← Chapters

အခန်း (၁၄၃)

Vol. 10 Ch. 143

အခန်း (၁၄၃)

Vol. 10 Ch. 143

“ မိန်းမ မင်း လိုအပ်တာ ရှိသေးလား?”

ကျန်းတန်းဟယ်သည် လှည်းမောင်းသမားကို မောင်းဝင်သွားလိုက်ဖို့ ချက်ချင်း မပြောခဲ့ချေ။ ရှောင်းကောဆီ အရင်လာပြီး သူမ တစ်ခုခု ကျန်ခဲ့လားဆိုတာကို မေးခဲ့သည်။

ရှောင်းကောသည် သူမ လိုအပ်တာတွေ စုံပြီလာဆိုတာကို သေချာ ပြန်စဥ်းစားလိုက်သည်။ ထို့နောက် ဘာပစ္စည်းမှ မကျန်ခဲ့သည်ကို ပြောပြရန် ခေါင်းရမ်းပြလိုက်သည်။

ကျန်းတန်းဟယ် ခေါင်းညိတ်လိုက်ကာ ပစ္စည်းများကို ဖယ်ပေးပြီး အရှေ့မှ လှည်းသမားကို ညွန်ကြားလိုက်လေသည်။

“ ဘိုးဘေးခန်းမကို သွားကြမယ်”

လမ်းတစ်လျှောက်၌ ရှောင်းကောသည် သိသိသာသာပင် ကျန်းတန်းဟယ်နှင့် အကွာအဝေး တစ်ခုခြား၍ လိုက်ပါလာခဲ့သည်။ ကျန်းတန်းဟယ်နှင့် ထိတော့မည့် အချိန်တိုင်းတွင် ရှောင်းကော ရအောင် ရှောင်ပေလိမ့်မည်။

ကျန်းတန်းဟယ်ကဲ့သို့ ထက်မြက်သည့် သူတစ်ယောက်က သူမ ဘာလုပ်ဖို့ ကြိုးစားနေလဲ မမြင်တာ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း? သို့ပေမဲ့ သူ တားမည် မဟုတ်ပေ။

သူလဲ သိပါသည်။ သူတို့ နှစ်ယောက်ထဲက တစ်ယောက်က အရင် စတင်မှ ဖြစ်မည်။ ဘာလို့ဆိုလျှင် သူတို့ နှစ်ယောက်ကြားရှိ ကွဲကွာနေမှုကို သူ ကိုယ်တိုင်လဲ ခံစားလို့ ရနေ၏။ အတိအကျ ပြောရမည် ဆိုလျှင် သူတို့နှစ်ဦးသည် လက်ထပ်ပြီးတည်းက အတူတူ အချိန်အများကြီး မကုန်ဆုံးဖူးသေးချေ။ သူတို့နှစ်ဦး စကားအများဆုံး ပြောဖူးသည့် အချိန်သည် မင်္ဂလာဆောင်ပြီး ညကသာ ရှိသည်။ ဒါတောင် စကားတစ်ချို့သာ ပြောခဲ့ဖူးရုံ ဖြစ်သည်။ အခုကဲ့သို့ မျက်နှာချင်းဆိုင်ပြီး ဆက်သွယ် ပြောဆိုရချိန်မျိုးသည် ယခု ပထမဆုံး အကြိမ်ပင်။

ဘိုးဘေးခန်းမနှင့် နီးလာသည်ကို တွေ့တော့ ကျန်းတန်းဟယ်သည် အတွေးများနေတာကို ရပ်လိုက်သည်။ သူ့၏ နှလုံးသားသည် စတင် လေးလံလာခဲ့သည်။

ကျန်းတန်းဟယ်သည် မိဘနှစ်ပါးနှင့် ယခုလိုမျိုး အခြေအနေမှာ ပြန်လည် ဆုံဆည်းရမည်လို့ တစ်ခါမှ မတွေးထားဖူးပေ။

ကျန်းတန်းဟယ်၏ စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို ရှောင်းကောလည်း ခံစားလို့ ရနေသည်။ ရှောင်းကောသည် ကျန်းတန်းဟယ်၏ ဘေးတွင် ဂရုတစိုက် ထိုင်ကာ တိတ်ဆိတ်နေခဲ့သည်။ သူမက လူတွေကို နှစ်သိမ့်ပေးရာမှာ မတော်ပေ။ ထို့အတွက် သူမအနေနှင့် အကောင်းဆုံး လုပ်နိုင်တာက သူတို့ကို မနှောက်ယှက်ဘဲ လွှတ်ထားပေးခြင်းသာ။

