အခန်း (၁၃၃)
Vol. 9 Ch. 133
နောက်ဆုံး သူမတို့ အနောက်လမ်းမှ ထွက်လာသည့်အခါ ကျွမ်းကျွမ်းတစ်ယောက် မေးခွန်းတွေ မေးနေတာ ရပ်သွားတော့သည်။ ရှောင်းကောမှာလည်း အကြံတွေ ကုန်သွားပြီဖြစ်သည်။
"မေမေ?"
"ဟင်?!"
ရှောင်းကော ထိုင်ခုံပေါ်တွင် ဘမ်းခနဲမှီပစ်လိုက်သည်။ ကျွမ်းကျွမ်း သူမကို “မေမေ” လို့ ခေါ်တဲ့အသံကို ကြားလိုက်ရတဲ့အခါ သူမ ရင်ထဲတုန်လှုပ်သွားမိသည်။ သူ ထပ်ပြီးဘာမေးအုံးမှာလဲ?
"မေမေ၊ ဘာဖြစ်တာလဲဟင်?"
ကျွမ်းကျွမ်း စိုးရိမ်တကြီး မေးလိုက်သည်။ ဒါကိုကြားတော့ ရှောင်းကောရင်ထဲ နူးညံ့သွားသည်။ 'သူမရဲ့သားလေးကို အထင်လွဲသွားတာပဲ။'
“မေမေ အဆင်ပြေပါတယ်"
ရှောင်းကော ညင်သာစွာပြောလိုက်သည်။ သူမအနေဖြင့် အဲ့ဒီလိုမျိုးထိုင်လိုက်သည်မှာ သိပ်ပြီး မတင့်တယ်ပေ။ သူမ မတ်မတ်ထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ကျွမ်းကျွမ်း၏ ကလေးသံလေးကို ကြားလိုက်ရတဲ့အခါ ရှောင်းကော ထထိုင်လိုက်သည်။
"မေမေ၊ လုတစ်ခုခုကျောင်းဆိုတာက ဘာလဲဟင်?"
ရှောင်းကောသည် ကျောင်းဟူသည့်စကားကို ကြားလိုက်ရသည့်အခါ စိတ်သက်သာရာ ရသွားသည်။ လုတစ်ခုခုကျောင်း? နာမည်က တကယ် ထူးဆန်းတာပဲ။
ရှောင်းကော ခေါင်းပြူလိုက်ကာ ကျွမ်းကျွမ်းပြသည့်ဘက်ဆီ ကြည့်လိုက်သည်။ "အိုး၊ ဆိုတော့အဲ့ဒါပေါ့?"
“သားလေး၊ အဲ့ဒီစကားလုံးကို 'သာ့' လို့ အသံထွက်ရတယ်"
တိုက်တိုက်ဆိုင်ဆိုင် ဤထူးထူးခြားခြားစကားလုံးကို သူမ သိနေ၏။
ကျွမ်းကျွမ်း ကြိုးစားကာ အသံထွက်ဖတ်လိုက်သည်။ "လုသာ့ကျောင်းလား? စာအုပ်တွေရောင်းတာလား?"
သိသိသာသာကိုပင် ကျွမ်းကျွမ်းတစ်ယောက်ကျောင်းကို စိတ်ဝင်စားနေသည်။
“မဟုတ်ဘူး၊ ဒါပေမဲ့ အဲ့ဒါက စာသင်ပေးတဲ့နေရာ။ အဲဒီမှာ ကျွမ်းကျင်တဲ့ဆရာတွေ ရှိတယ်”
ထိုကျောင်းသည် တဖြည်းဖြည်း ပျောက်သွားသည်။ ကျွမ်းကျွမ်း အနည်းငယ် စိတ်မကောင်းဖြစ်မိသွားသည်။
“နောက်နှစ်ကျရင်၊ သားလဲ ကျောင်းတက်ရတော့မှာ"
ရှောင်းကော ကျွမ်းကျွမ်း၏ ခေါင်းကိုပွတ်ကာ နှစ်သိမ့်လိုက်သည်။
ကျွမ်းကျွမ်း ထိုစကားကိုကြားပြီးနောက် အလွန်ဝမ်းသာသွားသည်။ 'ဟုတ်တယ်! လာမယ့်နှစ်မှာ သူကျောင်းတက်ရတော့မှာ၊ ဒါပေမဲ့...'
