← Chapters

အခန်း (၁၃၇)

Vol. 10 Ch. 137

အခန်း (၁၃၇)

Vol. 10 Ch. 137

နန်းတွင်းစာကြည့်ဆောင်၌

“အို၊ ကျွန်တော့်မျက်လုံးတွေ ကန်းတော့မယ်။ ဒါက စစ်ဦးစီးချုပ်လား?"

မိန်းမစိုးစုသည် လက်ခုပ်တီးကာ ကျန်းတန်းဟယ်နားကပ်လာရင်း ချီးကျူးလိုက်သည်။

"မိန်းမစိုးစု"

ကျန်းတန်းဟယ်မှာ အမှန်တကယ်ကို ရှက်သွေးဖြာနေသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ၏ နီရဲနေမှုဟာ မျက်နှာပေါ်တွင် ထင်ရှားစွာမတွေ့ရပေ။

"အရှင်မင်းကြီး ဒီမှာလား? သူ့ကို အကြောင်းကြားပေးဖို့ ခင်ဗျားကို ဒုက္ခပေးလို့ရမလား?"

“ဘာဖြစ်လို့လဲ စစ်ဦးစီးချုပ်၊ အရှင်မင်းကြီးက အခုဒီမှာမရှိနေဘူး။ ဝင်ပြီး ခဏလောက် စောင့်ချင်လား?"

မိန်းမစိုးစုက လက်နှစ်ဖက်ကိုရိုက်ကာ စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

အရှင်မင်းကြီးမရှိမှတော့ ကျန်းတန်းဟယ်က ဘယ်လိုလုပ်ဝင်တော့မှာလဲ?

"ရပါတယ်ကျေးဇူးပဲ။ အပြင်မှာပဲ စောင့်နေလိုက်မယ်"

ကျန်းတန်းဟယ် ဒီကိုရောက်လာတော့ သူ့စိတ်ပြန်တည်ငြိမ်သွားသည်။ ထို့ကြောင့် သူ နန်းတော်တံခါးဝသို့ ဝင်လိုက်သည်နှင့် အစောင့်အကြပ်များအား စစ်ဆေးကြည့်ရာ သူ့မိသားစု ဘယ်မှာရှိနေလဲဆိုတာကို သိလိုက်ရသည်။ သူ့မိသားစု ဘယ်မှာရှိတယ်ဆိုတာ သိပြီးနောက်တွင် နန်းတော်စာကြည့်ဆောင်သို့ သူသွားလိုက်သည်။

အရှင်မင်းကြီးမရှိကြောင်း သိလိုက်ရတော့ ကျန်းတန်းဟယ် အနည်းငယ် စိုးရိမ်သွားသည်။ ယန်ရှင်းနန်းဆောင်သည် အတွင်းနန်းဆောင်ထဲတွင် ရှိသည်။ သူ့လိုလူတစ်ယောက်အနေနဲ့ ဒီနေရာကို တစ်ယောက်တည်း ဝင်တာက မသင့်တော်ပေ။ အရှင်မင်းကြီးသည် ဤနေရာ၌ တစ်ပါးတည်းသော အရှင်ဖြစ်သော်လည်း၊ သူတစ်ယောက်တည်း ဝင်သွားရန် မသင့်တော်သေးပါချေ။

ကျန်းတန်းဟယ်မှာ အခြားနေရာတွင် လှည့်ပတ်နေရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

နန်းဆောင်စာကြည့်ဆောင်၏ အပြင်ဘက်တံခါးမှ သူထွက်လာသည်နှင့်တစ်ပြိုင်နက် အဝေးတစ်နေရာ၌ သေးငယ်သည့် ပုံရိပ်လေးနှစ်ခုသည် ထောင့်ချိုးနားတွင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်းတန်းဟယ်လည်း ဘာမှလုပ်စရာမရှိတာကြောင့် သူတို့နောက်ကိုလိုက်သွားသည်။

