← Chapters

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၁၅) မီးတောက်

ရှောက်ရွှမ်ထွက်ခွာသွားသောအခါ၊ ကုန်းကျာဟုန်သည် အထဲသို့ ဝင်သွားပါသည်။

ရှောက်ရွှမ်ကတော့ ခေါင်းလောင်းနားတွင်ရှိသော ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ရင်း၊ ဖြစ်ခဲ့သည်များကို ပြန်စဉ်းစားနေပါသည်။

ဟုန်သည် ရှောက်ရွှမ်တမင်လုပ်သည်ဟု ယူဆထားသော်လည်း၊ ရှောက်ရွှမ်ကတော့ ထိုသို့ဖြစ်လာမည်ကို သိပင်မသိပါ။ အရိုးလေးမှ မီးတောက်များသည် သူ့အလိုလိုထွက်လာခြင်း ဖြစ်သည်။ နတ်ဆေးဆရာအချင်းချင်း အားပြိုင်သလိုမျိုး ဖြစ်ပါသည်။ အန္တရာယ်နှင့် ကြုံလာရသောအခါ၊ ရှောက်ရွှမ်၏ အရိုးလေးမှ စွမ်းအင်များထွက်လာပြီး၊ ရှောက်ရွှမ်ကို အကူအညီပေးပါသည်။

ကြည့်ရသည်မှာ ရှောက်ရွှမ်ကို ဘိုးဘေးများစောင့်ရှောက်နေခြင်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် အရိုးလေးမှ မီးတောက်များသည် ရှားလူမျိုးများ၏ နတ်ဆေးဆရာနှင့် ဆက်နွယ်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ နတ်ဆေးဆရာတစ်ယောက်၏ အစွမ်းမျိုးလွှမ်းခြုံနေသောကြောင့်သာ၊ အရိုးလေးမှ စွမ်းအင်များထွက်လာခြင်းဖြစ်သည်။

ရှားလူမျိုးများသည် တောင်ထဲတွင် သူတို့သွန်းလုပ်ထားသော ပစ္စည်းများကို သိမ်းထားပါသည်။ အပြင်လူများမဝင်နိုင်အောင်၊ ထောင်ခြောက်များလည်း ဆင်ထားပါသည်။ ပထမအတားအဆီးမှာ ရုပ်ထု၁၈ရုပ်ဖြစ်ပါသည်။

ရှောက်ရွှမ်က သူ့ဘိုးဘေးများထားခဲ့သော အရိုးလေး၏ အစွမ်းကို ပိုသိချင်သွားပါသည်။ အရင်တုန်းကဆိုလျှင် မီးတောက်ဘီလူးကြီးသည် ရိုးရာအခမ်းအနားများတွင်သာ ပေါ်လာခြင်း ဖြစ်သည်။ အခုတော့ မမျှော်လင့်ဘဲ မီးတောက်

ဘီလူးကြီး ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ဘိုးဘေးများသည် သူထင်ထားသည်ထက် စွမ်းအားပိုကြီးနေပါသည်။ ဘိုးဘေးများ၏ အစွမ်းသည် ရုပ်ထုများဆီမှ ထွက်ပေါ်နေသော ဖိအားများကို တွန်းလှန်ပေးနေပါသည်။

နတ်ဆေးဆရာချင်း ပညာစွမ်းပြိုင်သည်ဟု ရှောက်ရွှမ်ခံစားမိသလို၊ နောက်ဆုံးတွင်လည်း သူသာအနိုင်ရမည်ဟု သိနေပါသည်။ သို့သော် အားကုန်သုံးပြီး တိုက်ချင်းက၊ နှစ်ဦးနှစ်ဖက်စလုံးအတွက် အသုံးမဝင်ပါ။

လည်ဆွဲတွင်တပ်ထားသော ပုတီးစေ့လေးကို ကြည့်ရင်း၊ ထိုပုတီးစေ့မှ အစွမ်းများကို ရယူနိုင်မလား ရှောက်ရွှမ်တွေးကြည့်နေမိသည်။ ထိုပုတီးစေ့လေးထဲတွင် ပထမဆုံးနတ်ဆေးဆရာထားခဲ့သော စွမ်းအင်များ ရှိနေပါသည်။ ယခုနေရာကို ရောက်အောင် လမ်းပြပေးသော စွမ်းအင်မျိုးမဟုတ်ဘဲ၊ ရုပ်ထု၁၈ရုပ်၏ ဖိအားကို တားဆီးခဲ့သော စွမ်းအင်မျိုးကို ဆိုလိုပါသည်။

ဘိုးဘေးများ၏ အရိုးသည် ရှောက်ရွှမ်ကို ကာကွယ်စောင့်ရှောက်နေပါသည်။ သို့သော် ရှောက်ရွှမ်သည် ထိုအစွမ်းကို ထိန်းချုပ်နိုင်ပါက၊ထိုထက်ပင် ပိုအစွမ်းထက်လာဦးမည် ဖြစ်သည်။

ရှောက်ရွှမ်သည် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အလုပ်ဖြစ်မည်ဆိုပါက၊ သူ့အတွက် တော်တော်အကျိုးရှိမည် ဖြစ်သည်။ ပြင်ပအန္တရာယ်များကို အလိုလိုကာကွယ်သွားနိုင်မည် ဖြစ်သည်။

သူသည် ကျောက်တုံးပေါ်မှထလိုက်ပြီး၊ ကြေးတံခါးကြီးဆီဝင်လိုက်သောအခါ ဖြစ်ပေါ်လာသော သူ့စွမ်းအင်များအကြောင်းကို ပြန်စဉ်းစားလိုက်သည်။ ထို့နောက် ပညာဆက်ခံနိုင်မှုစွမ်းရည်ကို နှိုးထလိုက်ပါသည်။

အရိုးများမှ အစွမ်းကို ထုတ်ယူခြင်းသည်၊ နတ်စွမ်းအင်ကို ထုတ်ယူသည်နှင့်မတူပေ။ အရိုးများမှ အစွမ်းကို ထုတ်ယူချင်လျှင် ပညာဆက်ခံနိုင်မှု စွမ်းရည်လိုအပ်ပါသည်။

မျိုးနွယ်စုနတ်မီးတောက်မှ အပြာရောင်မီးတောက်တစ်ခုဖြစ်ပေါ်လာပါသည်။ အပြာရောင်မီးတောက်သည် ပြင်ပသို့ တလူလူလွင့်နေပါသည်။

ပညာဆက်ခံနိုင်မှုစွမ်းရည်များသည် ရှောက်ရွှမ်၏ ကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းနေပြီး၊ ရင်ဘတ်ဆီသို့ ရောက်လာပါသည်။ သူ့စွမ်းအင်များသည် ခန္ဓာကိုယ်၏ တစ်နေရာတည်းတွင် စုနေပါသည်။

ပညာဆက်ခံနိုင်မှုစွမ်းရည်ကြောင့် အရိုးလေးချောင်းမှ မီးတောက်များ ထွက်ပေါ်လာပါသည်။ သို့သော် အခုမီးတောက်များသည် ယခင်မီးတောက်များနှင့် မတူတော့ပါ။ ၎င်းတို့မှာ အပြာရောင်နှင့် အနီရောင် ရောယှက်နေပါသည်။

ရှောက်ရွှမ်သည် အစပိုင်းတွင် တုန်လှုပ်သွားသော်လည်း၊ နောက်ပိုင်းတွင် ပြန်တည်ငြိမ်သွားပါသည်။ မီးတောက်များသည် ယခင်နှင့် မတူ

သော်လည်း၊ သူ့လုပ်ရပ်သည် မမှားသေးပါ။ အခုဆိုလျှင် ရှောက်ရွှမ်သည် စွမ်းအင်များကို လိုသလို ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။

ပညာဆက်ခံနိုင်မှုစွမ်းရည်ကို ထုတ်သုံးလိုက်သဖြင့်၊ နတ်အမှတ်အသားများ ပေါ်ထွက်လာပါသည်။နတ်အမှတ်အသားများသည် ချော်ရည်ပူများလို တောက်ပနေပါသည်။ သူ့ကိုယ်ပေါ်မှ နတ်အမှတ်အသားများသည် မီးများတောက်နေပြီ ဖြစ်ပါသည်။

စွမ်းအင်များပိုမိုများလာသည်နှင့်အမျှ၊အရိုးလေးပေါ်မှ မီးတောက်များသည် တဖြည်းဖြည်း ပိုတောက်ပလာပြီး၊ ရှောက်ရွှမ်၏ ကိုယ်ကို လွှမ်းခြုံထားပါသည်။ သူ့ကိုယ်ထဲတွင် လှည့်လည်နေသော ပညာဆက်ခံနိုင်မှုစွမ်းရည်များကြောင့် သူ့တကိုယ်လုံးနွေးထွေးလာပါသည်။

သို့သော် ထိုမျှလောက်နှင့် မီးတောက်ဘီလူးကြီးထွက်လာအောင် မလုပ်နိုင်ပါ။

ရှောက်ရွှမ်သည် ပညာဆက်ခံနိုင်မှုစွမ်းရည်ကို ထပ်မံမြှင့်တင်လိုက်သည်။ အပြာရောင်မီးတောက်များသည် ပိုကြီးမားလာပါသည်။ မီးတောက်များသည် အရိုးလေးအား ရစ်ပတ်ထားပါသည်။

