← Chapters

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၄၀၉) အတူတကွ

ကုန်းကျားဟုန်သည် တစ်ညလုံးမအိပ်ဘဲ ကြေးထည်များထုပ်လုပ်နေပါသည်။ နောက်တစ်နေ့မနက်တွင် ရှောက်ရွှမ်သည် သစ်ပင်ပေါ်မှ ဆင်းလာပါသည်။ သူကျောက်တုံးအိမ်တော်မှ ထွက်လာသောအခါ၊ သူ၏မျက်လုံးများသည် နီရဲနေပါသည်။

“ဘာဖြစ်တာလဲ” ရှောက်ရွှမ်သည် တစ်ညလုံးဆူညံနေသော တူထုသံများကို ကြားနေရပါသည်။ သို့သော် အိပ်ချင်နေသဖြင့် အိပ်ပျော်သွားပါသည်။ တောအုပ်ထဲတွင် အမဲလိုက်နေကျသူများမှာ သားရဲကြီးများ၏အော်သံများ၊ ငှက်သံများနှင့် အသားကျနေပြီဖြစ်သည်။ ထိုအသံများကို မခံနိုင်ပါက၊ အိပ်၍ ရမည်မဟုတ်ပါ။ တောအုပ်သည် အမြဲလိုလို အသံများ ဆူညံနေလေ့ရှိပါသည်။

ရှောက်ရွှမ်၏ စကားကို ကြားလိုက်သောအခါ၊ ကုန်းကျားဟုန်သည် နီရဲနေသော မျက်လုံးများဖြင့် ရှောက်ရွှမ်ကို ကြည့်လိုက်ပါသည်။ မျက်နှာမှာလည်း ရှုံမဲ့နေပြီး “ဘာမှမဖြစ်ပါဘူး”ဟု ပြောလိုက်ပါသည်။ ထို့နောက် ဂူထဲသို့ ပြန်လှည့်သွားပါသည်။

ဂူထဲတွင် သိုလှောင်ထားသော ရေများရှိပါသည်။ ကုန်းကျားဟုန်သည် ရေကို သစ်သီးခွံတစ်ခုဖြင့် ခပ်လိုက်ပြီး မျက်နှာသစ်လိုက်ပါသည်။ မျက်နှာသစ်လိုက်ပြီးနောက် သူသည် အနည်းငယ် ပြန်တည်ငြိမ်သွားပါသည်။

ရှောက်ရွှမ်က ဆက်နားထောင်နေသဖြင့်၊ ကုန်းကျားဟုန်က ဆက်ပြောပါသည်။

ကုန်းကျားဟုန်သည် ရေပုံးထဲမှ ရေကို လက်နှင့် မွှေနေရင်း မြေပြင်ကို ကြည့်နေပါသည်။

“မင်းက ကုန်းကျားတောင်တန်းကို လိုက်ရှာနေ

တာ မဟုတ်လား…ငါမင်းနဲ့အတူ လိုက်ရှာရင် ကောင်းမလားလို့” ကုန်းကျားဟုန်က ပြောလိုက်ပါသည်။ ထို့နောက် “မင်းက အသက်အရမ်းငယ်သေးတယ်…မြေပြင်အနေအထားလည်း မကျွမ်းကျင်ဘူး…ငါကဒီတောမှာ နေလာတာ နှစ်၂၀ရှိနေပြီ…မင်းကိုလမ်းပြပေးနိုင်တယ်”

ရှောက်ရွှမ်ခဏလောက် ကြောင်သွားသည်။ နောက်မှ ရုတ်တရက် သတိပြန်ဝင်လာပြီး၊ ရယ်လိုက်ပါသည် “အဲဒါဆိုရင်တော့ ကောင်းတာပေါ့”

“ငါ့ကိုမရယ်ပါနဲ့…မင်းစိတ်ထဲမှာတွေးနေတာ ငါမသိဘူးများ မှတ်နေလား…ဟင်” ကုန်းကျားဟုန်သည် သစ်သီးခွံကို လွှတ်ပစ်လိုက်ပြီး၊ တင်းပုတ်ကို ကောက်ကိုင်လိုက်ကာ “တစ်ခုခုအရင်စားဦး…အဲဒါမှ အလုပ်လုပ်နိုင်မှာ” ဟုပြောလိုက်ပါသည်။

သူတို့သည် ကုန်းကျားတောင်တန်းကို လိုက်ရှာရန်အတွက် ပစ္စည်းကိရိယာများကို ပြင်ဆင်ထားရပါသည်။ ဒဏ်ရာရလျှင် သုံးရမည် ဆေးဝါးများ၊ အဆိပ်ဖြေဆေးများ၊အစားအသောက်များကို

ပြင်ဆင်ရပါသည်။

ကုန်းကျားဟုန်သည် တောင်ကို ရှာဖွေရန် ခရီးထွက်ဖူးပါသည်။ ရှောက်ရွှမ်သာ ရောက်မလာဖူးဆိုပါက၊ သူသည် နောက်တစ်နောက် သွားမည် မဟုတ်ပါ။ ထို့ကြောင့် သူ့တွင် ပစ္စည်းကိရိယာများ အဆင်သင့်မရှိခြင်း ဖြစ်သည်။ သို့သော် အစီအစဉ်ပြောင်းလဲသွားသဖြင့်၊ လိုအပ်သည်များကို ပြင်ဆင်ရပါသည်။

ရှောက်ရွှမ်သည် မိချောင်း၏ အရိုးပြားများဖြင့် ချပ်ဝတ်တစ်ထည် ပြုလုပ်လိုက်ပါသည်။ အစပိုင်းတွင်တော့ ချပ်ဝတ်နှင့် အသားမကျပါ။ တီကောင်သားရေချပ်ဝတ်လောက် ဝတ်ဆင်၍မကောင်းပါ။ သို့သော် လက်ရှိအခြေအနေများအရ၊ ချေးများနေ၍ မဖြစ်ပါ။ ဘာမှမရှိခြင်းထက်တော့ ကောင်းသေးသည် မဟုတ်ပါလား။

ချပ်ဝတ်ကို ဝတ်ဆင်ပြီးသွားသောအခါ၊ ကုန်းကျားဟုန်သည် ဆေးမြစ်များခူးရန်ရှောက်ရွှမ်ကို ခေါ်သွားပါသည်။

“ဒဏ်ရာရရင် ဆေးကုဖို့ ဆေးတွေလိုတယ်”

ပြန်ရောက်လာသောအခါ၊ သူတို့သည် ထောင်ခြောက်များ ပြုလုပ်ကြပါသည်။

၅ရက်လောက် ကြိုတင်ပြင်ဆင်ချိန်ရသဖြင့်၊ ရှောက်ရွှမ်သည် ထောင်ခြောက်များ ဆက်လက်ပြုလုပ်နေပါသည်။

ရေအောက်တွင် မိချောင်းဖမ်းသော လှောင်အိမ်ကိုလည်း ထပ်လုပ်ထားပါသည်။ လှောင်အိမ်ထဲတွင် ဆေးခတ်ထားသော အစာကို မိချောင်းစာအနေနှင့် ချိတ်ထားပါသည်။ လှောင်အိမ်ထဲသို့ မိချောင်းဝင်လာသည်နှင့် တံခါးက ပိတ်ကျသွားမည် ဖြစ်သည်။ တစ်ယောက်ယောက်က ပြန်မဖွင့်ပေးပါက၊ လုံးဝပြန်ဖွင့်၍ ရမည် မဟုတ်ပါ။ ထို့ပြင် ဆေးခတ်ထားသော အစာကို စားမိသဖြင့်၊ မိချောင်းကြီးသည် အားနည်းနေမည် ဖြစ်သည်။

“သတိထားနော်…ဆေးကနည်းနည်းဆိုရပြီ” ကုန်းကျားဟုန်သည် လက်မနှင့် လက်ညှိုးကို သုံးပြီး ပဲစေ့အရွယ်လောက် ပြလိုက်သည်။ “ဒီလောက်ဆိုရင် လူတစ်ယောက် တုံးခနဲ လဲသွားမယ်…ငါတို့လို လူတွေကတော့ ခံနိုင်ရည်ရှိတာပေါ့…အားနည်းတဲ့လူဆို ခံနိုင်မှာ မဟုတ်ဘူး”

ဆေးပမာဏအနည်းငယ်လောက်ဆိုလျှင်ပင် လူကြီးတစ်ယောက် မေ့လဲသွားမည် ဖြစ်သည်။ ကုန်းကျားဟုန်သည် ထောင်ခြောက်ထဲတွင် ပင်ပေါင်ဘောလုံး တစ်လုံးစာလောက် ထည့်ထားပါသည်။