ကျန်းတန်းဟယ်ဟာ ခြေလှမ်းကြဲသည်ကြောင့် ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရသည်။ အနက်ရောင်ဝတ်စုံဝတ်ထားသည့် ကောင်လေးတစ်ယောက်သည် အစိမ်းရောင်ဝတ်စုံဝတ်ထားသည့် ခပ်ပြည့်ပြည့်ကောင်လေးနှင့်အတူ ပြေးနေသည်။ သူတို့နှစ်ယောက်သည် သွားချင်ရာသွားကာ ရယ်မောနေကြသည်။

ကျန်းတန်းဟယ် မျက်မှောင်ကြုတ်ကာ သူတို့နှစ်ယောက်နောက်သို့ အကွာအဝေးတစ်ခုမှ လိုက်သွားလိုက်သည်။ အနက်ရောင်ဝတ်စုံဝတ်ထားသည့် ကောင်လေးကို သူသိသည်။ မကြာသေးမီကပင် ပြန်လည်ခေါ်ဆောင်လာခဲ့သည့် အိမ်ရှေ့မင်းသားဖြစ်သည်။ သူ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အိမ်ရှေ့မင်းသားနောက် လိုက်စောင့်ပေးနေသူ တစ်ယောက်မှ မရှိသည်ကို မြင်လိုက်ရသည်။ ဒါက အရမ်းအန္တရာယ်များတယ်!

ကျန်းတန်းဟယ်လည်း ဘာမှလုပ်စရာမရှိတာကြောင့် သူတို့ဘေးတွင် အစောင့်အကြပ်အဖြစ် နေနေလိုက်သည်။

ကျန်းတန်းဟယ် မျက်မှောင်ကြုတ်ကာ အစိမ်းရောင်ဝတ်စုံနှင့် ကောင်လေးကိုကြည့်လိုက်သည်။ ဒီဝဝကစ်ကစ်ကောင်လေးက ဘယ်သူများလဲ?

သူ့ဦးနှောက်ထဲ ဘယ်လောက်ပဲခက်ခက်ခဲခဲ ကြိုးစားစဥ်းစားနေပါစေ ဒီကောင်လေးက ဘယ်သူလဲဆိုတာ သူစဉ်းစားလို့မရပေ။ ကျန်းတန်းဟယ် ဒီကိစ္စကိုဆက်မတွေးရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူလည်းပျင်းနေသည့်အတွက် သူတို့နောက်ကိုသာလိုက်နေလိုက်သည်။

သူအဝေးကနေပဲ လျှောက်နေ၏။ ကလေးနှစ်ယောက်ကတော့ သူ့ရှိနေတာကို သတိမထားမိဘဲ ဆက်ကစားနေသည်။ နောက်ဆုံးတွင် သူတို့သည် တူတူပုန်းတမ်းကစားရန် ဆုံးဖြတ်လိုက်ကြသည်။

ကျွမ်းကျွမ်းက ရှာကာ ရှောင်ယိက ပုန်းသည်။

ကျွမ်းကျွမ်းက အနောက်တွင်နေကာ မျက်လုံးမှိတိရင်း နံပါတ်တွေ ရေတွက်သည်။ ဝမ်ရှောင်ယိက တိတ်တိတ်လေးပြေးကာ သွားပုန်းသည်။

“တစ်ဆယ်၊ ကိုး… ခြောက်၊ ငါး… နှစ်၊ တစ်၊ ငါလာပြီ!”

ရေတွက်ပြီးနောက် ကျွမ်းကျွမ်းက အော်ဟစ်ကာ စရှာသည်။

သူတို့ ပုန်းဖို့သဘောတူထားတဲ့နေရာကို သူမှတ်မိနေသေးတာမို့ အဝေးကြီးကို မပြေးသွားပေ။ သူ တို့သတ်မှတ်ထားသည့် အနီးအနားတွင်သာ ရှောင်ယိကို နာနာခံခံဖြင့် သူလိုက်ရှာသည်။

"တွေ့ပြီ!"

