အခန်း (၄၀၆-၄၀၈)
Vol. 28 Ch. 406-408
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၀၆) ကုန်းကျားဟုန်
ထိုလူသည် မြစ်ကမ်းပါးသို့ လျင်မြန်စွာ ရောက်လာပါသည်။ ထိုလူသည် မြက်ပင်များနောက်တွင် တစ်စုံတရာ ပြုလုပ်နေပြီး၊ တတောက်တောက် အသံများ ထွက်ပေါ်လာသည်။
ထိုလူသည် နွယ်ပင်များကို ဆွဲနေသည်ကို ရှောက်ရွှမ်ကြည့်နေပါသည်။ ကြည့်နေရင်းနှင့် လှောင်အိမ်ကြီးသည် မြစ်ကမ်းပါးသို့ ရောက်သွားပါသည်။
မြစ်ကမ်းပါးသို့ ရောက်သောအခါ၊ မိချောင်းကြီးသည် ဒေါသတကြီး ရုန်းကန်နေပါသည်။ ယခုမိချောင်းသည် သူယခင်မြင်ခဲ့သော မိချောင်းများလောက်တော့ အကောင်မကြီးပါ။ သူမြင်ခဲ့သော မိချောင်းများဆိုလျှင် ထောင်ခြောက်ထဲတွင် ထိုမျှ အချိန်ကြာအောင် မိနေမည် မဟုတ်ပါ။
ထောင်ခြောက်ကို မြစ်ကမ်းပါးပေါ်သို့ဆွဲတင်လိုက်သောအခါ၊ ရှောက်ရွှမ်သည် မိချောင်းတစ်ကောင်လုံးကို မြင်လိုက်ရပါသည်။
ထိုအရာမှ သတ္တုနှင့်ပြုလုပ်ထားသော လေးထောင့်ပုံစံလှောင်အိမ်တစ်ခု ဖြစ်သည်။ လှောင်အိမ်၏ဘေးတစ်ဖက်တစ်ချက်တွင် သစ်လုံးကြီးများ ချည်ထားသဖြင့် ရေပေါ်တွင် ပေါ်နေပါသည်။ သစ်လုံးကြီးနှင့် လှောင်အိမ်ပေါ်တွင် ရေညှိများတက်နေသောကြောင့်၊ ရန်သူများမမြင်နိုင်အောင် ရုပ်ဖျက်ထားသလို ဖြစ်နေသည်။ လူသားများကိုလှည့်စားရန်လား၊ မိချောင်းများကိုလှည့်စားရန်လားတော့ ရှောက်ရွှမ်လည်း မပြောတတ်ပါ။ မိချောင်းများသည် ပါးနပ်သဖြင့် ထောင်ခြောက်များကို ရုပ်ဖျက်ထားရခြင်း ဖြစ်ပါသည်။
ထိုလူသည် လှောင်အိမ်တွင် ကပ်တွဲနေသော မြက်များကို ဆွဲဖယ်လိုက်ပါသည်။ ထို့နောက် နွယ်ကြိုးတစ်ချောင်းကိုယူပြီး သံချောင်းတစ်ချောင်းနှင့် ပူးချည်လိုက်ပါသည်။ ထို့နောက် နွယ်ကြိုးကို
ကြိုးကွင်းတစ်ခုဖြစ်အောင် လုပ်လိုက်ပါသည်။
ထို့နောက် ထိုလူသည် မိချောင်း၏ ခေါင်းရှိသောဘက်မှ တံခါးပေါက်ကို ဖွင့်လိုက်ပါသည်။ လှောင်အိမ်တွင် တံခါး၃ပေါက်ပါပြီး၊ ထိုလူက ဦးခေါင်းနှင့် အနီးဆုံးအပေါက်ကို ဖွင့်လိုက်ခြင်း ဖြစ်ပါသည်။ထို့နောက် မိချောင်း၏ မေးရိုးကြီးများကို ကြိုးကွင်းနှင့်စွပ်လိုက်ပါသည်။
မိချောင်းကြီးက ပါးစပ်ကြီးဖြဲလိုက်သဖြင့် သွားများကို မြင်တွေ့လိုက်ရပါသည်။ မိချောင်းကြီးသည် ဒေါသတကြီးနှင့် ကိုက်သတ်ချင်နေပြီ ဖြစ်ပါသည်။
ကြိုးကွင်းသည် မိချောင်းကြီးနှင့် အနေတော်ပင် ဖြစ်နေသည်။ နွယ်ကြိုးမှာလည်း ခိုင်ခံ့ပါသည်။
ထိုလူသည် မိချောင်း၏ပါးစပ်အား ကြိုးကွင်းနှင့်စွပ်လိုက်ပါသည်။ အတွေ့အကြုံနည်းသောသူဆိုလျှင် မိချောင်း၏ သွားများကို မတော်တဆစွပ်
မိသွားမည် ဖြစ်ပါသည်။
ထိုလူသည် ထောင်ခြောက်၏ အခြားတံခါး၂ခုကို ဖွင့်လိုက်ပါသည်။လူငယ်သည် လှောင်အိမ်ထောင့်လေးထောင့်မှ ခလုတ်များကို နှိပ်လိုက်သောအခါ၊ လှောင်အိမ်တစ်ခုလုံးပွင့်ကျသွားပါသည်။
မိချောင်းသည် သူ၏သွားများကို အသုံးမပြုနိုင်တော့ပါ။ ရုန်းကန်ရန်အားလည်း သိပ်မရှိတော့ပါ။ ထို့ကြောင့် မိချောင်းသည် သူ၏ကိုယ်ကို လှိမ့်လိုက်ပါသည်။
သို့သော် လှိမ့်လိုက်သဖြင့် အခြေအနေပိုဆိုးသွားသည်။ လှိမ့်လိုက်တိုင်း သူ့ကိုယ်ပေါ်မှ နွယ်ကြိုးများက ပိုမိုတင်းကျပ်လာပါသည်။ လှောင်အိမ်မရှိတော့သဖြင့် မိချောင်းကြီးသည် လူးလှိမ့်နေပါသည်။ လူးလှိမ့်လေ၊ နွယ်ကြိုးများက ပိုတင်းကျပ်လေဖြစ်နေပါသည်။
စိတ်ချရရန်၊ ထိုလူသည် မိချောင်း၏ မေးရိုး
ကြီးကို နွယ်ကြိုးများဖြင့် ချည်ထားလိုက်ပါသည်။
၎င်း၏ မျက်လုံးများမမြင်နိုင်တော့သောအခါ၊ မိချောင်းကြီးသည် သိပ်မရုန်းတော့ပါ။ အမှောင်ထဲရောက်သွားလျှင်၊ တိရစ္ဆာန်များသည် အသိစိတ်မရှိတော့ပါ။
ထိုလူသည် မိချောင်းဖမ်းရာတွင် ကျွမ်းကျင်လှသည်။ မိချောင်း၏ နောက်ခြေထောက်များကိုလည်း ကြိုးများဖြင့်ချဘ်ထားပါသည်။
မိချောင်းများ၏ အနောက်ခြေထောက်များသည် အထူးပင်သန်စွမ်းကြသည်။ ရှောက်ရွှမ်တွေ့ဖူးခဲ့သော မိချောင်းများသည်လည်း အနောက်ခြေထောက်များကိုအားပြုပြီး ရှောက်ရွှမ်ကို ခုန်အုပ်ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် အနောက်ခြေထောက်များကို ကြိုးနှင့်ချည်လိုက်သောအခါ၊ မိချောင်းမှ သိပ်မလှုပ်ရှားနိုင်တော့ပါ။
မိချောင်းကြီးသည် လုံးဝမလှုပ်ရှားတော့ပါ။ ထိုလူသည် မိချောင်းကြီးကိုကြည့်လိုက်ပြီး၊ နွယ်ကြိုးများကို ထပ်မံထုပ်ယူလိုက်ပါသည်။ အခုဆိုလျှင် မိချောင်းကြီး၏မေးရိုးများမှာ လှုပ်ရှားမရတော့ပါ။
