← Chapters

အခန်း (၁၂၅)

Vol. 9 Ch. 125

အခန်း (၁၂၅)

Vol. 9 Ch. 125

ဝမ်းနည်းခြင်းဝတ်စုံသည် အပြင်ဝတ်အကျီတစ်ထည်သာဖြစ်တာကြောင့် ရှောင်းကောက ကျွမ်းကျွမ်းကို ကူဝတ်ပေးလိုက်သည်။ အရွယ်အစားက သူနဲ့ကွက်တိပင်။

ကျွမ်းကျွမ်း ဝတ်ပြီးတာနဲ့ သူမ သူ့အား အပြင်ထွက်ကာ သူ့ဦးလေးကို ရှာရန်ပြောလိုက်သည်။ ရှောင်းကော ကုတင်ပေါ်မှ ဝမ်းနည်းခြင်းဝတ်စုံကို ယူကာ သူမလည်းဝတ်လိုက်သည်။

ချင်းအန့်မင် စားသောက်ပြီးနောက် ပင်မတံခါးကို ဖွင့်လိုက်သည်။ မကြာခင် တစ်ယောက်ယောက် ရွာကိုရောက်လာလိမ့်မည်။ သူတို့တွေက ရှောင်းကောရဲ့အိမ်တွင် အရင်လာစုမည်ဖြစ်ကာ၊ နောက်တွင်မီးရှူးမီးပန်းနှင့်အမွှေးစက္ကူများကို အုတ်ဂူဆီ ယူသွားမည်ဖြစ်သည်။

ရှောင်းကော သူမတို့ရဲ့အိတ်တွေကိုထုတ်လိုက်ပြီး ချင်းအန့်မင်က မီးရှူးမီးပန်းများနှင့် အမွှေးတိုင်များကို ထုတ်ပေးလာသည်။

ထိုအချိန်တွင် ရွာလူကြီးသည် လူတစ်စုနှင့် အတူ ရောက်လာသည်။

" ရှောင်းကော၊ စထွက်ဖို့ အချိန်နီးနေပြီ"

ရွာလူကြီးသည် အိမ်အပြင်ဘက်တွင်ရပ်ကာ အိမ်ထဲသို့လှမ်းအော်လိုက်သည်။ သူ့နောက်တွင် ဂေါ်ပြားများကိုင်ထားသည့် လူတစ်စုကလိုက်လာသည်။

ထိုအထဲတွင် အမျိုးသမီးယန်၏အမျိုးသား ယန်ဖုန်းလည်းပါ၏။ တစ်ရွာတည်းနေ အခြား ယောက်ျားလေးအချို့လည်းပါသည်။

ချင်းအန့်မင်သည် ရွာလူကြီး၏ အသံကိုကြားတဲ့အခါထွက်လာပြီး အမွှေးတိုင်များနှင့် မီးရှူးမီးပန်းများကို လူအချို့အားပေးလိုက်သည်။ ထိုအချိန်တွင် ရှောင်းကောသည် ဝမ်းနည်းခြင်း အဝတ်အစားဝတ်ကာ ကျွမ်းကျွမ်းနှင့်အတူ ထွက်လာသည်။

"သွားကြဝာာပေါ့!"

သူမ ဘာမှမကျန်တော့ကြောင်း သေချာအောင်လုပ်ပြီးနောက် ရှောင်းကောလည်း ထိုအဖွဲ့နှင့်အတူ ထွက်ခွာသွားသည်။ ချင်းအန့်မင်လည်း သော့ခတ်ပြီးနောက် သူတို့နောက်ကနေ လိုက်သွားသည်။

သူတို့အုပ်စုသည် လမ်းတလျှောက် လျှောက်လာကြကာ တောင်တန်းများရှေ့ရှိ ကုန်းစောင်းမြင့်မြင့်တစ်ခုဆီသို့ ဦးတည်သွားကြသည်။ လမ်းတစ်လျှောက်တွင် အိမ်ထဲမှနေ ခြေဖျားထောက်၍တစ်ဖုံ၊ နံရံများပေါ်မှတစ်ဖုံ ကြည့်နေကြသူတွေလည်းရှိ၏။ စပ်စုချင်သည့်ရွာသားတချို့က‌တော့ လိုက်လာကြသည်။

