← Chapters

အခန်း (၁၄၁)

Vol. 10 Ch. 141

အခန်း (၁၄၁)

Vol. 10 Ch. 141

အချိန်အကြာကြီး ကုန်ဆုံးပြီး နောက် ကျန်းတန်းဟယ် တစ်ယောက် သူ့ရဲ့ မူရင်းပုံစံကို ပြန်ထိန်းနိုင်သွားကာ ရှောင်းကောကို ဖြည်းညင်းစွာ လွှတ်ပေးလိုက်သည်။

ရှောင်းကောရဲ့ ခြေထောက်တွေ ထုံကျင်နေခဲ့သည်။ သူမရဲ့ခါးဆို ပြောစရာတောင် မလိုတော့ပေ။

ရှောင်းကောသည် စားပွဲခုံကို ကိုင်ကာ ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။ ဤအချင်းအရာကို မြင်တဲ့အခါမှာ ကျန်းတန်းဟယ် အနည်းငယ် ရှက်သွားတော့သည်။

ကျန်းတန်းဟယ်သည် မျက်ရည်များကို သုတ်ကာ မေးလိုက်သည်။ “မိန်းမ မင်းဘာလို့ လက်ခံရတဲ့ ငွေတွေကို အစားအစာ ဝယ်ဖို့ မသုံးခဲ့တာလဲ?”

ထိုအချိန်အခါက ခက်ခဲခဲ့မှုတွေကို ကျန်းတန်ဟယ်လဲ သိခဲ့သည်။ သူ သိခဲ့ရသည့် အကြောင်းအရာအရဆိုရင် အစားအစာကို ဝယ်မရတဲ့ နေရာတစ်ချို့ရှိခဲ့ပေမယ့် တစ်ချို့သော စီရင်စုအောက်ရှိ မြို့တွေ၊ ရွာတွေမှာ အစားအစာ ရောင်းချတာမျိုး ရှိခဲ့သည်။ သို့ပေမဲ့ ဈေးတွေက အကုန် နှစ်ဆ ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ဗိုက်ပြည့်ဖို့ထိ မလောက်ငှပေမဲ့ အသက်ရှင်ရုံလောက်တော့ သူမတို့ ဝယ်စား နိုင်လောက်သည်လေ။

“အဲ့ဒီအချိန်တုန်းက ကျွန်မတို့မှာ ဘာငွေမှ မရှိခဲ့ဘူး”

“ကိုယ့်ရဲ့ သေဆုံးမှု အတုနောက်မှာ ဘယ်သူကမှ ငွေထပ်မပို့ခဲ့ဘူးလား?”

ကျန်းတန်ဟယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒီလို မဖြစ်သင့်ဘူး။ ထိုအချိန်က ရှောက်ကျန့်သည်လဲ တစ်စုံတစ်ယောက်ကို ငွေလစဥ် ပို့ပေးရန် ခန့်အပ်ခဲ့သလို သူကိုယ်တိုင်ကလဲ သူ့ရဲ့ လစာငွေ သုံးပုံနှစ်ပုံကို သူ့မိသားစုထံ ပို့ပေးရန် စစ်တပ်ကို ကိုယ်တိုင် ကိုယ်ကျ တောင်းဆိုခဲ့တာ ဖြစ်သည်။ တစ်နေနေရာရာမှာ တစ်ခုခုမှားသွားတာလား?

ကျန်းတန်ဟယ်သည် ရှောင်းကောရဲ့ စကားများကို သံသယ မဖြစ်ပါချေ။ ငွေက မရောက်ခဲ့ဘူးဆိုမှတော့ အမှားတစ်ခုခု ရှိနေတာပဲ ဖြစ်ရမည်။ အရေးအကြီးဆုံးက ဒါကို စစ်တပ်ဋ္ဌာနကနေ သူစုံစမ်းလို့ ရသည်။ စစ်သားတွေရဲ့ မိသားစုထံ ပို့ပေးသမျှ ငွေကြေးတွေကို ဋ္ဌာနကပဲ စီမံတာဖြစ်သည်။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိရမည်…

