← Chapters

အခန်း (၁၃၈)

Vol. 10 Ch. 138

အခန်း (၁၃၈)

Vol. 10 Ch. 138

"အရှင်မင်းကြီး၊ ကျွန်တော်!နားမလည်တာတစ်ခုရှိတယ်။ ကျွန်တော့်မိသားစုက ဘာလို့ ဒီကိုလာတာလဲ? အခုသူတို့ဘယ်ရောက်နေတာပါလဲ?"

သူတို့ဘယ်ရောက်နေမှန်း ကျန်းတန်းဟယ်သိပေမယ့် သူသိတယ်လို့တော့ မပြောနိုင်ပါချေ။ တကယ်ဆိုရင် ဒီနေရာဟာ အရှင်မင်းကြီး၏ နယ်မြေဖြစ်သည်။ သူသိပြီးသားဆိုတာကို ဘယ်လိုလုပ် ထုတ်ပြောရမှာလဲ? အဖြစ်သဘောမေးရသေးသည်။

“သူတို့က သင်္ချိုင်းရွှေ့ဖို့ ဒီကိုလာကြတာ။ အခု သူတို့ ယန်ရှင်းနန်းဆောင်နဲ့ ကပ်လျက်က ခန်းမထဲမှာ အနားယူနေကြတယ်"

"မင်းကိုကြည့်ရုံနဲ့၊ သူတို့ဘယ်မှာရှိလဲဆိုတာကို မင်းမသိဘူးဆိုတာ ငါမယုံဘူး"

ရှောက်ကျန့်က ကျန်းတန်းဟယ်ကို ပြုံးပြုံးလေး ကြည့်လိုက်သည်။

ဒီစကားကိုကြားတော့ ကျန်းတန်းဟယ် နားလည်သွားသည်။ 'ဒါကြောင့်မို့လို့ သူတို့မြို့တော်ကို လာကြတာပဲ။ ဆို‌တော့ ဒါက အရှင်မင်းကြီးရဲ့ အစီအစဥ်တစ်စိတ်တစ်ပိုင်းပဲ...'

ကျန်းတန်းဟယ် ရှောက်ကျန့်ကို မျက်လုံးမှေးကာကြည့်လိုက်သည်။ ဒီ‌တော့ အရှင်မင်းကြီးရဲ့အစီအစဉ်က သူဒီမှာဆက်နေရအောင် သူတို့ကိုခေါ်လိုက်တာပဲ။

ဆို‌တော့ ‌ဒါက ဘာကြောင့်လဲဆိုတာ ရှင်းပြလိုက်တာပဲ…

ကျန်းတန်းဟယ် ခေါင်းယမ်းလိုက်သည်။ 'အခု ဒီအကြောင်းကို ပြောရမယ့်အချိန် မဟုတ်ဘူးဆိုတာ သူသိလိုက်သည်။ သူ့မိသားစုနဲ့ အရင်ပြန်ဆုံဖို့က ပိုအရေးကြီးတယ်။'

အချိန်နီးနေပြီ။ ရှောက်ကျန့်လည်း ကျန်းတန်းဟယ်ကို ဆက်ပြီးမစနောက်တော့ပေ။ အဲဒီအစား မိန်းမစိုးစုအား ညစာပြင်ဖို့ပြောလိုက်သည်။

မိန်းမစိုးစုလည်း အပြင်ထွက်ကာ ညစာပြင်ရန် အမိန့်ပေးလိုက်သည်။ ရှောက်ကျန့်လည်း ထိုင်မနေနိုင်တော့သည့် ကျန်းတန်းဟယ်ကို ယန်ရှင်းနန်းဆောင်သို့ ခေါ်သွားလိုက်သည်။

"အိုး မင်းကိုကြည့်ပါအုံး။ ချွေးတွေထွက်နေတယ်"

ရှောင်းကော ကုလားထိုင်တွင်ထိုင်ကာ ကျစ်ရှားနှင့် စကားပြောနေချိန် ကျွမ်းကျွမ်းပြေးလာကာ သူမဆီထိုးဝင်လာသည်။

ရာသီဥတုက နည်းနည်းအေးနေပြီဖြစ်သည်။ သို့ပေမယ့် ကလေးနှစ်ယောက်က ကစားထားတာကြောင့် ချွေးတွေထွက်နေသည်။

ရှောင်းကော ကျွမ်းကျွမ်းကို တွန်းလိုက်ပြီး သူမယူလာသည့် လက်ကိုင်ပုဝါနှင့် သူ့ချွေးတွေကို သုတ်လိုက်သည်။ ဤရာသီဥတုတွင် ချွေးတွေမတိတ်ပါက အအေးမိမှာဘသေချာပေါက်ပင်။