ကျန်းမိသားစုသည် မက်မွန်ပွင့်ရွာတွင် သားစဉ်မျိုးဆက် နေထိုင်လာခဲ့ခြင်းမရှိသောကြောင့် သူတို့သေဆုံးပြီးနောက် ရွာသင်္ချိုင်းတွင် သင်္ဂြိုဟ်ခွင့်မရပါ‌ချေ။ ထို့ကြောင့် ကျန်းလူကြီးမင်း ကွယ်လွန်သည့်အခါ ကျန်းတန်းဟယ်နှင့် အမျိုးသမီးကျန်းသည် သူ့အတွက်ဆိတ်ငြိမ်သည့် သင်္ချိုင်းနေရာကို ရွေးချယ်ခဲ့သည်။ အမျိုးသမီးကျန်းကွယ်လွန်ပြီးနောက်တွင် မူလပိုင်ရှင်က သူမကို ကျန်းလူကြီးမင်းနှင့် အတူတစ်နေရာတည်းတွင် မြှုပ်နှံခဲ့သည်။

အဝေးတစ်နေရာတွင် တောင်ကုန်းပေါ်၌ အုတ်ဂူတစ်ခုသာရှိသည်။ ပတ်ဝန်းကျင်ရှုခင်းဟာ အရမ်းလှပ၏။ တောင်များ၊ မြစ်များနှင့် သစ်ပင်ကြီးများရှိသဖြင့် သင်္ချိုင်းသည် လူသူချောက်ကပ်လွန်းပုံမပေါ်ပါချေ။

ရှောင်းကောသည် ကျွမ်းကျွမ်းအား အဖွဲ့ရှေ့သို့ ဦးဆောင်ခေါ်သွားလိုက်သည်။ သူမသည် အမွှေးတိုင်တစ်ထုပ်နှင့် မီးရှူးတိုင်ကို ကိုင်ဆောင်ထားသည်။ သင်္ချိုင်းသို့ရောက်သည့်အခါ ရထားတွဲအနည်းငယ်က ရပ်နေပြီဖြစ်သည်။ ဘေးတွင် ဓားရှည်ကိုင်ထားသည့် တပ်သားတစ်စုလည်း ရပ်နေ၏။ ရှောင်းကောနှင့် ခေါင်းတလားအားဆောင်ယူရန် ခရိုင်တရားသူကြီးမှ စေလွှတ်ခဲ့တာဖြစ်သည်။

" ရှောင်းကော၊ စကြရအောင်"

ရွာလူကြီးက နေကိုမော့ကြည့်ကာ ရှောင်းကောကိုပြောလိုက်သည်။

ရှောင်းကော ခေါင်းညိတ်ပြလိုက်ပြီး ကျွမ်းကျွမ်းနှင့်အတူ အုတ်ဂူရှေ့တွင် ဒူးထောက်လိုက်သည်။ ကျွမ်းကျွမ်းက ရှောင်းကောနားတွင် ကပ်ထိုင်ကာ သူမလုပ်သည့်အတိုင်း လိုက်လုပ်သည်။

"အခုက အချိန်ကောင်းပဲ။ ခေါင်းတလားဖော်ဖို့အချိန်ကျပြီ!"

ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့သည် ခေါင်းတလား မဖော်ခင် သုံးကြိမ်အရိုအသေပေးလိုက်ကြသည်။

ရွာသားတွေက ချက်ချင်းမတူးပေ။ ယင်းအစား အုတ်ဂူဘေးတွင် အမွှေးတိုင်သုံးချောင်း အရက်ထွန်းညှိလိုက်ပြီး အနီးနားရှိ သစ်ပင်တစ်ပင်ပေါ်တွင် မီးရှူးမီးပန်းများထွန်းညှိလိုက်ကြသည်။

ရှောင်းကောသည် ကျွမ်းကျွမ်းအား ကျယ်လောင်သည့် ဆူညံသံများမှ ကာကွယ်ပေးရန်အတွက် သူ့နားရွက်တွေကို အုပ်ပေးလိုက်သည်။

ကျွမ်းကျွမ်းလည်း ရှောင်းကော၏ ရင်ခွင်ထဲတွင် မီးရှူးမီးပန်းများရပ်တန့်သည်အထိ ငြိမ်သက်စွာစောင့်ဆိုင်းနေသည်။

ထိုအခိုက်တွင် ချင်းအန့်မင် လျှောက်လာကာ ရှောင်းကောအား တိုးတိုးလေး ပြောလိုက်သည်။ “ခေါင်းတလားထွက်လာတဲ့အခါကျရင် ကျွမ်းကျွမ်းနဲ့အတူ အမွှေးစာရွက်တွေကို မီးရှို့လိုက်”

“အင်း၊ ဟုတ်ပြီ"

