အခန်း (၄၁၂-၄၁၄)
Vol. 28 Ch. 412-414
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၄၁၂) တောအုပ်ထဲမှ ထွက်ခွာခြင်း
“မင်းအရင်ကတည်းက သိနေတာလား” ကုန်းကျားဟုန်က မေးလိုက်ပါသည်။ ရှောက်ရွှမ်သည် ဘာကြောင့် မြန်ဆန်စွာ ဖြေနိုင်သနည်း။ ကုန်းကျားဟုန်သည် ရှောက်ရွှမ်၏ စကားကို မယုံပါ။
“ဟုတ်တယ်…အရင်တည်းက သိနေတာပါ” ရှောက်ရွှမ်က ဖြေလိုက်ပါသည်။
ကုန်းကျားဟုန် စိတ်သက်သာရာရသွားသည်။ “ဒီကောင်လေးကို တစ်ယောက်ယောက်များ ပြောပြထားတာလား” ကုန်းကျားဟုန်က တွေးနေပါသည်။ ထိုအချိန်တွင် ရှောက်ရွှမ်က “ဒီနေ့မနက်မှ အဖြေတစ်ခုကို စဉ်းစားမိသွားတာ” ဟုပြောလိုက်ပါသည်။
“အင်း…”
“ဘယ်လိုစဉ်းစားမိတာလဲ”
“ကြည့်လိုက်ရုံနဲ့ အတုအစစ်ခွဲလို့ရပါတယ်” ရှောက်ရွှမ်က သူ၏အထူးအမြင်အာရုံအကြောင်းကို မပြောပြပါ။ သူ၏အထူးအမြင်အာရုံထဲတွင် မည်သည့်နေမှ မရှိပါ။ ထို့ကြောင့် သူသည် နေအတုအစစ်ကို ခွဲခြားနိုင်ခြင်း ဖြစ်ပါသည်။ ထိုသို့ ပုံရိပ်ယောင်ပေါ်ထွက်လာခြင်းကိုတော့ ရှောက်ရွှမ်အံ့ဩနေပါသည်။
ကုန်းကျားဟုန်က ရှောက်ရွှမ်တွင် ဂမ္ဘီရကြိုးထုံးပညာအပြင် အခြားပညာများ ရှိနေသည်ကို မယုံနိုင် ဖြစ်နေပါသည်။
ဟုန်ကတော့ အဖြေမှန်ကို အတွေ့အကြုံကြောင့် သိခြင်းဖြစ်သည်။ ရှောက်ရွှမ်ကတော့ ထိုတောအုပ်ထဲသို့ အခုမှ ရောက်ဖူးသော်လည်း အဖြေမှန်ကို ပြောနိုင်ခြင်း ဖြစ်ပါသည်။ သို့သော် ထိုသို့ဖြစ်ခြင်းက ကုန်းကျားဟုန်အတွက် ကောင်းသွားသည်။ သူ့အနှေနှင့် ရှောက်ရွှမ်ကို ရှင်းပြနေ
စရာမလိုတော့ပါ။ လူတိုင်းတွင် လျှို့ဝှက်ချက်ကိုယ်စီ ရှိပါသည်။ သူ့တွင်လည်း ရှောက်ရွှမ်ကို မပြောပြသော လျှို့ဝှက်ချက်များစွာ ရှိပါသည်။
ရှောက်ရွှမ်ရလာသော သားကောင်ကို စားပြီးနောက်၊ ဟုန်သည် နေ့တဝက်လောက် ဆက်လက်အနားယူနေပါသည်။
မကြာခင်တွင် မွန်းတည့်တော့မည် ဖြစ်သည်။ နေ၂စင်းထဲမှ ၁စင်းကတော့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ပုံရိပ်ယောင်များ မရှိတော့ပါ။
“ဒီတောအုပ်ထဲမှာ နေ၂လုံးက မနက်ပိုင်းပဲထွက်တာ…နေ့လယ်ဆို ပုံမှန်ပြန်ဖြစ်သွားရော…အဲဒါကြောင့် ပြဿနာတစ်ခုခုကြုံလာရင် ချက်ချင်း မဖြေရှင်းသေးဘဲ ခဏစောင့်နေလိုက်…ပြဿနာက သူ့အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်” ကုန်းကျားဟုန်က အကိုကြီးတစ်ယောက်က ညီငယ်ကို ဆုံးမနေသလို ပြောပြနေပါသည်။
ရှောက်ရွှမ်ကလည်း နားထောင်နေပါသည်။ တ
ခါတရံ ကုန်းကျားဟုန်သည် အပေါ်စီးဆန်သော်လည်း၊ လူကောင်းတစ်ယောက် ဖြစ်ပါသည်။ ရှောက်ရွှမ်အနေဖြင့် ကုန်းကျားဟုန် ပြောသမျှကို နားထောင်နေရန်သာ ရှိသည်။ ကုန်းကျားဟုန်သည် အတွေ့အကြုံရင့် ရှားလူမျိုးပန်းပဲဆရာတစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် ဆရာကြီးလုပ်ချင်သည်မှာ အဆန်းမဟုတ်ပါ။
တောနက်ထဲသို့ ရောက်လာသောအခါ၊ ဟုန်သည် နေနှစ်စင်းကို ဘာကြောင့် စိတ်မဝင်စားလဲ ရှောက်ရွှမ်နားလည်သွားပါသည်။ သူတို့ကို အသင့်ကြိုနေသော ပုံရိပ်ယောင်များ ရှိနေပါသည်။ တခါတရံ တောင်များကလည်း ပုံရိပ်ယောင်များ ဖြစ်နေတတ်ပါသည်။ တောနက်ထဲတွင် လမ်းမှာသွားပါက ဒုက္ခရောက်သွားမည် ဖြစ်သည်။ ကြောက်မက်ဖွယ်သားရဲကြီးများမရှိသော်လည်း၊ ထိုတောထဲတွင် သားကောင်ငယ်များ မရှိပါ။ အသားခြောက်များသာပါမလာပါက၊ အစာငတ်သွားမည် ဖြစ်သည်။
သို့သော် ၎င်းတို့မှာ ပုံရိပ်ယောင်များသာ
ဖြစ်သည်။ သို့သော် ရှောက်ရွှမ်ကတော့ အထူးအမြင်အာရုံကို သုံးနိုင်သဖြင့်၊ သိပ်ပြဿနာမရှိပါ။ တကယ့်ပြဿနာက ရုပ်ဝတ္ထုပစ္စည်းများဖြစ်သည်။ လူတစ်ယောက်၏ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို သက်ရောက်စေနိုင်သော အရာများစွာရှိပါသည်။
ရှောက်ရွှမ်နှင့် ကုန်းကျားဟုန်သည် တောအုပ်ကို ၂ရက်လောက် ဖြတ်ကျော်ခဲ့သော်လည်း၊ နဂိုနေရာကိုသာ ပြန်ရောက်လာခဲ့သည်။ သူတို့၂ယောက်လုံးသည် ငတုံးများမဟုတ်ပါ။ သူတို့လိုလူများပင် ၂ရက်လောက်ခရီးပြင်းနှင်ခဲ့သော်လည်း၊ စထွက်လာသော နေရာကို ပြန်ရောက်လာပါသည်။
ကုန်းကျားဟုန်က အတွေ့အကြုံသည် အစပိုင်းတွင်သာ အသုံးဝင်ပါသည်။ တောနက်လာသောအခါ၊ ကုန်းကျားဟုန်လည်း ရေရာသော အဖြေကို မပေးနိုင်တော့ပါ။ သူသာ ပြဿနာများကို လွယ်လွယ်ဖြေရှင်းနိုင်ပါက၊ တောအုပ်ထဲတွင်နှစ်၂၀နေစရာ မလိုပါ။ ကုန်းကျားတောင်တန်း
သည် မျက်စိနှင့် မမြင်ရသော်လည်း၊ တစ်နေရာတွင် ရှိနေမည်ကတော့ သေချာသည်။
“အဲဒါကြောင့် ငါမျက်စိလည်နေတာပေါ့…ဒီတောအုပ်ထဲက ငါမထွက်နိုင်ဘူး” ကုန်းကျားဟုန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
တောအုပ်သည် သားရဲကြီးများ၏ အန္တရာယ်မရှိဘဲ တိတ်ဆိတ်ငြိမ်းချမ်းနေပါသည်။ သို့သော် ကုန်းကျားဟုန်အတွက်တော့ ပြဿနာဖြစ်နေပါသည်။
“ဒီနေရာကို တွေ့ဖို့ ၁၅နှစ်လောက်ရှာခဲ့ရတာ…ဒါပေမဲ့ ဒီတောအုပ်ထဲက ဒီနေရာမှာပဲ လည်နေတာ ၁၅နှစ်လောက်ရှိပြီ” ကုန်းကျားဟုန်က သက်ပြင်းအရှည်ကြီးချလိုက်ပါသည်။ သူက အခုလို မျက်စိလည်ဖူးသည့် အတွေ့အကြုံရှိနေသဖြင့် တည်ငြိမ်စွာ ပြောပြနိုင်ခြင်းဖြစ်သည်။
