလိုလုပ်တာပင်။ သူမ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ခရိုင်တရားသူကြီး၏ အဆိုအရ သူမမနေဖြင့် မည်သည့်အရာကိုမျှ ဂရုစိုက်ရန် မလိုအပ်ပေ။ လမ်းတလျှောက်တွင် သူက အရာအားလုံးကို ဂရုစိုက်ပေးကာ မြို့တော်သ်ို့ရောက်သည့်အခါ သူမကို လာခေါ်မယ့်သူရှိ၏။
သူမ အနည်းငယ် သိချင်မိသွားသည်။ သင်္ချိုင်းနေရာပြောင်းတဲ့ကိစ္စမှာ ဘာလို့ လူအများကြီးပါလာရတာလဲ? ကျန်းမိသားစုက မြို့တော်မှာ ဘယ်လိုအခြေအနေမျိုးရှိလို့များလဲ?
ရှောင်းကောသည် ဂျုံယာဂုကို စားပွဲပေါ်ယူလာကာ ပန်းကန်များနှင့် တူများကို ချလိုက်သည်။ ထို့နောက် အရံဟင်းလျာများနှင့် ကြက်ဥများကို ယူရန် မီးဖိုချောင်သို့သွားလိုက်သည်။
မနက်စာပြင်ပြီးနောက် ချင်းအန့်မင်၏ အခန်းထဲ၌ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ သူနိုးလာပြီမှန်း ရှောင်းကောသိလိုက်သည်။ ကျွမ်းကျွမ်းတစ်ယောက်ထဲသာ အိပ်နေတုန်းဖြစ်လိမ့်မည်။
ရှောင်းကော အခန်းထဲဝင်သွားကာ စောင်အောက်တွင်ရှိနေသည့် ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ သူက ခေါင်းမြီးခြုံထားကာ သူ့ပုံစံဟာ သူမမျက်စိထဲတွင်တော့ ဖောင်းထွက်နေသလိုပင်။
"ကျွမ်းကျွမ်း? ကျွမ်းကျွမ်း?"
ရှောင်းကော စောအောက်ထဲ လက်ထည့်လိုက်တော့ သူ့ခေါင်းကို စမ်းမိလိုက်သည်။ သူမအသာပွတ်ကာ သူ့ကိုနှိုးရန်ကြိုးစားလိုက်သည်။
“အင်း…”
ကလေးဆန်ဆန်အသံလေးက ထွက်လာသည်။ ထို့နောက် သူသည်စောင်အောက်တွင် ဟိုလှိမ့်ဒီလှိမ့်လုပ်ကာ သူ့ခေါင်းကိုဖြည်းဖြည်းလေး မထုတ်လာခင် စောင်ကိုဘောလုံးလုပ်နေသည်။
"မေမေ?"
“အင်း အစားအသောက်တွေ အဆင်သင့်ဖြစ်နေပြီ။ ထတော့ မနက်စာစားမယ်"
ရှောင်းကော ကျွမ်းကျွမ်း၏ လက်ကို အသာဆုပ်ကိုင်ကာ အနည်းငယ်ဆွဲလိုက်သည်။ လူတစ်ယောက်ကိုမနှိုးခင် သူတို့ရဲ့ခန္ဓာကိုယ်ကို အရင်ဆုံး နှိုးရမည်။
သူ့လက်နှစ်ဖက်ကို အကြိမ်အနည်းငယ် ဆွဲပြီးနောက် ကျွမ်းကျွမ်း၏ အိပ်ချင်မူးတူးအကြည့်ဟာ ပျောက်သွားတာကြာပြီဖြစ်သည်။ ရှောင်းကော၏ လုပ်ရပ်ကို သူရယ်လိုက်သည်။
"ကောင်းပြီ ထတော့!"
ရှောင်းကော စောင်ကိုသိမ်းကာ ကျွမ်းကျွမ်းအား အဝတ်စားဝတ်ရန် ပြောလိုက်သည်။ ထို့နောက် သူမအခန်းထဲမှ ထွက်လာလိုက်သည်။
"အစ်ကို?"
ရှောင်းကော ထွက်လာတဲ့အခါ၊ ချင်းအန့်မင်ကို စားပွဲ၌တွေ့ရလိမ့်မည်ဟု သူမ ထင်ခဲ့သည်။ အံ့သြဖို့ကောင်းတာက သူ့ကိုဘယ်မှာမှ သူမ မတွေ့ပေ။ သူ့အခန်းတံခါးကလည်း ပွင့်နေ၏။ သူဘယ်ကိုသွားတာများလဲ?
"အစ်ကို? ထမင်းစားချိန်ရောက်ပြီ!"
ရှောင်းကော ချင်းအန့်မင်ကို လှမ်းအော်ပြောလိုက်သည်။ သူမပြောလိုက်ပြီးသည်နှင့် ချင်းအန့်မင်၏ အသံကို ကြားလိုက်ရသည်။
"လာပြီ!"
ချင်းအန့်မင်၏ အသံလာရာကိုကြားတော့ သူဆေးကြောသန့်စင်နေမှန်း သူမသိလိုက်သည်။
ချင်းအန့်မင် ဘာလုပ်နေလဲဆိုတာ သိလိုက်ရတော့ ရှောင်းကောစိတ်အေးသွားကာ ပန်းကန်လုံးထဲသို့ ဂျုံယာဂုဆက်ထည့်လိုက်သည်။ ချင်းအန့်မင်နှင့် ကျွမ်းကျွမ်းတို့ ဆေးကြောပြီးသည်နှင့် ဂျုံယာဂုလည်း စားလို့ရပြီဖြစ်သည်။
ကျွမ်းကျွမ်းက ချင်းအန့်မင်နှင့်အတူ ထိုင်လိုက်သည်။ ကြက်ဥကို အခွံခွာပြီးနောက် ရှောင်းကောသည် ကျွမ်းကျွမ်းနှင့် ချင်းအန့်မင်တို့ကို ကြက်ဥတစ်လုံးစီပေးလိုက်သည်။ တစ်နေ့ကို ကြက်ဥတစ်လုံးစားပေးတာက ကျန်းမာရေးကို ကောင်းမွန်စေသည်။
မနက်စာစားပြီးနောက် ရှောင်းကောသည် ကျွမ်းကျွမ်းအား ဝမ်းနည်းခြင်းအဝတ်အစားကို ၀တ်ပေးလိုက်သည်။ ထုံးတမ်းအစဉ်အလာအရ ရှောင်းကောနှင့်ကျွမ်းကျွမ်းတို့သည် မြို့တော်သို့ သွားရာလမ်းတွင် ဝမ်းနည်းခြင်းဝတ်စုံကို ၀တ်ထားရမည်။
ကံကောင်းထောက်မစွာနှင့် ချင်းအန့်မင်က သူမကို ဒီအကြောင်းသတိပေးခဲ့လို့ပင်။ မဟုတ်ပါက ရှောင်းကောတစ်ယောက် မနေ့က ဝမ်းနည်းခြင်းဝတ်စုံဝယ်ဖို့ မေ့သွားလိမ့်မည်ပင်။