ရှောင်းကော အသိအမှတ်ပြုသလို ခေါင်းညိတ်ပြလိုက်သည်။

ထိုသို့ပြောပြီးနောက် ချင်းအန့်မင် ရှောင်းကောနောက်တွင် ရပ်လိုက်သည်။ တစ်ခုခုလွဲချော်သွားပါက သူမအား သတိပေးလို့ရသည့် အနေအထားကောင်းတစ်ခုပင်။ ရှောင်းကောတွင် မေးစရာတွေရှိပါက သူ့ကိုမေးရင်လည်း အဆင်ပြေသည်။

ချင်းအန့်မင် သူမဘေးတွင် ရှိနေကြောင်း သိလိုက်ရသဖြင့် ရှောင်းကော အနည်းငယ်သက်တောင့်သက်သာရှိလာသည်။

ဆူညံသံများ ရပ်တန့်သွားသည့်အခါ လူအုပ်ကြီးသည် ပေါက်တူးများဖြင့် စတင်တူးကြတော့သည်။ သူတို့တူးနေတုန်း ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့က အဲဒီ့နားတွင် ဒူးထောက်ထိုင်ကာ စောင့်နေ၏။ သူတို့လက်ထဲတွင် မီးရှူးမီးပန်းနှင့်အမွှေးတိုင်တွေကို ကိုင်ထားသည်။ အုတ်ဂူအတွင်းမှ ခေါင်းတလားကို တူးဖော်ပြီးသည်နှင့် ပူဇော်မှုများကို စတင်လိုက်သည်။

ယနေ့တွင် ရာသီဥတု သာယာ၏။ ကောင်းကင်ဟာ ကြည်လင်နေပြီး လေလည်းမတိုက်ပေ။ အမွှေးတိုင်ထွန်းဖို့အတွက် ပြဿနာမရှိပေ။

အုတ်ဂူအား လက်ဖြင့်တူးသည်ကြောင့် ခေါင်းတလားမျက်နှာပြင် မပေါ်လာခင် နာရီဝက်ခန့် အချိန်ယူခဲ့ရသည်။ ချင်းအန့်မင်က မတ်တပ်ရပ်နေသည့်အတွက် အရင်မြင်လိုက်သည်။ ရှောင်းကောက ဒူးထောက်နေတာကြောင့် မမြင်ရပေ။ ထို့ကြောင့် ချင်းအန့်မင်သည် ရှောင်းကောနား အမြန်ကပ်ကာ သူမကို အမွှေးစာရွက်မီးရှို့ရန် သတိပေးလိုက်သည်။

ထိုစကားကို ရှောင်းကောကြားတဲ့အခါ မီးစတင်ရှို့လိုက်ပြီး အမွှေးစာရွက်အားမီးရှို့လိုက်သည်။

စာရွက်က မီးကိုထိလိုက်သည်နှင့် ချက်ချင်းပဲ လောင်သွားသည်။ ရှောင်းကောသည် သစ်သားချောင်းလေးတစ်ချောင်းကို ယူလိုက်ကာ မီးတောက်စေရန် စာရွက်အားထိုးဆွလိုက်သည်။ ကျွမ်းကျွမ်းလည်း ရှောင်းကော၏ ညွှန်ကြားချက်အတိုငိး အမွှေးစာရွက်တွေကိုယူကာ မီးထဲသို့ပစ်ချလိုက်သည်။

ရွာလူကြီးက ရှောင်းကောရဲ့ဘေးတွင် ကြည့်နေသည်။ အမွှေးစာရွက်တွေ လောင်သွားတာနဲ့ ခေါင်းတလားကို အောင်မြင်စွာ မ နိုင်လိုက်သည်။

နှစ်ယောက်ကို ခေါင်းတလားတစ်ခုဖြစ်သည်။ နှစ်အတော်ကြာပြီဖြစ်သော်လည်း ခေါင်းတလားသည် ကောင်းမွန်နေဆဲဖြစ်သည်။ မြေအောက်တွင် နှစ်တွေကြာသည့်တိုင်အောင် မဆွေးမြေ့ပါချေ။

အမျိုးသမီးကျန်းသည် ကျန်းလူကြီးမင်းကို သင်္ဂြိုဟ်တဲ့အချိန်တွင် အထူးအရည်အသွေးမြင့် ခေါင်းတလားကိုဝယ်ယူခဲ့သည်။ ဘိုးဘွားသင်္ချိုင်းတွင် မမြှုပ်နှံနိုင်သော်လည်း သူ၏နောက်ဆုံးခရီးအား ကောင်းမွန်စွာပို့ဆောင်သင့်သည်။ ထို့ကြောင့် အမျိုးသမီးကျန်းသည် သူမတွင် ရှိသည့် ငွေအားလုံးကို ခေါင်းတလားပေါ်တွင် သုံးစွဲခဲ့သည်။