ထိုဆေးအစွမ်းမှာ တိရစ္ဆာန်အမျိုးအစာနှင့် သက်ဆိုင်ပါသည်။ တချို့သားကောင်များဆိုလျှင် သတိမေ့သွားမည် ဖြစ်ပြီး၊ တချို့ကတော သေသွားနိုင်ပါသည်။ မိချောင်းကို ကျွေးသော ပမာဏလောက်ကို လူတွင်သုံးမိပါက ကိုမာဝင်သွနိုင်ပါသည်။

အစာထဲတွင် ဆေးအများကြီးမခတ်ရန် ကုန်း

ကျားဟုန်က ရှောက်ရွှမ်ကို သတိပေးနေရပါသည်။ ဆေးအလွန်များသွားပါက၊ ရလာသော မိချောင်းသားကို စား၍ ရတော့မည် မဟုတ်ပါ။

သုံးရက်အတွင်း၊ ကုန်းကျားဟုန်သည် လိုအပ်သော ကိရိယာများကို ပြင်ဆင်နေပါသည်။ သူသည် ရှောက်ရွှမ်ကို ပုဆိန်တစ်လက်ပေးလိုက်ပါသည်။ ရှောက်ရွှမ်တွင် လက်နက်မပါပါက၊ အန္တရာယ်နှင့် ကြုံလာလျှင် သူလိုက်ကယ်နေရမည် ဖြစ်သည်။ သူ့ကို လက်နက်တစ်ခု ပေးထားလိုက်ပါက အဆင်ပြေသွားမည် ဖြစ်သည်။

ထိုသုံးရက်အတွင်း၊ မည်သည့်မိချောင်းကမှ ရေအောက်လှောင်အိမ်ထဲက အစာကို မစားပါ။ မိချောင်းများသည် လှောင်အိမ်ထဲမှ အစာကို မတွေ့တာလား၊ ထိုနေရာသို့ မရောက်သေးတာလားတော့ သူတို့လည်း မသိပါ။

“မြစ်ကို ဘယ်လိုဖြတ်ကြမလဲ” ရှောက်ရွှမ်က မေးလိုက်ပါသည်။

မြစ်ပြင်သည်ကျယ်လှသော်လည်း၊ တစ်ဖက်ကမ်းကိုတော့ လှမ်းမြင်နေရပါသည်။ သူတို့မျိုးနွယ်စုမြင်ဖူးနေကြ မြစ်နှင့်တော့ဘာမှမဆိုင်ပါ။

“လှေလုပ်ရင်ကောင်းမလား” ရှောက်ရွှမ်က မေးလိုက်ပါသည်။

“လှေစီးမယ်တော့ စိတ်မကူးနဲ့…ငါတို့က ရေပြင်ပေါ်မှ ပေါ်နေလို့ မရဘူး…လှောင်အိမ်ထဲကို ဘယ်မိချောင်းမှ မဝင်သေးဘူးကွ…အဲဒါဒီနားမှာ မိချောင်းအကြီးစားတစ်ကောင် ရောက်နေလို့ပဲ…ဒီလိုပုံစံနဲ့ လှေသွားစီးလို့ကတော့ တိုင်ပတ်သွားမယ်…အဲဒီမိချောင်းကြီးက ရင်ဆိုင်ရတာ မလွယ်ဘူး” ကုန်းကျားဟုန်က ပြောလိုက်ပါသည်။

ရေအောက်လှောင်အိမ်သည် အမဲလိုက်ရုံသာမဟုတ်၊ ပတ်ဝန်းကျင် အခြေအနေကို လေ့လာရန်လည်း သုံးလို့ရပါသည်။ ထောင်ခြောက်ထဲတွင် မိချောင်းမိနေပါက၊ အနီးအနားတွင် မိချောင်းကြီးများမရှိကြောင်း သိနိုင်ပါသည်။ သုံးရက်အတွင်း တစ်ကောင်မှ မိဖူးဆိုပါက၊ မိချောင်းများ

ကြောက်လန့်နေကြောင်း သိနိုင်ပါသည်။ အကောင်ငယ်များသည် အကောင်ကြီးနှင့်ယှဉ်ပြီး အစာလုမည် မဟုတ်ပါ။

“ဘာဆက်လုပ်ကြမလဲ” ရှောက်ရွှမ်သည် ကုန်းကျားဟုန်ဘာမလုပ်မလဲစောင့်နေပါသည်။ ကုန်းကျားဟုန်သည် အတွေ့အကြုံရှိသူ ဖြစ်သောကြောင့်၊ နည်းလမ်းတော့ ရှိမည် ဖြစ်သည်။

ကုန်းကျားဟုန်သည် ရယ်လိုက်ပြီး၊ သစ်သားဝီစီတစ်လုံးကို ထုတ်ယူလိုက်ပြီး သုံးကြိမ်ဆက်တိုက်မှုတ်လိုက်ပါသည်။

“ရွှီ… ရွှီ… ရွှီ”

စူးရှသော ဝီစီသံမှာ တောအုပ်တစ်ခုလုံး ပျံ့လွင့်သွားပါသည်။ ရှောက်ရွှမ်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သောအခါ၊ အရိပ်မည်းကြီးတစ်ခု ပျံလာသည်ကို တွေ့လိုက်ရပါသည်။

“ကြည့်လိုက်…အဲဒါငါတို့ စီးစရာပဲ”ကုန်းကျားဟုန်

က ကောင်းကင်ပေါ်မှ ငှက်ကြီးကို ကြည့်ပြီး ဂုဏ်ယူစွာ ပြောလိုက်ပါသည်။

ငှက်ကြီးကို ကြည့်ရသည်မှာ ငှက်ကျားတစ်ကောင်နှင့်တူပါသည်။ အရောင်မှာ အညိုရင့်ရောင်ဖြစ်ပြီး၊ ခဲရောင်အစက်အပြောက်လေးများပါပါသည်။

ငှက်ကြီးသည် မြေပြင်ပေါ်သို့ ချက်ချင်းဆင်းမလာပါ။ သစ်ပင်ပေါ်တွင် ရပ်လိုက်ပြီး ရှောက်ရွှမ်ကို သတိနှင့် ကြည့်နေ၏။

“လာပါ…အဲဒါရှောက်ရွှမ်…ငါနဲ့အတူတူမြစ်ကို ဖြတ်မယ့်လူပေါ့” ဟုန်ကပြောလိုက်ပါသည်။

ငှက်ကြီးက နားလည်ပုံမပေါ်ပါ။ ရှောက်ရွှမ်နှင့် ကုန်းကျားဟုန်တို့ကို ကြည့်လိုက်ပြီး အော်လိုက်ပါသည်။ သို့သော် သစ်ပင်ပေါ်မှတော့ ဆင်းမလာပါ။

ကုန်းကျားဟုန်သည် ငှက်ကြီးကို ခေါ်ရန်အစာတချို့ထုတ်လိုက်ပါသည်။

“ငါခေါ်နေတာကို မသိချင်ယောင်ဆောင်နေတယ်ပေါ့လေ…အစာမြင်မှာ လာတဲ့ကောင်” ကုန်းကျားဟုန်သည် အစာဆင်းစားသော ငှက်ကို ဖင်ပိတ်ကန်လိုက်ပါသည်။

“ကျီ…”

ငှက်ကြီးက အော်သံတစ်ချက်ပေးလိုက်ပြီး၊ အစာကို ဆက်စားနေပါသည်။

“စားပြီးသွားရင် ငါတို့ကို လိုက်ပို့ပေးဦး…ငါပြောတာကြားလား…တင်းပုတ်နဲ့ ထုလိုက်လို့ သေသွားမယ်” ကုန်းကျားဟုန်က ပြောလိုက်ပါသည်။ သို့သော် ငှက်ကြီးကတော့ ကုန်းကျားဟုန်ကို ကြည့်ပင်မကြည့်ပါ။ ၎င်းမျက်လုံးထဲတွင် အစာကိုသာမြင်ရပါသည်။

သို့သော် သတိထားကြည်မည်ဆိုပါက၊ကုန်းကျားဟုန် စကားပြောလိုက်လျှင် ငှက်ကြီးသည် ဦးခေါင်းကို ကုန်းကျားဟုန်ဘက်သို့ အနည်းငယ်

စောင်းသွားပါသည်။ အမှန်တော့ ငှက်ကြီးသည် ကုန်းကျားဟုန်ပြောနေသည်ကို နားထောင်နေပါသည်။

ငှက်ကြီးက အဖက်မလုပ်သည်ကို တွေ့သောအခါ၊ ကုန်းကျားဟုန်မျက်နှာ ညိုမဲသွားပါသည်။ သူသည် တင်းပုတ်ကို မြေပေါ်ပစ်ချလိုက်ပြီး ထိုင်ချလိုက်ပါသည်။ ထို့နောက် ဟိန်းသည် ငှက်ကြီးအကြောင်းကို ရှောက်ရွှမ်အားပြောပြနေပါသည်။

