← Chapters

အခန်း (၁၃၁)

Vol. 9 Ch. 131

အခန်း (၁၃၁)

Vol. 9 Ch. 131

ရှောင်းကောသည် အခန်းအတွင်းရှိ ကုတင်ဘေးတွင် ဆီမီးခွက်တစ်ခုသာ ချန်လိုက်သည်။ သူတို့ အိပ်မပျော်တာကြောင့် ကျွမ်းကျွမ်း ရှောင်းကော၏ ရင်ခွင်ထဲတွင်နေကာ ပုံပြင်တစ်ပုဒ်ပြောပြရန် သူမကိုတောင်းဆိုလိုက်သည်။

"မေမေ၊ ပုံပြင်တစ်ပုဒ်နားထောင်ချင်တယ်"

ရှောင်းကောသည် အိမ်မှထွက်လာကတည်းက သူ့ကို ပုံပြင်မပြောပြရသေးပေ။

ရှောင်းကော ခဏလောက် စဉ်းစားလိုက်သည်။ "ငါ မင်းကို ဝတ်ရုံနီခြုံကောင်မလေးအကြောင်း ပြောပြမယ်"

ဇာတ်လမ်းပြီးသွားတာတောင် ကျွမ်းကျွမ်း အိပ်မပျော်သေးပါချေ။ ယင်းအစား သူသည် ပို၍ပင် တက်ကြွလာသည်ဟု ခံစားလိုက်ရသည်။

"မေမေ၊ ဘယ်တော့ အိမ်ပြန်ရမှာလဲ?"

ရက်အနည်းငယ်လောက် အိမ်ကနေထွက်လာရတာကြောင့် တိရစ္ဆာန်တွေနှင့် သူ့ဦးလေးကို သတိရလာသည်။

“သိပ်မကြာခင်ပေါ့” ရှောင်းကော သူ့ခေါင်းကို ပွတ်ကာနှစ်သိမ့်ပေးလိုက်သည်။ “မနက်ဖြန်ကျရင် မေမေတို့ မြို့တော်ကိုရောက်ရင် သားရဲ့ အဘိုးအဘွားတွေကို သင်္ဂြိုဟ်ရမယ်။ ပြီးရင် အနားမယူဘဲ အိမ်ပြန်ကြမယ်။ အဆင်ပြေလား?"

ကျွမ်းကျွမ်း ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်သည်။ "အရမ်းကောင်းတယ်!"

“မေမေ…” ကျွမ်းကျွမ်း ရုတ်တရက်တစ်ခုခုကို တွေးမိကာ အနည်းငယ် ဝမ်းနည်းသွားမိသည်။

"ဟင်?"

ရှောင်းကော ကျွမ်းကျွမ်းကို ငုံ့ကြည့်ကာ သူဘာဖြစ်တာလဲဟု တွေးလိုက်မိသည်။

“မေမေ…” ကျွမ်းကျွမ်းက ထပ်ခေါ်လိုက်သည်။ “ဖေဖေ့ကိုရော ဘိုးဘိုးနဲ့ ဘွားဘွားတို့နဲ့အတူ သင်္ဂြိုဟ်မှာလား?”

တကယ်တော့ ကျွမ်းကျွမ်း မေးချင်သည်မှာ သူ့အဖေရဲ့ရုပ်အလောင်းကို ဘာကြောင့်မတွေ့ရတာလဲဆိုတာပင်။

ရှောင်းကော အေးခဲသွားသည်။ အဲ့ဒါက မေးသင့်သည့်မေးခွန်းပင်။ ကျန်းတန်းဟယ်သည် စစ်မြေပြင်တွင် သေဆုံးသွားသည်ကြောင့်၊ အထိမ်းအမှတ်ကျောက်တိုင် ရှိသင့်သည်ပင်။ သို့သော် ယခင်ပိုင်ရှင်သည် ထိုအချိန်က စိတ်ရှုပ်ထွေးနေခဲ့သည်။ သူမသည် အမျိုးသမီးကျန်း၏ နာရေးနှင့် အလုပ်ရှုပ်နေခဲ့ကာ ကျန်းတန်းဟယ်အကြောင်းကို လစ်လျူရှုထားမိသည်။ နောက်ပိုင်းတွင် စားနပ်ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်ခဲ့ရသည့်အတွက် ဒီကိစ္စကို လုံးဝမေ့သွားခဲ့သည်။ အဲဒီနောက်မှာတော့ အရင်ပိုင်ရှင်ဆုံးသွားကာ ရှောင်းကောလည်း ထိုအကြောင်းကို မေ့သွားတော့သည်။ ကျွမ်းကျွမ်းပြောလာမှဘဲ သူမသတိရသွားသည်။

