အခန်း (၁၄၇)
Vol. 10 Ch. 147
“ ဒီရေက နွေးနေသေးတယ်။ ဒါကို သုံးလိုက်ပါ”
ရှောင်းကောသည် အပူချိန်ကို စမ်းကြည့်လိုက်သောအခါမှာ တစ်ကယ်ပဲ ရေက အနေတော်လေး ဖြစ်နေသည့်အတွက် ယူလိုက်ပြီး ကျန်းတန်းဟယ်ကို ကျေးဇူး တင်လိုက်သည်။
“ ကျွမ်းကျွမ်း လာပြီး မျက်နှာ သစ်လိုက်အုံး”
ရှောင်းကောသည် ကျွမ်းကျွမ်း ရေသုတ်နိုင်ရန် အတွက် တစ်ဘတ်လေးကို ဇလုံ၏ဘေးတွင် ချ ပေးလိုက်သည်။
ရှောင်းကော၏ ကျေးဇူးတင်စကားကို ကြားသော အခါမှာ ကျန်းတန်းဟယ်၏ လက်သည် ယာယီ ရပ်သွားလေသည်။ ရှောင်းကောသည် အခုချိန်အထိ သူနှင့် ခပ်တန်းတန်း ဖြစ်နေသေးသည်ကို စဥ်းစားမိပြီး ကျန်းတန်းဟယ်သည် သူပြောမည့် စကားများကို ပြန်မြိုသိပ် ထားလိုက်ရသည်။ ထို့နောက်မှာ ကျန်းတန်းဟယ်သည် ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ။
သို့ပေမဲ့ သူ့၏ နှလုံးသားထဲတွင်တော့ စကားတစ်ချို့ကို တီးတိုး ပြောခဲ့လေသည်။ 'ကိုယ်တို့ကြားမှာ ဒီလို ယဥ်ကျေးဖို့ မလိုပါဘူး'
ကျန်းတန်းဟယ်သည် သူနဲ့ ရှောင်းကောနှင့် သူ့သား၏ ကြားက ဆက်ဆံရေးကို ဘယ်လိုမျိုး တိုးတတ်အောင် လုပ်ရမလဲကို မနေ့ညက စဥ်းစားနေခဲ့တာ ဖြစ်သည်။
မနေ့က နေ့ခင်းပိုင်းတုန်းက သူ့၏ ပြင်းပြတဲ့ ချဥ်းကပ်မှုကို အခြေခံကြည့်လိုက်လျှင် ထိုသို့ ပြုလုပ်ခြင်းက ရှောင်းကောကို မသက်မသာ ခံစားစေခဲ့တာ သိသာလှသည်။ သို့ကြောင့်မို့ နှေးနှေးနှင့် မပြောင်းလဲစေပဲ အခြေအနေကို တိုးတတ်အောင် ကြိုးစားရမည်။ တစ်ချိန်မှာ တစ်ခုချင်းဆီ တိုးတက်လာအောင် လုပ်ရမည်။
သားဖြစ်သူအတွက်တော့ မိသားစုကဲ့သို့ ခံစားနိုင်ရန်အတွက် သူ တိုက်ရိုက် ထိတွေ့မှု နည်းလမ်းကို သုံးရမည်။
မနက်ခင်းက အခြေအနေကို ကြည့်မည်ဆိုလျှင် ကျွမ်းကျွမ်းသည် သူနှင့် တစ်ကယ်ပဲ နီးစပ်ချင်စိတ် ရှိသည်။ အခုက သူတို့ချင်း မသိကျွမ်းကြသေးလို့သာ ဖြစ်သည်။ သို့ကြောင့်မို့ မရင်းနှီးသေးတဲ့ အခြေအနေကို ကျော်ဖြတ်ဖို့ရန် ရဲတင်းတဲ့ ထိတွေ့မှုမျိုးကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်သည်။
သူ တွန့်ဆုတ်နေရင် ကျွမ်းကျွမ်းလဲ တွန့်ဆုတ်နေပြီး သူတို့နှစ်ယောက်အတွက် နီးစပ်ဖို့ အချိန်အများကြီး ကျန့်ကြာနေလိမ့်မည်။ သူ့အတွက်ကလဲ အချိန်အများကြီး မကျန်တော့ပေ။ သူမတို့သည် ရက်တစ်ချို့နေရင် ပြန်တော့မှာဖြစ်ပြီး အခုချိန်အထိ သူက မြို့တော်ကနေ ထွက်သွားလို့ မရသေးချေ။ ထို့ကြောင့် သူ သူမတို့ နှစ်ယောက်နှင့် တတ်နိုင်သလောက် အမြန်ဆုံး ရင်းနှီးနိုင်ဖို့ လိုအပ်သည်။
ကျွမ်းကျွမ်း မျက်နှာသစ်ပြီး အဝတ်ဝတ်နေတာကို ကြည့်နေရင်း ကျန်းတန်းဟယ် တစ်ယောက် အလွန် ပျော်ရွှင်နေခဲ့သည်။ သူ့၏ သားသည် အရမ်း ဉာဏ်ကောင်းပြီး အမှီအခိုကင်းသော ကလေး တစ်ယောက်ဖြစ်သည်။ သူ့၏ ဇနီးက သေချာ သင်ပြပေးထားလို့ပဲ ဖြစ်ရမည်။ သူ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ?