မိချောင်းဖမ်းသူမှာလည်း ချွေးပြန်နေပြီ ဖြစ်သည်။ အနားယူရန် ဦးထုပ်ကို ချွတ်လိုက်သောအခါ၊ ထိုသူ၏ မျက်နှာ ထွက်ပေါ်လာပါသည်။
ထိုသူသည် မိချောင်းကြီးကို ချည်ထားသော နွယ်ကြိုးများအား ဆွဲယူလိုက်သည်။ ထို့နောက် ရုတ်တရက် ရှောက်ရွှမ်ဘက်သို့ လှည့်လာပြီး
“မင်းရောက်နေတာ ကြာလှပြီ…အခုလောက်ဆို ထွက်ခဲ့ဖို့သင့်ပြီ”ဟု ပြောလိုက်ပါသည်။
ထိုလူ၏ လေသံသည် စိတ်ဆိုးသည့် လေသံမျိုးမဟုတ်သော်လည်း အနည်းငယ်တော့ ထူးဆန်းနေသည်။
ထိုသူသည် သူ့ကိုတွေ့သွားလိမ့်မည်ဟု ရှောက်ရွှမ် မျှော်လင့်မထားပါ။ ရှောက်ရွှမ်သည် သစ်ပင်ပေါ်မှ ခုန်ချလိုက်ပါသည်။ ဓားကို ထိုလူမြင်နိုင်လောက်သောနေရာတွင် ချိတ်ဆွဲထားလိုက်သည်။ ထိုလူကို ကြည့်ရသည်မှာလည်း ရှောက်ရွှမ်နှင့် ခင်မင်ရင်းနှီးလိုဟန်ရှိပါသည်။
ထိုလူက ရှောက်ရွှမ်၏ တကိုယ်လုံးကို အပြန်အလှန်ကြည့်နေပြီး၊ ဓားကိုမြင်သောအခါ သူ့အကြည့်များ ရပ်တန့်သွားပါသည်။ ထိုလူ၏ပုံစံမှာ ဓားကို အထင်သေးသွားသည့် ပုံစံ ဖြစ်ပါသည်။
“မင်းက ဘယ်မျိုးနွယ်စုကလဲ” ထိုသူက မေးလိုက်ပါသည်။
“မီးတောက်ဦးချိုမျိုးနွယ်စုကပါ” ရှောက်ရွှမ်သည် သူ့မျိုးနွယ်စုကို အမှန်အတိုင်းပြောလိုက်ပါသည်။ ထိုသူကိုကြည့်ရသည်မှာ အယုံလွယ်သော လူစားမျိုးမဟုတ်ပါ။
“မီးတောက်ဦးချိုမျိုးနွယ်စု ဟုတ်လား” ထိုလူသည် ခဏလောက်စဉ်းစားလိုက်ပြီး “ကြားတော့ကြားဖူးတယ်…ဒီနေရာနဲ့ဆို တော်တော်ဝေးတယ် မဟုတ်လား” ဟုမေးလိုက်ပါသည်။
“ဟုတ်ပါတယ်…တော်တော်ဝေးပါတယ်”
“ဒီလောက် အန္တရာယ်များတဲ့နေရာကို မင်းတစ်ယောက်တည်း ဘာလာလုပ်တာလဲ…လေ့ကျင့်နေတာလား”
“မဟုတ်ပါဘူး”
“ဆေးပင်လာရှာတာလား”
“မဟုတ်ပါဘူး”
“ကုန်းကျားတောင်တန်းကို လာရှာတာတော့ မဟုတ်ပါဘူးနော်”
ရှောက်ရွှမ် အံ့ဩသွားပါသည်။
“တကယ်ကြီးလား…မင်းတစ်ယောက်တည်း ကုန်းကျားတောင်တန်းကို လိုက်ရှာနေတာလား” ထိုလူသည် ရှောက်ရွှမ်ကို ဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်သူတစ်ယောက်လို့ ထင်သွားပါသည်။
“ကုန်းကျားတောင်တန်းကို လိုက်ရှာနေတဲ့လူတွေ အများကြီးပဲလား” ရှောက်ရွှမ်က စပ်စုလိုက်သည်။
“သိပ်များပါဘူး…ဒါပေမဲ့ လိုက်ရှာတဲ့လူတိုင်း သေကုန်တာချည်းပဲ” ထိုလူက ခံစားချက်ကင်းမဲ့နေသော လေသံဖြင့် ပြောလိုက်သည်။
“ခင်ဗျားက…”
“ငါက ကုန်းကျားဟုန်ပဲ” သူ့အနေနှင့် စကားအများကြီးပြောစရာ မလိုပါ။ နာမည်ပြောပြလိုက်လျှင် လုံလောက်ပြီဖြစ်သည်။
ထိုလူ၏ လေသံသည် ဂုဏ်ယူနေသည့် လေသံမျိုး ဖြစ်ပါသည်။ ရှားလူမျိုးများသည် “ကုန်းကျား”ဆိုသော သူတို့မျိုးရိုးနာမည်အတွက် အမြဲဂုဏ်ယူလေ့ရှိပါသည်။
“ဒါဆိုသူက ရှားလူမျိုးတစ်ယောက်ပေါ့”
ရှောက်ရွှမ်က မေးခွန်းများထပ်မေးချင်နေသော်လည်း ထိုသူက “ငါက ရှားလူမျိုးတစ်ယောက်ပဲ…ဒါပေမဲ့ ကုန်းကျားတောင်တန်းကိုတော့ ရှာမတွေ့သေးဘူး…မင်းတို့အပြင်လူတွေကတော့ ရှာတွေ့မှာမဟုတ်ပါဘူး…သေမှာပါပဲ”ဟုပြောလိုက်ပါသည်။
အပြင်လူများကို ကုန်းကျားဟုန်က စိတ်မဝင်စားခြင်းမှာ အဆန်းမဟုတ်ပါ။
“ကုန်းကျားတောင်တန်းကို လာရှာတဲ့လူတွေ အများကြီးပဲလား”
“လာရှာတဲ့လူတွေတော့ရှိတာပေါ့…အများကြီး
တော့မဟုတ်ဘူး…ကုန်းကျားတောင်တန်းကို ငါလိုက်ရှာနေတာ နှစ်၂၀ကျော်ပြီ…မင်းတို့လိုလူမျိုး ၁၇ယောက်တွေ့ဖူးတယ်…၁၀ယောက်က ရှားလူမျိုးတွေ…၇ယောက်က တခြားမျိုးနွယ်စုဝင်တွေ…၉ယောက်ဒဏ်ရာရတယ်…ငါးယောက်ကတောပြန်လာတယ်…ကျန်တဲ့၃ယောက်ကတော့ ဆက်ရှာကြတယ်…အဲဒီလူတွေ ဘယ်မှာသေသွားလဲတော့ ငါလည်း မသိဘူး”
“ကုန်းကျားတောင်တန်းကို တွေ့သွားတာလည်း ဖြစ်နိုင်တာပဲ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
“မဖြစ်နိုင်ဘူး…ငါတောင်ရှာမတွေ့သေးတာ သူတို့က ဘယ်လိုတွေ့မှာလဲ” ကုန်းကျားဟုန်က အသေအချာပြောလိုက်သည်။
ထိုသို့ဆိုလျှင် တိမ်ပုံစံများ၏ အဓိပ္ပါယ်ကို ဖော်နေသူမှာ ရှောက်ရွှမ်တစ်ယောက်တည်း ရှိသည် မဟုတ်ပါ။ တောင်တန်းကို ရှာရသည်မှာ ထင်ထားသည်ထက်ပိုခက်ခဲပါသည်။ ရှားလူမျိုးများပင်ရှာမတွေ့လျှင်၊ အပြင်လူများ ရှာတွေ့ဖို့သိပ်မ
ဖြစ်နိုင်ပါ။ ရှားလူမျိုးများကတော့ တိမ်ပုံစံများအကြောင်းကို အပြင်လူများထက် ပိုနားလည်မည် ဖြစ်ပါသည်။
ရှောက်ရွှမ်က တောင်တန်းကို လာရှာသည်ဆိုသော်လည်း၊ ကုန်းကျားဟုန်က သိပ်အရေးမလုပ်ပါ။ ထို့နောက် “လာလေ…အသားနည်းနည်းခွဲပေးမယ်”ဟုပြောလိုက်ပါသည်။
