← Chapters

အခန်း (၁၄၀)

Vol. 10 Ch. 140

အခန်း (၁၄၀)

Vol. 10 Ch. 140

"မင်း…”

“ရှင်…”

နှစ်ယောက်စလုံး အတူပြောလာကြပြီး တစ်ချိန်တည်းမှာဘဲ ရပ်တန့်သွားကြသည်။

တိတ်ဆိတ်မှုနောက်ကွယ်တွင် နောက်ထပ်ရန်ပွဲတစ်ခုရှိသည်။

နှစ်ယောက်သား ဘာပြန်ပြောရမှန်းမသိ တုံ့ဆိုင်းနေချိန် ရထားလုံးမောင်းသူက ရထားကိုရပ်လိုက်သည်။ သူတို့ ကျန်းတန်းဟယ်၏ နေအိမ်သို့ ရောက်လာကြပြီ။

ကျန်းတန်းဟယ် ရထားလုံးပေါ်မှ ဦးစွာဆင်းလိုက်သည်။ ရှောင်းကော သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် လွယ်အိတ်ကို ယူကာအပြင်ထွက်ရန် ပြင်လိုက်သည်။

သူမထဖို့ ပြင်လိုက်သည့်အချိန် ကန့်လန့်ကာကို မလိုက်သည်အား သူမ မြင်လိုက်ရသည်။ ရှောင်းကော ခေါင်းငုံ့ကာဆင်းလိုက်သည်။ သူမအား တိတ်ဆိတ်စွာစောင့်နေသည့် လက်တစ်ဖက်ကို တွေ့လိုက်ရသည်။

ရှောင်းကော နှုတ်ခမ်းတွေကို တင်းတင်းစိကာ တုံ့ဆိုင်းစွာဖြင့် သူမလက်အား သူ့လက်ထဲထည့်လိုက်သည်။

ကျန်းတန်းဟယ် ဝမ်းသာသွားသည်။ သူ တိတ်တိတ်လေး လက်သီးဆုပ်ကာ သူမဘကင်းကင်းနှင့်ဆင်းနိုင်ရန် ကူညီပေးလိုက်သည်။

ရှောင်းကော သူမလက်ကို ပြန်ရုတ်ဖို့လုပ်လိုက်သော်လည်း ကျန်းတန်းဟယ်က သူမကို မလွှတ်‌ပေးပေ။ သူမလက်ကို ပြန်မဆွဲနိုင်ရအောင် တင်းတင်းဆုပ်ကိုင်ထားသည်။

ရှောင်းကောမှာ သူမ လက် ချိနဲ့သွားသလို ခံစားလိုက်ရသည်။ 'ဒီလူက ဘာလို့ ဒီလောက်တောင် သန်တာလဲ?!'

ရှောင်းကော သည်းမခံနိုင်တော့ဘဲ နီရဲနေသည်ဘမျက်နှာဖြင့် ကျန်းတန်းဟယ်ကို မော့ကြည့်လိုက်သည်။ "ကျွန်မ လက်တွေနာနေပြီ"

"ဘာကို?" ကျန်းတန်းဟယ် နားမလည်တာကြောင့် ကြောင်တက်တက်ဖြင့် မေးလိုက်သည်။ သူမအကြည့်အောက်တွင် ကျန်းတန်းဟယ်မှာ သူ့ခွန်အားတွေ အရမ်းများသွားကြောင်း သိလိုက်ရသည်။ သူလက် အမြန်လွှတ်ပေးလိုက်သည်။ "အို..တောင်းပန်ပါတယ်"

ရှောင်းကော နောက်ဆုံးတော့ သူမ၏ ဘယ်ဘက်လက်ကိုငုံ့ကြည့်လိုက်သည်။ 'ဘုရားရေ၊ သွေးကြောတွေထဲ သွေးတွေစီးဆင်းနေတာတောင် ရပ်သွားတယ်!'

ကျန်းတန်းဟယ်လည်း သဘောပေါက်သွားသည်။ ဤအခိုက်အတန့်တွင် သူ့အရှက်မိသဖြင့် မိုက်မဲသလိုရယ်ရုံသာ တတ်နိုင်တော့သည်။

သူတို့နှစ်ယောက် ဆင်းသွားတော့ ရထားလုံးမောင်းသူက ရထားကို ခြံဝင်းထဲသို့ မောင်းနှင်လိုက်သည်။ ရှောင်းကောမှာ လမ်းမသိတာကြောင့် ကျန်းတန်းဟယ်ဦးဆောင်ခေါ်သွားမှာကို စောင့်ရုံသာရှိတော့သည်။