သူမတို့ ဘိုးဘေး ခန်းမကို ရောက်တဲ့အချိန်တွင် အဝေးတွင် ရပ်ထားသည့် လှည်းတစ်စီးကို တွေ့လိုက်ရသည်။ လှည်း၏ ဘေးတွင် ကျွမ်းကျွမ်းနှင့် လီရှို့ကျီသည် ရပ်နေကြသည်။ ကျန်းတန်းဟယ်နှင့် ရှောင်းကောသည် ပစ္စည်းဝင်ယူဖို့ရန် လမ်းတွင် ရပ်ခဲ့သည်အတွက် ရောက်တာ နောက်ကျနေတာ ဖြစ်သည်။ လီရှို့ကျီသည် ကျွမ်းကျွမ်းကို နန်းတော်မှ ဘိုးဘေးခန်းမအထိ တန်းခေါ်လာခဲ့တဲ့အတွက် သူတို့တွေက ပိုစောရောက်နှင့်နေသည်။

ရှောင်းကောသည် ကျွမ်းကျွမ်းကို မြင်သောအခါ ထိုင်မနေနိုင်တော့ပေ။ လှည်းရပ်သွားတာနှင့် သူမ ချက်ချင်း ဆင်းသွားလိုက်သည်။

ကျွမ်းကျွမ်းလဲ ရှောင်းကောကို တွေ့သည်။ ရှောင်းကော အောက်ကို ဆင်းပြီးတာနှင့် ကျွမ်းကျွမ်းသည် လီရှို့ကျီရဲ့လက်ကို လွှတ်ပြီး သူမဆီကို ပြေးလာခဲ့သည်။

“မေမေ..”

သူမဆီ ခုန်ဝင်လာသော ကျွမ်းကျွမ်းကို ပွေ့ဖက်လိုက်ကာ “ ဘယ်လိုလဲ? မေ့မေ့ကို လွမ်းနေရဲ့လား?”

သူမတို့ နှစ်ယောက်သည် အရင်တုန်းတည်းက မခွဲခွာဖူးတော့ နှစ်ယောက်လုံး အသားမကျ သေးပေ။

ကျွမ်းကျွမ်းသည် ရှောင်းကောကို ဖက်ထားရင်း သူ့အမေ၏ ရနံ့ကို ရှုရိုက်နေလိုက်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော မျက်နှာနှင့် ပြောလိုက်သည်။ “မေ့မေ့ကို အရမ်း လွမ်းနေတာ!”

ရှောင်းကောသည် ကျွမ်းကျွမ်း၏ ခေါင်းလေးကို ပုတ်ပေးပြီး ဆုချသည့်အနေနှင့် ပါးလေးကို အသာ ဆွဲဖဲ့လိုက်သည်။ ကျွမ်းကျွမ်းသည် အလွန်နာကျင်သွားသည့်ပုံ ဟန်ဆောင်လိုက်ပြီး ရှောင်းကောကို ရယ်မောလာအောင် ပြန်လုပ်လိုက်သည်။

ကျွမ်းကျွမ်းသည် စနောက်လို့ ပြီးသွားသည့် အခါ ရှောင်းကောအနောက်တွင် ရပ်နေသည့် ကျန်းတန်းဟယ်ကို လက်ညိုးထိုးလိုက်ပြီး ကျန်းတန်းဟယ်နှင့် အကြည့်ချင်း ဆုံလိုက်သည်။ ကျန်းတန်းဟယ်၏ ချစ်ခင်မှုတို့ပြည့်နေသည့် အကြည့်နှင့် ဆုံလိုက်တဲ့အခါမှာ ကျွမ်းကျွမ်း တစ်ယောက် ရှောင်းကော၏ လက်မောင်းအတွင်း ပြန်ဝင်ပြီး အကြည့်ချင်း မဆုံရဲတော့ချေ။

ထိုအချင်းအရာကို အနောက်မှ မြင်လိုက်သော လီရှို့ကျီ အော်ရယ်မိတော့မည်။ ကျန်းတန်းဟယ် ခံစားရတာကို မြင်ရတာ သူ အရမ်းပျော်သည်။

ကျန်းတန်းဟယ်သည် သူ့မျက်နှာပေါ်မှ အပြုံးကို တောင့်တင်းစွာနှင့် ဖယ်လိုက်သည်။ သူတို့နှစ်ယောက်သည် အရင်က တစ်ခါမှ မဆုံဖူးသေးသည့် အတွက်ကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် သူနှင့် ကလေးသည် အချင်းချင်း မရင်းနီးကြသေးသည်မှာ မလွဲဧကန်ပင်။

“ ကျွမ်းကျွမ်း.. ကျွမ်းကျွမ်း?”