နောက်ဆုံးတွင် ကျွမ်းကျွမ်းသည် ကျောက်တုံးများကြားရှိ ‌အပေါက်တစ်ခုတွင် ထိုင်လျက်ရှိနေသည့် ရှောင်ယိကို ရှာတွေ့လိုက်သည်။ သူ အသံထွက်ကာ ရယ်မောလိုက်သည်။

ရှောယိလည်း အရမ်းပျော်နေကာပြုံးနေ၏။ ထို့နောက် ရှောင်ယိ ရှာသည့်အလှည့်ဖြစ်ကာ ကျွမ်းကျွမ်းပုန်းသည့်အလှည့်ဖြစ်သည်။

သူတို့ သတ်မှတ်ထားတဲ့ နေရာထဲမှာဘဲရှိနေတုန်းဖြစ်ကာ ကျွမ်းကျွမ်းက အစွမ်းကုန်ကြိုးစားကာ ပုန်းဖို့နေရာတစ်ခုကြိုးစားရှာလိုက်သည်။ ရှောင်ယိ၏ ရေတွက်တဲ့နံပါတ်နီးကပ်လာသည်နှင့်အမျှ ကျွမ်းကျွမ်းမှာ ပုန်းဖို့နေရာရှာမတွေ့သေးပေ။ သူ မတတ်နိုင်ဘဲ အနည်းငယ်ပူပန်သွားမိသည်။

"... သုံး၊ နှစ်၊ တစ်!"

နံပါတ်ရေတွက်ပြီးသွားတဲ့နောက် ကျွမ်းကျွမ်းလည်း နောက်ဆုံးတော့ နေရာတစ်ခုကို ရှာတွေ့သွားသည်။ နေရာဟာ အရမ်းလုံသည်။

ကျွမ်းကျွမ်း ဝမ်ရှောင်ယိ၏ ပုံရိပ်ကိုကြည့်ကာ သူ့ဘာသာသူ ပြုံးလိုက်သည်။ သူတို့သတ်မှတ်ထားသည့်နေရာမှ ထွက်ခွင့်မပြုသော်လည်း ခန္ဓာကိုယ် အစိတ်အပိုင်းတွေတော့ မထွက်ရဟု မပြောထားပါချေ။ ထို့ကြောင့် ကျွမ်းကျွမ်းသည် ဤစည်းမျဉ်းများထဲမှ ဟာကွက်ကို အခွင့်ရေးယူလိုက်သည်။ သူသည် သတ်မှတ်ထားသည့်နေရာအစွန်းရှိ ကျောက်ပုံအား ခြေတွေလက်တွေဖြင့်ကိုင်ကာ သူ့ခန္ဓာကိုယ်ကို ကုန်းထားသည်။

ဝမ်ရှောင်ယိ သု့ကိုရှာမတွေ့လို့ တိတ်တဆိတ် ဝမ်းသာမိသလို သူ့တင်ပါးမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ကျွမ်းကျွမ်း ရယ်တာရပ်လိုက်ကာ သူ့ဖင်ကို ထပ်လှုပ်လိုက်သည်။ "ဟင်? ထူးဆန်းလိုက်တာ"

ကျွမ်းကျွမ်းက အဲ့ဒါဘာလဲဆိုတာကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

သူ့နောက်မှာတော့ ရယ်ချင်တာကို အောင့်ထားရသည့် ကျန်းတန်းဟယ်ဖြစ်သည်။ ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး တုန်ရီနေကာ ရယ်ချင်တာကို ထိန်းထားရသည်။ ဒီကလေးက အရမ်းရယ်ရတာပဲ၊ သူ့တင်ပါးတွေက စည်းချက်ညီညီနဲ့ကို လှုပ်နေတာ။