ခဏတာ ပျော်ရွှင်ပြီးနောက် ကျွမ်းကျွမ်းတစ်ယောက် အခြားတစ်ခုခုကို တွေးမိသွားပုံရသည်။ 'သူ ကျောင်းသွားရရင် သူ့မေမေနဲ့ နေ့တိုင်းမနေရတော့ဘူးပေါ့။ မဖြစ်ဘူး!'
ရထားလုံး အရှိန်လျှော့သွားတာကိုမြင်တော့ သူမတို့ရောက်ခါနီးပြီဟု ရှောင်းကော မှန်းဆလိုက်မိသည်။ သူ့အိတ်တွေကို ထုပ်ပိုးကာ ဆင်းရန်အသင့်ပြင်လိုက်သည်။
ရှောင်းကောမှာ ကျွမ်းကျွမ်းတစ်ခုခုဖြစ်နေသည်ကို သတိမထားမိပေ။ ရထားလုံးရပ်သွားသည့်အခါ သူမရထားလုံးပေါ်မှ ဆင်းလိုက်သည်။
ကွမ်ရှီးက ရှောင်းကောတို့ကို ရထားလုံးကနေ ဆင်းရန် ပြောဖို့လုပ်လိုက်ပေမယ့် သားအမိနှစ်ယောက် ထွက်လာတာကိုမြင်တော့ ယာဉ်တန်းရှေ့ဆီ သူပြန်လာလိုက်သည်။
ရှောင်းကော ရထားလုံးပေါ်မှဆင်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနေရာတွင် လူလည်းမရှိ၊ အိမ်လည်းမရှိပေ၊ နံရံများတွင် တံဆိပ်တုံးများ ကပ်ထားသည့် ကြီးမားတဲ့ နေအိမ်တစ်လုံးသာရှိသည်။ ပတ်ဝန်းကျင်တွင် ပေါင်းပင်များ၊ သစ်ပင်များဖြင့် ထူထပ်နေသည်။
ရှောင်းကောစိတ်ထဲ ဤနေရာသည် ကျန်းမိသားစု၏ နေအိမ်ဟောင်းလားဟု တွေးမိသော်လည်း ချက်ချင်းပင် သူမဘာသာ ပြန်ငြင်းလိုက်မိသည်။ 'မဖြစ်နိုင်ဘူး။ ဒီလိုနေရာမှာ ပင်မနေအိမ်ကို ဘယ်သူကများ ဆောက်မှာတဲ့လဲ? ဒီနေရာက ဘိုးဘေးခန်းမနဲ့ ပိုသင့်တော်တယ်။'
ရှောင်းကော ထိုအကြောင်းကိုတွေးကြည့်လေ၊ သူမ ပိုသေချာလာလေပင်။ ဤပတ်ဝန်းကျင်နဲ့ နေရာက ဘိုးဘေးခန်းမနဲ့ ပိုတူတာမဟုတ်လား? ကျန်းမိသားစုရဲ့ ဘိုးဘေးခန်းမက ဒီနေရာမှာရှိတယ်ဆိုမှတော့ ဘိုးဘွားအုတ်ဂူတွေလည်း ဒီအနီးအနားမှာဘဲ ရှိလောက်သည်။
ရှောင်းကော ကျွမ်းကျွမ်း၏ လက်ကို ဆုပ်ကိုင်လိုက်ကာ ရှေ့သို့လျှောက်သွားလိုက်သည်။ ထိုအချိန်တွင် တရားသူကြီးလျှိုသည် ရထားလုံးထဲမှ ဆင်းလာသည်။ ရှောင်းကော သူ့ကိုမော့ကြည့်လိုက်သည်။ နေ့ခင်းဘက် သူအပြင်ထွက်တာကို တွေ့ရခဲသည်။
တရားသူကြီးလျှို၏မျက်နှာသည် နီမြန်းနေ၏—သူလည်း ခရီးပန်းလာသည့်ပုံပင်။ သူ လက်နှစ်ဖက်ကို ဆန့်လိုက်သည်။ သူ့ထိုင်ခုံတွင် ဂွမ်းတွေဖြည့်ထားသော်လည်း သိပ်တော့ သက်သောင့်သက်သာမဖြစ်ပါချေ။
ထိုအချိန် သူ့ဘေးနားရှိအမှုထမ်းတစ်ယောက်က သူ့ဆီ သတင်းပို့လာသည်။ ရှောင်းကောကတော့ အာရုံမစိုက်ဘဲ ကျွမ်းကျွမ်းကိုသာ လှည့်ပတ်ပြသရန် အာရုံစိုက်ထားသည်။