မီးတောက်ဘီလူးကြီးသည် တဖြည်းဖြည်းနှင့် ပုံပေါ်လာသော်လည်း၊ အပြည့်အစုံတော့မဟုတ်သေးပါ။ ကြေးဝါတံခါးပေါက်တွင် ပေါ်လာခဲ့သော ဘီလူးကြီးလို သန်စွမ်းကြံ့ခိုင်မှုမျိုးမရှိသေးပါ။ ရှောက်ရွှမ် စိတ်ပျက်သွားသည်။ အစွမ်းကုန်ကြိုးစားခဲ့သော်လည်း အရိုးထဲမှ မီးတောက်ဘီလူးကြီးထွက်လာအောင် မစွမ်းဆောင်နိုင်ပါ။

သို့သော် ရှောက်ရွှမ်သည် မရပ်တန့်ပါ။ ဆက်၍ ကြိုးစားပါသည်။ အစွမ်းကုန်ကြိုးစားနေသဖြင့် ခဏနေလျှင် သူ၏ပညာဆက်ခံနိုင်မှုစွမ်းရည်များနှင့် နတ်စွမ်းအင်များ ကုန်ဆုံးသွားတော့မည်ဖြစ်သည်။ ထိုစွမ်းအင်များ ပြန်လည်ပြည့်ဝလာရန် အချိန်အတော်ကြာအောင် စောင့်ရမည် ဖြစ်သည်။ သို့သော် ရှောက်ရွှမ်ကတော့ ကြိုးစား

ကြည့်ချင်နေသေးသည်။

ထိုအချိန်တွင် နတ်မီးတောက်၏ အပေါ်ယံမီးတောက်သည် ပိုမိုတောက်ပလာပါသည်။ မှိတ်တုတ်၊မှိတ်တုတ် မဖြစ်တော့ဘဲ၊ တရစပ်တောက်ပနေပါသည်။ ထိုမီးတောက်နှင့် ယှဉ်လိုက်သောအခါ၊ အခြားမီးတောက်များမှာ အရောင်မှိန်သွားပါသည်။

အဖြူရောင်မီးတောက်များမှ ထွက်လာသော စွမ်းအင်များမှာ အလှဆင်ထားသော အရိုးလေးစီသို့ စီးဝင်နေပါသည်။ ရှောက်ရွှမ်၏ သွေးကြောကြီးများ ထောင်ထလာပါသည်။ တောင်ကြီးတစ်လုံးကို ထမ်းထားရသလို ခံစားနေရပါသည်။ ဖိအားမှများလွန်းသဖြင့် လမ်းပင်မလျှောက်နိုင်တော့ပါ။

လေများမှာလည်း တဟူးဟူးတိုက်ခတ်နေပါသည်။ ရှောက်ရွှမ်သည် မုန်တိုင်း၏ အလယ်ဗဟိုတွင် မတ်တပ်ရပ်နေသလို ဖြစ်နေပါသည်။

ပြင်းထန်သောလေများ တိုက်ခတ်လာသောကြောင့် ရှောက်ရွှမ်အနောက်မှ ကျောက်သားထိုင်ခုံကြီး ကျိုးသွားပါသည်။

“ဝုန်း…”

နှစ်ပေါင်းများစွာ တည်ရှိလာခဲ့သော ကျောက်သားထိုင်ခုံကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပါသည်။

ပဲ့ထွက်လာသော ကျောက်သားအစအနလေးတစ်ခုသည် ခေါင်းလောင်ကို ထိမှန်သွားပါသည်။

“ချွင်…”

အခုထွက်ပေါ်လာသော အသံသည် ကုန်းကျားဟုန်က တီးလိုက်တုန်းက ထွက်လာသော အသံထက်ပင် ပိုကျယ်နေပါသည်။

ခဏကြာသောအခါ၊ တောင်နံရံများပေါ်တွင်

ရွှေရောင်တိမ်ပုံစံများ ပေါ်ထွက်လာပါသည်။ တိမ်ပုံများ ပေါ်ထွက်လာသောအခါ၊ ပဲ့တင်သံများ ပျောက်ကွယ်သွားပါသည်။ ရှောက်ရွှမ်၏ကိုယ်ကို မမြင်ရသော ဖိအားတစ်ခုက ဖိနှိပ်ထားပါသည်။

ရှောက်ရွှမ်သည် ဘေးပတ်ဝန်းကျင်ကိုလည်း မကြည့်နိုင်ပါ။ အလွန်အရေးကြီးသော အချိန်ဖြစ်နေပြီဖြစ်သည်။ မီးတောက်ဘီလူးကြီးသည် အပြည့်အဝပုံပေါ်မလာပါ။ သို့သော် အခုလောက် ပုံပေါ်လာရန်ပင် ရှောက်ရွှမ်သည် အစွမ်းကုန် ကြိုးစားနေရခြင်း ဖြစ်သည်။

သူသည် အစွမ်းကုန်ကြိုးစားထားရသဖြင့်၊ အလျှော့မပေးချင်သေးပါ။

သို့သော် ဖြစ်ပေါ်လာသော ဖိအားသည် သူ့ကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ၊ သူ့ကို အားပေးနေခြင်းဖြစ်ကြောင်း ရှောက်ရွှမ်သိလိုက်ပါသည်။ ဘိုးဘေးများ၏ အရိုးများသည် အန္တရာယ်အငွေ့အသက်ကို ရသောအခါ၊ ရှောက်ရွှမ်ကို

အလိုအလျှောက် ကာကွယ်ပေးခြင်း ဖြစ်ပါသည်။ ရှောက်ရွှမ်ဆီစီးဝင်လာသောစွမ်းအင်များမှာ သိပ်မများလှသော်လည်း၊ ပြည့်စုံသော မီးတောက်ဘီလူးကြီးတစ်ကောင် ဖြစ်ပေါ်လာအောင်တော့ စွမ်းဆောင်နိုင်ပါသည်။

ရှောက်ရွှမ်သည် လမ်းလျှောက်ရန် ကြိုးစားသော်လည်း၊ ခြေထောက်ပင် မမြှောက်နိုင်ပါ။ ခြေထောက်များတွင် အလေးခဲများဆွဲထားသလို၊ လေးလံနေပါသည်။

အသက်ကိုဝအောင်ရှုလိုက်ပြီး၊ ရှိသမျှအားလေးဖြင့် ခြေထောက်ကို ဖြည်းညှင်းစွာ မလိုက်သည်။ ထိုသို့ လမ်းလျှောက်ခြင်းကို ရှောက်ရွှမ်သည် ခက်ခက်ခဲခဲ ပြုလုပ်နေရသည်။

ခြေထောက်ကို မလိုက်သောအခါ၊ ရှောက်ရွှမ်၏တကိုယ်လုံးသည် ချွေးမျာယိုစီးကျလာသည်။

ရှောက်ရွှမ်သည် ဖြည်းညှင်းစွာသာ

လမ်းလျှောက်နိုင်ပါသည်။ ထို့နောက် ရှောက်ရွှမ်၏ ခြေထောက်သည် မြေကြီးကို ထိသွားသောအခါ၊ စွမ်းအင်များသည် ပေါက်ကွဲထွက်သွားပါသည်။

“ဝုန်း…”

ကျောက်တုံးကျောက်ခဲများ၊ဖုန်များ၊ သဲများ လေထဲတွင် ပျံ့လွင့်သွားသည်။

သူ့ခြေထောက်ကို ဗဟိုပြု၍ အားလှိုင်းကြီးတစ်ခုဖြစ်ပေါ်လာသည်။ မညီညာသော မြေပြင်သည် အခုတော့ ညီညာသွားပြီ ဖြစ်သည်။

တောင်ပေါ်တွင်၊ ရွှေရောင်တိမ်ပုံစံများ ဖြစ်ပေါ်လာသည်။ ထိုအရာများမှာ ရှားလူမျိုးများ၏ ကာကွယ်နိုင်စွမ်း ဖြစ်ပါသည်။ ၎င်းသည် ခေါင်းလောင်း၏ပဲ့တင်သံကို ရပ်တန့်လိုက်နိုင်သော်လည်း၊ ပေါက်ကွဲမှုဖြစ်ပေါ်လာသောအသံကိုတော့ မတားဆီးနိုင်ပါ။

သူ့ကိုယ်ပေါ်သို့ ဖိအားတစ်ခုသက်ရောက်လာသည်ကို ခံစားလိုက်ရပါသည်။ ဘိုးဘေးများ၏အရိုးထဲမှ စွမ်းအင်များသည် တိုက်ခိုက်ရန်ပြင်ဆင်နေသလို ဖြစ်နေပါသည်။

သို့သော် ဘိုးဘေးများ၏ အရိုးထဲမှ စွမ်းအင်သည် ရှောက်ရွှမ်ကိုယ်ထဲသို့ စီးဝင်နေသဖြင့် အရမ်းအစွမ်းမထက်ပါ။

သို့သော် အခုအတိုင်းဆက်ဖြစ်နေပါက၊ ရှောက်ရွှမ်သည် ဘိုးဘေးများ၏ အရိုးလေးထဲမှ အစွမ်းများကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပါ။

ရှောက်ရွှမ်သည် မီးတောက်ဘီလူးကြီးကို ခေါ်ဆောင်နိုင်ပြီဖြစ်သဖြင့် ဆက်ကြိုးစားရန် မလိုတော့ပါ။