ဝမ်ရှောင်ယိလည်း သူ့နောက်ကနေ လိုက်လာသည်။ ပြေးလာသည်ကြောင့် ချွေးတွေစိုရွှဲနေ၏။ ကျစ်ရှားလည်း သူ့ကိုတွေ့တော့ ချွေးတွေကို လက်ကိုင်ပုဝါနဲ့ သုတ်ပေးလိုက်သည်။

ဝမ်ရှောင်ယိလည်း ကျစ်ရှား သူ့ကို ချွေးသုတ်ပေးနိုင်ရန် ခေါင်းကို မော့ပေးလိုက်သည်။ သူတို့နှစ်ယောက်လုံးကို ချွေးသုတ်ပေးတဲ့လူတွေရှိပေမယ့် ကွဲလွဲမှုလေးတွေတော့ရှိသည်။

ကျွမ်းကျွမ်းဘက်က လေထုကိုကြည့်လိုက်တော့ ရှောင်ယိအနည်းငယ် အားကျမိသည်။ ကျွမ်းကျွမ်းက ချစ်စရာကောင်းဟန်လုပ်ပြတော့ သူ့မေမေက သူ့ကိုနမ်းပေးသည်....

ဝမ်ရှောင်ယိသည် ခေါင်းငုံ့ကာ ချွေးသုတ်ပေးနေသည့်ကျစ်ရှားကို မော့ကြည့်လိုက်သည်။ သူ မတွေးဘဲမနေနိုင်တော့ပေ _'ငါ့မေမေသာ ဒီမှာရှိနေရင် သူလဲ ကျွမ်းကျွမ်းမေမေလိုပဲ ဖြစ်နေမှာ'_

ခဏအကြာတွင် မိန်းမစိုးစု၏ အသံသည်တံခါးဝမှ ထွက်ပေါ်လာသည်။

" မိန်းကလေးချင်း ကျေးဇူးပြုပြီး ညစာစားဖို့ ပင်မခန်းမကိုလာပေးပါ"

ကျစ်ရှားလည်း မတ်တပ်ထရပ်လိုက်ပြီး နောက်တစ်ခေါက်ထပ်တွေ့ရန် ကတိပေးလိုက်သည်။ ထို့နောက် သူမသည် ဝမ်ရှောင်ယိနှင့်အတူ အခန်းမှ ထွက်လာလိုက်သည်။

ရှောင်းကောလည်း ကျွမ်းကျွမ်းနှင့်အတူ အခန်းထဲမှ ထွက်လာသည်။ ကျစ်ရှား ထွက်သွားသည်ကို မိန်းမစိုးစုမြင်တော့ အမြန်တားလိုက်သည်။ "အရီးတော်ကျစ်ရှား ကျေးဇူးပြုပြီး ခဏစောင့်ပါအုံး။ အရှင်မင်းကြီးက အိမ်ရှေ့မင်းသားလေးကို ခေါ်လာခိုင်းပါတယ်"

ထိုစကားကိုကြားသည့်အခါ အကြီးမားဆုံးတုံ့ပြန်သူမှာ ဝမ်ရှောင်ယိဖြစ်သည်။ သူသည် ကျစ်ရှား၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူမအနေဖြင့် သူ့အတွေးများကို နားလည်လိမ့်မည်ဟု မျှော်လင့်ကာ သနားစဖွယ်ကောင်းစွာ သူမကို မော့ကြည့်လိုက်သည်။ သူ အဲဒီလူနဲ့ လုံးဝမစားချင်ဘူး။

ကျစ်ရှား သက်ပြင်းချလိုက်သည်။ သူမ ဘယ်လိုမသိနိုင်မှာလဲ? ဘယ်လိုပဲဖြစ်ဖြစ် ထိုသူဟာ ဝမ်ရှောင်ယိရဲ့ ဖခင်အရင်းဖြစ်နေဆဲပင်။ သူတို့ နှစ်ယောက်ဟာ အရင်ကခွဲနေခဲ့သော်လည်း ယခုတွင်တော့ ဤကဲ့သို့ ဆက်နေ၍မရတော့ပေ။ သူတို့တွေ ပိုနီးစပ်သင့်သည်။

" ရှောင်းကော၊ ငါ့အမျိုးလည်း အိမ်ပြန်ရောက်တော့မယ်။ အိမ်ရှေ့မင်းသားလေးကို ငါ ခေါ်သွားပေးဖို့ အဆင်မပြေတော့ဘူး။ အိမ်ရှေ့မင်းသားကို ညစာစားဖို့ နင်တို့ခေါ်သွားပေးမလား?"