သူမတို့တွေ ဘိုးဘေးခန်းမ၏ အနောက်ဘက်သို့ ရောက်တော့ ပေါင်းပင်များကြားရှိ မြေပုံကို သူမသတိပြုမိလိုက်သည်။ ဒါက ဘိုးဘွားတွေရဲ့ သင်္ချိုင်းဖြစ်လိမ့်မည်။
ရှောင်းကော ကျွမ်းကျွမ်းအား ရထားလုံးပေါ်သို့ ပြန်ခေါ်သွားလိုက်သည်။ သင်္ချိုင်းကို ရှာတွေ့သွားလို့ သူမကျေနပ်သွားသည်။ သူမ အနေဖြင့် ခန်းမထဲသို့သွားရန် ရည်ရွယ်ချက်မရှိပါချေ။ နေ့ခင်းဘက်ဖြစ်နေသော်လည်း သူမကတော့ မသက်သာဖြစ်နေမိဆဲပင်။
"ဟေး မိန်းကလေးကျန်း"
တရားသူကြီးလျှိုသည် လမ်းလျှောက်ရာမှ ပြန်လာသည့် ရှောင်းကောကိုခေါ်လိုက်သည်။
ရှောင်းကော ရပ်လိုက်ကာ သူ့ဆီသွားလိုက်သည်။ "ခရိုင်တရားသူကြီး၊ ဘာများလဲမသိဘူး?"
တရားသူကြီးလျှိုသည် သူ့မျက်လုံးတွေကို ဟိုရွှေ့ဒီရွှေ့လုပ်ကာ စကားလုံးတွေမည်သို့ပြောရမည်ကို စဉ်းစားနေမိသည်။ အဆုံးတွင် သူနှစ်ကြိမ်လောက် ချောင်းဟန့်လိုက်သည်။
"ငါ့တို့အတွက် အခွန်ဝန်ကြီးရှာထားပေးတဲ့ ဗေဒင်ဆရာရဲ့အဆိုအရ၊ ဒီနေ့ သင်္ချိုင်းပွဲလုပ်ဖို့ အဆင်မပြေဘူး။ မနက်ဖန် မနက်ခင်းက အချိန်ကောင်းမို့လို့ ငါတို့တစ်ညတော့စောင့်ရမယ်။ မနက်ဖြန်ကျမှ ပြင်ဆင်မှုတွေလုပ်ကြတာပေါ့”
တရားသူကြီးလျှိုသည် အသက်မရှူတမ်းပြောလိုက်သည်။ သူပြောသည်အား သူမ ပိုယုံကြည်လာစေရန် အခွန်ဝန်ကြီးနှင့် ဗေဒင်ဆရာကိုပါ သူ၏ ဇာတ်လမ်းထဲ ဆွဲထည့်လိုက်သည်။ အခွန်ဝန်ကြီးနှင့် ပတ်သက်သည့်အပိုင်းကတော့ အမှန်ပင်။ ဒါတော့ သူလိမ်တာမဟုတ်ပေ။ ဝန်ကြီးက သူ့ကို အကြောင်းကြားခဲ့တာ အမှန်ပင်။ မည်သို့ပင်ဆိုစေကာမူ အမျိုးသမီးချင်းကို ဆွဲထားရမည်ဖြစ်ပါသည်။ အားလုံးကို နောက်နေ့မှ ဆွေးနွေးလို့ရသည်။
ရှောင်းကောကတော့ ထူးဆန်းတယ်လိုထင်မိပေမဲ့ တခြားဘာမှ မပြောခဲ့ပေ။ အဲ့ဒီလို အဖြစ်အပျက်တွေကို ရက်ကောင်းတွင် လုပ်ရမည်ပင်။ အခြားရွေးချယ်စရာမရှိပေ။ သူမအနေဖြင့် ဒီနေ့တစ်ရက်နေလိုက်ကာ ကျွမ်းကျွမ်းကို မြို့တော်အနှံ့ ခေါ်ဆောင်သွားလို့ရသည်။
တစ်ချိန်တည်းမှာပင်၊ သူမအနေဖြင့် ချင်းအန့်မင်၊ ရူယီနှင့် အမျိုးသမီးယန်အတွက် တချို့တလေဝယ်ပေးရမည်။ ပြီးတော့ ဒါကမြို့တော်ဖြစ်သည်။ ဒီခေတ်ကလူတွေဟာ သူတို့တစ်သက်လုံးမြို့တော်ဆီသွားရဖို့ အခွင့်အရေး မရကြနိုင်ကြပေ။ လမ်းပန်းဆက်သွယ်ရေး မဖွံ့ဖြိုးသေးသည့်အတွက် အသွားအပြန်တစ်လခွဲကျော်လောက် ကြာသည်။ ဒီကိုလာဖို့ ဘယ်နှယောက်လောက်မှာများ အခွင့်အရေးရှိမှာတဲ့လဲ?