ရှောက်ရွှမ်သည် ပညာဆက်ခံနိုင်မှုစွမ်းရည်များကို သိမ်းလိုက်ပြီး၊ ဘိုးဘေးများ၏ အရိုးဆီသို့ စွမ်းအင်များ မထည့်သွင်းတော့ပါ။ စွမ်းအင်များကို သိမ်းလိုက်သောအခါ၊ မီးတောက်ဘီလူးကြီး

သည် မီးလုံးကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး၊ ဘိုးဘေးများ၏ အရိုးထဲသို့ ပြန်ဝင်သွားပါသည်။

တောင်နံရံတွင်ဖြစ်ပေါ်နေသော တိမ်ပုံစံများသည်လည်း ပျောက်ကွယ်သွားပါသည်။

အရာအားလုံးသည် တည်ငြိမ်သွားပြီ ဖြစ်ပါသည်။

ကုန်းကျားဟုန်ကတော့ ကုန်းကျားတောင်တန်းထဲ ဝင်ပြီးသောအခါ၊ ဘိုးဘေးများ၏ မှတ်တမ်းများကို ဖတ်ရှုနေပါသည်။ သူသည် အပျော်လွန်နေသဖြင့် မျက်ရည်များပင်ကျမိပါသည်။ ထိုအချိန်တွင် အသံတစ်ခုကြားလိုက်ရပါသည်။ ခေါင်းလောင်းထိုးသံများလား။

လှိုဏ်ထဲတွင် အသံလုံနေသဖြင့်၊ ဘာအသံလဲ သေချာမကွဲပြားပါ။ သေချာနားစိုက်ထောင်လိုက်သောအခါ၊ ဘာအသံမှ မကြားရတော့ပ။

သူများအမှားတစ်ခုခုလုပ်မိသလားဟု ကုန်း

ကျားဟုန်တွေးလိုက်မိသည်။ သို့မဟုတ် ရှောက်ရွှမ်၏ လက်ချက်ဖြစ်ပေလိမ့်မည်။ သို့သော် ဘိုးဘေးများ၏ အဆိုအရတော့ အပြင်လူများက ခေါင်းလောင်းကို အသံမြည်အောင် မလုပ်နိုင်ပါ။ သူများနားကြားမှားခြင်းလား။

ကုန်းကျားဟုန်သည် ခေါင်းခါလိုက်ပြီး၊မှတ်တမ်းများကို ဆက်ဖတ်နေလိုက်သည်။ ထိုအချိန်တွင် မြေပြင်သည်တုန်ခါသွားပါသည်။

“ဟိုကောင်လေး အထဲဝင်လာပြန်ပြီလားကွာ…”

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၄၁၆) နံရံပေါ်မှ စာများ

ရှောက်ရွှမ်သည် ပညာဆက်ခံနိုင်မှုစွမ်းရည်ကို ပြန်သိမ်းလိုက်ပြီး၊ မြေကြီးပေါ်တွင် မောပန်းစွာထိုင်ချလိုက်ပါသည်။

ဘိုးဘေးများ၏အရိုးကို ထိန်းချုပ်ရန် စွမ်းအင်များစွာကို သုံးလိုက်ရပါသည်။ အားများကုန်သွားသဖြင့် မတ်တပ်ပင် မရပ်နိုင်တော့ပါ။ ခုနက ခြေတစ်လှမ်းလှမ်းလိုက်ပြီး၊ ရှိသမျှအားအကုန် ကုန်သွားခြင်း ဖြစ်ပါသည်။

ထိုနေရာတွင် သားရဲကြီးများမရှိသည်မှာ တော်ပါသေးသည်။ ရှောက်ရွှမ် ငြိမ်ငြိမ်နေသမျှကာလပတ်လုံး၊ တောင်ကြားသည် ဘေးကင်းပါသည်။ ရှားလူမျိုးများ၏ နတ်ဆေးဆရာက ထိုနေရာတွင် အကာအကွယ်အဖြစ် ထောင်ခြောက်များကို စီမံထားသည်။ ရှားတောင်ကြားတွင် ရှိသော ကုန်းကျားတောင်တန်းတွင် ကြွက်တစ်ကောင် ကြောင်

တစ်မြီးတောင် မရှိပါ။

အသက်ကိုပုံမှန်ဖြစ်အောင်ရှူလိုက်ပြီး၊ ရှောက်ရွှမ်သည် ဖြည်းညှင်းစွာမတ်တပ် ရပ်လိုက်သည်။ သူသည် ထိုနားတွင် ရှိသော သစ်ပင်များမှ သစ်သီးများကို ခူးစားလိုက်ပါသည်။ သစ်သီးများစားပြီးနောက် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းများ ပျောက်ကွယ်သွားပါသည်။

သစ်သီးများသည် သိပ်စားမကောင်းသော်လည်း အရည်ရွှမ်းပါသည်။ စားလိုက်ပြီးသောအခါ စိတ်ရောကိုယ်ပါ လန်းဆန်းသွားပြီး၊ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသော နာကျင်ကိုက်ခဲမှုများ ပျောက်ကွယ်သွားပါသည်။

ထိုနားတွင်ပေါက်နေသော သီးနှံပင်တစ်မျိုးလည်း ရှိပါသေးသည်။ ဘာပင်မှန်းမသိသော်လည်း ကုန်းကျားဟုန်ကတော့ စား၍ရသည်ဟုဆိုပါသည်။ ထိုအပင်သည် ရှားလူမျိုးများစိုက်ထားခဲ့သော အပင် ဖြစ်မည် ထင်သည်။ ရှား

လူမျိုးများထွက်ခွာသွားသောအခါ၊ ထိုအပင်များကျန်ခဲ့ခြင်း ဖြစ်မည်ထင်ပါသည်။ ထိုနေရာသို့ ရှားလူမျိုးများရောက်လာလျှင်လည်း၊ အပင်များကို ဂရုစိုက်ဟန်တူပါသည်။

ရှောက်ရွှမ်သည် သစ်သီးအတော်များများစားလိုက်ပါသည်။ ထိုအခါ ဆာလောင်မှုများ ပျောက်ကွယ်သွားပြီး၊ ပညာဆက်ခံနိင်မှုစွမ်းရည်လည်း ပြန်လည်ရရှိလာပါသည်။ အပြည့်အဝ အားပြန်ပြည့်ရန်တော့ အချိန်မည်မျှယူရမလဲ ရှောက်ရွှမ်မသိပါ။ အခုတခေါက်တွင် အစွမ်းရှိသည်ထက် ပိုကြိုးစားရသော်လည်း နောက်အခေါက်များတွင်တော့ နတ်စွမ်းအင်နှင့် ပညာဆက်ခံနိုင်မှုစွမ်းရည်ကို လိုသလို သုံးနိုင်တော့မည် ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် အရင်တုန်းကထက် ပိုအစွမ်းရှိလာသည်ဟု ပြောရမည် ဖြစ်သည်။

သို့သော် အပြည့်အဝအားပြန်ပြည့်လာရန်တော့ အချိန်ပေးရမည် ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းမှာ ကောင်းသည်ဟုပင်ဆိုရမည် ဖြစ်သည်။ ရှောက်ရွှမ်က ဘိုးဘေးများ၏ အရိုးလေးနှင့် လေ့ကျင့်ရန်

ဆုံးဖြတ်လိုက်ပါသည်။ ဘိုးဘေးများ၏အရိုးမှ အစွမ်းကို ထိန်းချုပ်နိုင်ပါက မျိုးနွယ်စုတစ်ခုလုံးအတွက် အကျိုးရှိမည် ဖြစ်ပါသည်။

တောင်နံရံတွင် ချုံနွယ်ပေါင်းစုံပေါက်ရောက်နေပါသည်။ တချို့အပင်များက ပန်းပွင့်များပွင့်နေပါသည်။ တချို့အပင်များကတော့ ပန်းမပွင့်ပါ။ ရှောက်ရွှမ်သည် နွယ်ပင်ပေါ်မှ ပန်းတချို့ကို ခူးလိုက်ပါသည်။ ထိုသို့နေရာကို လာရခြင်းမှာ ကြုံတောင့်ကြုံခဲ အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်က ထိုနေရာကို လေ့လာချင်နေပါသည်။

ပန်းခူးလိုက်သောအခါ နွယ်ပင်က တုန်လှုပ်သွားပါသည်။ရှောက်ရွှမ်သည် သစ်ရွက်များနှင့် နွယ်ပင်များကို ဆွဲဖယ်လိုက်သောအခါ၊ အနောက်မှ တောင်နံရံကြီးပေါ်ထွက်လာပါသည်။

တောင်နံရံပေါ်တွင်စာများ ရေးသားထားပါသည်။ သို့သော် စာလုံးများမှာ တစ်လုံးနှင့်တစ်လုံးဘာသာမတူသလို၊ အရွယ်အစားလည်း မတူပါ။

သို့သော် တိမ်ပုံစံများ မဟုတ်သဖြင့်၊ ရှောက်ရွှမ်က ထိုစာလုံးများကို ဖတ်နိုင်ပါသည်။

ထိုစာလုံးများမှာ ရှားလူမျိုးများ ကြုံတွေ့ခဲ့ရသော ပြဿနာများကို ဖြေရှင်းသော နည်းလမ်းများ ဖြစ်ပါသည်။ မည်သည့်စာလုံးသည် အစောဆုံးဖြစ်သလဲ ရှောက်ရွှမ်စဉ်းစားနေပါသည်။

