← Chapters

အခန်း (၁၅၅)

Vol. 11 Ch. 155

အခန်း (၁၅၅)

Vol. 11 Ch. 155

စာဖိုမှူးနှစ်ယောက်ရဲ့ အမူအရာကို ကြည့်ပြီး ရှောင်းကော ရယ်ကာ ပြောလိုက်သည်။ “ ဒါက ချဲ့ကားလွန်းရာ ကျနေပါပြီ”

“ဟူး.. မဒမ်ရယ် ဒါက လုံးဝ ချဲ့ကားတာ မဟုတ်ပါဘူး”

ခပ်ဝဝ စာဖိုမှူးက သူမရဲ့ ခေါင်းကို ခါလိုက်ကာ “ ကျွန်မရဲ့ အားကောင်းလှတဲ့ စိတ်စွမ်းအင်ကြောင့်သာ မဟုတ်ရင် ဟိုးအစောကြီးတည်းက စွတ်ပြုတ်ကို ထည့်သောက်ပြီး နေလာက်ပြီရယ်”

ခပ်ပိန်ပိန် စာဖိုမှူးသည်လဲ သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ဒါက လုံးဝကို လိမ်ညာမှု မဟုတ်ပေ။ စွတ်ပြုတ်ထဲကို ဘယ်လို အမွှေးနံ့သာမျိုးထည့်လိုက်လဲ သူမတို့ မသိကြပေ။ ဒါက သေချာပေါက် အရိုးစွတ်ပြုတ်ဆိုပေမဲ့ သူမတို့ အခုလို အနံ့မွှေးကြိုင်တဲ့ စွတ်ပြုတ်မျိုး တစ်ခါမှ မလုပ်ဖူးတာ သေချာသည်။

“ကောင်းပါပြီ ဒါဆိုအခု ခေါက်ဆွဲနဲ့ အသားလုံးတွေ ပြင်ဆင်ကြတာပေါ့”

“ဟုတ်ကဲ့!”

စာဖိုမှုးနှစ်ယောက်က အသံကျယ်ကျယ်နဲ့ ထောက်ခံလိုက်ကြသည်။ အခုလို တော်ဝင်တဲ့ အစားအသောက်ကို ဖန်တီးတဲ့ ဖြစ်စဥ်မှာ ပါဝင်ဖို့ သူမတို့ မစောင့်နိုင်တော့ပေ။

ရှောင်းကောသည် တစ်ဖက်က အာလူးခေါက်ဆွဲကို ပြင်ဆင်နေချိန် စာဖိုမှူးနှစ်ယောက်အား ခေါက်ဆွဲနှင့် အသားလုံးများကို ကမ်းပေးလိုက်သည်။ အာလူးခေါက်ဆွဲသည် ပြုလုပ်ဖို့ မလွယ်ကူသည့်အတွက် သူမကိုယ်တိုင် ပြင်ဆင်လိုက်တာ ပိုကောင်းမည်။

စာဖိုမှုးနှစ်ယောက်သည် ခပ်မြန်မြန် ကိုယ်စီ တာဝန်ယူမည့် အလုပ်တာဝန်ကို ခွဲလိုက်သည်။ သူမတို့ သုံးယောက်သည် အလုပ်လုပ်နေကြရင်း စကားပြောနေလိုက်ကြသည်။ မကြာမီမှာ လိုအပ်သည် အားလုံး အသင့်ဖြစ်လေပြီ။ သူမတို့ ချက်ဖို့ပဲ ကျန်တော့သည်။

စွတ်ပြုတ်၏ အရသာကို မြည်းကြည့်ပြီးနောက်တွင် ရှောင်းကောသည် စာဖိုမှူးနှစ်ယောက်အား သန့်စင်သည့် အိုးတစ်လုံးကို ယူခဲ့ခိုင်းပြီး ရေနွေးတည်လိုက်သည်။ ခဏအကြာမှာမှ သူမသည် အိုးထဲကို အသားလုံးနှင့် ခေါက်ဆွဲများ ထည့်ပြုတ်လိုက်ပြီး အဲ့ဒီနောက်တွင် စားပွဲတွင် ချမည့် ပန်းကန်လုံး များထဲသို့ ပါဝင်ပစ္စည်းများနှင့် ဝက်ရိုးစွတ်ပြုတ်ရည်ကို လောင်းထည့်လိမ့်မည်။