ကျွမ်းကျွမ်းသည် မျက်နှာ သုတ်နေရင်းဖြင့် နေရာမှာတွင် ရပ်ကာ မျက်နှာတွင် ကျေနပ်ပျော်ရွှင်ခြင်းတို့ ဆင်မြန်းထားတဲ့ ကျန်းတန်းဟယ်ကို လျို့ဝှက်စွာအကဲခတ် လိုက်သည်။
ထို့နောက်တွင် သူတို့သုံးယောက်သည် ဧည့်ခန်းမသို့ အတူတူ သွားလိုက်ကြသည်။ လီရှို့ကျီလဲ အခုမှ ရောက်တာ ဖြစ်သည်။ ပုံမှန်ဆို သူသည် အရင်ဆုံး ရောက်တတ်ပေမဲ့ ဒီနေ့တော့ သူ အနည်းငယ် နောက်ကျ နေခဲ့သည်။
လီရှို့ကျီသည် ရောက်ရောက်ချင်းပဲ ထိုင်ခုံတွင် ပင်ပန်းစွာ ဝင်ထိုင်လိုက်သည်။ သူ့၏ မျက်လုံးအောက်တွင် ကြီးမားသော အမဲကွင်းများ ရှိနေခဲ့သည်။
“ မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရဘူးလား? ဦးလေး”
ကျွမ်းကျွမ်းသည် လီရှို့ကျီ နှင့် အလွန် ရင်းနီးတာမလို့ လီရှို့ကျီကို အခုလို ပုံစံနှင့်တွေ့သော အခါတွင် သိချင်စိတ်ဖြင့် မေးလိုက်သည်။
ကျွမ်းကျွမ်း၏ စကားက အခန်းထဲရှိ တစ်ခြား သူနှစ်ယောက်ကိုပါ ဆွဲဆောင်သွားခဲ့သည်။
လီရှို့ကျီ၏ ပုံစံကိုမြင်ပြီး ရှောင်းကော ရယ်ချင်သွားခဲ့သည်။
“ သူ့ကို ကြည့်ရတာ ပန်ဒါ ဝက်ဝံလိုပဲ ဟားဟား”
ကျွမ်းကျွမ်းနှင့် ရှောင်းကောသည် ကျယ်လောင်စွာ ရယ်မောနေကြသည်။ လူနှစ်ဦးပဲ မရယ်နိုင်နေတာ ဖြစ်သည်။
ထိုစကားကို ကြားသောအခါမှာ လီရှို့ကျီသည် ကျန်းတန်းဟယ်ကို ဝမ်းနည်းစွာ ကြည့်လိုက်သည်။ တစ်ယောက်သောသူကတော့ ခေါင်းငုံ့ပြီး ရှောင်းကော၏ ပန်းကန်ထဲကို ဟင်းများ ထည့်ပေးနေတာ ဖြစ်သည်။
'ဒီလူက တရားခံပဲ!'
