← Chapters

အခန်း (၁၄၆)

Vol. 10 Ch. 146

အခန်း (၁၄၆)

Vol. 10 Ch. 146

ကျွမ်းကျွမ်းသည် ထိုသို့ ရှောင်းကောထံမှ သင်ပြ ပေးခံခဲ့ရသည်။

ရှောက်ယိ ခဏတာ အံ့သြသွားခဲ့သည်။ ကျွမ်းကျွမ်း၏ အမေက အရမ်းမိုက်တာပဲလို့ သူ ခံစားလိုက်ရသည်။

ကျီရှားလဲ အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။ ရှောင်းကောက စကားပြော အရမ်းကောင်းတာပဲ။ စိတ်ဝင်စားမှုသည် စင်စစ် အရေးကြီးသော အရာဖြစ်သည်။

ကျွမ်းကျွမ်းသည် အကုန်လုံး၏ မျက်လုံးများကို ကြည့်ပြီး မတတ်နိုင်စွာ ရှောင်းကောအစား စိတ်လှုပ်ရှားသလို ခံစားလာရသည်။ တစ်ခြားသူတွေ သူ့ကို ချီးကျူးတုန်းကထက် ယခု ခံစားချက်က ပိုခံစားလို့ ကောင်းသည်။

အပြင်ဘက်ရှိ ပင်မဆောင်ကို လှမ်းတော့မဲ့ ဆဲဆဲ ပုံရိပ်နှစ်ခုသည်လည်း ရှောင်းကော၏ စကားကို ကြားလိုက်ရသည်။

ဒူးထောက်ထားသော အစေခံများနှင့် ကုန်းကုန်းများသည် သူတို့၏ ခေါင်းကို ငုံ့ထားကြပြီး အသက်ကို ရဲရဲ မရှုရဲ ကြပေ။

ရှောက်ယိသည် သူတို့ကို လက်ဝှေ့ပြလိုက်ပြီး ထွက်သွားခိုင်းလိုက်သည်။

ရှောက်ယိနှင့် ကျန်းတန်းဟယ်သည်လဲ အချင်းချင်း အကြည့် ဖလှယ်ပြီးနောက်မှာ ပင်မဆောင်မှ ထွက်လာခဲ့လိုက်တော့သည်။

“ မဆိုးဘူး မင်းရဲ့ ဇနီးက တစ်ကယ် အရည်အချင်းရှိတဲ့ အမျိုးသမီးပဲ”

သူတို့ တံခါးဝမှ ထွက်သည့်အချိန်တွင် ရှောက်ကျန့်သည် မျက်ခုံးပင့်ပြကာ ကျန်းတန်းဟယ်ကို စလိုက်သည်။

ကျန်းတန်းဟယ်၏ မျက်နှာသည် ပျော်ရွှင်မှုတို့ ပြည့်နှက်နေပြီး ရှောက်ကျန့်၏ သူ့မိန်းမအပေါ် ချီးကျူးစကားကို ဝမ်းမြောက်စွာ လက်ခံလိုက်သည်။ ကျန်းတန်းဟယ်၏ ပုံစံမှာ အရမ်းကို ပျော်ရွှင်ပုံပေါက်နေပြီး မသိလျှင် ရှောက်ကျန့်က သူ့ကို ချီးကျူးလိုက်သကဲ့သို့ပင်။

သူတို့နှစ်ယောက်သည် ဘာအသံမှ မထွက်စေပဲ ထွက်လာခဲ့လိုက်ကြသည်။ ရှောင်းကော၏ ပြောဆိုမှုကို ကြားပြီးနောက်မှာ သူမအပေါ် သူတို့၏ အမြင်သည် အများကြီးပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

ကျန်းတန်းဟယ်သည် ရှောင်းကောကို အခု ပိုလို့ပင် နှစ်သက်လာတော့သည်။

သူ့ဘေးရှိ လူကြောင့်သာ မဟုတ်ရင် အခန်းထဲကို ဝင်သွားလိုက်တာ ကြာလောက်နေပြီ။

ရှောက်ကျန့်သည်လဲ ဒီနှစ်ယောက်လုံးက တစ်ကယ် ထူးချွန်တာပဲလို့ ခံစားလိုက်ရသည်။ တစ်ဦးသည် စာပေတွင် ထူးချွန်ပြီး တစ်ဦးသည် တိုက်ခိုက်ရေးတွင် ထူးချွန်သည်။ သူတို့ နှစ်ယောက်လုံး မြို့တော်မှာ နေရင် အကောင်းဆုံး ဖြစ်လိမ့်မည်။