ကျန်းတန်းဟယ်သည် ကလေးနှစ်ယောက် တူတူပုန်းတမ်း ကစားနေတာကို ကျောက်ဆောင်နောက်တွင် ကြည့်နေခဲ့သည်။ မမျှော်လင့်ဘဲ ဝတုတ်လေး ပုန်းတဲ့အလှည့်ကျတော့ သူက ရုတ်တရက် ဒီနေရာတွင် ပုန်းဖို့ရွေးလိုက်သည်။ ကျန်းတန်းဟယ်မှာ သူထွက်သွားရင်ကောင်းမလား လွန်ဆွဲနေတဲ့အချိန် ဝတုတ်လေးက သူ့ကိုမတွေ့ကြောင်း သူသိလိုက်သည်။

သူပြန်ထိုင်ကာ သူတို့နှစ်ယောက် ကစားနေတာကို ကြည့်နေလိုက်သည်။ ဝတုတ်လေးရဲ့ ကျောပြင်ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် သူကြည့်နေရင်း သူ‌လေးရဲ့ တင်ပါးလေးတွေ လှုပ်ရမ်းနေတဲ့ဆီကနေ ရုတ်တရက် ဆွဲဆောင်ခံလိုက်ရသည်။ သူမနေနိုင်ဘဲ အနားကပ်သွားကာ မတော်တဆဝင်တိုက်မိသွားသည်။

သူဟာ အမူအကျင့်ဖောက်ပြားနေသူ မဟုတ်ကြောင်း ဘုရားသခင်ဆီမှာ ကျိန်ဆိုနိုင်သော်လည်း၊ သူ ဒီကလေးနှင့်တော့ ဖော်မပြနိုင်လောက်အောင် ရင်းနှီးနေသလို ခံစားရသည်။ သူ့သမီးလေးကို လွမ်းနေတာကြောင့်လို့ သူယူဆလိုက်သည်။ ဒါဟာ ဖခင်မေတ္တာသက်သက်ပဲ။

ကျန်းတန်းဟယ် သူ့ကိုစချင်ပေမယ့် ဒီကလေးက တကယ်ကို မမှုဘဲ ချစ်ဖို့ကောင်းတယ်ဆိုတာ ဘယ်သူသိမှာလဲ? တကယ်ဘဲ သူ့တင်ပါးကို ဆက်ပြီး ထုတ်ထားသည်။

ကျန်းတန်းဟယ် သူ့ပါးစပ်ကိုလက်သီးနဲ့ကာ ကာ ချောင်းဆိုးလိုက်သည်။ ရယ်ချင်တာကို မျိုသိပ်ကာ ကလေး၏ အာရုံကို ဖမ်းစားရန် ကြိုးစားလိုက်သည်။

ကျွမ်းကျွမ်းလည်း အသံကိုကြားပြီး ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ထိုလူသည် အလင်းရောင်ဘက်ကို ကျောပေးကာ ရပ်နေတာကြောင့် ကျွမ်းကျွမ်း သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူ၏ အရပ်ရှည်တဲ့ပုံစံကိုသာမြင်ရသည်။

ကျန်းတန်းဟယ်ကတော့ ရှင်းရှင်းလင်းလင်းကို မြင်လိုက်ရသည်။ ကလေး၏ မျက်နှာကို မြင်သောအခါ သူ့နှလုံးဟာ ဒိတ်ခနဲဖြစ်သွားသည်။

_'ဒီကလေးက ရှောင်းကောနဲ့ ဘာလို့အရမ်းတူနေရတာလဲ?'_

ထိုအတွေးက ကျန်းတန်းဟယ်ရဲ့ စိတ်ထဲကို ချက်ချင်း ပြေးဝင်လာသည်။

သူ ကလေးကို သေသေချာချာ ကြည့်လိုက်သည်။ သူကြည့်လေ၊ ပိုပြီးတူလာလေပင်။ ဒါပေမဲ့ သူ့မှာ သားတစ်ယောက်ရှိတာမဟုတ်ဘဲ သမီးတစ်ယောက်သာရှိတယ်ဆိုတာ သတိရသွားသည်။

နောက်ဆုံးတော့ သူ့စိတ်ထဲက စိတ်လှုပ်ရှားနေမှုတွေ လျော့ပါးလာသည်။ အချက်အလက်တွေက မမှားနိုင်ဘူး။ ဒီကလေးက အရမ်းတူနေရင်တောင် သူက သူ့ကလေးမဟုတ်ဘူး!

