← Chapters

အခန်း (၁၄၂)

Vol. 10 Ch. 142

အခန်း (၁၄၂)

Vol. 10 Ch. 142

နောက်တစ်နေ့၌

မနက်စောစောတွင် ရှောင်းကော မျက်လုံးများ ပွင့်လာခဲ့သည်။ သူမ အိပ်ရာကို သန့်ရှင်းရေးလုပ်ကာ သိမ်းဆည်းပြီးပြီးချင်းပဲ တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရသည်။

ဘယ်သူလဲဆိုတာကို ရှောင်းကော မှန်းနိုင်သည်။ ကျန်းတန််းဟယ်မှ အပ မည်သူဖြစ်နိုင်အုံးမည်နည်း။

ရှောင်းကော တံခါးကို ဖွင့်ပြီးပြီးချင်းပဲ ကျန်းတန်ဟယ်သည် ရေနွေးဇလုံတစ်ခုနှင့် အတွင်းကို ဝင်လာခဲ့သည်။

“ မျက်နှာ အရင်သစ်လိုက်အုံး ရေက အနေတော်လေးပဲ”

ကျန်းတန်းဟယ်သည် ရေဇလုံကို လုပ်မြဲလုပ်နေကျ အလုပ်တစ်ခုကဲ့သို့ အခန်းအတွင်း ချပေးလိုက်ကာ တစ်ဘတ် တစ်ထည်ကိုပါ ဇလုံအပေါ် လွှားတင်ပေးလိုက်သည်။

“ အရင် မျက်နှာသစ်လိုက်။ ပြီးရင် ကိုယ်တို့ မနက်စာ စားကြမယ်”

ရှောင်းကော ခေါင်းညိတ်ပြလိုက်သည်။ သူမ အနေနဲ့ အသားမကျသေးသော်လည်း ကျန်းတန်းဟယ်ဆီကို လျှောက်သွားလိုက်သည်။

ကျန်းတန်းဟယ် တစ်ယောက် ထွက်သွားလိမ့်မည်ဟု ထင်ခဲ့ပေမဲ့ အံ့သြဖို့ ကောင်းစွာပင် သူသည် ရှောင်းကော ဘေးတွေ ဝင်ထိုင်လိုက်ကာ သူမကို စောင့်နေပေးခဲ့သည်။

ရှောင်းကော ဒီထူးဆန်းနေမှုကို သတိမထား နိုင်တော့ပေ။ သူမ စားပြီးသွားရင် ကျွမ်းကျွမ်းကို သွားခေါ်ရအုံးမည် ဖြစ်သည်။ ပြီးသွားလျှင် သူမသည် ကျန်းမိသားစု၏ ဘိုးဘေးခန်းမသို့ သွားရောက်ကာ ဘိုးဘေး နှစ်ယောက်ကို မြုပ်နှံဖို့ရန် ဆောင်ရွက်ရအုံးမည်။

အခု ကျန်းတန်းဟယ်သည်လဲ သူမ အနားမှာ ရှိနေတဲ့အတွက် ရှောင်းကော သူမရဲ့ စိတ်ကို အနည်းငယ်တော့ စိတ်အေးလို့ ရသွားသည်။ ရှောင်းကောသည် ကျန်းတန်းဟယ် အနောက်ကနေ အိမ်ရဲ့ အလယ်ကို လိုက်သွားလိုက်သည်။

စားပွဲပေါ်တွင် ကောက်နှံပင် ဆန်ပြုတ်ရယ်၊ ကြက်ဥတစ်ချို့ရယ်၊ ဆားရည်စိမ် ဟင်းရွက်များကို ချထားပြီး လူတစ်ယောက်သည် စားပွဲတွင်ထိုင်နှင့်ရက်သား ရှိနေသည်။

သူမတို့ နှစ်ယောက် လျှောက်လာသည်ကို မြင်သောအခါမှာ ထိုသူသည် မတ်တပ်ရပ်ပြီး ရှောင်းကောကို ပြုံးပြလာသည်။

ကျန်းတန်းဟယ်သည် ရှောင်းကောရဲ့ လက်ကို အုပ်ကိုင်လိုက်ပြီး စားပွဲဆီကို လျှောက်လာကာ ထိုင်လိုက်သည်။

“ ဟေး မရီးရေ ကျွန်တော်က လီရှို့ကျီပါ”

