← Chapters

အခန်း (၁၅၀)

Vol. 10 Ch. 150

အခန်း (၁၅၀)

Vol. 10 Ch. 150

လူနှစ်ယောက်၏ နှုတ်ခမ်းက မီလီမီတာ အနည်းငယ်ပဲ ကွာတော့ချိန်မှာ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရှောင်းကောသည် ချက်ချင်း အသိဝင်သွားပြီး ကျန်းတန်းဟယ်ကို တွန်းလွှတ်လိုက်သည်။

ကျန်းတန်းဟယ်သည် စိတ်ပျက်မှုကြောင့် ထိုင်ကျတော့မတတ် ဖြစ်သွားခဲ့သည်။ 'အရမ်းကို နီးကပ်နေခဲ့ပြီ နီးကပ်နေခဲ့ပြီလေလို့!!!'

ရှောင်းကော၏ နှလုံးသားထဲတွင် ဗြောင်းဆန် နေခဲ့သည်။ ရှောင်းကောသည် သူမ အခုတင် ဘာလုပ်လိုက်မိတာလဲကို ထိတ်ထိတ်ပျာပျာ အံ့သြနေမိပြီး သူမ ကျန်းတန်းဟယ်ကို မကြည့် ရဲတော့ပေ။

ကြမ်းပြင်မှာ အပေါက်တစ်ပေါက် ရှိနေလို့ကတော့ ရှောင်းကော သေချာပေါက် ဝင်ပုန်းလိုက်ပြီးပြီဖြစ်သည်။

ထိုအချိန်မှာ အစောက အသံနှင့် တူညီသည့် အသံကို အိပ်ရာဘေးမှ ထပ်မံကြားလိုက်ရသည်။

ရှောင်းကော အမြန် အပြေး သွားကြည့် လိုက်ချိန်မှ ကျွမ်းကျွမ်းသည် သူ့၏ ခေါင်းအုံနှင့် မတော်တဆ တိုက်မိရာက ထွက်လာသော အသံမှန်း သိလိုက်ရသည်။ ကျွမ်းကျွမ်းက စောင်များကို ကန်ထားသည်။

အကူအညီမဲ့စွာပဲ ရှောင်းကောသည် ခေါင်းအုံးကို ပြန်ပြင်ပေးလိုက်ပြီး စောင်ပြန် ခြုံပေးထားလိုက်သည်။

ကျန်းတန်းဟယ်သည်လည်း အနားကို ရောက်လာပြီး သူတို့ကို ဘာက နှောက်ယှက်ခဲ့လဲ လာကြည့်ခဲ့သည်။ ကျွမ်းကျွမ်း အိပ်နေရင်းမှ ကန်ထုတ်ထားသော စောင်နှင့် ခေါင်းအုံး ဖြစ်နေခဲ့သည်။

“...ဟူး”

ကျန်းတန်းဟယ် တွေးလိုက်မိသည်။ သားတစ်ယောက် ရှိရတာက သမီးတစ်ယောက် ရှိရတာလောက် မကောင်းဘူး။

ထိုအချိန်မှာ ကျန်းတန်းဟယ်သည် ရုတ်တရက် သမီးဖြစ်သူကို သတိရသွားခဲ့သည်။ သူသည် ရှောင်းကောကို သူ့သမီးအကြောင်း မေးချင်နေခဲ့သည်။ ရှောင်းကောရော ကျွမ်းကျွမ်းရောသည် သမီးအကြောင်း လုံးဝ မပြောကြတာ နည်းနည်း ထူးဆန်းသည်။

ရှောင်းကောသည် ကလေးနှစ်ယောက်ကို စောင်ခြုံပေးပြီး သွားချိန်တွင် အိပ်ရာပေါ်တွင် ဝင်ထိုင်လိုက်သည်။ ရှောင်းကောသည် အနောက်လှည့်ကြည့်လိုက်ချိန်တွင် ကျန်းတန်းဟယ်ကို မြင်လိုက်ရပြီး သူမ နောက်နှစ်ပေါင်းများစွာ အထိ နောင်တရနေမဲ့ အရာတစ်ခုကို လုပ်လိုက်ခဲ့သည်။

