အခန်း (၁၂၈)
Vol. 9 Ch. 128
_'ဒီလောက်အရေးကြီးတာကို ငါ မမှတ်မိရအောင် ဘယ်လိုတောင်ရူးလိုက်သလဲ'_
'စားစရာမရှိဘူးလို့ ဘယ်သူပြောလဲ? ရေခဲသေတ္တာထဲမှာ ဝက်အူချောင်းတွေ ရှိတယ်မလား?' သူမနောက်ဆုံးလုပ်ထားတဲ့ ဝက်အူချောင်းတွေ မကုန်သေးပေ။ ရေခဲသေတ္တာထဲတွင် အများကြီးကျန်နေသေးသည်။
ထို့အပြင်၊ ရေခဲသေတ္တာထဲတွင် အသားနှင့် မီးဖိုချောင်ထဲတွင် မီးဖိုလည်းရှိသည်။ ဟင်းခတ်အမွှေးအကြိုင်တွေလည်း အဆင်သင့်ပင်။ သူမ ကျွမ်းကျွမ်းအတွက် ချက်ပေးလို့ရသည်။
ရှောင်းကော သူမခေါင်းကို ရိုက်ချင်သွားသည်။ 'နေရာလွတ်ထဲက ပစ္စည်းတွေကို သူမ ဘယ်လိုလုပ်မေ့သွားရတာလဲ? သူမ တကယ် ရူးနေတာဘဲ!'
ဤအတွေးဖြင့် ရှောင်းကောသည် ကျွမ်းကျွမ်းကို အနည်းငယ် မြန်မြန်ပုတ်လိုက်ကာ သီချင်းညည်းလိုက်သည်။
ကျွမ်းကျွမ်း လျင်မြန်စွာအိပ်ပျော်သွားသည်။ ရှောင်းကော သူ့ကိုအသာပုတ်လိုက်ကာ သူမြန်မြန် အိပ်ပျော်သွားကြောင်း သေချာအောင်လုပ်လိုက်သည်။ ထို့နောက် သူ့ကိုအသာအောက်ချလိုက်သည်။
ရှောင်းကော တုံ့ဆိုင်းသွားသည်။ ဒီမှာ လုံးဝမလုံခြုံပေ။ သူမ သူ့ကို ဒီနေရာတွင်ထားကာ ထွက်သွားဖို့ တကယ်ကိုစိတ်ပူမိသည်။
ရှောင်းကော ခေါင်းညိတ်လိုက်ကာ အပြင်ကို လှမ်းကြည့်လိုက်သည်။ ခရိုင်ဂိတ်တွင် လူတွေစုနေပြီး လှုပ်ရှားတာမရှိသေးပေ။ ဒီတချိန်လုံး ဘယ်သူမှ တံခါးကနေ ဖြတ်မ၀င်ရသေးပေ။ သူမသည် ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်တော့ ထူးထူးခြားခြား ဘာမှမတွေ့ရပေ။ ခရိုင်တံခါးဆီ လူတိုင်းရဲ့အာရုံရောက်နေတုန်း မည်သူကမျှ သူမကို ဂရုမစိုက်မိကြပေ။
ထို့ကြောင့် ရှောင်းကောသည် ရဲတင်းသည့်အကြံတစ်ခုချလိုက်သည်။ သူမ ကျွမ်းကျွမ်းကို နေရာလွတ်ထဲ ခေါ်ဆောင်သွားလိုက်သည်။
ဘာပဲဖြစ်ဖြစ် ကျွမ်းကျွမ်းကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။ သူမငြိမ်ငြိမ်လေး လုပ်ရမည်။
ကျွမ်းကျွမ်းအား ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း သူမ ရုတ်တရက် နေရာလွတ်ထဲသို့ ဝင်သွားသည်။ သူမသည် ကျွမ်းကျွမ်းအား သန့်ရှင်းသည့်စားပွဲပေါ်တွင် တင်လိုက်ပြီး မီးဖိုချောင်သုံးမျက်နှာသုတ်ပုဝါတစ်ခုဖြင့် သူ့ခေါင်းကို အုပ်လိုက်သည်။
