← Chapters

အခန်း (၁၄၈)

Vol. 10 Ch. 148

အခန်း (၁၄၈)

Vol. 10 Ch. 148

သနားစရာ လီရှို့ကျီ ခမျာမှာ ကျန်းတန်းဟယ် အတွက် အလုပ်များစွာ လုပ်ပေးလိုက်ရသည်။

ထို့အတူပင် လီရှို့ကျီသည် အိမ်က မထွက်ခင်တွင် ကျန်းတန်းဟယ်အတွက် လက်ဆောင် တစ်ခု ပြင်ပေးခဲ့လိုက်သည်။

“ ခင်ဗျားက နွေးနွေးထွေးထွေးလေး ဈေးဝယ် ထွက်ချင်တာမလား? ခင်ဗျားရဲ့ လမ်းကြောင်း လေးထဲ အနွေးဓာတ်လေးတွေ ပို့ပေးလိုက်််မယ်”

လီရှို့ကျီသည် နန်းတော်ကို အမြန်မောင်းပြီး အိမ်ရှေ့မင်းသား ရှောက်ယိကို သွားပင့်လိုက်သည်။

လက်တွေ့လုပ်လိုက်တော့လဲ အရမ်း မခက်ခဲပေ။ ဧကရာဇ်ထံကို တင်ပြ လိုက်တာနှင့် သဘောတူ စာစောင် ရောက်လာခဲ့သည်။ အိမ်ရှေ့မင်းသားသည် အကြောင်း အမျိုးမျိုးကြောင့် နန်းတော်အတွင်းတွင် နေနေရတာ အချိန်ကြာနေပြီဖြစ်သည်။ အပြင်ထွက်ပြီး ကစားတာ ရှောက်ယိအတွက် ကောင်းမှာပင်။ ထို့အပြင် ကျန်းတန်းဟယ်လဲ ပါသည်မို့ စိတ်ချရသည်။

အိမ်ရှေ့မင်းသားကို ခေါ်ရတာက လီရှို့ကျီအတွက် ပိုတောင် လွယ်ကူ သေးသည်။ လီရှို့ကျီသည် (ကျွမ်းကျွမ်းက နန်းတော်အပြင်မှာ ထွက်လည်နေတယ်) လို့ ပြောလိုက်တာနှင့် ရှောက်ယိသည် စားသောက်နေတာ ရပ်သွားခဲ့သည်။ ချက်ချင်းပဲ တူကို ပစ်ချလိုက်ပြီး အင်္ကျီ လဲပြီးတာနှင့် ရထားလုံး အသင့် ပြင်ခိုင်းလိုက်တော့သည်။

လက်ရှိတွင်…

အခုတွင် နှာချေလို့ ပြီးသွားတဲ့ လီရှို့ကျီသည် ကျိတ်ရယ်လိုက်လေသည်။ 'ကျန်းတန်းဟယ်တစ်ယောက် သူ့ဆီက လက်ဆောင်ကြီးကို လက်ခံပြီးလောက်ကောပေါ့။ ငါ့ကို နှိပ်စက် အချိန်ဖြုန်း နေတုန်း မင်းလဲ ပျော်နေလိုက်ပေါ့'

ရထားလုံးအတွင်း၌ လူကြီးနှစ်ယောက်နှင့် ကလေးနှစ်ယောက်သည် အတူ လိုက်ပါ လာကြပြီး မြို့တော်၏ လူရှုပ်သော လမ်းကြားသို့ ရောက်လာခဲ့သည်။

ရှောင်းကောသည် လိုက်ကာကို မလိုက်ပြီး ချိန်မှာပဲ သူမ မှားယွင်းသွားတာကို သိလိုက်ရသည်။ အကြီးကြီးကို မှားသွားခဲ့ပြီ။

သူမ ပထမဆုံး အကြိမ် ရောက်ခဲ့တုန်းက မြို့တော်က သူမတို့ရွာနှင့် မထူးခြားတဲ့ နေရာလို့ တွေးခဲ့မိသည်။ အခု မြင်လိုက်ရတော့ သူမရဲ့ အတွေးက ရယ်ချင်ဖွယ် ကောင်းလောက်အောင် မှားယွင်းခဲ့တာကို ဝန်ခံရပေမည်။