ရွာလူကြီးက လူတွေကို ခေါင်းတလားအား ရထားလုံးပေါ်ရွှေ့ခိုင်းလိုက်သည်။

ချင်းအန့်မင်သည် ရှောင်းကောအား ထနိုင်ရန်ကူညီပေးကာ လမ်းတစ်လျှောက်တွင် အမွှေးစာရွက်များအား ကြဲရန်ညွှန်ကြားလိုက်သည်။ အဲဒါကိုတော့ လွန်လွန်ကဲကဲလုပ်စရာမလိုပေ။ ခရီးတစ်လျှောက်တွင် ခပ်မှန်မှန်သာ ကြဲရန်လိုသည်။

ရှောင်းကော သူ့စကားတွေကို ရင်ထဲတွင်မှတ်ကာ ကျွမ်းကျွမ်းနှင့်အတူ ရထားလုံးပေါ်သို့တက်လိုက်သည်။

ကျွမ်းကျွမ်း ချင်းအန့်မင်အား တုံ့ဆိုင်းစွာကြည့်ရင်း အနည်းငယ် စိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။

ချင်းအန့်မင်က ကောင်လေးကိုကြည့်ကာ နှစ်သိမ့်ပေးလိုက်သည်။ "ကျွမ်းကျွမ်း၊ သားမေမေနားမှာဘဲနေနော်။ လိုက်မပြေးနေနဲ့ ကြားလား?"

"သား နားလည်ပါတယ်" ကျွမ်းကျွမ်း ချင်းအန့်မင်ကို ခေါင်းညိတ်ပြလိုက်သည်။

ချင်းအန့်မင် စိတ်အေးသွားစွာဖြင့် ခေါင်းညိတ်လိုက်ကာ ဘေးကိုသွားလိုက်သည်။ ရှောင်းကောက ကန့်လန့်ကာကိုရုတ်လိုက်ကာ ချင်းအန့်မင်ကို ကြည့်လိုက်သည်။

“အစ်ကို၊ ညီမတို့သွားတော့မယ်။ အိမ်မှာဂရုစိုက်နေပါ။အစ်ကို စားချင်တာစားနော်။ အစေ့အဆန်တွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေအများကြီးရှိတယ်။ အစ်ကို့အတွက် ညီမလေးချုပ်ထားတဲ့ ဖိနပ်နဲ့အဝတ်အစားတွေကို ညီမလေးအခန်းရဲ့ ကုတင်ပေါ်မှာရှိတယ်။ ဝတ်ဖို့ မမေ့နဲ့နော်"

ရှောင်းကောသည် အသက်မရှုစတမ်းပြောသွားသည်။ ချင်းအန့်မင်က သူမကိုစိတ်အေးစေရန် အကြည့်တစ်ချက်ပေးလိုက်သည်။ "ကောင်းပြီ! ကိုယ့်ကိုယ်ကိုယ်ရော ကျွမ်းကျွမ်းကိုကော ကောင်းကောင်းဂရုစိုက်နော်!"

ရှောင်းကော အသက်ပြင်းပြင်းရှူလိုက်ရင်း မျက်ရည်တွေကိုထိန်းကာ ခေါင်းညိတ်ပြလိုက်သည်။ ရွာလူကြီးက စထွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ပြောတာကြားတော့ သူမကန့်လန့်ကာကို ချလိုက်သည်။

ကန့်လန့်ကာချလိုက်သည်ကို ချင်းအန့်မင်း ကြည့်နေမိသည်။ သူ့မျက်လုံးထောင့်တွေကို တိတ်တဆိတ်ပွတ်လိုက်သည်။ မိခင်တစ်ယောက်ဟာ သူ့ကလေး သူ့အနားမှာမရှိတဲ့အခါ အမြဲတမ်းစိုးရိမ်နေတတ်သည်။ အခု ရှောင်းကောသွားတော့ ဒီစကားတွေကို သူတကယ် ခံစားမိလာသည်။

ရှောင်းကောသည် မက်မွန်ပွင့်ရွာတွင်သာ အမြဲတမ်းနေခဲ့တာဖြစ်သည်။ အိမ်နဲ့ တစ်လလောက်ဝေးနေရတာက နည်းနည်းထူးဆန်းသလို သူမခံစားရသည်။