အခုကညစာ စားဖို့အတွက် စောလွန်း နေသေးသည်။ သို့ကြောင့်မို့ ရှောင်းကောသည် စာဖိုမှူး နှစ်ယောက်ကို ခဏ နားခိုင်းလိုက်သည်။

သူမသည်လည်း အိမ်ရှေ့ကို ပြန်သွားပြီး အခန်းတွင် ခဏ နားလိုက်သည်။ သူမသည် အခန်းထဲ ရောက်သောအခါမှာ ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိကို ရှာမတွေ့ခဲ့ပေ။

ရှောင်းကော စာဖတ်ခန်းကို သွားလိုက်သည်။ မနက်ခင်းတုန်းက ကလေး နှစ်ယောက်လုံး အဲ့ဒီမှာ ရှိနေခဲ့တာကို သူမ သိထားသည်။ အခုလဲ စာဖတ်ခန်းထဲတွင်သာ ရှိကြလောက်မည်။

ရှောင်းကော အခန်းထဲ မဝင်လိုက်ခင်မှာပဲ အထဲကနေ ကျယ်လောင်စွာ စာအုပ်ကို ရွတ်ဖတ်နေသံကို ကြားလိုက်ရသည်။ သူမသည် နှုတ်ခမ်းကို ဖိလိုက်ပြီး ပြုံးလိုက်သည်။ ကလေးနှစ်ယောက်၏ အသံက တစ်ကယ်ကို နားထောင်ကောင်းလှသည်ဟု ထင်မိသည်။

ထို့နောက်မှာ ကလေးဆန်တဲ့ အသံလေးတွေက ရပ်သွားပြီး အသံသြသြ တစ်ခု ထွက်ပေါ်လာခဲ့သည်။။“ ခုတ်ဖြတ်ပြီး ချေမွဖို့၊ ခွဲခြမ်းပြီး အချောတိုက်ဖို့”

ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိသည် ထိုအသံ၏ နောက်က လိုက်ပြောလိုက်ကြသည်။ “ ခုတ်ဖြတ်ပြီး ချေမွဖို့၊ ခွဲခြမ်းပြီး အချောတိုက်ဖို့”

ကျန်းတန်းဟယ်၏ ထိုစကားလုံးများကို ရွတ်ဆိုသံက တစ်ကယ် ကောင်းတာပဲဟု ရှောင်းကော တွေးနေခဲ့သည်။

ထိုအတွေးနှင့်အတူ ရှောင်းကောသည် ကွယ်လိုက်ပြီး ပြတင်းမှ ချောင်းကြည့်လိုက်သည်။ ဖွင့်ထားသော ပြတင်းပေါက်မှ ကြည့်နိုင်ရန် သူမ ခြေဖျား ထောက်ထားရသည်။

“ဒါဆို အဲ့ဒါဘာကို ဆိုလိုတာလဲ သားတို့ သိလား?”

ကျန်းတန်းဟယ်သည် စားပွဲတွင် ထိုင်နေခဲ့သည်။ ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိသည် မူလတန်း ကလေး များသဖွယ် ကျန်းတန်းဟယ်၏ ဘေးတစ်ဖက်ဆီတွင် ထိုင်နေကြသည်။ သူတို့ရဲ့ ကျောတွေက ဖြောင့်တန်းနေကြပြီး အရှေ့တွင် စာရွက် အထပ်လိုက်ရယ်၊ မှင်တံရယ် ရှိသည်။

ကျန်းတန်းဟယ်သည် စာရွက်မှ ဖတ်ပြလိုက်သော စကားလုံးကို ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိသည် ချရေးလိုက်ကြသည်။ ကျန်းတန်းဟယ်၏ အမေးကို ကြားသော အခါမှာ သူတို့တွေက မှင်တံများကို ချလိုက်သည်။

ကလေးနှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက်တွင် ကျန်းတန်းဟယ်ကို ပြန်ကြည့်လိုက်သည်။

ရှောက်ယိသည် ရှက်ရွံ့စွာ ခေါင်းရမ်းလိုက်ပြီး ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ သူ အဖြေကို ထပ်သိလောက်သည်။

ထင်တဲ့အတိုင်းပင် ကျွမ်းကျွမ်းသည် သူ သိကြောင်း ပြောရန် လက်ထောင်လာခဲ့သည်။

“ပြောပါ”

အခွင့်ပေးခံလိုက်ရသောအခါမှာ ကျွမ်းကျွမ်းသည် ပျော်ရွှင်စွာ ချောင်းတစ်ချက် ဟန့်လိုက်သည်။ “ ဆိုလိုတာက လူကြီးလူကောင်း တစ်ယောက်ရဲ့ တိုးတက်မှုက ကျောက်တုံးကို တုံးတစ် ခွဲခြမ်းတဲ့ ဖြစ်စဥ်လိုမျိုးပဲ။ ကျောက်တုံးကို ဖြတ်ပြီးတဲ့နောက်မှာ ချေမွရတယ်။ အဲ့ဒါက ကျောက်စိမ်းတုံး တစ်ခုကို ဖြတ်တောက်ပြီး အချောတိုက်ရ သလိုမျိုးပဲ”

ပြောပြီးသည့်နောက်တွင် ကျွမ်းကျွမ်းသည် ကျန်းတန်းဟယ်ကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ သားအဖြေက ဘယ်လိုလဲ?”

“ကောင်းတယ် အရမ်းကောင်းတယ်!” ကျန်းတန်းဟယ်သည် လက်ခုတ် တီးချင်နေပြီပင်။ တစ်ကယ်ကို အရမ်း ကောင်းလှသည်။

ရှောက်ယိလည်း အရမ်းကို ပျော်သည်။ ကျွမ်းကျွမ်းသည် တစ်ကယ်ကို တော်သည်။ ဘာမှမသိတဲ့ သူ့လိုမဟုတ်ဘဲ.. ကျွမ်းကျွမ်းသည် မသိတာ ဘာမှ မရှိချေ။

သူတို့ရဲ့ အကြည့်များကြောင့် ကျွမ်းကျွမ်သည် အနည်းငယ် ရှက်သလိုပင် ခံစားလာရသည်။ “ မဟုတ်ဘူး မဟုတ်ဘူး သား ဖတ်ဖူး လို့ပါ”

ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်းကို ကြည့်ရင်း အနည်းငယ် သိချင် လာခဲ့သည်။ ကျွမ်းကျွမ်းမှာ ဘယ်လောက်တောင် ဗဟုသုတတွေ ရှိတာလဲ? “ ကျွမ်းကျွမ်း မင်း မူရင်း စာပေကို သိလား?”

ကျွမ်းကျွမ်းသည် ထိုအမေးကို ကြားသော အခါမှာ ခေါင်းကို ခပ်ဖွဖွ ကုတ်လိုက်ပြီး မရေမရာ ခေါင်းညိတ်လိုက်သည်။ “ တော်တော်များများလောက်ပေါ့”

ကျန်းတန်းဟယ်သည် မျက်ခုံးတစ်ဖက် ပင့်သွားကာ ပြောလိုက်သည်။ “ နားထောင်ကြည့်ချင်တယ်”

“ အွန်းအွန်း”

ကျွမ်းကျွမ်းသည် ထရပ်လိုက်ကာ ဖြေးဖြေးချင်း ပြောလိုက်သည်။

“အဲ့ဒါက ဘာသာစုံတတ်ကျွမ်းသူများ စာအုပ်ကပဲ”