ထိုသို့ ဒုက္ခများစရာ ကိစ္စများလေးနှင့် ကျန်းတန်းဟယ်သည် ရှောင်းကောကို ပြဿနာ မပေးနေတော့ပေ။ သူ ကိုယ်တိုင် ကိုင်တွယ် လိုက်တာပဲ ပိုကောင်းသည်။

ထိုအကြောင်းအရာ ငယ်လေးကြောင့် ကျန်းတန်းဟယ်နဲ့ ရှောင်းကောသည် သူတို့၏ သမီးအကြောင်း ပြောရမဲ့ ခေါင်းစဥ်ထံမှ အနှောက်အယှက် ခံခဲ့ရသည်။

လူနှစ်ယောက်သည် အချိန်ခဏကြာ စကားပြောနေခဲ့ကြသည်။ ကျန်းတန်းဟယ်သည် အများဆုံး ပြောခဲ့ပြီး ရှောင်းကောက နားထောင်ပေးခဲ့သည်။ သို့ပေမဲ့ ရှောင်းကောသည် ကျန်းတန်းဟယ်ကို အိမ်ရဲ့ အခြေအနေ နဲ့ ပတ်သတ်ပြီး အကျဥ်းချုံးသာ ပြောပြပေးလိုက်ပါသည်။

အဆုံးမှာတော့ သူမ ဘာလို့ ဒီမှာ ရှိနေရမှန်း ရှောင်းကော နားလည်သွားခဲ့သည်။

“ ရှင်ဘာလို့ ဒီမှာ မနေတာလဲ? အိမ်ကိုဘာလို့ မဖြစ်မနေ ပြန်ရတာလဲ? ဒီက ဘဝကနေ ရှင်တစ်ကယ်ပဲ သွားချင်တာလား? ရှင့်မှာ နာမည်ကော ငွေကြေးကော ရှိနေပြီ။ ရှင် တစ်ကယ်ပဲ အိမ်ပြန်ပြီး လယ်သမားအနေနဲ့ အလုပ်လုပ်ချင်တာလား?”

ရှောင်းကောသည် အရဲစွန့်ကာ မေးလိုက်သည်။ တစ်ကယ်ပဲ ကျန်းတန်းဟယ်က ထို့သို့တွေးသည် ဆိုရင် သူ့ရဲ့ စိတ်ဝိညာဥ် နယ်ပယ်က တစ်ကယ်ကို မြင့်တာပဲလို့ ပြောနိုင်သည်။ ထို့သို့ဆိုရင်တော့ လေးစားဖွယ် ကောင်းလှသည်။

ရှောင်းကောသည် အထင်ကြီးမှုကို ပြသရင်း ခေါင်းညိတ်လိုက်သည်။ အာဏာနဲ့ ငွေကြေးရဲ့ ဖြားယောင်းမှု ဝဲဂယက်ထဲ မကျရောက်ခဲ့တဲ့အထိ ကျန်းတန်းဟယ်ထံမှာ များစွာတဲ့ ယုံကြည်ချက် ရှိနေတာပဲ ဖြစ်ရမည်။

'ဒါပေမဲ့! ကျန်းတန်းဟယ်သာ တစ်ကယ်ပဲ ပြန်လာခဲ့မယ်ဆိုရင် သူက သူမနဲ့ အတူနေမှာ ပဲမလား?!'

ရှောင်းကော ရုတ်တရက် တွေးမိသွားခဲ့သည်။ 'ဒီလိုဆို မကောင်းဘူး…'

“မိန်းမ”

“ဟမ်?” ရှောင်းကော အလိုအလျောက် ဖြေလိုက်သည်။

ကျန်းတန်းဟယ်၏ ရှုပ်ထွေးနေတဲ့ အမူအရာကို မြင်မှ သူမ ပြောခဲ့တဲ့ စကားကို ရှောင်းကော အမှတ်ရသွားခဲ့သည်။ မြေကြီးထဲမှာ အပေါက်တစ်ခုသာ ရှိရင် သူမ ချက်ချင်းပဲ တွားသွားပြီး ဝင်ပြီးလောက်ပြီ။ ရှက်ဖို့ကောင်းလိုက်တာ။ သူမအခုပဲ သီချင်း ဆိုလိုက်မိတာလား?