ကျန်းတန်းဟယ်၏ ရုပ်အလောင်းမရှိသည်ကြောင့် အထိမ်းအမှတ် ကျောက်တိုင်ကိုသာ ထားရှိခဲ့ရသည်။ သို့သော် ဤခရီးတွင် ကျန်းတန်းဟယ်နှင့် ပတ်သက်သည့် တစ်စုံတစ်ရာကို သူမ မယူဆောင်လာရသည့်အတွက် သူ့ကိုသင်္ဂြိုဟ်ပေးရန် သူမတွင် နည်းလမ်းမရှိပါချေ။ သူမ ဘာလုပ်သင့်လဲ?

ရှောင်းကော ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ သူမ မမေ့ရင်တောင် အသုံးမဝင်ပေ။ ကျန်းတန်းဟယ်ရဲ့ပစ္စည်းတွေ ဘာမှမကျန်တော့ပေ။ သူကွယ်လွန်သည့်သတင်း အမျိုးသမီးကျန်းကြားသည့်အခါ သူမသည်အိပ်ယာမှထ၍ သူ့အ၀တ်အစားများ အားလုံးကို မီးရှို့လိုက်ပြီး သူ့ကိုမအေးခဲနေစေချင်ဘူးဟု ပြောခဲ့သည်။

ရှောင်းကောတွင် ကျွမ်းကျွမ်း၏မေးခွန်းကို ဖြေရန်နည်းလမ်းမရှိပေ။ ကျွမ်းကျွမ်းသည် ရှောင်းကော၏အဖြေကို စောင့်နေရင်း တိတ်ဆိတ်သည့် ပတ်ဝန်းကျင်တွင် လျင်မြန်စွာအိပ်ပျော်သွားတော့သည်။ ရှောင်းကော သူ့အားစောင်ခြုံပေးလိုက်ကာ ဖယောင်းတိုင်မီး ထမှုတ်လိုက်သည်။

သို့သော် သူမ အိပ်မပျော်ပေ။ ကျန်းတန်းဟယ်၏အုတ်ဂူကို မနက်ဖြန်တွင် သင်္ဂြိုဟ်ပေးရမည်ဖြစ်သည်။ သို့ပေမယ့် သူ့အုတ်ဂူအတွက် သူမ ဘာမှမပြင်ဆင်ထားရပေ။ ဒါဟာ သူမ၏ပေါ့ဆမှုကြောင့်ဖြစ်ကာ သူ့ကိုမေ့သွားခဲ့ခြင်းဖြစ်သည်။

ရှောင်းကော တစ်ညလုံးကောင်းကောင်းအိပ်မပျော်ပေ။ မျက်စိမှိတ်ကာ မိုးလင်းတာကိုသာ စောင့်နေလိုက်သည်။

–

တစ်ဖက်တွင် ကျန်းတန်းဟယ်သည် သူ၏နေအိမ်သို့ ပြန်လာသည်။ လီရှို့ကျီသည် သူပြန်လာတာကို လက်ဦးမှုယူကာစောင့်နေ၏။

အိမ်ထဲဝင်လိုက်သည်နှင့် လီရှို့ကျီသည် ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်ကာ ကျန်းတန်းဟယ်ကို စောင့်နေသည်အားတွေ့လိုက်ရသည်။

သူ ဒီနေ့အတွက် ပြင်ဆင်ထားတာဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူကောင်းကောင်းအိပ်ပျော်ခဲ့ကာ အားအင်တွေဖြင့် ပြည့်နှက်နေတာကြောင့် ကျန်းတန်းဟယ်ဆီ သူရောက်လာခဲ့တာဖြစ်သည်။

သို့သော်လည်း ကျန်းတန်းဟယ်မှာ လီရှို့ကျီအား အာရုံစိုက်ဖို့အစား သူ့ဘာသာအလွန်စိုးရိမ်နေမိသည်။ သူ့ကိုလျစ်လျူရှုကာ တစ်ဖက်တွင်ဝင်ထိုင်လိုက်သည်။

ထိုင်နေသည့် လီရှို့ကျီမှာ သူ့ထိုင်ခုံပေါ်ကနေ ပြုတ်ကျသွားလုနီးနီးပင်။ အတွေးနက်နေသည့် ကျန်းတန်းဟယ်ကို သူပြန်ကြည့်လိုက်မိသည် _'ဒါဘဲလား... ?'_

သူ့မှာ တစ်ညလုံးမအိပ်ဘဲ အထည်တွေကိုကြည့်

ပေးရန် ပြင်ဆင်ထားတာဖြစ်သည်။ 'သူဘာလို့ စိတ်အားထက်သန်မှုမရှိတော့တာလဲ?'