ကျွမ်းကျွမ်းသည် ဦးစွာ ကဗျာ၏ အရင်းအမြစ်ကို ရှင်းပြပေးလိုက်သည်။ ထို့နောက်မှာ ခေါင်းသေးသေးလေးက မောင်းတင်ခံလိုက်ရသလို ချက်ချင်း မတ် သွားသည်။ မူလတန်း ကလေးတစ်ယောက်ကဲ့သို့ ဟိုသည် ယိမ်းနေရင်း ဆက်ပြောလိုက်သည်။

“ ကျိကုန် ပြောဖူးတယ်.. ‘မြှောက်ပင့် ပြောဆိုခြင်းများ မပါသော နွမ်းပါးမှု၊ မောက်မာခြင်းကင်းသော ချမ်းသာမှု.. ဆိုတာ ဘယ်လိုမျိုးလဲ?’ ကွန်ဖြူးရှပ် ပြောခဲ့တယ်.. ‘ ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်က ဆင်းရဲသော်ငြား ပျော်ရွင်နေမယ်ဆိုရင် သူ့အတွက် ချမ်းသာမှုနဲ့ လောကဝတ်ဆိုတာ ဖြစ်နိုင်တဲ့အရာပဲ’ ကျိကုန် ပြောခဲ့တယ်.. ‘ နွမ်းပါးခြင်းဆိုတာ ခုတ်ခြတ်ခြင်းနဲ့ ချေမွခြင်းပဲ၊ တုံးဖြတ်ပြီး အချောတိုက်ခြင်းလိုပဲ! အဲ့ဒီ အဓိပ္ပါယ်ပဲ မလား?’ ကွန်ဖြူးရှပ် ပြောခဲ့တယ်.. ‘ မင်းက ယူဆချက်တွေကို ကြိုးစားစရာ မလိုပဲ ထုတ်ပြနိုင်တဲ့အတွက် ငါနဲ့မင်းက အခုကစပြီး ကဗျာတွေကို ဆွေးနွေးနိုင်ပြီ’ ”

နောက်ဆုံးစကားပြီးဆုံး သွားချိန်မှာ ရှောက်ယိသည် ကျွမ်းကျွမ်းထက်ပင် ပျော်နေခဲ့သေးသည်။ “ဝိုး ကျွမ်းကျွမ်းက အရမ်း မိုက်တာပဲ”

ကျွမ်းကျွမ်းသည် ခေါင်းကို ကုတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့လာခဲ့သည်။ ထို့နောက်မှာ ကျန်းတန်းဟယ်၏ အမူအရာကို တစ်ချက် ခိုးကြည့်လိုက်သေးသည်။

တုံ့ဆိုင်းခြင်းမရှိ ကျန်းတန်းဟယ်သည် လက်ခုတ် တီးခဲ့သည်။ သူ့ရဲ့ ချီးမွန်းမှုက ကျယ်လောင်ပြီး အင်အားကြီးလှသည်။

“ မိုက်တယ်! ကျွမ်းကျွမ်း” ကျန်းတန်းဟယ်သည် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်သည်။ သုံးနှစ်အရွယ်သာ ရှိသေးပေမဲ့ ကျန်းတန်းဟယ်သည် မူရင်း စာကြောင်းကို မှတ်မိနေပြီး တစ်ထိုင်တည်း ရွတ်ပြနိုင်သည်။ 'တစ်ကယ်ကို ရှားပါး ကလေးပဲ! သူ့သားက တစ်ကယ့်ကို ဉာဏ်ကြီးရှင်လေးပဲ!'

ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်းကို ပွေ့ဖက်လိုက်ပြီး အပေါ်ကို ပစ်မြှောက်လိုက်ကာ အားကြီးစွာဖြင့် တည်ငြိမ်စွာ ပြန်ဖမ်းလိုက်သည်။

ကျွမ်းကျွမ်းသည် အစက ကြောက်နေခဲ့ပေမဲ့ အဖေဖြစ်သူကို ယုံသောကြောင့် အခုလို အမြှောက်ခံရတာကို သူပျော်လာခဲ့သည်။

“ ဟားဟား ဟားဟား ထပ်လုပ်ပေးအုံး!”

ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်း ရပ်ပေးဖို့ မအော်လာခင်အထိ ပစ်မြှောက်နေခဲ့သည်။

ရှောက်ယိသည် ဘေးမှ မနာလိုစွာဖြင့် ကျွမ်းကျွမ်းတို့ ကစားနေတာကို ရပ်ကြည့် နေခဲ့သည်။ သူသည် သွေးဆောင် ခံနေရသည်။ 'ဟိုလူကကော သူ့ကို ဒီလိုမျိုး ချီမှာလား..'

ရှောင်းကောသည် အခန်းတွင်းမှ မြင်ကွင်းကို သက်သာရာရစွာ ကြည့်လိုက်ပြီး တိတ်တဆိတ် ထွက်သွားလိုက်သည်။

ခဏ နားပြီးနောက်တွင် ရှောင်းကောသည် မီးဖိုချောင်ဆီကို ပြန်သွားလိုက်သည်။ ညစာ အချိန် နီးနေလေပြီ။ စာဖိုမှူးနှစ်ယောက်လဲ သူမကို အထဲကနေ အသင့်စောင့်နေကြသည်။

“စကြတော့မလား? မဒမ်”

ရှောင်းကောကို မြင်သည်နှင့် စာဖိုမှူး နှစ်ယောက်က မေးလိုက်ကြသည်။

“ဟုတ်ပြီ လုပ်ကြစို့”

အချိန်ကျပြီလို့ ရှောင်းကော ထင်သည်။ သူတို့တွေလည်း မေးနေကြပြီဆိုတော့ ညစာ စားချိန် တစ်ကယ် ရောက်လို့ပဲ ဖြစ်မည်။

ရှောင်းကော၏ ခွင့်ပြုချက် ရသွားသည်နှင့် စာဖိုမှုးနှစ်ယောက်သည် ချက်ချင်း မီးမွှေးလိုက်တော့သည်။

သူမတို့တွေသည် ဒီအချိန်ကို စောင့်နေခဲ့တာ ကြာလှလေပြီ။ အာလူးခေါက်ဆွဲ၏ အရသာကို သူမတို့ တစ်ကယ်ကို မြည်းစမ်းချင်နေကြသည်။ ချက်ပြုတ်ရန် ရှောင်းကော၏ မှာကြားချက်များအရ စာဖိုမှူးနှစ်ယောက်သည် အလျင်အမြန်ပဲ ရေနွေးအိုး တည်လိုက်ကြသည်။

ရှောင်းကောသည် အသားလုံးတွေ အကုန်လုံးကို ရေနွေးအိုးထဲ ထည့်လိုက်ပြီးနောက် ထပ်ပြီး ရေနွေး တစ်အိုးတည်ဖို့ စောင့်နေလိုက်သည်။

ရေတွေ များနေသဖြင့် ရေနွေးက အလွယ်တကူ မဆူပေ။ ကောင်းကင်လည်း မှောင် စ ပြုနေခဲ့ပြီ ဖြစ်သည်။ အစောပိုင်းတည်းက စာဖိုမှူးနှစ်ယောက်သည် မီးတိုင်များ ထွန်းထားသောကြောင့် မီးဖိုခန်းတွင် လင်းထိန်နေသည်။

စံအိမ်ရှိ လူအားလုံးအတွက် လုံလောက်သော ပြင်ဆင်ဖွယ်များကို ရှောင်းကော ပြင်ဆင်ပြီးသွားခဲ့ပြီ။ အာလူး ခေါက်ဆွဲနှင့် ခေါက်ဆွဲကို ဆတူ ချက်ထားသည်။ ခေါက်ဆွဲ ရသည်နှင့် ဇလုံအကြီးကြီးထဲသို့ ယောက်ချိုဖြင့် ခပ်ထည့်လိုက်သည်။ ထို့နောက်မှာ လက်တစ်ချောင်း အနေ ရှိလောက်မည်အထိ အရိုးစွတ်ပြုတ်ရည်ကို လောင်းထည့်လိုက်သည်။ ထို့နောက်တွင် ငါးဖယ်လုံးနှင့် အသားလုံးများကို ယောက်ချိုဖြင့် ခပ်ကာ ခေါက်ဆွဲထဲ ထည့်ပေး လိုက်သည်။ နောက်ဆုံးတွင် အလှဆင်သည့် အနေဖြင့် လက်တစ်ဆုတ်စာ သင်ထားသော ဟင်းရွက်များကို အပေါ်မှ တင်ပေး လိုက်သည်။