“ဒီငှက်ကို ထောင်ခြောက်နဲ့ဖမ်းလာတာလေ…အစကတော့ သတ်စားမလို့ပါ…ဒါပေမဲ့ အဲဒီညက တောင်ပေါ်ကနေ ကျောက်တုံးတွေ လိမ့်ကျလာတယ်…တကယ်ကြောက်ဖို့ကောင်းတာက ကျောက်တုံးတွေ မဟုတ်ဘူး…အကြောက်လွန်နေတဲ့ သားရဲတွေပဲ…အကုန်လုံးဝရုန်းသုန်းကားဖြစ်နေတော့ ငါ့ထောင်ခြောက်တွေလည်း အသုံးမဝင်ဘူးပေါ…ငါ့ကို သားရဲတစ်ကောင်ဝင်တိုက်သွားလို့ သတိမေ့မလိုတောင် ဖြစ်သွားသေးတယ်…ဒါပေမဲ့ ဖမ်းမိထားတဲ့ ဒီငှက်ကို တက်စီးပြီး လွတ်

လာတယ်ပဲ ဆိုပါတော့”

“အစပိုင်းတော့ ငါ့ကိုခါချဖို့ ကြိုးစားသေးတယ်…သူ့လည်ပင်းကို လက်နဲ့ဆိတ်လိုက်မှ နည်းနည်းငြိမ်သွားတယ်…အချိန်နည်းနည်းကြာတော့ တော်တော်ငြိမ်သွားတယ်…အဲဒါနဲ့ မြေပြင်ပေါ်ကို ဆင်းလိုက်တယ်…ငါ့စကားနားမထောင်ရင်တော့ အကြမ်းနည်းနဲ့ ဖြေရှင်းမယ်ပေါ့…ဒါပေမဲ့ ငှက်ကြီးက ငါ့စကားနားထောင်ပါတယ်”

“ပြီးတော့ အားလုံးငြိမ်သက်သွားတယ်…ငါအမဲလိုက်ထွက်ရာကနေ ပြန်လာတိုင်း သူ့အတွက် အသားတွေ ပစ်ပေးနေကြပေါ့…အဲဒီလိုနဲ့ ငါတို့ရင်းနှီးလာတယ်…တစ်ခါတလေ မှာ အခြားငှက်တွေနဲ့ ရန်ဖြစ်ပြီးရင်၊ ငါ့ဆီကို ရောက်လာတယ်…ဒီကောင်ကို ငါမွေးထားတာ ၁၀နှစ်ရှိနေပြီ…”ကုန်းကျားဟုန်က အတိတ်ကို လွမ်းဆွတ်နေပါသည်။

“ဘယ်လိုလဲ…ငါ့ငှက်ကို သဘောမကျဘူးလား…အမိန့်သိပ်မနာခံဘူးဆိုပေမယ့် အသုံးတော့ ဝင်ပါတယ်…သူမရှိရင် မြစ်ကို လွယ်လွယ်ဖြတ်နိုင်မှာ

မဟုတ်ဘူး…မိချောင်းတွေနဲ့ နပမ်းလုံးရမှာဂ

“ကျွန်တော်လည်း ငှက်တစ်ကောင်မွေးဖူးပါတယ်…ခင်ဗျားငှက်ထက် ပိုကြီးတယ်…စကားလည်းနားထောင်တယ်” ရှောက်ရွှမ်က ပြောလိုက်ပါသည်။

“အခုဘယ်ရောက်သွားလဲ” ကုန်းကျားဟုန်က မေးလိုက်ပါသည်။ ရှောက်ရွှမ်သည် လိမ်နေသည်ဟု ကုန်းကျားဟုန်က ထင်နေပါသည်။

“မတွေ့တာ ၁နှစ်လောက်ရှိသွားပြီ” ရှောက်ရွှမ်က သက်ပြင်းချလိုက်ပါသည်။

“သူ့မျိုးတူငှက်တွေနဲ့ လိုက်သွားတာ ဖြစ်မှာပေါ့” ကုန်းကျားဟုန်က ပြောလိုက်ပါသည်။

“မဟုတ်ဘူး…ကျွန်တော်ငှက်က တစ်ကောင်တည်းနေတတ်တဲ့ ငှက်” ရှောက်ရွှမ်ကပြောလိုက်ပါသည်။ တောင်သိမ်းငှက်ကြီးများမှာ တစ်ကောင်တည်းသာ နေတတ်သော သတ္တဝါများဖြစ်

ပါသည်။ တစ်ကောင်နှင့် တစ်ကောင်တွေ့လျှင်လည်း ရန်သာဖြစ်နေတတ်ကြသည်။

“ချာချာရေ…မင်းဘယ်တွေရောက်နေလဲကွာ”

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၄၁၀) မြစ်ကို ဖြတ်ကျော်ခြင်း

ရှောက်ရွှမ်က ချာချာ့ကို သတိရနေသလို၊ ပင်လယ်တစ်ဖက်ကမ်းမှ မီးတောက်ဦးချိုမျိုးနွယ်စု၏ နတ်ဆေးဆရာသည်လည်း ရှောက်ရွှမ်ကို သတိရနေပါသည်။

ရှောက်ရွှမ်တစ်ယောက် ကန္တာရထဲတွင် ပျောက်ကွယ်သွားသောအခါ၊ ချာချာသည် ရွာမှချက်ချင်းထွက်ခွာသွားပါသည်။ ချာချာ့ကို နောက်ဆုံး ဟွေမျိုးနွယ်စုထံတွင် တွေ့လိုက်ရသည်ဟု သတင်းများကြားပါသည်။ ထိုအချိန်ကတည်းကစတင်ပြီး၊ ချာချာသည် သားရဲတို့ ပျော်စံရာမြေသို့ ပြန်မလာတော့ပေ။

နတ်ဆေးဆရာက လူလွှတ်ပြီး ရှာခိုင်းသော်လည်း၊ ဘာမှမထူးခြားပါ။ အရင်ဦးဆုံး၊ နတ်ဆေးဆရာသည် ဟွေမျိုးနွယ်စုထံ လူလွှတ်ပြီး ချာချာ့အကြောင်း စုံစမ်းခိုင်းပါသည်။ ချာချာ

သည် သားရဲအချို့ကိုခေါ်ပြီး ထွက်ခွာသွားသည်ဟု သိလိုက်ရသည်။

ချာချာသည် သူနှင့် ရန်ဖြစ်ဖူးသော သိမ်းငှက်အပါအဝင်၊အခြားသိမ်းငှက်၂ကောင်ကို ခေါ်သွားသည်ဟုဆိုပေသည်။ ဟွေ့မျိုးနွယ်စုဝင်များထင်နေသည်မှာ ချာချာသည် မီးတောက်ဦးချိုမျိုးနွယ်စုထံသို့ ပြန်သွားသည်ဟူ၍ ဖြစ်သည်။

ချာချာသည် အခြားသားရဲများနှင့်မတူပါ။ သို့သော် ၎င်းသည် ရှောက်ရွှမ်စကားကိုတော့ နားထောင်ပါသည်။ ချာချာသည် လောင်ခဲ့၏ စကားကို ပင်နားမထောင်ပါ။ အခုတော့ ချာချာဘယ်ရောက်နေလဲ ဘယ်သူမှ မသိကြပါ။

ထိုအချိန်တွင်၊ သိမ်းငှက်ကြီး၇ကောင်သည် တောင်အမြင့်ကြီးတစ်လုံးကို တက်နေကြပါသည်။

သိမ်းငှက်များသည် တိမ်ထုများကို ဖြတ်ကျော်

ပျံသန်းနေကြပါသည်။ အတောင်များ ညောင်းလာသောအခါ၊ တောင်နံရံကို ခြေသည်းများဖြင့် ချိတ်တွယ်၍ နားကြပါသည်။ ခဏနားပြီးသောအခါ၊ အတောင်ပံပေါ်မှ ရေခဲများကို ခါချပြီး၊ ဆက်လက်ပျံသန်းကြပါသည်။

အနောက်ဆုံးတွင် ကျန်ခဲ့သော သိမ်းငှက်ငယ်လေးမှာ အဖွဲ့နှင့်အတူလိုက်ပါရန် ခက်ခဲနေပါသည်။ ၎င်းသည် ကြိုးစား၍ ပျံသော်လည်း၊ အနောက်တွင်သာ ကျန်ခဲ့ပါသည်။ နောက်ဆုံးတွင်တော့ ဆက်မပျံသန်းနိုင်တော့ပါ။ သနားစဖွယ်အော်မြည်ရင်း၊ တောင်နံရံတွင် နားရင်းကျန်နေခဲ့သည်။

အော်သံကိုကြားလိုက်သောအခါ၊ပျံသန်းနေသော အခြားသိမ်းငှက်များသည် ရပ်တန့်သွားကြပြီး၊ ကျန်ခဲ့သော ငှက်ကို အော်ခေါ်နေကြပါသည်။ သို့သော် အကူအညီတော့ သွားမပေးကြပါ။ တစ်ကောင်ကတော့ သွားကူရန် ပြင်သော်လည်း၊ သိမ်းငှက်ကြီးတစ်ကောင်က တားလိုက်ပါသည်။