ကျွမ်းကျွမ်းကို နန်းတော်အတွင်း နေဖို့ရန် ကမ်းလှမ်းသည့် ရှောက်ယိ၏ ကမ်းလှမ်းချက်ကို ရှောင်းကော ငြင်းဆို လိုက်ခဲ့သည်။ သူမသည် ကျွမ်းကျွမ်းနှင့် ကျန်းတန်းဟယ်တို့နှင့် အတူ ရထားလုံးနှင့် ပြန်သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် ရှောင်းကောနှင့် ကျွမ်းကျွမ်း၏ အသံကို တစ်ချက်တစ်ချက် ကြားရနိုင်သည်။ ရှောင်းကောနှင့် ကျွမ်းကျွမ်း၏ ပတ်ပတ်လည်တွင် ကြားလူ မဝင်နိုင်သော မမြင်ရတဲ့ စက်ဝိုင်းတစ်ခု ဝန်းရံ နေသလိုပင်။ မိခင်နှင့်သားသည် ပျော်ရွှင်စွာ စကားပြောနေကြပြီး ကျန်းတန်းဟယ်မှာတော့ စိတ်ပျက်စွာ ဘေးမှ လိုက်ပါလာခဲ့သည်။

သူတို့တွေ စံအိမ်သို့ ရောက်ချိန်တွင် အစားအသောက်လဲ အသင့်ဖြစ်ပြီ ဖြစ်သောကြောင့် ဧည့်ခန်းဆောင်ကိုပဲ တိုက်ရိုက်သွားလိုက်ကြသည်။

လီရှို့ကျီသည် အားလုံး လာပြီး ထိုင်ကြသည်ကို ထိုင်ခုံတစ်ခုတွင် ထိုင်နှင့်ရက်သားဖြင့် စောင့်နေသည်။ မိသားစု သုံးယောက်သည် အဝေးမှ လျှောက်လှမ်းလာသည်ကို မြင်လျှင် မနာလိုမှုကြောင့် သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

စားပွဲပေါ်တွင် ဟင်းပွဲများကို ရက်ရောစွာ ခင်းကျင်းထားသည်။ ရှောင်းကောသည် ကျွမ်းကျွမ်း အကြိုက် ဟင်းများကို ကူထည့်ပေးလိုက်သည်။ ဘေးတွင် ထိုင်နေသော ကျန်းတန်းဟယ်သည် မနာလိုဖြစ်လာခဲ့သည်။ သူ မနေနိုင်စွာဖြင့် ပန်းကန်လုံးကို တူဖြင့်ခေါက်လိုက်ပြီး ရှောင်းကောကို သူ့အတွက်ပါ ဟင်းထည့်ပေးဖို့ရန် အချက်ပြလိုက်သည်။

လီရှို့ကျီ ပြောလိုက်သည်။ “ပန်းကန်ကို တူနဲ့ခေါက်တာ ရိုင်းတာပဲ”

ရှောင်းကောက ဘာမှ ပြန်မပြောခဲ့ပေမဲ့ ကျွမ်းကျွမ်းတစ်ယောက် မနေနိုင်စွာ ထရယ်တော့သည်။

လီရှို့ကျီသည် သူ့အတွက် မိတ်ဆွေကောင်း တစ်ယောက် တွေ့လိုက်ရသလို ခံစားလိုက်ရပြီး ကျွမ်းကျွမ်း၏ ပန်းကန်ထဲကို ရုံပတေသီး အကြီးကြီးတစ်ခု ထည့်ပေးလိုက်သည်။

ကျန်းတန်းဟယ် ဒေါ်သထွက်သွားပေမဲ့ စားပွဲကိုတော့ ထပ်မရိုက်ရဲပါချေ။ သူသည် မနက်က စားပွဲကို ရိုက်လိုက်ပြီး ရှောင်းကောကို လန့်အောင် လုပ်မိခဲ့ပြီးပြီ။ သူ ထိုသို့ ထပ်လုပ်လိုက်မည်ဆိုလျှင် ကျွမ်းကျွမ်းကိုပါ လန့်သွားစေရုံမက ကြမ်းတမ်းတဲ့သူအဖြစ် မြင်သွားစေလိမ့်မည်။

'မဖြစ်ဘူး မဖြစ်ဘူး ကျန်းတန်းဟယ်! စိတ်လျော့စမ်း!'