ရှောင်းကော သူ့နားမှ ဂရုတစိုက်ထွက်သွားလိုက်သည်။ သူမနိုးတာသေချာမှ ရှောင်းကော ရေခဲသေတ္တာကို အလျင်အမြန်ဖွင့်ကာ ဝက်အူချောင်းအချို့ကို ထုတ်လိုက်သည်။ သူမမီးဖွင့်ကာ အိုးထဲသို့ဆီလောင်းထည့်လိုက်ပြီး ဝက်အူချောင်းများကို ကြော်လိုက်သည်။
ကျွမ်းကျွမ်း မွှေးရနံ့ရသည့်အခါ အနည်းငယ်လှုပ်ရှားသွားသည်။ သို့ပေမယ့် သူနိုးလာမယ့်ပုံ မပေါ်ပေ။ ရှောင်းကော ထိုအရာကိုမြင်တဲ့အခါ သက်သာရာရသွားပြီး ချက်ပြုတ်တာကို ဆက်လုပ်သည်။
ဝက်အူချောင်းများကိုထိုးရန် တုတ်အနည်းငယ်ကို ရှာလိုက်ပြီးနောက် ရှောင်းကော ကျွမ်းကျွမ်းအား အသာချီကာ ရထားလုံးပေါ်သို့ပြန်လာလိုက်သည်။
ရှောင်းကော ကျွမ်းကျွမ်းပါးလေးအား အသာပုတ်ကာ သူ့ကို နှိုးဖို့လုပ်လိုက်သည်။ သို့သော် ကျွမ်းကျွမ်းမှာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေသည်။ အချိန်အတော်ကြာသည့်တိုင်အောင် သူ မနိုးလာဘဲ အိပ်ပျော်နေ၏။
ရှောင်းကော သူမထိုင်နေသည့်ပုံစံကိုပြောင်းကာ ကျွမ်းကျွမ်းနှာခေါင်းအောက်တွင် ဝက်အူချောင်းကိုထားလိုက်ပြီး အနံ့နှင့်သွေးဆောင်ရန် ကြိုးစားလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ဤနည်းလမ်းသည် အလွန်ထိရောက်သည်။ ကျွမ်းကျွမ်း၏ နှာခေါင်းလေးဟာ ပထမအကြိမ် အနည်းငယ်လှုပ်ရှုးသွားပြီး၊ ထို့နောက် သူရဲ့ပါးစပ်လေးကလည်း လှုပ်ရှားသွားသည်။ သိပ်မကြာခင်မှာပဲ သူ့ပါးစပ်ထောင့်ကနေ သွားရည်တွေစီးကျလာသည်။
ရှောင်းကော ရယ်မောလိုက်သည်။
ကျွမ်းကျွမ်း အသံကြားတော့နိုးလာပြီး ဝက်အူချောင်းကို တွေ့လိုက်ရသည်။
ရှောင်းကော ကျွမ်းကျွမ်း၏ နှာခေါင်းနားတွင် ဝက်အူချောင်းကို ထားလိုက်တဲ့အခါ သူ့အာရုံက ဝက်အူချောင်းအပေါ် ရောက်သွားသည်။
ကျွမ်းကျွမ်း သူ့သွားရည်ကို သုတ်လိုက်ပြီး ဝက်အူချောင်းက အစစ်ဖြစ်ကြောင်း သိလိုက်ရသည်။ အိပ်မက်မက်နေတာလို့ သူထင်နေတာဖြစ်သည်။ သူ့မေမေ အိပ်မက်ထဲတွင် ကြော်နေသည့် ဝက်အူချောင်းက တကယ့်အစစ်ပင်။
ဗိုက်ဆာနေတဲ့ ကျွမ်းကျွမ်းက သူဗိုက်ဆာနေပေမယ့် အရင်မစားလိုက်ပေ။ ရှောင်းကော သူ့ကို စနောက်နေတာ ရပ်လိုက်ကာ ဝက်အူချောင်းသုံးချောင်း ပေးလိုက်သည်။ "လာစား"
ကျွမ်းကျွမ်း ရယ်မောလိုက်ပြီး ဝက်အူချောင်းကို ယူလိုက်သည်။ သူသည် ရှောင်းကောရင်ခွင်ထဲတွင် မှီကာ စားလိုက်သည်။