ထိုစာလုံးများကို ရေးသူမှာ ရှားလူမျိုးတစ်ယောက် မဖြစ်နိုင်ပါ။ ထိုစာကို ရေးသည်မှာ ကုန်းကျားတောင်တန်းသို့ ဝင်ရောက်ခွင့်မရသူ တစ်ယောက်ဖြစ်မည်ထင်သည်။ ကံကောင်း၍သာ အသက်ရှင်ခြင်း ဖြစ်ပါသည်။ ရှားလူမျိုးများ၏ ထောက်ခြောက်များမှာ ကြောက်စရာ ကောင်းလှပါသည်။

အတော်ကြာအောင်စဉ်းစားပြီးသောအခါ၊ ထိုလူသည် သူနားမလည်သော မေးခွန်းများကို နံရံပေါ်တွင် ထွင်းခဲ့ပါသည်။ သူသည် ပန်းပဲသွန်းလုပ်

ခြင်းတွင် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပါသည်။ သံရိုင်းကို အရည်ကြိုရာတွင်လည်း အခက်အခဲ ဖြစ်နေပါသည်။

ထိုစာလုံးများကို ရေးထွင်းထားသည်မှာ အချိန်ကြာလှပြီ ဖြစ်သည်။ ထိုအချိန်တုန်းက အရည်ကျိုခြင်းနှင့် သွန်းလုပ်ခြင်းမှာ သက်သက်စီ လုပ်ကြခြင်း ဖြစ်မည် ထင်ပါသည်။ လူအနည်းငယ်လောက်သာ ထိုပညာကို တတ်မြောက်ကြပါသည်။ထိုလူသည် ပန်းပဲပညာကို မတတ်မြောက်သွားသလို၊ သူသိလိုသော မေးခွန်းများကို ရှားလူမျိုးတစ်ယောက်ကို မေးခွင့်မရလိုက်ပါ။ သို့သော် ထိုလူသည် ကုန်းကျားတောင်တန်းအကြောင်းကို ကြားဖူးနေသဖြင့်၊ ပညာရှာရန် ကုန်းကျားတောင်တန်းကို လိုက်ရှာခြင်း ဖြစ်ပါသည်။ ထိုလူသည်လည်း ကုန်းကျားတောင်တန်းကို ရှာတွေ့သွားဟန်တူပါသည်။

သို့သော် မေးခွန်းများကို ရေးထွင်းပြီးသွားသောအခါ၊ ထိုလူသည် ထွက်ခွာသွားပါသည်။

တစ်နေ့နေ့တွင်တော့ ရှားလူမျိုးတစ်ယောက်သည် ထိုနေရာသို့ ရောက်လာပြီး၊ ထိုစာလုံးများကို မြင်တွေ့သွားမည် ဖြစ်သည်။ ထိုရှားလူမျိုးသည် စိတ်ကောင်းဝင်နေသဖြင့် အဖြေများကို နံရံပေါ်တွင် ရေးထွင်းသွားပါသည်။ သူ့ဆိုလိုရင်း အနှစ်ချုပ်မှာ အရင်ဆုံးမီးတောက်များကို ထိန်းချုပ်ရမည် ဖြစ်သည်။ ထို့နောက် သံရိုင်းကို အည်ကြိုရမည်ဖြစ်သည်။ ထိုစာများကို ဖတ်ပြီးနောက်၊ ထိုစာကို ရေးသူ၏ အသံကို ကြားယောင်လာသလို ခံစားရပါသည်။

နံရံပေါ်မှ စာလုံးများကို ရေးထွင်းထားခြင်းမှာ လက်ရာသေသပ်လွန်းလှပါသည်။ ထိုလက်ရေးများတွင် မမြင်ရသော စွမ်းအင်တစ်ခုရှိနေပါသည်။ ထိုစာလုံးများကို ရေးထွင်းထားသူမှာ အင်မတန်အတွင်းအားကောင်းသူ ဖြစ်ပေလိမ့်မည်။

ထို့နောက်တွင် ထိုနေရာကို အခြားရှားလူမျိုးတစ်ယောက် ရောက်လာဟန်တူပါသည်။ ဒုတိယရှားလူမျိုးသည် မေးခွန်းနှင့် အဖြေများကို မြင်

သောအခါ၊ အဖြေကို ပြည့်စုံအောင် ထပ်မံဖြည့်သွင်းသွားပါသည်။ သူသည် ပိုရှင်းလင်းသော အဖြေတစ်ခုကို ရေးသွားပါသည်။ သံကိအရည်ကျိုရာတွင် မီးခိုးသည် အရောင်အမျိုးမျိုးပြောင်းပါသည်။ ပထမအဆင့်အနေနှင့်၊ အပူချိန်မြင့်တက်သွားလာသောအခါ၊ မီးခိုးသည် အရောင်မှိုင်းမှိုင်းဖြစ်နေလိမ့်မည်။ ထို့နောက် အဝါရောင်သို့ပြောင်းလဲသွားမည် ဖြစ်သည်။ သို့သော် အရည်ကျိုခြင်းမပြီးသေးပါ။ အပူချိန်ထပ်မံမြင့်တက်လာသောအခါ မီးခိုးသည် ဖြူစိမ်းအရောင်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုသို့ အရောင်ပြောင်းလဲသွားမှသာ သံအရည်ကျိုခြင်း ပြီးဆုံးမည်ဖြစ်သည်။

ဒုတိယလူ၏စာသားများမှာ အတည်အခန့်လေသံ ဖြင့်ရေးသားထားခြင်း ဖြစ်သည်။ ကြေးထည်များ သွန်းလုပ်ရန် လိုအပ်သော အချိုးအစားများကိုလည်း ရေးသားထားပါသည်။ ကြေးထည်များကို သွန်းလုပ်ရာတွင် ကြေးချည်းပဲ ထည့်၍မရပါ။ အခြားသတ္တုများလည်း ရောရပါသည်။ အခြားသတ္တုများနှင့် ကြေးများကို အချိုးကျ

ရောစပ်၍ လိုချင်သော ကြေးထည်ပစ္စည်းကို သွန်းလုပ်ရပါသည်။

ရှောက်ရွှမ်သည် သားရေချပ်တစ်ခုပေါ်တွင် ထိုစာများကို ကူးရေးထားပါသည်။

စတုတ္ထမြောက်အဖြေတစ်ခုကိုလည်း တွေ့ရပါသည်။ ထိုအဖြေမှာ အရင်လူများပြောပြသည့် အဖြေများကို အတည်ပြုထားခြင်း ဖြစ်သည်။ ထို့နောက် သူ့အမြင်ကို ထည့်ရေးသွားပါသည်။ ထိုသူက အရည်ကျိုရာတွင်၊ သားရဲကြီးတစ်ကောင်၏ သွေးကို ထည့်ကျိုပါသည်။ ထိုသို့လုပ်ပါက ကြေးထည်ပစ္စည်းများသည် ပိုခိုင်ခံ့သွားမည် ဖြစ်ပါသည်။ ထိုနည်းဖြင့် သွန်းလုပ်ထားသော ကြေးထည်များမှာ ပိုမိုပေါ့ပါးခိုင်ခံ့ပါသည်။

ရှောက်ရွှမ်သည် နံရံများပေါ်မှာ စာများကို တပုံစံတည်းတူအောင်လိုက်ကူးနေပါသည်။ သို့သော် အရည်ကျိုရာတွင်ထည့်ရသည့် သားရဲသွေးအမျိုးအစားကို ရှောက်ရွှမ်မသိပါ။ သို့သော် ရှောက်ရွှမ်သည် အကုန်လုံးကို ကူးလိုက်ပါသည်။

နောက်မှ အခြားလူတစ်ယောက်ကို မေးရမည်။

သို့သော် စတ္တုထလူ၏ အဖြေကို သဘောမတူ‌သော စာတစ်ကြောင်းကိုလည်း တွေ့ရပါသည်။ “ဘယ်လိုလုပ်ပြီး ဒီလောက်အဖိုးတန်တဲ့ပစ္စည်းတွေလုပ်နေတာ ဘယ်လိုလုပ်ပြီး၊ မသန့်ရှင်းတဲ့ပစ္စည်းတွေ ထည့်မှာလဲ”

ထိုလူသည် ထိုစာများကို ခံစားချက်အပြည့်ဖြင့် ရေးထွင်းထားခြင်း ဖြစ်ပါသည်။ စာလုံးများမှာ နက်ရှိုင်းလှပါသည်။ ထိုလူကတော့ ကြေးထည်ပစ္စည်းများသွန်းလုပ်ရာတွင် သားရဲသွေးကို ထည့်ခြင်းမှာ အလွန်ဆိုးရွားသည်ဟု ယူဆပါသည်။

ထို့နောက် အခြားလူများက သွေးအကြောင်းပြောကြပါသည်။ ကြေးထည်နှင့်အတူ အခြားပစ္စည်းများရောစပ်ခြင်းအကြောင်းများကို ရေးသားထားပါသည်။ တချို့ဆိုလျှင် လူသွေးပင်ထည့်ထားသည်ဟုဆိုသည်။ တချို့ကလည်း ထိုအယူအဆများကို လက်ခံသလို၊ တချို့ကလည်း မယူဆကြပါ။

