← Chapters

အခန်း (၁၅၃)

Vol. 11 Ch. 153

အခန်း (၁၅၃)

Vol. 11 Ch. 153

နေ့ခင်း ရောက်ခါနီးအချိန်တွင် ဟင်းအတွက် လိုအပ်ဖွယ်အားလုံးသည် အသင့် ဖြစ်နေခဲ့ပြီ။ လတ်လတ်ဆတ်ဆတ် လုပ်ထားသော ဂျုံမုန့်ကို ရှောင်းကောသည် အပေါ်မှ အဖုံးအုပ်ပေး လိုက်သည်။

လူ နှစ်ဆယ့်ရှစ်ယောက်အတွက် ချက်ရတာ တစ်ကယ် ပင်ပန်းတာပဲ။ ဂျုံမုန့် နယ်ရတာကိုက ပင်ပန်းစေသည်။ ရှောင်းကောသည် ခါးလေးကို ပွတ်လိုက်သည်။ လူနှစ်ဆယ့်ရှစ်ယောက် အတွက်စာကို ဂျုံမုန့်အား တစ်ဇလုံအကြီးဖြင့် နယ်ရသည်။ ရှောင်းကော၏ အားအကုန်ကို ထည့်သုံးခဲ့ရသည်။

“အားလုံးပဲ အလုပ်ကြိုးစားခဲ့ပါတယ်”

အတူတူပဲ မောပန်းခဲ့ကြတဲ့ စာဖိုမှူးနှစ်ယောက်ကို ရှောင်းကော ပြုံးကာ ပြောလိုက်သည်။

အခုလို ရင်းနှီးဆက်ဆံပြီးနောက်တွင် စာဖိုးမှူးနှစ်ယောက်လည်း အများကြီး စိတ်သက်သာသွားခဲ့ပြီဖြစ်သည်။ သူမတို့သည် ရှောင်းကောကို မကြောက်တော့ပဲ စိတ်မလှုပ်ရှားတော့ပေ။ ရှောင်းကောနှင့် စနောက်နေခဲ့ကြသေးသည်။

“မဟုတ်တာရှင်”

စာဖိုမှူးနှစ်ယောက်သည် ပြိုင်တူပြောလိုက်ကြပြီး ပြုံးလိုက်ကြသည်။ စစ်သူကြီး၏ မိန်းမအား ပေါင်းသင်းရ လွယ်မည်ဟု သူမတို့ မမျှော်လင့်ထားခဲ့ပေ။ ဒါပေမဲ့ စစ်သူကြီးသည် သူ့၏ မိန်းမအကြောင်းကို တစ်ခါမှ ထုတ်မပြော ခဲ့ဖူးပေ။ စစ်သူကြီးသည် အစေခံများ အပေါ်တော့ အလွန်ကောင်းသည်။ စစ်သူကြီးတို့ စုံတွဲက ပြီးပြည့်စုံတဲ့ စုံတွဲပဲ။ နှစ်ယောက်လုံးသည် သည်းခံတတ်ကြပြီး ရိုးသားကြင်နာကြသည်။ အခုလိုမျိုး အံ့ဖွယ် သခင်တွေဆီမှာ ခစားခွင့်ရအောင် သူမတို့ ဘာတွေလုပ်ခဲ့လို့များလဲ?

ရှောင်းကောသည် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ နေ့လည်စာအချိန် ရောက်နေပြီ ဖြစ်သဖြင့် စာဖိုမှူးနှစ်ယောက်သည် နေ့လည်စာအတွက် ပြင်ဆင်ရတော့မည် ဖြစ်ပြီး ရှောင်းကောသည် သူမတို့ကို မနှောက်ယှက်တော့ပေ။ မီးဖိုပေါ်တင်ထားတဲ့ စွတ်ပြုတ်အိုးကို တစ်ချက်ကြီးပြီး အားလုံး အစီအစဥ်တကျ ဖြစ်တာသေချာသော အခါမှ မီးဖိုချောင်ထဲမှ ထွက်သွားခဲ့လိုက်သည်။