စားသောက်နေတုန်း ရှောင်းကော ကန့်လန့်ကာကို မ လိုက်ကာ အပြင်ကိုကြည့်လိုက်သည်။ နေ့တစ်ဝက်ကြာသွားသော်လည်း လူစုလူဝေးဟာ မရွေ့သေးသလို ရထားလုံးကိုလည်း တစ်နေရာတည်းတွင်သာ ရပ်ထားဆဲဖြစ်သည်။ နေဝင်ပြီး ကောင်းကင်ဟာလည်း တဖြည်းဖြည်း မှောင်လာပြီဖြစ်သည်။
ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့ စားပြီးသွားတော့ တုတ်တွေကို လွှင့်ပစ်ပြီးနောက် တပ်သားတစ်ဦးက သူတို့၏ ရထားလုံးကို လာခေါက်သည်။
“ဂိတ်တံခါးကို ဖြတ်လို့ မရသေးဘူး။ ဒီနေရာမှာ စခန်းချဖို့ ဆုံးဖြတ်ထားတယ်"
ရှောင်းကော ဒီအသံကို မှတ်မိသည်။ ထိုတပ်သားသည် ယနေ့ သူမအားအစားအသောက်အိတ်ကို ကြင်နာစွာ ပေးခဲ့သူဖြစ်သည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ နားလည်ပါပြီ"
ရှောင်းကော ရထားအတွင်းမှနေကာ စကားပြောလိုက်သည်။ သူမ တွေးထားသည်က တကယ်ဖြစ်လာသည်။ သူမတို့ ဒီမှာပဲ တစ်ညလုံးနေရတော့မည်။ သို့ပေမယ့် အဆင်ပြေပါသည်၊ သူမတို့တွေ မနက်အစောစောထထွက်လာကာ တစ်ညတော့ အနားယူရမည်။ ဒါပေမဲ့ ဒီလောက်ကြာအောင် တန်းစီပြီးတာတောင် မြို့ထဲကို ဘာလို့ မဝင်ရသေးတာလဲ?
ထိုတပ်သားထွက်သွားပြီး မကြာခင်မှာပဲ ရထားလုံးက စတင်ရွေ့လျားသည်။
ရှောင်းကော ကန့်လန့်ကာကို မ ကာကြည့်လိုက်တော့ သူမတို့တွေ ဂိတ်တံခါးကနေ ထွက်လာတာကို တွေ့လိုက်ရသည်။ စခန်းချပြီး မီးမွှေးရန် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ကြသည်။
ခဏအကြာ တပ်သားတစ်ဦးက ရှောင်းကောတို့၏ ရထားလုံးမီးထွန်းနိုင်ရန် ဆီမီးခွက်ကို ယူဆောင်လာသည်။ သူက အဆင်သင့်ဖြစ်တဲ့အခါ အစားအသောက် ယူလာပေးမည့်အတွက် စိတ်ရှည်ရှည်နှင့် စောင့်ပေးရန် ပြောလိုက်သည်။
ရှောင်းကော ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ ထိုလူ ထွက်သွားပြီးနောက် သူမ ရထားလုံးပေါ်မှ ဆင်းကာ ဂိတ်တံခါးဆီ လျှောက်သွားလိုက်သည်။ သူမတို့ဘက်တွင် မီးတွေလင်းကျင်းစွာ ထွန်းထားသည်။ ယှဥ်ကြည့်ပါက ဂိတ်တံခါးဘက်တွင်တော့ သနားစရာကောင်းလှသည်။
ရှောင်းကောသည် ဂိတ်ပေါက်နှင့် အနည်းငယ် နီးကပ်လာသည်။ အမှောင်ထဲတွင် လူအချို့သည် မြို့ထဲသို့ဝင်နိုင်ရန် စောင့်မျှော်နေကြဆဲဖြစ်သည်။ သူတို့အားလုံးသည် မျက်နှာပေါ်တွင် ပုံမှန်အမူအရာများ ရှိနေကြကာ ပိတ်ထားသည့် တံခါးက သူတို့အပေါ် သက်ရောက်မှုမရှိနေပေ။ သူတို့အနေဖြင့် ၎င်းနှင့် ကျင့်သားရနေသလိုပင်။