သူမ ခုနှစ်နှစ် ကြာတဲ့အထိကို ကျန်းတန်းဟယ်ထံမှ စခံနေရတဲ့ အရာလဲ ဖြစ်သည်။

ရှောင်းကောသည် ကျန်းတန်းဟယ်ကို မြင်တဲ့အခါမှာ အိပ်ရာရဲ့ လိုက်ကာစနောက်ကို ဝင်ပုန်းလိုက်သည်။

ရှောင်းကောသည် ကျန်းတန်းဟယ် အရှေ့တွင် ငှက်ကုလားအုတ် တစ်ကောင်ကဲ့သို့ ပြုမူခဲ့သည်။ ထိုသို့ ပုန်းလိုက်လျှင် ကျန်းတန်းဟယ် သူမကို မတွေ့နိုင်တော့ဘူးလို့ ရှောင်းကော တွေးနေခဲ့သည်။

ကျန်းတန်းဟယ်သည် ထိုအရာကို မြင်သောအခါ ရယ်ချင်စိတ်ကို ထိန်းလိုက်ရသည်။ သူ အခု ရယ်လိုက်မိခဲ့လျှင် ရှောင်းကောနှင့် ဘယ်တော့မှ နီးကပ်နိုင်တော့မည် မဟုတ်ပေ။

ကျန်းတန်းဟယ်သည် သမီးဖြစ်သူအကြောင်းကို မေးချင်နေပေမဲ့ အခုက အချိန်ကောင်း မဟုတ်သေးတာကို သူ သိသည်။ နောက်ပိုင်းရက်တွေမှ ရှောင်းကောကို မေးတာ ပိုကောင်းမည်။

ကျန်းတန်းဟယ်သည် သူထွက်သွားတာကို ရှောင်းကော သိစေရန် လေးလံသော ခြေလှမ်းများနှင့် အခန်းမှ ထွက်သွားခဲ့လိုက်သည်။

မထွက်သွားခင်တွင် ကျန်းတန်းဟယ်သည် ရှောင်းကောကို လှည့်ကြည့်ခဲ့သည်။ ကျန်းတန်းဟယ်၏ နှုတ်ခမ်းထောင့်သည် အပေါ်ကို အနည်းငယ် တက်နေပြီး သူ့ ခေါင်းကို ညင်သာစွာ ခါရမ်းလိုက်သည်။ ရှောင်းကောသည် အလွန်ချစ်ဖို့ ကောင်းနေသည်လေ။

အပြင်ဘက်မှ ဘာလှုပ်ရှားမှုမှ မရှိတော့သည် အထိ ရှောင်းကောသည် လိုက်ကာအနောက်တွင် ပုန်းနေခဲ့ပြီးမှ အပြင်ကို နှေးကွေးစွာ ထွက်လာခဲ့သည်။

“အာ!”

ရှောင်းကောသည် သူမ၏ မျက်နှာကို ဖွက်လိုက်ပြီး တိတ်တဆိတ် ငိုကြွေးလိုက်သည်။ 'ရှက်ဖို့ ကောင်းလိုက် တာ! ဒီနေ့ တစ်ကယ်ကြီး သူမကိုယ်သူမ အရှက်ခွဲမိသွားပြီ!'

“ဟမ်..”