သို့သော်လည်း ကျန်းတန်းဟယ်မှာ ဘာတွေတွေးနေမှန်းမသိပေ။ ရထားလုံးပေါ်မှ ဆင်းပြီးသည့်နောက်တွင် သူရပ်နေသည့်နေရာတွင်သာ အမြစ်တွယ်နေသည်။

ထို့ကြောင့် သူတို့နှစ်ယောက်မှာ တံခါးအရှေ့တွင် လေအေးတွေခံရင်း အရူးတွေလို ဒီတိုင်းရပ်နေကြသည်။

နောက်ထပ်လေပြင်းတိုက်ခတ်လာတော့ ရှောင်းကောမှာ သူမရဲ့အဝတ်အစားတွေကို တင်းတင်းဆွဲလိုက်သည်။ သူမ ဒီတံခါးရှေ့မှာဘဲ တစ်ညအိပ်လိုက်ရမှာလား?

ကျန်းတန်းဟယ်လည်း လေပြင်းကြောင့် သတိဝင်လာသည်။ ရှောင်းကော သူမရဲ့အဝတ်အစားတွေကို ဆွဲနေတာမြင်တော့ သူရှက်ရွံ့အားနာလာပြန်သည်။ သူ့မျက်နှာက အရင်ကထက်တောင် ပိုနီရဲလာသည်။

"မြန်မြန်ဝင်ကြရအောင်"

ကျန်းတန်းဟယ် ပြောပြီးသည်နှင့် ရှောင်းကောမှာ မျက်လုံးလှိမ့်မိလုမတတ်ပင််။ မသိရင် သူမကဘဲ မဝင်ချင်တာကျနေရော။

ကျန်းတန်းဟယ်လည်း သူတစ်ခုခုမှားသွားမှန်း သိလိုက်ရသည်။ "တောင်းပန်ပါတယ်…"

ရှောင်းကော သူ့ကို ဖော်ရွေစွာပြုံးပြလိုက်သည်။ “အဆင်ပြေပါတယ်။ မြန်မြန်ဝင်ကြတာပေါ့”

လေတွေဂာ ညဘက်တွင်ပိုအေးသည်။

ကျန်းတန်းဟယ် အပျော်လွန်သွားသည် _'သူမ ပြုံးလိုက်တယ်။ သူမ ငါ့ကို ပြုံးပြလိုက်တယ်!'_

_'သူမ ပြုံးတဲ့အခါ အရမ်းလှတာပဲ၊ ဟားဟား'_

ရှောင်းကောမှာ ပါးစပ်နားရွက်ချိတ်မတတ် ပြုံးနေသည့် ကျန်းတန်းဟယ်ကို ကြည့်လိုက်သည်။ သူမ ဆွံ့အသွားရသည်။ 'ဘာလဲဟ?'

"သွားကြရအောင်"

ကျန်းတန်းဟယ်က ရှောင်းကောကို ပျော်ရွှင်စွာဖြင့် ခေါ်ဆောင်သွားသည်။

တံခါးနားမှ တပ်သားတွေက ကျန်းတန်းဟယ်ကိုတွေ့တော့ အရိုအသေပေးကြသည်။ သို့သော် ရှောင်းကောကိုတွေ့သည့်အခါ အနည်းငယ် စူးစမ်းမိသွားသည်။ သူတို့နှစ်ယောက် ထွက်သွားသည်နှင့် တပ်သားနှစ်ယောက်စုကာ အချင်းချင်း တီးတိုးပြောကြတော့သည်။ စစ်ဦးစီး၏ ပြင်းပနေသည့်အမူအရာကိုကြည့်ရင်း ရှောင်းကော၏အထောက်အထားကို သူတို့အကြမ်းဖျင်း ခန့်မှန်းမိလိုက်ကြသည်။

ရှောင်းကောသည် လမ်းတစ်လျှောက်တွင် ရူးသလိုလိုပြုံးနေသည့် ကျန်းတန်းဟယ်ကို ကြည့်လိုက်သည်။ ကျွမ်းကျွမ်းရဲ့ IQ မြင့်မှုဟာ သူ့ဆီမှ အမွေဆက်ခံထားရတာလားဆိုတာ သူမ သံသယဖြစ်မိသည်။

သူတို့အိမ်ပြန်ရောက်တော့ အစားအသောက် သွားယူပြီးပြန်လာတဲ့ လီရှို့ကျီတစ်ယောက် သူတို့နောက်ကျောကိုမြင်လိုက်ရသည်။

အလှလေးကို လီရှို့ကျီပထမဆုံးမြင်လိုက်ရတော့ သူ့နှလုံးသား ခုန်ပေါက်သွားတော့သည်။ ' ဒီအလှလေးက ဘယ်တုန်းကအိမ်ကို ရောက်လာတာလဲ?'