အကြောင်းတစ်ခုခုကြောင့် ကျန်းတန်းဟယ် နှမြောသလိုခံစားလိုက်ရသည်။ သူ့စိတ်ထဲရှိ မငြိမ်မသက်ဖြစ်နေတဲ့ ခံစားချက်ကိုဖယ်ရှားရန် သူခေါင်းယမ်းလိုက်သည်။

ဒီနေရာမှ ရုန်းရင်းဆန်ခတ်ဖြစ်နေမှုဆီကနေ စွဲဆောင်ခံလိုက်ရတဲ့ ဝမ်ရှောင်ယိကို ကျန်းတန်းဟယ်ကြည့်ပြီး မြေပြင်ပေါ်တွင် လဲနေသည့် ကလေးလေးကို သူပြန်ငုံ့ကြည့်လိုက်သည်။ သူမြန်မြန်ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

"ဟေး! တွေ့ပြီ!"

ရှောင်ယိသည် ကျွမ်းကျွမ်း၏ နံဘေးသို့ ခုန်ဆင်းလာကာ ကျယ်လောင်စွာပြောလာသည်။ သူ့အသံထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ကျွမ်းကျွမ်းသည် ထွက်ခွာသွားသည့်ပုံရိပ်အား စိုက်ကြည့်နေဆဲဖြစ်သည်။

"ကျွမ်းကျွမ်း? ကျွမ်းကျွမ်း?"

ဝမ်ရှောင်ယိ ကျွမ်းကျွမ်းရဲ့လက်ကိုဆွဲကာ သူ့ကိုလှမ်းခေါ်လိုက်သည်။

ကျွမ်းကျွမ်း သတိပြန်ဝင်လာကာ ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်သည်။ ခုနတုန်းကလူက သူ့စိတ်ကူးထဲ ဖေဖေလိုပင်...

သူသည် အရပ်မြင့်ကာ သန်မာပုံရပေမယ့် သူ့အဝတ်အစားကတော့ မတူပေ။ ဒီလူပုံက ညင်သာလွန်းတယ်။ သူထင်ထားသလို ကြီးစိုးခြယ်လှယ်တတ်တဲ့ပုံမပေါ်ဘူး။

ထိုအချိန်တွင် နန်းတော်မှ အစေခံတစ်ဦးသည် သူတို့နှစ်ဦးကို လာရှာသည်။ ကျွမ်းကျွမ်းနှင့် ဝမ်ရှောင်ယိတို့မှာ မကျေမနပ်ဖြင့် သူ့နောက်သို့ လိုက်သွားကြသည်။ ဒီည ညစာအတူတူ စားဖို့၊ အတူတူအိပ်ဖို့ သူတို့သဘောတူထားပြီးပြီ။

ထွက်လာပြီးတဲ့နောက် ကျန်းတန်းဟယ်သည် နန်းတော်‌စာကြည့်ဆောင်သို့ ပြန်လာကာ အရှင်မင်းကြီးအား စောင့်နေလိုက်သည်။

သူရောက်တာနဲ့ အရှင်မင်းကြီး အထဲတွင်ရောက်နေပြီဆိုတာ သိလိုက်ရသည်။ သူဝင်လာမယ်လို့ တင်ပြပြီးမှ ဝင်သွားလိုက်သည်။

"အရှင်မင်းကြီး"

ရှောက်ကျန့်က ကျန်းတန်းဟယ် အရိုအသေပေးတာကိုအသိအမှတ်ပြုပြီးနောက် ကျန်းတန်းဟယ်သည် ရိုသေသမှုပြရန် ခေါင်းငုံ့ထားလိုက်သည်။

"လာထိုင်"