သိမ်းငှက်များသည် နောက်တွင် ကျန်နေခဲ့သော သိမ်းငှက်ကို အားပေးနေကြပါသည်။

ချာချာကတော့ ဘေးမှသာ ရပ်ကြည့်နေပါသည်။ ၎င်းသည် သိမ်းငှက်ငယ်လေးကို အားပေးခြင်းမလုပ်ပါ။ ခဏနေသောအခါ၊ ချာချာသည် တောင်နံရံပေါ်မှ နှင်းများဖုံးနေသော ကျောက်တုံးတစ်တုံးကို လက်သည်းနှင့် ကန်ထုတ်လိုက်သည်။ အခြားသိမ်းငှက်များက ချာချာသည် သိမ်းငှက်ငယ်လေးကို ကူညီခြင်းဖြစ်သည်ဟု ထင်ထားသော်လည်း၊ တကယ်တော့ သိမ်းငှက်ငယ်လေးကို ကျောက်တုံးနှင့် ပေါက်လိုက်ခြင်းဖြစ်ပါသည်။

အခြားသိမ်းငှက်များ ဆွံ့အသွားသည်။

ကျောက်တုံးသည် သိမ်းငှက်ငယ်လေး၏ ခေါင်းတည့်တည့်သို့ ထိမှန်သွားပါသည်။ သိမ်းငှက်ငယ်လေးသည် ကြောင်နေပါသည်။ ပစ်လိုက်သော ကျောက်တုံးလေးမှာ သေးငယ်သဖြင့် ဒဏ်ရာတော့ ရမသွားပါ။

ချာချာသည် သိမ်းငှက်ငယ်လေးကို ခဲဖြင့်နောက်တစ်ကြိမ်ပစ်လိုက်ပါသည်။ အခုတစ်ကြိမ်တွင်တော့ သိမ်းငှက်လေးက ရှောင်လိုက်ပါသည်။

သိမ်းငှက်ငယ်လေးသည် ဒေါသထွက်လာသဖြင့် ဂုတ်ပေါ်မှ အမွှေးများ ထောင်ထလာပါသည်။

“အာ…” သိမ်းငှက်ငယ်လေးသည် အတောင်တဖျပ်ဖျပ်ခတ်ရင်း အော်လိုက်ပါသည်။

ချာချာသည် ဆက်မပျံသန်းမီ၊တတိယအကြိမ်ခဲနှင့်ပေါက်လိုက်ပါသည်။ ထိုအဖြစ်ကို မြင်သောအခါ၊ အခြားသိမ်းငှက်များက ချာချာ့နောက်သို့ လိုက်သွားပါသည်။

ခရီးရှည်ကြီးပျံသန်းပြီးနောက်၊ သိမ်းငှက်၇ကောင်တို့သည် တောင်ထိပ်ပေါ်ရောက်သွားကြပါသည်။ အားလုံးသည် မောပန်းနေသဖြင့် အော်ပင်မအော်နိုင်ကြတော့ပါ။

ခဏလောက်နားပြီးသောအခါ၊ ချာချာသည် ထလိုက်ပြီး၊ဖြည်းညှင်းစွာ လျှောက်သွားပါသည်။ ၎င်းသည် ဆာလောင်နေသဖြင့်၊ ရေခဲများကို စားချင်နေပါသည်။

ချာချာသည် ယခုတောင်ပေါ်သို့ ဒုတိယအကြိမ်ရောက်လာခြင်း ဖြစ်သည်။ အရင်တစ်ခေါက်က သူမသိသော သိမ်းငှက်ကြီးတစ်ကောင်ခေါ်ဆောင်လာသဖြင့်၊ ရှောက်ရွှမ်နှင့်အတူတူရောက်လာခြင်းဖြစ်သည်။ ချာချာသည် ရှောက်ရွှမ်အကြောင်းတွေးမိသောအခါ၊ ဒေါသထွက်လာပါသည်။ ရေခဲတိုင်ပေါ်မှ ရေခဲများကို ကိုက်ယူပြီး၊ ထွေးထုတ်လိုက်ပါသည်။ “အလကားကောင် ရှောက်ရွှမ်”

တောင်ထိပ်တွင် မြူခိုးများထူထပ်နေသော်လည်း အရိပ်မည်းကြီးများကိုတော့ မြင်နေရပါသည်။

အကြီးဆုံးသိမ်းငှက်၂ကောင်မှာ မြေပြင်ပေါ်တွင် ရပ်နေကြပါသည်။ ၂ကောင်လုံးမှာ

အမြင့်၁၀မီတာ ကျော်ပါသည်။ တစ်ကောင်မှာ အမြင့်၁၅မီတာရှိပါသည်။ သို့သော် ၂ကောင်လုံးမှာ ကလေးများသာရှိပါသေးသည်။ သိမ်းငှက်၇ကောင်သည် ထိုသိမ်းငှက်များအကြောင်းကို သိလိုသော်လည်း၊ အသာနေနေပါသည်။ တောင်ပေါ်မှ သိမ်းငှက်ကြီးများသည် ၎င်းတို့ကို တချက်တည်းနှင့် အသေသတ်နိုင်သည် မဟုတ်ပါလား။ ၎င်းတို့မှာ ကံကောင်း၍သာ တောင်ပေါ်သို့ ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် အခုလိုအချိန်တွင် တိတ်တိတ်နေခြင်းကသာ အကောင်းဆုံးဖြစ်ပါသည်။

တောင်သိမ်းငှက်တိုင်းသည် ဆက်လက်ကြီးထွားရန် စမ်းသပ်မှုကို ဖြတ်ကျော်ရပါသည်။ စမ်းသပ်မှုမှာ သိမ်းငှက်တောင်ကို ရောက်အောင်လာရခြင်း ဖြစ်သည်။

တောင်ထိပ်ပေါ်သို့ အခုမှရောက်လာဖူးသော သိမ်းငှက်၂ကောင်သည် အကြီးဆုံးသိမ်းငှက်ကြီးနားတွင် ရပ်နေပြီး၊ဘေးဘီကို ကြည့်နေပါသည်။

ချာချာက သူတို့နားကို မသွားပါ။ ချာချာသည် “ငါတောင်ပေါ်က ပြန်ဆင်းရင်၊ ရှောက်ရွှမ်ကို အသက်ထွက်သွားအောင် ခြောက်ပစ်မယ်”ဟုတွေးနေပါသည်။

ပင်လယ်၏ အခြားတစ်ဖက်တွင်…။

ရှောက်ရွှမ်သည် သူ့ရှေ့မှ ငှက်ကို ကြည့်လိုက်ပြီး “ဒီငှက်က ကျွန်တော့်ကို မြစ်ထဲ ပစ်ချမှာလား”ဟု ကုန်းကျားဟုန်ကို မေးလိုက်ပါသည်။

“မပစ်ချပါဘူး…ငါကတိပေးတယ်” ကုန်းကျားဟုန်က ပြောလိုက်ပါသည်။ ထို့နောက် ဟမ်းမားဟုနာမည်ပေးထားသော် ငှက်ကြီးကို ကြည့်လိုက်ပြီး “သူပြောနေတာ ကြားလား…မင်းအလုပ်ကို တာဝန်ကျေပွန်အောင်လုပ်ရင် ဆုချမယ်…မဟုတ်လို့ကတော့ မင်းကိုချက်စားပစ်မယ်”ဟုပြောလိုက်ပါသည်။

ဟမ်းမားက တီးတိုးအော်သံပေးလိုက်ပါည်။

“ကြားတယ်မဟုတ်လား…အဲဒါ မင်းကို မစိုးရိမ်နဲ့လို့ ပြောနေတာ” ကုန်းကျားဟုန်က ရှောက်ရွှမ်ပုခုံးကို ပုတ်လိုက်ပါသည်။ “ငါ့ငှက်ကို စိတ်ချပါ”

“ဟုတ်ကဲ့…”ရှောက်ရွှမ်က ပြောလိုက်ပါသည်။

သူတို့သယ်ဆောင်လာရသော လက်နက်များမှာ လေးလံပါသည်။ အထူးသဖြင့် ဟုန်၏ တင်းပုတ်ကြီးမှာ အတော်လေးပါသည်။ ဟမ်းမားက ထိုအလေးချိန်ကို သယ်ဆောင်နိုင်ပါသည်။ အခေါက်အခါခါသွားရမည် ဖြစ်သဖြင့်၊ အလေးချိန်အရမ်းများ၍တော့ မဖြစ်ပါ။

အရင်တစ်ခေါက်တုန်းက၊ ဟမ်းမားသည် မြစ်ကို ၂ကြိမ်ဖြတ်ခဲ့ရသည်။ ကုန်းကျားဟုန်ကို မြစ်တစ်ဖက်ကို လိုက်ပို့ပြီး၊ ဒီဖက်ကမ်းကို ပြန်ကူးလာကာ ပစ္စည်းများလာသယ်ခြင်းဖြစ်ပါသည်။