ရှောက်ရွှမ်သည် လွန်ခဲ့သော၂ရက်က သူတို့စထွက်လာသောနေရာပေါ်တွင် မတ်တပ်ရပ်နေ
ပါသည်။ ထို့နောက် တောအုပ်ကို အကဲခတ်လိုက်ပြီး ကောက်ရိုးတစ်ချောင်းထုတ်လိုက်ရင်း “ကြိုးထုံးဗေဒင်မေးကြည့်လိုက်ဦးမယ်” ဟုပြောလိုက်ပါသည်။
လွန်ခဲ့သော ၂ရက်က၊ ဟုန်သည် ရှောက်ရွှမ်ကို အခုနေရာသို့ ခေါ်လာပြီး၊ မည်သည့်ဘက်သို့ သွားရမလဲ သိရရန် ကြိုးထုံးဗေဒင်မေးခိုင်းပါသည်။ ရှောက်ရွှမ်သည် သုံးကြိမ်ကြိုးစားခဲ့သော်လည်း၊ အလုပ်မဖြစ်ပါ။ ကြိုးထုံးများ လုပ်၍မပြီးသေးခင်၊ ကြိုးပြတ်သွားခဲ့သည်။
“မအောင်မြင်လည်း ကိစ္စမရှိပါဘူး” ကုန်းကျားဟုန်က ရှောက်ရွှမ်၏ မျက်နှာကို ကြည့်လိုက်သည်။ ရှောက်ရွှမ်၏ မျက်နှာကို ကြည့်ရသည်မှာ ဆုံးဖြတ်ချက်၁ခု ချထားသလို ဖြစ်နေပါသည်။ သို့သော် အရမ်းလွယ်နေမည်ဆိုလျှင်၊ ကုန်းကျားဟုန်အနေနှင့် ထိုနေရာတွင် ၅နှစ်လောက် လမ်းပျောက်နေမည်မဟုတ်ပါ။ သို့သော် ထိုတောအုပ်ထဲမှ ထွက်နိုင်သည်နှင့် ကုန်းကျားတောင်တန်းကို တွေ့နိုင်မည်ဟု ယုံကကြည်ထားသည်။ သို့သော်
အခုထိတော့ သူရောက်ချင်သော နေရာနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။
ကုန်းကျားဟုန်က ထိုသို့ ပြောလိုက်သော်လည်း၊ စိတ်ထဲကတော့ အောင်မြင်ချင်နေသည်။ ထိုအကြောင်းစဉ်းစားလေ စိတ်ပျက်လေဖြစ်သည်။ အခုတော့ သူလည်း တည်ငြိမ်မနေနိုင်တော့ပါ။
ကုန်းကျားဟုန်သည် စိတ်မရှည်တော့သဖြင့်၊ ရှောက်ရွှမ်ကို ကြည့်လိုက်ပါသည်။ သို့သော် ခဏလောက်ကြာသောအခါ၊ ကြိုးကို ထုံး၍ ပြီးသွားပြီ ဖြစ်သည်။ ခဏအကြာတွင် နောက်ကြုံးထုံးတစ်ခုပြီးသွားပါသည်။
ကုန်းကျားဟုန်တစ်ယောက် ကြက်သေသေသွားပါသည်။ ရှောက်ရွှမ်လက်ထဲမှ ကြိုးကို မျက်လုံးများ ကျွတ်ထွက်မတတ်ကြည့်နေပါသည်။ မျက်နှာမှာလည်း ရှုံ့မဲ့နေ၏။
တတိယမြောက် ကြိုးထုံးပြီးသွားပြီ ဖြစ်
ပါသည်။ ထို့နောက် စတုတ္ထမြောက်…ပဉ္စမမြောက်…
ရှောက်ရွှမ်လက်ထဲတွင် ကြိုးထုံးများတဖြည်းဖြည်းများလာသဖြင့် ကြည့်ရသည်မှာ ရှုပ်ထွေးလာပါသည်။
“နည်းနည်း…နည်းနည်း…ကြိုးကလေးရယ် ပြတ်မသွားပါနဲ့”
ကုန်ကျားဟုန်မှာ ပါးစပ်အား တင်းတင်းစေ့ထားသော်လည်း၊ စိတ်ထဲမှတော့ အော်နေမိသည်။
ကုန်လွန်သွားသောနှစ်၂၀အတွင်း၊ ဤနေရာတွင် မျက်စိလည်နေသည်မှာ ၅နှစ်ရှိသွားပြီ ဖြစ်သည်။ အခုတော့ ဖြစ်ပေါ်လာသော ကြိုးထုံးများနှင့်အတူ မျှော်လင့်ချက်များ ပြန်ရှင်သန်လာပြီ ဖြစ်သည်။ ကုန်းကျားဟုန်သည် အသက်ကို အောင့်ထားပြီး စောင့်နေပါသည်။
ကုန်းကျားဟုန်တစ်ယောက် ဆုများတောင်းနေပါသည်။ “ကြိုးကလေးရယ် ပြတ်မသွားပါနဲ့နော်…နောက်တစ်ခါ ကြိုးလုပ်ရင် သေချာလုပ်ပေးပါ့မယ်”
ပိုကြံ့ခိုင်သော ကြိုးကိုသုံးရန် မပြောမိသဖြင့် ကုန်းကျားဟုန်သည် နောင်တရနေပါသည်။ “အရေးအကြီးဆုံးအချိန်မှာ ကြိုးပြတ်သွားရင် ဘယ်လိုလုပ်မလဲ”
ကုန်းကျားဟုန်တစ်ယောက် ချွေးပြန်နေပါသည်။ မျက်နှာပေါ်မှ ချွေးသီးချွေးပေါက်ကြီးများ ယိုစီးကျနေပါသည်။ သို့သော် မသုတ်အားသေးဘဲ၊ ကြိုးကိုသာဆက်ကြည့်နေပါသည်။
“ရွှီ” နောက်ဆုံးကြိုးထုံးကို လုပ်ပြီးသောအခါ၊ အသံလေးတစ်သံထွက်ပေါ်လာသည်။ ကြိုးထုံးဗေဒင်မေးခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။
ရှောက်ရွှမ်သည် အသက်ကိုဝအောင် ရှူလိုက်သည်။ ကြိုးထုံးဗေဒင်ပညာကို သုံးလိုက်ရသ
ဖြင့်၊ အတော်အားကုန်သွားပြီ ဖြစ်ပါသည်။ ၁၀ရက်ဆက်တိုက် အမဲလိုက်ထားသလို ပင်ပန်းနေပါသည်။ သူသည် မောပန်းနေသဖြင့်၊ သူ့ဦးနှောက်သည် အလုပ်မလုပ်နိုင်ပါ။
ခဏကြာသောအခါမှ သတိပြန်ဝင်လာသောအခါ၊ ကုန်းကျားဟုန်ကို ကြည့်လိုက်သောအခါ မူလနေရာတွင်သာ ရပ်နေသည်ကို တွေ့လိုက်ရပါသည်။ ဟုန်၏မျက်နှာကြီးမှာ နီရဲနေပြီး၊ ချွေးသီးချွေးပေါက်ကြီးများလည်း ကျနေပါသည်။
“ကုန်းကျားအကိုကြီး…ဘာဖြစ်တာလဲ” ရှောက်ရွှမ်က အံ့ဩစွာမေးလိုက်ပါသည်။
ကုန်းကျားဟုန်သည် ထူးဆန်းသောလေသံဖြင့် “ဘာထူးခြားလဲ”ဟုမေးလိုက်သည်။
“အင်း…ထူးတယ်” အောင်မြင်စွာပြီးဆုံးရန် တောအုပ်ထဲဖြတ်သန်းရဦးမည် ဖြစ်သည်။
ရှောက်ရွှမ်၏စကားဆုံးသွားသောအခါ၊ ကုန်းကျားဟုန်သည် စိတ်လှုပ်ရှားစွာ ထခုန်မိသည်။ ခုန်လိုက်တာ မြင့်သွားသဖြင့်၊ ခေါင်းနှင့် သစ်ကိုင်းတစ်ခုပင် တိုက်မိသွားသည်။ သို့သော် သူကတော့ ဂရုမစိုက်ပါ။ ကုန်းကျားဟုန်သည် ကြာလျှင် မနေနိုင်တော့ဘဲ ထအော်မိတော့မည် ဖြစ်သည်။
ရှောက်ရွှမ်ကတော့ ကုန်းကျားဟုန်ကို နည်းနည်းလွတ်သွားပြီဟု ထင်မိသည်။
ပုံမှန်ပြန်ဖြစ်သွားသောအခါ၊ ကုန်းကျားဟုန်သည် ရှောက်ရွှမ်ဆီသို့ ပြေးလာပြီး “ငါတို့ဘယ်နေရာကို ဆက်သွားရမလဲ” ဟုမေးလိုက်ပါသည်။
“ကျွန်တော့်နောက်က လိုက်ခဲ့”
ရှောက်ရွှမ်သည် အထူးအမြင်အာရုံကို ထုတ်သုံးလိုက်ပြီး အပြည့်အဝအာရုံစိုက်လိုက်ပါသည်။ ထို့နောက် ကြိုးထုံးများက ညွှန်ပြလိုက်သော နေရာသို့ စတင်သွားပါတော့သည်။
ထိုအခါ ကုန်းကျားဟုန်က ရှောက်ရွှမ်ကို စကားမပြောရဲတော့ပါ။ သူဘယ်လောက်ပဲ မေးချင်သည်ဖြစ်စေ၊ အောင့်အီးသည်းခံနေရပါသည်။ သို့မှသာ သွားချင်သည့်နေရာကို ရောက်မည် ဖြစ်ပါသည်။