ရှောင်းကော ဤထူးဆန်းမှုကို တွေ့ရှိခဲ့ရသည်။ သာမာန်လူတစ်ယောက်ဆိုလျှင် အကြာကြီးတန်းစီစောင့်ဆိုင်းပြီးနောက် မနေနိုင်ဘဲ စိတ်ပျက်နေသည့် အရိပ်အယောင်တွေကို ပြလာမှာပင်။ ဒီလူတွေကတော့ အရမ်းငြိမ်သက်နေသည့်အတွက် နည်းနည်းကြောက်စရာကောင်းလှသည်။
“မေမေ…”
ကျွမ်းကျွမ်း၏ အသံသည် သူမ အတွေးများဆီမှ အာရုံလွှဲသွားသည်။ ရှောင်းကော ရထားလုံးဆီမပြန်ခင် အနောက်လှည့်ကြည့်လိုက်သေးသည်။ သူမတို့တွေက မနက်ဖြန် ထွက်သွားရမှာဘဲ။ ကိုယ့်ကိစ္စကိုဘဲ အာရုံစိုက်သင့်တယ်။
"မေမေ၊ စားစရာရပြီ"
ကျွမ်းကျွမ်းသည် သူ့ပန်းကန်ပြားကို ကိုင်ထားသည်။ ထိုအပေါ်တွင် ယာဂုနှင့် အသားကင်တစ်ပိုင်းရှိနေ၏။
ဒါကို တပ်သားတစ်ယောက်က အခုလေးတင် ယူလာခဲ့ပုံရသည်။ သူမ ဂိတ်တံခါးကိုသာ အာရုံစိုက်နေမိတာကြောင့် ဒီဘက်ကို သတိမထားမိလိုက်ပေ။
"စားရအောင်"
ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့မှာ ဗိုက်သိပ်မဆာကြပေမယ့် သူတို့ပေးထားသည့် အစားအသောက်တွေကို ကုန်အောင်စားလိုက်သေးသည်။ အစားအသောက်ကို မဖြုန်းတီးခြင်းသည် အလေ့အကျင့်ကောင်းဖြစ်သည်။
ညဘက်တွင် အရာအားလုံး တိတ်ဆိတ်နေ၏။ ညဘက် ကင်းစောင့်သူတွေကလွဲလျှင် တခြားလူတွေအားလုံး အိပ်ပျော်နေသည်။
ကျွမ်းကျွမ်း ပိုပြီးသက်တောင့်သက်သာ အိပ်ပျော်စေဖို့အတွက် ရှောင်းကောသည်အိတ်ထဲမှ အဝတ်တစ်ချို့ကိုထုတ်ကာ သူ့ခန္ဓာကိုယ်အောက်တွင် ခင်းလိုက်သည်။ ထို့နောက် သူမသည် အဝတ်အချို့ကို ခေါင်းအုံးအသေးစားတစ်ခုအဖြစ် လုံးလိုက်ကာ ကျွမ်းကျွမ်း၏ ခေါင်းအောက်တွင် ထားလိုက်သည်။
"အိပ်တော့"
ရှောင်းကော ကျွမ်းကျွမ်း၏ ကျောကို အသာပွတ်လိုက်သည်။ ကောင်လေးရဲ့ မျက်လုံးတွေ တဖျပ်ဖျပ်ခတ်နေပြီး လှုပ်ရှားမှုတွေက နှေးကွေးလာကာ နောက်ဆုံးတွင် သူအိပ်ပျော်သွားတော့သည်။
ညဘက်တွင် နည်းနည်းအေးကာ အပြင်မှာဆိုလျှင် ပိုတောင်ဆိုးသေးသည်။ ရထားလုံးမှခုံသည် ည၏ အအေးဒဏ်ကို မတားဆီးနိုင်ပေ။
ရှောင်းကောသည် သူမအိတ်ထဲမှ အဝတ်တစ်ထည်ကိုထုတ်လိုက်ကာ ကျွမ်းကျွမ်းပေါ်တွင် ခြုံပေးလိုက်သည်။ သူမသည် သူ့အား ဖက်ထားလိုက်ကာ နောက်ဆုံးတွင် သူမကိုယ်တိုင်လည်း အိပ်ပျော်သွားသည်။
ညသန်းခေါင်တွင် ရှောင်းကော ရုတ်တရက်နိုးလာသည်။ သူမ ကျွမ်းကျွမ်းအား ကာထားကာ ပတ်ဝန်းကျင်ကို တိတ်တဆိတ် နားထောင်လိုက်သည်။