ကျန်းတန်းဟယ်တွင် မေးခွန်းတွေ အများကြီးရှိမှန်း ရှောက်ကျန့်သိပေမယ့် သူက အလျင်လိုမနေပါချေ။ သူ့ကိုနည်းနည်းလောက် နှောင့်ယှက်အုံးမည်။

“အရှင်မင်းကြီး…”

“တန်းဟယ်၊ မင်းပြောတဲ့ စစ်ဦးစီးချုပ်…”

ရှောက်ကျန့် သူ့ကိုစကားဖြတ်ပြောလာကာ ခေါင်းစဉ်ပြောင်းလိုက်သည်။

ကျန်းတန်းဟယ် ငြိမ်သက်သွားပြီး ပြောလိုက်သည်။ "ကျွန်‌တော်ထင်တာတော့...."

ရှောက်ကျန့် ခေါင်းညိတ်လိုက်သည် "မှန်တယ်၊ ဒါက ကောင်းမွန်တဲ့ လှုပ်ရှားမှုပဲ”

“အရှင်မင်းကြီး…”

"ဟေး တန်းဟယ်။ ဒီတလော သာသနာရေးဝန်ကြီးက…”

“အရှင်မင်းကြီး၊ ကျွန်တော့်အထင် ကျွန်တော်တို့လုပ်နိုင်…”

“မဆိုးဘူး၊ မဆိုးဘူး။ ဒါက အလုပ်ဖြစ်လိမ့်မယ်”

ကျန်းတန်းဟယ်က ထပ်ပြောသည်။ “အရှင်မင်းကြီး…”

"တန်းဟယ်၊ ဟန်တွေ ဒီတလော ရုတ်ရုတ်ရုတ်ရုတ်လုပ်နေတယ်နော်...."

ရှောက်ကျန့်က ခေါင်းစဉ်ပြောင်းပြန်သည်။

ကျန်းတန်းဟယ်ကတော့ သည်းခံထားတုန်းပင်။ သူ သည်းခံထားရမယ်! သူ အသက်ရှူထုတ်လိုက်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီး၊ သူတို့တွေက အန္တရာယ်ပေးမယ့် အရိပ်အယောင်မရှိပါဘူး။ ကျွန်တော်တို့လုပ်ရမှာက…”

ရှောက်ကျန့်သည် နားထောင်ရင်းနှင့် ကျန်းတန်းဟယ်ကို ထပ်ခါတလဲလဲဘချီးကျူးလိုက်သည်။ ဤလူသည် အလွန်ထက်မြက်သည်—စာလည်းတတ်သလို ကိုယ်ခံပညာလည်း ကျွမ်းကျင်သည်။ ဒီလို ထက်မြက်တဲ့လူကို လက်လွှတ်လိုက်ရင် သူက ငတုံးဘဲဖြစ်လိမ့်မယ်!

ကျန်းတန်းဟယ်ကတော့ ရှောက်ကျန့် ဘာတွေတွေးနေမှန်း မသိပေ။ သူသည် အရှင်မင်းကြီး၏ သံသယများကိုဖြေဖျောက်ရန်နှင့် သူ၏မေးခွန်းများအတွက် အဖြေများကို ဖြေပေးရန်သာ ပူပန်နေသည်။

“အရှင်မင်းကြီး…”

ဟမ်? ကျန်းတန်းဟယ် စိတ်ရှုပ်သွားသည်။ အခုကျ သူဘာလို့ ခေါင်းစဉ်မပြောင်းတော့တာလဲ? သူဖြတ်ပြောလာလိမ့်မယ်လို့ ထင်ထားတာ။

ရှောက်ကျန့်က ကျန်းတန်းဟယ် စကားပြောလာမှာကို စောင့်နေတဲ့ပုံပင်။ ကျန်းတန်းဟယ်မှာ သွေးအန်ခါနီးအခြေအနေဖြစ်နေ၏။

"ပြောလေ"

ကျန်းတန်းဟယ် - “…”

All Chapters