ကျန်းတန်းဟယ်၏ မျက်နှာသည် ဒေါ်သကြောင့် ရှုံ့တွနေခဲ့သည်။ မျက်နှာ ပြောင်းတဲ့ အော်ပရာကို ကြည့်ရတာ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။

ကျန်းတန်းဟယ် ဆက်လက်ပြီး ဟန်ဆောင် နိုင်မလား ရှောင်းကော သေချာ မသိပေ။ ကျန်းတန်းဟယ်သည် သူ့၏ ဒေါ်သကို ကျွမ်းကျွမ်းအပေါ် ပုံချလိုက်မှာ စိုးသည့် အတွက် ရှောင်းကောသည် ကျန်းတန်းဟယ်၏ ပန်းကန်ထဲသို့ ကြက်သားတစ်ဖက် ထည့်ပေးလိုက်သည်။

ကျန်းတန်းဟယ်၏ အခြေအနေသည် ချက်ချင်းကို လန်းဆန်း တက်ကြွ သွားခဲ့သည်။ ပတ်ပတ်လည်တွင် သက်တံ့ရောင်ခြည်များ ဝန်းရံမြင်တွေ့ နေရသကဲ့သို့ပင်။

လီရှို့သည် ရှောင်းကောကို လက်မ ထောင်ပြပြီး ပြုံးလိုက်သည်။ 'မရီးက အရမ်းမိုက်တာပဲ! ခြင်္သေ့ကို ယဥ်ပါးအောင် လုပ်နိုင်တယ်။ ကျွန်တော် အထင်ကြီးသွားပြီ'

ရှောင်းကောသည် လီရှို့ကျီ သူမကို ပြုံးပြနေသည့် အကြည့်ကို ရှောင်းကော နားမလည်သောကြောင့် ယဥ်ကျေးစွာ ပြန်ပြုံးပြပြီး စားသောက်ခြင်းကိုသာ အာရုံ စိုက်လိုက်တော့သည်။

ကျန်းတန်းဟယ်သည် ကြက်သားဖက်ကို တစ်တိတိဖြင့် ကိုက်စားနေခဲ့သည်။ အနုပညာ လက်ရာတစ်ခုကို ခွဲခြမ်းစိတ်ဖြာ နေသကဲ့သို့ပင်။

လီရှို့ကျီတစ်ယောက် ရွံသလို ဖြစ်လာတော့သည်။ သူ ထိုလူကို ဆက်မကြည့် နေနိုင်တော့ဘူး။

စားပြီးသွားချိန်တွင် သူမတို့သည် အခန်းကိုယ်စီသို့ ပြန်သွားလိုက်ကြသည်။ ရှောင်းကောသည် ကျွမ်းကျွမ်းကို ကျန်းတန်းဟယ်၏ အခန်းအတွင်းသို့ ခေါ်သွားလိုက်ပြီး တံခါးကို အမြန် သော့ပိတ်ထားလိုက်သည်။

ကျန်းတန်းဟယ်က တံခါး ထပ်အပိတ်ခံလိုက်ရပြန်သည်။ သူ့၏ နှာခေါင်းကို အသာပွတ်လိုက်ပြီး လှည့်ထွက်ကာ လီရှို့ကျီ၏ အခန်းကိုပဲ သွားခေါက်လိုက်တော့သည်။

နောက်တစ်နေ့တွင်

ရှောင်းကောသည် မျက်နှာသစ်ပြီးချိန်တွင် ရေဇလုံတစ်ခုကို အခန်းအတွင်း ယူသွားလိုက်ပြီး စင်ပေါ် တင်ထားလိုက်သည်။

ပြီးနောက်တွင် အိပ်ယာအနားသို့ သွားကာ အခုထိ အိပ်နေသေးသော ကျွမ်းကျွမ်းကို ခေါ်လိုက်သည်။

“ ကျွမ်းကျွမ်း ထတော့..”