ကုန်းကျားဟုန်သည် ဖမ်းမိထားသော မိချောင်းကြီးကို သတ်ဦးမှာ မဟုတ်ပေ။ သူ့တွင်စားစရာများရှိပါသေးသည်။ လက်ရှိစားစရာများကုန်သွားမှ မိချောင်းကြီးကို သတ်စားမည် ဖြစ်သည်။ အခုတော့ မိချောင်းကြီးကို ပြန်သယ်သွားမည် ဖြစ်သည်။
ရှားလူမျိုးများသည် ပန်းပဲဆရာများဖြစ်ကြသဖြင့်၊ ဗလတောင့်ကြပါသည်။ သန်မာသော လက်များလည်း ရှိကြပါသည်။ သူတို့သည် သာမန်လူများထက် ပိုမို သန်စွမ်းကြသူများ ဖြစ်ကြသည်။ အရင်တုန်းကဆိုလျှင်တော့ ကုန်းကျား
ဟုန်သည် မိချောင်း၏အောက်ခြေတွင် ဘီးများတပ်ဆင်ပြီး ဆွဲသွားမည် ဖြစ်ပါသည်။ အခုတော့ ဘာပစ္စည်းကိရိယာမှ မပါသဖြင့်၊ ဒီအတိုင်းသာဆွဲသွားရတော့မည် ဖြစ်သည်။
သူတစ်ယောက်တည်းဆွဲလျှင် အချိန်ကုန်မည် စိုးသဖြင့်၊ ရှောက်ရွှမ်၏ အကူအညီကို တောင်းလိုက်ခြင်း ဖြစ်ပါသည်။
“မင်းက အမြီးကဆွဲ…ငါက ကြိုးကို ဆွဲ…”
ကုန်းကျားဟုန်၏ စကားမဆုံးမီ၊ ရှောက်ရွှမ်သည် ၁၀မီလောက်ရှိသော မိချောင်းကြီးကို အမြီးမှနေ၍ ဆွဲလိုက်ပြီး၊ လမ်းလျှောက်သွားပါသည်။ ထိုမြင်ကွင်းကို မြင်ရသောအခါ ကုန်းကျားဟုန် အံ့ဩသွားပါသည်။
“သန်သားပဲ…” ကုန်းကျားဟုန်လည်း ကြိုးကို ဝိုင်းဆွဲရန် ပြင်လိုက်သော်လည်း၊ မလိုတော့သောကြောင်း သိသဖြင့် ဒီအတိုင်းသာကြည့်နေလိုက်သည်။ မိချောင်းက ပြန်လည်တိုက်ခိုက်မည်ကို
စိုးရိမ်သောကြောင့်၊ တူကြီးတစ်လက်ကိုင်ကာ မိချောင်းကို စောင့်ကြည့်နေပါသည်။
“မိချောင်းကို ဆေးခတ်ထားတာလား” ရှောက်ရွှမ်က မေးလိုက်သည်။
“အေးလေ ဆေးခတ်ထားတာပေါ့…မဟုတ်ရင် ဒီလို ဘယ်နေမလဲ” ကုန်းကျားဟုန်က ပြောလိုက်ပါသည်။ ထောင်ခြောက်တွင် သုံးသော အစာတွင် မိချောင်းကို အားနည်းသွားစေနိုင်သော ဆေးများထည့်ထားပါသည်။ ဆေးစွမ်းမှာ နေ့တဝက်လောက်ခံပါသည်။
“ဟုတ်တာပေါ့” ရှောက်ရွှမ်က ပြောလိုက်သည်။ “ကျွန်တော် ရောက်နေတာ ဘယ်လိုသိလဲ” ရှောက်ရွှမ်က မေးလိုက်သည်။
“တစ်ယောက်ယောက်က ကြည့်နေတယ်ဆိုတာ စိတ်ထဲက သိနေတယ်”
ရှောက်ရွှမ်သည် မိချောင်းကို စိတ်ဝင်စားနေ
သဖြင့် တောက်လျှောက် စိုက်ကြည့်မိသလို ဖြစ်သွားပါသည်။ ကုန်းကျားဟုန်သည် ထိုနေရာတွင် နေလာသည်မှာ နှစ်၂၀ရှိပြီ ဖြစ်ပါသည်။ ထို့ကြောင့်သူ၏ အာရုံခံစားနိုင်စွမ်းမှာ အလွန်ထက်မြက်နေခြင်း ဖြစ်ပါသည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၄၀၇) ချပ်ဝတ်တန်ဆာ
ကုန်းကျားဟုန်သည် မြစ်နှင့်မဝေးသော တောင်ကုန်းတစ်ခုပေါ်တွင် နေပါသည်။ အနီးအနားတွင် အခြားတောင်ကုန်းများ မရှိသောကြောင့်၊ တောင်ကုန်းကို မြစ်ကမ်းပါးမှ မြင်နေရပါသည်။
ရှောက်ရွှမ်သည် လမ်းတွင် သိလိုသည်များကို ကုန်းကျားဟုန်ကိုမေးလာပါသည်။ ကုန်းကျားဟုန်ကလည်း ရှားလူမျိုးများ၏ လျှို့ဝှက်ချက်များမှလွဲ၍ မေးသမျှကို ဖြေလာပါသည်။ ကုန်းကျားဟုန်က ရှောက်ရွှမ် မေးခွန်းထူသည်ကို စိတ်မဆိုးပါ။ ကုန်းကျားဟုန်သည် သူထုလုပ်ခဲ့သော ဒယ်အိုးကြီးများ၊လှံများ၊ဓားများအကြောင်းကို ပြောရလျှင် ဂုဏ်ယူနေပါသည်။ သူသည် ဂုဏ်ယူစွာဖြင့် သူ့လက်နက်များအကြောင်းကို ပြန်ပြောနေသည်။
ရှားလူမျိုးများက သူတို့ကိုယ်သူတို့ ပန်းပဲပညာတွင် ဒုတိယတန်းမှ လိုက်နိုင်သည်ဟု ထင်နေကြသည်။ တကယ်လည်း ရှားလူမျိုးများက တော်ပါသည်။
ကုန်းကျားဟုန်သည် စကားပြောနေသော်လည်း၊ ပတ်ဝန်းကျင်ကို သတိမပြတ်အကဲခတ်နေပါသည်။ သူ့ပုံစံကို ကြည့်ရသည်မှာ စိတ်အေးလက်အေးရှိနေသော်လည်း၊ တိုက်ခိုက်ရန်တော့ အဆင်သင့်ပင်။
မြက်ခင်းထဲမှ ခြေထောက်အများကြီးရှိသော တီကောင်ကြီးတစ်ကောင် ထွက်လာပါသည်။ ခေါင်းပေါ်မှ တိုင်၂ချောင်းက ရှောက်ရွှမ်နှင့် ကုန်းကျားဟုန်တို့ကို အနံ့ခံနေသည်။ သူ့ရှေ့တွင် သစ်လုံးကြီးတစ်ခုခံနေသော်လည်း၊ တီကောင်ကြီးကိုတော့ မတားဆီးနိုင်ပ။
ရှောက်ရွှမ် မလှုပ်ရှားခင်၊ ကုန်းကျားဟုန်က ခုန်ထလိုက်သည်။ ထို့နောက် လက်ကိုဆန့်ထုတ်ပြီး
တီကောင်ကို တင်းပုတ်ကြီးနှင့် ထုချလိုက်သည်။ ထိုအခါ တီကောင်ကြီး၏ ခေါင်းကြီးမှာ ကွဲကြေသွားပါသည်။ ထိုဖြစ်ရပ်ကြောင့် လေတိုးသံများ ထွက်ပေါ်လာပါသည်။
တီကောင်ကြီး၏ ခေါင်းတွင် တစ်မီတာခန့်နက်သော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်နေပါသည်။ ဦးခေါင်းခွံမှာ ကွဲကြေသွားပြီး အစိမ်းရောင်အရည်များ ပန်းထွက်လာပါသည်။