ဘာကို မထူးခြားရမှာလဲ? အကြီးကြီးမှ အကြီးကြီးကို ကွာခြားတာလေ။ ရှောင်းကော၏ စိတ်တွင်းတွင် 'မြို့တော်က မြို့တော်ပါပဲ' ဆိုတဲ့ စကားကိုသာ အကြိမ်ကြိမ် ရေရွတ်နေမိတော့သည်။

လမ်း၏ နှစ်ဖက်လုံးတွင် ကန့်သတ် မထားသော အစားအသောက် မျိုးစုံ၊ အရည် မျိုးစုံကို ရောင်းချနေကြသော ဈေးသည် များစွာရှိသည်။ ထို့အပြင် ရှားပါး သားရေ ပစ္စည်းများနဲ့ တမူ ထူးခြားတဲ့ အထည်စများ၊ လက်ဝတ်လက်စားများလဲ ရှိသည်။

လမ်းမသည် အရှေ့ဘက်နှင့် မြောက်ဘက်အထိ ကျယ်ပြန့်သည်။ လမ်းတစ်လျှောက်တွင် များစွာသော လမ်းလျှောက် သွားနေသူများလဲ ရှိသည်။ ခြင်းတောင်းလေး ကိုယ်စီသယ်ပြီး ဈေးရောင်းဖို့ ကြိုးစားနေ ကြသူများ၊ လှည့်ပတ်သွားနေသူများ၊ ပစ္စည်းများကို သယ်ထားရင်း အလျင်စလို သွားနေကြသူများ၊ မြင်းလှည်း အသီးသီး ဖြင့် ပစ္စည်းပို့နေကြသူများ၊ မြင်းပေါ်တွင် ပစ္စည်းတင်ရင်း သွားနေကြသူများ၊ ဆိုင်ခန်းငယ်လေးတွေထဲတွင် ထိုင်ပြီး စားသောက်နေကြသူများရယ် လက်ဖက်ရည်ဆိုင် အမြင့်ကြီးတွေကနေ ထိုင်ရင်း မြင်ကွင်းကို ရှုစားရင်း မိတ်ဆွေ များနှင့် စကားစမြည် ပြောနေ ကြသူများလဲ ရှိသည်။

အလယ်တွင် မြင့်မားသော ဂိတ်ကြီး ရှိနေပြီး တစ်ဖတ်တစ်ချက်တွင် အိမ်များသည် ဆီတန်းပြီး ရှိနေကြသည်။

အဝတ်အစားတွေ၊ မျက်နှာချေအမှူန့်တွေ ရောင်းတဲ့ ဆိုင်တွေနှင့် လက်ဖက်ရည်ဆိုင်များ၊ အရက်ဆိုင်များ၊ အသားငါးဆိုင်များ စသဖြင့် ဆိုင်တန်းများသည် မရေမတွက်နိုင်အောင် ရှိသည်။

ဤမြင်ကွင်းသည် ရှောင်းကောကို လွှမ်းမိုး သွားတော့သည်။ သူမ လှည့်ပတ်ကြည့် နေတာကို မရပ်နိုင်တော့ပေ။

အရှေ့ရက်က သူမ ဒီကို ရောက်နေတုန်းတည်းက အစောင့်အရှောက်များသည် ခေါင်းတလားကို လှည်းအတွင်း ထည့်ပြီး မြို့အတွင်း လှည့်ပတ်သွားပြီးပြီ ဖြစ်သည်။ ထိုရက်တွေတုန်းက လမ်းသည် ခြောက်ကပ်နေခဲ့ပြီး မြို့တော်မှာ ဘာမှ များများစားစား မရှိဘူးလို့တောင် သူမ တွေးခဲ့သေးသည်။

အခု သူမတို့သည် မြို့တော်၏ အလယ်ကို ရောက်နေခဲ့ပြီး ရှောင်းကော အင်မတန် စိတ်လှုပ် ရှားနေခဲ့သည်။ သူမ၏ မျက်လုံးထဲတွင် အပြင်ဘက်က မြင်ကွင်းတွေသာ လွှမ်းမိုး နေသည်။ ရှောက်ယိနှင့် ကျွမ်းကျွမ်းပါ အပါအဝင် သူမတို့ သုံးယောက်သည် လှည့်ပတ် ကြည့်နေကြပြီး စိတ်ဝင်စားစရာ တစ်ခုခု တွေ့တာနှင့် အံ့သြတကြီး ပြောကြလိမ့်မည်။