လီရှို့ကျီ အံကြိတ်လိုက်ကာ “စိတ်မပူပါနဲ့ ဦးလေး အဆင်ပြေတယ်။ ဦးလေး မနေ့ညက မျောက်စုတ်မျောက်နာ တစ်ကောင်ဆီက အနှောက်ယှက်ခံနေရတာမို့ ကောင်းကောင်းမအိပ်လိုက်ရဘူး”
ကျန်းတန်းဟယ်သာ သားနှင့် ဇနီးအကြောင်းကို သူ့ဆီလာပြီး တစ်ညလုံး မဆွေးနွေးနေဘူးဆိုရင် သူ ကောင်းကောင်း အိပ်လိုက်ရမှာပင်။ အဲ့ဒါထက် ကျန်းတန်းဟယ်၏ ဇနီးဖြစ်သူက ဘယ်လောက် တော်ကြောင်း၊ သားဖြစ်သူက ဘယ်လောက်ထူးချွန်ကြောင်းကို သူ့လို လူပျိုလေးက ဘာအကြောင်းကြောင့် နားထောင် ပေးရမှာလဲ? တော်ပါတော့ မင်းရဲ့ သားနဲ့ ဇနီးက ခင်ဗျားကို တစ်ကယ် ဂရုမစိုက်ဘူးလို့!
သို့သော်ငြား ထိုမျောက်စုတ်ကတော့ လီရှို့ကျီကို ဂရုမစိုက်ခဲ့ပေ။ ထိုသူသည် ဆက်လက်ပြီး ရှောင်းကောနှင့် ကျွမ်းကျွမ်းကို ဟင်းထည့်ပေးနေခဲ့သည်။
ထိုအရာကို မြင်တော့ လီရှို့ကျီ အံကိုသာ ကြိတ်နိုင်ပြီး ကျန်းတန်းဟယ်ကို သူ့ပါးစပ်ထဲရှိ အစာအဖြစ် မြင်ယောင်ကာ အသားကုန် ဝါးနေလိုက်တော့သည်။
ကျွမ်းကျွမ်းသည် ထိုစကားကို ကြားပြီး နောက်မှာ ရှုတ်ထွေးသွားခဲ့သည်။ သူသည် လီရှို့ကျီကို ကြည့်လိုက်ပြီး ထို့နောက်တွင် ကျန်းတန်းဟယ်ကို လှည့်ကြည့်လိုက်သည်။ ဘာလို့ ဦးလေးလီရှို့ကျီက မျောက်စုတ် အကြောင်း ပြောတဲ့အချိန်မှာ သူ့အဖေကို ကြည့်နေရတာလဲ? သူ လုံးဝ နားမလည်ပေ။
ကျွမ်းကျွမ်း အတွေးအာရုံထဲ နစ်နေချိန်တွင် ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်း၏ ပန်းကန်ထဲသို့ ဟင်းတွေ အပုံလိုက် ထည့်ပေးပြီးနေပြီဖြစ်သည်။
ကျွမ်းကျွမ်း မြင်လိုက်ရသောအခါတွင် အံ့သြ သွားခဲ့ပေမယ့် အခုပမာဏလောက်က ကျွမ်းကျွမ်းအတွက် ဘာမှ မဟုတ်သေးပေ။
ကျွမ်းကျွမ်း ပျော်ရွှင်စွာ စားနေတာကို မြင်လိုက်ရတော့ ကျန်းတန်းဟယ်လဲ ပျော်သွားခဲ့သည်။ ကြည့်ရတာ သူ့၏ သားသည် သူ အဖေဖြစ်တာကို ကြိုက်လို့ ဖြစ်မည်။ မဟုတ်ရင် ကျွမ်းကျွမ်း အခုလို ပျော်ရွှင်စွာ စားလိမ့်မည် မဟုတ်ပေ။
ထိုသို့တွေးမိပြီးတဲ့နောက်တွင် ကျန်းတန်းဟယ်သည် ပို၍ ယုံကြည်ချက် ရှိလာတော့သည်။ အနောက်ကို လှည့်ကာ ရှောင်းကော၏ ပန်းကန်ထဲသို့ သူ ဟင်းတွေ ထပ်ထည့်ပေးလိုက်သည်။
ရှောင်းကော မျက်မှောင် ကြုတ်သွားခဲ့သည်။ သူမ တစ်ကယ်ကို ထပ်မစားနိုင်တော့ပေ။ ဟင်းတွေ မဖြုန်းတီးမိရန် သူမ အကောင်းဆုံး ကြိုးစားနေခဲ့တာ ဖြစ်သည်။ ကုန်ခါနီးပြီမို့ အလင်းရောင်လေး မြင်ရခါနီးတွင် ထပ်မံပြီး ဟင်းအပုံလိုက်ကြီးသည် ပေါ်လာခဲ့သည်။ ဒါက သူမအတွက် နောက်ဆုံး အကန့်အသတ်ပဲ။ ရှောင်းကောသည် ထပ်မစား နိုင်တော့တာမို့ သူမ၏ ပန်းကန်နှင့် တူကို ချလိုက်တော့သည်။
“ မင်းဘာလို့ မစားတာလဲ? မင်းက အရမ်း ပိန်လွန်းတယ်”