လီရှို့ကျီသည် အရေထူတဲ့သူမို့ စိတ်ထဲ မထားချေ။ အနောက်ကို လှည့်လိုက်ကာ ကျန်းတန်းဟယ်၏ တစ်ဖက်ဘေးတွေ ဝင်ထိုင်လိုက်တော့သည်။

အစကတော့ လီရှို့ကျီသည် ရှောင်းကော၏ ဘေးတွင်ထိုင်ကာ သူမနဲ့ သိကျွမ်းအောင် လုပ်ချင်ခဲ့သည်။ အနာဂတ်မှာ ကျန်းတန်းဟယ်နှင့်အတူ သူပါ ရှောင်းကောတို့ အိမ်ကို လိုက်ပြန်လာခဲ့ရင် အခုလို သိထားတဲ့အတွက် သူ့ကိုမြင်ရင် ရှောင်းကောအနေနဲ့ ပိုပြီး စိတ်အေးနိုင်ရန် အတွက်ဖြစ်သည်။ သို့ပေမဲ့လဲ အမျိုးသား အမျိုးသမီးကြားရှိ ရှင်းလင်းတဲ့ အကွာအဝေး တစ်ခုခြားသင့်ကြောင်းကို သူတွေးမိတဲ့အခါ မှာတော့ မတတ်နိုင်စွာပဲ ကျန်းတန်းဟယ်ရဲ့ ဘေးတွင် ဝင်ထိုင်လိုက်ရတော့သည်။

ကျန်းတန်းဟယ်သည် လီရှို့ကျီကို မျက်စိ လှိမ့်ပြပြီး ရှောင်းကောဘက်ကို ပြန်လှည့်ကာ မိတ်ဆက်ပေးလိုက်သည်။

“ ဒါက လီရှို့ကျီပါ။ သူက အသက်နှစ်ဆယ်ပဲ ရှိသေးပြီး လက်ထောက် စစ်သူကြီး တစ်ယောက်ပဲ။ ဒါက ငါ့မိန်းမ။ ရှောင်းကောလို့ခေါ်တယ်။ ငါ့ရဲ့သားက နန်းတော်မှာ မင်းသားငယ်နဲ့ ကစားနေတယ်။ ပြီးရင် သွားပြီး သူ့ကိုခေါ်ခဲ့အုံး”

ကျန်းတန်းဟယ်သည် အများကြီး မပြောခဲ့ပေ။ လက်ထောက် စစ်သူကြီး ရာထူးကိုသာ နှစ်ဦးသား သိကျွမ်းနိုင်စေရန် ရှင်းပြပေးခဲ့သည်။ တစ်ချိန်ထဲမှာပဲ ကျန်းတန်းဟယ်သည် လီရှို့ကျီကို 'သား’

ဆိုတဲ့စကားလုံးကို အလေးပေး ပြောကြားခဲ့သည်။

သူပြောလိုက်သည့် စကားကို မတုံ့ပြန်သေးတဲ့ လီရှို့ကျီကို ကျန်းတန်းဟယ် စိုက်ကြည့်လိုက်သည်။ အဲ့လူက မယုံကြည်ရဘူး။ သူတို့ရထားတဲ့ သတင်းက မတိကျနေဘူး။

လီရှို့ကျီသည် ပိုလို့ အာရုံမရှိနေကာ ကျန်းတန်းဟယ်ကို မတုံ့ပြန်ခဲ့ပေ။ ကျန်းတန်းဟယ် ပြောချင်နေသည့်စကားကို သိသိသာသာကို လီရှို့ကျီ မသိနေတာ ဖြစ်သည်။ အခုအချိန်မှာ လီရှို့ကျီသည် ရှောင်းကောနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်အောင်ပဲ အရမ်းကို အာရုံစိုက် နေခဲ့သည်။

“မရီး ကြက်ဥစားပါ အဲ့ဒါက အာဟာရ ဖြစ်တယ်”

“ မရီး ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား? မြို့တော်မှာ ညဘက်ဆို အေးလား? မရီး စောင်ပိုခြုံသင့်တယ်”

“ မရီး ဆန်ပြုတ်က ပူနေတုန်းပဲ။ လာပါ ဇွန်းနဲ့ မြည်းကြည့်ပါအုံး”

“ မရီး များများစားနော် ဒီဟင်းတွေက အရသာရှိတယ်။ ဆန်ပြုတ်နဲ့လိုက်ပြီး အရမ်းလဲ မငန်ဘူး။ များများစားပါ”

“ မရီးရေ… မရီး…”

လီရှို့ကျီ၏ ကြင်နာမှုကို ငြင်းပန်ရန် ခဲယဥ်းကြောင်း ရှောင်းကော တွေ့သွားခဲ့၏။ ဘာလို့ ဒီလူက အရမ်း စကားများရတာလဲ?