ရှောင်းကော၏ ကလေးဆန်လှတဲ့ အပြုအမူကို ကျန်းတန်းဟယ် တစ်ယောက် ချစ်မဝစွာ ကြည့်နေမိပြီး မနေနိုင်စွာ ပြုံးလိုက်သည်။ သူမက အလွန် ချစ်ဖို့ကောင်းတာပဲ။

ရှောင်းကောနှင့် ကျွမ်းကျွမ်းသည် ယခုကဲ့သို့ အသက်ဝင်လှသော မြင်ကွင်းမျိုးကို မမြင်ဖူးခဲ့ပေ။ ရှောက်ယိလဲ အတူတူပင်။ သူသည် တစ်ခြား မြို့ တွေမှာတုန်းကလဲ နေအိမ်မှ ထွက်တာရှားသည်။ အခု မြို့တော်ကို ရောက်တော့လဲ တစ်ခါမှ အပြင်ထွက်ဖို့ အခွင့်အရေး မရခဲ့ပေ။ ရှောက်ယိသည် နေ့ကော ညကော နန်းတော်အတွင်း၌ ပိတ်မိနေခဲ့တာ ဖြစ်သည်။

ထိုအချိန်တွင် ကျွမ်းကျွမ်းသည် တစ်နေရာကို လက်ညိုးထိုးပြီး ကျယ်လောင်စွာ ပြောလိုက်လေသည်။ ရှောင်းကောနှင့် ရှောက်ယိကိုပါ လှည့်ကြည့် ခိုင်းလိုက်သည်။ ချက်ချင်းပဲ သုံးယောက်လုံးသည် ပြိုင်တူ အံ့သြတကြီး ရေရွတ်လိုက်တော့သည်။

လမ်းဘေး ဖျော်ဖြေသူ တစ်ယောက်နှင့် အခုလို တွေ့ရမယ်လို့ ရှောင်းကော မမျှော်လင့်ထားခဲ့ပေ။ မိန်းမငယ်လေး တစ်ယောက်က စတန့်အကွက်တွေ၊ ကျွမ်းထိုး ပြတာတွေကို ရှောင်းကော ကြည့်နေခဲ့သည်။ ရှောင်းကော မနေနိုင်စွာပဲ ထပ်မံ အံ့သြတကြီး ရေရွတ်မိပြန်တော့သည်။

ရုတ်တရက် သူမ အနောက်ကနေ ရယ်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

ရှောင်းကော အလိုလို အနောက်ကို လှည့်ကြည့် လိုက်ချိန်တွင် သူမကို အကြင်နာ မျက်လုံးများနှင့် ကြည့်နေသော ကျန်းတန်းဟယ်ကို တွေ့လိုက်ရသည်။

သူမ၏ နှလုံးသည် ရုတ်တရက် ဆောင့်ခုန် သွားခဲ့ပြီး ထို့နောက်တွင် ကျယ်လောင်စွာ စတင် ခုန်ပေါက် လာပါတော့သည်။ ကျန်းတန်းဟယ်များ ကြားသွားလောက်မလား ရှောင်းကော စိုးရိမ်မိပြီး သူမသည် အဝေးကို တိုးသွားလိုက်သည်မှာ ရထားလုံး၏ ညာဘက်ဘေးကို ရောက်သည်အထိပင်။

ရှောင်းကောသည် ကျန်းတန်းဟယ်ကို ထပ်မကြည့် ရဲတော့ပေ။ ထိုအချိန်တွင် ကျွမ်းကျွမ်းနှင့် ရှောက်ယိသည် စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့ရှိသွားခဲ့သည်။ ထို့ကြောင့် ရှောင်းကောကိုပါ ကြည့်လာအောင် ခေါ်ခဲ့သည်။ ထိုအချိန်မှသာ ရှောင်းကောသည် စိတ်သက်သာရာရသလို ခံစားလိုက်ရပြီး ချက်ချင်းအပြင်ကို လှည့်ကြည့်လိုက်သည်။