"ဘာဖြစ်လို့လဲ?"

လီရှို့ကျီသည် သူ၏အီးမှန်နေသည့်မျက်နှာကို ဖယ်လိုက်ပြီး ကျန်းတန်းဟယ်၏ မျက်နှာချင်းဆိုင်တွင် လေးနက်သည့်အမူအရာဖြင့် ထိုင်လိုက်သည်။ 'တပ်ထဲမှာ တစ်ခုခုဖြစ်ခဲ့လို့လား? ဒါမှမဟုတ် ဧကရာဇ်မင်းကြောင့်များလား?'

ကျန်းတန်းဟယ်မျက်မှောင်ကြုတ်ကာ လီရှို့ကျီကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။ သူ့ရင်ထဲတင်းကြပ်လာကာ မနေနိုင်ဘဲအနားကပ်လာသည်။

ကျန်းတန်းဟယ် လီရှို့ကျီကိုကြည့်ကာ သုံးကြိမ် နှာချေလိုက်သည်။

လီရှို့ကျီ ခံစားချက်မရှိစွာဖြင့် သူ့မျက်နှာကိုသုတ်လိုက်ပြီး ကျန်းတန်းဟယ်ကို ပိုကာမျက်နှာဖြင့် ကြည့်လိုက်သည်။

ကျန်းတန်းဟယ် အနည်းငယ် အားနာသွားမိသည်။ သူ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပေ။ ရုတ်တရက် သူဘာလို့ သုံးကြိမ်လောက် နှာချေမိမှန်းမသိပေ။

ဒါ့အပြင် လူသားတို့၏ တုံ့ပြန်မှုကို ထိန်းချုပ်ရန် မရှိပေ။ ဒါက သူ့အပြစ်မဟုတ်ပေ။

လီရှို့ကျီ အနည်းငယ်ရှိလျှင်တောင် အရေထူသည့် ကျန်းတန်းဟယ်နှင့် မယှဉ်နိုင်ပါချေ။ ဒါကို သူကောင်းကောင်းသိသည့်အတွက် သူ ကျန်းတန်းဟယ်ကို နှာမှုတ်လိုက်ပြီး တစ်ဖက်လှည့်ထိုင်လိုက်သည်။ သူနှင့် မငြင်းခုံချင်ပေ။

"မင်းကို ငါ့နေရာမှာ စစ်တပ်ကိုအုပ်ချုပ်ခိုင်းရင်ရော ဘယ်လိုထင်လဲ?"

ကျန်းတန်းဟယ် ရေရွတ်လိုက်သည်။

"ဘာ?!"

လီရှို့ကျီ သူ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ 'သူ ဘာတွေပြောနေတာလဲ?'

“ဗိုလ်ချုပ်ရာထူးကို ဘာလို့မယူတာလဲ? မင်းရဲ့စွမ်းဆောင်ရည်တွေကို ငါ ယုံကြည်တယ်။ မင်းက ဒီနေရာအတွက် ပြီးပြည့်စုံတဲ့သူဖြစ်မှာ"

ကျန်းတန်းဟယ်သည် လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ဤပြဿနာကို တွေးနေခဲ့သည်။ ရှောက်ကျန့်တစ်ယောက် သူ့ရာထူးကို လွှဲပြောင်းပေးမဲ့ သူမရှိဘူးဆိုတဲ့အချက်ကြောင့် စိတ်အနှောက်အယှက်ဖြစ်နေခဲ့တာမဟုတ်လား? ကျန်းတန်းဟယ်သာ ထွက်သွားရင် သူ့ဘေးနားတွင် ယုံကြည်ရတဲ့လက်ထောက်တွေ မရှိတော့မှာကို သူစိုးရိမ်နေတာဖြစ်သည်။ ဒါ့ပြင်…