ဒီတစ်ကြိမ် သူမ ဒီကိုလာနိုင်ခဲ့တာက အခွင့်ရေးကောင်းပင်။ မဟုတ်ပါက သူမအနေဖြင့် တစ်သက်လုံး မြို့တော်ဆီသွားလည်ဖို့ အခွင့်မသာလောက်ပေ။ ပထမတော့ သူ့မ အနေဖြင့် ဤနေရာ၌ လုပ်နေသည့် စီးပွားရေးမရှိပေ။ ဒုတိယအနေနဲ့ကတော့ သူမတွင် ဒီကိုလာဖို့အကြောင်းပြချက်မရှိပါချေ။
"ကောင်းပါပြီ"
ရှောင်းကော အကြောင်းပြချက် မတောင်းတာကိုမြင်တော့ တရားသူကြီးလျှိုက သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့အကြံက အလုပ်ဖြစ်ပုံရသည်။ " ဟားဟားဟား"
“အဟမ်း၊ ဒီနေ့တော့ ဘာမှလုပ်စရာမရှိဘူး။ ခေါင်းတလားကို ဘိုးဘေးခန်းမမှာ ထားလို့ရတယ်။ ဒီနေရာကို စောင့်နေတဲ့ တပ်သားတွေရှိတယ်"
တရားသူကြီးလျှိုက သူ့အစီအစဉ်တွေကို ရှင်းပြသည်။ တပ်သားတွေက လှည်းကို ဘိုးဘေးခန်းမအဝင်ပေါက်ဆီ ချက်ချင်းသယ်လာကြသည်။ ထို့နောက် လူတစ်စုက ခေါင်းတလားကို သယ်ကာ အခြားလူတွေက ဘိုးဘွားခန်းမတံခါးကို ဖွင့်ပေးသည်။
လူတိုင်း ဤသို့လုပ်ဆောင်နေကြသည်ကို မြင်လိုက်ရသဖြင့် တရားသူကြီးလျှို ကျေနပ်စွာဖြင့် ခေါင်းမညိတ်ဘဲ မနေနိုင်တော့ပေ။ 'မဆိုးဘူး၊ သူတို့အားလုံး တော်တော်သိတတ်ကြတယ် '
ရှောင်းကော ကျွမ်းကျွမ်းကို ဦးဆောင်ခေါ်သွားလိုက်သည်။ ထို့နောက် သူမသည် ဘိုးဘေးခန်းမ တံခါးများကို ကြည့်ကာ ချင်းအန့်မင်ပြောခဲ့သည်များကို သတိရလိုက်သည်။
သူမ လွယ်အိတ်ကိုဖွင့်ကာ နံ့သာချောင်းနှင့် မီးရှူးမီးပန်းတို့ကို ပြင်ဆင်လိုက်သည်။ ခေါင်းတလားကို နေရာချထားပြီးနောက် သူမသည် အထဲသို့ဝင်ကာ အထိမ်းအမှတ် ကျောက်တိုင်တစ်ခုစီအတွက် အမွှေးတိုင်များထွန်းညှိလိုက်သည်။
ရှောင်းကောသည် ကျွမ်းကျွမ်းကိုပါ ဘိုးဘေးခန်းမသို့ ခေါ်ဆောင်သွားလိုက်သည်။ တပ်သားများသည် ခေါင်းတလားတွေအား ထားကာ ထွက်သွားကြသည်။
ရှောင်းကော အမွှေးတိုင်အားလုံးကို မီးညှိပြီး ကျွမ်းကျွမ်းအား ပေးလိုက်သည်။ သူ့အမေဆီကနေ ကြိုတင်ညွှန်ကြားချက်ရထားသည်။ ရှေးဦးစွာ အဘိုးအဘွားများ၏ ခေါင်းတလားရှေ့တွင် အမွှေးတိုင်များ ထားရမည်။ ထို့နောက် ခန်းမထဲရှိ အထိမ်းအမှတ်ကျောက်တိုင် တစ်ခုစီအရှေ့တွင် အမွှေးတိုင်အနည်းငယ်ကို ထားရသည်။ သူ လက်လှမ်းမမီနိုင်သောနေရာဆိုလျှင် ရှောင်းကောက သူ့ကိုချီကာ အမွှေးတိုင်တွေကို ထားစေသည်။