၂ယောက်လုံးသည် ကိုယ်ကိုဖော့ပြီး တိတ်ဆိတ်စွာ လျှောက်လာကြပါသည်။ တောအုပ်ထဲတွင်၊ သစ်ရွက်များအချင်းချင်းပွတ်တိုက်နေသံကို ကြားနေရပါသည်။
နေ့တစ်ဝက်လောက်သွားပြီးသောအခါ၊ တောအုပ်ထဲမှ လွတ်မြောက်သွားပါသည်။ ထိုအခါ မြင်ကွင်းကို ပိတ်ဆို့ထားသော သစ်ပင်အမြင့်ကြီးများ မရှိတော့ပါ။ သိပ်မဝေးသောနေရာတွင် တောင်တစ်လုံးကို လှမ်းမြင်နေရပြီ ဖြစ်ပါသည်။
နေမဝင်ခင်တွင်၊ သူတို့၂ယောက်သည် တောင်ကြားတစ်ခုသို့ ရောက်လာပြီ ဖြစ်သည်။ အခုညတော့ ထိုနေရာတွင် နားရမည် ဖြစ်ပါသည်။
ထိုနားတဝိုက်တွင် အနားယူစရာ ဂူမရှိပါ။ သူတို့မြင်နေရသော တောင်သည် ကုန်းကျားတောင်မဟုတ်သော်လည်း၊ ကုန်းကျားဟုန်၏ စိတ်ကူးထဲတွင် ထူးဆန်းသည်ဟု ခံစားမိပါသည်။
“နီးလာပြီထင်တယ်…တောင်တန်းကြီးက ငါ့ကို ခေါ်နသလိုပဲ” ကုန်းကျားဟုန်က တည်ငြိမ်သော မျက်နှာနှင့် အရပ်မျက်နှာတစ်ဖက်ကို ကြည့်လိုက်ပါသည်။
ကုန်းကျားတောင်တန်းနှင့်နီးလာလေလေ၊ ပို၍ သတိထားဖို့လိုလေ ဖြစ်သည်။ ဆင်ပြောင်ကြီးအမြီးတစ်သော အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ပါ။ ဘာမှမဟုတ်သော တောင်ကြားလေးသည် အန္တရာယ်များသော နေရာတစ်ခု ဖြစ်နေနိုင်ပါသည်။
ရှောက်ရွှမ်သည် တောင်နံရံကို မှီနေပြီး၊အနားယူနေပါသည်။ ဒီနေ့ သူတော်တော် အားကုန်သွားပြီ ဖြစ်သည်။ ကြိုးထုံးဗေဒင်မေးပြီး
ကတည်းက အနားမယူရသေးပါ။ တောအုပ်ထဲမှ လွတ်မြောက်လာသောအခါ၊ အာရုံကြောများ တင်းနေသည်ကို ခံစားလိုက်ရပါသည်။ သူ့စိတ်ထဲမှ နတ်မီးတောက်မှ စွမ်းအင်များ ဖြာထွက်နေသည်ကို ရှောက်ရွှမ်ခံစားရပါသည်။ ထိုစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲတွင်လှည့်ပတ်သွားနေပါသည်။ ခဏနေသောအခါ အားပြန်ပြည့်သွားပြီး၊ ပုံမှန် ပြန်ဖြစ်သွားပါသည်။
ရှောက်ရွှမ်၏ အသားအရည်မှာ အရောင်ပြောင်းသွားပါသည်။ ညအချိန်ဖြစ်နေသောကြောင့်သာ ကုန်းကျားဟုန်က မမြင်နိုင်ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်ကိုသာ မြင်ပါက၊ ကုန်းကျားဟုန်သည် ရှောက်ရွှမ်၏အတွင်းအားကို ချီးကျူးမိမည် ဖြစ်ပါသည်။
တောအုပ်ထဲတွင် တိတ်ဆိတ်နေမည်ဟု ရှောက်ရွှမ်မမျှော်လင့်ထားပါ။ သို့သော် တောအုပ်ထဲတွင် တိတ်ဆိတ်နေပါသည်။
ညသည် တိတ်ဆိတ်နေပါသည်။ လေတိုးသံ
သဲ့သဲ့မှ လွဲ၍ အခြားအသံများ လုံးဝမရှိပါ။
နောက်တစ်နေ့မနက်နိုးလာသောအခါ၊ ရှောက်ရွှမ်သည် အားပြည့်လန်းဆန်းနေပါသည်။ နေမှာလည်း အတော်မြင့်နေပြီ ဖြစ်သည်။
တောင်ကြားသည် ပစောက်ပုံစံ ဖြစ်နေပါသည်။ တောင်၂လုံးမှာ အမြင့် မီတာ၁၀၀၊၂၀၀လောက်ရှိပါသည်။ တောင်တစ်လုံးပေါ်တွင် ရပ်နေမည်ဆိုပါက၊ တောင်များသည် ပို၍မြင့်လာနေသည်ကို သိရမည်ဖြစ်သည်။ ထို့ကြောင့် တောင်များ၏နောက်ကွယ်တွင် ဘာရှိမလဲ ရှောက်ရွှမ်မသိပါ။ တောင်ကြားမှ ဆက်သွားလျှင် ဘယ်ရောက်မည်ဆိုတာကိုလည်း ရှောက်ရွှမ်မသိပါ။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၁၃) ရှားတောင်ကြား
ထိုနေ့တွင် လေများပြင်းထန်စွာတိုက်ခတ်နေပြီး လေတိုးသံများ ထွက်ပေါ်နေပါသည်။
“အရင်တုန်းက ဒီနေရာမှာ မြစ်တစ်စင်းရှိတယ်” ကုန်းကျားဟုန်က ပြောလိုက်ပါသည်။ ထိုမြစ်ကို အရင်တုန်းက ရှားမြစ်ဟု ခေါ်ဆိုသော်လည်း၊ အခုတော့ ရေများခမ်းခြောက်သွားပြီ ဖြစ်သောကြောင့်၊ ရှားတောင်ကြားဟုသာ ခေါ်ဆိုကြတော့သည်။
“ရှားတောင်ကြားကို ဖြတ်ဖို့က မလွယ်ဘူး…အရင်မြစ်ရှိတုန်းကတော့ ဖြတ်လို့လွယ်တယ်…အခုတော့ မြစ်လည်းရေခမ်းသွားပြီ…အားလုံးပြောင်းလဲကုန်ပြီ…ရှားတောင်ကြားထဲဝင်သွားသူတိုင်း ပြန်ထွက်မလာနိုင်ကြဘူး”
ဟုန်သည် ထိုအကြောင်းများကို လူကြီးများ
ထံမှ ကြားဖူးထားခြင်း ဖြစ်သည်။ခုတော့ သူကိုယ်တိုင် မြင်ဖူးပြီဖြစ်သည်။
“ဒါရှားတောင်ကြားလား…ရှောက်ရွှမ် မင်းအနံ့တစ်မျိုးမရဘူးလား” ဟုန်က မေးလိုက်သည်။
“ကျောက်တုံးနံ့လား”
“သေမင်းအနံ့ကွ”
ကုန်းကျားဟုန်က ပြောလိုက်ပြီး၊ ရှေ့သို့ဆက်လျှောက်သွားသည်။
ကုန်းကျားတောင်တန်းသည် ရှားတောင်ကြားနားတွင် ရှိပါသည်။သို့သော် ထိုတောင်ကြားထဲသို့ ဝင်သူတိုင်း မွန်းကြပ်သွားရစမြဲပင်။
တောင်ကြားထဲတွင် မည်သည့် တိရစ္ဆာန်မှမရှိပါ။ ကျောက်တုံးများ၊ကျောက်ခဲများသာ ပြည့်နေပါသည်။ ခြုံနွယ်များပင်မတွေ့ရပါ။ အရင်တုန်း
ကဆိုလျှင် တိရစ္ဆာန်လေးများမရှိသော်လည်း၊ သစ်ပင်များတော့ ရှိပါသေးသည်။ အခုတော့ အရာရာသေဆုံးနေသော နေရာတစ်ခုလို ဖြစ်နေပါသည်။
ဟိုးအရင်တုန်းက ရှားလူမျိုးများ ဤနေရာတွင် နေထိုင်ခဲ့ဖူးသလား။
ကုန်းကျားဟုန်ကတော့ ထိုနေရာသည် မြစ်တစ်စင်း ဖြစ်ခဲ့ဖူးသည်ဟု ဆိုပါသည်။ ဘာကြောင့် မြစ်ထဲမှရေများခမ်းခြောက်သွားလဲတော့ သူလည်း မသိပါ။
“နေ့လယ်လောက်မှခရီးဆက်ကြမယ်” ဟုန်ကပြောလိုက်သည်။
“ဘာလို့လဲ”
“ကုန်းကျားတောင်တန်းကို သွားဖို့ လမ်းကို နေ့လယ်မှ ရှာလို့ရမှာ”
ရှောက်ရွှမ်က ကုန်းကျားဟုန်ပြောသည်ကို နားထောင်နေပါသည်။ ရှားလူမျိုးများသည် ထိုနေရာအကြောင်းကို သူ့ထက်ပိုသိသည် မဟုတ်ပါလား။
နေ့လယ်ရောက်သောအခါ၊ သူတို့ ထွက်ခွာသွားကြပါသည်။