သို့ပေမဲ့ ဘာကြောင့်ရယ်မသိ အပြင်ဘက်ရှိ အံ့သြဖွယ် မြင်ကွင်းကို မြင်လိုက်ပေမဲ့ သူမ၏ မျက်လုံးတွင် ကျန်းတန်းဟယ်၏ အကြည့်ကသာ ကပ်ညှိနေခဲ့သည်။

သူမကိုယ်သူမ ရူးတော့မည်လို့ ရှောင်းကော ခံစားနေရသည်။ အပြင်ဘက်က ရှုခင်းကိုသာ စိတ်ရှုတ်စွာ ကြည့်နေလိုက်ပြီး သိသိသာသာကို ကျန်းတန်းဟယ်၏ အကြည့်ကို ရှောင်းရှားနေခဲ့သည်။

ကျန်းတန်းဟယ်သည် ရှောင်းကော၏ တုံ့ပြန်ပုံကို ကြည့်ရင်း ကျေနပ် နေခဲ့သည်။ သူ့၏ မိန်းမသည် ခွဲရန် ခက်ခဲသော အခွံမာသီး တစ်လုံးလို မဟုတ်တဲ့ပုံပင်။ သူ ပိုပြီး လှုပ်ရှားလိုက်ရင် အဆင်ပြေလိမ့်မည်။

သူမတို့လေးယောက်သည် အောက်ဆင်းပြီး လမ်းလျှောက်ကြရန် ဆုံးဖြတ်လိုက်ကြသည်။ ပြောရလျှင် လှည်းပေါ်မှာပဲ ထိုင်နေရတာသည် အပြင်ထွက်ပြီး ဈေးလမ်းရဲ့ အရသာကို ကိုယ်တိုင်ကိုယ်ကျ ခံစားရတာနှင့် မယှဥ်နိုင်ဘူးလေ။

ကျန်းတန်းဟယ်က ရထားလုံးအတွင်းမှ အရင် ထွက်လိုက်သည်။

ရှောင်းကောလည်း အပြင်ထွက်ဖို့ လုပ်လိုက်ချိန်တွင် သူမအရင်ဆုံး မြင်လိုက်ရသည်က ကျန်းတန်းဟယ်၏ ကြီးမားသော လက်တစ်ဖက်ပင်။ ရှောင်းကော စိတ်ပူပန်မှုများ ပြေပျောက်သွားသလို ခံစားလိုက်ရသည်။

ရှောင်းကော၏ နှလုံးသည် တစ်ချက် ဆောင့်ခုန်သွားတော့သည်။ 'သူမ ဘာတွေ တွေးနေမိတာလဲ? စိတ်ပြေပျောက်စေတယ်? ကျန်းတန်းဟယ်ကို မြင်ရတာကို သူမက တစ်ကယ်ကြီး စိတ်သက်သာရာရနေတာလား?!'

'ရူးနေပြီ ငါရူးနေပြီ!'

ရှောင်းကောသည် ထိုအကြောင်း တွေးနေတာကို ရပ်ရန် ဆုံးဖြတ်လိုက်ပြီး ကျန်းတန်းဟယ်၏ လက်ကို ကိုင်ကာ ဆင်းလိုက်သည်။

ရှောင်းကော ဘာတွေ တွေးနေလဲဆိုတာ ကျန်းတန်းဟယ် မသိပေ။ ရှောင်းကော လုံခြုံတာ သေချာတာနှင့် သူသည် ရထားလုံး အတွင်းရှိ ကျန်နေတဲ့ နောက်လိုက်လေး နှစ်ယောက်ကိုပါ အပြင်ကို ခေါ်ပေးလိုက်သည်။

ဈေးလမ်းပေါ်ကို သွားချင်ဇောဖြင့် ကျွမ်းကျွမ်းသည် ရထားလုံး အောက်ကို ဆင်းဖို့ရန် ပျော်ရွှင်စွာ ကျန်းတန်းဟယ်၏ လက်မောင်းအတွင်း ဝင်လိုက်သည်။ အောက်ရောက်တာနှင့် ကျွမ်းကျွမ်းသည် ရှောင်းကော၏ ဘေးကို ပြေးသွားပြီး သူမ၏ လက်ကို တွဲလိုက်သည်။ အပြင်ထွက်တဲ့ အချိန်မျိုးတွင် လူရှုတ်ခဲ့ရင် သူမ၏ လက်ကို တင်းတင်းကိုင်ထားဟု မှာထားတဲ့ အမေဖြစ်သူရဲ့ စကားကို ကျွမ်းကျွမ်း မှတ်မိနေသည်။