အိမ်သို့ ပြန်ရောက်သောအခါမှာ ရှောင်းကောသည် သူမ၏ခါးကို ပွတ်သပ်လိုက်သည်။ သူမ အရမ်းကြီး မပင်ပန်းပေမဲ့ ဂျုံနယ်တုန်းက ကျောအဆစ်လွဲ သွားခဲ့သည်။

ရှောင်းကောသည် ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါမှာ ကလေးနှစ်ယောက်ကို မမြင်မိပေ။ ဒီစံအိမ်က လုံခြုံတာမို့ ဘာမှ မဖြစ်မှာ သေချာသည့်အတွက် သူမ စိတ်တော့ မပူမိပေ။ ကလေးတွေ လျှောက်သွားနေကြတာပဲ ဖြစ်လောက်မည်။

ရှောင်းကောသည် အိပ်ယာဆီကို သွားပြီး လှဲချလိုက်သည်။ မျက်စိများ မှိတ်ထားရင် နောက်ကျောဘက်ကို လှမ်းနှိပ်နေခဲ့သည်။

အခန်းအတွင်း၌ ကျန်းတန်းဟယ်၏ ပုံရိပ်သည် တစ်ဖြည်းဖြည်း နီးကပ်လာလေသည်။ သူ့၏ လှုပ်ရှားမှုကပဲ ပေါ့ပါးလွန်းနေ၍လား ရှောင်းကော အရမ်း အိပ်ချင်နေလို့လားတော့မသိ ရှောင်းကော မကြားခဲ့ပေ။ ပူနွေးနေတဲ့ လက်တစ်စုံက သူမ၏ ခါးကို ထိတွေ့လိုက်သည့် အချိန်မှသာ ရှောင်းကော ရုတ်တရက် လန့်နိုးလာခဲ့သည်။

“မလှုပ်နဲ့”

အသံကိုကြားလိုက်တာနှင့် ဘယ်သူဆိုတာကို ချက်ချင်းပဲ ရှောင်းကော သိလိုက်သည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပျော့ခွေသွားပြီး အိပ်ယာတွင် ပြန် လှဲချလိုက်သည်။

ကျန်းတန်းဟယ်သည် သူမ၏ နောက်ကျောကို ဂရုတစိုက် နှိပ်နယ် ပေးခဲ့သည်။ တင်းကျပ်စွာ ရှုံ့ထားသော နှဖူးကြောများကို ကြည့်လိုက်ပါက ကျန်းတန်းဟယ်သည် ရှောင်းကော၏ ခါးကို ကိုင်ထားသည့်အစား အဖိုးကြီးမားသည့် ရတနာတစ်ခုကို ကိုင်နေသကဲ့သို့ပင်။

တစ်ဖြည်းဖြည်းနှင့် ရှောင်းကော၏ အသက်ရှုသံသည် နှေးကွေးပြီး ပေါ့ပါးလာခဲ့သည်။ ကျန်းတန်းဟယ်သည်လည်း လှုပ်ရှားမှုများကို ပိုသိမ်မွေ့စေလိုက်သည်။

“မေမေ! မေမေ!”

ကျွမ်းကျွမ်း၏ အသံသည် အပြင်မှ ရုတ်တရက် ထွက်ပေါ် လာခဲ့သည်။ ကျန်းတန်းဟယ်၏ နှလုံးသည် ရုတ်တရက် ခုန်သွားခဲ့သည်။ တစ်ခဏချင်းမှာ ကျွမ်းကျွမ်း၏ ပုံရိပ်ပေါ်လာတာနဲ့ ကျန်းတန်းဟယ်သည် ရောက်လာပြီး ချက်ချင်းဆိုသလို အခန်းအတွင်းမှ ထွက်လိုက်တော့သည်။

ရှောင်းကောသည် လှုပ်ရှားမှူတစ်ချို့ကို ကြားနေရပေမဲ့ ထိုအရာများက တိုးဖျော့ပြီး လျစ်လျူရှုလို့ရသည်။ ဒါကြောင့် သူမ နိုးမလာခဲ့ပဲ အိပ်စက်မှုမှာ နစ်မြော နေခဲ့လိုက်သည်။

ကျွမ်းကျွမ်းကို ကျန်းတန်းဟယ်သည် အိမ်ပြင်ကို ချီလာခဲ့သည်။ ကျွမ်းကျွမ်းသည် ရှုတ်ထွေးနေခဲ့သည်။ အခုတင် ဘာတွေ ဖြစ်သွားတာလဲ?