ကျန်းတန်းဟယ်သည် သူမ၏ အပြုအမူကို သတိထားမိတဲ့အတွက် သူ့၏ စိတ်ပူမှုကို ဖော်ပြလိုက်သည်။
ရှောင်းကောသည် လည်ချောင်းအတွင်းမှ ဆန်တက်လာသော ထမင်းများကို အတင်း ပြန်မြိုချလိုက်ရပြီး “ ကျွန်မ ထပ်မစားနိုင်တော့ဘူး” နူးညံ့စွာ ပြန်ဖြေ လိုက်သည်။
ကြောင်စာလောက်သာ စားလေ့ရှိသော သူမသည် အခု အများကြီး စားထားတာ ဖြစ်သည်။ သူမ တစ်ကယ်ကို ထပ်မစားနိုင်တော့ပေ။
“ မေမေက မနက်စာကို အများကြီး မစားတတ်ဘူး”
ရှောင်းကောကို ထပ်စားဖို့ ကျန်းတန်းဟယ် တိုက်တွန်းနေတာကို ကျွမ်းကျွမ်းမြင်သောအခါမှာ အမေဖြစ်သူ အတွက် အမြန် ဝင်ပြောပေးလိုက်သည်။ သူ့၏ မိခင်ကို မသက်မသာ ခံစားရတာမျိုး သူ မလိုချင်ပေ။
ကျန်းတန်းဟယ် အနည်းငယ် ရှက်သွားခဲ့သည်။ သူ့၏ ဇနီးသည် မနက်စာကို အများကြီး မစားနိုင်ပေ။ သူ ဘယ်လိုတောင် သူမကို ဖိအားပေးမိ သွားရတာလဲ?
ထို့ကြောင့် ကျန်းတန်းဟယ်က ဟင်းများကို သူ့ ပန်းကန်းထဲသို့ လောင်းထည့်လိုက်သည်။
ရှောင်းကော၏ အမြင်အာရုံသည် ဝေဝါး သွားခဲ့သည်။ သူမအရှေ့က တစ်ဝက်အပြည့် ထည့်ထားသော ဟင်းတွေက ချက်ချင်းဆိုသလို ပျောက်သွားခဲ့သည်။ အနီးကပ် ကြည့်လိုက်ပြီးချိန်တွင် ဟင်းတွေသည် ဘေးက ပန်းကန်ထဲကို ရောက်သွားကြောင်း သူမ တွေ့လိုက်ရသည်။
“ဟေး ဒါတွေက ကျွန်မ…”
ရှောင်းကော ပြောလို့ မပြီးသေးခင်မှာပဲ ကျန်းတန်းဟယ်က စစားနေပြီ ဖြစ်သည်။ ထိုသူသည် အဓိပ္ပါယ်ပါပါ စကားလုံးတစ်ချို့ကို ပြောလိုက်ပြီး ရှောင်းကောကို ရှက်ရွံအောင်ပင် လုပ်သွားလိုက်သေးသည်။
“ ကိုယ် ဒါကို စားရတာ ကြိုက်တယ်”
ထိုစကားကို ပြောနေချိန်မှာ ထိုသူသည် ရှောင်းကောကို ကြည့်နေခဲ့သည်။
ထိုသူ၏ အဓိပ္ပါယ် နှစ်ခွဖြစ်နေသော စကားလုံးကြောင့် ရှောင်းကော အရှက်သည်းသွားလေသည်။ ဒီလူ ဘာတွေ ပြောနေတာလဲ? သူမ တွေးနေသလိုမျိုးလား? ရှောင်းကော တွေးမိလေလေ သူမ၏ မျက်နှာသည် ပိုလို့ နီဆွေးလာလေ တော့သည်။
ထိုအရာကို ကျန်းတန်းဟယ် တွေ့သောအခါတွင် သူလိုချင်တဲ့ ပန်းတိုင်ကို ရပြီဆိုတာ သိလိုက်ရပြီး ပန်းကန်ထဲမှ ဟင်းများကို ပျော်ရွှင်စွာဖြင့် ဆက်စားနေလိုက်သည်။ အရမ်း စားကောင်းတာပဲ။ ဟင်းကလဲ စားကောင်းသလို လူကလဲ…
ထမင်းဝိုင်းတွင် ကျွမ်းကျွမ်းသည် အတည် စားနေခဲ့သည်။ လီရှို့ကျီသည်လဲ သူ့(ကျန်းတန်းဟယ်)ကို အတည်စားနေခဲ့သည်။
ကျန်းတန်းဟယ်သည်လဲ ရှောင်းကောကို အဓိပ္ပါယ်မပေါ်လွင်သော အကြည့်နှင့် ဆက်ကြည့်နေခဲ့သည်။ ရှောင်းကော၏ မျက်နှာသည်လည်း နီသထက် နီလာတော့သည်။
ကျွမ်းကျွမ်း စားလို့ ပြီးသွားတာနှင့် ရှောင်းကောသည် ချက်ချင်းပဲ ကျွမ်းကျွမ်းကို အိမ်ထဲ ခေါ်သွားလိုက်သည်။
“မေမေ ဘာဖြစ်လို့လဲ?”