ရှေ့ဆက်လျှောက်သွားကြရင်းနှင့်၊ ရှောက်ရွှမ်စိတ်ထဲတွင် ထိုနေရာကို ရင်းနှီးလာသလို ခံစားလာရသည်။ သူ့စိတ်ထဲတွင် တစုံတရာကို သတိရလာသည်။ ကုန်းကျားဟုန်က တောင်ကြားတွင်ရသော အနံ့မှာ သေမင်းအနံ့ဖြစ်သည်ဟု ပြောသော်လည်း၊ အခြားလူများအတွက်တော့ အခွင့်အရေးတစ်ခုသာ ဖြစ်သည်။
ရှောက်ရွှမ်သည် ပင်မမျိုးစေ့တည်ရှိနေမှုကို ခံစားနေရသည်။ သို့သော် သူတို့ရောက်နေသော နေရာတွင် ရှိခြင်းမဟုတ်၊ အလွန်ဝေးသောနေရာတစ်ခုတွင် ရှိနေခြင်းဖြစ်ပါသည်။သို့သော် ရှောက်ရွှမ်သည် ပင်မမျိုးစေ့ကို ခံစားမိနေပါသည်။
ထိုတောင်ကြားတစ်ခုလုံးတွင် သက်ရှိအရာများမရှိခြင်းမှာ ပင်မမျိုးစေ့ ရှိနေခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ဒဏ္ဍာရီများ၏ အဆိုအရဆိုလျှင်၊ မြို့ကြီး၆မြို့မှ လူများသာ ပင်မမျိုးစေ့ကို ပိုင်ဆိုင်နိုင်သည်။ အလွန်ရှားပါးလွန်းသဖြင့် အခြားမျိုးနွယ်စုများက မပိုင်ဆိုင်နိုင်ပါ။ ထို့ပြင် ရှားလူမျိုးများက ထိုမီးမျိုးစေ့ကို အပိုင်းပိုင်းခွဲ၍ ကမ္ဘာအနှံ့ရောက်အောင် ဖြန့်ကျက်ထားပါသည်။
မည်သို့ပင်ဆိုစေကာမူ၊ ကုန်းကျားတောင်တန်းကို ရှာတွေ့လျှင် အဖြေကို သိရမည် ဖြစ်သည်။
သူတို့ ရောက်လာသော တောင်ကြားသည်လည်း၊ ယခင်ဖြတ်သန်းခဲ့ရသော တောအုပ်လိုပင် ဝင်္ကပါတစ်ခုဖြစ်နေပါသည်။ သွားနေရင်းနှင့် ရှေ့တွင် တောင်ကြီးများ ပေါ်ပေါ်လာပါသည်။ ရှောက်ရွှမ်သည် ထိုတောင်ကြီးများကို မတတ်နိုင်ပါ။ သူသွားခဲ့သော လမ်းများကိုတော့ အလွတ်ရအောင် မှတ်နေပါသည်။
ကုန်းကျားဟုန်သည် တောင်ပေါ်ကို တဖြည်းဖြည်း လမ်းလျှောက်ပြီး တက်ပါသည်။ သူကတော့ ထိုနေရာမှ လွတ်မြောက်နိုင်မည်ဟု ယုံကြည်နေပါသည်။
အခုထိတော့ ရှောက်ရွှမ်သည် ကြိုးထုံးဗေဒင်မေးခြင်းကို ထပ်မံ မလုပ်ဆောင်နိုင်ပါ။ လိုအပ်သောအချက်အလက်များကို အကုန်မသိရသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ဒီအတိုင်းလျှောက်သွားနေရခြင်း ဖြစ်သည်။ အချက်အလက်များ ပြည့်ပြည့်စုံစုံ သိရပါက၊ ထိုတောင်ကြားမှ ထွက်နိုင်မည် ဖြစ်သည်။
တတိယအကြိမ်မြောက် လမ်းအပိတ်တစ်ခုသို့ ရောက်သောအခါ၊ ကုန်းကျားဟုန်သည် သက်ပြင်းချလိုက်ပြီး၊ “ရှားမြစ်က အရမ်းထူးခြားတဲ့ မြစ်လို့ ငါ့ကို လူကြီးတွေ ပြောဖူးတယ်…အခုတော့ ကိုယ်တိုင်ကြုံနေရပြီပေါ့ကွာ”
ရှားမြစ်မှာ သဘာဝအတိုင်း ဖြစ်ပေါ်လာသော
မြစ်ဖြစ်ပါသည်။ ထို့ကြောင့် အလွန်ထူးခြားနေခြင်းဖြစ်သည်။ ရေများခမ်းခြောက်သွားသောအခါ၊ သူ့အလိုလို ဝင်္ကပါတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပါသည်။
ကောင်းကင်ပေါ်ကို မော့ကြည့်သောအခါ၊ တိမ်များပင်မတွေ့ရပါ။ သူတို့သည် သေမင်းအငွေ့အသက်များ ဖုံးလွှမ်းနေသော နေရာတစ်ခုသို့ ရောက်နေကြပါသည်။
သွားရင်းနှင့်၊ သူတို့သည် တောင်နံရံများတွင် အမှတ်အသားများ ပြုလုပ်လာခဲ့သည်။ နေဝင်သွားသောအခါ၊ ကုန်းကျားဟုန်က ဆက်မသွားတော့ပါ။ နောက်နေ့ နေ့လယ်ရောက်သည်အထိ ပြန်စောင့်ရတော့မည် ဖြစ်သည်။
“နားစရာနေရာရှာမတွေ့ရင်တော့ ငါတို့အစာငတ်ပြီး သေမှာပဲ” ကုန်းကျားဟုန်က ပြောလိုက်ပါသည်။
တောအုပ်ထဲမှာတုန်းကတော လာရာလမ်းကို
မှတ်မိနေသဖြင့်၊ ဗိုက်ဆာလာပါက စခန်းသို့ ပြန်ပြီး စားသောက်နိုင်ပါသည်။ အခုနေရာတွင် လမ်းပျောက်သွားပါက မူလလာရာလမ်းကို ပင်ပြန်ရှာတွေ့မည် မဟုတ်ပါ။ မည်မျှပင် မှတ်သားထားသည် ဖြစ်စေ၊ လာရာလမ်းမှ သွေဖီသွားတတ်သည်။ ထူးဆန်းသော အဖြစ်ပင် ဖြစ်ပါသည်။ သို့သော် ကောင်းကင်မှနေလုံးကြောင့် လမ်းမှားလျှင်လည်း ချက်ချင်းသိနိုင်ပါသည်။ နေကလည်း တစ်လုံး ဖြစ်လိုက်၊နှစ်လုံးဖြစ်လိုက်၊ သုံးလုံး ဖြစ်လိုက် ဖြစ်နေပါသည်။
ထိုနေရာမျိုးတွင် စိတ်ဓာတ်ကြံ့ခိုင်မှုမရှိပါက၊ ရှင်သန်နိုင်မည် မဟုတ်ပါ။
သုံးရက်ရှိသွားပြီ ဖြစ်သည်။ တောင်ကြားထဲတွင် သုံးရက်တိုင်တိုင်သွားခဲ့သော်လည်း၊ ဘာမှအကျိုးမထူးပါ။ လိုက်ရှာရသော အချိန်မှာလည်း နေ့တဝက်လောက်သာ ရပါသည်။ သို့သော် ကုန်းကျားဟုန်ကတော့ ဖြည်းဖြည်းနှင့် မှန်မှန်လိုက်ရှာနေလျှင် အဆင်ပြေသွားမည် ဟုဆိုပါသည်။
အင်အားချွေတာရန်၊ လမ်းရှာ၍မရသော အချိန်များတွင် နေရာတစ်နေရာရှာ၍ နားပါသည်။ အင်အားချွေတာခြင်းဖြင့်၊ အစားအသောက်လည်း ချွေတာ ပြီးသား ဖြစ်သွားပါသည်။သူတို့တွင် ပါလာသော အသားခြောက်များမှာ ရက်အများကြီးအတွက် မလုံလောက်ပါ။
သွားရင်းနှင့် လမ်းပိတ်တစ်ခုကို ရောက်သွားပြီး၊ အရိုးစုတစ်ခုကို တွေ့လိုက်ရပါသည်။ ထိုလူသည် ထိုနေရာတွင် သေနေသည်မှာ ဘယ်လောက်ကြာပြီလဲ မသိပါ။ ထိုသူသည် အနည်းဆုံးတော့ အလယ်တန်းစစ်သည်တော်တစ်ယောက် ဖြစ်နိုင်ပါသည်။ သာမန်လူတစ်ယောက်၏ အရိုးစုဆိုလျှင် ဆွေးသွားမည် ဖြစ်ပါသည်။
အရိုးစု၏ လက်များသည် ကောင်းကင်ပေါ်သို့ဆန့်တန်းနေပါသည်။ ကြည့်ရသည်မှာ မသေခင်တုန်းက၊ ကောင်းကင်ကို ကြည့်ပြီး ကြိမ်းဝါးခဲ့ဟန်တူပါသည်။ ထိုအရိုးစုကို ကြည့်ပြီး၊ ထိုလူမှာ မသေချင်ဘဲ သေသွားရကြောင်းကို ရှောက်ရွှမ်ခံစားမိပါသည်။