ကျွမ်းကျွမ်း၏ ကြီးမားသော မျက်လုံးများသည် တစ်ဖြတ်ဖြတ် ခတ်လိုက်ပြီး ကျန်းတန်းဟယ့်အား အဘယ်ကြောင့် ဒီနေရာမှာ ရှိနေရတာလဲ မေးချင်နေဟန် ကြည့်လိုက်သည်။ ကျန်းတန်းဟယ်သည် မတုံ့ပြန်ခဲ့ချေ။

ကျန်းတန်းဟယ်သည် အခန်းအတွင်းမှ ထွက်လာနိုင်သည့် အသံများကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ ရှောင်းကော မနိုးလာတာ သေချာသည့် အခါမှာမှ ကျန်းတန်းဟယ်သည် သူ့လက်မောင်းအောက်ရှိ ကျွမ်းကျွမ်းကို ကြည့်ဖို့ အချိန်ပေးလိုက်သည်။

ကျွမ်းကျွမ်းအား ရှင်းမပြခင်တွင် ကျန်းတန်းဟယ်သည် ပိုဝေးဝေးကို လျှောက်သွားလိုက်သည်။ “ သားရဲ့ မေမေက အခုမှ အိပ်ပျော်သွားတာ။ မနှိုးကြရအောင်”

ကျွမ်းကျွမ်းသည် နောက်ဆုံးတော့ အကြောင်းအရင်းကို နားလည်သွားခဲ့ပေမဲ့ ကျန်းတန်းဟယ်အား ဆက်ပြီး မျက်တောင်မခတ်ဘဲ မျက်လုံးကျယ်ကြီးများနှင့် စိုက်ကြည့်နေခဲ့သည်။

ကျန်းတန်းဟယ် မျက်မှောင် ကြုတ်သွား ခဲ့သည်။ သူ ပြောလိုက်သည့်စကားကို ဒီကောင်လေး မကြားလိုက်တာ ထူးဆန်းသည်။ ကျွမ်းကျွမ်းသည် ကျန်းတန်းဟယ်၏ လက်မောင်းအတွင်းမှ နှုတ်ခမ်းဆူလိုက်ပြီး တစ်ခုခုကို ပြဖို့ရန် ကြိုးစားလိုက်သည်။

“ဘာဖြစ်လို့လဲ?”

ကျွမ်းကျွမ်းဘာကို ဆိုလိုချင်လဲ ဆိုတာကို ကျန်းတန်းဟယ်က အခုထိ နားမလည်သေးပေ။

ကျွမ်းကျွမ်းမြင်တော့ သူ့အနေနဲ့ လှုပ်ရှားမှုကို ပိုတိုးမြှင့်လိုက်ပြီး နှုတ်ခမ်းကို သုံးကာ ကျန်းတန်းဟယ်၏ လက်ကို ထိပြဖို့သာ တတ်နိုင်တော့သည်။

အချိန်ခဏကြာသောအခါမှ ကျွမ်းကျွမ်း၏ ဆိုလိုရင်းကို ကျန်းတန်းဟယ် နားလည်သွားပြီး သူ့၏ မျက်နှာတွင် ရှက်ရွံ့မှုများဖြင့် ပြည့်သွားခဲ့သည်။ ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်းကို ဖြည်းဖြည်းချင်း မြေပြင်ပေါ် ပြန်ချပေးလိုက်ပြီး အင်္ကျီပေါ်မှ တွန့်ရာများကို သပ်ချလိုက်သည်။

ကျွမ်းကျွမ်းသည် ကူကယ်ရာမဲ့စွာ ကြည့်လာခဲ့သည်။ 'သူအခုတင် သူ့ကို မွန်းကျပ်အောင် လုပ်တော့မလို့မလား?'

“ဒါနဲ့ သားဘာလို့ မေမေ့ကို လာရှာတာလဲ?”

ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်း၏ စွပ်စွဲဟန် အကြည့်များကို မခံနိုင်တော့ပေ။ ကျွမ်းကျွမ်း၏ လက်တွင်းမှ စာရွက်များကို တွေ့သောအခါမှာ စကားလမ်းကြောင်းပြောင်းဖို့ ကြိုးစားလိုက်တော့သည်။

ထင်တဲ့အတိုင်းပင် ကျွမ်းကျွမ်းသည် အစောက အဖြစ်အပျက်ငယ်လေးကို ချက်ချင်းပဲ မေ့လျော့သွားပြီး သူ့ကို သတင်းကောင်း ပြောပြလာခဲ့သည်။ “ ဒါက သား အခုတင် ကူးရေးလာတဲ့ ကဗျာပဲ။ ဒီကဗျာကို စာကြီးစာဟန်နဲ့ ရေးသားထားတာ!”

ကျွမ်းကျွမ်းသည် သူ့၏ အသံအထဲမှ ဂုဏ်ယူနေမှုများကို မဖုံးကွယ်နိုင်ပေ။ သူသည် ကျန်းတန်းဟယ်ကို ခံစားချက်များစွာ ကိန်းခိုနေသော တလက်လက်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

'ဟမ့် ငါက သူ့ဆီက ချီးကျူးမှုကို ဆွဲဆောင်နေတာ မဟုတ်ဘူးနော် မဟုတ်ဘူး!' ကျွမ်းကျွမ်းသည် တစ်ချိန်ထဲမှာ ဝိရောဓိ ဖြစ်နေသလို ဂုဏ်ယူသလိုလည်း ခံစားနေရသည်။

ကျွမ်းကျွမ်း ဘာတွေ ခံစားနေရလဲ ဆိုတာကို ကျန်းတန်းဟယ် မပြောနိုင်ပေမဲ့ သူသည် ကျွမ်းကျွမ်းထံမှ စာရွက်ကို ယူလိုက်ပြီး သေချာလေး ကြည့်လိုက်သည်။ ဖတ်နေရင်း ခေါက်ညိမ့်လိုက်သည်။ “လုံးဝကို မဆိုးဘူး”

ထိုစကားကို ကြားတဲ့အခါမှာ ကျွမ်းကျွမ်း၏ တင်းမာနေသော စိတ်လှုပ်ရှားမှုများသည် ချက်ချင်း သက်သာရာ ရသွားခဲ့သည်။ ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုတို့သည် လိုက်ပါ ဝင်ရောက်လာခဲ့သည်။

“ စုတ်ချက်ထင်းထင်းနဲ့ စာလုံးတွေကို ရေးသားထားပြီး တစ်လုံးချင်းဆီက ညီမျှပြီး သပ်ရပ်တယ်။ မဆိုးဘူး.. မဆိုးဘူး”

ကောင်ငယ်လေး၏ အရေးအသားကို ကြည့်လိုက်ပြီး ကျန်းတန်းဟယ်သည် ပျော်ရွှင်စွာ ပြောလိုက်သည်။ ကလေး၏ စာရေးထားတာကို ကြည့်မိလေလေ သူပိုပြီး ကျေနပ်ဂုဏ်ယူမိရလေလေပဲ ဖြစ်သည်။ ဒါက သူ့သားကွ!

“ သားလေး ဖေဖေ့ကို ဒါပေးပါ။ ဒါကို ဘောင်သွင်းထားမယ်”

ထိုအချိန်တွင် ကျွမ်းကျွမ်းသည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ ဒါလေးကို မေ့မေ့အတွက် သူရည်ရွယ်ထားခဲ့တာ..

သို့ပေမဲ့ သူ့ထက်ပင် ပိုပျော်နေပုံပေါက်သော ကျန်းတန်းဟယ်အား ကျွမ်းကျွမ်း မော့ကြည့် လိုက်သည်။ ထို့နောက်မှာ သူ့ရဲ့ စိတ်ကို ပြင်ဆင်လိုက်သည်။ “ သား ပေးပါ့မယ်”

အဆုံးမှာ ကျွမ်းကျွမ်းသည် ဂုဏ်ယူစွာ ပြောလိုက်ပြီး ကျန်းတန်းဟယ်အား လက်ဆောင်အဖြစ် ပေးခဲ့လိုက်သည်။ နောက်မှ သူ့မေမေအတွက် နှစ်ခု ကူးပေး လိုက်မည်။

ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်းကို ပွေ့ချီ လိုက်သည်။ ရုန်းကန်နေမှုများကို လျစ်လျူရှုရင်း ရှောင်းကော၏ အပြုအမူကို အတုခိုးကာ ကျွမ်းကျွမ်း၏ မျက်နှာသေးသေးလေးကို နမ်းလိုက်သည်။

ဒီလိုမျိုး အဖေနဲ့သားကြားမှာ နမ်းတာက ထူးဆန်းတယ်လို့ တွေးမိပြီး အနည်းငယ် ရှက်ရွံ့ကာ မသက်မသာ ခံစားနေရပေမဲ့ သူ့သားလေး၏ မျက်နှာပေါ်က နူးညံ့တဲ့ အထိအတွေ့နှင့် နှလုံးသားထဲမှ ပျော်ရွင်မှုက သူ့ကို မရပ်တန့်စေချင်အောင် ပြုလုပ်နေခဲ့သည်။ အဖေနဲ့ သားကြားရှိ ဆက်နွယ်မှုကို သူ ခံစားလိုက်ရပြီ။

ကျွမ်းကျွမ်းသည် မယုံနိုင်စွာဖြင့် သူ့၏ မျက်နှာကို ကာလိုက်လေသည်။ သူ့မေမေ၏ အနမ်းနဲ့ ဒါက လုံးဝကို မတူနေဘူး…

ကျွမ်းကျွမ်းနှင့် ကျန်းတန်းဟယ်အတွက် အခုလို မျက်နှာချင်းဆိုင် ဆုံတာက ပထမဆုံး အကြိမ်ဖြစ်သည်။ သူတို့သည် အချင်းချင်း ကြည့်နေခဲ့ကြသည်.. မှန်ထဲသို့ ကြည့်နေရသကဲ့သို့ပင်။ သူတို့၏ နှလုံးသားထဲတွင် ဖော်ပြလို့မရသော ခံစားချက်သည် ထွက်ပေါ်လာခဲ့သည်။

ထိုခံစားချက်သည် ကျွမ်းကျွမ်းကို လက်ရှေ့ထုတ်ပြီး အရှေ့ကလူကို ဖတ်ချင်လာအောင် လုပ်နေသည့်အတွက် သူသည် လှမ်းဖက်လိုက်တော့သည်။

ကျွမ်းကျွမ်း၏ ပွေ့ဖက်မှုကို မြင်သောအခါမှာ ကျန်းတန်းဟယ်၏ မျက်လုံးထဲတွင် မျက်ရည်များ စိုစွတ်လာခဲ့သည်။ သူသည် ကျွမ်းကျွမ်းကို ပြန်ပွေ့ဖက်လိုက်သည်။

“ သားနဲ့ သားရဲ့မေမေကို အခုလို အကြာကြီး စောင့်ရအောင်လုပ်မိလို့ ဖေဖေ တောင်းပန်ပါတယ်”

ထိုစကားကို ကြားသောအခါမှာ ကျွမ်းကျွမ်းသည် သူ့ရဲ့ခေါင်းကို အဖေဖြစ်သူ၏ လည်ပင်းကြားထဲ နစ်မြုတ် လိုက်ပြီး စီးကျလာသော မျက်ရည်များကို အားဖြင့် ပွတ်သုတ်လိုက်သည်။

ထို့နောက်မှာ ကျန်းတန်းဟယ်ကို မော့ကြည့်ကာ ပြောလိုက်လေသည်။ “ ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ ဒါက နောက်ဆုံးအကြိမ်ပဲ”

“နောက်ဆုံး အကြိမ်ပဲ!” ကျန်းတန်းဟယ်၏ စကားလုံးများသည် ကတိတစ်ခု ကျိန်ဆိုမှူ တစ်ခု ကဲ့သို့ပင်။

ပထမနေ့တုန်းက ကျွမ်းကျွမ်း၏ ရှုတ်ထွေးနေသော ခံစားချက်များသည် ချက်ချင်း အဝေးကို ပျောက်ကွယ် သွားခဲ့သည်။ သူတို့၏ ကြားထဲတွင် စည်းတားထားတာ မရှိတော့ပေ။ အဖေနှင့်သားသည် ပို၍ နီးကပ်လာခဲ့သည်။

“ ဖေဖေ ဒါကို အခုပဲ ဘောင်သွင်းဖို့ ရှာလိုက်မယ်”

ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်းအား လက်တစ်ဖြင့် ပွေ့ထားပြီး ကျန်တစ်ဖက်ဖြင့် စာရွက်ကို ကိုင်ထားခဲ့သည်။ တွန့်ကြေသွားမှာ စိုးသည့်အတွက် သူသည် စာရွက်ကို ဂရုတစိုက်ဖြင့် လိပ်လိုက်သည်။

ကျွမ်းကျွမ်းသည် သန်မာပြီးမြဲမြံသော လက်တစ်စုံအတွင်းသို့ ပိုတိုးဝင်လိုက်သည်။ ဒီရင်ခွင်သည် ရှောင်းကောနှင့် လုံးဝ ကွာခြားသည်ဟု သူ ခံစားရပေမဲ့ အရမ်းကို လုံခြုံပြီး နွေးထွေးနေသည်။ ဒီတော့ ဒါက အဖေ့ရဲ့ ရင်ခွင်ပေါ့…

ကျန်းတန်းဟယ်၏ ဂရုတစိုက်ဖြင့် စာရွက်ကို ကိုင်ထားပုံကို မြင်သောအခါမှာ ကျွမ်းကျွမ်းသည် အနည်းငယ် ရှက်ရွံ့သွားပြီး သူ့၏ ပါးပြင်သည် အနည်းငယ် နီလာခဲ့သည်။ “ သားနောက်ကျရင် နောက်တစ်ခု ရေးပေးမယ်”

ကျွမ်းကျွမ်း၏ အသံသည် အလွန်ကို တိုးဖျော့နေပေမဲ့ ကျန်းတန်းဟယ် ကြားနိုင်ပါသည်။ သူသည် ကောင်ငယ်လေးရဲ့ မျက်နှာကို ပျော်ရွှင်စွာ နမ်းရှုံ့လိုက်သည်။

ကျန်းတန်းဟယ်သည် ထိုစာရွက်ကို ဘောင်သွင်းကာ စာဖတ်ခန်းအတွင်းတွင် ချိတ်ထားခဲ့သည်။ သူသည် နေ့တိုင်း ကြည့်လိမ့်မည်။ ကျွမ်းကျွမ်းသည် သူ့ကို ထပ်ပေးလာခဲ့လျှင် သူနှင့်အတူ တစ်ခုကို အမြဲ ထားထားမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ အိပ်ယာတွင် တစ်ခုချိတ်မည်။ ထမင်းစားခန်းတွင်လဲ တစ်ခုချိတ်မည်။ ဒီလိုဆိုရင် ကျွမ်းကျွမ်း၏ စာလေးကို နေ့ကော ညကော မြင်နေရမှာဖြစ်သည်။

ဒါက နည်းနည်း ချဲ့ကားလွန်းတယ်လို့ ကျွမ်းကျွမ်း ခံစားရပေမဲ့လဲ မတတ်နိုင်စွာပဲ သူ့ စိတ်ထဲ ပျော်ရွှင်မြူးတူးနေခဲ့သည်။

All Chapters