ရှောင်းကော သည် အပြုံးတစ်ခုနှင့် လီရှို့ကျီကို ပြန်ပြောနေပေမဲ့ သူမ အနည်းငယ် သိချင်နေခဲ့သည်။ လီရှို့ကျီဆိုတဲ့ နာမည်က အနည်းငယ် ရင်းနီးနေသလိုပဲ…

ဘေးတွင် ထိုင်နေသော ကျန်းတန်းဟယ်တစ်ယောက် စိတ်တိုလာတော့သည်။ စားပွဲပေါ်ကို တူနဲ့ရိုက်လိုက်ကာ ပြောလိုက်သည်။

“ မင်း မြန်မြန် စားလိုက်တော့! ညစာစားပြီးရင်

ငါ့သားကို သွားခေါ်ခဲ့!”

“ငါ့မိန်းမကို ငါကိုယ်တိုင် ဂရုစိုက်နိုင်တယ်။ မင်းလို လူပျိုက လာစိတ်ပူပေးဖို့ မလိုဘူး”

လီရှို့ကျီလဲ လန့်သွားခဲ့သလို ရှောင်းကောလဲ အနည်းငယ် ကြောက်သွားခဲ့၏။ ကျန်းတန်းဟယ်၏ အသံသည် အနည်းငယ် ကျယ်သွားခဲ့သည်။

ရှောင်းကောကို ထိတ်လန့်အောင်လုပ်ဖို့ ကျန်းတန်းဟယ်သည် မရည်ရွယ်ခဲ့ပေ။ စစ်စခန်းမှာ လေ့ကျင့်တိုင်း သူသည် အသံကျယ်ကျယ်နှင့် ပြောနေကြ ဖြစ်သည်။ သူ့၏အကျင့်ကို ပြင်ရအုံးမည်ဖြစ်ပြီး အခုလဲ မတော်တဆ သူ့ရဲ့ ချို့ယွင်းချက်ကို ပြသ မိသလို ဖြစ်သွားသည်။

“ငါဘာလုပ်ရမလဲ? ငါ့ကိုရိုင်းစိုင်းတဲ့သူလို့ သူမ ထင်သွားမလား?”

ကျန်းတန်းဟယ်၏ ပေါက်ကွဲမှု အပြီးတွင် အခန်းအတွင်း၌ ယာယီ တိတ်ဆိတ်သွားခဲ့သည်။ အကုန်လုံးသည် တိတ်တဆိတ်ပဲ ဆန်ပြုတ်ကို သောက်နေကြ၏။ ကျန်းတန်းဟယ်သည် ရှောင်းကောကို တစ်ချက်ခိုးကြည့်ပြီး သူမ ပန်းကန်ထဲကို ဆန်ပြုတ် ထပ်ထည့်ရန် ကူညီ ပေးလိုက်သည်။

တစ်ချိန်ထဲမှာလဲ လီရှို့ကျီကို စိုက်ကြည့်ဖို့ရန် ကျန်းတန်းဟယ် မမေ့ချေ။ ဒါတွေအကုန် လီရှို့ကျီရဲ့အမှားပဲ။ လီရှို့ကျီကြောင့်သာ မဟုတ်ရင် ကျန်းတန်းဟယ်လဲ အသံမြှင့်မိမှာ မဟုတ်သလို ရှောင်းကောကို လန့်စေမိမှာလဲ မဟုတ်ပေ။ ဒီကိစ္စကြောင့်သာ ရှောင်းကောသည် သူနှင့် အကွာအဝေး တစ်ခု ခြားလိုက်မည် ဆိုပါက လီရှို့ကျီသေချာပေါက် ပြန်ပေးဆပ်ရမည်။

ကျန်းတန်းဟယ်၏ ဖိနှိပ်လိုသည့် အရှိန်အဝါကို မြင်လိုက်ပြီး အခြေအနေတွေ မကောင်းတော့တာကို လီရှို့ကျီ သိလိုက်ရတော့ သူ အမြန်ပဲ နောက်ဆုတ်ဖို့ ပြင်လိုက်သည်။

“ စားလို့ပြီးပါပြီ”

ပြောပြီးတာနှင့် လီရှို့ကျီတစ်ယောက် တစ်ချိုးထဲ ပြေးတော့သည်။

ကျန်းတန်းဟယ်သည် အနောက်ကနေ နီးကပ်စွာ လိုက်သွားဖို့ပြင်လိုက်ပြီး

“စားနှင့်နော် ကိုယ် ပြန်လာခဲ့မယ်”

ရှောင်းကော ခေါင်းညိတ်ပြလိုက်သည်။ ကျန်းတန်းဟယ်၏ ယခု ပုံစံအရ သူမ လီရှို့ကျီအတွက် သုံးမိနစ်လောက် တိတ်ဆိတ် ပေးလိုက်သည်။

“ရပ်စမ်း!”

လီရှို့ကျီ သူ့ရဲ့အရှိန်ကို ရပ်လိုက်ပြီး မလုံမလဲ အပြုံးနဲ့ အနောက်ကို လှည့်လိုက်သည်။

“ ကျွန်တော် ဘာများ လုပ်ပေးရမလဲ? စစ်သူကြီး”

ကျန်းတန်းဟယ်သည် လီရှို့ကျီကို အင်္ကျီလည်ပင်းမှ ကောက်ဆွဲပြီး တံခါးနှင့် ခပ်ဝေးဝေးကို ခေါ်လာလိုက်ကာ “ မင်း ဘယ်သွားဖို့ လုပ်နေတာလဲ?”

ကျန်းတန်းဟယ်၏ မှောင်မိုက်နေသည့် အကြည့်နှင့် မရေမရာ အပြုံးတစ်ခုကြားမှာ လီရှို့ကျီ တစ်ယောက် တံတွေးကို ခဲယဥ်းစွာ မြိုချလိုက်သည်။

“ကျွန်တော်… ကျွန်တော်က သူမကို သွားခေါ်မလို့ပါ”

“ဘယ်သူ့ကို သွားခေါ်မှာလဲ?”

“ စစ်..စစ်သူကြီးရဲ့ သားကို” ပြောပြီးတာနဲ့ လီရှို့ကျီတစ်ယောက် သူ့စကားနဲ့သူ ပြန်ကြောင်သွားခဲ့ပြီး “စစ်သူကြီးရဲ့သား?”

'ဟုတ်တယ်ဟ ကျန်းတန်းဟယ်က ခုနကတင် သူ့ရဲ့သားလို့ ပြောခဲ့တာလေ။ သားက ဘယ်ကနေ ရောက်လာတာလဲ'

လီရှို့ကျီသည် သူ၏ ရိုးသားမှုကို ပြသရန် မျက်တောင်ကို အကြိမ်များစွာ ခတ်ပြလိုက်သည်။ သူဘာတွေ ဖြစ်နေမှန်း ဘာကိုမှ မသိဘူး။ ကျေးဇူးပြုပြီး သူ့ကို ဘာမှ မမေးပါနဲ့။ ဒီပြဿနာနဲ့ ပတ်သတ်ပြီး လက်အောက်ငယ်သားတွေကို သူပြန် စစ်ဆေး ရအုံးမည်။

“အဲ့ဒီကောင်တွေ! ငါ သူတို့ကို အလကား အရက်ဝယ်တိုက်လိုက်ရတယ်။ ငါ့ကိုများ သတင်းအတု ပေးရဲတယ်! နောက်ကျ သူတို့ကို ဘယ်လို ကိုင်တွယ်ပေးမလဲ ကြည့်တာပေါ့!”

“အကိုကြီး စိတ်မဆိုးပါနဲ့ ကျွန်တော်..”

လွန်ခဲ့တဲ့ ရက်တွေတုန်းက ကျန်းတန်းဟယ်၏ သမီးဖြစ်သူအတွက် လက်ဆောင် ပစ္စည်းလေးတွေ ဝယ်ပေးရန် စိတ်အားထက်သန်ခဲ့ပုံကို မြင်ယောင်ရင်း လီရှို့ကျီ ပိုပိုပြီး လန့်လာတော့သည်။ အခု သားတစ်ယောက် ဖြစ်နေခဲ့သည်။ ကျန်းတန်းဟယ်၏ နှလုံးသားထဲတွင် လီရှို့ကျီကို အပြစ်ပေးဖို့ရန် အကြီးကြီး ကြံစည်နေလောက်ပြီ။