အခုတစ်ခေါက်တွင်တော့ ကုန်းကျားဟုန်က ရှောက်ရွှမ်ကို အရင်ပို့ခိုင်းပါသည်။ ထို့နောက် ဒုတိယအခေါက်တွင် ပစ္စည်းများကို သယ်ရမည်

ဖြစ်သည်။ နောက်ဆုံးတွင်မှ ကုန်းကျားဟုန်ကို ပို့မည်ဖြစ်သည်။

“ငါတို့ပစ္စည်းတွေကို စောင့်ကြည့်ဖို့ လူတစ်ယောက်တော့လိုတယ်…မဟုတ်ရင် မျောက်တွေခိုးသွားလိမ့်မယ်…ကဲ…ရှောက်ရွှမ်…မင်းအရင်သွားတော့” ကုန်းကျားဟုန်က ပြောလိုက်ပါသည်။ မြစ်၏အခြားတစ်ဖက်တွင်ရှိသော မျောက်များသည် ကုန်းကျားဟုန်၏ ပစ္စည်းများကို ခိုးယူဖူးပါသည်။

“အိုကေ” ရှောက်ရွှမ်က သူ့ပစ္စည်းများကို သိမ်းလိုက်ပါသည်။ သူ့ပစ္စည်းများမှာ ဟိန်း၏ ပစ္စည်းများလောက် မလေးလံပါ။ ထို့ကြောင့် တခါတည်း သယ်သွား၍ရပါသည်။

ရှောက်ရွှမ်သည် ဟမ်းမား၏ ကျောပေါ်ခုန်တက်လိုက်သည်။ ထိုအခါ ငှက်ကြီးသည် မြစ်ကြီးကို စတင်ဖြတ်ကျော်ပါတော့သည်။

ရှောက်ရွှမ်သည် ဟမ်းမား၏ကျောပေါ်ထိုင်

ရင်း၊ မြင်ကွင်းများကို အပေါ်စီးမှ မြင်နေရပါသည်။

ထိုအချိန်အထိ၊ ရှောက်ရွှမ်သည် ချာချာပျောက်နေကြောင်းမသိပါ။ သူ့မျိုးနွယ်စုမှ လူများကတော့ ကြောက်လန့်နေကြပါသည်။

ရှောက်ရွှမ်သည် မြစ်ထဲရှိ ကျွန်းကလေးတစ်ကျွန်းကို တွေ့လိုက်ပါသည်။ သို့သော် အနားကပ်ကြည့်လိုက်သောအခါ၊ ကျွန်းမဟုတ်ဘဲ သားရဲကြီးတစ်ကောင်က ရေပြင်ပေါ်တွင် ဦးခေါင်းကို ဖော်ထားခြင်း ဖြစ်ပါသည်။ ထိုသားရဲကြီးသည် ကောင်းကင်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေပါသည်။

ထိုသားရဲကြီးကို မြင်သောအခါ ဟမ်းမားသည် တုန်လှုပ်သွားပါသည်။ ထို့နောက် အတောင်ပံများကို ပြင်းထန်စွာခတ်ပြီး၊ အမြင့်ကို ထိုးတက်သွားပါသည်။ ဟမ်းမားသည် ထိုသားရဲကြီးကို ကြောက်နေကြောင်း ရှောက်ရွှမ်သိပါသည်။

သားရဲကြီးသည် ဦးခေါင်းကို မော့လိုက်သဖြင့်၊ နှာခေါင်းပေါက်ကြီး၂ပေါက်ကို မြင်လိုက်ရပါသည်။ အလွန်ကြီးမားသော သားရဲကြီးတစ်ကောင် ဖြစ်ပါသည်။

ထို့ကြောင့် မြစ်ထဲတွင် ရှိသော မိချောင်းများ ပျောက်ကွယ်နေခြင်း ဖြစ်ပါသည်။ ၎င်းသတ္တဝါကြီးသည် ထိုမြစ်၏ဘုရင် ဖြစ်ပါသည်။

ကုန်းကျားဟုန်သည် ဟမ်းမားကို စီး၍ မြစ်ကို ဖြတ်ကျော်ဖူးကြောင်း ရှောက်ရွှမ်သိထားပါသည်။

ထိုအခေါက်တုန်းက ကုန်းကျားဟုန်သည် အန္တရာယ်ကို ခံစားမိသဖြင့်၊ ဟမ်းမားကို မြင့်မြင့်မှ ပျံရန် ပြောပါသည်။ သို့သော် ပစ္စည်းအလေးချိန်များနေသဖြင့်၊ ဟမ်းမားသည် မြင့်မြင့်မှ မပျံနိုင်ပါ။ ထိုအခါ ကုန်းကျားဟုန်သည် အိတ်တစ်လုံးကို မြစ်ထဲပစ်ချလိုက်ပါသည်။ အိတ်ထဲတွင် လက်နက်များပါဝင်သဖြင့် နှမြောနေသော်လည်း၊ မြင့်မြင့်ပျံနိုင်ရန် ပစ်ချလိုက်ခြင်း

ဖြစ်ပါသည်။

မြစ်ထဲမှ သားရဲကြီးသည် ပါးစပ်ကြီးဖြဲကာ အော်လိုက်ပါသည်။ ၎င်း၏ ပါးစပ်ကြီးသည် သားကောင်အပေါင်းတို့၏ သေမင်းပင် ဖြစ်ပါသည်။

ဟမ်းမားမှာ မြင့်မြင့်မှ ပျံသန်းသွားသဖြင့်၊ ထိုသားရဲကြီး၏ ပါးစပ်မှ လွတ်သွားပါသည်။ ကုန်းကျားဟုန်သာ အိတ်ကို မြစ်ထဲပစ်မချပါက၊ အခုလောက်ဆို ထိုသားရဲကြီး၏ ပါးစပ်ထဲ ရောက်နေပြီ ဖြစ်သည်။

ကုန်းကျားဟုန်က ပစ်ချလိုက်သော အိတ်ကို သားရဲကြီးက မျိုချလိုက်ပါသည်။ သူ၏ အကောင်းဆုံးလက်နက်များသည် သားရဲကြီး၏ ဝမ်းဗိုက်ထဲသို့ ရောက်သွားပြီ ဖြစ်ပါသည်။

ထိုအချိန်မှစ၍ ကုန်းကျားဟုန်နှင့် ထိုသားရဲကြီးမှာ ရန်သူများ ဖြစ်သွားကြပါသည်။

ထို့ကြောင့် ပစ္စည်းများအားလုံးကို တခါတည်းသယ်ခြင်းထက်၊ အခေါက်ခေါက်အခါခါ ခွဲသယ်ခြင်း ဖြစ်ပါသည်။ အိတ်များသည် အရမ်းလေးနေလျှင်၊ အန္တရာယ်နှင့် ကြုံလာပါက၊ မြန်မြန်ပျံနိုင်မည် မဟုတ်ပါ။ ပထမအခေါက်ဖြစ်ဖူးသော ဖြစ်ရပ်ကြောင့် ဟမ်းမားကလည်း တော်တော်ကြောက်နေပါသည်။

ကံကောင်းသဖြင့် ၎င်းတို့သည် သားရဲကြီး၏ ပါးစပ်မှ လွတ်မြောက်လာခဲ့ပါသည်။

မြစ်၏ အခြားတစ်ဖက်ကို ရောက်သွားသောအခါ၊ ရှောက်ရွှမ်သည် ဘေးပတ်ဝန်းကျင်ကို သတိနှင့် စောင့်ကြည့်နေပါသည်။ ကံကောင်းသဖြင့် ဘာအန္တရာယ်မှ မကြုံတွေ့ရပါ။

ကုန်းကျားဟုန်နှင့် ပစ္စည်းများ မြစ်တစ်ဖက်ကမ်းသို့ ရောက်လာမှ၊ သူတို့အားလုံး သက်ပြင်းချနိုင်ပါသည်။

ကတိပြုထားသည့်အတိုင်း၊ ကုန်းကျားဟုန်က

ဟမ်းမားအတွက် သားကောင်တစ်ကောင် ဖမ်းပေးပါသည်။ ဟမ်းမားသည် သူတို့နှင့် ဆက်လိုက်လာမည်ဟု ကုန်းကျားဟုန်ထင်မထားပါ။ တာဝန်ပြီးဆုံးလျှင် သူ၏အုပ်သို့ ပျံသွားမည် ဖြစ်သည်။ ၎င်းတို့မှာ တောင်များပေါ်တွင် အုပ်စုလိုက်နေကြသော သာမန်ငှက်များသာ ဖြစ်ပါသည်။

“ကဲ…ရှောက်ရွှမ်ရေ…ခပ်သုတ်သုတ်လေး သွားလိုက်ရအောင်…ဒီနားမှာ မျောက်တွေရှိတယ်…ဒီကောင်တွေနဲ့ တိုက်ခိုက်လို့ မရဘူး…မြန်မြန်မသွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်” ကုန်းကျားဟုန်က အတွေ့အကြုံရှိသူဖြစ်၍ ရှောက်ရွှမ်ကို သတိပေးလိုက်ပါသည်။

“ငါ့နောက်က မီအောင်လိုက်ခဲ့နော်…မင်းကို မျောက်တွေမိသွားရင် ငါကယ်မှာ မဟုတ်ဘူး” ကုန်းကျားဟုန်က ရှောက်ရွှမ်ကို ပြောလိုက်ပါသည်။

မြစ်ကမ်းပါးမှ ထွက်ခွာလာသောအခါ၊ သူတို့နားတွင် လှုပ်ရှားမှုများ ဖြစ်ပေါ်လာပါသည်။ သစ်

ရွက်များ အချင်းချင်းပွတ်တိုက်သံများကို ကြားနေရပါသည်။

“ဟိုကောင်တွေရောက်လာကြပြီ…သွားကြမယ်ဟေ့” ကုန်းကျားဟုန်က အော်လိုက်ပါသည်။

သစ်ပင် ပင်စည်ကြီး ကျိုးသံထွက်ပေါ်လာပါသည်။ ကုန်းကျားဟုန်က စကားမဆုံးမီ၊ ရှောက်ရွှမ်က လှစ်ခနဲ ပြေးထွက်သွားပါသည်။

“ဘယ်လိုကောင်လဲဟ…ပြေးသွားတာ မြန်လိုက်တာ…ငါ့ကို စောင့်ဖော်တောင်မရဘူး” ကုန်းကျားဟုန် ရှောက်ရွှမ်အား ကျိန်ဆဲလိုက်တော့သည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၄၁၁) နေနှစ်စင်း

ရှောက်ရွှမ်သည် နောက်သို့လှည့်ပြန်လာပြီး၊ ကုန်းကျာဟုန်ကို အိတ်များကူသယ်ပေးပါသည်။ သို့မှသာ မျောက်များနှင့်ဝေးရာမှ မြန်မြန် ထွက်ခွာနိုင်မည် မဟုတ်ပါလား။

မျောက်များမှာ လူမယဉ်ပေ။ အကောင်သိပ်မကြီးသော်လည်း၊၎င်းတို့ကို ခါချရန် သိပ်မလွယ်ပါ။ ၎င်းတို့သည် လူသားများ၏ ဦးနှောက်များကို စားတတ်ကြသည်။ ရှောက်ရွှမ်သည် ပွင့်ထွက်နေသော ဦးခေါင်းခွံများကို ထိုနားတဝိုက်တွင် တွေ့ခဲ့ပါသည်။

ထိုနေရာတွင် ရှင်သန်ချင်မည်ဆိုလျှင် အားနည်းနေ၍ မဖြစ်ပါ။ မျောက်များကို ထိပ်တိုက်ရင်ဆိုင်ပါက ကိုယ်သာဒုက္ခရောက်သွားမည် ဖြစ်သည်။ ဝေးရာသို့ ပြေးခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။ ရှောက်ရွှမ်နှင့် ကုန်း

ကျားဟုန်တို့လည်း တစ်ယောက်ကို တစ်ယောက်ဖေးမရင်း ခရီးဆက်လာခဲ့ကြသည်။

အစပိုင်းတွင်တော့ ရှောက်ရွှမ်လို အခုမှ ဒီတောထဲကို ရောက်ဖူးသော လူငယ်တစ်ယောက်အတွက် အခက်အခဲများစွာရှိလိမ့်မည်ဟု ကုန်းကျားဟုန်က ထင်ထားခဲ့သည်။ ဘေးတွေ့မှ ရှောက်ရွှမ်ကို ကယ်ပြီး ဆူပူလိုက်မည်ဟု ကုန်းကျားဟုန်က တွေးနေပါသည်။ သို့မှသာ သူ့သိက္ခာကို ပြန်အဖတ်ဆယ်နိုင်မည် မဟုတ်ပါလား။ သို့သော် အခြေအနေက သူမျှော်လင့်ထားသည်နှင့် ပြောင်းပြန် ဖြစ်နေပါသည်။

ရှောက်ရွှမ်နှင့် အတူပြေးနိုင်ရန်၊ ဟုန်သည် အတော်အားထုတ်ပြီးပြေးနေရသည်။ ကုန်းကျားဟုန်သည် ဘာပြောရမှန်းမသိတော့ပါ။ သူပြောနေကျဆင်ခြေအကြောင်းကို စဉ်းစားမိသောအခါ၊ ဟုန်၏ မျက်နှာနီရဲသွားသည်။ သူ့အနေနှင့် ရှောက်ရွှမ်ကို ကျေးဇူးတင်စကားပြောရန်သာရှိပါသည်။

သစ်ကိုင်းများပေါ်မှ မျောက်အော်သံများကို ရှောက်ရွှမ်တို့ ကြားနေရပါသည်။ မျောက်များသည် စိတ်ဆိုးနေသော်လည်း လူသားတစ်ယောက်ကိုတော့ မဖမ်းပါ။ လူသားများကို လက်ဖျားနှင့်ပင်မထိပါ။

မျောက်များ၏ ပိုင်နက်မှ ထွက်ခွာလာပြီးနောက်၊ ၂ယောက်လုံးသည် ခြေကုန်ထုတ်၍ ပြေးကြပါသည်။ ကုန်းကျားဟုန်က ထိုနေရာကို ကျွမ်းကျင်သဖြင့် ရှေ့မှ ဦးဆောင်သွားပါသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ အမဲလိုက်သောနေရာနားက စမ်းချောင်းများနှင့်တူသော စမ်းချောင်းများကို တွေ့ရပါသည်။ ခြောက်သွေ့သော ရာသီတွင်၊ မြစ်ကြမ်းပြင်ကို ပင်မြင်နိုင်ပါသည်။ ထိုစမ်းချောင်းများ မည်သည့်နေရာမှ စမြစ်ဖျားခံလာသည်ကိုတော့ မည်သူမျှ မသိပါ။

မြစ်ထဲတွင် မိချောင်းအသေးစားများနှင့် အခြား

ရေနေသတ္တဝများကို တွေံရပါသည်။ နွေရာသီသို့မရောက်သေးသဖြင့်၊ မြစ်ထဲမှ သားကောင်မျိုးစုံ၏ အသံများကို ကြားနေရပါသည်။

စပါးအုံးမြွေကြီးတစ်ကောင်သည် မြစ်နားမှ ခြုံပုတ်တစ်ခုထဲတွင် ပျင်းရိစွာ ခွေနေပါသည်။ သို့သော် အစာဝနေသဖြင့် မြစ်ထဲမှ သားကောင်များကို ဖမ်းရန် စိတ်ကူးမရှိပါ။ ၎င်း၏ဝမ်းဗိုက်ကြီးသည် ပူထွက်နေသည်ကို ရှောက်ရွှမ်တွေ့ရပါသည်။ ကြည့်ရသည်မှာ မိချောင်းတစ်ကောင်ကို မျိုထားသည်နှင့် တူပါသည်။

အစပိုင်းကတည်းက ကုန်းကျားဟုန်သည် သတိထားရမည့်အရာများအား ရှောက်ရွှမ်ကို ပြောပြထားသည်။ ထို့ကြောင် ရှောက်ရွှမ်သည် ချောင်းမြောင်းနေသော သားရဲများကို ရှောင်ကွင်းလာနိုင်ခြင်း ဖြစ်ပါသည်။

ရှောက်ရွှမ်သည် အခုမှ ထိုတောထဲရောက်ဖူးသူနှင့်မတူပါ။ ကုန်းကျားဟုန်အနေနှင့်လည်း ရှောက်ရွှမ်ကို သင်ပေးရန် သိပ်မလိုပါ။ ကုန်းကျားဟုန်

သက်ပြင်းသာချလိုက်မိသည်။ ချာတိတ်လေးသည် လျင်မြန်စွာပြောင်းလဲနိုင်ပေသည်။

အချိန်၂ရက်ကုန်သွားလေပြီ။

“ဒီနှုန်းနဲ့ဆို ငါတို့တွေ မမှောင်ခင်ရောက်သွားလိမ့်မယ်” ဟုန်က ပြောလိုက်သည်။

ကုန်းကျားဟုန်က တောထဲတွင် အနားယူနိုင်သည့်နေရာများကို သိပါသည်။ ကုန်းကျားတောင်တန်းကို ပထမအခေါက်လိုက်ရှာတုန်းက၊ အနားယူနိုင်မည့် ဂူတစ်လုံးကို ရှာတွေ့ထားပါသည်။ ထိုဂူထတွင် ပိုးကောင်များ ထူထပ်သဖြင့်၊ ပိုးသတ်ဆေးဖြန်းပြီး ရှင်းလင်းခဲ့ရပါသည်။ နောက်ပိုင်းတွင်လည်း ထိုဂူထဲသို့ ပိုးမွားများ မဝင်နိုင်ရန်၊ ဆေးအမြဲဖြန်းထားပါသည်။