တင်းပုတ်ချက်မှာ ပြင်းထန်သော်လည်း၊ တီကောင်ကြီးကိုတော့ မသေစေနိုင်သေးပါ။သို့သော် တီကောင်ကြီးက လှုပ်ရှားရန်ပြင်လိုက်စဉ်မှာ ကုန်းကျားဟုန်က တင်းပုတ်ကြီးဖြင့် နောက်တစ်ချက်ထုချလိုက်သည်။ ထွက်ပေါ်လာသော အသံကြီးမှာ ကျယ်လောင်လွန်းသဖြင့် မြေကြီးများပင် တုန်ခါသွားသည်။
“ဝုန်း…ဝုန်း…ဝုန်း”
တင်းပုတ်ချက်ကြောင့် အပေါ်ယံ အခွံကွဲကြေ
သွားပြီး၊ အစိမ်းရောင် အရည်များ ထွက်လာပြန်သည်။ မျက်စိတမှိတ်အတွင်းမှာပင်၊ ကြောက်မက်ဖွယ် တီကောင်ကြီးမှာ မလှုပ်ရှားနိုင် ဖြစ်သွားပါသည်။
၎င်း၏ခေါင်းသည် တင်းပုတ်ကြီးအောက်တွင် တုန်ခါနေပါသည်။ ကီလို၅၀၀လေးသော တင်းပုတ်ကြီးသည် ကုန်းကျားဟုန်လက်ထဲတွင် ပေါ့ပေါ့လေး ဖြစ်နေပါသည်။
တချို့လူများသည် ကြွက်သားများတောင့်တင်းသော်လည်း၊ ခွန်အားမသန်စွမ်းကြပါ။ ကုန်းကျားဟုန်ကတော့ ကြွက်သားများတောင့်တင်းသလို၊ ခွန်အားလည်း သန်စွမ်းပါသည်။
ကုန်းကျားဟုန်သည် ပန်းပဲဆရာတစ်ယောက် ဖြစ်ပါသည်။
ကုန်းကျားဟုန်သည် တင်းပုတ်ပေါ်မှ အစိမ်းရောင်အရည်များ သုတ်လိုက်ပြီး၊ ရှောက်ရွှမ် ဘက်သို့ လှည့်လာပါသည်။
“ငါပြောတာ ဘယ်ရောက်သွားပြီလဲ…ဟုတ်ပြီ မျိုးရိုးနာမည်က ချောင်လို့ခေါ်တဲ့ ကျွန်ပိုင်ရှင် တစ်ယောက်ကို ဓားလုပ်ပေးတဲ့အကြောင်း”
ကုန်းကျားဟုန်သည် ပြုံးလိုက်ပြီး သူပြောလက်စ စကားကို ဆက်ပြောပါသည်။ ရှောက်ရွှမ်က ၁၀မီတာလောက်ရှည်သော မိကျောင်းကြီးကို ထမ်းလာပါသည်။ တော်ခြေတွင် အစားအသောက်များ၊ လက်နက်ကိရိယာများ သိုလှောင်ထားသော ဂူတစ်လုံးရှိပါသည်။
သို့သော် ကုန်းကျားဟုန်က ထိုဂူထဲတွင် မနေပါ။ သူသည် အပြင်တွင် ကျောက်သားအိမ်လေးတစ်လုံးဆောက်ပြီး နေပါသည်။ အထဲတွင် အိပ်စရာနေရာလည်း သိပ်မရှိပါ၊ အိမ်၏သုံးပုံနှစ်ပုံလောက်က ပန်းပဲပစ္စည်းများနှင့် ပြည့်နေပါသည်။
ကုန်းကျားဟုန်သည် လမ်းသွားရင်း၊ သားရဲများ ရန်မှကာကွယ်ရန် ထောင်ခြောက်များကို လုပ်ဆောင်လာခဲ့သည်ကို ရှောက်ရွှမ် သတိထားမိ
ပါသည်။ အနည်းဆုံးတော့ အချက်ပေးခေါင်းလောင်းလို အသံမြည်မည် ဖြစ်သည်။
“ငါဒီမှာနေတာ” ကုန်းကျားဟုန်က သူနေသော ကျောက်တုံးအိမ်ကို ညွှန်ပြရင်း ပြောလိုက်သည်။
ရှောက်ရွှမ်သည် မိချောင်းကြီးကို ချထားလိုက်ပြီး၊ အိမ်ထဲကို ကြည့်နေပါသည်။ ကုန်းကျားဟုန်ကတော့ ဧည့်သည်လာသဖြင့် ပျော်နေပါသည်။ ရှိသော အစားအသောက်များကို ကြည့်လိုက်သောအခါ၊ သူစားမည်ဆိုလျှင် ဖြစ်နိုင်သော်လည်း၊ ရှောက်ရွှမ်ကိုတော့ ဧည့်မခံချင်ပါ။ ထို့ကြောင့် မိချောင်းကြီးကို သတ်ပြီး ဧည့်ခံရန် ဆုံးဖြတ်လိုက်ပါသည်။
ကုန်းကျားဟုန်က မိချောင်းကို ဖျက်နေစဉ်မှာ၊ ရှောက်ရွှမ်က ဂူထဲမှ ပစ္စည်းများကို လေ့လာကြည့်နေပါသည်။ ကုန်းကျားဟုန်ကလည်း သူ့ပစ္စည်းများကို လျှို့ဝှက်မထားပါ။ သို့သော် ကျောက်တုံးအိမ်တော်အတွင်းမှ ပန်းပဲခန်းကိုတော့ မပြဘဲ ထိန်ချမ်ထားပါသည်။ သူ၏ပန်းပဲပစ္စည်းများကို
အပြင်လူများကို ပြ၍ မဖြစ်ပါ။
ဂူသည် သူမှန်းထားသည်ထက် ပို၍ မှောင်မိုက်နေပါသည်။ ရှောက်ရွှမ်သည် မီးတုတ်လေးတစ်ချောင်းကို ထွန်းညှိပြီး၊ ဂူထဲကို ကြည့်နေပါသည်။ ဂူထဲတွင် လက်နက်ပစ္စည်းများ အစုံအလင်ကို တွေ့ရပါသည်။ ထိုပစ္စည်းများကို ကြည့်ခြင်းအားဖြင့်၊ ကုန်းကျားဟုန်သည် ထိုနေရာတွင် နေလာသည်မှာ ကြာပြီဖြစ်ကြောင်း သိနိုင်ပါသည်။ သူထိုနေရာတွင်နေလာသည်မှာ နှစ်၂၀ကျော်ပြီ ဖြစ်သည်။
တပတ်လောက်ကြည့်ပြီးနောက်တွင်၊ ရှောက်ရွှမ်သည် ဂူထဲမှ ဂူပြင်သို့ ထွက်ခွာသွားပါသည်။
“ရှားလူမျိုးတွေရဲ့ လျှို့ဝှက်စာကို ဖော်တော့ ငါ့အသက်၂၀ပဲ ရှိသေးတယ်…ငါဒီကိုလာတာ ကုန်းကျားတောင်တန်းကို လိုက်ရှာဖို့လာတာ” ကုန်းကျားဟုန်က မိချောင်းကြီးကို သန့်ရှင်းရေးလုပ်ရင်း ပြောနေသည်။ ရှားလူမျိုးများ၏ လျှို့ဝှက်စာဆိုသည်မှာ ရှောက်ရွှမ်မြင်ခဲ့ဖူးသော
ဒယ်အိုးကြီးပေါ်မှ တိမ်ပုံစံများကို ဆိုလိုခြင်း ဖြစ်ပါသည်။
“နှစ်၂၀ကြာတာတောင် ကုန်းကျားတောင်တန်းကို ရှာမတွေ့တာတော့ စိတ်ပျက်စရာပဲ…ငါကဒီနေရာမှာနေပြီး ကုန်းကျားတောင်တန်းကို နှစ်တိုင်းလိုက်ရှာတယ်…မတွေ့ရင် ဒီနေရာကို ပြန်လာတယ်” ကုန်းကျားဟုန်သည် တစ်နှစ်တာအတွင်းကြုံတွေ့ရသော အခက်အခဲများကို ပြန်ပြောပါနေပါသည်။ ထို့ပြင် ရှောက်ရွှမ်ကိုလည်း အရဲမစွန့်ရန် သတိပေးရဦးမည်။
သူသည် ကုန်းကျားတောင်တန်းကို လိုက်ရှာနေသည်မှာ နှစ်၂၀ကျော်ပြီ ဖြစ်သည်။ တောင်တန်းကိုလာရှာသော အခြားသူများလည်းရှိပါသည်။ သို့သော် ကံကောင်းသည်မှာ ကုန်းကျားဟုန်သည် အသက်မသေသေးခြင်းပင် ဖြစ်သည်။