ခေါင်းမော့ဖို့ ငြင်းဆန်နေသော ကျွမ်းကျွမ်းကို ရှောင်းကော ခေါ်နေရင်း “ သူက ပုံမှန်ဒီလိုမဟုတ်ဘူး။ ပုံမှန်ဆို လူစိမ်းတွေကိုလဲ မကြောက်တတ်ဘူးရယ်”

ရှောင်းကော အရှေ့ကနှစ်ယောက်ကို ရှင်းပြပေးလိုက်သည်။ ကျွမ်းကျွမ်းကို သနားစရာ ကလေးတစ်ယောက်လို့ ထင်သွားမှာ သူမ စိုးသည်။

“ ဟုတ်တယ်။ ကျွမ်းကျွမ်းက အရှက်ကြီးတဲ့ ကလေးမဟုတ်ဘူးဆိုတာ ကျွန်တော်လဲ အာမခံပေးလို့ရတယ်။ လမ်းတစ်လျှောက်လုံး ကျွန်တော်နဲ့ စကားပြောလာခဲ့တာ”

လီရှို့ကျီသည် မျက်နှာတစ်ခုလုံး မဲမှောင်နေပြီဖြစ်တဲ့ ကျန်းတန်းဟယ်ကို မော့ကြည့်ကာ အကြောက်တရား မရှိစွာ ပြောလိုက်သည်။ ကျန်းတန်းဟယ် ဒေါ်သထွက်နေတာကို ကြည့်ရတာ သူ အရမ်းနှစ်သက်သည်။

ကျန်းတန်းဟယ်သည် ခဲယဥ်းစွာဖြင့် သူ့မျက်နှာ အမူအရာကို ထိန်းချုပ်လိုက်ပြီး။“ဒါဆို ကျွမ်းကျွမ်းက တစ်ကယ်တော့ ငါ့ကိုပဲ လျစ်လျူရှုတာပေါ့?”

မိန်းမနှင့် ကလေးကို စိတ်မဆိုးနိုင်တော့ သူ၏ ဒေါ်သကို လီရှို့ကျီကိုသာ ပုံချနိုင်တော့သည်။

သူ ခြေလှမ်းကျဲကြီးများနှင့် လွှားခနဲပဲ လီရှို့ကျီကို ကော်လံမှဆွဲပြီး အဝေးကို ခေါ်သွားလိုက်သည်။ သွေးထွက်သံယို မြင်ကွင်းတွေက အမျိုးသမီးနဲ့ ကလေးတွေ ကြည့်ဖို့ မသင့်တော်ဘူး။

“ ကျွမ်းကျွမ်းရေ.. ကျွမ်းကျွမ်း”

ရှောင်းကောသည် ကျွမ်းကျွမ်းကို အောက်ချပေး လိုက်ပြီး “ ကျွမ်းကျွမ်း မေမေ့ကိုပြော သားဘာဖြစ် နေတာလဲ?”

ရှောင်းကော အောက်ထိုင်ချလိုက်ပြီး ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ ကျွမ်းကျွမ်းရဲ့ ပုံစံက ပြောစရာ စကားလုံး ပျောက်နေသလိုပေမယ့် သူ ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။

“ သားလဲ မသိဘူး။ သား ဒီတိုင်း မရင်းနှီးသလိုပဲ”

