အခန်း (၁၅၈)
Vol. 11 Ch. 158
စစ်သားလေးသည် စားဖိုမှူး နှစ်ယောက် သူ့ကို စနောက်နေသည်ဟု ထင်နေခဲ့သည်။ ဒီလောက် အနံ့မွှေးကြိုင်နေတာကို ဘယ်လိုလုပ် မချက်ရသေးတာ ဖြစ်နိုင်မည်နည်း။
“ နောက်နေတာရပ်ပြီး ဟင်းလေး မြန်မြန် ထည့်ပေးစမ်းပါ။ ကျွန်တော် တစ်ယောက်ထဲ ရှိတာ မဟုတ်ဘူး။ ကျန်တဲ့သူတွေလဲ အနံ့ရပြီး ရောက်လာကြအုံးမှာ”
စစ်သားသည် အနည်းငယ် ပူပင်နေခဲ့သည်။ ခဏနေလို့ကျန်တဲ့သူတွေပါ ရောက်လာခဲ့လျှင် သူ့ရဲ့ဝေစုလေး မရတော့မှာကို စိုးရသည်။
အဒေါ်ရှု့သည် သက်ပြင်းချကာ ပြောလိုက်သည်။ “ မင်း တစ်ယောက်ထဲ မဟုတ်ဘူး။ ငါလဲ စားချင်နေတာပဲ”
သူမသည် ပြောနေရင်း စစ်သားလေး တစ်ခါထဲ မြင်နိုင်စေရန် အိုးဖုံးပါ ဖွင့်ပြလိုက်သည်။ “ အခုတင် သခင်မ သူမအတွက် ချက်သွားခဲ့တာ”
စစ်သားသည် သူ့ရဲ့ အကြည့်ကို စိတ်ပျက်စွာ ရုတ်သိမ်းလိုက်ပြီးနောက် သူ့ရဲ့ မျက်လုံးတွေ တဖန်ပြန်လည် တောက်ပလာကာ ပြောလိုက်သည်။
“ အဒေါ်တို့ ဘေးက ကြည့်နေခဲ့တာ မဟုတ်ဘူးလား? သုံးသွားတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကို သိမှာပဲ။ ကျွန်တော့်အတွက် တစ်ခုလောက် လုပ်ပေး ပါ့လား…”
ထိုလူ၏ စကားကို ကြားသော အခါမှာ ခပ်ဝဝ စာဖိုးမှူး၏ မျက်လုံးတွေသည် အရောင်တောက် သွားခဲ့သည်။သူမသည် အဒေါ်ရှု့ကို ကြည့်လိုက်ကာ ပြောလိုက်သည်။
“ အဒေါ် ကြိုးစားကြည့်ပါ့လား?”
သူမတို့ နှစ်ယောက်တွင် အဒေါ်ရှု့၏ အချက်အပြုတ် အရည်အချင်းက ပိုကောင်းသည်။ အစောက သခင်မ ချက်ပြုတ် နေတုန်းက အဒေါ်ရှု့သည် ဘေးကနေ ဂရုတစိုက် ကြည့်နေခဲ့တာ ဖြစ်သည့်အတွက် သူမ နည်းလမ်းတစ်ချို့ကို မှတ်မိလောက်သည်။
“ ကောင်းပြီ….”
အဒေါ်ရှု့သည် အနည်းငယ် တုံ့ဆိုင်း နေခဲ့သည်။ ရှောင်းကော ချက်ပြုတ်စဥ်က အချက်အလက် အများစုကို သူမ မှတ်မိသည် ဆိုပေမဲ့ ရှောင်းကောသည် ချက်ပြုတ်ရာတွင် အပူချိန်နှင့် ပတ်သတ်ပြီး အထူး သတိထားသည်ကို သတိပြုမိခဲ့သည်။ သူမ ထည့်သည့်ပစ္စည်းများ မှန်ကန်ခဲ့ရင်တောင် အပူချိန် မမှန်ရင် အရသာ ကွဲနေမှာပင်။
“ လုပ်ကြည့်ရအောင်”။ခပ်ဝဝ အမျိုးသမီးသည် ဟင်းတွေကို အလွန် စားချင်နေသည်မို့ ဘေးကနေ တောက်လျှောက် အားပေးနေတော့သည်။
အဒေါ်ရှု့ တုံ့ဆိုင်းနေဆဲ ဖြစ်တာကို မြင်တော့ စစ်သားသည် မျက်ဖြူလှန်ပြပြီး တန်ပြန်တိုက်စစ်တစ်ခုကို တွေးကာ ပြောလိုက်သည်။
“ ကျွန်တော်တို့ အခုမလုပ်ရင် အရမ်း နောက်ကျသွားမယ်နော်။ အနံ့ရထားတဲ့ တစ်ခြားသူတွေလဲ မကြာခင် ရောက်လာမှာပဲ။ သူတို့ဒီကို ရောက်လာပြီး ဟင်းမရှိတာကို သိသွားရင် သူတို့တွေ သေချာပေါက် ပျော်မှာမဟုတ်ဘူး”
စစ်သား၏ စကားဆုံးသည်နှင့် အဒေါ်ရှု့ စိတ်ဆုံးဖြတ်လိုက်တော့သည်။ “ ကောင်းပြီ ကြိုးစားကြည့်တာပေါ့!”
ခပ်ဝဝ စားဖိုမှူးနှင့် စစ်သားတို့သည် အလွန် ပျော်သွားခဲ့သည်။ အဒေါ်ရှု့သည် ချွေးတွေကို သုတ်လိုက်သည်။ အစောပိုင်းက စစ်သား၏ စကားကို နားထောင်ပြီးချိန်တွင် သူမသည် ငယ်ရွယ်ပြီး စိတ်မြန်လက်မြန် ရှိသည့် စစ်သားများကို တွေးမိလိုက်သည်။ သူတို့တွေသာ ပြဿနာ ရှာကြရင် သူမ ဒုက္ခရောက်မှာလေ။
ခပ်ဝဝ စာဖိုမှူးသည် ပျော်ရွှင်စွာ မတ်တပ် ရပ်လိုက်ပြီး အဒေါ်ရှု့အတွက် ဘေးကနေ ပါဝင်ပစ္စည်းများကို ပြင်ဆင် ပေးလိုက်သည်။ တစ်ဖက်တွင် အဒေါ်ရှု့သည် ဟင်းခတ် အမွှေးအကြိုင်အား ဂရုတစိုက် ပြင်ဆင်နေခဲ့သည်။
အခုတင် ဟင်းပွဲတစ်ချို့ချက်ပြီး ထွက်သွားခဲ့သည့် ရှောင်းကောသည် မီးဖိုချောင်းထဲက လူတွေကို ပြဿနာ ဖြစ်သွားစေမှန်း မသိခဲ့ပေ။
သူမသည် ဟင်းတွေကို ခန်းမဆီကို ယူလာလိုက်ပြီး စားပွဲပေါ် တင်လိုက်သည်။ ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိသည်လည်း အိမ်ခန်းမဆီသို့ လုံခြုံစွာ ရောက်လာခဲ့သည်။
ရှောင်းကောသည် ကလေးနှစ်ယောက်၏ လက်တွင်းမှ ပန်းကန်များကို ယူပြီး စားပွဲတွင် နေရာချလိုက်သည်။ ပန်းကန်လုံး လေးခုနှင့် ဆန်ပြုတ် တစ်ဇလုံရှိသည်။
ပုံမှန်ဆိုလျှင်လဲ သူမ ