အခန်း (၁၅၂)
Vol. 11 Ch. 152
“သွားကြစို့”
ကျန်းတန်းဟယ်သည် လီရှို့ကျီကို ရထားလုံး အတွင်း တွန်းထည့်ပြီးနောက်မှာ ရှောင်းကောဘက်သို့ လှည့်ကာ ညင်သာစွာ ပြောလိုက်လေသည်။
အစောပိုင်းက သူတို့ရဲ့ ခဏတာ အချိန်လေးကြောင့် နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် အများကြီး နီးကပ်လာခဲ့ပြီ ဖြစ်သည်။
“အွန်းအွန်း သွားမယ်လေ”
ရှောင်းကော ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
ကျန်းတန်းဟယ်သည် ကလေးနှစ်ယောက်ကို ရထားလုံးပေါ် အရင် ချီတင်ပေးလိုက်ပြီး ရှောင်းကော တက်နိုင်အောင်လည်း ကူညီပေးလိုက်သည်။ အဆုံးတွင် ရထားလုံး ကြမ်းပြင်တွင် လှဲနေတဲ့ လီရှို့ကျီကို ကန်ပစ်လိုက်ပြီး ဘေးဖယ်ခိုင်းလိုက်ခဲ့သည်။
ကျန်းတန်းဟယ်သည် လီရှိ့ကျီ ဘေးဖယ်တာကို စောင့်လိုက်ပြီး နေရာလွတ် ရှိသွားချိန် အတွင်းကို ငုံ့ဝင်လာခဲ့သည်။
ဈေးဝယ်လာတဲ့ ပစ္စည်းတွေနဲ့အတူ လူတစ်စုသည် သူတို့ရဲ့ အိမ်ဆီသို့ မောင်းနှင် လိုက်ပါ လာခဲ့ကြသည်။
အချိန်သည် အနည်းငယ် နောက်ကျနေပြီ ဖြစ်သည်။ လမ်းတွင် ကျွမ်းကျွမ်းသည် ဝမ်ရှောက်ယိကို မှီလိုက် ငိုက်လိုက်ဖြင့် လိုက်ပါလာခဲ့သည်။
ထိုကလေးနှစ်ယောက် အချင်းချင်း တိုက်ကုန်မှာ စိုး၍ ရှောင်းကောသည် နှစ်ယောက်လုံးကို ဖက်ထားပေးလိုက်သည်။
သူတို့ရဲ့ အိမ်သို့ ပြန်ရောက်တဲ့အခါမှာ ရှောင်းကောနှင့် ကျန်းတန်းဟယ်သည် ကလေးတစ်ယောက်ဆီကို ပွေ့ပြီး ဝင်လာခဲ့သည်။
ကျန်းတန်းဟယ်သည် အိမ်ထဲသို့ ကလေးကို ပို့ပေးပြီးတာနှင့် သံပတ်ပေးထားတဲ့ နာရီကဲ့သို့ လီရှို့ကျီထံကို ခပ်မြန်မြန် ထွက်သွားခဲ့သည်။
အခုတင် လှဲလိုက်သည့် လီရှို့ကျီကို ဆွဲကိုင်ပြီး ပြောလိုက်သည်။ “ စာရင်းရှင်းဖို့ အချိန်ရောက်ပြီ”
ထိုစကားကို လီရှို့ကျီ ကြားသည့်အခါမှာ ချက်ချင်း ပြန်လည် လန်းဆန်းလာတော့သည်။ ကျန်းတန်းဟယ်က ဒီကို ငွေပြန်ပေးဖို့ ရောက်လာတာပဲ။
“ဟဟ”
လီရှို့ကျီသည် ပျော်ရွှင်စွာ ထိုင်လိုက်ပြီး ပိုက်ဆံအိတ်ဖွင့်ကာ ငွေရေတော့မဲ့ အချိန်မှာပဲ..
ကျန်းတန်းဟယ်သည် ရက်စက်စွာ ပြောလိုက်သည်။
“မင်းရဲ့လူက အလုပ်ကို ဘယ်လို လုပ်ခဲ့တာလဲ?”
လီရှို့ကျီသည် ထုံအသွားတော့သည်။ “ဘာကိစ္စလဲ? ဘာကိစ္စလဲ? ငွေလည်း ပေးပြီးသွားပြီ မဟုတ်ဘူးလား? ကျွန်တော့်ရဲ့ လက်အောက်ငယ်သားနဲ့ ဘာဆိုင်လို့လဲ?”
လီရှိ့ကျီ သဘောမပေါက်တာကို ကျန်းတန်းဟယ် တွေ့တဲ့အခါမှာ ကျန်းတန်းဟယ်သည် သူ့မှာ သမီး မရှိတာကို ရှင်းပြပေးလိုက်သည်။
လီရှို့ကျီ ကြောင်အသွားသည်။ “အဲ့ဒီ ခွေးမသားတွေကတော့..!!”
အဆုံးမှာတော့ လီရှို့ကျီတစ်ယောက်ထဲ တာဝန်ခံခဲ့ရသည်။
ကျန်းတန်းဟယ်သည် သန်းခေါင်ရောက်တဲ့အထိ အခန်းအတွင်း လှည့်ပတ်သွားနေခဲ့သည်။ ထိုသို့ လုပ်ပြီးသည့် နောက်မှသာ လီရှို့ကျီကို လွှတ်ပေးခဲ့ပြီး အနောက်လှည့်ကာ အိပ်ဖို့ သွားလိုက်တော့သည်။
သနားစရာ လီရှို့ကျီ ခမျာမှာ စောင်ရဲ့ အစလေးကို ကိုက်ရင်း ကျန်နေခဲ့သည်။ ခေါင်မိုးပေါ်က မီးရောင်လေးကို မဲမှောင်နေတဲ့ မျက်ကွင်းများနဲ့ ကြည့်နေရင်းဖြင့်ပေါ့..
နောက်တစ်နေ့မနက်တွင်..
ကျွမ်းကျွမ်းသည် သူ့၏ ပန်းကန်ထဲသို့ ဆန်ပြုတ်ကို ထည့်လိုက်ရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။
ကျန်းတန်းဟယ် ကြားလိုက်ပြီး ကျွမ်းကျွမ်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် ရှောင်းကောကို ဘာကြောင့်လဲဆိုတာ မေးရန် မျက်စပစ်ပြလိုက်သည်။
ရှောင်းကောသည် ခေါင်းရမ်းပြလိုက်ပြီး သူမ မသိကြောင်း ပြောလိုက်သည်။ ဒီကလေးက နိုးတဲ့အချိန်တုန်းကအထိ အဆင်ပြေနေဆဲ ဖြစ်သည်။
လီရှို့ကျီသည် တည့်တိုးနေတတ်သည့် သူမျိုး ဖြစ်သည်။ ကျွမ်းကျွမ်း၏ သက်ပြင်းချသံကို ကြားသောအခါမှာ အရမ်းစိတ်ဝင်စားဖို့ ကောင်းသည်ဟု သူထင်ခဲ့သည်။ ဒီကလေးက လူကြီးလေးလို သက်ပြင်းချနေခဲ့သည်။
“ကျွမ်းကျွမ်း သား ဘာလို့ သက်ပြင်းချနေတာလဲ?”
“ဘာမှ မဟုတ်ပါဘူး သား ဒီတိုင်းပဲ ဆန်ပြုတ်ကြီးကို စိတ်ကုန်လာလို့”
ကျွမ်းကျွမ်းသည် နောက်ဆုံးကျန်တဲ့ ဆန်ပြုတ်ကို ပါးစပ်အပြည့် သောက်ပြီးနောက်တွင် မျှော်လင့်တကြီး ပြောလာခဲ့သည်။
“ အကယ်လို့ မေမေ့ရဲ့ အားလူးခေါက်ဆွဲလေးသာ စားရမယ် ဆိုရင်..”
ကျွမ်းကျွမ်းသည် အားလူးခေါက်ဆွဲ မစားရတာ အချိန်တစ်ချို့ကြာပြီမလို့ အရသာကို လွမ်းစွတ်နေခဲ့သည်။ သူ့ရဲ့ နှုတ်ခမ်းကို ဖိလိုက်ပြီး သူ့ပါးစပ်ထဲရှိ ဆန်ပြုတ်ကို အရသာခံလိုက်သည်။ ထို့နောက်တွင် ရှောင်းကောကို မျှော်လင့်စွာ ကြည့်လာခဲ့သည်။
“မေမေ…”
ရှောက်ယိသည် သူ့၏လက်ထဲရှိ ဒုတိယမြောက် ဆန်ပြုတ်ပန်းကန်ကို အောက်ကို ချလိုက်သည်။ သူထပ်ပြီး သောက်ချင်နေတုန်းပဲ။ ဘာလို့များ ဒီက အစားအသောက်တွေက နန်းတော်ထဲက အစားအသောက်တွေထက် ပိုကောင်းတယ်လို့ ခံစားနေရတာပါလိမ့်?
ကျွမ်းကျွမ်း၏ အာလူးခေါက်ဆွဲ အကြောင်း ပြောသည်ကို ကြားလိုက်တဲ့အခါမှာ ထိုစကားဝိုင်းသည် ရှောက်ယိအား လုံးဝ ဆွဲဆောင်သွားပါတော့သည်။ အာလူးခေါက်ဆွဲကို ကြားရတာ ရင်းနှီးနေသလိုပင်။ သူ အဲ့ဒီဟင်းပွဲအကြောင်း ဘယ်တုန်းက ကြားခဲ့လဲ သိရစေရန် မှတ်ဉာဏ်ကို ပြန်ခေါ်လိုက်သည်။ ရုတ်တရက် သူ တစ်ခုခုကို တွေးမိသွားခဲ့သည်!
“အာလူးခေါက်ဆွဲကို သားအရင်က စားဖူးတယ်။ ဟင်းအနှစ်ထဲက ငါးဖယ်လုံးနဲ့ ဝက်သားလုံးကို သား အရမ်းကြိုက်တာ”
ကျွမ်းကျွမ်းသည် ရှောက်ယိ၏ စကားကို ကြားသောအခါမှာ ရှောက်ယိ၏ လက်ကို ဆွဲလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဟုတ်တယ် ဟုတ်တယ်! ငါကောပဲ! ရှောက်ယိနဲ့သားနဲ့က တစ်ကယ်ကို အကြိုက်တူတယ်!”
ကလေးနှစ်ယောက်၏ စကားဝိုင်းသည် ကျန်းတန်းဟယ်နှင့် လီရှို့ကျီအတွက် ရှုတ်ထွေးနေခဲ့သည်။ ထိုကဲ့သို့ မြင့်မြတ်လှတဲ့ အစားအသောက်ကို သူတို့ ဘာကြောင့် မသိခဲ့ရတာလဲ?
“မေမေ..”
ကျွမ်းကျွမ်း၏ နောက်ကနေ ရှောက်ယိ၏ တောင်းတမှုသည်လည်း ထွက်ပေါ်လာခဲ့သည်။ ရှောက်ယိသည် ရှောင်းကောအား ကြယ်များ တလက်လက်ထနေတဲ့ မျက်လုံးများနှင့် ကြည့်လိုက်သည်။
ရှောက်ယိ၏ မျက်လုံးထဲမှ အကြည့်ကို ရှောင်းကော မခံနိုင်တော့ပေ။ သူမ ချက်ချင်းပဲ သဘောတူလိုက်လေသည်။ “ကောင်းပြီ ဒီည ချက်ပေးမယ်”
“ယေး!”
ရှောက်ယိနှင့် ကျွမ်းကျွမ်းသည် လက်ဝါး ရိုက်လိုက်ကြသည်။ “မိုက်တယ်”
ကျန်းတန်းဟယ်နှင့် လီရှို့ကျီသည် ဘာတွေ ဖြစ်နေလဲဆိုတာ နားမလည်ပေမဲ့ သူတို့လဲ ရယ်လိုက်ကြသည်။ ကလေးနှစ်ယောက်၏ စကားကို နားထောင်ပြီးနောက်မှာ ညနေတွင် စားရမည့် ငါးဖယ်လုံး ဝက်သားလုံးများဖြင့် ပြည့်နေမည့် အာလူးခေါက်ဆွဲကို သူတို့လည်း အပြည့်အဝ မျှော်လင့်နေမိတော့သည်။
စားသောက်ပြီးတာနှင့် ရှောင်းကောအတွက် အလုပ်စလေပြီ။ စစ်သူကြီးစံအိမ်တွင် မီးဖိုချောင် ရှိသဖြင့် ကျန်းတန်းသည် ရှောင်းကောကို ခေါ်သွားပေးလိုက်သည်။ စားဖိုဆောင်က ကြီးပေမဲ့ ဟင်းချက်တာဝန်ရှိသော စာဖိုးမှူးသည် နှစ်ယောက်သာရှိသည်။ စံအိမ်အတွင်းတွင် ချက်ပေးရမည့်လူ အများကြီး မရှိသောကြောင့် ဖြစ်သည်။
ကျန်းတန်းဟယ်သည် စာဖိုးမှူးများနှင့် ရှောင်းကောကို မိတ်ဆက်ပေးလိုက်ပြီး သူမကို ကူညီပေးဖို့ မှာခဲ့လိုက်သည်။
ကျန်းတန်းဟယ်သည် ရှောင်းကောနှင့် ပိုပြီး စကားပြောမည့် အချိန်မှာပဲ လီရှို့ကျီရောက်လာပြီး ကျန်းတန်းဟယ်ကို ခေါ်သွားခဲ့သည်။
ရှောင်းကောသည် ကျန်းတန်းဟယ်ကို လက်ပြလိုက်ပြီး အနောက်လှည့်ကာ မနီးမဝေး အကွာအဝေးတွင် ရပ်နေသော စာဖိုမှူးနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့သည် လက်များကို အရှေ့ချထားပြီး စိတ်လှုပ်ရှားစွာဖြင့် အေပရွန်ကို ပွတ်နေ ကြသည်။ သူတို့သည် ရှောင်းကောအား မျက်နှာရစေရန် ပြုံးပြနေကြသည်။
“စိတ်လျော့ပါ ကျွန်မက ဒီညအတွက် ဟင်းချက်ဖို့ ပြင်မလို့ပါ။ အလုပ်ဆက်လုပ်ကြနော်”
ရှောင်းကောသည် ထိုနှစ်ယောက်ကို ဖြတ်သွားလိုက်ပြီး ဟင်းချက်ပစ္စည်း ထားတဲ့နေရာကို သွားကာ သူမလိုတဲ့ အာလူးကို လှန်လော ရှာဖွေလိုက်သည်။
စာဖိုမှူးနှစ်ယောက်သည် အနောက်တွင် ရှိနေခဲ့သည်။ သူတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ဘာလုပ်ရမယ်ကို မသိတော့ပေ။ စစ်သူကြီးသည် သူမကို သူ့ရဲ့ မိန်းမအဖြစ် အခုတင် မိတ်ဆက်ပေးသွား ခဲ့သည်။ သူတို့နှစ်ယောက်က ဘယ်လိုလုပ် သူမကို လျစ်လျူရှုရဲမှာလဲ?
“ မဒမ် ကျွန်မတို့ကို လုပ်ခွင့်ပြုပါ”
အမျိုးသမီး စာဖိုမှူးထဲက တစ်ယောက်သည် သတ္တိကိုစုစည်းပြီး ရှောင်းကောထံမှ ခြင်းတောင်းကို ယူလိုက်သည်။ ခြင်းအတွင်းမှ များစွာသော အာလူးတွေကို ကြည့်ပြီး သူမ အနည်းငယ် ခက်ခဲသလို ခံစားလိုက်ရသည်။
“ မဒမ် ကျွန်မတို့ ဒီအာလူးတွေကို ဘာလုပ်ရမလဲ?”
ရှောင်းကောသည် အမျိုးသမီးယန်နှင့် တူသော စာဖိုမှူးမလေးကို ကြည့်ပြီး မတတ်နိုင်စွာ ရင်းနီးမှု အနည်းငယ်ကို ခံစားလိုက်ရသည်။ “ အခွံခွာပြီး ဆေးလိုက်ပါ ပြီးရင် ခြေလိုက်”
“ခြေရမယ်?”
သူမသည် အခုလို ထူးဆန်းသော ဟင်းချက်နည်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ခြေထားတဲ့ အာလူးတွေကို ဘယ်လို စားနိုင်ကြတာလဲ?
“ဟုတ်တယ် အာလူးတွေကို ခြေပြီးသွားရင် အားလုံးကို ပိတ်ကျဲစနဲ့ ပတ်လိုက်ပြီး ရေကြည်နဲ့ အကြိမ်ရေတစ်ချို့ ဆေးပေး”
ရှောင်းကောသည် ချက်ကျလက်ကျ မရှင်းပြနေတော့ပေ။ သူမတို့ကို နောက်မှသာ ကိုယ်တိုင် ကြည့်ခိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ခပ်ဝဝ စာဖိုးမှူးသည် ရှောင်းကော ချက်တာကို အနည်းငယ် ထူးဆန်းသည်လို့ တွေးမိပေမဲ့ သူမ ဘာမှမပြောပဲ ရှောင်းကော ခိုင်းသည့်အတိုင်း လုပ်လိုက်သည်။
ရှောင်းကောသည် ဝက်သားကို ကိုင်လိုက်တာကို စာဖိုမှူးအကြီး မြင်သောအခါမှာ သူမကလဲ အပြုံးတစ်ခုနှင့် ရှောင်းကောထံမှ ဝင်ယူလိုက်သည်။ သူမ လေ့လာရသလောက် စစ်သူကြီး၏ ဇနီးသည် ခစားဖို့ အရမ်း မခဲယဥ်းပေ။ ထို့ကြောင့် သူမသည်လဲ သတ္တိကို စုစည်းပြီး ချဥ်းကပ်လိုက်သည်။
“မဒမ် ကျွန်မကို လုပ်ခွင့်ပေးပါ”
ရှောင်းကော၏ လက်တွင် ဗလာဖြစ်သွားခဲ့သည်။ ထို့နောက်မှာ သူမသည် စာဖိုးမှူးမလေးကို အသားကို ဘယ်လို လုပ်ရမလဲ ညွှန်ကြားလိုက်သည်။
“ဒါကို သေချာလေး လှီးရမယ်။ မဟုတ်ရင် ဝါးလို့ကောင်းမှာ မဟုတ်ဘူး”
စာဖိုးမှူးသည် ယုံကြည်မှုရှိစွာ ခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့ မဒမ် ကျွန်မက ပိန်ပေမဲ့ လက်က အရမ်းအားရှိတာ”
စာဖိုချောင်အတွင်းတွင် ဟင်းချက်ဖွယ်ရာမှာ တော်တော်လေး စုံလင်တာကို ရှောင်းကော တွေ့လိုက်ရသည်။ အသားတွေ ငါးတွေ၊ အသီးအရွက်တွေ စုံလင်လှသည်။ ရေဇလုံထဲမှာ ငါးကြင်းအနည်းငယ်တောင် ရှိနေသေးသည်။ ငါးကြင်းတွေက အလွန် အားပြည့်စေပြီး ကြည့်ရတာလဲ ဝဝလေး ဖြစ်သည်။ ငါးဖယ်လုံး လုပ်တဲ့အချိန်ကျရင် သုံးလို့ရနိုင်သည်။
ရှောင်းကောသည် စိတ်အခြေအနေ ကောင်းနေခဲ့သည်။ သူမသည် အရိုးအိုးကို ယူလိုက်ကာ စွတ်ပြုတ်တည်ဖို့ ပြင်လိုက်သည်။
“ဒါနဲ့ စံအိမ်မှာ လူဘယ်နှစ်ယောက် ရှိလဲ?”
ရှောင်းကောသည် ဟင်းချက်သည့်အချိန်တွင် ရေဘယ်လောက် ထည့်ရမလဲ ချိန်ဖို့ ကြိုးစား နေခဲ့သည်။ အိုးအသေးလေးလုပ်ဖို့ မဖြစ်နိုင်ဘူး။ သူမ ချက်မည် ဆိုမှတော့ အားလုံးအတွက် လောက်ငှအောင် ချက်ချင်သည်။ ဟင်းချက်ပစ္စည်းတွေလဲ အများကြီး ရှိနေတာပဲလေ။
“စုစုပေါင်း နှစ်ဆယ့်ရှစ်ယောက်ပါ မဒမ်”
ရှောင်းကော၏ အမေးကို လျင်မြန်စွာ ဖြေလာကြသည်။ စာဖိုမှူးနှစ်ယောက်သည် စံအိမ်အတွင်း ဟင်းချက်ပေးရတာကို အလွန် ယုံကြည်မှုရှိသည်။ သူတို့တွေသည် ဘယ်တုန်းကမှ ဟင်းချက်ပစ္စည်းများကို မဖြုန်းတီးခဲ့သလို အာဟာရ မရှိသည့် မလုံလောက်သည့် အစားအစာများလဲ မချက်ခဲ့ဖူးပေ။
ရှောင်းကောသည် လူအရေအတွက်လိုက် မှန်းဆတွက်ချက်ပြီး အိုးထဲကို ရေအနေတော်လေး ထည့်လိုက်သည်။ ထို့နောက်တွင် ဟင်းခတ်အမွှေးကြိုင် ထားသည့် နေရာသို့သွားပြီး အမျိုးအစား တစ်ချို့ကို ရွေးလိုက်သည်။ ပြီးနောက်မှာ အပြင်သို့ မထွက်သွားစေရန် ပိတ်ကျဲစဖြင့် ပတ်လိုက်ပြီး အိုးထဲသို့ ပစ်ထည့်လိုက်သည်။
အာလူးကို ပြင်ဆင်တာက မခက်ခဲသလို ချက်ချမည့် ပမဏာကလဲ အရမ်း မများပေ။ အသားလုံးတွေသာ များများအားစိုက်ဖို့ လိုမည်။
ခပ်ဝဝ စာဖိုမှူးလေးက အာလူးတွေကို လွယ်ကူစွာ ပြင်ဆင်နေသည်ကို ရှောင်းကော ကြည့်လိုက်သည်။ သူမရဲ့ အကူအညီကို မလိုနေတာမို့ ရှောင်းကောသည် တစ်ခြား စာဖိုမှူးထံသို့ သွားလိုက်သည်။
တစ်ခြားစာဖိုမှူးလဲ အသားလုံးများကို ပြင်နေတာ တွေ့တော့ ရှောင်းကောအတွက် လုပ်စရာ များများစားစား မကျန်တော့သဖြင့် သူမသည် ငါးကြင်းတွေနှင့် ငါးဖယ်လုံး လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ဒီလိုဆို အချိန်ကုန် သက်သာမည်ပင်။