“အသားကျသွားဖို့တော့ အချိန်နည်းနည်းယူရတာပေါ့…ငါသုံးတဲ့ကိရိယာတွေက ရွှေနဲ့လုပ်တာများတယ်…အစားကောင်းကောင်းလည်းစား
တယ်…ဒီနေရာကို ရောက်ပြီးမှတော့ အသားကျအောင် ကြိုးစားရတာပေါ့။ ကုန်းကျားဟုန်သည် တောအုပ်ထဲနေနည်းများကို မျိုးနွယ်စုဝင်များဆီမှ တတ်မြောက်လာခဲ့သည်။ သူသည် ကြိုးများ၊ သော့ခလောက်များအစား နွယ်ကြိုးများကို အသုံးပြုခဲ့သည်။ သူ့တွင် ရိက္ခာများ မရှိတော့သောအခါ၊ သူသွန်းလုပ်ထားသော ကိရိယာများကို တိုင်းရင်းသားများထံတွင် သွားလဲလှယ်ပါသည်။
ကုန်းကျားဟုန်သည် အခြားမျိုးနွယ်စုဝင်များနှင့်မတူပါ။ သူသည် ကျွန်ပိုင်ရှင်တစ်ယောက် အုပ်ချုပ်သော မြို့တစ်မြို့တွင် နှစ်၂၀လောက် နေလာခဲ့သည်။ ပန်းပဲပညာတတ်ကျွမ်းသော ရှားလူမျိုးတစ်ယောက်အနေနှင့် ထိုနေရာတွင် ကောင်းမွန်စွာနေနိုင်ပါသည်။ ကျွန်ပိုင်ရှင်များက လက်နက်လိုချင်လျှင် သူ့ကို ဆုလာဘ်များစွာပေးပြီး လုပ်ခိုင်းပါသည်။ သူ့အနေဖြင့် တိုင်းရင်းသားများ၏ အကူအညီကို လိုအပ်သဖြင့်၊ ၎င်းတို့နှင့် အဆင်ပြေရန် လိုအပ်ပါသည်။
ပန်းပဲပညာတတ်တတ်ကျွမ်းသော ရှားလူမျိုးတစ်ယောက် ဖြစ်နေသဖြင့်၊ အခြားမျိုးနွယ်စုဝင်များက သူ့ကို ယဉ်ကျေးစွာ ဆက်ဆံပါသည်။ ထို့ကြောင့် ကုန်းကျားဟုန်သည် ရှောက်ရွှမ်နှင့် တွေ့သောအခါ တည်ငြိမ်နေခြင်း ဖြစ်သည်။
ရှောက်ရွှမ်ကို ကြည့်ရသည်မှာ ရန်လိုပုံမရှိသဖြင့်၊ ကုန်းကျားဟုန်ကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါသည်။
“လှောင်အိမ်ကြီးက မိချောင်းတွေအတွက် လုပ်ထားတာလား” ရှောက်ရွှမ်က မေးလိုက်ပါသည်။
“ဟုတ်တယ်…ဒီနေရာမှာ ငါးတွေ တော်တော်များတယ်” ကုန်းကျားဟုန်က ဒေါသတကြီး ခေါင်းငြိမ့်လိုက်ပါသည်။ ထိုသို့ ရှေးကျသော နေရာတစ်ခုတွင် ရှင်သန်နိုင်ရန်၊ ကုန်းကျားဟုန်သည် ရွှေများကို မသုံးပ။ ထို့ကြောင့် သူသည် လှောင်အိမ်ကို သတ္တုနျင့် ပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင် ဖြစ်ပါသည်။ အခြားလူများကတော့ သူ့ကို တုံးအသူတစ်ယောက် အဖြစ် လှောင်ပြောင်ကြပါသည်။
သို့သော် သူကတော့ ဂရုမစိုက်ပါ။
“ရေထဲမှ မိချောင်းကြီးတွေ အများကြီးရှိတယ်…မြစ်ထဲအဆင်းကောင်းလို့ မိချောင်းစားခံရမလို ဖြစ်ဖူးတယ်…မြစ်ထဲမှာ လက်နက်တွေလည်း အများကြီး ပျောက်ဖူးတယ်” ကုန်းကျားဟုန်သည် ပြောရင်းနှင့် စိတ်တိုလာသည်။ မြစ်ကို ကြည့်နေသော သူ့မျက်လုံးများတွင် ရက်စက်မှုများ ပြည့်နေပါသည်။
သူ့တွင် ရန်သူရှိမည် ထင်ပါသည်။
ကုန်းကျာဟုန်သည် အခုနေရာတွင် နေလာသည်မှာ နှစ်၂၀ကျော်ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် မိချောင်းများအကြောင်းကို ကောင်းမွန်စွာ သိနေပါသည်။
“မြစ်က ရေနက်တယ်…မိချောင်းတွေက ရေပေါ်မှာ မျက်လုံးလေးရယ်၊နှာခေါင်းလေးရယ်ပဲ ဖော်ပြီး နေလေ့ရှိတယ်” ကုန်းကျားဟုန်က မိချောင်းများအကြောင်းကို ရှောက်ရွှမ်အား ရှင်းပြ
နေသည်။
“သန်စွမ်းတဲ့ အမြီးကြီးတွေ ရှိတော့ ရေအောက်မှ အရမ်းမြန်မြန် သွားနိုင်တယ်…အဲဒီလိုသွားရင် ရေပြင်ပေါ်မှာလည်း လှိုင်းသိပ်မထဘူး…တခါတလေ တစ်ကောင်နဲ့တစ်ကောင် ရန်ဖြစ်တတ်ကြတယ်…ရန်ဖြစ်ပြီး ခြေထောက်ပျက်သွားတဲ့ကောင်တွေက ပျက်သွားတယ်…ခြေထောက်ပျက်နေတာ တိုက်ပွဲဖြစ်ဖူးထားတဲ့ လက္ခဏာပဲ…အဲဒီတော ခြေထောက်မရှိတဲ့ မိချောင်းမြင်ရင် အထင်မသေးနဲ့”
“ဒါပေမဲ့ စိမ့်တောတို့၊ ရေတိမ်ပိုင်းတို့လိုနေရာတွေမှာ ခြေတစ်ချောင်းမရှိတဲ့ မိချောင်းတွေက ကောင်းကောင်း မလှုပ်ရှားနိင်ဘူး…စိမ့်တောထဲက မိချောင်းတွေက အနောက်ခြေထောက်တွေ အရမ်းသန်မာတယ်…စိမ့်တောထဲက မိချောင်းတွေရဲ့သွားက သံတွေလို ချွန်ထက်နေတယ်”
သူ့အပြောအရတော့ စိမ့်တောထဲမှ မိချောင်းများမှာ ပိုအန္တရာယ်ရှိပါသည်။
“ဒီမိချောင်းကြီးရဲ့ သက်တမ်းက နှစ်၁၀၀ကျော်နေပြီ…သူ့သားရေနဲ့ ချပ်ဝတ်လုပ်လို့ရတယ်” ကုန်းကျားဟုန်သည် မိချောင်းသားရေကို ရှောက်ရွှမ်ထံ လှမ်းပေလိုက်ပြီး “နှစ်၁၀၀ကျော်နေပြီဆိုတော့ ဒါနဲ့ ချပ်ဝတ်တန်ဆာလုပ်လို့ရတယ်”ဟုပြောလိုက်ပါသည်။
“နှစ်၁၀၀ကျော်နေပြီဆိုတာ ခင်ဗျားဘယ်လိုသိလဲ”
“ထိပ်ကို ကြည့်လိုက်” ကုန်းကျားဟုန်က သားရေချပ်ကို ညွှန်ပြပြီး “ပုံစံတွေကို ကြည့်လိုက်”ဟု ပြောလိုက်ပါသည်။