“ မိန်းမ နောက်ကျနေပြီ စောစောနားရအောင်”

ကျန်းတန်းဟယ်သည် ရှက်ရွံ့နေတဲ့ မျက်နှာနဲ့ ပြောလိုက်သည်။ နှစ်များစွာ ကြာပြီးမှ မိန်းမ ဖြစ်သူနှင့် အတူပြန်အိပ်ရမည်ကို ရှက်နေတာ သိသာလှသည်။

“ဟမ်? ဘယ်လို? ရှင် ကျွန်မနဲ့ အတူ အိပ်ချင်တာလား?!”

ရှောင်းကော တံတွေးပါ သီးတော့မတတ် ဖြစ်သွားရသည်။ 'မဖြစ်ဘူး။ မဖြစ်ဘူးလေ!'

“....”

ကျန်းတန်းဟယ်သည် အနည်းငယ် နာကျင် သွားခဲ့သည်။ 'သူ့ရဲ့ မိန်းမက ဘာလို့ ဒီလောက်ကြီး တုံ့ပြန်ခဲ့ရတာလဲ? သူတို့က လပ်ထပ်ပြီးသား စုံတွဲလေ။ သူတို့တွေ အတူအိပ်တာက မှန်ကန်တဲ့ ကိစ္စရပ်ပဲ။'

သို့ပေမဲ့ သူလဲ အနည်းငယ် ရှက်သလို ခံစားရပါသည်။

အဆုံးမှာတော့ ရှောင်းကောသည် ကျန်းတန်းဟယ်ကို အခန်းအပြင်သို့ တွန်းထုတ်လိုက်တော့သည်။

“ ရှင် လာနောက်နေတာလား? ရှင့်ရဲ့ နူးညံ့ပုံပေါက်တဲ့ မျက်နှာလေးနဲ့လဲ မရဘူး။ မရဘူး။ မရဘူး။ ဒါ ရှင် ဓားပြလိုလုပ်နေတာ နေ့ခင်ကြီးဖြစ်ပြီး..အယ်မှားလို့ ညလယ်ကြီး ဖြစ်ပြီးလို့! သွားတော့!”

ရှောင်းကော ချက်ချင်းပဲ တံခါးကို မြန်မြန်ပိတ်ကာ ချိတ်ပါချိတ်လိုက်သည်။

အပြင်ဘက်တွင် သနားစဖွယ် ရပ်နေရှာသော ကျန်းတန်းဟယ်ကို လျစ်လျူရှုရင်း ကျန်းတန်းဟယ်၏ နေအိမ်တွင် သူမသည် လိပ်ပြာသန့်သန့်ဖြင့် သူ့အိမ်နှင့် အိပ်ရာကို ကျေနပ်နေခဲ့သည်။

ရှောင်းကော အိပ်ရာပေါ် လှဲအိပ်လိုက်သည်။ ကျန်းတန်းဟယ်သည် သန့်ရှင်းသပ်ရပ်တဲ့ သူတစ်ယောက်လို့တော့ သူမ ပြောရမည်ဖြစ်သည်။ သူ့၏ ခေါင်းအုံးနှင့် စောင်တွင် အနံ့စွဲနေခြင်း လုံးဝ မရှိချေ။

အစက သူမ အိပ်ပျော်ရန် ခက်ခဲလိမ့်မည်ဟု ရှောင်းကော တွေးနေခဲ့သည်။ သို့ပေမဲ့ ကျွမ်းကျွမ်းလေး အကြောင်းကို တွေးနေရင်း စောင်နှင့်ခေါင်းအုံးရဲ့ အနံ့ကို ရှုရှိုက်ရင်းဖြင့် တစ်ဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

ကျန်းတန်းဟယ်သည် အခန်းထဲမှ ဖယောင်းတိုင်မီးလေး ညိမ်းသွားတာကို ကြည့်နေခဲ့သည်။ နောက်ဆုံးမှာ သူ အမှန်တရားကို လက်ခံလိုက်ရင်း သက်ပြင်းချကာ ပြေလျော့ထားတဲ့ ခါးပတ်ကြိုးကို ပြန်တင်းလိုက်တော့သည်။ 'သူ အလကား ကြိုးကို ဖြေလျော့ ထားလိုက်မိတာပဲ..'