“ကုန်းကျားတောင်တန်းကို လိုက်ရှာတဲ့လူ သိပ်မရှိတော့ဘူး…ဘာလို့လဲဆိုတော့ လိုက်ရှာတဲ့လူတိုင်း သေကုန်လို့ပဲ…အောင်မြင်တဲ့လူဆိုတာတော့ မရှိသလောက်ပဲ” ကုန်းကျားဟုန်က ပြောလိုက်ပါသည်။
ထိုအရိုးစုကို ထားခဲ့ပြီး ဆက်သွားကြသောအခါ၊ နောက်ထပ်အရိုးစုများကို ထပ်မံတွေ့ရပါသည်။ ဂူနံရံများပေါ်တွင် စာများရေးထားသည်ကို တွေ့ရသော်လည်း၊ ရာသီဥတုဒဏ်ကြောင့် သိပ်မထင်ရှားတော့ပါ။ ထို့ကြောင့် ထိုလူများ ဘာပြောချင်လဲ ဆိုတာကို သူတို့ သိရတော့မည်မဟုတ်ပါ။ ကံကောင်းလျှင်တော့ လက်နက်များကို ကြည့်ပြီး၊ သေသူများကို သိနိုင်မည် ဖြစ်သည်။သို့သော် လက်နက်များမှာလည်း သံချေးများတတ်နေပါသည်။ ထို့ကြောင့် သေသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ဘယ်လိုမှမသိနိုင်တော့ပါ။
ရှောက်ရွှမ်သည် မြေပြင်ပေါ်တွင် ရှိသော
သံချေးတက်နေသည့် လက်နက်များကို ကြည့်နေပါသည်။ ထို့နောက် ကုန်းကျားဟုန်ကို “မြန်မြန်သွားကြမယ်…မဟုတ်ရင် စထွက်လာတဲ့နေရာကိုပဲ ပြန်ရောက်သွားလိမ့်မယ်…ကျွန်တော်တို့မှာ အစားအသောက်သိပ်မကျန်တော့ဘူး”
“အခုတစ်ခေါက်အဆင်မပြေရင်လည်း၊ နောက်တစ်ခေါက်ပေါ့” ကုန်းကျားဟုန်က ထိုသို့ ပြောလိုက်သော်လည်း၊ စိတ်ထဲတွင် ကုန်းကျားတောင်တန်းကို တွေ့တော့မည်ဟု ထင်နေပါသည်။ မျက်စိနှင့်မမြင်ရသော်လည်း၊ အနားတွင် ရှိနေမည်ဟု ခံစားမိနေပါသည်။
သူသည် သေဆုံးသွားသောသူများကို အပြစ်မတင်တော့ပါ။ ထိုလူများသည် ခေါင်းမာပြီး၊ မစားမသောက်လိုက်ရှာသဖြင့်၊ အာဟာရပြတ်ပြီးသေဆုံးသွားခြင်း ဖြစ်ပါသည်။
ဝမ်းနည်းဖွယ်ပင်…။
“ကြိုးထုံးဗေဒင်မေးလို့ ရဦးမလား” ကုန်းကျား
ဟုန်က မေးလိုက်ပါသည်။
ရှောက်ရွှမ်က ခေါင်းခါလိုက်ပါသည်။
ထိုအခါ ကုန်းကျားဟုန်က စိတ်ပျက်သွားသလို သူ့ကိုယ်သူလည်း ရယ်ချင်သွားပါသည်။ အရင်တုန်းကဆိုလျှင် ရှားလူမျိုးများသည် သူ့ကိုယ်သူသာ အားကိုးတတ်သည်။ သူသည် ဘာကြောင့် အပြင်လူတစ်ယောက်ကို အားကိုးနေရသနည်း။
သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး “ဒီနေ့တော့ နားကြမယ်…မနက်ဖြန်မှ ဆက်ရှာမယ်”
ကုန်းကျားဟုန်သည် နေရောင်နှင့် အရိပ်များကို ကြည့်ပြီး ခန့်မှန်းချက်များ ပြုလုပ်နိုင်ပါသည်။သို့သော် သူ့နည်းအတိုင်း ဆက်သွားနေမည် ဆိုပါက အစာငတ်ပြီး သေသွားတော့မည် ဖြစ်ပါသည်။
မြေပြင်ပေါ်တွင် ထိုင်နေရင်းနှင့်၊ ကုန်းကျားဟုန်သည် အသားခြောက်များကို ထုတ်လိုက်ပြီး၊ ရေဘူးထဲကို စိမ်ထားလိုက်သည်။ ထို့နောက် ဘာဆက်လုပ်လျှင် ကောင်းမလဲ စဉ်းစားနေပါသည်။
ရှောက်ရွှမ်သည်လည်း စဉ်းစားနေပါသည်။ သူသည် ပုံပျက်နေသော အရိုးစုများကို တွေ့လိုက်ရပါသည်။ ကြည့်ရသည်မှာ ထိုလူများကို အခြားလူများက စားပစ်လိုက်ခြင်း ဖြစ်ပါသည်။ ကမ္ဘာမီးလောင် သားကောင်ချနင်းသောအဖြစ်မှာ တုန်လှုပ်စဖွယ်ကောင်းလှပါသည်။ အစာငတ်လာသဖြင့် လူသားစားခြင်းဖြစ်သည်ကို နားလည်ပေးလို့ရပါသည်။
ရှောက်ရွှမ်သည်လည်း ထိုနေရာတွင် အစာငတ်ပြီး မသေချင်ပါ။ လူသားလည်း မစားချင်ပါ။ အနားယူရန်နေရာရှာတွေ့လျှင်တော့ အဆင်ပြေသွားမည် ဖြစ်သည်။ သူတို့တတ်နိုင်သည်မှာ အကောင်းဆုံးကြိုးစားရန်သာ ရှိပါတော့သည်။
သူ့ကြိုးထုံးဗေဒင်ဟောကိန်းများ ဘာကြောင့်မှားနေသလဲ ရှောက်ရွှမ်မသိပါ။ အခြားနည်းလမ်းများကို သုံးလျှင်မကောင်းပါ။
သူသည် ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်
သည်။ အနားတဝိုက်တွင်တော့ ပင်မမျိုးစေ့မှ သေမင်းအငွေ့အသက်များ ဖုံးလွှမ်းနေပါသည်။ ဘယ်နေရာတွင် ရှိမလဲတော့ မပြောတတ်ပါ။
စိတ်ထဲမှ နတ်မီးတောက်ကို သုံးပြီး လိုက်ရှာလျှင် ကောင်းမလား။ မဖြစ်ပါ…ထိုနေရာသည် ရှားလူမျိုးများ၏ ပိုင်နက်ဖြစ်ပါသည်။ မီးတောင်ဦးချိုမျိုးနွယ်စုများနှင့် မသက်ဆိုင်ပါ။
ရင်ဘတ်နားမှ စွမ်းအင်များဖြာထွက်နေသည်ကို ခံစားလိုက်ရသောအခါ၊ ရှောက်ရွှမ်သည် သူ့စိတ်ထဲမှ နတ်မီးတောက်ကို တည်ငြိမ်အောင်ထိမ်းထားလိုက်သည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အလင်းရောင်အနည်းငယ်ကို တွေ့လိုက်ရပါသည်။
သူသည် အလှဆင်ထားသောအရိုးကို ထုတ်လိုက်သောအခါ မီးတောက်နေသည်ကို တွေ့လိုက်ရပါသည်။ လေမတိုင်သော်လည်း၊ မီးတောက်များက အရပ်မျက်နှာတစ်ဖက်ကို ညွှန်ပြနေပါသည်။
ကုန်းကျားဟုန်ကလည်း မျက်လုံးမှိတ်ပြီး စဉ်းစားနေပါသည်။ မျက်လုံးဖွင့်လိုက်သောအခါ ရှောက်ရွှမ်လက်မှ မီးများတောက်နေသည်ကို တွေ့လိုက်ရပါသည်။ မီးတောက်များက နေရာတစ်ခုကို ညွှန်ပြနေပါသည်။
“အဲဒါ…”
“မနက်ဖြန်ကျရင် အဲဒီနေရာကို သွားရမယ်” ရှောက်ရွှမ်သည် အလှဆင်ထားသော အရိုးကို ပြန်သိမ်းလိုက်ပါသည်။ စိတ်ထဲမှ နတ်စွမ်းအင်ကို ထိန်းချုပ်လိုက်သောအခါ၊ မီးတောက်များ ငြိမ်းသွားပါသည်။
ကုန်းကျားဟုန်၏ မျက်လုံးများ အရောင်လက်သွားပါသည်။ ချာတိတ်လေးသည် လမ်းရှာတွေ့သွားပြီ ဖြစ်သည်။
အစကတော့ ကုန်းကျားဟုန်သည် ပြန်ရန် စိတ်ကူးနေသော်လည်း၊ အခုတော့ မျှော်လင့်ချက်များ ပြန်ရှင်သန်လာပြီ ဖြစ်သည်။