သူသွား မနှုတ်ဆက်လိုက်ပေ။ ကျန်းတန်းဟယ် သူမကို အိမ်ဆီပြန်ခေါ်လာတာ မြင်လိုက်ရတော့ ထိုအမျိုးသမီးရဲ့အထောက်အထားကို သူ ခန့်မှန်းနိုင်လိုက်သည်။

ဤသည်မှာ ကျန်းတန်းဟယ်၏ ဇနီးသာ ဖြစ်လိမ့်မည်။

လီရှို့ကျီ သူတို့နှစ်ယောက်ကို မနှောင့်ယှက်တော့ပေ။ ရင်တထိတ်ထိတ်ဖြင့် သူ့အိမ်ကိုသာ ပြန်သွားလိုက်သည်။ ကျန်းတန်းဟယ်အတွက် ယူလာပေးတဲ့ အစားအစာတွေကိုလဲ သူ ယူသွားသေးသည်။ သူ့ကြည့်ရသည်မှာ မနက်ဖြန်လည်း စားလို့ရမည်ဟု ထင်နေသည့်ပုံပင်။

လီရှို့ကျီသည် ထမင်းဘူးတွေဖြင့် သီချင်းညည်းကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။

ရှောင်းကော ကျန်းတန်းဟယ်၏ အိမ်ထဲသို့ လိုက်သွားလိုက်သည်။ ကျန်းတန်းဟယ်သည် အသားကျနေစွာဖြင့် ဖယောင်းတိုင် အနည်းငယ် ထွန်းညှိလိုက်သည်။ တစ်ခဏချင်းမှာပဲ အခန်းက လင်းလာသည်။

ကျန်းတန်းဟယ် ရှောင်းကော၏ အိတ်ကိုယူကာ ကုတင်ပေါ်တင်လိုက်သည်။ ပထမတော့ ရှောင်းကောမှာ အဲဒါနှင့် နည်းနည်းလေး အသားမကျသေးသော်လည်း သူမတွင် ငြင်းရမည့် အကြောင်းပြချက်မရှိပါချေ။ ဘာပဲဖြစ်ဖြစ် သူမတို့တွေက လင်မယားပဲလေ။

ရှောင်းကော ထိုင်ခုံပေါ်တွင်ထိုင်လိုက်ကာ ကျန်းတန်းဟယ်လည်း ထိုင်လိုက်သည်။ သူတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

“ရှင်…”

ရှောင်းကောမှာ မည်သို့ စကားစမြည်စပြောရမလဲဆိုတာ စဉ်းစားနေသော်လည်း ကျန်းတန်းဟယ်သည် သူမအား အရာအားလုံးကို စေ့စေ့စပ်စပ်ပြောပြခဲ့သည်။

ရှောင်းကောက တိတ်တဆိတ် နားထောင်ပေးသည်။ ကျန်းတန်းဟယ်က ရှောင်းကောအား ဖြစ်ပျက်ခဲ့သမျှ ရှင်းပြသည်။ သူ စစ်သားအဖြစ် ခေါ်သွားခံရချိန် မင်းသားဖြစ်နေဆဲဖြစ်သည့် ရှောက်ကျန့်နှင့် ဆုံခဲ့‌ရကာ သေဆုံးသွားကြောင်း အစီရင်ခံစာအတုကို အကောင်အထည်ဖော်ခဲ့ရသည်။

"ဒါဆို ရှင် ဘာလို့ အိမ်ကိုမဆက်သွယ်တာလဲ?"

ရှောင်းကောမှာ စိတ်မအေးပါချေ _'သူ ဆုံးသွားတာ မဟုတ်ဘူးဆိုရင် သူ့မိသားစုကို ဘာလို့ မဆက်သွယ်ခဲ့တာလဲ? ဒါ့ပြင် သူသာ သူတို့ကိုဆက်သွယ်ခဲ့ရင် အမျိုးသမီးကျန်းလဲ ဆုံးသွားမှာမဟုတ်ဘူး.....'_