ကျန်းတန်းဟယ်သည် ဆန့်ကျင့်ဘက်ကို လျှောက်သွားလိုက်တော့သည်။

“ လီရှို့ကျီ တံခါးဖွင့်!”

နန်းတော်တွင်

“ကျွမ်းကျွမ်း၊ စစ်သူကြီး ကျန်းက တစ်ကယ်ပဲ မင်းရဲ့အဖေလား?”

ရှောက်ယိသည် အိပ်ယာပေါ်တင် လှဲနေရင်း ခြေထောက်တွေ ကန်ကာ အခုမှ ရေချိုးပြီးလာတဲ့ ကျွမ်းကျွမ်းကို လှမ်းမေးလိုက်သည်။

“အွန်း”

ကျွမ်းကျွမ်း တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ဝမ်ရှောက်ယိ ကန်ထုတ်လိုက်သည့် စောင်လေးကို ပြန်ဆွဲကာ ချုံပေးလိုက်သည်။

“မေမေပြောတယ် ညဘက်အိပ်ရင် စောင်ချုံပြီး အိပ်သင့်တယ်တဲ့ မဟုတ်ရင် အအေးမိလိမ့်မယ်”

ရှောက်ယိသည် နာခံစွာဖြင့် လှဲလျောင်းကာ ကျွမ်းကျွမ်းကို စောင်ခြုံပေးခွင့်ပြုလိုက်သည်။

“ မင်း မေမေက အရမ်းကောင်းတာပဲ..”

ကျွမ်းကျွမ်းသည် ရှောက်ယိ၏ ဘေးတွေ လှဲလျောင်းနေခဲ့သည်။ ထိုစကားများကို ကျွမ်းကျွမ်း ကြားသည့်အခါတွင် ဘေးလှည့်ကာ ရှောက်ယိကို ကြည့်လိုက်ပြီး “ ငါ့မေမေက ကောင်းတယ်။ မင်းရဲ့မေမေကလဲ ကောင်းတာပဲ”

ကျွမ်းကျွမ်းသည် နွေးထွေးစွာ ပြောလိုက်သည်။ သို့ပေမဲ့ သူ့ရဲ့ စကားကို ကြားပြီးနောက်တွင် ရှောက်ယိ၏ အမူအရာသည် အနည်းငယ် ပြောင်းသွားခဲ့သည်။ ကောင်ငယ်လေးဟာ ကျွမ်းကျွမ်းကို ကြည့်ရင်း စကားတွေ ထစ်နေပြီး မျက်နှာကလဲ ရှုံ့မဲ့နေခဲ့သည်။

“ ကျွမ်းကျွမ်း ငါ မင်းကို လျို့ဝှက်ချက်တစ်ခု ပြောစရာရှိတယ် ဒါပေမဲ့ မင်း ဘယ်သူ့ကိုမှ မပြောရဘူး”

ရှောက်ယိသည် ကျွမ်းကျွမ်းကို အရမ်း ယုံကြည်တာကြောင့် သူတို့ရဲ့ကြားမှာ လျို့ဝှက်ချက် မရှိသင့်ဘူးလို့ ခံစားနေရသည်။

ရှောက်ယိ၏ တည်ကြည်တဲ့ ဟန်ပန်ကို ကြည့်ကာ ကျွမ်းကျွမ်းလဲ အတည်အတံ့ ဖြစ်သွားတော့သည်။ ကျွမ်းကျွမ်းသည် သူငယ်ချင်းဖြစ်သူကို ကတိပေးလိုက်သည်။

“ စိတ်မပူပါနဲ့ ငါ ဘယ်သူ့ကိုမှ မပြောပါဘူး!”

“ တစ်ကယ်တော့ ငါ့မှာ အမေ မရှိဘူး..”