နောက်တစ်နေ့ နေ့လယ်တွင် ရှာပုံတော် ဆက်ဖွင့်ကြပါသည်။ မီးတောက်များက ညွှန်ပြသောနေရာကို သူတို့ဦးတည်သွားကြသည်။ ကုန်းကျားဟုန်ကလည်း လမ်းများမှန်ရဲ့လားဟု စိတ်ထဲမှ တွက်ချက်နေပါသည်။
နေရာတစ်နေရာကို ရောက်လာသောအခါ ကုန်းကျားဟုန်က ရုတ်တရက် ထအော်လိုက်ပါသည်။
“နေဦး…”
“ဘာဖြစ်တာလဲ”
ရှောက်ရွှမ်သည် အလှဆင်ထားသော အရိုးလေးကို ထုတ်ပြီး၊ မီးတောက်ကို စစ်ဆေးရန် ပြင်နေသော်လည်း၊ ကုန်းကျားဟုန်က သံတစ်ချောင်းကို ထုတ်ပြီး၊ မြေပြင်ထဲသို့ စိုက်လိုက်ပါသည်။ သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး “ကောင်းကင်မှာ ထွက်နေတဲ့နေက အစစ်မဟုတ်လား”
ရှောက်ရွှမ်က ခေါင်းညိတ်ပြလိုက်သည်။
သေချာသွားသောအခါ၊ ကုန်းကျားဟုန်သည် မြေပြင်ပေါ်တွင် စိုက်ထားသော သံ၏အရိပ်ကို ကြည့်နေပါသည်။ ထို့နောက် တိုင်းတာမှုများ ပြုလုပ်နေပါသည်။ ထို့နောက် တောင်စွန်းများကို ကြည့်နေပါသည်။
ထိုတောင်စွန်းသည် သိပ်မဝေးလှသော်လည်း၊ ကုန်းကျားဟုန်၏ ခြေလှမ်းများလေးလံနေပါသည်။ ၁၀မီတာလောက် အကွာအဝေးကို အချိန်၁မိနစ်ကုန်အောင် လျှောက်လိုက်ရသည်။ လည်ပင်းသည်လည်း ခြောက်ကပ်နေပြီး၊ မျက်လုံးများက တုန်လှုပ်နေပါသည်။
တောင်စွန်းကို ရောက်သောအခါ၊ ကုန်းကျားဟုန်သည် အမှတ်တမဲ့ကြည့်လျှင် သာမန်နှင့်တူသော တောင်နံရံကို ကြည့်လိုက်ပါသည်။ ကုန်းကျားဟုန်သည် အားကုန်ထုတ်လိုက်ပြီး ထိုတောင်နံရံကို တွန်းလိုက်ပါသည်။
“ဝေါ…”
ကျောက်တံခါးကြီးတစ်ချပ် ပွင့်ထွက်လာသံက တောထဲသို့ ပဲ့တင်ထပ်သွားလေသည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၁၄) ကြိုးစားခြင်း
တောင်နံရံသည် တံခါးပေါက်တစ်ခု ဖြစ်နေပါသည်။ ဘယ်လိုဖြစ်၍ ကျောက်တံခါးကြီး ရှိနေရသနည်း။ အဖြေကတော့ ရှင်းပါသည်။ လူများလုပ်ထားခြင်းသာ ဖြစ်ပါသည်။
ကျောက်တံခါးကြီးကို တွန်းသော ကုန်းကျားဟုန်၏ လက်များတုန်ယင်နေပါသည်။ စိတ်အရမ်းလှုပ်ရှားနေသောကြောင့် စိတ်များပြန်လည်တည်ငြိမ်လာအောင် စောင့်နေရသေးသည်။
ရှောက်ရွှမ်က ကုန်းကျားဟုန်ကို အကူအညီမပေးပါ။ သာမန်တံခါးတစ်ချပ်သာ ဖြစ်ပါက၊ ဝင်ကူမည်ဖြစ်သော်လည်း ထိုတံခါးသည် ကုန်းကျားတောင်တန်းကို သွားနိုင်မည့် တံခါးပေါက်ဖြစ်သည်။ ထို့ကြောင့် ထိုတံခါးဖွင့်ခြင်းကို ရှားလူမျိုးတစ်ယောက်သာ လုပ်ဆောင်သင့်ပါသည်။
ကုန်းကျားတောင်တန်းသည် ထိုတောင်ကြားထဲတွင် တည်ရှိနေပါသည်။
ကျောက်တံခါးကြီးပွင့်သွားသောအခ၊ လေအေးတစ်ချက်က တိုးဝှေ့သွားပါသည်။ အထဲကို ကြည့်လိုက်သောအခါ ပိန်းပိတ်အောင် မှောင်မည်းနေပါသည်။
သို့သော် အရောင်လင်းသော သလင်းကျောက်ရှိနေသဖြင့်၊ မီးထွန်းရန် မလိုပါ။ မီးထွန်းစရာ ထင်းလည်းမရှိပါ။
အထဲသို့ဝင်သွားသောအခါ၊ ကုန်းကျားဟုန်က ဘာစကားမှ မပြောပါ။ ရှေ့မှသာ လျင်မြန်စွာ လျှောက်သွားပါသည်။ သူသည် ထိုနေရာကို လိုက်ရှာနေသည်မှာ နှစ်၂၀ကျော်နေပြီ ဖြစ်သည်။ ထို့ကြောင့် ကုန်းကျားဟုန်တစ်ယောက် စိတ်တွေ အရမ်းလှုပ်ရှားနေခြင်း ဖြစ်ပါသည်။
ရှောက်ရွှမ်သည်လည်း ကုန်းကျားဟုန်နှင့်အတူ
အထဲသို့ဝင်လာပါသည်။ လှိုဏ်ခေါင်းထဲတွင် ပန်းလိုရနံ့မျိုးရနေပါသည်။
အရှေ့တွင် အလင်းရောင်ကို မြင်နေရသောကြောင့် လှိုဏ်ခေါင်းအဆုံးကို ရောက်တော့မည် ဖြစ်သည်။
အပြင်သို့ထွက်လာသောအခါ၊ ပတ်ဝန်းကျင်က ရှားတောင်ကြားနှင့် လုံးဝကွဲပြားနေပါသည်။ သာမန်တောင်ကြားလေးတစ်ခုနှင့်တူပြီး၊ စမ်းချောင်းလေးတစ်ခု စီးဆင်းနေပေသည်။ စမ်းချောင်းတစ်ဖက်တစ်ချက်တွင် အပင်မျိုးစုံပေါက်နေပါသည်။ ထိုအထဲတွင် စား၍ရသော အပင်များနှင့် သစ်သီးများကို တွေ့ရသည်။
ထိုနေရာသည် တချိန်က ရှားလူမျိုးများနေထိုင်ခဲ့သော နေရာတစ်ခု ဖြစ်ပေသည်။
သိပ်မဝေးလှသောနေရာတစ်ခုတွင် ခေါင်းလောင်းတစ်လုံးကို တွေ့ရပါသည်။ ထိုနေရာတွင် ရှိနေသည်မှာ ဘယ်လောက်ကြာနေပြီလဲ
တော့ သူတို့လည်း မသိပါ။ ခေါင်းလောင်ပေါ်တွင် ဖုန်များသဲများ ပေကျံနေသောကြောင့်၊ ခေါင်းလောင်းပုံစံကို သေချာမမြင်ရပါ။
ကုန်းကျားဟုန်သည် ဆက်လက်လျှောက်သွားပြီး၊ ခေါင်းလောင်းဘေးမှ တုတ်ကို ကောက်ယူပြီး ခေါင်းလောင်းကို ထိုးလိုက်ပါသည်။
“ဒေါင်…”
ချိုသာသော ခေါင်းလောင်းသံက တောင်ကြားတစ်ခုလုံးကို ပျံ့နှံ့သွားပါသည်။ ခေါင်းလောင်းသည် သံချေးမတက်ဘဲ အကောင်းအတိုင်းရှိနေပါသေးသည်။ ခေါင်းလောင်းပေါ်တွင် စာများရေးထိုးထားသည်ကိုလည်း တွေ့ရပါသည်။ “ကုန်းကျားတောင်ကြား”ဟုရေးသားထားခြင်း ဖြစ်သည်။
ခေါင်းလောင်သံက တောင်ကြားတလျှောက် ပျံ့နှံ့သွားပါသည်။ ထိုအချိန်တွင် ကုန်းကျားဟုန်က ရူးသွပ်သွားသူတစ်ယောက်လို ရယ်မော
လိုက်ပါသည်။ ရယ်မောပြီးသွားသောအခါ၊ တင်းပုတ်ကို ဘေးတွင် ချထားလိုက်ပါသည်။
ထိုနားတွင်ရှိသော တောင်များမှာ ရှားတောင်ကြားကလို တောင်ကတုံးများ မဟုတ်ပါ။ တောင်ပေါ်တွင် သစ်ပင်များ၊တွားသွား သတ္တဝါများကို တွေ့ရပါသည်။
သို့သော် ၂ယောက်လုံးသည် ပန်းများကို၎င်း၊တွားသွားသတ္တဝါများကို၎င်း မကြည့်အားကြပါ။ ၎င်းတို့သည် နေရောင်ခြည်အောက်တွင် ရောက်နေသောခေါင်းလောင်းကိုသာ ကြည့်နေပါသည်။ ခေါင်းလောင်းပေါ်တွင် ပုံစံများကိုလည်း တွေ့ရပါသည်။ ခေါင်းလောင်ကို နေထိုးသောကြောင့် ရောင်ပြန်ဟပ်နေပါသည်။