နေမဝင်ခင်တွင်၊ သူတို့၂ယောက်သည် တောင်ခြေသို့ ရောက်လာသည်။ တောင်တက်လမ်းမှာ မတ်စောက်ပြီး၊ တောင်နံရံမှာ ရေညှိများပေါက်ရောက်နေပါသည်။ သို့သော် ကုန်း

ကျားဟုန်တို့အတွက်တော့ ပြဿနာမရှိပါ။

“ရောက်လာပြီ” ကုန်းကျားဟုန်က ဂူပေါက်ဝကို ပိတ်ထားသော ကျောက်တုံးကြီးကို ကြည့်လိုက်သည်။ အပေါက်ဝနားတွင် အစိမ်းရောင်အမှုန့်များကို တွေ့မြင်ရသည်။ ထိုအမှုန့်များမှာ သူသုံးထားသော ပိုးသတ်ဆေးမှုန့်များ ဖြစ်သည်။ အခုလောက်ဆိုလျှင် ဂူထဲတွင် မည်သည့်ပိုးမွှားမျှ ရှိမည် မဟုတ်ပါ။

“ဒါလေးကိုင်ထားပေး…ကျောက်တုံးကြီးကို ရွှေ့လိုက်ဦးမယ်” ကုန်းကျားဟုန်က အိတ်ကို ရှောက်ရွှမ်ကို ပေးလိုက်ပြီး၊ အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။ ထို့နောက် အားကုန်ထုတ်ပြီး ကျောက်တုံးကြီးကို တွန်းလိုက်သည်။ ကျောက်တုံးကြီးမှာ မိချောင်းတစ်ကောင်ထက်ကြီးမားသဖြင့် အလွန်လေးလံပါသည်။

ရုတ်တရက် ကျောက်တုံးကြီးမှာ ဘေးသို့ရောက်သွားပြီး၊ ဂူဝင်ပေါက်ထွက်ပေါ်လာပါသည်။

“ငါ့အိတ်ကို ကိုင်ပေးထားလို့ ပြောနေ…” ကုန်းကျားဟုန်သည် ရှောက်ရွှမ်ကို ဆူပူလိုက်ချင်သည်။

အိတ်ထဲတွင် ရှိသော လက်နက်ကိရိယာများမှာ အလွန်အဖိုးတန်ပါသည်။ တောထဲတွင် လက်နက်များကို စူးစမ်းလိုသဖြင့် ခိုးယူမည့် သတ္တဝါများရှိနေပါသည်။ ကုန်းကျားဟုန်သည် သူ့အိတ်ကို မြေပြင်ပေါ်သို့ ချမထားသင့်ပါ။ သို့သော် ရှောက်ရွှမ်ကိုကြည့်လိုက်သောအခါ၊ လက်တစ်ဖက်ကက အိတ်များကို ကိုင်ထားပြီး၊ လက်တစ်ဖက်က ကျောက်တုံးကြီးကို တွန်းဖယ်နေသည်ကို တွေ့လိုက်ရပါသည်။

နောက်ဆုံးတွင်တော့ ကုန်းကျားဟုန်လည်း ဘာမှမပြောတော့ပါ။

ရှောက်ရွှမ်ကို ခရီးဖော်အဖြစ်ခေါ်လာသဖြင့်၊ အတော်ပင်အားကိုးရပါသည်။

အရင်တုန်းကဆိုလျှင် ထိုနေရာသို့ ရောက်လာရန်ပင်သုံးရက်လောက်သွားရသည်။ အခုတော့ ၂ရက်တည်းနှင့် ရောက်လာသည်။ ကုန်းကျားဟုန်သည် ရှောက်ရွှမ်ကို စိတ်ထဲမှ ချီးကျုးမိသည်။

မီးမွှေးပြီးသောခါ၊ ၎င်းတို့သည် မမှောင်ခင် အမဲလိုက်ထွက်ကြပါသည်။ ရလာသော သားကောင်များကို ဂူထဲတွင် မီးကင်ပါသည်။

“အစကတော့ ငါဒီနေရာမှာ အိမ်တစ်လုံး ဆောက်မလို့ပဲ…ဒါပေမဲ့ ဒီအတိုင်းထားတာက ပိုကောင်းမလားလို့” ဟုန်က အသားကင်နေရင်းနှင့် ပြောလိုက်ပါသည်။

“ကျွန်တော်တို့ မျိုးနွယ်စုတွေလည်း အမဲလိုက်ထွက်ရင် ဂူထဲမှာ နားကြပါတယ်” ရှောက်ရွှမ်က ပြောလိုက်ပါသည်။

အရင်တုန်းကဆိုလျှင် ကုန်းကျားဟုန်သည် တောအုပ်ထဲတွင် နေသူများအကြောင်းကို မသိပါ။ သို့သော် အခုတော့ သူသည် တောထဲတွင်

နှစ်၂၀ကျော်နေလာခဲ့ပြီး ဖြစ်သဖြင့်၊ တောအုပ်အကြောင်းများကို မသိချင်တော့ပါ။ ထို့ကြောင့် သူသည် ရှောက်ရွှမ်ကို ဘာမှ မမေးတော့ပါ။

ညသည် အေးစက်လွန်းလှသည်။ အပြင်တွင် လေအေးများတိုက်ခတ်နေပါသည်။ သူတို့အနားယူနေသော ဂူမှာ သိပ်မကျယ်လှပါ။ ထို့ကြောင့် ဂူထဲမှ မီးတောက်သည် လေထဲတွင် ယိမ်းနွဲ့နေပါသည်။ ရှောက်ရွှမ်သည် ဂူပေါက်သို့ လျှောက်သွားပြီး၊ ကျောက်တုံးကြီးဖြင့် ဂူပေါက်ကို ပိတ်လိုက်ပါသည်။ သို့မှသာ အပြင်မှ လေအေးများ အထဲသို့ မဝင်တော့မည် ဖြစ်သည်။

ရှောက်ရွှမ်တစ်ယောက် ကျောက်တုံးကြီးကို အေးဆေးရွှေ့နိုင်သည်ကို ကြည့်ပြီး ကုန်းကျားဟုန်က “မင်းတို့မျိုးနွယ်စုတွေအကုန် အားကောင်းကြတားလား”

“ဟုတ်တယ်…ကျွန်တော်တို့မျိုးနွယ်စုဝင်တွေက ခွန်အားကြီးကြတယ်”

“အဲဒါဆို ပန်းပဲထုလို့ ကောင်းတာပေါ့…မင်းတို့မျိုးနွယ်စုနာမည်ကို ငါကြားဖူးနေသလိုပဲ…ဒါပေမဲ့ အရမ်းကြာပြီဆိုတော့ ငါသိပ်မမှတ်မိတော့ဘူး”

အရင်တုန်းကတည်းက ကုန်းကျားဟုန်သည် ပန်းပဲထုခြင်းကို သာဇောက်ချလုပ်ကိုင်ပြီး၊ အခြားလူများအကြောင်းကို စိတ်မဝင်စားသလို မေးလည်း မေးလေ့မရှိပါ။ ကုန်းကျားတောင်တန်းရှာပုံတော် စတင်လိုက်သောအခါ၊ လူများနှင့် အဆက်အသွယ်ပို ပြတ်တောက်သွားပါသည်။

စားသောက်ပြီးကြသောအခါ၊ ကုန်းကျားဟုန်သည် အနားယူရန် မီးကို ငြှိမ်းလိုက်ပါသည်။ သို့သော် ရှောက်ရွှမ်က အရောင်လက်သော သလင်းကျောက်လေးကို ထုတ်ယူပြီး၊ သားရေချပ်ပေါ်တွင် ထူးဆန်းသော ဘောပင်တစ်ချောင်းနှင့် စာရေးနေပါသည်။

“ဘာတွေရေးနေတာလဲ” ကုန်းကျားဟုန်က မေးလိုက်သည်။

“မြေပုံကို ဖြည့်နေတာပါ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။

“ဘာအတွက်လဲ…မင်းက ဒီနေရာကို ဘယ်နှခါလာမယ်စိတ်ကူးနေတာလဲ”

“အဲဒါတော့ ကျွန်တော် မသိဘူး”