"ဟင်းး၊ ကိုယ်တို့ရဲ့ အထောက်အထားတွေကို ဖုံးကွယ်ဖို့ သေဆုံးမှုအတု လုပ်ခဲ့တာ။ အဲဒီတုန်းက အခြေအနေတွေက နည်းနည်းရှုပ်ထွေးနေတာ။ ကိုယ်သာ မင်းတို့ကို ဆက်သွယ်ခဲ့မယ်ဆိုရင် ကိုယ်တို့ရဲ့ရန်သူတွေက သဲလွန်စတွေနောက်လိုက်ပြီး မင်းတို့ကို ရှာတွေ့သွားမှာစိုးလို့။ အရင်အရှင်မင်းကြီးက စိတ်ပိုင်းဆိုင်ရာတည်ကြည်မှုမရှိပေမဲ့ သူ့ကွပ်ကဲမှုအောက်မှာ အထက်တန်းစားတပ် အနည်းငယ်ရှိသေးတယ်။ အဲဒီတုန်းက သူတို့တွေက ကိုယ်တို့တပ်တွေကို ပြင်းပြင်းထန်ထန် ရှာနေကြတာ။ ကိုယ်တို့အားလုံး အပြင်ထွက်ဖို့ရော မိသားစုတွေနဲ့ရော မဆက်သွယ်ရဲခဲ့ကြဘူး။ ကိုယ်တို့ကို ရှာတွေ့သွားတာနဲ့ ကိုယ်တို့မိသားစုအပါအဝင် အားလုံးကို သူတို့က သုတ်သင်ပစ်လိမ့်မှာ"

ကျန်းတန်းဟယ် ပြောပြီးသွားတော့ သက်ပြင်းချလိုက်သည်။ ဒီအကြောင်းအရာတွေကို သူ့မိသားစုအား ရှင်းပြချင်နေတာကြာလှပြီ။ အခုတော့ နောက်ဆုံး သူ သူတို့ကို ပြောပြပြီး‌သွားတော့ မနေနိုင်ဘဲ သက်သာရာရသွားသည်။ သူက ဆက်ပြောပြန်သည်။

“အဲ့ဒါပြီးသွားတော့ အရှင်မင်းကြီးက ကိုယ့်ကို အိမ်ပြန်ခွင့်မပေးသေးလို့ မင်းတို့ကို ကိုယ်မဆက်သွယ်ခဲ့တာ။ အခုချိန်က လုံခြုံနေသေးပေမဲ့ အသက်ရှင်ကျန်ရစ်‌တဲ့ ရန်သူတချို့လည်း ရှိသေးတယ်။ မင်းတို့မှာက လက်နက်မရှိဘူး။ သူတို့သာ မင်းတို့ကိုရှာပြီး ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ? ကိုယ် မစွန့်စားရဲဘူးလေ။ ဒါ့ပြင်၊ ကိုယ် ဒီကကိစ္စတွေကိုရှင်းပြီးရင် အိမ်ပြန်ပြီး မင်းတို့နဲ့အတူတွေ့ပြီး အနားယူလို့ရတော့မှာ"

ရှောင်းကော တိတ်တဆိတ် နားထောင်နေမိသည်။ 'ဒါကြောင့်ကိုး....'

"ဒါနဲ့ မိန်းမ၊ ကိုယ့်အမေနဲ့ ကိုယ့်သမီးက ဘယ်မှာလဲ?"

ကျန်းတန်းဟယ် သူမကို မိန်းမဆိုပြီး ခေါ်တော့ ရှောင်းကောမှာ အံ့ဩသွားမိသည်။ _'မိန်းမ?'_

_'အင်း၊ အမျိုးသမီးကျန်း မရှိတော့ဘူးဆိုတာ သူ မသိဘူးဘဲ...'_

"ရှင်ထွက်သွားပြီး တစ်နှစ်ခွဲလောက်ကြာတော့ အမေဆုံးသွားတယ်"

ရှောင်းကော တိုးတိုးလေးပြောလိုက်ကာ ကျန်းတန်းဟယ်ကို စာနာသလိုကြည့်လိုက်သည်။

ကျန်းတန်းဟယ်၏ မျက်နှာပေါ်ရှိအပြုံးက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူ ရှောင်းကောကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။ 'ဆုံးသွားတာလား? မဖြစ်နိုင်တာ။ သူနားကြား မှားတာဖြစ်မယ်။' သူ တုန်တုန်ယင်ယင်ဖြင့် ထပ်မေးလိုက်သည်။

ရှောင်းကော တုန်လှုပ်နေသည့် ကျန်းတန်းဟယ်ကို ကြည့်လိုက်သည်။ သူ့ကို ဒီလိုမြင်ရတာ သူမသည်းမခံနိုင်ပေ။ သို့သော် ထိုအရာသည် အမှန်တရားဖြစ်သည်။ ရှောင်းကော ထပ်‌ပြောပြလိုက်သည်။ "အဲဒီတုန်းက အစားအစာတွေရှားပါးပြီး ကျွန်မတို့တွေ အစာပြတ်လပ်ခဲ့တာ။ တစ်ချိန်တည်းမှာဘဲ ရှင့်ရဲ့အကြောင်းကို ကျွန်မတို့သိလိုက်ရတော့…”