လာရောက်ဂါရဝမပြုသည်မှာ ကြာပြီဖြစ်တာကြောင့် ဘိုးဘေးခန်းမတွင် ပေါင်းပင်များဖြင့် ထူထပ်နေသည်။ အထိမ်းအမှတ်ကျောက်တိုင်များနှင့် စားပွဲများတွင် ပင့်ကူအိမ်များနှင့် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသည်။
ရှောင်းကော ကျွမ်းကျွမ်းအား နောက်ဆုံးကျောက်တိုင်ဆီ ချီလာလိုက်သည်။ သူ့လက်ထဲတွင် အမွှေးတိုင်အနည်းငယ် ကျန်နေသေးသည်။ ရှောင်းကော ထိုအမွှေးတိုင်တို့ကို အမြန်ငြိမ်းလိုက်သည်။
ရှောင်းကော သူမလက်ထဲမှ အမွှေးတိုင်တွေကို ရေတွက်လိုက်သည်။ စုစုပေါင်းကျောက်တိုင် ၃၂ တိုင်ရှိသည်။ အထိမ်းအမှတ်ကျောက်တိုင်တစ်ခုစီတွင် အမွှေးတိုင်တစ်ချောင်း ချထားပြီးတဲ့နောက်တွင် သူမလက်ထဲ၌ အမွှေးတိုင်တစ်ဝက်ကျော် ကျန်နေသေးသည်။ ရှောင်းကောသည် ကျန်သည့်အမွှေးတိုင်များကို ဘေးဖယ်ထားလိုက်သည်။ မနက်ဖြန်သင်္ချိုင်းရွှေ့ချိန်၌ ၎င်းတို့ကိုသုံးနိုင်သည်။
ရှောင်းကောသည် မြို့တော်သို့ရောက်ပါက ကျန်းမိသားစုမှ အကြီးအကဲ နှစ်ယောက်အတွက် အမှတ်တရကျောက်တိုင်နှစ်ခု ပြုလုပ်ရန် ကနဦးက စီစဉ်ခဲ့သည်။ နောက်ထပ် ကျောက်တိုင်တစ်ခုလိုအပ်လိမ့်မည်ဟု သူမမထင်ထားခဲ့ပါချေ။
ရွာတွင် လူအများစု၌ အမှတ်တရကျောက်တိုင်တွေမရှိကြပေ။ တစ်စုံတစ်ယောက် သေဆုံးသည့်အခါ ထိုသူတို့ကိုသင်္ဂြိုဟ်၍ သင်္ချိုင်းဂူများ ပြုလုပ်ပေးသည်။ သူတို့အိမ်တွင်တော့ အမှတ်တရကျောက်တိုင်တွေ မထားပေ။
ကျန်းလူကြီးမင်း ကွယ်လွန်ပြီးနောက် သူတို့အိမ်တွင် အထိန်းအမှတ်ကျောက်တိုင်တစ်ခုတောင်မရှိပေ။ အမျိုးသမီးကျန်း ကွယ်လွန်ပြီးနောက်တွင်လည်း ယခင်ပိုင်ရှင်သည် အထိမ်းအမှတ်ကျောက်တိုင် မလုပ်ပေးခဲ့ပေ။
ယခုမူကား ထိုသို့မလုပ်ပါက မသင့်လျော်ပေ။ ဘာဘဲဖြစ်ဖြစ် သူတို့တွေ ဘိုးဘေးခန်းမထဲ ဝင်လာပြီဖြစ်သည်။ အရိုအသေပြုဖို့ အထိမ်းအမှတ်ကျောက်တိုင် ဘယ်လိုလုပ်မရှိရမှာလဲ?