ကျွမ်းကျွမ်း ဘာတွေ တွေးနေလဲ ဆိုတာ ရှောင်းကော အနည်းနဲ့အများတော့ မှန်းနိုင်သည်။ အရင်က တစ်ခါမှ မတွေ့ဖူးသေးတဲ့ သူတစ်ယောက်က ရုတ်တရက်ကြီး ပေါ်လာပြီး အဖေ ဖြစ်သည်ဟု ပြောခဲ့သည်။ ဘယ်သူမှ ချက်ချင်း လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သူမလဲ ထိုနည်းအတိုင်းပင်။ သူမ ရုတ်တရက် ဝဝကစ်ကစ် ကလေးလေး တစ်ယောက်ကို ကောက်ရလိုက်ပြီး အဖေ ဖြစ်သူကို ပထမ နေ့တည်းက မမြင်ခဲ့ရပေ။ အရမ်း အံ့သြဖွယ်ရာကောင်းလေသည်။ အခု ကလေး အဖေက ဘယ်လိုလုပ် ဆက်ရှိနေတာလဲ? သူမ လုပ်နိုင်တာ ဘာမှ မရှိတော့ပေ။

“ ကျွမ်းကျွမ်း သား ဘယ်လိုခံစားရမလဲ မေမေ နားလည်ပါတယ်။ ဒါပေမဲ့ သူက သားရဲ့ အဖေပဲလေ။ သား သူ့ကို လက်မခံ နိုင်သေးတာနဲ့ပဲ ရှောင်နေပြီး မကြည့်ပဲ နေလို့မှ မရတာ။ အဲ့ဒါက မယဥ်ကျေးရာကျပြီး တစ်ဖက်သားကို နာကျင်စေနိုင်တယ်”

ကျွမ်းကျွမ်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “.....ဟုတ်မေမေ သားနားလည်ပါပြီ”

ရှောင်းကော ကျွမ်းကျွမ်း၏ ဆံပင်လေးတွေကို ဖွပေးကာ ပြောလိုက်သည်။ “ လိမ္မာလိုက်တဲ့ ကလေးလေး!”

ရှောင်းကောသည် ကျွမ်းကျွမ်းကို လက်ခံနိုင်ဖို့ရန် ပြောဆို ချော့မြူနေသော်ငြား သူမရဲ့ နှလုံးသားတွင်လည်း ရှုတ်ထွေးနေခဲ့သည်။ ရိုးရိုးသားသား ပြောရလျှင် သူမ ကျန်းတန်းဟယ်ကို လက်ခံဖို့ရန် အဆင်သင့် မဖြစ်သေးပေ။

သူမ တစ်ချိန်လုံးတွင် ကျွမ်းကျွမ်းနှင့် ပျော်ရွှင်နေခဲ့တာ ဖြစ်သည်။ ထိုအရာကို နည်းနည်းလေးမှ ပြောင်းလဲဖို့ရန် သူမ မပြင်ဆင်ထားခဲ့ပေ။ ကျန်းတန်းဟယ်သည် ရုတ်တရက်ကြီး ပေါ်လာပြီး သူမကို တုံ့ပြန်ဖို့ အချိန်တောင် မပေးခဲ့ပေ။ သူမရှေ့မှာ ဘွားခနဲဆိုသလို ချက်ချင်းကြီး ပေါ်လာခဲ့ပြီး သူမကမ္ဘာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လိုကြောင်း လာရောက်ပြောဆိုနေသည်။ ထိုအချိန်တွင် သူမ စိတ်ရှုပ်ပြီး ခုခံနေခဲ့သည်။

တစ်ချိန်ထဲမှာပဲ ကျွမ်းကျွမ်း၏ အချိန်ကြာမြင့်စွာ မျှော်လင့်နေခဲ့သည့် ဖခင် မေတ္တာသည် ရှောင်းကော အနေနှင့် အစားထိုးမပေးနိုင်သော အရာတစ်ခု ဖြစ်နေသည်။ ထိုသူသာ ကျွမ်းကျွမ်းကို ထားသွားမည် ဆိုလျှင် ထိုအရာက သူမ လိုချင်တဲ့ အရာလဲ မဟုတ်ချေ။

ယခုအချိန်တွင် ရှောင်းကောသည် အလွန် ပျာယာခတ်နေခဲ့သည်။ သူမတို့၏ အနာဂတ်ကို သေချာ မသိတော့သလို ကျန်းတန်းဟယ်သည် လက်ရှိတွင် သူမတို့နှင့် အတူရှိနေပါသည် ဆိုတဲ့ အချက်ကိုလဲ မငြင်းဆိုနိုင်သေး။