ရုတ်တရက် အသံတစ်သံ ထွက်ပေါ် လာခဲ့သည်။

ရှောင်းကောသည် ချက်ချင်း ကိုယ်ကို ပြန်မတ်လိုက်ပြီး ဘာမှ မဖြစ်ခဲ့သလို အရှေ့ကို မျက်နှာမူထားလိုက်သည်။

အချိန်တစ်ခုကြာတဲ့အထိ ဘာသံမှ ထပ်မကြား ရတော့မှပဲ သူမ စိတ်သက်သာရာ ရသွားခဲ့သည်။ ထို့ကြောင့် အနောက်ကို လှည့်ကာ အသံလာရာကို ကြည့်လိုက်သည်။

သူမ နောက်ဆုံး အသံပိုင်ရှင်ကို တွေ့သွားခဲ့ပြီ။ ကျွမ်းကျွမ်းနှင့် ရှောက်ယိ၏ အိပ်ရင်း လူးလိမ့်နေရာမှ ထွက်လာသော အသံ ဖြစ်သည်။

ရှောင်းကောသည် စိတ်သက်သာစွာ သက်ပြင်း တစ်ချက်ချလိုက်သည်။ ကလေးနှစ်ယောက်သည် သူမတို့ကို မြင်သွားပြီလို့ သူမ တွေးခဲ့မိပေမဲ့ ကလေးနှစ်ယောက်သည် အိပ်ရင်း ယောင်နေရုံသာ ဖြစ်သည်။ သူမ အရမ်းကိုမှ စိတ်သက်သာ ရသွားသည်။

…..

ရှောင်းကောသည် သူမ၏ အဝတ်များကို ခေါက်နေချိန်တွင် ကျွမ်းကျွမ်းနှင့် ရှောက်ယိသည် အချင်းချင်း လက်တွဲရင်း အပြင်မှာ ပြေးလွှားဆော့နေကြတာ ဖြစ်သည်။

တစ်ယောက်ချင်းစီ၏ လက်ထဲတွင် အသီး ချိုချဥ် တစ်ချောင်းစီ ကိုင်ထားကြသည်။

“မေမေ.. မေမေ သားတို့ ဒီနေ့ ညဈေးကို သွားမှာလား?”

ရှောင်းကောသည် အဝတ်များကို ခေါက်နေရင်း ကျွမ်းကျွမ်း၏ စကားအတွင်းမှ ထူးဆန်းမှုကို သတိထားမိခဲ့သည်။

“ညဈေး?”

“ဟုတ်တယ်” ကျွမ်းကျွမ်းသည် ခေါင်းညိတ်လိုက်သည်။

ရှောက်ယိက ဆက်ပြောလိုက်သည်။ “ စစ်သူကြီးကျန်းပြောတာ သားတို့ ဒီည ညစာစားပြီးရင် ညဈေးကို သွားကြမယ်တဲ့”

ထိုအကြောင်းပြချက်ကြောင့် ရှောက်ယိသည် သူ့ကို နန်းတော်ကို ပြန်လိုက်ပို့မဲ့ အစေခံတွေကိုတောင် မောင်းထုတ်ထားတာ ဖြစ်သည်။ ရှောက်ယိသည် သူတို့နှင့် ညဈေးကို အတူသွားပြီး ညကိုလဲ ကျွမ်းကျွမ်းနှင့် အတူ အိပ်ဖို့ ကြံရွယ်ထားခဲ့သည်။

ကလေးနှစ်ယောက် ပျော်နေတာကို မြင်တော့ ရှောင်းကောလဲ ပျော်ရွှင်သွားခဲ့သည်။ ညဈေးဆိုတော့ ရှေးခေတ်ရဲ့ ညဈေးလေး..

“ကောင်းပြီ ဒါဆို ညဈေးကို သွားကြတာပေါ့”

ကျွမ်းကျွမ်းနှင့် ရှောက်ယိသည် ခေါင်းညိတ် ပြပြီး ပြောလိုက်သည်။

“ဟုတ်!”