ထူးထူးခြားခြား အသံတွေကို မကြားရသည့်အခါ ရှောင်းကော သက်ပြင်းချလိုက်သည်။ 'သူမ အိပ်မက်မက်နေတာဖြစ်မယ်။'
ကျွမ်းကျွမ်း ဖြည်းဖြည်းခြင်းထလိုက်ပြီး ခါးနှင့် ပခုံးတွေကို ဆန့်လိုက်သည်။ ရထားလုံးက အိပ်ရတာတကယ် မကောင်းပေ။ ခဏလောက် တစ်ရေးတစ်မော အိပ်မောကျပြီးသည့်နောက်တွင် သူမတစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာသည်။
ကျွမ်းကျွမ်း၏ အသက်ရှုသံကို နားထောင်ရင်း ရှောင်းကော ရထားလုံးပေါ်မှဆင်းရန် ဆုံးဖြတ်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမ ပြန်အိပ်နိုင်တော့မှာ မဟုတ်ပေ။ သူမ အပြင်ထွက်၍ အညောင်းအညာဆန့်နိုင်သည်။
ရံဖန်ရံခါ တပ်သားများ၏ စကားပြောသံများနှင့် တောက်လောက်နေသည့် ထင်းမီးများမှလွဲလျှင် အပြင်ဘက်တွင် အလွန်တိတ်ဆိတ်နေသည်။ ရှောင်းကောလိုက်ပတ်ကြည့်ကာ အဝေးကြီးတော့ မသွားရဲပေ။ သူမသည် ရထားလုံး၏ ၃ မီတာ အကွာလောက်တွင်သာ နေနေကာ ခြေလက်တွေကို ကောင်းကောင်းဆန့်တန်းလိုက်သည်။
ယခုအချိန်တွင် ရှောင်းကောသည် ဂိတ်တံခါးရှိ အခြေအနေကို သိချင်နေသေးသည်။
ထို့ကြောင့် သူမသည် ထိုဘက်ဆီခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ မှောင်လွန်းသဖြင့် ဘာမှ သဲသဲကွဲကွဲ မမြင်ရပေ။ မီးမှိန်ဖျော့ဖျော့လေးသာ ရှိနေသည်။
ရှောင်းကော မျက်လုံးတွေကို မှေးကျဉ်းထားမှသာ ဖြစ်ပျက်နေသည်ကိုမြင်ရသည်။ ဂိတ်တံခါးများ ခပ်ကျယ်ကျယ်ဖွင့်ထားသည်ကို သူမ ယောင်ဝါးဝါးမြင်လိုက်ရသည်။ အထဲတွင် အဝတ်တွေ လွှမ်းခြုံထားသည့် လူတစ်စုထွက်လာသည်။ တပ်သားအချို့ကလည်း တစ်စုံတစ်ရာကို သယ်ထုတ်သွားကြသည်။ အိတ်တစ်ခုလုံးကို ထုပ်ပိုးထားတာကြောင့် ဘာလဲဆိုတာသေချာမမြင်ရပေ။
မထူးခြားနားဖြင့် စောင့်နေကြသည့် လူတွေဟာ ဂိတ်တံခါးပွင့်လာတာကို မြင်တော့ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ ဝတ်ရုံလွှမ်းခြုံထားသူများသည် ဂိတ်ပေါက်တွင် စောင့်ဆိုင်းနေသူများဆီ ဖြည်းညှင်းစွာ လျှောက်သွားကာ နှစ်ယောက် သုံးယောက်အစုကို ချန်ထားကြသည်။ ဂိတ်ဝတွင် စောင့်နေကြသည့် လူတစ်ယောက်ဟာ သယ်လာတဲ့ဟာကိုမြင်တော့ အော်ဟစ်လိုက်ပေမယ့် ရှောင်းကောက ခပ်ဝေးဝေးတွင်ရှိနေတာကြောင့် မကြားရပေ။ ထိုလူသည် ဒေါသူပုန်ထနေသည့် အခြေအနေတွင်ရှိကြောင်း သူမ ပြောနိုင်သည်။