သားရေချပ်ပေါ်တွင် သစ်ပင်ပင်စည်၏ အခေါက်လိုမျိုး ပုံစံများ ဖြစ်နေသည်။
ထိုမိချောင်းသည် ကူမျိုးနွယ်စု၏ မိချောင်းများနှင့် မတူပါ။ ထိုနေရာတွင် ရှိသော မိချောင်းများက အရိုးပိုများပါသည်။ ကျောပေါ်မှ အရိုး
များနှင့် သားရေပေါင်းစပ်လိုက်သောအခါ၊ အလွန်မာကျောသော ချပ်ဝတ်တစ်ခုဖြစ်သွားပါသည်။ မိချောင်း၏ နှာခေါင်းကို ဒဏ်ရာရအောင် လုပ်နိုင်သော်လည်း၊ ကျောကုန်းကို ခုတ်မည်ဆိုလျှင်တော့ အစင်းပင်ထင်မည် မဟုတ်ပါ။ အသက်ငယ်သေးသော မိချောင်းဆိုလျှင်တော့ ဒဏ်ရာရချင်ရနိုင်ပါသည်။ သို့သော် သက်တမ်း၁၀၀ရှိနေပြီဖြစ်သော မိချောင်းကတော့ ဒဏ်ရာရမည် မဟုတ်ပါ။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၀၈) ရှားမျိုးနွယ်စု
ရှားမျိုးနွယ်စုဝင်များသည် လူနေမှုအဆင့်အတန်း မြင့်ပါသည်။ သူတို့က ကောင်းသည်ဟု သတ်မှတ်ထားလျှင် ယုံမှားသံသယဖြစ်စရာမလိုတော့ပါ။
နှစ်၁၀၀မိချောင်း၏ အရေခွံကို ချပ်ဝတ်လုပ်ရလျှင် ကောင်းမည်ဟု ရှောက်ရွှမ် တွေးနေမိသည်။
“ခင်ဗျားဝတ်ထားတာတဲ့ချပ်ဝတ်ကို နှစ်၁၀၀မိချောင်အရေခွံနဲ့လုပ်ထားတာလား”
ကုန်းကျားဟုန်သည် မိချောင်းသားရေနှင့် ချုပ်ထားသော ဝတ်စုံကို ဝတ်ထားသည်။ အနီးကပ်ကြည့်လိုက်လျှင် သာမန်မိချောင်းသားရေနှင့် မတူညီကြောင်း တွေ့နိုင်ပါသည်။
“ဒီဝတ်စုံလား” ကုန်းကျားဟုန် ပျော်ရွှင်သွား
သည်။
“ဒီမိချောင်းလား…ဒီမိချောင်းက သက်တမ်းနှစ်၂၀၀လောက်ရှိသွားပြီ”
သူ၏ ချပ်ဝတ်သည် နှစ်၁၀၀မိချောင်းသားရေထက်ပို မာကြောပါသည်။ အခုသူ့ရှေ့တွင်ရှိသော မိချောင်းသည် သက်တမ်းဘယ်လောက်မှ မရှိသေးပါ။ ထို့ပြင် နှစ်၂၀၀မိချောင်းသည် ယခုမိချောင်းထက် ပိုကြီးမားပါသည်။ ကုန်းကျားဟုန်သည် နှစ်၂၀၀မိချောင်းကို အမဲလိုက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူနေပါသည်။
“ခင်ဗျားပြောတဲ့ မြစ်ထဲက မိချောင်းကြီးက အသက်ဘယ်လောက်ရှိပြီလဲ” ရှောက်ရွှမ်က မေးလိုက်သည်။
“အဲဒါတော့ ငါလည်း မသိဘူး…နှစ်၁၀၀၀ကျော်မယ်ထင်တယ်…ဘယ်သူမှ သေချာမသိဘူး” ကုန်းကျားဟုန်က ပြောရင်းနှင့် သက်ပြင်းချလိုက်သည်။ သူ့ရန်သူသည် အင်အားကြီးလွန်းပါသည်။
ကုန်းကျားဟုန်က ထိုမိချောင်းအကြောင်းကို မပြောချင်သည်ကို သိလိုက်ရသဖြင့် ရှောက်ရွှမ်သည် စကားလမ်းကြောင်းပြောင်းလိုက်ပါသည်။ ရှောက်ရွှမ်သည် ကုန်းကျားဟုန် ဝတ်ထားသော ချပ်ဝတ်အကြောင်းကို မေးလိုက်ပါသည်။
“နောက်ထပ်အမဲလိုက်စရာမလိုတော့ဘူး…ဒီချပ်ဝတ်ကို သုံးရုံပဲ…အနည်းဆုံးတော့ နှစ်၁၀၀ကျော်နေပြီ…မြစ်ထဲမှာ မင်းတွေ့ခဲ့တဲ့ မိချောင်းတွေက အကောင်သာကြီးတာ သက်တမ်းက နှစ်၁၀၀မရှိသေးဘူး…ငါဝတ်ထားတဲ့ မိချောင်းသားရေမျိုး နောက်ရဖို့ မလွယ်တော့ဘူး” ကုန်းကျားဟုန်က ပြောလိုက်သည်။
“ကောင်းပြီ…ကျွန်တော်ခင်ဗျားနဲ့ ပစ္စည်းချင်းလဲမယ်” ရှောက်ရွှမ်က သူ့အိတ်ထဲသို့ လက်နှိုက်လိုက်သည်။
“ အဲဒီပစ္စည်းက အဖိုးမတန်ပါဘူးကွာ…ငါ့မှာအများကြီးရှိပါတယ်…ပစ္စည်းချင်းလဲမနေပါနဲ့…
မင်းကိုလက်ဆောင်ပေးလိုက်မယ်” ရှောက်ရွှမ်သည် လူငယ်တစ်ယောက်ဖြစ်ပြီး၊ သူ့ရွာမှာ အဝေးကြီးတွင် ကျန်ခဲ့ကြောင်း ကုန်းကျားဟုန်ကသိပါသည်။ ရှောက်ရွှမ်ကို ကြည့်ရသည်မှာ လက်နက်များပါလာပုံမရသလို၊ အန္တရာယ်ပေးမည့်ပုံလည်း မပေါ်ပါ။ ကုန်းကျားဟုန်သည် ရှောက်ရွှမ်ကို ကူညီရန် ဆုံးဖြတ်လိုက်ပါသည်။
“လာရတဲ့ခရီးကဝေးတော့ သိပ်အများကြီးပါမလာဘူး…ဒါလေးယူထားလိုက်ပါ…ခင်ဗျားအတွက် အသုံးဝင်ချင် ဝင်လာမှာပါ” ရှောက်ရွှမ် ရေနေကျောက်တစ်တုံးကို ထုတ်ပြလိုက်သည်။ ရှောက်ရွှမ်တွင် ရေနေကျောက်၂တုံးပါလာသဖြင့် တစ်တုံးကို ကုန်းကျားဟုန်အား ပေးနိုင်ပါသည်။ ကျန်တစ်တုံးကိုတော့ ကုန်ပစ္စည်းများနှင့် ဖလှယ်ရမည်။
“မင်းမှာ သိပ်ပါလာတာလည်း မဟုတ်ဘဲနဲ့…ပေးမနေပါ…ဟင်” ကုန်းကျားဟုန်သည် ပြောနေရင်းနှင့် ရပ်သွားပြီး “ဘာလေးလဲ”ဟုမေးလိုက်ပါသည်။
“အရောင်တောက်တဲ့ ကျောက်” ရှောက်ရွှမ် သလင်းကျောက်အသုံးပြုနည်းများကို ရှင်းပြလိုက်သည်။ သူ၏ဂူသည် မှောင်နေသဖြင့်၊ သလင်းကျောက်လေးသည် အသုံးဝင်လာမည်ဖြစ်ပါသည်။ ဂူထဲတွင် မီးဖိုထားပါက ဂူထဲရှိအောက်ဆီဂျင်ပမာဏ လျော့နည်းသွားမည်ဖြစ်သည်။ ဂူထဲတွင် မီးဖိုထားခြင်းကို ကုန်းကျားဟုန်က မနှစ်သက်ပါ။ ထို့ပြင် တောအုပ်အလယ်တွင် မီးဖိုခြင်းသည် အန္တရာယ်များပါသည်။