သူမနှင့် အတူတူသွားလျှင် ရှောင်ယိသည် သူမဘေးတွင်သာ ပုန်းနေလိမ့်မည်။ သူနှင့် အရှင်မင်းကြီးတို့ နီးကပ်မှုရှိစေရန် သူမ မသွားဖို့ ဆုံးဖြတ်လိုက်သည်။

ရှောင်းကော တုံ့ဆိုင်းသွားသည်။ အမှန်မှာ၊ သူမလည်း အရှင်မင်းကြီးနှင့် မတွေ့ချင်ပေ။

သူဟာ လောကကိုဘအုပ်စိုးသူဖြစ်သည်။ သူ့ပတ်ဝန်းကျင်မှာ သူမ ဘယ်လိုလုပ် သက်တောင့်သက်သာ နေနိုင်မှာလဲ? တစ်ခုခုမှားပြောမိရင် ဒုက္ခရောက်လိမ့်မည်။

“…ရပါတယ်”

နောက်ဆုံးတော့ ရှောင်းကော သူမ၏တောင်းဆိုမှုကို သဘောတူလိုက်သည်။ သူမတွင် ရွေးချယ်စရာမရှိသည့်ပုံပင်။ သူမအနေဖြင့် ဘာပဲဖြစ်ဖြစ်သွားရမည်ပင်။ နောက်ပိုင်းတွင် သူမ သတိရှိရှိနေကာ ဘာကြောင့် သူမတို့မြို့တော်ဆီ လာခဲ့ရလဲဆိုတာ အဖြေရှာရမည်ပင်။ အဲ့ဒါပြီးရင်တော့ နောက်နေ့တွင် သူမ အိမ်ပြန်နိုင်မည်ပင်။

သူမ၏ ဘယ်ဘက်တွင် ရှောင်ယိရှိကာ ညာဘက်တွင် ကျွမ်းကျွမ်းရှိသည်။ သူတို့သုံးယောက် မိန်းမစိုးစုနှင့်အတူ ပင်မခန်းမဆီသို့ လိုက်သွားကြသည်။

ရှောင်းကော သူမဘာသာသူမ တွေးကြည့်လိုက်သည်။ _'ခဏနေကျရင် ငါဘယ်လို အရိုအသေပေးရမလဲ? ဘာပြောရမှာလဲ? တီဗီထဲကလိုပဲ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ ဆိုပြီးတော့လား?'_ ဒါပေမဲ့ သူမ ရယ်မိသွားမှာစိုးသည်။ ပထမဆုံး သူမ ဒူးထောက်အရိုအ‌သေပေးသင့်လား?

ရှောင်းကောမှာ ဖြစ်စဉ်တစ်ခုလုံးကို တွေးနေသည်။ ဒီအကြောင်းကို သူမ တွေးလေ ပိုစိတ်ရှုပ်လာလေပင်။ သူမ ထွက်ပြေးလိုက်ပါက၊အဆုံးသတ်သွားလိမ့်မည်။

သူမ၏ ဂုဏ်သိက္ခာအတွက် ရှောင်းကောသည် အလွန်တည်ငြိမ်ပုံပေါက်စေရန် ကြိုးစားလိုက်သည်။ မိန်းမစိုးစုပင်လျှင် သူမ၏အသွင်အပြင်ကြောင့် လှည့်စားခံလိုက်ရသည်။ သူ့စိတ်ထဲတွင်တော့ သူမ၏တည်ငြိမ်အေးဆေးတဲ့ပုံစံအပေါ် သဘောကျနေမိသည်။

'ဒါပေမဲ့ ဒီလိုတည်ငြိမ်တဲ့ပုံစံနဲ့ အမျိုးသမီးရဲ့ ရင်ထဲမှာ ကမောက်ကမ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?'

ကျွမ်းကျွမ်းနှက့် ရှောင်ယိသည် ကျွမ်းကျွမ်း အနားမှနေ တိတ်တဆိတ် လိုက်လာသည်။ နှစ်ယောက်လုံး စကားမပြောကြပေ။ ရှောင်ယိမှာ ထိုလူကို မတွေ့ချင်တာကြောင့် စကားမပြောဖြစ်ပေ။ ကျွမ်းကျွမ်းကတော့ ရှောင်းကောစိတ်မသက်မသာဖြစ်နေတာကို ခံစားနေရတာကြောင့် စကားမပြောပေ။ သူမ၏လက်တွေဟာ များသောအားဖြင့် ချွေးစေးများမထွက်တတ်သော်လည်း ယခုတော့ သူမ၏ လက်ဖဝါးထဲက စိုစွတ်မှုကို ကျွမ်းကျွမ်း ခံစားလိုက်ရသည်။