ရထားလုံးက တဖြည်းဖြည်း ရွေ့သွားသည်။ ရှောင်းကော ကန့်လန့်ကာကို ရုတ်ကာအပြင်ကို ကြည့်လိုက်သည်။ သူမတို့ပတ်ပတ်လည်ရှိ တပ်သားတွေကို ခရိုင်တရားသူကြီး ပို့ခဲ့တာဖြစ်သည်။ ခရိုင်မြို့သို့ သူမတို့ရောက်သည့်အခါ ခရိုင်တရားသူကြီးလျှိုသည် သူမတို့နှင့်အတူ ခရီးဆက်မည်။

ဤနေရာရှိ သင်္ချိုင်းအရွယ်အစားကြောင့် ရှောင်းကော အံ့အားသင့်သွားသည်။ သာမန်လူအများစုအနေဖြင့် သူတို့ကိုယ်တိုင် သယ်သူပို့ဆောင်ရေးယာဉ်များဖြင့် ခေါင်းတလားတွေကို ရွှေ့ပြောင်းရသည်။ ကျန်းမိသားစုလိုမျိုး ဘယ်သူကများအခွင့်ထူးခံ ခံစားရမှာတဲ့လဲ? အရာအားလုံးဟာ အစီအစဉ်တကျ စီစဉ်ထားသည်။ ရှောင်းကောရဲ့ စိတ်ကူးတွေ ဟိုဟိုသည်သည် လွင့်မျောသွားသည်။ ဒီလူတွေ ဘာတွေလုပ်ကြလဲဆိုတာ သူမသိချင်မိသည်။

ရှောင်းကော ရထားလုံးပေါ်ထိုင်လိုက်ကတည်းက သူမရဲ့တင်ပါးအောက်မှ ထိုင်ခုံကို ခံစားလိုက်ရသည်။ ရထားလုံးသည် မြည်းလှည်းထက် ပို၍ သက်တောင့်သက်သာရှိသည်ဟု သူမ မနေနိုင်ဘဲ တွေးလိုက်မိသည်။

ချင်းအန့်မင်နဲ့ ကျန်လူတွေကို မမြင်ရတော့တဲ့အတွက် ရှောင်းကော ကန့်လန့်ကာကိုလှန်ကာ ကျွမ်းကျွမ်းအား အမွှေးစက္ကူတွေကို ကြဲခိုင်းလိုက်သည်။

အမွှေးစက္ကူတွေကို သူမအိမ်မှ ယူလာတာဖြစ်သည်။ ချင်းအန့်မင်က လှည်းပေါ် ကူတင်ပေးခဲ့သည်။

ကျွမ်းကျွမ်းသည် နာနာခံခံဖြင့် အမွှေးစက္ကူနှစ်ရွက်ကိုယူကာ အပြင်သို့ပစ်ချလိုက်သည်။

ရှောင်းကောရဲ့ မျက်လုံးထောင့်တွေ လှုပ်ရှားသွားသည်။ စာရွက်တွေကိုခွဲကာ ကြဲတာနဲ့ပတ်သက်ပြီး ချင်းအန့်မင်ရဲ့စကားတွေကို ဒီကောင်လေး ကြားခဲ့သည်ပင်။ ကျွမ်းကျွမ်းက တကယ်ကြီးကိုတစ်ကြိမ်လျှင် စာရွက်နှစ်ရွက်ကြဲချပစ်သည်။

_'သားလေးရေ၊ ဒီ‌လောက်ပမာဏကြီး မလုပ်နဲ့လေ…'_

သို့ပေမယ့် ရှောင်းကော သူမရဲ့စကားလုံးတွေကို မျိုချလိုက်သည်။ 'မေ့လိုက်တော့။ ငါ့ဘက်ကို ငါ့ဘာသာဘဲ ကြဲလိုက်တော့မယ်။'

ရှောင်းကော ကန့်လန့်ကာကိုလှန်လိုက်ကာ စာရွက်တချို့ကိုကြဲလိုက်သည်။

အနောက်မှ ခေါင်းတလား၏ အလေးချိန်နှင့်အတူ အမြန်ရွေ့လျားရန် ခက်ခဲသည်ကြောင့် ရထားလုံးသည် ဖြည်းညှင်းစွာဖြင့်သာ ခရီးဆက်ခဲ့သည်။ ခရိုင်ဂိတ်ပေါက်ဝသို့ရောက်သည့်အခါ မွန်းတည့်ချိန်နီးနေပြီဖြစ်သည်။

ခရိုင်တရားသူကြီးလျှိုသည် ဝင်ပေါက်တွင် စောင့်နေပြီဖြစ်သည်။ ရှောင်းကောတို့၏ ယာဉ်တန်းကို သူမြင်တဲ့အခါ သူမကို အမြန်နှုတ်ဆက်လိုက်ပြီး သူမတို့နှင့်အတူခရီးဆက်သည်။

All Chapters