နေဝင်ပြီးချိန်တွင် လူတစ်အုပ်သည် ညဈေးကို သွားရန် ရထားလုံးဖြင့် ထွက်လာခဲ့ကြသည်။

မြို့တော်၏ ညဘက်တွင် မတူညီသော မြင်ကွင်းရှိသည်။

ရှေးခေတ်ရဲ့ ညဘက်တွင် ရောင်စုံ လျှပ်စစ်မီးများ မရှိပေမဲ့ တိုင်များတွင် ချိတ်ဆွဲထားသည့် လှပသော မီးအိမ်များသည် လမ်းတစ်လျှောက်ကို ထွန်းလင်းပေးနေကြသည်။ ထို့အပြင် မီးအိမ်များသည် ပုံစံမျိုးစုံ ဒီဇိုင်း မျိုးစုံ ရှိ၏။

ဒီမှာ ရှိနေသော အမျိုးသား အမျိုးသမီး များသည် အစောင့်အကြပ် အများကြီး မရှိကြသလို ဒီနေရာတွင် ညမထွက်ရ အမိန့်လဲ မရှိပေ။ အမျိုးသမီးငယ် များစွာသည်လည်း အပြင်ကို ထွက်ပြီး ညဈေးတွင် လည်ပတ်နေကြသည်။

အမျိုးသမီးများသည် နှစ်ယောက် သုံးယောက် စုဝေးပြီး အုပ်စုဖြင့် သွားလာကြသည်။ အရည်အချင်းရှိ စာသင်သားများသည် ဆိုင်များ၏အရှေ့တွင် ကဗျာများစပ်ကြ၊ ပန်းချီများ ဆွဲနေကြသည်။

ရှောင်းကောသည် လိုက်ကာစလေးကို မပြီး အပြင်ဘက်ကို ကြည့်နေခဲ့သည်။ လမ်းများသည် မနက်ကတည်းက တော်တော်လေး အသက်ဝင်နေပြီးသား ဖြစ်သည်။ ညအချိန်တွင်ပါ အခုလိုမျိုး စည်းကားလိမ့်မည်လို့ မမျှော်လင့်ခဲ့မိချေ။

လူတစ်စုသည် ရထားလုံးအတွင်းမှ အတူ ထွက်လိုက်ကြသည်။ ကျွမ်းကျွမ်းနှင့် ရှောက်ယိသည် ရှောင်းကော၏ လက်ကို ကိုင်တော့မည့် အချိန်မှာပဲ ကျန်းတန်းဟယ်သည် ကလေးနှစ်ယောက်၏ ဘေးတွင်ရပ်ပြီး အကြောဆန့်နေသော လီရှို့ကျီကို အရှေ့ကို ကန်ထုတ်လိုက်သည်။ ကလေးနှစ်ယောက်ကို ရှောင်းကောဆီမှ လူခြားပေးလိုက်သည်။

လီရှို့ကျီသည် ကျန်းတန်းဟယ်ကို ပြူးကျယ်နေသော မျက်လုံးများနှင့် ကြည့်လာခဲ့သည်။ 'ရုတ်တရက် ခံစားချက် ကောင်းမနေဘူးနော်..'

“အဟမ်း မိန်းမ လီရှို့ကျီကို ကလေးနှစ်ယောက်ကို ဟိုနား ခေါ်သွား ခိုင်းလိုက်ရအောင်။ ကိုယ်တို့နှစ်ယောက်က ဒီလမ်းက လျှောက်မယ်။ ပြီးရင် အားလုံး ဒီမှာပြန်စုကြမယ်။ ဘယ်လိုလဲ?”

ကျန်းတန်းဟယ်သည် ဦးတည်ရာနှစ်ခုကို ညွန်ပြရင်း ရှောင်းကောကို မျှော်လင့်တကြီး ကြည့်ခဲ့သည်။

ရှောင်းကောသည် ထိုလူကို ကြည့်ပြီး တွန့်ဆုတ်နေခဲ့သည်။ သူမကိုယ်တိုင် ဆုံးဖြတ်ချက် မချနိုင်နေပေ။ ကျွမ်းကျွမ်းနှင့် တစ်ခြားသူတွေကို မေးဖို့ရန် ဆုံးဖြတ်လိုက်တော့သည်။

“ ကျွမ်းကျွမ်းနဲ့ ရှောက်ယိ သားတို့ ဘယ်လိုထင်လဲ?”

ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိသည် မပျော်နေပေ။ သူတို့သည် သူတို့ အမေ၏ နူးညံပျော့ပျောင်းတဲ့ လက်လေးကို ကိုင်ပြီးပဲ ညဈေးတစ်လျှောက် လည်ပတ်ချင်သည်။ သူတို့တွေ ဟိုလူရဲ့ ကြမ်းတမ်းပြီး မှောင်မဲနေတဲ့ လက်ကြီးကို မကိုင်ချင်ဘူး။

ကလေးနှစ်ယောက်၏ ခေါင်းများ မရမ်းပစ်ခင် ကျန်းတန်းဟယ်က ဝင်ပြောလိုက်သည်။ “ အဲ့ဒီဘက်လမ်းမှာ မုန့်ဆိုင်တွေ အများကြီးရှိတယ်”

ကျွမ်းကျွမ်းနှင့် ရှောက်ယိသည် ကျန်းတန်းဟယ်ကို တစ်ချိန်ထဲ ကြည့်လာကြပြီး တံတွေးများကို မြိုချလိုက်သည်။ “မုန့်ဆိုင်..”

ကျန်းတန်းဟယ်သည် ကလေးနှစ်ယောက်ကို ရိုးသားစွာ ကြည့်လိုက်ပြီး သူ မမှန်တာ မပြောပါဘူးဆိုတာကို နားလည်စေလိုက်သည်။ တစ်ကယ်ကို မုန့်ဆိုင်တွေ အများကြီး ရှိတာလေ..

ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိသည် အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။ သူတို့ ဆုံးဖြတ် ပြီးသွားပြီ။

“မေမေ စိတ်မပူပါနဲ့ သားနဲ့ ရှောက်ယိ ဦးလေး လီရှို့ကျီရဲ့ လက်ကို သေချာပေါက် တင်းနေအောင် ကိုင်ထားပါ့မယ်!”

ရှောက်ယိသည်လည်း ရှောင်းကော၏ သံသယများ ပျောက်သွားအောင်လို့ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ရှောင်းကော၏ စကားကို မစောင့်နေ တော့ပဲ ကလေးနှစ်ယောက်သည် မေးခွန်းအပြည့် မျက်နှာထားဖြစ်နေသော လီရှို့ကျီ၏ ဘက်ခြမ်းကို လျှောက်သွားလိုက်ကြသည်။ ထို့နောက်တွင် ကလေးနှစ်ယောက်သည် သူတို့၏ လက်များကို မြှောက်ကာ လီရှို့ကျီကို တွဲလိုက်ကြသည်။ အားအကုန်သုံးပြီး လီရှို့ကျီကို အရှေ့ကို ဆွဲခေါ်သွားတော့သည်။

“ အချိုလုံးတွေ မုန့်တွေရေ ငါတို့လာပြီဟေ့”

“ဟူး”

ရှောင်းကောသည် ထိုသုံးယောက်ကို တားတော့မည့် အချိန်မှာပဲ ကျန်းတန်းဟယ်သည် သူမကို တားလာခဲ့သည်။

“အဆင်ပြေပါတယ် လီရှို့ကျီက အရမ်း စိတ်ချရတယ်။ ကိုယ်တို့ ဒီလမ်းက သွားကြမယ်”

ကျန်းတန်းဟယ်သည် ရှောင်းကော၏ လက်ကို အရင် ကိုင်လိုက်ပြီး တစ်ဖက်လမ်းက တောက်ပစွာ လင်းနေတဲ့ လမ်းမဆီကို လျှောက်သွားလိုက်သည်။

ရှောင်းကောသည် သူမ၏ လက်ကို ပြန်ဆွဲ ယူဖို့ ကြိုးစားခဲ့ပေမဲ့ အခွင့်မသာခဲ့ချေ။ ကျန်းတန်းဟယ်သည် သူ့၏ လက်အတွင်းမှ ရုန်းကန်းမှုကို ခံစားမိသည့်အတွက် ဆုတ်ကိုင်မှုကို မသိမသာလေး တင်းကျပ်လိုက်သည်။

ရှောင်းကောသည် ကျန်းတန်းဟယ် သူမ၏ လက်ကို မလွှတ်ပေးမှာ သေချာ နေသည်မို့ ရုန်းနေတာကို လက်လျော့လိုက်တော့သည်။

“ထားလိုက်တော့..”