ကျန်းတန်းဟယ် လီရှို့ကျီကို မျက်လုံးမှေးကျဉ်းကာကြည့်လိုက်သည်။ သူက အားကိုးရတဲ့ပုံမပေါ်ပေမယ့် ယုံကြည်စိတ်ချရတဲ့သူဖြစ်သည်။ သူ့တွင် ဘယ်သောအခါမှ အဟန့်အတားမရှိသလို ဦးတည်နိုင်စွမ်းရှိသည်။ သူသာဗိုလ်ချုပ်ဖြစ်လျှင် ကောင်းကောင်း လုပ်နိုင်လိမ့်မည်ပင်။

သူ့စိတ်ထဲ ထိုအတွေးနှင့်အတူ ကျန်းတန်းဟယ် စိတ်ဓာတ်မကျတော့ပါချေ။ သူ့ကိုသာ ဗိုလ်ချုပ်ရာထူးလွှဲပေးလိုက်လျှင် ရှောက်ကျန့် သူ့ကို လွှတ်ပေးမှာ သေချာပေါက်ပင်။

ကျန်းတန်းဟယ် ထိုအကြောင်းကို ပိုတွေးလေ၊ ဖြစ်နိုင်ချေ ပိုရှိလာလေပင်။ သူ လီရှို့ကျီကို အရင်ကတစ်ခါမှမပြခဲ့ဖူးသည့် ဂရုစိုက်တဲ့အကြည့်တွေနှင့် ကြည့်လိုက်သည်။

လီရှို့ကျီ တုန်လှုပ်သွားသည်။ “ဟေ့ ရပ်လိုက်နော်! ငါ ဗိုလ်ချုပ်ဖြစ်ချင်တဲ့အကြောင်း ဘာမှမပြောဖူးဘူး!"

“ဒုတိယဗိုလ်ချုပ်ကနေ အဆင့်တစ်ဆင့်တက်သွားတဲ့ ဗိုလ်ချုပ်ပဲလေ။ မရှက်ပါနဲ့။ မင်းလုပ်နိုင်ပါတယ်"

သူရှက်နေတာဖြစ်မည်ဟု ကျန်းတန်းဟယ် ထင်လိုက်သည် _'ဟုတ်တယ်! သူ ရှက်နေတာဖြစ်မယ်'_

လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ကို ခြောက်လှန့်ခဲ့သည့် အရိပ်ဟာ နောက်ဆုံးတော့ ပျောက်ကွယ်သွားတော့သည် _'အိုး ဘုရားရေ၊ လီရှို့ကျီတစ်ယောက် ဘာလို့ ပိုပိုပြီးချစ်ဖို့ကောင်းလာတာလဲ?'_

လီရှို့ကျီ မျက်လုံးလှိမ့်လိုက်သည်။ 'ဗိုလ်ချုပ်ဖြစ်တယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ? ဘာကိုရှက်တာလဲ? ဗိုလ်ချုပ်ဖြစ်ချင်တယ်လို့ သူပြောခဲ့လို့လား?'

"တော်တော့၊ ငါ ဗိုလ်ချုပ်ဖြစ်လာမှာ မဟုတ်ဘူး။ မင်း ငါ့ကို ဒီမှာတစ်ယောက်တည်း ထားခဲ့မှာလား?"

လီရှို့ကျီ တစ်ယောက်တည်း မကျန်ခဲ့ချင်ပေ။ ကျန်းတန်းဟယ်ရဲ့နောက်ကိုသာ သူ လိုက်လေ့ရှိသည်။ ဒီလူအိမ်ပြန်သွားရင် သူတစ်ယောက်တည်း ချန်နေခဲ့မှာမဟုတ်ဘူး။

"ဒါဆို မင်း ဘာဆက်လုပ်မှာလဲ? ငါနဲ့ အတူအိမ်ပြန်လိုက်မလို့လား?"

ကျန်းတန်းဟယ် လီရှို့ကျီကို ရယ်စရာကောင်းသည့် မေးခွန်းတစ်ခု မေးလိုက်သလိုမျိုး သူ့မျက်လုံးထောင့်မှနေ ကြည့်လိုက်သည်။

"ဟုတ်တယ်!"