လီရှို့ကျီ တစ်ယောက် ကောင်းမွန်စွာ တောင်းပန်ရန် ခေါင်းထဲမှာ အသဲအသန် အလုပ်ပေးနေချိန်မှာပဲ ကျန်းတန်းဟယ် ပြောလိုက်သော စကားများကြောင့် သူ ဆွံ့အ သွားခဲ့သည်။

“ မင်းတို့ကောင်တွေ ဘယ်လို အလုပ်လုပ်နေကြတယ် ငါမသိဘူး။ မင်းတို့တွေ အမွှာ အကြောင်းကိုတောင် မသိကြဘူး။ အဲ့ဒါကြောင့် ငါ ရှောင်းကောနဲ့ သမီးလေးအတွက်ပဲ ဝယ်ခဲ့ရတယ်။ ငါ့သားလေးက လုံးဝ ကျန်ခဲ့ရတယ်ကွ!”

ကျန်းတန်းဟယ်သည် မျက်မှောင်ကြုတ်နေခဲ့သည်။ သူ လုံးဝ မကျေနပ်ပေ။

“....?? အမွှာ?”

လီမျိုးရိုး မျက်တောင် ခတ်လိုက်သည်။ 'အမွှာ? အမွှာအကြောင်း သတင်းကို ကျန်းတန်းဟယ် ဘယ်ကနေ ရခဲ့တာလဲ?'

“ထားတော့ မြန်မြန်သာ ငါ့သားကို ဘိုးဘေးခန်းမကို ခေါ်လာခဲ့ချည်။ မင်္ဂလာအချိန်ကို မလွတ်စေနဲ့”

လီရှို့ကျီသည် ဦးစားပေးလုပ်သင့်သည့် ကိစ္စကို နားလည်သည်။ ကျန်တာကို နောက်မှ ဆွေးနွေးလို့ ရသည်။ သူ့၏ ယခု လက်ရှိ ဦးစားပေးက သခင်ငယ်လေးကို အိမ်ခေါ်လာဖို့ ဖြစ်သည်။

ခေါင်းညိတ်ပြလိုက်ပြီး လီရှို့ကျီသည် လူတစ်ယောက်ကို လှည်းပြင်ပေးဖို့ရန် ခေါ်လိုက်သည်။

လီရှို့ကျီ ထွက်သွားတာကို ကျန်းတန်းဟယ် ကျေနပ်စွာ ကြည့်နေလိုက်သည်။ သူ ကိုယ်တိုင် သွားလို့ရသည် ဆိုပေမဲ့ မြုပ်နှံဖို့ ကိစ္စနှင့် ပတ်သတ်ပြီး ကျန်းတန်းဟယ်အတွက် အလုပ်တွေ တောင်လိုပုံနေသေးတာ ဖြစ်သည်။ ကျန်းတန်းဟယ်၌ အချိန်မရှိပေ။

ကျန်းတန်းဟယ်သည် မိဘ နှစ်ပါးအတွက် အမွှေးစာရွက် အစုံလိုက်ကို ပြင်ဆင်လိုက်သည်။ သူ ပိုပြီး ဝယ်ချင် သေးပေမဲ့ ရှောင်းကောထံ၌ တစ်ချို့ ကျန်သေးတာကို သိလိုက်တော့ ကျန်းတန်းဟယ်သည် စာရွက်တစ်စုံကိုပဲ ဝယ်ခဲ့လိုက်သည်။

ရှောင်းကောသည် စကားများများ မပြောနေပဲ လှည်းအတွင်း၌ ဝင်ထိုင်လိုက်သည်။ လှည်းအတွင်း ရောက်တာနှင့် ကျန်းတန်းဟယ်သည် ရှောင်းကောနှင့် ဝေးဝေးမနေပဲ သူမ အနားတွင် တိုးကပ် ထိုင်လိုက်၏။ ရှောင်းကော၏ တစ်ကိုယ်စာ နေရာလေးကို ကျန်းတန်းဟယ်သည် အပီအပြင် ကျူးကျော်နေသည်။

အလွန် နီးကပ်နေသည့်အတွက် သန်မာသည့် ကျန်းတန်းဟယ်၏ အသက်ရှုသံအပြင် ခလုတ်ခသင်းကြားက လှည်းမှောင်းနှင်မှုကြောင့် နောက်ကျောကို မကြာမကြာ လာတိုက်နေတဲ့ ကျန်းတန်းဟယ်၏ ရင်ဘတ်ကြွက်သား များကိုပါ ရှောင်းကော ခံစားလို့ ရနေသည်။ ရှောင်းကောအတွက် အလွန်ကို အဆင်မပြေသလို ခံစားနေရသည်။