“တကယ်အရောင်တောက်တာလား” ကုန်းကျားဟုန်က ရှောက်ရွှမ်ပြထားသော နည်းများအတိုင်း သုံးကြည့်လိုက်သောအခါ အရောင်တောက်လာသည်ကို တွေ့လိုက်ရသည်။
“တခြား ဘာပစ္စည်းပါသေးလဲ” ကုန်းကျားဟုန်သည် ထူးဆန်းသော ပစ္စည်းများကို စိတ်ဝင်စားပါသည်။
ရှောက်ရွှမ်သည် ခေါင်းခါလိုက်ပြီး “မပါတော့ဘူး” ဟုပြောလိုက်ပါသည်။ သူတို့ ကုန်ဖလှယ်
စရာ အဖိုးတန်ပစ္စည်းဟူ၍ ထိုသလင်းကျောက်များသာ ပါလာခြင်း ဖြစ်ပါသည်။
“ကောင်းပြီလေ…အဲဒါဆိုလည်း ဒီသလင်းကျောက်လေးပဲ ယူထားလိုက်မယ်…ပါတဲ့ပစ္စည်းတွေ အကုန်ထုတ်မနေနဲ့ဦး…ကိုယ့်အတွက်လည်းချန်ထားဦး” ရှောက်ရွှမ်က သူ့ကို သလင်းကျောက်ထုတ်ပြသဖြင့် ကုန်းကျားဟုန်သည် အံ့ဩနေပါသည်။ သူသည် ရှောက်ရွှမ်တွင် အဖိုးတန်ပစ္စည်းများပါလာလိမ့်မည်ဟု မထင်ထားပါ။ ကုန်းကျားဟုန်သည် ရှောက်ရွှမ်၏ ကြေးနှင့်ပြုလုပ်သော ဓားကိုလည်း မနှစ်သက်ပါ။
“မိချောင်းသားရေကို ကော်နဲ့ကပ်လိုက်ဦးမယ်…ခဏစောင့်ဦး…ပြီးရင် သားရေနဲ့ ချပ်ဝတ်လုပ်နည်း သင်ပေးမယ်” ကုန်းကျားဟုန်က ဆက်ပြောပါသည် “တောထဲဝင်မယ်ဆိုရင် ချပ်ဝတ်က မပါမဖြစ်ပဲ…အကယ်၍ သားရဲတစ်ကောင်ကိုက်တာ ခံရတယ်ဆိုပါတော့…ချပ်ဝတ်မပါရင် သေမှာပဲ…ချပ်ဝတ်ပါရင်တော့ ဘာမှမဖြစ်ဘူး”
ရှောက်ရွှမ်၏ ခံစားချက်ကင်းမဲ့သော မျက်နှာကို မြင်ရသောအခါ၊ ကုန်းကျားဟုန်၏ အပြုံးသည် ပျောက်ကွယ်သွားပါသည်။
“ပျော်ပျော်ရွှင်ရွှင်နေပါ ကောင်လေးရ”
သူ့စကားများသည် အပိုဖြစ်နေကြောင်းကို ကုန်းကျားဟုန်လည်း သိပါသည်။ သူ၏ ချပ်ဝတ်သည် သာမန်တိရစ္ဆာန်များရန်ကို ကာကွယ်နိုင်သော်လည်း ကြောက်မက်ဖွယ်သားရဲကြီးများ၏ ရန်ကိုတော့ ကာကွယ်နိုင်မည် မဟုတ်ပါ။
သို့သော် ချပ်ဝတ်မပါသည်ထက်၊ ပါသည်ကတော့ ပိုလုံခြုံပါသည်။ ထိုအချက်ကို ရှောက်ရွှမ်နားလည်ပါသည်။ သူသည် သမုဒ္ဒရာကို မဖြတ်ကူးခင်က တီကောင်သားရေကို ဝတ်ဆင်ခဲ့ဖူးပါသည်။ တီကောင်သားရေ ပေါ့ပါးခိုင်ခံ့ပါသည်။ သူ၏ အလယ်တန်းစစ်သည်တော် ဘဝတလျှောက်လုံး တီကောင်သားရေက သူ့ကိုကာကွယ်ပေးခဲ့သည်။
သို့သော် သူ၏တီကောင်သားရေကို ပင်မမျိုးစေ့ထုပ်ပိုးရန် သုံးလိုက်ပြီ ဖြစ်ပါသည်။ အခုဆိုလျှင် တီကောင်သားရေသည် ထွော်၏လက်ထဲရောက်နေလောက်ပြီ ဖြစ်သည်။ သူ့အတွက် အစားထိုးစရာချပ်ဝတ်လိုလာပြီ ဖြစ်သည်။ တောအုပ်သည် အန္တရာယ်များလွန်းလှပါသည်။ သူသည် အတွင်းအားကောင်းသူတစ်ယောက် ဖြစ်၍သာ တောထဲတွင် ချပ်ဝတ်မပါဘဲ သွားလာနေနိုင်ခြင်းဖြစ်ပါသည်။
ရှောက်ရွှမ်က အသားများကို ချက်ပြုတ်နေချိန်တွင်၊ ကုန်းကျားဟုန်က သူ၏ ကုန်းကျားတောင်တန်းရှာပုံတော်ဖွင့်စဉ်က ကြုံခဲ့ရသော အခက်အခဲများကို ပြောပြနေပါသည်။ သို့သော် ရှောက်ရွှမ်ကတော့ ကုန်းကျားတောင်တန်းကို ရှာရန် လက်မလျှော့ပါ။ ကုန်းကျားဟုန်သာလက်လျှော့သွားပါတော့သည်။
ကုန်းကျားဟုန်သည် မိတ်ဆွေတစ်ယောက်နှင့်အတူ စားသောက်နေရသဖြင့် ပျော်ရွှင်စိတ်လှုပ်ရှားနေပါသည်။ ရှောက်ရွှမ်သည် ကုန်းကျား
ဟုန်ဆီမှ ဗဟုသုတ များစွာ ရပါသည်။
စားသောက်ပြီးသွားသော်လည်း ကုန်းကျားဟုန်က ဆက်ပြောနေပါသည်။ ရှောက်ရွှမ်ကတော့ ကောက်ရိုးနှင့် ကြိုးကျစ်ရင်း နားထောင်နေပါသည်။ တိုင်းရင်းသားများသည် ထိုကဲ့သို့ ကြိုးများကျစ်လေ့ရှိသဖြင့်၊ ကုန်းကျားဟုန်က အရေးလုပ်မနေဘဲ ဆက်ပြောသည်။
ကုန်းကျားဟုန်က ပြောပြီးသော်လည်း ရှောက်ရွှမ်ကတော့ ကြိုးကျစ်နေဆဲ ဖြစ်သည်။ ရှောက်ရွှမ်သည် ကြိုးထုံးဗေဒင်ဟောရန် ပြင်ဆင်နေခြင်း ဖြစ်ပါသည်။
ရှောက်ရွှမ်သည် ကြိုးထုံးဗေဒင်ဟောနည်းနှင့် တိမ်ပုံများ၏ အဓိပ္ပါယ်ကို ဖော်ရန် ကြိုးစားခဲ့ဖူးပါသည်။ သို့သော် ဤခရီးစထွက်လာပြီးနောက်၊ လုပ်သမျှ ကြိုးထုံးဗေဒင်ဟောမှုများ မမှန်ကုန်သဖြင့်၊ ရှောက်ရွှမ်လည်း ဆက်မလုပ်တော့ပါ။
အခုတော့ ကုန်းကျားဟုန်ဆီမှ အသုံးဝင်သော
သတင်းများကို သိလိုက်ရပြီဖြစ်သဖြင့်၊ ရှောက်ရွှမ်သည် ကြိုးထုံးဗေဒင် ထပ်မံဟောကြည့်ရန် ဆုံးဖြတ်လိုက်ပါသည်။
ကုန်းကျားဟုန်ကတော့ ရှောက်ရွှမ်တစ်ယောက် ကြိုးထုံးကြီးကိုင်ပြီး၊ မျက်လံးများ မှိတ်နေသည်ကို မြင်သော်လည်း စိတ်ပျက်မသွားပါ။ ထိုချာတိတ်လေး လာခဲ့သော ခရီးမှာ အလွန်ဝေးလှသဖြင့်၊ ခရီးပန်းနေလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည်အနားယူရင်း ကြိုးများနှင့် ဆော့ကစားနေခြင်းဖြစ်ရမည်။