ထိုအလင်းတန်းများကြောင့် တောင်ကြားက ပိုမိုထူးခြားနေပါသည်။
“နှစ်၂၀ရှိပြီကွ…ဟားဟားဟား…နှစ်၂၀ရှိပြီကွ…နောက်ဆုံးတော့ တွေ့ပြီပေါ့ကွာဂ
ကုန်းကျားဟုန်သည် တောင်စွန်းအတိုင်းဆက်လျှောက်သားသောအခါ၊ ကြေးတံခါးတစ်ချပ်ကို တွေ့လိုက်ရပါသည်။ ထိုတံခါးကို ဖွင့်လိုက်သောအခါ တောက်ပနေသော ကြေးရုပ်၁၈ခုကို တွေ့လိုက်ရပါသည်။ ရုပ်တုများတွင် အဝတ်အစားများ ဝတ်ပေးထားပြီး၊လက်ထဲတွင်လည်း လက်နက်မျိုးစုံကို တပ်ဆင်ပေးထားပါသည်။ ပုဆိန်များ၊ဓားမြောင်များ၊လှံများ၊ဓားရှည်များ၊ ဓားမြောင်များ၊လေးနှင့် မြားများကို တွေ့ရပါသည်။ ပန်းပဲပညာကို တတ်ကျွမ်းသူဆိုလျှင် ထိုပစ္စည်းများမှာ ရှေးပစ္စည်းများဖြစ်ကြောင်း သိနိုင်ပါသည်။
၎င်းတို့နားတွင်ရှိသော တောင်နံရံပေါ်တွင်လည်း စာများရေးထွင်းထားပါသည်။ ရှားလူမျိုးများ၏ ဘိုးဘေးများက နောင်လာနောင်သာများအတွက် ရေးပေးခဲ့သော စာများ ဖြစ်ပါသည်။
“အရည်အချင်း…စိတ်ဓာတ်…အခွင့်အလမ်း” ကုန်းကျားဟုန်က စာများကို အသံထွက်ဖတ်လိုက်ပြီး
မျက်မှောင်ကြုတ်သွားပါသည်။ ထို့နောက် ပြုံးလိုက်ပါသည်။
လူအများစုသည် ပထမစာလုံး၂လုံးကိုသာ အလေးထားမိကြပါသည်။ သို့သော် ရှားလူမျိုးများအတွက်တော့၊ စာလုံးများအားလုံးက အရေးကြီးပါသည်။ ရှားလူမျိုးများ၏ ဘိုးဘေးများသည် သူတို့၏ပညာများကို အရည်အချင်းရှိသောလူများသို့ လက်ဆင့်မကမ်းချင်ပါ။
အရည်အချင်းချင်း နှိုင်းယှဉ်မည်ဆိုပါက၊ ကုန်းကျားဟုန်သည် ရှေ့လူများကို မမီပါ။ ဒီနေရာသို့ ရောက်လာကြသူများမှာ ကိုယ့်အားကိုကိုးကြသည့် ထိပ်ထိပ်ကြဲများ ဖြစ်ကြသည်။ ထိုလူများ၏ နာမည်များကို သမိုင်းမှတ်တမ်းတင်ထားသင့်ပါသည်။ အခုထိတောင် ထိုလူများ၏ နာမည်များကို နောင်လာနောင်သားများက သိရှိထားပါသည်။
ထိုလူများနှိုင်းယှဉ်လျှင် သူ့အရည်အချင်းမှာ ဘာမှမဟုတ်ပါ။သို့သော် သူသည် အခွင့်အရေးကို
တော့ အမိအရယူတတ်ပါသည်။
ကုန်းကျားတောင်တန်းကို ရှာတွေ့ရာတွင် ရှောက်ရွှမ်က အဓိကကျသူဖြစ်သည်။ရှောက်ရွှမ်သာမပါပါက၊ နောက်နှစ်၂၀ကြာလည်း ရှာတွေ့မည် မဟုတ်ပါ။ကံကောင်းသောကြောင့်လည် ရှာတွေ့ခြင်းဖြစ်ပါသည်။ သူ့အဖေက ပြောဖူးပါသည်။ ပန်းပဲသမားတစ်ယောက်သည် အရေထူသင့်သည်ဟု မှာခဲ့ခြင်းဖြစ်ပါသည်။ ကုန်းကျားဟုန်သည် သူ့အဖေစကားအတိုင်းသာ ကျင့်သုံးပါသည်။
“ရှောက်ရွှမ်…ငါအရင်သွားနှင့်မယ်…မင်းအပြင်မှာစောင့်နေ…ဒီနေရာက သစ်သီးတွေက စားလို့ရတယ်” ကုန်းကျားဟုန်က ပြောလိုက်ပါသည်။
“ကျွန်တော်အထဲဝင်ပြီး လိုက်ကြည့်လို့ရမလား”
“မင်းကရှားလူမျိုးမှ မဟုတ်တာ…ဝင်လို့မရဘူး”
ထို့ကြောင့် အပြင်လူများသည် ကုန်းကျား
တောင်တန်းကို ရောက်လာလျှင်လည်း၊ ရှားလူမျိုးများ၏ လျှို့ဝှက်ချက်ကို မသိရခြင်း ဖြစ်ပါသည်။
“မင်းမယုံရင် စမ်းကြည့်လို့ရတယ်နော်…အတင်းအကျပ်လုပ်ရင် မင်းပဲဒုက္ခရောက်သွားမယ်…နည်းနည်းလောက်စမ်းဝင်ကြည့်ပေါ့” ရှောက်ရွှမ်ကသူ့ကို အကူအညီများစွာပေးထားသဖြင့်၊ ပစ်ပစ်ခါခါမလုပ်ရက်ပါ။သို့သော် တချို့အရာများက သူဆုံးဖြတ်၍မရပါ။
ရှောက်ရွှမ်သည် ကြေးတံခါးဆီသို့ လျှောက်သွားပြီး၊ အထဲကို ချောင်းကြည့်လိုက်သည်။ ကြည့်ရသည်မှာ တောင်ထဲမှ မြေသားများကို တူးထုတ်ပြီး၊ နတ်ကွန်းတစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။
ဟုန်ပြောသလိုပင် သူသည် အထဲသို့ အနည်းငယ်ဝင်ကြည့်လိုက်သည်။
မြေပြင်ပေါ်ခြေချလိုက်သည်နှင့် အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရပြီး၊ ကြက်သီး
မွှေးညှင်းများထသွားပါသည်။ ကြွက်သားများတောင့်တင်းသွားသလို၊ နတ်အမှတ်အသားများလည်း ပေါ်ထွက်လာပါသည်။
ထိုအချိန်တွင် ရုပ်ထု၁၈ရုပ်ပေါ်တွင် တိမ်ပုံစံများပေါ်ပေါက်လာပါသည်။ ၎င်းတို့သည် သက်မဲ့အရာများဖြစ်သော်လည်း၊ သက်ရှိ အဆင့်မြင့် မျိုးနွယ်စု စစ်သည်တော်များနှင့် တူလာပါသည်။ ၎င်းတို့မှထွက်ပေါ်နေသော စွမ်းအင်သည် ရှောက်ရွှမ်ကို မွန်းကြပ်စေပါသည်။ ရုပ်ထုများသည် ၎င်းတို့လက်ထဲမှ လက်နက်များနှင့် ရှောက်ရွှမ်ကို ရက်စက်စွာတိုက်ခိုက်တော့မည့်ပုံဖြစ်နေပါသည်။
ခြေတစ်လှမ်းလိုက်ရုံနှင့် အန္တရာယ်အငွေ့အသက်များက လွှမ်းခြုံသွားပါသည်။ ရုပ်တု၁၈ရုပ်အပြင် မမြင်နိုင်သော အန္တရာယ်များလည်း ရှိနေဦးမည် ဖြစ်သည်။ အပြင်လူများမဝင်နိုင်ရန် တားဆီးထားသော ထောင်ခြောက်များစွာရှိနေဦးမည် ဖြစ်သည်။
“နတ်ဆေးဆရာတစ်ယောက်ရဲ့ အစွမ်းလား” လှိုဏ်ထဲတွင် နတ်ဆေးဆရာတစ်ယောက် ရှိနေသလို ရှောက်ရွှမ်ခံစားလိုက်ရသည်။
အခုမှ ခြေတစ်လှမ်းသာ လှမ်းရသေးသည်။ နောက်တစ်လှမ်းလှမ်းလိုက်လျှင်၊ အန္တရာယ်အငွေ့အသက်က ပိုကြီးမားလာမည် ဖြစ်သည်။ ထိုဖိအားသည် ရှောက်ရွှမ်ကို မွန်းကြပ်စေပါသည်။
ရှောက်ရွှမ်ကိုယ်မှ မီးတောက်နေသောအခါ၊ ကုန်းကျားဟုန်က ရှောက်ရွှမ်အားနောက်သို့ ဆုတ်ရန် လှမ်းပြောလိုက်ပါသည်။
“ဝှစ်”
အလှဆင်ထားသော အရိုးလေးသည် မီးတောက်နေပြီး၊ မီးတောက်များဖြင့် ရှောက်ရွှမ်တကိုယ်လုံးကို လွှမ်းခြုံထားပါသည်။ ထိုမီးတောက်သည် ရုပ်ထု၁၈ရုပ်မှ ဖြစ်ပေါ်နေသော ဖိအားကို ပြန်လည်တားဆီးနေပါသည်။