ကျွမ်းကျွမ်း တစ်ယောက် ကြားပေမဲ့လည်း ငြီးတွားပြီး တစ်ဖက်သို့ ခေါင်းပြန်လှည့်ကာ ဆက်အိပ်နေခဲ့သည်။

သဘောကျစွာဖြင့် ရှောင်းကောသည် ကျွမ်းကျွမ်း၏ တင်ပါးလေးကို လက်နှင့် ရိုက်လိုက်သည်။

“ ဒီကလေးကတော့ မေမေ့ကို စိတ်တိုတဲ့ အမေကြီးဖြစ်အောင် ဖိအားပေးနေတာပဲ”

ရှောင်းကောသည် သူမ၏ အင်္ကျီလက်ကို မတင်လိုက်ပြီး အနည်းငယ် အေးနေသော လက်ဝါးများကို ဆန့်ထုတ်လိုက်သည်။ ထို့နောက်တွင် သူမ၏ လက်တွေ အနည်းငယ် နွေးသွားစေရန် အချင်းချင်း ပွတ်လိုက်သည်။ ဒါက ကျွမ်းကျွမ်းအတွက် ရှောင်းကော၏ နောက်ဆုံး စာနာပေးမှုဖြစ်သည်။

“သုံး…နှစ်…တစ်”

ရေတွက်လို့ ပြီးသည့်တိုင်အောင် ကျွမ်းကျွမ်းသည် အိပ်နေဆဲ ဖြစ်သည်။ ကျွမ်းကျွမ်း၏ နှုတ်ခမ်းထောင့်တွေ တွန့်နေတာကို မြင်တော့ ကျွမ်းကျွမ်း သေချာ လုပ်နေမှန်း ရှောင်းကောလဲ သိသည်။

ရှောင်းကောသည် မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး

“မေမေ စတော့မှာနော် သားလေး!”

ကျွမ်းကျွမ်းသည် တစ်ခုခုကို အာရုံခံမိ လိုက်သဖြင့် သူ့၏ လက်မောင်းနှစ်ဖက်ကို တင်းနေအောင် ညှပ်ထားလိုက်သည်။ သူ့အမေ၏ နိုင်ယင်း အဖြူရောင် လက်သည်းများသည် ဘယ်လောက် အစွမ်းထက်လဲ သူသိသည်။

“ ယူပေတော့!”

ရှောင်းကောသည် ကျွမ်းကျွမ်း၏ ချိုင်းကြားကို ဦးတည်ပြီးတိုက်ခိုက် ခဲ့သည်။

ရှောင်းကော ထိလိုက်တာနှင့် ကျွမ်းကျွမ်းသည် ကျယ်လောင်စွာ ရယ်လေတော့သည်။ ရယ်မောသံ အော်ဟစ်သံများနှင့် အသက်ဝင်လှသော မြင်ကွင်းတစ်ခု ဖြစ်နေတော့၏။

“မေမေ.. မေမေ.. ရပ်တော့.. ရပ်တော့လို့ ဟားဟား!”

ကျွမ်းကျွမ်းသည် အိပ်ယာပေါ်တွင် တွန့်လိမ် နေခဲ့ပေမဲ့ ရှောင်းကော၏ လက်များက ကော်လိုပဲ စွဲမြဲနေခဲ့သည်။ ကျွမ်းကျွမ်း ရှောင်ပဲ ရှောင်နိုင်တော့သည်။ အချိန်တစ်ခု ကြာမှသာ တိုက်ခိုက်မှုတွေက ဆုတ်ခွာသွားခဲ့သည်။ ကျွမ်းကျွမ်း မတုံ့ပြန်နိုင်ခင်မှာ နောက်တစ်ကြိမ် ကလိယားထိုးသည့် တိုက်စစ်က ပြန်စလာတော့သည်။

ကျွမ်းကျွမ်းအတွက် စဥ်းစားချိန်ကို မရှိခဲ့ပေ။ သူ ဆက်လက်ပြီး ရယ်မော နေခဲ့သည်။ သို့ပေမဲ့ သူ့မေမေ၏ လက်သည် အခုလို မာပြီး မကြီးဘူးဆိုတာကို သူ ခံစားလိုက်ရသည်။

ရယ်ချင်စိတ်ကို ထိန်းလိုက်ရင်း ကျွမ်းကျွမ်း မျက်လုံးဖွင့်လိုက်သောအခါတွင် ဘေး၌ ပါးစပ်ကို လက်ဝါးလေးဖြင့် အုပ်ကာ ရယ်နေသော မိခင်ဖြစ်သူကို တွေ့လိုက်ရသည်။

'ဟမ်? မေမေ့လက်တွေက မေမေ့ဆီမှာပဲ။ ဒါဆို သူ့ကို ကလိထိုးနေတာ ဘယ်သူတုန်း?'