အစပိုင်းကတော့ ရှောက်ရွှမ်သည် ကြိုးစများနှင့် အပျင်းပြေကစားနေသည်ဟု ထင်မိသော်လည်း၊ ကုန်းကျားဟုန်သည် မြို့တော်၏ အထက်တန်းလွှာမှ လာခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ရှောက်ရွှမ်လုပ်နေသည်ကို သိလိုက်ပါသည်။
“ကြိုးထုံးဗေဒင်…”
ဒီကောင်လေးက မြို့ထဲက လာတာလား…။ မဖြစ်နိုင်ပါ။ ကုန်းကျားဟုန်သည် ရှောက်ရွှမ်၏ နတ်အမှတ်အသားများကို မြင်ဖူးပါသည်။ ရှောက်ရွှမ်သည် မြို့တော်မှ လာခြင်းမဟုတ်ပါ။ မြို့တော်မှ လာခြင်းမဟုတ်လျှင် ကြိုးထုံးဗေဒင်ကို ဘယ်လိုတတ်မြောက်နေသနည်း။
မျိုးနွယ်စုဝင်တိုင်းရင်းသားများသည် ဂမ္ဘီရ ကြိုးထုံးပညာကို တတ်မြောက်ကြသည်ဟုတော့ သူကြားဖူးထားသည်။ သို့သော် ရှောက်ရွှမ်သည် အလွန်ငယ်ရွယ်သေးသည်။ သူသည် ဂမ္ဘီရ ကြိုးထုံးပညာကို ကျွမ်းကျင်မှု ရှိပါ့မလား။
ကုန်းကျားဟုန် စိတ်လှုပ်ရှားသွားသည်။
ထိုချာတိတ်သည် ကုန်းကျားတောင်တန်းကို ဆက်လက်ရှာဖွေမည့် ခေါင်းမာသူဖြစ်သလို ကြိုးထုံးဗေဒင်ကိုလည်း တတ်မြောက်နေသေးသည်။ ထိုချာတိတ်သည် ကုန်းကျားတောင်တန်းကို ရောက်သွားနိုင်ပါသလား။ မဖြစ်နိုင်ပါ…ရှားလူမျိုးများမှလွဲ၍ အပြင်လူများ ကုန်းကျား
တောင်တန်းသို့ မရောက်နိုင်ပါ။
သို့သော် ကုန်းကျားတောင်တန်းကို ရှာမတွေ့လျှင်တောင် အမှန်တရားနှင့်တော့ နီးစပ်သွားမည် ဖြစ်သည်။
မီးဖိုထဲတွင် မီးတောက်များက အရှိန်ကောင်းနေပါသည်။ ကုန်းကျားဟုန်တစ်ယောက် စိတ်များ လှုပ်ရှားနေပါသည်။
ကုန်းကျားဟုန်ကြည့်နေစဉ်အတွင်းမှာပင်၊ ရှောက်ရွှမ်က ကြိုးထုံးများကို တစ်ခုပြီး တစ်ခုလုပ်သွားပါသည်။ ထိုကြိုးထုံးများ၏ အဓိပ္ပါယ်ကို မဖော်နိုင်သော်လည်း၊ ဗေဒင်ဟောခြင်း မအောင်မြင်ပါက ကြိုးထုံးများ ဖြစ်ပေါ်လာမည် မဟုတ်ပါ။
နောက်ဆုံးတွင် ရှောက်ရွှမ်မျက်လုံးဖွင့်လာပါသည်။
ကုန်းကျားဟုန်ကတော့ စိတ်လှုပ်ရှားနေသဖြင့်
ကင်လက်စ အသားများပင် တူးသွားပါသည်။
“ဘာတွေ့လို့လဲ” ကုန်းကျားဟုန်၏ အသံက တုန်နေပါသည်။
ရှောက်ရွှမ်ကတော့ အံ့ဩဟန်မပြဘဲ သူ့အလုပ်သူ ဆက်လုပ်နေပါသည်။ အမှန်တော့ ရှောက်ရွှမ်သည် ကုန်းကျားဟုန်ရှေ့တွင် ကြိုးထုံးဗေဒင်ကို တမင်မေးလိုက်ခြင်း ဖြစ်ပါသည်။
“အဲဒီဘက်” ရှောက်ရွှမ်က မြစ်ကြီး၏ အခြားတစ်ဖက်ကို ညွှန်ပြလိုက်သည်။
“အသေးစိတ်ကိုတော့ ကျွန်တော်လည်းမသိဘူး…ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အဲဒီနေရာကို သွားချင်နေတယ်…အဲဒီနေရာကို ခင်ဗျားရောက်ဖူးမယ်ထင်တယ်”
“အဲဒီဘက်ကို သွားရမယ်မှန်းတော့ ငါသိပါတယ်” ထို့နောက် ကုန်းကျားဟုန်သည် အလျင်စလို မေးလိုက်သည် “ပြီးတော့ဘာဆက်
လုပ်ရမလဲ…လမ်းကဘယ်လောက် ဆက်လျှောက်ရမှာလဲ…အဲဒီကို ရောက်သွားရင်ရော ဘာဆက်လုပ်ရမလဲ”
ကုန်းကျားဟုန်သည် သူရွေးချယ်ခဲ့သောလမ်း မှန်ကြောင်းသိသော်လည်း၊ ကုန်းကျားတောင်တန်းကိုတော့ ရှာမတွေ့သေးပါ။ ကုန်းကျားဟုန်သည် ကုန်းကျားတောင်တန်းကို ရှာနေသည်မှာ နှစ်၂၀ကျော်ပြီဖြစ်သည်။
ရှောက်ရွှမ်က နှာခေါင်းကို ကုတ်ရင်း “အဲဒါတော့ ကျွန်တော်လည်း မသိဘူး…အဲဒီကို ရောက်ရင် ဗေဒင်ထပ်မေးကြည့်ရမယ်” ဟုပြောလိုက်ပါသည်။
ကုန်းကျားဟုန်ပါးစပ်ပိတ်သွားပါသည်။
ညအချိန်ရောက်လာပြီးဖြစ်သဖြင့် ရှောက်ရွှမ်သည် ထိုနေရာတွင် တစ်ညနေရတော့မည် ဖြစ်သည်။ သို့သော် ရှောက်ရွှမ်သည် ဂူထဲတွင် မအိပ်သလို၊ ကျောက်တုံးအိမ်ထဲတွင်လည်း မအိပ်
ပါ။ ရှောက်ရွှမ်သည် သစ်ပင်ပေါ်မှ အိမ်လေးတစ်လုံးထဲတွင် အိပ်စက်ပါသည်။ ထိုနေရာသည် ကုန်းကျားဟုန်ပြုလုပ်ထားသော အနားယူသည့် နေရာလေးဖြစ်ပါသည်။
ရှောက်ရွှမ်သည် အိပ်ရာပေါ်လှဲလိုက်သည်နှင့် အိပ်ပျော်သွားပါသည်။ သို့သော် ကျောက်သားအိမ်ထဲမှ ကုန်းကျားဟုန်ကတော့ အိပ်မပျော်ပါ။ အိပ်ရာပေါ်တွင် ဟိုဒီလူးလှိမ့်နေသည်။
အိပ်၍မပျော်သဖြင့်၊ ကုန်းကျားဟုန်သည် ပန်းပဲခန်းထဲသို့ ဝင်လာခဲ့သည်။
ကုန်းကျားဟုန်သည် စိတ်ရှုပ်နေသောအခါများတွင်၊ ပန်းပဲခန်းထဲသို့လာနေကျဖြစ်သည်။ သူသည် သံများကို ရည်ရွယ်ချက်မရှိ ထုနှက်နေပါသည်။ သူ၏ ခံစားချက်များ ပျောက်ကွယ်သွားရန် ထုနှက်နေခြင်းဖြစ်ပါသည်။
“ချာတိတ်လေးနဲ့လိုက်သွားပြီး ကုန်းကျားတောင်တန်းကို ရှာရင်ကောင်းမလား”
သို့သော် သူ့မာနက ရှိသေးသည်။ ရှားလူမျိုးတစ်ယောက်က တိုင်းရင်းသားတစ်ယောက်၏ အကူအညီကို ယူရခြင်းမှာ သိက္ခာကျပါသည်။
ကုန်းကျားဟုန်သည် တူဖြင့်ထပ်ထုလိုက်သည်။
“ဒါပေမဲ့ အဲဒီချာတိတ်လေးက ကုန်းကျားတောင်တန်းကို တွေ့အောင် ရှာနိုင်ရင် ဘယ်လိုလုပ်မလဲ”
(ဆက်ရန်…)