ရှောင်းကော ခေါင်းရမ်းလိုက်ပြီး အတွေးတွေကို မောင်းထုတ်လိုက်တော့သည်။ အခုအချိန်မှာ အရေးကြီးဆုံးက ကျွမ်းကျွမ်းရဲ့ အတွေးပဲ။ ဒီလူက ကျွမ်းကျွမ်း၏ ဖခင် အရင်းဖြစ်သည်။ ကျွမ်းကျွမ်း ထွက်မပြေးပဲ ရင်ဆိုင်နိုင်ရမည်။

ရှောင်းကော၏ စည်းရုံးမှု အပြီးတွင် ကျွမ်းကျွမ်းသည်လဲ သူလုပ်ခဲ့သည့် လုပ်ရပ်က မှားယွင်းကြောင်း ခံစားနေရသည်။ တစ်ကယ်ကို မယဥ်ကျေးခဲ့တာပဲ။

“ ဒါဆိုရင် သားနောက်တစ်ခါ တွေ့ခဲ့ရင် သေချာကြီး မရှောင်တော့ပါဘူး”

ကျွမ်းကျွမ်းသည် အမှားကို ရင်ဆိုင်ရမည့် အချိန်ကို သိသည်။

ရှောင်းကော ပျော်ရွှင်သွားပြီး အားပေးစွာဖြင့် ကျွမ်းကျွမ်း၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။

“ လိမ္မာလိုက်တဲ့ ကလေးလေးပဲ”

ထိုအချိန်တွင် ကျန်းတန်းဟယ်သည် ပေတူးနေသော လီရှို့ကျီနှင့် အတူ ပြန်ရောက်လာခဲ့သည်။ ခရိုင် တရားသူကြီးလျိုသည်လဲ ကိုယ်ပိုင် အစေခံများနှင့် ရောက်လာခဲ့သည်။

“ အိုင်ယိုး နေကောင်းရဲ့လား အမျိုးသမီးချင်း”

ကပ်ဖားယပ်ဖား အသံတစ်ခုသည် ရှောင်းကော၏ အနောက်မှ ထွက်လာခဲ့သည်။ ရှောင်းကော အနောက်သို့ လှည့်လိုက်တာနှင့် တောက်ပသွားသော တရားသူကြီး၏ မျက်လုံးများနှင့် ဆုံလိုက်ရသည်။ ထိုသူသည် ရှောင်းကာကို ကျော်ကာ လျှောက်သွားခဲ့ပြီး “စစ်သူကြီးကျန်း ကျွန်တော် စစ်သူကြီး အကြောင်း အများကြီး ကြားဖူးပါတယ်”

လေပြင်းတစ်ချက် ဖြတ်တိုက်သွားသလို ရှောင်းကော ခံစားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်သည့် အခါ တရားသူကြီးလျိုကို ဘယ်မှာမှ မတွေ့ရတော့ပေ။ သခင်ရှင်မင်း ကသာ သူမ၏ အနောက်ကနေ ကြည့်ပြီး ပြုံးပြ နေခဲ့သည်။

“ကောင်းပြီ ငါ ဝင်မပါတော့ဘူး”

ရှောင်းကောသည် နှုတ်ခမ်းတစ်ချက် ဖိလိုက်ပြီး သူမ အခုတင် ထွက်လာခဲ့တဲ့ ရထားလုံးအတွင်း။ပြန်ဝင်လိုက်တော့သည်။ ကျန်းတန်းဟယ် ဝယ်ယူလာခဲ့သည့် ပစ္စည်းများကို ထုတ်လိုက်ပြီး ခန်းမအတွင်း ယူသွားဖို့ရန် ပြင်ဆင်နေလိုက်သည်။

ကျန်းတန်းဟယ်သည် လီရှို့ကျီကို လွှတ်ပေးလိုက်ပြီး တစ်ယောက်ယောက် သူ့နာမည်ကို ခေါ်လိုက်တာ ကြားလိုက်ရသည်။ အနီးကပ် လှည့်ကြည့်လိုက်သည့်အခါ သူ မသိသည့် ခပ်ဝဝ လူတစ်ယောက်ကို မြင်လိုက်ရသည်။

“ အိုး စစ်သူကြီးကျန်း အခုလို လူချင်းတွေ့ရတာ ကျွန်တော် အရမ်း ကံကောင်းတာပဲ”