ကျွမ်းကျွမ်းသည် ရှောင်းကော၏ လက်ကို တင်းကျပ်စွာ ကိုင်လိုက်ပြီး အခုတင် အပြင်ကို ရောက်ပြီဖြစ်သော ရှောက်ယိကို လှမ်းခေါ် လိုက်သည်။

“ မြန်မြန် ငါ့မေမေရဲ့ လက်ကို ကိုင်လိုက်”

ထိုစကားကို ကြားသောအခါမှာ ရှောက်ယိသည် ရှောင်းကော၏ လက်ကို ကိုင်လိုက်သည်။

ရှောက်ယိသည် ရှောင်းကော၏ လက်ကို ကိုင်ပြီးကြောင်း ကျွမ်းကျွမ်း မြင်သောအခါမှာ သူ့ သူငယ်ချင်းကို ပြောလိုက်သည်။

“ ရှောက်ယိ ငါ့မေမေ ပြောထားတယ် အပြင်ရောက်ရင် ဖြစ်ဖြစ် လူရှုပ်တဲ့ နေရာ ရောက်ရင်ဖြစ်ဖြစ် အနားမှာ ရှိတဲ့ လူကြီး တစ်ယောက်ယောက်ရဲ့ လက်ကို ကိုင်ရမယ်တဲ့ နားလည်လား?”

ရှောက်ယိတွင် အမေမရှိတာကို ကျွမ်းကျွမ်း သိတာမလို့ ရှောင်းကော သင်ပေးထားသည့် စကားကို ရှောက်ယိကို ပြန်ပြောပြလိုက်ပြီး ‘အမေ’ ဟူသည့် နေရာမှာ ‘လူကြီး'လို့ ပြောင်း သုံးလိုက်သည်။

ရှောက်ယိသည် ကျွမ်းကျွမ်း၏ စကားကို ကြားသည့်အခါမှာ ရုပ်တည်လေးနှင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် ကျွမ်းကျွမ်းကို အတုယူပြီး ရှောင်းကော၏ လက်ကို တင်းကျပ်စွာ ကိုင်လိုက်သည်။

ထိုအချိန်တွင် ရှောင်းကော၏ လက်နှစ်ဖက်လုံးကို ကလေးနှစ်ယောက်လုံးက ကိုင်ထားကြသည်။ စိတ်ပျက်လက်ပျက် အမူအရာဖြင့် ကျန်းတန်းဟယ်သည် ကြည့်နေခဲ့သည်။ ကလေးတစ်ယောက်ကို ခဏ ဖယ်ပြီး သူ့အတွက်လည်း နေရာလေး လုပ်ချင်လိုက်တာ..

သို့ပေမဲ့လဲ အခုသူတို့သည် လူကြားထဲ ရောက်နေတာဖြစ်ပြီး လမ်းလဲရှုပ်သည်။ ကလေးနှစ်ယောက်ကို အလယ်မှာထားပြီး လူကြီးနှစ်ယောက်က လျှောက်တာက ပိုလုံခြုံသည်။ ထို့ကြောင့် လူကြီးတစ်ယောက်က ကလေးတစ်ယောက် ဆီကို ကိုင်ထားပေးတာ ပိုကောင်းမည်။

ကျွမ်းကျွမ်းသည် မိခင်၏ လက်ကို ကိုင်ချင်ပေမဲ့ ရှောက်ယိဖြစ်နေသည့်အတွက် သူ အလျော့ပေးလိုက်သည်။

ရှောက်ယိသည် ရှောင်းကော၏ လက်ကို ကိုင်ထားရင်း မျက်လုံးထဲတွင် အပျော်များ ပြည့်နေကာ ကျွမ်းကျွမ်းကို ပျော်ရွှင်စွာ ကြည့်ရင်း သူ့၏ ပျော်ရွှင်မှုကို ဖော်ပြလိုက်သည်။