နောက်ဆုံးတွင်တော့ “ဘိုးဘေးများခင်ဗျာ…အရှင်တို့ပြောတာတွေ မှန်မမှန်သိရအောင် ကျွန်တော် စမ်းသပ်ကြည့်ပါဦးမယ်”ဟု ရေးသားထားသော စာကို တွေ့လိုက်ရပါသည်။

ထိုစာပြီးသွားသောအခါ အခြားဘာစာမှ မတွေ့ရတော့ပါ။ နောက်ဆံးလူသည်ပြန်မလာတော့သလို အခြားလူများလည်းရောက်မလာတော့သဖြင့်၊ ဆွေးနွေးမှုများလည်း ဖြစ်ပေါ်မလာတော့ပါ။ရှားလူမျိုးများသည် အခြားလူမျိုးများနှင့်မတူပါ။ သူတို့သည် ဘိုးဘေးများပြောသမျှကိုသာ အမှန်ဟုယူဆကြပါသည်။ ဘိုးဘေးများကို ယုံကြည်ကြသဖြင့် သူတို့၏ ပန်းပဲပညာများမှာလည်း တဖြည်းဖြည်းတိုးတက်လာပါသည်။

နောက်ဆုံးလူသည် အောင်မြင်သလား၊မအောင်မြင်သလား ရှောက်ရွှမ် မသိပါ။ နံရံပေါ်တွင် ရေးထားသော ဆွေးနွေးမှုများမှာ နှစ်ပေါင်းထောင်ချီနေပြီဖြစ်သည်။ ထိုဆွေးနွေးမှုများကို ရှောက်ရွှမ်သည် ဂရုတစိုက်ဖြင့် မှတ်တမ်းတင်နေ

ပါသည်။

ရှားလူမျိုးများသည် အပြင်လောကသို့ရောက်လျှင်၊ ပညာများကို လျှိုထားကြပါသည်။ သူတို့ပညာများကို အပြင်လူများမသိအောင် ထိန်းသိမ်းထားကြပါသည်။သို့သော် ၎င်းတို့၏ ပညာများအကြောင်းကို ဆွေးနွေးထားသော စာများကို တောင်နံရံပေါ်တွင် ရေးထွင်းထားပါသည်။ နောင်လာနောင်သားများကို တွေ့စေလိုဟန်လည်း ရှိမည်ထင်ပါသည်။ သူတို့ရေးထားသော စာများအောက်တွင် ၎င်းတို့၏ နာမည်များကို ပင်ရေးထိုးထားကြပါသည်။

သို့သော် ထိုသူများ နောက်ထပ်ပြန်ရောက်မလာခြင်းကတော့ စိတ်မကောင်းစရာပင်။

အားလုံးကူးရေးပြီးသွားသောအခါ၊ သူသည် စာရေးကိရိယာများကို သိမ်းဆည်းလိုက်ပါသည်။ ရှောက်ရွှမ်သည် သစ်သီးများကို ထပ်စားလိုက်ပြီး၊အနားယူရန် နေရာတစ်ခုလိုက်ရှာပါသည်။

ကောင်းကင်သည်မှောင်မည်းနေပြီဖြစ်ပါသည်။ ရှောက်ရွှမ်သည် အားကုန် မောပန်းနေသဖြင့်၊ ကောင်းမွန်စွာအိပ်စက် အနားယူရန်လိုအပ်နေပါသည်။

ညသည် အေးစက်နေသော်လည်း၊ ရှောက်ရွှမ်ကတော့ မမှုပါ။ ဖရဲသီးကြီးတစ်လုံးကို ခေါင်းအုံးလိုက်ပြီး၊ မြက်ခင်းပေါ်တွင် အိပ်လိုက်ပါသည်။

ကုန်းကျားတောင်တန်းတွင် ကုန်းကျားဟုန်သည် ဘိုးဘေးများထားခဲ့သော မှတ်တမ်းများကို တညလုံးဖတ်နေပါသည်။ ရှောက်ရွှမ်ပေးထားသော သလင်းကျောက်ကလေး၏ အလင်းရောင်ဖြင့်၊ နံရံပေါ်တွင်ရေးသားထားသော စာများ၊ သမိုင်းဝင်အဖြစ်အပျက်များကို ဖတ်ရှုနိုင်ပါသည်။

ကုန်းကျားဟုန်သည် သတိပြန်ဝင်လာသောအခါ၊ သူ၏မျက်လုံးများ နီရဲနေပါသည်။ သို့သော် သူသည် အားပြည့်လန်းဆန်းနေပြီး၊ စာများကို သာဆက်ဖတ်ချင်နေပါသည်။

ရှားလူမျိုးတို့၏ ဘိုးဘေးများသည် မှတ်တမ်းများကို ထားခဲ့ရုံသာမက၊ သူတို့ပြုလုပ်ခဲ့သော ပစ္စည်းများကိုလည်း ထားခဲ့ပါသည်။ သို့မှသာ ထိုပစ္စည်းများကို ကြည့်ပြီး နောင်လာနောင်သားများက ဂုဏ်ယူနိုင်ကြမည်ဖြစ်သည်။ ရှားလူမျိုးများ၏ ပစ္စည်းများမှာ အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြသည်။

ထိုရတနာများသည် သူ့ရှေ့တွင် ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ကုန်းကျားဟုန် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါ။

သို့သော် သူသည် အနည်းငယ်စိတ်တိုနေပါသည်။ အပြင်တွင် ရှိနေသော ရှောက်ရွှမ်အတွက် သူစိတ်ပူနေရပါသည်။ ရှောက်ရွှမ်ကို သွားကြည့်ရမည်ဆိုလျှင်၊ ကောင်းမွန်စွာ အနားယူရတော့မည် မဟုတ်ပါ။

ကုန်းကျားဟုန်သည် ရှောက်ရွှမ်ကို သွားကြည့်လိုသော်လည်း၊ သူသည် ဘိုးဘေးများ၏

မှတ်တမ်းများထဲတွင် စိတ်ရောကိုယ်ပါ နစ်မျောနေပါသည်။ ထို့ကြောင့် သူသည် ကုန်းကျားတောင်တန်းထဲမှ မထွက်ခွာခြင်း ဖြစ်ပါသည်။

တောင်၏ အလယ်ဗဟိုတွင် မြေအောက်စမ်းပေါက်မှ ဖြစ်ပေါ်လာသော ရေကန်တစ်ခုရှိပါသည်။ ထိုရေကန်မှာ ဒယ်အိုးကြီးတစ်လုံးနှင့်တူသောနေသောကြောင့်၊ ဒယ်အိုးကန်ဟု ခေါ်ဆိုကြပါသည်။

ဒယ်အိုးကန်ထဲမှ ရေများသည် ကြည်လင်နေပြီး၊ဘယ်တော့မှ မခမ်းခြောက်ပါ။ ရေကန်ထဲတွင် လက်တဝါးလောက်ရှိသော ငါးများ ကူးခတ်နေပါသည်။

ကုန်းကျားဟုန်သည် ကန်ထဲမှ ငါးတချို့ကို ဖမ်းယူလိုက်ပါသည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၄၁၇) မူလမီးမျိုးစေ့

ခန်းမကျယ်ကြီးထဲသို့ ရောက်သောအခါ၊ ကုန်းကျားဟုန်သည် အထဲတွင် ရှောက်ရွှမ်ကို လိုက်ရှာကြည့်ပါသည်။ သို့သော် အထဲတွင် ရှောက်ရွှမ်မရှိပါ။ အားလုံးကို သေချာစစ်ဆေးပြီးသွားသောအခါ၊ အရာအားလုံးမှာ ပုံမှန်သာဖြစ်နေပါသည်။ ကြေးရုပ်ထုကြီး၁၈ရုပ်မှာလည်း ပုံမှန်အတိုင်းသာ ရှိနေပါသည်။ အရာအားလုံးမှာ ပုံမှန်အတိုင်းရှိပြီး၊ ထောင်ခြောက်များမှာလည်း အရာမယွင်းပါ။

ရှောက်ရွှမ်သည် အထဲသို့ လုံးဝမဝင်ခဲ့ပါ။ ကုန်းကျားဟုန်သည် စိတ်များရှုပ်ထွေးနေသဖြင့်၊ သက်ပြင်းသာချလိုက်မိသည်။

ရှောက်ရွှမ်နေရာတွင်သာ အခြားတစ်ယောက်ဖြစ်နေပါက၊ ကုန်းကျားဟုန်သည် ထိုလူကို သတ်ပစ်မည်ဖြစ်သည်။ သို့သော် ရှောက်ရွှမ်သည် ရှား

လူမျိုးများ၏ ပညာကို သိလိုသော်လည်း၊ လောဘမကြီးပါ။ အခြားလူများဆိုလျှင် ကုန်းကျားဟုန်မရှိတော့သည်နှင့် အထဲကိုဝင်ရန် ကြိုးစားမည် ဖြစ်သည်။ သူ့ကို ခြိမ်းခြောက်၍ ရတနာများကို တောင်းချင်တောင်းလိမ့်မည် ဖြစ်သည်။ရှောက်ရွှမ်ကတော့ ထိုသို့ မလုပ်သည့်အပြင် ၊ အကူအညီများကိုပါ ပေးပါသည်။ရှောက်ရွှမ်မပါလျှင်၊ သူသည် ထိုနေရာကို ရှာတွေ့မည် မဟုတ်ပါ။