ရှောင်းကော ရုတ်တရက် ပြောနေတာရပ်လိုက်သည်။ ၎င်းဟာ ကျန်းတန်းဟယ်အတွက် ရက်စက်လွန်းသည်။ သူ့အမေဟာ သူဆုံးသွားသည့်အကြောင်းကိုကြားပြီး ဆုံးသွားခဲ့သည်။ ဘယ်လောက်တောင် လူမဆန်လိုက်သလဲ?

"ကိုယ်ဆုံးသွားတဲ့အကြောင်း သူ ကြားလိုက်ရလို့လား...?"

ကျန်းတန်းဟယ်လည်း သူမပြောမည့် နောက်ဆုံးစကားလုံးကို သဘောပေါက်လိုက်သည်။ သူတုန်လှုပ်နေတာကို မရပ်နိုင်တော့သလို ခေတ္တမျှ သတိလက်လွတ်ဖြစ်သွားသလို ခံစားလိုက်ရသည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"

“တကယ်တော့ ဒီအကြောင်းပြချက် တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။ အဲဒီတုန်းက အစားအစာတွေရှားပါးပြီး ရွာက လူတွေလဲ အများကြီးသေဆုံးခဲ့ကြတာ...."

ကျန်းတန်းဟယ်သည် သူမရှေ့တွင် ငိုနေသည်ကြောင့် ရှောင်းကော၏ အသံ တိုးသွားတော့သည်။

ရှောင်းကော ဘာလုပ်ရမှန်း မသိတော့ပေ။ သူမသည် မျက်ရည်များစီးကျနေသည့်ထိုလူကို ကြည့်လိုက်သည်။ သူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲ သူမ မသိသလို သူ့ကို နှစ်သိမ့်သင့်လားဆိုတာလဲ သူမ လုံးဝမသိပေ။ နောက်ဆုံးတော့ သူမ သူ့ကို လွှတ်ထားပေးဖို့ ဆုံးဖြတ်လိုက်သည်။

ရှောင်းကောလည်း ကျန်းတန်းဟယ် သူ၏စိတ်ခံစားချက်များကို ဖြေဖျောက်စေနိုင်ရန် ထွက်သွားဖို့ပြင်လိုက်သည်။ သို့သော်လည်း သူမ မလှုပ်ရှားနိုင်ခင်မှာဘဲ လက်ကြီးတစ်ဖက်က သူမကို ဖမ်းဆွဲလာကာ ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

ကျန်းတန်းဟယ်သည် ရှောင်းကော၏ ရင်ခွင်ထဲတွင် သူ့ခေါင်းကိုမြှုပ်ကာ တိတ်တဆိတ် ငိုကြွေးတော့သည်။

ပထမတော့ ရှောင်းကော အနည်းငယ် တောင့်တင်းသွားသည်။ သူမ စိတ်မသက်မသာဖြစ်ကာ ရုန်းကန်ချင်ပေမယ့် ကျွမ်းကျွမ်းနှင့် အလွန်တူသည့်မျက်နှာလေးကို မြင်လိုက်ရတဲ့အခါ သူမ မတွန်းထုတ်နိုင်တော့ပေ။ အလိုလိုဘဲ ကျွမ်းကျွမ်းကို သူမ လုပ်ပေးနေကျအတိုင်း သူ့ခေါင်းကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

ကျန်းတန်းဟယ်၏ ခန္ဓာကိုယ်က တစ်ခဏလောက် အေးခဲသွားခဲ့သည်။ သူ့ကို နွေးထွေးမှုပေးသည့် အမျိုးသမီးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

သူမ၏ နူးညံ့တဲ့ခါးလေးကို သူဖက်ထားကာ သူမ၏ အသားအ‌ရေမှ လန်းဆန်းသည့်ရနံ့ကို သူရှူရှိုက်လိုက်သည်။ တစ်ချိန်လုံး သူ့ဘာသာသူ ထိန်းထားခဲ့ရသည့် ဝမ်းနည်းမှုတွေလည်း ပြေပျောက်သွားတော့သည်.....

ရှောင်းကော သက်ပြင်းတိုလေး ချလိုက်သည်။ 'ဘာပဲဖြစ်ဖြစ် သူက အသက်နှစ်ဆယ်ကျော် ကလေးပဲလေ။'

All Chapters