ထိုအခါ ရုပ်ထု၁၈ရုပ်မှ နတ်အမှတ်အသားများသည် ပိုမိုထင်ရှားလာပါသည်။ ၎င်းတို့ကို ကြည့်ရသည်မှာ တိုက်ပွဲတစ်ခုဆင်နွှဲတော့မလို ဖြစ်နေပါသည်။ရုပ်တုများမှာ အမြင့်၅မီတာလောက်သာ ရှိသော်လည်း၊ ဘီလူးကြီးများနှင့်တူလာပါသည်။
အခန်းထဲတွင် အေးစက်သော အငွေ့အသက်များဖုံးလွှမ်းသွားပါသည်။
ကုန်းကျားဟုန်ကတော့ ရှားလူမျိုးအစစ်တစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် သူသည် ရုပ်တု၁၈ရုပ်နောက်တွင် မတ်တပ်ရပ်နေပါသည်။ သို့သော် သူသည်လည်း ဖိအားဒဏ်ကိုတော့ ခံစားနေရပါသည်။သူသည် ရှောက်ရွှမ်ကို အံ့ဩစွာဖြင့် ကြည့်နေပါသည်။ ချာတိတ်လေးကြောင့် ရုပ်ထုများဆီမှာ စွမ်းအင်များ ထွက်ပေါ်လာပါသည်။ အပြင်လူသည် ပိုအစွမ်းထက်လေ၊ ရုပ်ထုများက အစွမ်းကို ပိုထုတ်လေဖြစ်သည်။ ရှောက်ရွှမ် ခြေတစ်လှမ်းလိုက်ရုံသာ ရှိသေးသည်၊ လှိုဏ်အတွင်းမှ အခြေအနေများမှာ ပြောင်းလဲသွားပါသည်။
သာမန်ခြေလှမ်းလေးတစ်လှမ်း လှမ်းလိုက်ခြင်းသာဖြစ်သည်။သူသည် ခုန်လည်း မခုန်သလို၊ ခြေလှမ်းအကျယ်ကြီးလည်း မလှမ်းပါ။ ကုန်းကျားဟုန်ကတော့ သူမှားပြီ ဟုခံစားလိုက်ရသည်။ သူ့အနေနှင့် ချာတိတ်ကလေးကို အထဲမဝင်ခိုင်းသင့်ပါ။
ရုပ်ထု၁၈ရုပ်ဆီမှ အတွင်းအားများပိုထွက်လာသလို၊ ရှောက်ရွှမ်ဆီမှလည်း နတ်စွမ်းအင်များ ပိုထွက်လာပါသည်။
ရှောက်ရွှမ်ကိုယ်သည် မီးများဟုန်းဟုန်းတောက်နေပါသည်။ ထိုအချိန်တွင်ပင် မီးတောက်များကြားမှ ဘီလူးသဏ္ဍာန်အရိပ်တစ်ခုထွက်ပေါ်လာပြီး၊ ရုပ်တု၁၈ရုပ်ကို လက်ဝါးဖြင့် ကာလိုက်ပါသည်။
နှစ်ဖက်စလုံးသည် အတွင်းအားချင်းယှဉ်ပြိုင်နေကြပါသည်။ ဖြစ်ပေါ်နေသော ဖိအားဒဏ်ကြောင့် သာမန်လူတစ်ယောက်ဆိုလျှင် သေသွား
မည် ဖြစ်သည်။
အတွင်းအားလှိုင်းများက ဟုန်ကို မဦးတည်သော်လည်း၊ သူလည်း မသက်သာပါ။ အံကိုတင်းတင်းကြိတ်ထားပြီး တောင့်ခံနေရသည်။ ထိုကဲ့သို့သာ ဆက်ဖြစ်နေပါက သူ့ဘိုးဘေးများကို မြင်ခွင့်ရတော့မည် မဟုတ်ဘဲ သူ့တကိုယ်လုံး ပေါက်ကွဲထွက်တော့မည် ဖြစ်သည်။
သူသည် ရှောက်ရွှမ်ကို ကြည့်လိုက်ပါသည်။ ထိုချာတိတ်လေးမှာ ရုပ်တု၁၈ရုပ်ကို တိုက်ခိုက်နေသောသူဖြစ်သည်။ သို့သော် သူသည် ဟုန်ထက်အခြေအနေကောင်းနေသေးသည်။ ဟုန်ကတော့ တဖြည်းဖြည်း အသက်ရှူကျပ်လာပြီ ဖြစ်သည်။
သို့သော် အားချင်းယှဉ်ပြိုင်မှုမှာ အဆုံးမသတ်သေးပါ။ ရုပ်ထုများဆီမှ တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာသည်။ ၎င်းတို့ကို ကြည့်ရသည်မှာ ရက်စက်စွာ တိုက်ခိုက်တော့မည် စစ်သည်တော်များနှင့် တူလာပါသည်။ ရှောက်ရွှမ်ကိုယ်ပေါ်မှ နတ်အမှတ်အသားများက အရောင်ပိုတောက်လာ
သလို၊ ဘီလူးကြီးမှာလည်း ပို၍ကြီးလာပါသည်။
ကုန်းကျားဟုန်သည် ချွေးများယိုစီးကျလာပါသည်။ သွေးကြောများသည် ပေါက်ကွဲထွက်တော့မလို တဒိတ်ဒိတ်ခုန်နေပါသည်။ သူသည် စကားပြောချင်သော်လည်း၊ မပြောနိုင်ဖြစ်နေပါသည်။ သွေးကြောများထဲမှ သွေးများသည်လည်း အေးခဲသွားသလို ခံစားလိုက်ရပါသည်။
ထိုချာတိတ်လေးသည် ဘယ်ကလာသနည်း။ မီးတောက်ဦးချိုမျိုးနွယ်စုမှ သာမန်စစ်သည်တော်တစ်ယောက်များလား။ မဖြစ်နိုင်ပါ။ ဉာဏ်ကြီးရှင်တစ်ယောက်ပင် ထိုကဲ့သို့ မလုပ်နိုင်ပါ။ ရှောက်ရွှမ်သည် နတ်ဆိုးတစ်ကောင်ဖြစ်မနေပါစေနှင့်ဟုသာ ကုန်းကျားဟုန်ဆုတောင်းနေရပါသည်။
ထိုအချိန်တွင် ကြေးရုပ်ထုများ တုန်ခါလာသည်ကို ကုန်းကျားဟုန်မြင်တွေ့လိုက်ရသည်။
သို့သော် ထိုအချိန်မှာပင် ဖိအားများပျောက်ကွယ်သွားပါသည်။ ရှောက်ရွှမ်သည် ခြေလှမ်းကို
ပြန်ဆုတ်လိုက်သည်။ အေးစက်နေသောလေများမှာလည်း ပုံမှန်ဖြစ်သွားပါသည်။
ကုန်းကျားဟုန်သည် တံခါးဝမှ ရှောက်ရွှမ်ကို ကြည့်လိုက်ပါသည်။ သူ့ကိုကြည့်ရသည်မှာ ပုံမှန်သာဖြစ်ပါသည်။ အသက်ရှူမြန်နေသော်လည်း၊ ကြောက်ရွံ့နေသော ပုံမပြပါ။
“ကောင်းပြီလေ…ကျွန်တော်ကြိုးစားကြည့်မယ်”
ဟုန်မျက်နှာရှုံ့မဲ့သွားပါသည်။ ကြိုးစားမယ်ဟုတ်လား၊ ဒီမှာ ငါသေတော့မယ်ကွ…။
“အထဲကို အတင်းမဝင်ဘူးလို့ ကတိပေးနိုင်လား”
ရှောက်ရွှမ်သည် အစွမ်းကုန်အားထုတ်ပြီး တိုက်မည်ကို ကုန်းကျားဟုန်က စိုးရိပ်နေပါသည်။ အရင်တုန်းကဆိုလျှင်တော့ အပြင်လူများ ကုန်းကျားတောင်တန်းပေါ်သို့ ခြေချခွင့်လုံးဝမရှိဟု ကုန်းကျားဟုန်သည် ဂုဏ်ယူစွာ ပြောမိမည် ဖြစ်သည်။ သို့သော် အခုတော့ ကုန်းကျားဟုန်သည် သံသယ
များ ဝင်လာပြီ ဖြစ်သည်။ ရှောက်ရွှမ်သည် အစွမ်းကုန်အားထုတ်ပြီး အထဲဝင်ဖို့ကြိုးစားမည်ဆိုလျှင်၊ တောင်တစ်ခုလုံး တုန်ခါလာနိုင်ပါသည်။ ထိုအခါ ဘာတွေ ဖြစ်လာနိုင်မလဲ ရှောက်ရွှမ်လည်း မသိပါ။
“စိတ်မပူပါနဲ့…ကျွန်တော်အဲဒီလို မလုပ်ပါဘူး” ရှောက်ရွှမ်သည် လှည့်ထွက်သွားပါသည်။
ထိုအခါမှ ဟုန်သည် မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ပါသည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း ချိနဲ့နေပြီး၊ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်တော့ပါ။
(ဆက်ရန်…)