“ဒီနေရာ အသက်ရှင်ရက် ပြန်နိုင်ရင်တောင် ကံကောင်း…အပိုတွေ လျှောက်တွေးမနေနဲ့…ငါကရှားလူမျိုးစစ်စစ်ကွ…ငါတောင် လိုက်ရှာနေတာ နှစ်၂၀ရှိပြီ…အခုထိမတွေ့သေးဘူး…မင်းကတစ်ခါတည်နဲ့ တွေ့မယ် ထင်လို့လား…မတွေ့ရင်လည်း လေ့ကျင့်ရေးဆင်းတယ်လို့ သဘောထားပေါ့ကွာ” ကုန်းကျားဟုန်က ရှောက်ရွှမ်ကို နှစ်သိမ့်သလို ပြောလိုက်သည်။ အမှန်တော့ ကုန်းကျားဟုန်သည်လည်း တောင်တန်းကို တွေ့မည်ဟု မျှော်လင့်နေပါသည်။ သို့သော် သူက အတွေ့အကြုံရှိသဖြင့်၊ အဆိုးဆုံးကိုလည်း ကြိုတင်မျှော်လင့်ထားခြင်း ဖြစ်သည်။ သို့သော် ကုန်းကျားဟုန်သည် လွယ်လွယ်နှင့် လက်လျှော့

သူ မဟုတ်ပါ။

ကုန်းကျားဟုန်သည် သိလိုသဖြင့် မြေပုံကို ငုံ့ကြည့်လိုက်ပါသည်။ ရှောက်ရွှမ်က တိမ်ပုံများကို အဓိပ္ပါယ်ဖော်ရာမှ ရလာသော မြေပုံကို ပြလိုက်ပါသည်။ အစကတော့ မြေပုံမှာ အကြမ်းထည်လောက်သာ ဖြစ်သော်လည်း၊ အခုတော့ တဖြည်းဖြည်းပြည့်စုံလာပြီ ဖြစ်သည်။

“ဒီနေရာက ဘာလို့ လွတ်နေတာလဲ” ကုန်းကျားဟုန်က မေးလိုက်သည်။

“ကျွန်တော် မရောက်ဖူးလို့”

“ငါရောက်ဖူးတယ်…ငါပြောပြမယ်” ကုန်းကျားဟုန်က မြေပုံပေါ်တွင် လွတ်နေသော နေရာကို လက်နှင့် ထောက်ပြလိုက်သည်။ သူသည် ထိုနေရာကို ရောက်ဖူးသဖြင့် အကြမ်းဖျဉ်း မှတ်မိနေပါသည်။

ပြီးသွားသောအခါ “ပြန်ရောက်ရင် ငါ့ကို မြေပုံ

လေး ငှားပါကွာ…မိတ္တူကူးထားချင်လို့” ဟုန်က ရှောက်ရွှမ်၏ မြေပုံကို သဘောကျသွားသဖြင့် သူလည်း တစ်ခုလိုချင်သွားသည်။

“ရပါတယ်” ကုန်းကျားဟုန်ကလိုချင်နေသဖြင့် ရှောက်ရွှမ်ကလည်း မနှမြောပါ။ “ကျွန်တော် နောက်တစ်ပုံဆွဲပေးမယ်”

ရှောက်ရွှမ်၏ စကားကို ကြားသောအခါ၊ ကုန်းကျားဟုန် ကျေနပ်သွားသည်။

“ကဲ…စောစောအိပ်တော့…အိပ်ရေးမဝရင် တိုင်ပတ်သွားမယ်” သူတို့၂ယောက်သည် ၂ရက်လောက် ခရီးပြင်းနှင်လာကြခြင်း ဖြစ်သဖြင့် စိတ်ရော ကိုယ်ပါ ပင်ပန်းနေပြီ ဖြစ်သည်။ ကုန်းကျားဟုန်သည် ဆယ်ရက်လောက် မရပ်မနား ပန်းပဲထုထားသလို၊ ပင်ပန်းနေပါသည်။

“ဟုတ်ကဲ့…” ရှောက်ရွှမ်ကတော့ မအိပ်သေးဘဲ မြေပုံကို ဆက်ကြည့်နေသည်။

သို့သော် နောက်တစ်နေ့မနက်လင်းလာသောအခါ၊ ရှောက်ရွှမ်သည် သူ့ထက်ပင် အားပြည့်လန်းဆန်းနေပါသည်။ အမဲလိုက်ပင်ထွက်ပြီး၍ သားကောင်တောင်ရလာပြီ ဖြစ်သည်။

ဟုန်က တစ်ခုခုပြောရန် ပြင်လိုက်စဉ် ရှောက်ရွှမ်က “ကုန်းကျားအကိုကြီး…ဘာလို့နေနှစ်စင်းထွက်နေတာလဲ”

မနေ့က သူတို့ရောက်လာတုန်းက နေတစ်စင်းသာ ရှိပါသေးသည်။ သို့သော် အခုမနက်တော့ နေနှစ်စင်းထွက်နေပြီ ဖြစ်ပါသည်။ နောက်တစ်စင်းက ဘယ်ကရောက်လာသနည်း။

လျင်မြန်စွာ အားပြန်ပြည့်လာသော ရှောက်ရွှမ်အကြောင်းကို ကုန်းကျားဟုန် ဆက်မတွေးတော့ပါ။ ဟုန်သည် နားလည်ရခက်သော အပြုံးကို ပြုံးလိုက်ပြီး “ နေနှစ်စင်းထွက်နေလို့ ကြောက်သွားပြီလား…နောက်ဆိုရင် နေတွေ ဒီထက်တောင် ပိုများလာဦးမှာ…မင်းဘယ်လိုလုပ်မလဲ”

ရှောက်ရွှမ်တိတ်ဆိတ်သွားပြီး “ပုံရိပ်ယောင်တွေလား” ဟုမေးလိုက်ပါသည်။

ကုန်းကျားဟုန် အံ့ဩသွားပါသည်။ အခြားလူများသာဆိုလျှင် မေးခွန်းများစွာ မေးနေမည် ဖြစ်သော်လည်း၊ ရှောက်ရွှမ်ကတော့ အချိန်တိုအတွင်း အဖြေမှန်ကို ခန့်မှန်းမိသွားသည်။

“ဆိုပါတော့” ကုန်းကျားဟုန်သည် ဂူထဲမှထွက်လာပြီး၊ ကောင်းကင်ပေါ်မှ နေ၂စင်းကို ကြည့်နေပါသည်။ “ကုန်းကျားတောင်တန်းကို လွယ်လွယ်နဲ့သာ ရှာတွေ့ရင်၊ ဘယ်သူမှ သေမှာ မဟုတ်တော့ဘူး”

နေကို အရပ်မျက်နှာခွဲခြားရန် တောအုပ်ထဲမှ လူများသာမက၊ မြို့တော်မှ လူများပါ အသုံးပြုကြသည်။ သို့သော် နေလမ်းကြောင်းက အတည်တကျမရှိဘဲ ပြောင်းလဲနေပါက ဘယ်လိုလုပ်မည်နည်း။ အခုထိတော့ နေနှစ်စင်းထွက်ခြင်းက သူတို့ ခရီးစဉ်ကို အနှောင့်အယှက်မပေးသေးသော်လည်း၊ ရှေ့ဆက်မည့်ခရီးတွင် ပုံရိပ်ရောင်

များ ပိုများလာပါက၊ ခရီးစဉ်တွင် အခက်အခဲများကို ကြုံရတော့မည် ဖြစ်သည်။

ကောင်းကင်ပေါ်မှ နေ၂စင်းသည် တစ်စင်းနှင့် တစ်စင်း သိပ်မဝေးလှပါ။ ထိုဖြစ်စဉ်နှင့် မရင်းနှီးသူတစ်ယောက်ဆိုလျှင် နေအစစ်အတုကို ခွဲခြားနိုင်မည် မဟုတ်ပါ။

“ဘယ်နေက အစစ်လဲ သိလား” ကုန်းကျားဟုန်က ခပ်ရွှင်ရွှင်မေးလိုက်သည်။ သို့သော် ကုန်းကျားဟုန်သည် ရှောက်ရွှမ်၏ ကြိုးထုံးဗေဒင်အကြောင်းကို သိထားသဖြင့်၊ ပညာအစွမ်းကို ကြည့်လိုနေပါသည်။ “ဘာဖြစ်လို့ ကြုံးထုံးဗေဒင်ကို မသုံးသေးတာလဲ”

ကုန်းကျားဟုန်က ကြိုးများကို လိုက်ရှာနေသော်လည်း၊ ရှောက်ရွှမ်ကတော့ မျက်လုံးကို မှိတ်ထားလိုက်သည်။ ထို့နောက် မျက်လုံးဖွင့်လိုက်ပြီး၊ လက်ဝဲဘက်မှ နေကို ညွှန်ပြပြီး “အဲဒါနေအစစ်ပဲ”ဟုပြောလိုက်ပါသည်။

ဟုန်ကတော့ ရှောက်ရွှမ် ဂမ္ဘီရကြိုးထုံးပညာကို အသုံးပြုချင်သည်ကို ကြည့်ချင်နေပါသည်။ သို့သော် သူသည် ကြိုးမျာကို လွှတ်ပစ်လိုက်ပြီး “မင်းဘယ်လိုသိတာလဲ” ဟုမေးလိုက်ပါသည်။

“ခန့်မှန်းလိုက်တာပါ”

(ဆက်ရန်…)

All Chapters