ကုန်းကျားဟုန်က ရှောက်ရွှမ်၏ ကျေးဇူးကို မမေ့ပါ။ သို့သော် ရှောက်ရွှမ်မှာ ထူးဆန်းသော ကောင်လေးတစ်ယောက် ဖြစ်ပါသည်။

ကုန်းကျားဟုန်သည် သူ့ပါးပေါ်မှ မုတ်ဆိတ်များကို ပွတ်ရင်းစဉ်းစားနေသည်။ ကုန်းကျားတောင်တန်းထဲသို့ ရှောက်ရွှမ်ဝင်လာစဉ်က၊ ဖြစ်ပေါ်ခဲ့သော အခြေအနေများကို ပြန်စဉ်းစားမိသောအခါ၊ ကြက်သီးပင်ထမိပါသည်။

သို့သော် ကုန်းကျားဟုန်သည် ရှောက်ရွှမ်နှင့် အခင်အမင်မပျက်ချင်ပါ။ ရှောက်ရွှမ်သည် လှိုဏ်ထဲသို့ ဝင်ရန် မကြိုးစားသ၍ အခင်အမင်ပျက်မည် မဟုတ်ပါ။

ကုန်းကျားဟုန်သည် ငါးကို ကိုင်ထားရင်၊ တံခါးပေါက်တွင် ရပ်နေပါသည်။ သူ့ရှေ့တွင် ၁၀မီတာလောက် ကျယ်မည်ဖြစ်သော တွင်းပေါက်ကြီးတစ်ခုရှိပါသည်။ သို့သော် သိပ်တော့ မနက်ရှိုင်းပါ။ တွင်းကြီးထဲမှ မြေသားများကို ဓားနှင့်တူးထုတ်ထားသလို၊ မြေသားများသည် ညီညာပြန့်ပြူးနေပါသည်။

အရင်တုန်းက ထိုနေရာတွင် တွင်းပေါက်ကြီးမရှိပါ။ ထိုအချက်ကိုတော့ ကုန်းကျားဟုန် သေချာမှတ်မိနေပါသည်။

လှိုဏ်ထဲတွင်ရှိနေစဉ်က ဖြစ်ပေါ်ခဲ့သော ငလျင်အကြောင်းကိုတွေးမိသောအခါ၊ ကုန်းကျားဟုန်၏ စိတ်များပြန်လည်လှုပ်ရှားလာပါသည်။ အပြင်တွင် ဘာတွေဖြစ်သလဲတော့ သူလည်း မသိ

ပါ။

သူသည် ရှောက်ရွှမ်ကို လိုက်ရှာနေရင်းနှင့် မြေပြင်ပေါ်တွင် ဖရဲသီးကို ခေါင်းအုံးအိပ်နေသော ရှောက်ရွှမ်ကိုတွေ့လိုက်ရပါသည်။

ခြေသံကြားသဖြင့် ရှောက်ရွှမ်သည် အိပ်နေရာမှ နိုးလာပါသည်။ သို့သော် ခြေသံက သူရင်းနှီးနေသော ခြေသံဖြစ်နေသဖြင့်၊ မတိုက်ခိုက်ပါ။

“ထွက်လာပြီလား” ရှောက်ရွှမ်က သမ်းဝေလိုက်သည်။

“အိပ်လို့ကောင်းရဲ့လား…အိပ်မက်တွေမက်နေတယ်ပေါ့လေ” ကုန်းကျားဟုန်က ပြောလိုက်ပါသည်။

“ခင်ဗျားတို့ဘိုးဘေးတွေအကြောင်း အိပ်မက်မက်နေတာဗျ” ရှောက်ရွှမ်က ပြောလိုက်သည်။

သို့သော် ကုန်းကျားဟုန်က ရှောက်ရွှမ်၏စကား

ကို အတည်မယူသလို ယုံလည်း မယုံပါ။

ရှောက်ရွှမ်ကလည်း ဘာမှထပ်မပြောတော့ပါ။ သူခေါင်းအုံးအိပ်သော ဖရဲသီးကို ခွဲလိုက်ပြီး၊ တခြမ်းကို ရှောက်ရွှမ်အားပေးလိုက်ပါသည်။

“ဒီဖရဲသီးက တော်တော်အရသာရှိတယ်…မျိုးစေ့ယူသွားပြီး စိုက်ရင် ကောင်းမလား”

“စိုက်လို့ရမှာမဟုတ်ဘူး…ဒီနေရာမှာပဲ ပေါက်တာ…တချို့လူတွေ မျိုးစေ့ယူပြီး စိုက်ဖူးတယ်…အပင်ပေါက်မလာဘူး” ဟုန်က ပြောလိုက်ပါသည်။

“အဲဒါဆို ဒီနေရာမှာပဲ စားရတော့မှာပေါ့” ရှောက်ရွှမ်က စိတ်ပျက်သွားသည်။ ဟုန်လက်ထဲက ငါးကို မြင်သောအခါ၊ “အဲဒီငါးကို ဘယ်ကရလာတာလဲ”ဟုမေးလိုက်သည်။

“တောင်ထဲမှ ရေကန်တစ်ကန်ရှိတယ်…အဲဒီရေကန်ထဲက ရလာတာ…နောက်မှ အတူတူစားကြတာ

ပေါ့”

ရှောက်ရွှမ်သည် ဟုန်လက်ထဲမှ ငါးများကို ကြည့်လိုက်ပါသည်။ သူသည် ထိုငါးမျိုးကို မမြင်ဖူးပါ။ ထိုငါး၏ ကိုယ်ပေါ်တွင် အစိမ်းရောင် အစင်းများရှိပါသည်။ ငါးသည် သစ်သီးများထက်တော့ အရသာရှိမှာ သေချာနေပါသည်။

“ဘိုးဘေးတွေရဲ့မှတ်တမ်းတွေ ဖတ်လို့ပြီးသွားပြီလား” ရှောက်ရွှမ်က မေးလိုက်ပါသည်။

“မပြီးသေးဘူး…အဲဒီအကြောင်းကို မင်းနဲ့တိုင်ပင်မလို့” ဟုန်က ပါးစပ်ကို သုတ်လိုက်ရင်း ပြောလိုက်ပါသည်။

“ငါဒီမှာ ခဏလောက် ဆက်နေရဦးမယ်…မင်းမနေနိုင်ရင် ပြန်သွားလို့ရတယ်…ဒီက ကိစ္စတွေပြီးသွားရင် မင်းကို မင်းတို့ရွာမှာ လာရှာမယ်…ငါကိုယ်တိုင်လုပ်ထားတဲ့ လက်နက်တွေလည်း ယူလာမယ်”

“ဒီနေရာမှာ သတ္တုရိုင်းတွေရှိတာလား” ရှောက်ရွှမ်က မေးလိုက်သည်။

“တောင်ထဲက သတ္တုတွင်းတွေဆီကိုသွားဖို့ လှိုဏ်ခေါင်းတစ်ခုရှိတယ်…အပြင်လူတွေတော့ ဝင်လို့မရဘူး”

ထိုသို့ဆိုလျှင် ထိုနေရာတွင် ပင်မမီးမျိုးစေ့တစ်ခုရှိနေပြီ ဖြစ်သည်။ ရှောက်ရွှမ်သည် ကုန်းကျားဟုန်ကို ယုံကြည်ပါသည်။ သတ္တုရိုင်းများကို လွယ်လွယ်နှင့်သာ ရမည်ဆိုပါက၊ လူတိုင်းလာယူနေကြမည်ဖြစ်သည်။ သို့သော် နှစ်၁၀၀၀သာ ကြာသွားသည်၊ မီးမျိုးစေ့ကို မည်သူမှမယူနိုင်ပါ။ ကြည့်ရသည်မှာ မီးမျိုးစေ့ကို စောင့်ရှောက်နေသော အရာရှိသည် ထင်ပါသည်။

ထိုမီးမျိုးစေ့ကို ရယူရန် ရှောက်ရွှမ်တွင် စွမ်းအားမရှိပါ။

“ကျွန်တော်မြင်လိုက်တဲ့ စကားတွေထဲမှာ မမှတ်မိတဲ့ စကား၂လုံးရှိတယ်”

ရှောက်ရွှမ်သည် သူမြင်ခဲ့သော စာလုံး၂လုံးကို မြေပြင်ပေါ်တွင် ဓားဖြင့်ဆွဲပြလိုက်သည်။

ထိုစာလုံးများကို မြင်သောအခါ၊ ကုန်းကျားဟုန်မျက်နှာက တမျိုးဖြစ်သွားသည်။

“အဲဒီစာလုံးတွေ ဘယ်မှာတွေ့တာလဲ” ဟုန်က မေးလိုက်သည်။

ရှောက်ရွှမ်သည် စာများရေးထွင်းထားသော တောင်နံရံကို ညွှန်ပြလိုက်သည်။ ကုန်းကျားဟုန်မျက်လုံးပြူးသွားပြီး ထခုန်မိမတတ်ဖြစ်သွားသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ရှောက်ရွှမ်သည် တောင်နံရံဆီကို လျှောက်သွားပြီး၊ သစ်ရွက်အချို့ကို ဆွဲယူလိုက်သည်။ ထို့နောက် သူမသိသော စာလုံးများကို ညွှန်ပြလိုက်သည်။