ရှောက်ယိ၏ စကားကို ကြားတဲ့အခါမှာ ကျွမ်းကျွမ်းသည် ပါးစပ်ကို မစိနိုင်တော့ပေ။ အဲ့ဒါက အံ့သြဖွယ်ရာ လျိူ့ဝှက်ချက်ကြီးပဲ။

ရှောက်ယိသည် ပြောလို့ ပြီးသွားသည့်အခါမှာ ကျွမ်းကျွမ်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူသည် ဒီလောက်ကြီးမားတဲ့ လျို့ဝှက်ချက်ကို ဖုံးကွယ်ထားခဲ့တာဖြစ်သည်။ ကျွမ်းကျွမ်းများ သူ့ကို ခွင့်လွှတ်ပေးပါ့မလားကို ရှောက်ယိ ပူပန်နေခဲ့သည်။

မထင်ထားစွာနဲ့ ရှောက်ယိ မော့ကြည့်လိုက်တဲ့ အခါမှာပဲ ကျွမ်းကျွမ်းဆီကနေ ပွေ့ဖက်မှု တစ်ခုကို လက်ခံလိုက်ရသည်။

“ကျွမ်းကျွမ်း?”

ရှောက်ယိသည် အနည်းငယ် ရှုတ်ထွေးသွားခဲ့သည်။ ကျွမ်းကျွမ်းရဲ့ ပွေ့ဖက်မှုကို သူပျော်ရွှင်ပြီး စိတ်လှုပ်ရှားပေမဲ့ သူ ရှုပ်ထွေးနေဆဲပင်။

“ ရှောက်ယိ မင်းအခုလို လျို့ဝှက်ချက်ကြီးကို ငါ့ကိုပြောပြတာ ငါတစ်ကယ်ပဲ ပျော်တယ်။ ငါ့ရဲ့ပါးစပ်ကို သေချာ ထိန်းပါ့မယ်။ မင်း ဝမ်းမနည်းပါနဲ့။ ငါ့ရဲ့အမေကိုလဲ မင်းရဲ့ ကိုယ်ပိုင်အမေလိုမျိုး ဆက်ဆံလို့ရတယ်။ ငါတို့နှစ်ယောက်လုံး မေမေလို့ပဲ ခေါ်ကြမယ်လေ ဟုတ်ပြီလား?”

ကျွမ်းကျွမ်းသည် ရှောက်ယိကို လွှတ်ပေးလိုက်သည်။ ရှောက်ယိက အနည်းငယ် သနားစရာကောင်းတယ်လို့ သူ ခံစားနေရသည်။ အကယ်၍ သူသာ ရှောက်ယိနေရာမှာဆိုရင် သူ့ရဲ့အမေမရှိပဲ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။ ရှောင်းကောသာ အနားမှာမရှိတော့မဲ့ တစ်နေ့နေ့ကို ကျွမ်းကျွမ်း တွေးကြည့်မိလိုက်ရင်…. သူ ဆက်လက် ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။

ရှောက်ယိသည် ကျွမ်းကျွမ်း၏ စကားကို ကြားသည့်အခါ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ် ကျွမ်းကျွမ်း မင်းက အကောင်းဆုံးပဲ!”

ရှောက်ယိသည် ငယ်စဥ်ကတည်းက သူ၏ မိဘများက မိဘအရင်းမဟုတ်ဘူးဆိုတာကို သိနေခဲ့သည်။ သူ၏ အဖေသည် ကိုယ်ရေးကိုယ်တာ ကိစ္စရပ် တစ်ချို့ကြောင့် သူ့ကို ဂရုမစိုက်ပေးနိုင် ဖြစ်နေခဲ့ပြီး အမေဖြစ်သူက ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ့၏ အဒေါ်နှင့်ဦးလေးကိုသာ မိဘလို့ အသိအမှတ်ပြုခဲ့ရသည်။ ထိုကိစ္စရပ်အားလုံးကို ရှောက်ယိသည် ငယ်စဥ်ကတည်းက သိခဲ့ခြင်းဖြစ်သည်။

အခု ကျွမ်းကျွမ်းက သူ့ရဲ့ ကောင်းမွန်လှတဲ့ အမေကို သူနဲ့အတူ မျှဝေပေးချင်နေသည်။ သူ့ရဲ့သူငယ်ချင်းလေးကို ရှောက်ယိ အရမ်းကို ချစ်နေမိပြီ!