ဇလုံက နည်းနည်း လေးနေသည့်အတွက် ခပ်ဝဝ စာဖိုမှူးသည် ရှောင်းကောထံမှ အရင် လှမ်းယူပေးလိုက်သည်။

စာဖိုမှူးနှစ်ယောက်သည် ပုံမှန်အားဖြင့် အစားအသောက် ပြင်ပေးပြီး လိုက်ကျွေး ပေးရသူများဖြစ်သည်။ ထို့ကြောင့်မို့ သူတို့တွေသည် သဘာဝကျကျပဲ ဇလုံအကြီးစာအတွက် လိုအပ်မည့် ခွက်တွေ၊ တူတွေ ကို ယူခဲ့လိုက်သည်။

ရှောင်းကောအတွက် စကားပြောခွင့်တောင် မရလိုက်ပေ။ ထို့ကြောင့် သူမသည် စာဖိုမှူးနှစ်ယောက်၏ အနောက်ကနေသာ လက်ဗလာဖြင့် ထမင်းစားခန်းသို့ လိုက်ပါ လာခဲ့သည်။

တံခါးပေါက်ကို ရောက်တဲ့အခါမှာ အိမ်ထဲ၌ ဖယောင်းတိုင်များဖြင့် မီးထွန်းထားတာကို သူမ သဘောပေါက်သွားခဲ့သည်။ သူမ ဝင်လိုက်သည်နှင့် အားလုံးသည် စားပွဲဘေးတွင် ထိုင်နှင့်ရက်သားဖြင့် စောင့်နေသည်ကို တွေ့လိုက်ရလေသည်။

“မေမေ..”

ကျွမ်းကျွမ်းသည် ရှောင်းကောကို ခေါ်လိုက်သည်။ ရှောင်းကော ခေါင်းညိတ်ပြပြီး အထဲသို့ ဝင်လိုက်သည်။

ကျန်တဲ့သူများသည် မွှေးရနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရပြီး စာဖိုမှူး၏ လက်တွင်းမှ ဇလုံးကြီးကို မျက်တောင် မခတ်စတမ်း ကြည့်နေကြလေသည်။

ပန်းကန်များ ချပေးပြီးနောက်တွင် စာဖိုမှူး နှစ်ယောက်သည် ထွက်သွားခဲ့ကြသည်။ တစ်ယောက်မှ မလှုပ်ကြသေးသည်ကို တွေ့သော ကြောင့် ရှောင်းကောပဲ အရင် ဦးအောင် တစ်ဦးချင်းအတွက် ခူးပေးလိုက်တော့သည်။

ပန်းကန်လုံးကြီး သုံးခုနှင့် အသေးနှစ်ခု ရှိသည်။ ရှောင်းကောသည် ပန်းကန်တိုင်းတွင် အသားလုံးများစွာကို ထည့်ပေးလိုက်သည်။

“စားကြစို့”

ရှောင်းကောသည် လက်ထဲတွင် ပန်းကန်တစ်လုံးစာ ထည့်ပြီး ဝင်ထိုင် လိုက်သည်။ ကျန်တဲ့သူများသည် တူကိုင်ဖို့ တောင် မလှုပ်ရှားကြသေးပဲ သူမကို စောင့်နေတာကို မြင်တော့ ရှောင်းကော တစ်ယောက် ရင်ထဲ ထိသွားတော့သည်။

ရှောင်းကော၏ စကားကို ကြားသော အခါမှ အကုန်လုံးသည် တူကို ကိုင်လိုက်ကြပြီး လျင်မြန်စွာ ပါးစပ်ဖွင့်လိုက်ကြသည်။

All Chapters