ကျွမ်းကျွမ်းသည် လှည့်ပတ် သွားနေခဲ့သည်။ အစောပိုင်းက သူအများကြီး စားမိသွားသည်လေ။
“ ဘာမှ မဟုတ်ပါဘူး”
ရှောင်းကောသည် အိပ်ယာမှ ထလိုက်သည်။ သူမ၏ မျက်နှာသည် အခု ပိုပြီး သဘာဝဆန်သွားပြီ ဖြစ်သည်။
“ ကျွမ်းကျွမ်း သား ဗိုက်ကယ်နေတာ သက်သာ သွားရင် မေမေတို့ ဈေးဝယ် ထွက်ကြရင်ဘယ်လိုလဲ?”
“ကောင်းတာပေါ့!”
ထိုစကားကို ကြားပြီးနောက် ကျွမ်းကျွမ်းက ပျော်ရွင်စွာ ရယ်မောလိုက်သည်။ သူ အပြင်ကို အလွန်ကို ထွက်ချင် နေခဲ့တာဖြစ်သည်။ အစာ မြန်မြန်ကျေအောင်လို့ သူ ပတ်ပြေးပြီး ခုန်နေ လိုက်တော့သည်။
ကျွမ်းကျွမ်း ပြုတ်ကျသွားမှာကို ရှောင်းကော စိုးရိမ်နေခဲ့သည်။ သူမ အရင် မပြောလိုက်သင့်ပေ။
“ ကိုယ် အတူတူ လိုက်ခဲ့မယ်”
အပြင်ဘက်မှ ကျန်းတန်းဟယ်၏ စကားသံ ပေါ်လာခဲ့သည်။ စကားသံ ဆုံးတာနှင့် ကျန်းတန်းဟယ်သည် အခန်းအတွင်း ဝင်လာခဲ့သည်။
“ ကိုယ်က မြို့တော်နှင့် ပိုပြီး ရင်းနီးတယ်လေ။ မင်းတို့နဲ့ လိုက်ခဲ့မယ်”
“ရှင်က အလုပ်မများဘူးလား?”
မမေးလိုက်ခင်တွင် ရှောင်းကော အချိန်အကြာကြီး စဥ်းစားနေခဲ့တာ ဖြစ်သည်။ ကျွမ်းကျွမ်းလဲ ထိုသို့ မေးချင်နေခဲ့သည်။ သူနှင့်သူ့အမေ၏ အတူတူ ကုန်ဆုံး ချိန်များကို သူ မေ့သွားနိုင်သည်လေ။
“ ရပါတယ်။ ကိုယ် အလုပ်မများပါဘူး။ မင်းတို့က အရေးအပါဆုံးပဲ”
ကျန်းတန်းဟယ်က သေချာ တုံးချင်ယောင် ဆောင်နေတာလား ရှောင်းကောလဲ မသိတော့ပေ။ သူမ ပြောချင်သည့် ဆိုလိုရင်းကို ကျန်းတန်းဟယ် မပြောနိုင်ဘူးလို့တော့ မယုံပေ။
တိတ်ဆိတ်နေတဲ့ နှစ်ယောက်ကို ကျန်းတန်းဟယ် ကြည့်လိုက်ပြီး သူ့ မျက်နှာပေါ်က အပြုံးက ပိုကြီးလာခဲ့သည်။
အဆုံးမှာတော့ သူတို့လေးယောက်သည် အိမ်ကနေ အတူ ထွက်လာခဲ့ကြသည်။
'နေပါအုံး… ဘာကြောင့် လူ လေးယောက် ဖြစ်နေတာလဲ?'