ကျွမ်းကျွမ်း အပေါ်သို့ မော့ကြည့်လိုက်သော အခါတွင် လက်ဖဝါးအကြီးကြီး၏ ပိုင်ရှင်သည် မီးရောင်အောက်တွင် မတ်တပ်ရပ်နေခဲ့တာကို မြင်လိုက်ရသည်။

ကျွမ်းကျွမ်း၏ မျက်လုံးများသည် ပြူးကျယ် သွားခဲ့သည်။ 'ဘယ်လိုလုပ် သူ ဖြစ်နေတာလဲ?'

ဘယ်သူဆိုတာကို သဘောပေါက် သွားပြီး နောက်တွင် ကျွမ်းကျွမ်း၏ အပြုံး၌ ရှက်ရွံ့မှုလေး တွဲခိုလာတော့သည်။ ထိုအရာကို မြင်တော့ ရှောင်းကောသည် ကလိထိုးတာ ရပ်သင့်ပြီလို့ ခံစားလိုက်ရသည်။

“ ဟုတ်ပြီ ဟုတ်ပြီ ဆော့နေတာ ရပ်တော့ ကျွမ်းကျွမ်း.. ထတော့ ရေအေးသွား တော့မယ်”

ကျန်းတန်းဟယ်သည် ကလိထိုးနေတာကို ရပ်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် ကိုယ်ကို ပြန်မတ်လိုက်သည်။ သူ အရမ်းကို ကျေနပ်နေခဲ့သည်။

သူ အိပ်ယာ နိုးနိုးချင်း အချိန်မဖြုန်းပဲ ရှောင်းကောနှင့် ကျွမ်းကျွမ်းအတွက် ရေယူပေးဖို့ ဆောင်ရွက်ခဲ့သည်။ သို့ပေမဲ့ သူအခန်းထဲ မဝင်ခင်မှာပဲ ရယ်မောသံများကို ကြားလိုက်ရသည်။

သိချင်စိတ်ကြောင့် ကျန်းတန်းဟယ်သည် အတွင်းသို့ ဝင်သွားလိုက်သည်။ ရှောင်းကောက ကျွမ်းကျွမ်းကို ကလိထိုးနေတာကို မြင်တော့ သူလဲ တစ်ကယ် ပါဝင်ချင်ခဲ့သည်လေ။ အခုလို ရှားပါး မြင်ကွင်းလေးက နွေးထွေးဖွယ် ကောင်းလှပြီး သူမတို့ကို အနှောက်အယှက် ပေးမည့်မှာလဲ စိုးသဖြင့် ရေဇလုံကို ဘေးတွင် အသာချပြီး ကျန်းတန်းဟယ်သည် တိတ်တဆိတ်သာ ချဥ်းကပ်သွားလိုက်သည်။

ရှောင်းကော၏ အကြားအာရုံသည် အလွန် စူးရှသည်။ ကျန်းတန်းဟယ်သည် မည်သို့ပင် ဇလုံကို ညင်သာစွာ ချလိုက်သည်ဆိုဆို သူမ ကြားသွားဆဲဖြစ်ပြီး လှည့်ကြည့်လိုက်တော့ ကျန်းတန်းဟယ်ကို တွေ့လိုက်ရသည်။

ကျန်းတန်းဟယ်၏ မျက်လုံးအတွင်းမှ စိတ်အားထက်သန်မှုများကို တွေ့လိုက်ရတော့ ရှောင်းကောသည်လဲ ဘေးဖယ်ပေးလိုက်သည်။ ဒါလေးက အဖေနဲ့သားကြားက ဆက်ဆံရေးကို တိုးမြှင့်ပေးနိုင်မဲ့ ကစားပွဲ အသေးလေးပဲ။ လေ့လာမှုတွေအရ ကလိထိုးခြင်းသည် လူနှစ်ဦးကြားက ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးကို လျော့ချပေးနိုင်သည်။

ရှောင်းကော ဘေးဖယ်ပေးလိုက်တာကို တွေ့တော့ ကျန်းတန်းဟယ် တစ်ယောက် ပျော်သွားတော့သည်။ ကျွမ်းကျွမ်း တစ်ယောက် ကွဲပြားမှုကို သိသွားမှာလဲ စိုးသည့်အတွက် ကျန်းတန်းဟယ်သည် အလျင်အမြန်ပဲ ရှောင်းကော၏ နေရာကို ဝင်ယူ လိုက်လေသည်။

ဒါသည် ကျန်းတန်းဟယ်အတွက် သူ့၏ သားကို ပထမဆုံးအကြိမ် ထိဖူးခြင်းဖြစ်သည်။ သူ့၏ ခံစားချက်များသည် ရှုတ်ထွေးနေခဲ့သည်။ ' ဒီ နူးညံ့ပျော့ပျောင်းတဲ့ ခန္ဓာကိုယ် သေးသေး လေးက သူ့ရဲ့သားတဲ့လား?'