ကျန်းတန်းဟယ် အောင်မြင်သွားသည့် အတွက် ပြုံးလိုက်ပြီး ရှောင်းကောနှင့် တစ်ညီထဲ ဖြစ်စေရန် သူ့၏ အရှိန်ကို လျော့ချလိုက်သည်။

သူတို့ နှစ်ယောက်သည် နီးကပ်စွာဖြင့် အတူတူ လျှောက်နေခဲ့ကြသည်။

တစ်ဖတ်ခြမ်းမှ လီရှို့ကျီသည် ကျန်းတန်းဟယ်ကို စိုက်ကြည့်နေခဲ့သည်။ မမြင်ရတော့သည့် အချိန်ကျမှ သူ ကြည့်နေတာကို ရပ်လိုက်ပြီး ကလေးနှစ်ယောက်ကို အရှေ့ကို ဆွဲခေါ်သွားခွင့် ပြုလိုက်တော့သည်။

ဒီတော့ ဒါကြောင့်ကိုး.. သူသည် ကျန်းတန်းဟယ်က ဘာကြောင့် ရုတ်တရက်ကြီး သဘောကောင်းပြီး ညဈေးကို ခေါ်လာခဲ့လဲလို့ အံ့သြနေခဲ့သည်။ အခုမှ ကျန်းတန်းဟယ်သည် မကောင်းတဲ့ ရည်ရွယ်ချက်တွေနှင့်ဆိုတာ သိသွားခဲ့ရသည်။

မနက်ခင်း အလုပ်များခဲ့ပြီးသည့်နောက်မှာ ကျန်းတန်းဟယ်သည် သူ့အခန်းကို ပြန်ပြီး အဝတ်လဲပြီးတာနှင့် ညစာစားပြီးရင် အိပ်ရာထဲ ဝင်ကာ အနားယူဖို့ရန် လုပ်ထားခဲ့သည်။ မထင်ထားစွာနှင့် ကျန်းတန်းဟယ်သည် ရုတ်တရက်ကြီး သူနှင့်အတူ ညဈေးကို သွားရန်အတွက် ဖိတ်ခေါ်ခဲ့သည်။ သူလည်း များများစားစား မတွေးခဲ့ပဲ ကျန်းတန်းဟယ်၏ အနောက်ကို လိုက်ခဲ့လိုက်သည်။ သို့ပေမဲ့ ကျန်းတန်းဟယ်သည် သူ့ကို ကလေးထိန်းဖို့ ဒီနေရာကို ခေါ်လာလိမ့်မည်လို့တော့ သူ မတွေးခဲ့မိပေ။

ဒီအချိန်မှာ ကျန်းတန်းဟယ်သည် သူ့ကို ဘာကြောင့် မပြတ်မသား မျက်လုံးများနှင့် ကြည့်နေခဲ့လဲဆိုတာ လီရှို့ကျီ နားလည်သွားခဲ့ပြီ ဖြစ်သည်။ 'တစ်ကယ်တော့ သူ့ရဲ့စိတ်အတွင်းက အပြစ်ရှိစိတ်တွေကြောင့်ပဲ!'

အခုအချိန်မှာတော့ ကျန်းတန်းဟယ်သည် ထုံထိုင်းသော ငွေထုတ်စက် တစ်ခုသာ ဖြစ်နေခဲ့ရသည်။ ဘိုးဘေးလေး နှစ်ယောက် ရပ်လိုက်ပြီဆိုတာနှင့် ငွေရှင်းရတော့မည်ဆိုတာ သူသိနေသည်။

မသွားခင်တုန်းက ကျန်းတန်းဟယ်က ဘာကြောင့် ငွေပိုယူခဲ့ဖို့ပြောခဲ့လဲဆိုတာကို လီရှို့ကျီ အခု နားလည်သွားပြီဖြစ်သည်..

All Chapters