နောက်ကျ သစ်သားဆိုင်ကိုရှာကာ ကျောက်တိုင်နှစ်ခု လုပ်ခိုင်းရမည်။
သူမ ဘာကိုမှမမေ့ကြောင်း စစ်ဆေးပြီးနောက် ရှောင်းကော ကျွမ်းကျွမ်းနှင့်အတူ ထွက်လာလိုက်သည်။
တရားသူကြီးလျှိုက တံခါးဝတွင် စောင့်နေသည်။ ရှောင်းကောကိုတွေ့တော့ သူမဆီသွားလိုက်သည်။
" မိန်းကလေးချင်း၊ မင်းတို့ ရထားလုံးပေါ်တက်ပြီးရင် တည်းခိုခန်းဆီ သွားလို့ရပြီ။ ငါ့မှာတော့ တခြားကိစ္စရှိသေးလို့ မင်းတို့နဲ့အတူ မသွားတော့ဘူး။ မနက်ဖြန်မနက်မှ မင်းတို့ကိုခေါ်လာမယ်"
ဒါကိုရှောင်းကောကြားတော့ သူမ ခေါင်းညိတ်လိုက်သည်။ တရားသူကြီးလျှိုသည် အရာရှိတစ်ဦးဖြစ်သည်။ မြို့တော်ကို ရောက်ဖို့ဟာ မလွယ်ပေ။ သူ့အနေဖြင့် ဒေသဆိုင်ရာ အရာရှိများဆီသွားကာ မြို့တော်သို့ သူကိုယ်တိုင်ပြောင်းရွှေ့နိုင်ရန် ကြိုးစားရမည်။
ဤတစ်ကြိမ်တွင်၊ ကွမ်ရှီးသည် ရှောင်းကောတို့နှင့်အတူ လိုက်လာသည်။ ရှောင်းကောသည် ကျွမ်းကျွမ်းနှင့်အတူ ရထားလုံးပေါ်တွင်ထိုင်ကာ ရထားလုံးရွေ့လာမည့်အချိန်ကို စောင့်နေသည်။
"မေမေ၊ သားတို့ ဘယ်သွားမလို့လဲ?"
ကျွမ်းကျွမ်း ရှောင်းကောကို စိတ်ဝင်တစား မေးလိုက်သည်။
“မေမေလဲ နေရာအတိအကျမသိပေမယ့် သူတို့က မေမေတို့ကို အနားယူဖို့ခေါ်သွားပေးမှာ။ မေမေတို့ကောင်းကောင်းအနားယူပြီးရင် နေ့ခင်းဘက်ဈေးဝယ်ထွက်ကြမယ်"
ဈေးဝယ်ထွက်ကြမှာကို တွေးမိတဲ့အခါ ရှောင်းကော အလွန်ရွှင်မြူးသွားသည်။ ကျွမ်းကျွမ်းလည်း ပျော်နေမိသည်။ သူ စာအုပ်တွေ ထပ်ဝယ်ဖို့ စီစဉ်ထားသည်။
ရထားလုံးလှုပ်ရှားလာကာ လမ်းတလျှောက် လှုပ်ယမ်းနေ၏။ ရှောင်းကော ကန့်လန့်ကာကို မ ကာ စူးစမ်းသလိုကြည့်လိုက်သည်။ သူတို့နောက်ထပ် ခရီးဆက်ကြသည်။ တစ်ခုခုလွဲနေပြီဟု သူမပိုပြီးခံစားလာရသည်။ သူမ မြို့တော်ကို မရောက်ဖူးပေမယ့် ဒီအဆောက်အဦး၊ ဒီနေရာ၏ အရောင်ပေါင်းစပ်မှုမျိုးကိုသူမသိသည်...
ဒီနေရာက…!