ကျွမ်းကျွမ်းလဲ ပျော်ရွှင်စွာ တုံ့ပြန်လိုက်သည်။ ကျွမ်းကျွမ်းသည် အနောက်ကိုလှည့်ကာ ကျန်းတန်းဟယ်ကို ခါးသက်စွာ ကြည့်လိုက်သည်။ ကျန်းတန်းဟယ်နှင့် လက်ချင်းတွဲထားရတာ သူ မပျော်ပေ။

ကျန်းတန်းဟယ်သည် သူ့မိန်းမ၏ လက်ကို ကိုင်နိုင်ခွင့်မရခဲ့ဘူးဆိုပေမဲ့ သားဖြစ်သူ၏ လက်ကို ကိုင်ထားရတာဆိုတော့ သူ့အတွက် မဆိုးဘူး ပြောနိုင်သည်။

ဒါ့အပြင် ကျွမ်းကျွမ်းသည် သူ့လက်ကို ကိုင်ဖို့ မျှော်လင့်နေတယ်လို့ သူခံစားနေရသည်။

'အဲ့လိုမှ မဟုတ်ရင် ကျွမ်းကျွမ်းဘာလို့ ရှောက်ယိကို ရှောင်းကော၏လက်ကို ကိုင်နိုင်အောင် လုပ်ပေးမှာလဲ? ဒါသာ ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ဘူးဆိုရင် ဘာက ရည်ရွယ်ချက်ရှိရှိ လုပ်တာ ဖြစ်မလဲ? ဒီကလေးက တော်တော်တွေးတတ်တာပဲ။ ကိုယ့်အဖေရဲ့လက်ကို ကိုင်ချင်တာများ ပြောလိုက်လဲ ရတာပဲ။ ဘာအတွက် ရှက်နေရတာလဲ? သူ အဖေတစ်ယောက် အနေနဲ့ လက်ဦးမှုယူပြီး စလှုပ်ရှားပေးရမယ်'

ကျန်းတန်းဟယ်သည် ဈေးဆိုင်မှ ဈေးစစ်ခွင့် ရလိုက်သကဲ့သို့ ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။ သူသည် ကျွမ်းကျွမ်း၏ လက်သေးသေးလေးကို ကိုင်ပြီး သူ့၏ အချစ်ကို ဖော်ပြရန် ခပ်တင်းတင်းလေး ညှစ်လိုက်သည်။ ကျွမ်းကျွမ်းက သူ့ကို မော့ကြည့် လာချိန်တွင် ကျန်းတန်းဟယ်သည် မျက်စိမှိတ်ပြလိုက်ပြီး ကျွမ်းကျွမ်းကို (စိတ်မပူပဲ မင်းရဲ့အချစ်ကို အဖေ့ကို ဖော်ပြလို့ ရပါတယ်) လို့ ရည်ညွှန်းလိုက်သည်။

ကျွမ်းကျွမ်းသည် စိတ်ရှုတ်စွာဖြင့် ခေါင်းငုံ့လိုက်သည်။

'သူဘာလို့ မျက်စိမှိတ်ပြနေတာလဲ? ထူးဆန်းတယ်..'

ပြီးတော့ ဘာလို့ ကျန်းတန်းဟယ်သည် သူ့လက်ကို ညှစ်လိုက်ရတာလဲ? အဲ့ဒါက နည်းနည်း နာသည်။ ကျန်းတန်းဟယ် ဘာကြောင့် လုပ်လိုက်လဲဆိုတာကို ကျွမ်းကျွမ်း မော့ကြည့်လိုက်ပေမဲ့ ထိုသူသည် သူ့ကို မျက်လုံး မှိတ်ပြလာမည်လို့ ကျွမ်းကျွမ်း မမျှော်လင့်ထားခဲ့ပေ။ ဒီလူက တော်တော် ထူးဆန်းတာပဲ…

ကျွမ်းကျွမ်းသည် အရှေ့မှ ပျော်ရွှင်စွာ လျှောက်နေကြသော ပုံရိပ်နှစ်ခုကို ကြည့်ပြီး တွေးလိုက်သည်။ 'ရှောက်ယိရေ.. ငါ မင်းအတွက် ပေးဆပ်ခဲ့တာနော်..'

All Chapters