ကျွမ်းကျွမ်း ရှောင်းကောကို မော့ကြည့်လိုက်သည်။ အရှင်မင်းကြီးကို တွေ့ရမှာမို့ သူ့မေမေ စိတ်ပူနေတာများလား? ကျွမ်းကျွမ်း ရှောင်းကောလက်ကို အနည်းငယ်တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး သူမကိုသတ္တိတွေပေးစွမ်းနိုင်ရန် မျှော်လင့်မိသည်။

ကျွမ်းကျွမ်း၏ စိုးရိမ်ပူပန်မှုကို ခံစားမိသည့် ရှောင်းကောလည်း သူ၏စိုးရိမ်နေတဲ့ မျက်လုံးများကိုငုံ့ကြည့်ကာ စိတ်ချလက်ချဖြစ်စေရန် ပြုံးပြလိုက်သည်။ ထို့နောက် သူမ သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

ရှောင်းကောက ဘယ်လိုဒူးထောက်ရမလဲလို့ တွေးနေချိန်မှာပဲ မိန်းမစိုးစုက သူတို့သုံးယောက်ကို ခန်းမဝင်ပေါက်ဆီ ခေါ်လာပြီဖြစ်သည်။

အပြာရောင်ကမ္ဗည်းပြားပေါ်တွင် ရွှေရောင်ဖြင့် “ယန်ရှင်းနန်းဆောင်” ဟူသော စကားလုံးများကို အလျားလိုက် ရေးထားသည်။

ရှောင်းကော သူမပတ်ဝန်းကျင်ကို လျင်မြန်စွာ စကင်န်ဖတ်လိုက်သည်။ ဒါဟာ တကယ့်ကိုဘဲ နန်းတော်ရဲ့အလယ်ဗဟိုဖြစ်သည်။ အစောင့်အကြပ်အရေအတွက်သည်ပင်လျှင် နှစ်ဆတိုးထားသည်။

မိန်းမိစိုးစု အသိပေးတာပြီးဆုံးပြီးနောက် ခန်းမအတွင်းမှ ခွင့်ပြုသည့် အသံကို ရလိုက်သည်။ ထို့နောက် သူသည် ဘေးသို့ဖယ်လိုက်ကာ သူတို့သုံးယောက်အား ဝင်သွားရန် ဦးညွတ်လိုက်သည်။

ရှောင်းကောလည်း ကျွမ်းကျွမ်းနှင့် ရှောင်ယိတို့ကို ခန်းမထဲသို့ ခေါ်သွားလိုက်သည်။ သူမသည် အကြိမ်ပေါင်း မရေတွက်နိုင်အောင် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့သည်။ သူမ ဒူးထောက်ကာအရိုအသေပေးဖို့ ပြင်လိုက်ချိန် သူမဘမလှုပ်ရှားရသေးခင် ကျွမ်းကျွမ်းက အံ့ဩတကြီးဖြင့် အသံပြုလာသည်။

ရှောင်းကောလည်း ကျွမ်းကျွမ်းညဘာဖြစ်တာလဲဟု တွေးမိကာ သူ့ကိုအမြန်ကြည့်လိုက်သည်။

ကျွမ်းကျွမ်းသည် ပါးစပ်အဟောင်းသားဖြင့် တစ်နေရာရာကို ကြည့်နေသည်။ သူ့မျက်လုံးတွေဟာ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်နေ၏။

ရှောင်ယိလည်း ကျွမ်းကျွမ်း ဘာမြင်လိုက်လို့လဲဆိုတာ သိချင်မိသွားသည်။ သူကြည့်လိုက်တော့ အခန်းထဲတွင် စားပွဲတစ်လုံးပဲရှိတာကို တွေ့လိုက်ရသည်။ အဲဒီလူအပြင် စစ်ဦးစီးချုပ်ကျန်းလည်း ရှိသည်။ သူတို့နှင့်ပတ်သက်ပြီးတော့ ဘာမှမထူးဆန်းပါချေ။ ကျွမ်းကျွမ်းက ဘာဖြစ်တာလဲ?