ဝမ်ရှောက်ယိကို ပျော်ရွှင်အောင် လုပ်နိုင်သည့်အတွက် ကျွမ်းကျွမ်းလဲ ပျော်သွားခဲ့သည်။ သို့ပေမဲ့ လျို့ဝှက်ချက် အကြောင်းကို တွေးမိတဲ့အခါမှာ ကျွမ်းကျွမ်း တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ပြီး ရှောက်ယိ၏ နားထဲသို့ တီးတိုးပြောလိုက်သည်။

“ ရှောက်ယိ အကယ်လို့ အနာဂတ်မှာ မင်း လျို့ဝှက်ချက်တွေ ရှိလာရင် ဘယ်သူ့မှ မပြောနဲ့နော် မေမေပြောဖူးတယ် လျို့ဝှက်ချက်ဆိုတာ ကိုယ်တိုင် ထိန်းသိမ်းထားတာ အကောင်းဆုံးပဲတဲ့”

ကျွမ်းကျွမ်းသည် ရှောက်ယိက အနည်းငယ် ရိုးစင်းပြီး တုံးအတဲ့ ကောင်လေးတစ်ယောက်လို့ ခံစားရသည်။ အနာဂတ်မှာ တစ်ယောက်ယောက်သာ သူ့အနားကို ကပ်နိုင်ပြီး လျို့ဝှက်ချက်ကို ခိုးယူသွားခဲ့ရင် သူတို့အလိုရှိတာ အားလုံးကို ယူသွားနိုင်သွားလိမ့်မည်။

ကံကောင်းစွာဖြင့် ကျွမ်းကျွမ်းသည် လူဆိုး တစ်ယောက် မဟုတ်နေချေ။ မဟုတ်ပါက ရှောက်ယိ ရောင်းစားခံရတာ ကြာနေလောက်ပြီ ဖြစ်သည်။

ကျွမ်းကျွမ်းသည် အမေဖြစ်သူ မကြာခဏ သင်ပြပေးတဲ့ စကားတစ်ချို့ကို ရှောက်ယိကို ပြန်သင်ပေးလိုက်သည်။ ဒါက ရှောက်ယိအတွက် အကောင်းဆုံး အကြံဉာဏ်ပဲ။

ကျွမ်းကျွမ်း၏ စကားဆုံးသွားတာနှင့် ကျွမ်းကျွမ်းရဲ့စကား မှန်ကန်ကြောင်း အသိအမှတ် ပြုဟန်ဖြင့် ရှောက်ယိသည် တည်ကြည်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ မင်းက ငါ့ရဲ့အကောင်းဆုံး သူငယ်ချင်းမို့ ငါ့ရဲ့လျို့ဝှက်ချက်ကြီးကို မင်းနဲ့ မျှဝေတာ ငါ ဘယ်သူ့ကိုမှ ပြောပြမှာမဟုတ်ဘူး”

ရှောက်ယိသည်လည်း ညဏ်ကောင်းသော ကလေးဖြစ်သည်။ ကျွမ်းကျွမ်းသည် မကောင်းတဲ့သူ မဟုတ်မှန်း သူသိလေသည်။ ထို့အပြင် ရှောက်ယိသည် ကျွမ်းကျွမ်းကို တစ်ကယ်ပဲ ကြိုက်တာဖြစ်လို့ သူ့ရဲ့ လျို့ဝှက်ချက် အားလုံးကို ကျွမ်းကျွမ်းကို မျှဝေချင်နေတာဖြစ်သည်။

ကလေးငယ် နှစ်ယောက်ဟာ ညသန်းခေါင်ယံထိ စကားတွေပြောကာ ရယ်မောနေခဲ့ကြသည်။ အဆုံးမှာတော့ ကလေးနှစ်ယောက်သည် ပင်ပန်းလာမှုကို လက်မြှောက်အရှုံးပေးရင်း စောင်တစ်ထည်ထဲ အောက်တွင် တစ်ဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

All Chapters