ဟုန်မျက်နှာရှုံ့မဲ့သွားသည်။ သူသည် စိတ်ဆိုးချင်သော်လည်း၊ စိတ်မဆိုးနိုင်တော့ပါ။ နောက်ဆုံးတွင် သက်ပြင်းကြီးချလိုက်ပြီး၊ ခပ်မဲ့မဲ့ပြုံးလိုက်ပြီး “ငါမသိဘူး”

“အဲဒီစာလုံးတွေရဲ့ အဓိပ္ပါယ်ကို ကျွန်တော့်ကို ပြောပြပါ…အဲဒီစာလုံးတွေက လှိုဏ်ခေါင်းထဲက မဟုတ်ဘူးနော်…အပြင်လူတွေ ထွင်းသွားတဲ့ စာတွေပါ” ရှောက်ရွှမ်က ပြောလိုက်သည်။

ဟုန်သည် မြေပြင်ပေါ်တွင် ထိုင်နေပြီး၊ သစ်ရွက်အချို့ကို ခူးလိုက်သည်။ ထို့နောက်သစ်ရွက်များကို ဝါးစားလိုက်ပြီး “အဲဒါစာလုံး၂လုံးမဟုတ်ဘူး…၁လုံးထဲပဲ… အစိမ်းရောင်အစွယ်လို့ ရေးထားတာ…အဲဒီစာလုံးတွေကို ငါတို့ဘိုးဘေးတွေရဲ့မှတ်တမ်းတွေထဲမှာ မှတ်တမ်းတင်ထားတယ်…ငါတို့ဘိုးဘေးတွေ ထွင်သွားတဲ့ စာလုံးဆိုပါတော့ကွာ”

ရှောက်ရွှမ်နားမလည်သည်မှာ အဆန်းမဟုတ်

တော့ပါ။ အစကတော့ သူဝေါဟာရ မကြွယ်ဝခြင်းဟုသာ ထင်ခဲ့သည်။ သို့သော်ထိုစာလုံးများမှာ ရှားလူမျိုးများ၏ ဘိုးဘေးများထွင်ခဲ့သော စကားလုံးများ ဖြစ်နေပါသည်။

“ခင်ဗျားတို့ဘိုးဘေးတွေက တော်တော်အစွမ်းထက်တာပဲ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။

“ဟုတ်တယ်…”ကုန်းကျားဟုန်သည် ကြည်ကြည်လင်လင်ဖြစ်သွားပါသည်။

“အရင်တုန်းကတော့ အဲဒီလိုစာလုံးတွေကို လှိုဏ်ထဲမှာပဲ ရေးထားမယ်ထင်ထားတာ…အပြင်မှာ စာလုံးထွင်းထားမယ်လို့ ထင်မထားဘူး”

“အစွယ်စိမ်းသားရဲဆိုတာ ကြောက်မက်ဖွယ်သားရဲတစ်မျိုးပဲ…အကောင်သိပ်မကြီးဘူး…မျက်နှာက အစိမ်းရောင်…အရေပြားက ခပ်ပါးပါးပဲ…ခွာတွေရှိတယ်…ချိုမရှိဘူး…ချွန်ထက်နေတဲ့ အစွယ်၂ချောင်းရှိတယ်…ဒီကောင်တွေရဲ့

အပြုအမူက ကြမ်းတမ်းရက်စက်ပေမဲ့ အသားစားသတ္တဝါမဟုတ်ဘူး”

ကုန်းကျားဟုန်သည် ပြောရင်းနှင့် မြေပြင်ပေါ်တွင် ပုံကြမ်းများရေးခြစ်နေပါသည်။

၎င်းတို့မှာ ဘိုးဘေးများ၏မှတ်တမ်းထဲတွင် မြင်ခဲ့ရသော ရိုးရှင်းသည့်ပုံကြမ်းများဖြစ်ပါသည်။

“ဒါပေမဲ့ ကျောက်တုံးကိုစားတဲ့တီကောင်ရဲ့ သွေးက အစွယ်စိမ်းသားရဲသွေးထက် ပိုအာနိသင်ရှိတယ်…ဒါပေမဲ့ အဲဒီတီကောင်မျိုးက အရမ်းရှားတယ်…ရိုးရိုးတီကောင်ဖြစ်လို့မရဘူး…ကြောက်မက်ဖွယ်သားရဲမျိုးက ဆင်းသက်လာတဲ့ တီကောင်ဖြစ်ရမယ်”

“ကျောက်တုံးတီကောင်လား” ရှောက်ရွှမ်က ထိုသတ္တဝါကို သိပါသည်။

“ဟုတ်မယ်ထင်တယ်…နေရာမတူတော့ အခေါ်အဝေါ်လည်း မတူဘူးပေါ့” ကုန်းကျားဟုန်သည်

တောင်နံရံပေါ်မှ စာများကိုဖတ်ကြည့်နေသည်။ ထိုစာများသည် ပန်းပဲပညာ၏ လျှို့ဝှက်ချက်များဖြစ်ပါသည်။ ကျိုထားသော သတ္တုထဲသို့ သွေးလောင်းထည့်ရမည့် အချိန်ကိုပင် ဖော်ပြထားပါသည်။ ဖြစ်နိုင်လျှင် ကုန်းကျားဟုန်သည် ထိုစာများကို ဖျက်ပစ်ချင်နေပါသည်။

“ဘာလို့များ အရေးကြီးတဲ့ လျှို့ဝှက်ချက်တွေကို ရေးသွားတာလဲ”

သို့သော် ဘိုးဘေးများရေးထွင်းခဲ့သောစာများ ဖြစ်နေသဖြင့်၊ သူ့အနေနှင့် ဖျက်ပစ်၍ မသင့်တော်ပါ။ ကုန်းကျားဟုန်သည် ချီတုံချတုံ ဖြစ်နေပါသည်။ သို့သော် ထိုပညာရပ်များကို ရှားလူမျိုးများသာ တတ်မြောက်ခြင်းဖြစ်ပါသည်။ အပြင်လူများ မတတ်မြောက်ပါ။ အပြင်လူများပြုလုပ်သော ကြေးထည်များမှာ ရှားလူမျိုးများ ထုတ်လုပ်သော ပစ္စည်းများ၏ အရည်အသွေးကို မီမည် မဟုတ်ပါ။

ကုန်းကျားဟုန်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်

အားမရဖြစ်နေပါသည်။ သူသည် ဘိုးဘေးများဆီမှ သင်ယူစရာများစွာရှိနေပါသေးသည်။

သူ၏စိတ်ထားကို ပြောင်းလဲလိုက်သောအခါ၊ ကုန်းကျားဟုန်သည် တော်တော်တည်ငြိမ်သွားပါသည်။ ထို့နောက် သူသည် နံရံပေါ်တွင် စာတစ်ကြောင်း ရေးထွင်းလိုက်ပြီး အောက်တွင် သူ့လက်မှတ်ရေးထိုးလိုက်ပါသည်။

ရှောက်ရွှမ်သည်လည်း ထိုစာများမှ အတော်များများသင်ယူလိုက်ရပါသည်။ သူ့တွင်နဂိုရှိပြီးသော အရည်အချင်းများနှင့် ထိုပညာရပ်များပေါင်းစပ်လိုက်လျှင်၊ ကြေးထည်ပစ္စည်းများကို သွန်းလုပ်နိုင်တော့မည် ဖြစ်သည်။ အရည်အသွေးကောင်း၊မကောင်းကတော့ သူလည်း မသိသေးပါ။

“ပင်မမီးမျိုးစေ့က ဘယ်ကလာတာလဲ” ရှောက်ရွှမ်ကမေးလိုက်ပါသည်။

ထိုအကြောင်းကိုလည်း ကုန်းကျားဟုန်မသိပါ။

သို့သော် ထိုအကြောင်းကို ဘိုးဘေးများ၏ မှတ်တမ်းများထဲတွင်တော့ ဖတ်လိုက်ရပါသည်။ ထိုအကြောင်းသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်သဖြင့် “အဲဒီမီးမျိုးစေ့တွေက ကောင်းကင်ပေါ်က လာတာ”

“ကောင်းကင်ပေါ်ကလာတာ ဟုတ်လား” ရှောက်ရွှမ်က ပြောလိုက်ပါသည်။

“ဟုတ်တယ်…လွန်ခဲ့တဲ့နှစ်၂၀၀၀လောက်က အဲဒီမီးမျိုးစေ့တွေ ကမ္ဘာပေါ်ရောက်လာပြီး နေရာအနှံ့ကို ပျံ့သွားတယ်…အစပိုင်းတော့ လူတွေက အဲဒီမီးမျိုးစေ့တွေကို ကိုးကွယ်တယ်…ဒါပေမဲ့ နောက်ပိင်းမှာ မီးမျိုးစေ့ရှိနေတဲ့ ရွာတွေက လူတွေ တစ်ယောက်ပြီးတစ်ယောက်သေကုန်တယ်…အဲဒီမှာ လူတွေလည်းကြောက်လန့်ပြီး မီးမျိုးစေ့ကို သေမင်းစေတမာန်လို့ထင်လာကြပြီး အဝေးကြီးကို လွှတ်ပစ်လိုက်ကြတယ်…ဒါပေမဲ့…”

ကုန်းကျားဟုန်သည် ဂုဏ်ယူစွာဖြင့် ရှင်းပြနေပါသည် “ငါတို့ရှားလူမျိုးတွေရဲ့ရွာနားမှာလည်း မီး