ဝမ်ရှောင်ယိ ခေါင်းကုတ်ကာ ကျွမ်းကျွမ်းကို စူးစမ်းသလိုကြည့်လိုက်သည်။

ရှောင်းကောက ခန်းမထဲကိုဝင်ကတည်းက ခေါင်းငုံ့ထားတာကြောင့် အတွင်းပိုင်း အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရပါချေ။ ပထမတော့ ကျွမ်းကျွမ်းရဲ့ အံ့အားသင့်နေတဲ့အမူအရာကို သူမ မြင်လိုက်ရတဲ့အခါ အခန်းထဲတွင် မသင့်တော်သည့်အရာတစ်ခုကို သူမြင်လိုက်ရတယ်လို့ သူမ ထင်သွားသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဤနေရာသည် အတွင်းနန်းတော်အစိတ်အပိုင်းဖြစ်သည်။ အရှင်မင်းကြီးအနေဖြင့် ဤနေရာတွင် အမျိုးသမီးများနှင့်ဘပေါင်းသင်းနေထိုင်လိမ့်မည် ဖြစ်သည်။

ကျွမ်းကျွမ်း တစ်ခုခုကို မြင်သွားတာလား? ရှောင်းကောမှာ အခြားအကြောင်းပြချက်ကို မတွေးမိပေ။

ကျန်းတန်းဟယ်မှာ မိန်းမစိုးစု၏ အသိပေးသံကိုကြားကတည်းက စိတ်မသက်မသာဖြစ်ကာ တံခါးကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေမိသည်။ ရှောက်ကျန့်က သူ့ကိုတောင် စနောက်လိုက်သေးသည်။

ကျန်းတန်းဟယ် ဒီနေ့ဒီလိုအရောင်ဝတ်စုံကို ဝတ်ထားတာ မြင်ရတာနဲ့တင် ရယ်စရာကောင်းနေသည်။ အခု သူ့ကို ဒီအခြေအနေမျိုးနဲ့မြင်လိုက်ရတော့ သူပိုလို့တောင် ရယ်ချင်သွားသည်။ 'ဒါက သူသိထားတဲ့ ရဲရင့်တဲ့ကျန်းတန်းဟယ်တဲ့လား?'

ထို့နောက်တွင် လူကြီးတစ်ယောက်နှင့် ကလေးနှစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ထဲမှတစ်ဦးမှာ သူ့သားဖြစ်ကြောင်း တွေ့လိုက်ရတဲ့အခါ ရှောက်ကျန့် စိတ်အေးသွားသည်။ ကျန်းတန်းဟယ်ရဲ့ လက်ရှိ စိတ်အခြေအနေဟာ ဝမ်ရှောင်ယိအား သူ ပထမဆုံးအကြိမ်ဘတွေ့လိုက်ရတဲ့အချိန်ကလို ဖြစ်နေလိမ့်မည်ပင်။ စိတ်လှုပ်ရှားကာ စိုးရိမ်နေပြီး ကြောက်ရွံ့ခြင်းတွေဟာ သူ့ရင်ထဲတွင် ရောထွေးနေသည့်ခံစားချက်များအဖြစ် စုဝေးလာသည်။

ကျန်းတန်းဟယ်သည် သူတို့ကိုမြင်သည့်အခါ ချက်ချင်းထရပ်လိုက်သည်။ ထိုအမျိုးသမီးဟာ ခေါင်းငုံ့ထားတာကြောင့် မျက်နှာကို သူ မမြင်ရပေ။ 'ဒါပေမယ့် ဘေးနားက ဝတုတ်‌လေးက သူစာကြည့်ဆောင်မှာ တွေ့ခဲ့တဲ့ကလေးမဟုတ်ဘူးလား?'

'ဒီကောင်လေးက သူ့သားလား!?'

ကျန်းတန်းဟယ်သည် အလွန်စိတ်လှုပ်ရှားနေသော်လည်း တုံ့ဆိုင်းနေသည့်ဘအရိပ်အယောင်လည်းရှိနေသည်။ 'အချက်အလက်တွေက မှားနေတာများလား? သူ့မှာ သမီးတစ်ယောက် ရှိတာမဟုတ်ဘဲ အမြွှာတွေရှိနေတာများလား?'

ကျန်းတန်းဟယ်မှာ အခြားဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးလိုက်မိသည်။ ၎င်းဟာ အစစ်အမှန်ဖြစ်ကြောင်း သူ စယုံကြည်လာမျသည်။ 'သူတို့‌က အမွှာတွေဖြစ်လိမ့်မယ်!'

သူ မနေနိုင်ဘဲ အနည်းငယ်ဘစိတ်လှုပ်ရှားမိသည်။ 'သူဘာလို့ အမြန်မသွားတာလဲလို့ လာမေးနဲ့။ စိတ်လှုပ်ရှားလို့ သူ့ခြေထောက်တွေ ထုံကျင်နေပြီ......'

All Chapters