“ဒါနဲ့ ရှင်အခုထိ ပူဆွေးခြင်းဝတ်စုံကို မဝတ်ရသေးဘူးနော်။ ပြီးတော့ ဖေဖေနဲ့ မေမေ့အတွက် အမှတ်တရ ကမ္ပည်းတိုင်လဲ လုပ်ဖို့ လိုအုံးမယ်”

ထူးဆန်းနေတဲ့ လေထုကို သည်းမခံ နိုင်တော့တဲ့ အဆုံး ရှောင်းကော စကား စတင်ရန် ကြိုးစားလိုက်သည်။

ကျန်းတန်းဟယ်သည် ရှောင်းကော၏ သံသယကို ပြေလျော့သွားစေရန် ခေါင်းညိတ် ပြလိုက်၏။ မနေ့ည ကျန်းတန်းဟယ် အိမ်ကနေ ထွက်သွားတဲ့ အချိန်ကတည်းက ထိုကိစ္စအတွက် ပြင်ဆင်ထားရန် တစ်ယောက်ယောက်ကို မှာထားခဲ့ကြောင်း ရှောင်းကောကို ပြောပြလိုက်သည်။ ယခု သွားတဲ့လမ်းမှာ တစ်ခါထဲ ဝင်ယူသွားရင်ကို ရနိုင်နေပြီ။

ကျန်းတန်းဟယ် တစ်ယောက် ကောင်းစွာ ပြင်ဆင်ထားခဲ့တာကို ရှောင်းကော တွေ့တော့ သူမ မတတ်နိုင်စွာပဲ စကားဝိုင်းကို အဆုံးသတ်လိုက် ရသည်။ လှည်းရပ်သွားချိန်တွင် ကျန်းတန်းဟယ်သည် ရှောင်းကောကို တွန့်ဆုတ်စွာနှင့် လွှတ်ပေးလိုက်ပြီး လှည်းအပြင်ကို ထွက်လာခဲ့လိုက်သည်။

ကျန်းတန်းဟယ် ထွက်သွားတာနှင့် ရှောင်းကော စိတ်သက်သာစွာ သက်မတစ်ချက် ချလိုက်သည်။ ကျန်းတန်းဟယ်နှင့် ထပ်တိုးမည်စိုး၍ ရှောင်းကော ချက်ချင်းကြီး မလှုပ်ရှားရဲသေးချေ။

“ ကျန်းတန်းဟယ်က ဘာကိစ္စ အရမ်းကပ်ပြီး ထိုင်နေရတာလဲ?”

ရှောင်းကောလဲ မနေနိုင်စွာ ရှက်သွေးဖြာ နေခဲ့ရသည်။ သူမသည် ယခင်ကတည်းက အမျိုးသားများနှင့် ယခုလို နီးကပ်စွာ မရှိဖူးသေးချေ။ ကျောင်းတက်တုန်းကလဲ သူမသည် တစ်ယောက်ထဲ နေရတာ ကြိုက်နှစ်သက်သည့်အတွက် အုပ်စုနှင့် လည်ပတ်ခြင်းမျိုးလည်း မရှိခဲ့ပေ။ ရလဒ်အနေနဲ့ သူမနှင့် ရွယ်တူများက ရှောင်းကောသည် အနည်းငယ် လူမှုရေးမရှိဘူးလို့ မြင်ကြပြီး သူမနှင့် နီးစပ်လိုသူလဲ မရှိခဲ့ပေ။ အစောပိုင်းတုန်းက မကြာခဏဆိုသလို ကျန်းတန်းဟယ်နှင့် ကိုယ်ချင်း ထိနေရတဲ့အတွက် တစ်ကယ်ကို သူမ အနည်းငယ် ရှက်ရွံ့နေခဲ့တာပဲ ဖြစ်သည်။

အပြင်ဘက်မှာ ခြေသံများ ကြားလိုက်ရတဲ့အခါ ရှောင်းကော အမြန်ပဲ စိတ်ကို ထိန်းချုပ်ပြီး တည်ငြိမ်ဟန်ဆောင်ရင်း ကျန်းတန်းဟယ် ဝင်အလာကို စောင့်နေလိုက်သည်။

All Chapters