“ ကျွမ်းကျွမ်း ကျွမ်းကျွမ်း ရထားလုံးထဲ လာလေ!”
“ ဟုတ်ပြီ ရှောက်ယိ ငါလာပြီ!”
အရှေ့မှ ပြေးလွှားနေသော ကလေး နှစ်ယောက်ကို ကြည့်နေရင်း ရှောင်းကော၏ မျက်နှာထက်တွင် ပြုံးနေခဲ့သည်။ သူမ၏ ဘေးတွင်တော့ မဲမှောင်နေသော မျက်နှာနှင့် ကျန်းတန်းဟယ် ရှိနေခဲ့သည်။
ဒါလေးက သူတို့ မိသားစု သုံးယောက် အတွက် မိသားစု ခရီးစဥ်လေး ဖြစ်ရမှာလေ။ သူတို့အတွက် ချည်နှောင်ပေးမဲ့ ဆက်ဆံရေးကို တိုးတက်စေမဲ့ အချင်းချင်း ဆက်သွယ်နိုင်မဲ့ ခရီးစဥ်လေး ဖြစ်ရမှာလေ။
ဒါပေမဲ့ ရှောက်ယိနှင့် ပတ်သတ်ပြီး ဘာတွေဖြစ်နေလဲ တစ်ယောက်ယောက် ပြောပေးနိုင်မလား?
ကျန်းတန်းဟယ်သည် သူ့အရှေ့ရှိ ခုန်ပေါက်နေသော ကလေးငယ်ကို ကြည့်လိုက်သည်။ ဟိုကောင်စုတ်…
နန်းတော်အတွင်း၌ အလုပ်ကြိုးစားနေသော လီရှို့ကျီတစ်ယောက် နှာချေတော့သည်။
သူ့ရဲ့ နှာခေါင်းကိုယ် ပွတ်သတ်ပြီး တွေးလိုက်သည်။'ဘယ်သူ သူ့အကြောင်း ပြောနေတာပါလိမ့်?'
ဘာတွေ ဖြစ်ခဲ့တာလဲ?
လီရှို့ကျီ မနက်စာ စားပြီးနောက်ပိုင်း စတင်ခဲ့တာ ဖြစ်သည်။
လီရှို့ကျီသည် မနက်စာ စားပြီး၍ အခန်းထဲ၌ အဝတ်လဲ နေချိန်တွင် ကျန်းတန်းဟယ်သည် တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။ ကျန်းတန်းဟယ်သည် ဈေးဝယ် ထွက်မှာ ဖြစ်ကြောင်း လီရှို့ကျီကို တိုက်ရိုက် ပြောလာခဲ့ပြီး လက်တိုလက်တောင်း အလုပ်တစ်ချို့ကို လီရှို့ကျီ အတွက် ခိုင်းသွားခဲ့သည်။ တစ်နေရာကနေ တစ်ခုခုအတွက် စာအိတ်တစ်ချို့ကို ယူဖို့ကိုပါ တောင်းဆိုခဲ့သည်။ ထို့နောက်တွင် စစ်တပ် ဋ္ဌာနကို သွားပြီး သူ့အတွက် နာမည်စာရင်းတစ်ချို့ကိုပါ ယူခိုင်းခဲ့သေးသည်။
ခိုင်းစေမှု တစ်သီတစ်သန်းကြီး အပြီးမှာတော့ ကျန်းတန်းဟယ်သည် လီရှို့ကျီ၏ လူသတ် အကြည့်များကို လျစ်လျူရှုရင်း တံခါးပေါက်မှ တည်ငြိမ်စွာ ထွက်သွားခဲ့သည်။ အခန်းထဲ ဝင်ပြီး တောက်ပသော အရောင်ရှိသော အဝတ်တစ်ချို့ လဲလှယ်ရန်အတွက်ပင်။
ကျန်းတန်းဟယ်အနေနဲ့ အခုသည် သူ့မိသားစုနှင့် ပထမဆုံးအကြိမ် ဈေးဝယ် ထွက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပွဲအခမ်းအနား တစ်ခုကို သွားသကဲ့သို့ ဝတ်ဆင်သင့်သည်လို့ သူထင်သည်။