လီရှို့ကျီ၏ အဖြေဟာ အလွန်ရိုးရှင်းသည်။ ကျန်းတန်းဟယ် စစ်တပ်ထဲသို့ဝင်ကတည်းက သူ့နောက်ကိုလိုက်ခဲ့တာဖြစ်သည်။ လီရှို့ကျီတွင် မိသားစုမရှိသည်ကြောင့် သူ့စိတ်ထဲတွင် ကျန်းတန်းဟယ်သည်သာ သူ၏တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သည်။ ကျန်းတန်းဟယ်သာ အိမ်ပြန်မည်ဆိုပါက အရေထူထူ ဒါမှမဟုတ် အရှက်မရှိဟု တံဆိပ်ကပ်ခံရလျှင်တောင် သူဂရုမစိုက်ဘဲ သူသွားလေရာနောက် လိုက်သွားမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တပ်ထဲတွင် သူနှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်တွင် ပိုက်ဆံအများကြီး စုနိုင်ခဲ့သည်။ တကယ်ဖြစ်လာပါက သူ့အနေဖြင့် ကျန်းတန်းဟယ်၏ အိမ်နှင့် မျက်နှာချင်းဆိုင်တွင် မြေကွက်တစ်ကွက်ဝယ်ကာ ထိုနေရာတွင် အိမ်ဆောက်မည်။

အရှက်မဲ့သလို သရုပ်ဆောင်နေသည့် လီရှို့ကျီကိုကြည့်ရင်း ကျန်းတန်းဟယ် ရယ်မောလိုက်သည်။ သူက သူနဲ့အမြဲတမ်းကပ်နေတာပဲ။

လီရှီု့ကျီသည် ကျန်းတန်းဟယ် စကားကို နားမထောင်ဘဲ သူ့သဘောထားကို ဆက်လက်ထိန်းသိမ်းထားကာ သူအလိုရှိသမျှကို ပြောခွင့်ပြုထားလိုက်သည်။

ကျန်းတန်းဟယ်မှာ သူဤမျှလောက် အရှက်မရှိတာကိုမသိခဲ့ပေ။ လီရှို့ကျီတစ်ယောက် သူ့ကိုကပ်နေဖို့ ကြံနေပုံရသည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ကြည့်လိုက်ကြသည်။ အဆုံးမှာတော့ လီရှို့ကျီဘက်က အရင်လက်နက်ချကာ အကြည့်လွှဲလိုက်သည်။

သူ အရှက်ရှိသည်ဖြစ်ဖြစ် မရှိသည်ဖြစ်ဖြစ် ဂရုမစိုက်ပါချေ။ ကျန်းတန်းဟယ်ကို သူ့မိသားစုအဖြစ် အမှန်တကယ် မှတ်ယူထားကာ သူတစ်ဦးတည်းသာဖြစ်သည် ...

"ဟင်း…” ကျန်းတန်းဟယ်၏ မျှော်လင့်ချက်မဲ့နေသည့် ညည်းတွားသံကို ကြားလိုက်ရသည်။

"ကျွမ်းကျွမ်း၊ ကျွမ်းကျွမ်း"

ရှောင်းကောသည် မိုးလင်းမှ နိုးလာသည်။ သူမအတွက် တစ်ညလုံး ကောင်းကောင်းမွန်မွန် အိပ်နိုင်ဖို့ဆိုတာ ရှားသည်။ သူမ အများကြီး နေရတာကောင်းလာသည်။ ဆေးကြောသန့်စင်ပြီးနောက် စားပွဲထိုးက ဆန်ပြုတ်၊ ကြက်ဥတွေ၊ ဘန်းမုန့်တွေကို မနက်စာအဖြစ်ယူလာပေးသည်။

ရှောင်းကော ဗန်းကိုချလိုက်ကာ အိပ်ပျော်နေသည့် ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ သူမရယ်မောရင်းလျှောက်လာကာ သူ့ကို ကလိထိုးလိုက်သည်။ သူ့ချိုင်းကြားတွေဟာ အားနည်းချက်ဖြစ်တာကြောင့် သူမ မထိတော့ပေ။ ဒါကို သူ့ကို ရေချိုးပေးတုန်းက ရှောင်းကော ရှာတွေ့ခဲ့တာဖြစ်သည်။

"ကျွမ်းကျွမ်း? ကျွမ်းကျွမ်း?"

အမေဖြစ်သူ ရှောင်းကောက သူ့ကိုနောက်ဆုံးအခွင့်အရေးတစ်ခု ပေးလိုက်သည်။ လုံးဝမတုံ့ပြန်လာသည့် ကျွမ်းကျွမ်းကိုကြည့်ရင်း သူမရဲ့ နတ်ဆိုးဆန်ဆန်လက်တွေကို ဆန့်ထုတ်လိုက်သည် _'ဟင်းဟင်း ငါ့ကို အပြစ်မတင်နဲ့ …'_

All Chapters