တရားသူကြီးလျိုက အသေးစား အရာရှိ တစ်ယောက်သာ ဖြစ်သည်။ စစ်သူကြီးတစ်ယောက်နှင့် တွေ့ဖို့ သူအတွက် အဘယ်မှာ အခွင့်အရေး ရှိမည်နည်း။ အခု တွေ့ရပြီဆိုမှတော့ အမြင်ကောင်း ရအောင် လုပ်ရမည်။ အခြေအနေတွေသာ ကောင်းရင် ထိုသူက သူ့ကို မြို့တော်ရောက်အောင် ကူညီပေးနိုင်လောက်သည်။ သူ ကျန်းတန်းဟယ်ကို ကြည့်လိုက်တိုင်း ကျန်းတန်းဟယ်သည် ရွှေရောင် အလင်းတန်းများနှင့် တောက်ပနေလေသည်။

ကျန်းတန်းဟယ်သည် မျက်မှောင် ကြုတ်နေပြီး စကားပြန်မပြောပေ။ သူ့၏ မျက်လုံးများသည် ရှောင်းကောနှင့် ကျွမ်းကျွမ်းကို ရှာဖွေနေခဲ့သည်။

တရားသူကြီးလျိုသည် အချိန်ကြာမြင့်စွာ စကားပြောနေခဲ့သည်။ တစ်ဖက်လူ ပြန်ပြောခြင်း မပြောခြင်းကို သူ ဂရု မစိုက်ချေ။ အဆင့်မြင့် အရာရှိ အနေနဲ့ အနည်းငယ် အေးစက်မှု ပြတာက ပုံမှန်ပါပင်။

နောက်ဆုံးတော့ ကျန်းတန်းဟယ်သည် ရှောင်းကောကို တွေ့သွားခဲ့သည်။ သူ ပြုံးလိုက်ပြီး လီရှို့ကျီကို ခပ်ဝဝ လူအရှေ့ အမြန် တွန်းပို့ကာ ထွက်သွားလိုက်သည်။

တရားသူကြီးလျိုသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန်းတန်းဟယ်ကို မတားရဲပေ။ ကျန်းတန်းဟယ် ထွက်သွားတာကို ဝမ်းနည်းစွာသာ သူ ကြည့်နေနိုင်သည်။ သို့ပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ လီရှို့ကျီက သူ့မျက်စိရှေ့ ရောက်လာတာကို တွေ့လိုက်ရသည်။

“ ဟေး မင်းက ဘယ်လို အရာရှိလဲ?”

လီရှို့ကျီ ထွက်ပြေးချင်ရင်တောင် ထွက်ပြေးလို့ မရပေ။ တရားသူကြီးလျိုက အရမ်းကို ကပ်တွယ်နေခဲ့သည်။ စကားပြောနေရင်း လက်နှစ်ဖက်လုံးသည် လီရှို့ကျီရဲ့ ကိုယ်အနှံ့ ရောက်နေတော့သည်။

ရှောင်းကောသည် ရထားလုံးအတွင်းမှ အိတ်တစ်ချို့ကို ထုတ်နေခဲ့တာဖြစ်သည်။ ကျွမ်းကျွမ်းသည် ကူညီပေးချင်နေပြီး ရှောင်းကောလဲ ဖျောင်းဖြတားမြစ်လို့ မရနေပေ။ ထို့ကြောင့် ရထားလုံးအတွင်းရှိ အိတ်ပုံထဲမှ အိတ်အသေးလေးကို ယူကာ ကျွမ်းကျွမ်းကို လှမ်းပေးလိုက်သည်။ ကျွမ်းကျွမ်း ယူတော့မည့် အချိန်မှာပဲ လက်ကြီးကြီးတစ်ဖက်က သူ့ဆီကနေ ယူသွားခဲ့သည်။

“ဟင်း….”

ဘယ်သူမှန်း မသိပေမဲ့ ကျွမ်းကျွမ်းသည် အိတ်ကို နောင်တရစွာဖြင့် ကြည့်ကာ သက်ပြင်းလေး ချလိုက်သည်။ ကျွမ်းကျွမ်း၏ နှုတ်ခမ်းများ စူလာပြီး အနောက်လှည့်ကာ သူနဲ့လာရှုပ်နေတာ ဘယ်သူလဲဆိုပြီး ကြည့်လိုက်သည်။

All Chapters