မျိုးစေ့တစ်ခုရှိတယ်…ဒါပေမဲ့ ငါတို့လူမျိုးတွေက အခြားမျိုးနွယ်စုတွေနဲ့ မတူဘူး…ငါတို့က မီးမျိုးစေ့ရဲ့လျှို့ဝှက်ချက်ကို သိသွားတယ်…အဲဒါက မကောင်းတဲ့ပစ္စည်းမဟုတ်ဘူး…ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ ရတနာတစ်ပါးပဲ”

ပင်မမီးမျိုးစေ့ကြောင့် ရှားလူမျိုးများပေါ်ထွက်လာခြင်းဖြစ်သည်။ ၎င်းတို့သည် မီးမျိုးစေ့ကို အသုံးချနည်းအား ပထမဆုံးရှာတွေ့ခဲ့သူများ ဖြစ်သည်။ ထိုကြောင့် အခြားမျိုးနွယ်စုများက မီးမျိုးစေ့ကိုလိုချင်လာြသည်။ မြို့ကြီး၆မြို့ကလည်း မီးမျိုးစေ့ကို လိုက်စုဆောင်းကြပြီး အသုံးချနည်းကို တတ်ကျွမ်းသွားကြသည်။ ထိုအချိန်မှစ၍ စစ်ပွဲများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရှားလူမျိုးများ၏ဘိုးဘေးတို့မှတ်တမ်းထဲတွင် ထိုစစ်ပွဲကို မီးမျိုးစေ့လုပွဲများဟု မှတ်တမ်းတင်ထားခဲ့သည်။

“ပင်မကုန်းမြေကြီးရဲ့သမိုင်းမှာ အရေးကြီးတဲ့ ဖြစ်ရပ်၂ခုရှိတယ်…ပထမတစ်ခုက မီးမျိုးစေ့နဲ့ ပတ်သက်နေတယ်…အဲဒီနောက်မှာတော့ မျိုးနွယ်

စုတွေရဲ့ မီးဖိုကြီးတွေထဲမှာ မီးမျိုးစေ့ မရှိတော့ဘူး…ဒုတိယဖြစ်ရပ်မှာလည်း မီးမျိုးစေ့နဲ ပတ်သက်နေတာပဲ…အဲဒီနောက်မှာတော့ မြို့ကြီး၆မြို့က အင်အားကြီးလာပြီးတော့ ပင်မမျိုးစေ့အများစုကို ထိန်းချုပ်နိုင်ခဲ့တယ်…အခြားမျိုးနွယ်စုအသေးလေးတွေကတော့ ရှိတာလေးနဲ့ပဲ အလုပ်ဖြစ်အောင်လုပ်ရတယ်”

“အဲဒီနောက်မှာတော့ ကျွီမျိုးနွယ်စုက အခြားမျိုးနွယ်စု၅ခုကို သိမ်းလိုက်ပြီး၊ ဟွမ်မျိုးနွယ်စုဆိုပြီး တည်ထောင်လိုက်တယ်…မြို့တွေကိုတော့ ဖြည်းဖြည်းချင်း ဆောက်ယူရတာပေါ့…သူတို့လက်အောက်မှာ အလုပ်လုပ်တဲ့ ကျွန်တွေ အများကြီးဖြစ်နေတော့ သူတို့ကို ကျွန်ပိုင်ရှင်တွေလို့ ခေါ်ကြတယ်…ကျွီမျိုးနွယ်စုရဲ့ အကြီးအကဲဆို အခုမြို့ကြီးတစ်မြို့ရဲ့ အရှင်သခင် ဖြစ်နေပြီ”

“ဒါပေမဲ့ ရှားလူမျိုးတွေက မြို့ထောင်ဖို့ စိတ်မဝင်စားဘူး…ပန်းပဲပညာကိုပဲ စိတ်ဝင်စားတယ်…မြို့ကြီး၆မြို့က အရှင်သခင်တွေကလည်း ရှားတွေကို မနှောင့်ယှက်ဘဲ လာဘ်လာဘတွေပေးပြီး

သူတို့လက်အောက်ဝင်လာအောင် သိမ်းသွင်းတယ်”

“လာဘ်လာဘတွေရတော့၊ ရှားလူမျိုးအတော်များများ ထွက်ခွာသွားကြတယ်…အဲဒီအဖြစ်ပြီးတော့ ရာသီဥတုအကြီးအကျယ်ပြောင်းလဲပြီး မြစ်ကြီးထဲမှာ ရေတွေ ခမ်းခြောက်သွားပြီး ရှားတောင်ကြားဖြစ်လာတယ်…အချိန်တွေကြာလာတာနဲ့အမျှ ပင်မမီးမျိုးစေ့ကြောင့် တောင်ကြားတစ်ခုလုံး ဘာသက်ရှိသတ္တဝါမှမရှိတော့တဲ့ ဝင်္ကဘာကြီးတစ်ခု ဖြစ်လာတယ်…”

“ရှားလူမျိုးတွေရဲ့ ဘိုးဘေးတွေက မျိုးနွယ်စုရှင်သန်ရေးအတွက် အဲဒီနေရာကို စွန့်ခွာလာခဲ့ရတယ်…သူတို့မသွားခင်မှာ ကုန်းကျားတောင်တန်းကို ဖန်တီးပြီးတော့၊ ကုန်းကျားတောင်တန်းရဲ့တည်နေရာကို တိမ်ပုံစံတွေထဲမှာ ဝှက်ပြီးဆွဲခဲ့တယ်…နောင်လာနောင်သားတွေ မေ့မသွားအောင်ပေါ့ကွာ…ကုန်းကျားတောင်တန်းကို ရောက်လာတဲ့ ရှားလူမျိုးတိုင်း သူတို့ရဲ့ အကောင်းဆုံးပစ္စည်းကို ထားခဲ့လေ့ရှိတယ်…ကုန်းကျားတောင်တန်းဆို

တာ ရှားလူမျိုးတွေ အထွဍ်အမြတ်ထားတဲ့နေရာပဲ”

“တဖြည်းဖြည်းနဲ့ ဒီနေရာမှာ ရတနာပစ္စည်းတွေ စုပုံလာတယ်…ဘာလို့လဲဆိုတော့ ရှားလူမျိုးတွေက သူတို့လုပ်ခဲ့တဲ့ အကောင်းဆုံးပစ္စည်းတွေကို ဒီနေရာမှ ထားခဲ့လို့ပဲ”

“ကြေးထည်ပစ္စည်းကို စတည်ထွင်တဲ့ ပထမဆုံးရှားလူမျိုးဆိုရင် မြို့ကြီး၆မြို့ကလာတာ မဟုတ်ဘူး…ရှားလူမျိုးတွေရဲ့ရွာက မြို့ကြီး၆မြို့နဲ့အရမ်းဝေးတယ်…နောက်တော့ တဖြည်းဖြည်းနဲ့ ရှားလူမျိုးတွေလည်း လူစုကွဲသွားကြတယ်”

ရှောက်ရွှမ်သည် တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။ ထိုအချက်မှာ နိုင်ငံရေးကို အသားပေးသော မျိုးနွယ်စုနှင့် ပညာရပ်ကို အသားပေးသောမျိုးနွယ်စုတို့ အကြား ကွာခြားချက်ပင် ဖြစ်သည်။

ဟုန်သည် ပြော၍ပြီးသွားပါသည်။ ထိုနေရာတွင်

ထားခဲ့ရန် သူကိုယ်တိုင်လုပ်ထားသော ပစ္စည်းများမရှိသဖြင့်၊ ကုန်းကျားဟုန်သည် ရှက်ရွံ့သွားပါသည်။ သူတတ်နိုင်သည်မှာ ကြေးထည်ပစ္စည်းလေးများ ထားခဲ့ရုံသာဖြစ်သည်။

“အဲဒါကြောင့် ငါဒီမှာ ဆက်နေဦးမယ်လို့ ပြောတာ…မင်းကောဘာလုပ်မယ်စိတ်ကူးထားလဲ ရှောက်ရွှမ်”

“နောက်၂ရက် ၃ရက်လောက်နေရင် သွားတော့မယ်”

ဟုန်က ခေါင်းညိတ်လိုက်ပါသည်။ “ပန်းပဲပညာကို ကျွမ်းသွားပြီဆိုရင် မင်းကို မင်းတို့ရွာမှာ လာရှာမယ်…ဒါနဲ့ ဒီတွင်းပေါက်ကြီးက ဘာဖြစ်တာလဲ”

“ကျွန်တော် ခြေလှမ်းလိုက်လို့ ဖြစ်သွားတာ…”

“ကုန်းကျားဟုန်မှာ ဆွံ့အသွားပါသည်။ “ချာတိတ်ရေ မြန်မြန်သွားပါတော့ဟ…တော်ကြာဒီနေရာ

ကြီး ပျက်စီးသွားဦးမယ်”

တောင်ထဲသို့ ကုန်းကျားဟုန် ပြန်ဝင်သွားသောအခါ၊ ရှောက်ရွှမ်သည် တောင်ကြားမှနေရာတစ်ခုကို လျှောက်သွားလိုက်ပါသည်။ ရှားလူမျိုးများ၏ ဘိုးဘေးများအကြောင်းကို အိပ်မက်သည်ဆိုသည်မှာ သူလိမ်နေခြင်း မဟုတ်ပါ။

(ဆက်ရန်…)

All Chapters