ကျွမ်းကျွမ်းကို နာကျင်အောင် လုပ်မိမှာ စိုးသည့်အတွက် ကျန်းတန်းဟယ်သည် နူးညံ့စွာ လှုပ်ရှားခဲ့သည်။ မည်သို့ပင် သေးငယ်သော လှုပ်ရှားမှု တစ်ခုလို့ ဆိုလင့်ကစား ထိုကောင်လေးကို ကလိထိုးနေချိန်တွင် ကျန်းတန်းဟယ်၏ မျက်နှာသည် ချွေးများစို့နေခဲ့သည်။ တစ်စိတ်တစ်ပိုင်းသည် သူ့၏ စိတ်လှုပ်ရှားမှုကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းသည် သူ့၏ အင်အားကို လျော့ချထားရသည့်အတွက် ဖြစ်သည်။

ကျွမ်းကျွမ်း သူ့ကို လှည့်ကြည့်လိုက်သည့် အခါမှာ ကျန်းတန်းဟယ်၏ နှလုံးသည် ခဏတာ အခုန် ရပ်သွားခဲ့၏။ သူ့၏သားသည် သူ့ထံမှ အကြည့်လွှဲသွားမည်ကို ကျန်းတန်းဟယ် စိုးရွံ့နေခဲ့သည်။ သို့ပေမဲ့ ကောင်လေးသည် ခဏတာ ရပ်သွားရုံသာ ဖြစ်ပြီး မခုခံခဲ့ပေ။ ကျန်းတန်းဟယ်သည် အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။ ကြည့်ရတာ ကျွမ်းကျွမ်းက သူ့ကို စတင် လက်ခံလာတဲ့ ပုံပင်။

ရှောင်းကော ရပ်လိုက်ဖို့ ပြောလိုက်ပြီး နောက်တွင် ကျွမ်းကျွမ်းသည် အသက်နှစ်ခါလောက် အဝရှုလိုက်ပြီး နာခံစွာဖြင့် အိပ်ယာမှာ ထလိုက်ကာ အဝတ်ဝတ်လိုက်သည်။ ကျွမ်းကျွမ်း၏ မျက်လုံးသေးသေးလေးများသည် အခန်းအတွင်း၌ သန်မာသော တည်ရှိမှုနှင့် မားမားမတ်မတ်ရပ်နေသော ကျန်းတန်းဟယ်ကို လျို့ဝှက်စွာအကဲခတ်နေခဲ့သည်။

ရှောင်းကောသည် ထိုအရာကို မြင်တော့ ရယ်မိသွားတော့သည်။ ကျွမ်းကျွမ်း၏ မနေတတ်တဲ့ မျက်နှာလေးက အရမ်း ချစ်ဖို့ ကောင်းနေ၏။

ရှောင်းကောသည် ကျွမ်းကျွမ်းကို ကြည့်နေတာ ရပ်လိုက်ပြီး ဇလုံထဲမှ ရေကို စစ်ဆေးဖို့ အနောက်ကို လှည့်လိုက်သည်။ ဒီနေရာမှာ ရှိတာ အနည်းငယ် ကြာသွားပြီဖြစ်တဲ့အတွက် ရေသည် နည်းနည်းအေးနေလေပြီ။ အကယ်၍ ရာသီဥတုက အေးနေရင်တော့ သူမ အသုံးပြုလို့ ရသေးပေမဲ့ ဒီမနက်ခင်းရဲ့ အပူချိန်သည် အနည်းငယ် အေးစိမ့်စိမ့် ဖြစ်နေခဲ့သည်။ ထို့အတွက် ရေနွေးကို အသုံးပြုတာ ပိုကောင်းလိမ့်မည်။

ရှောင်းကောသည် အပြင်ထွက်ပြီး ရေနွေးထည့်ဖို့ သွားယူတော့မည့် အချိန်မှာပဲ ကျန်းတန်းဟယ်က ရှောင်းကောကို ခေါ်ပြီး ရေဇလုံတစ်ခု လှမ်းပေးလိုက်သည်။

All Chapters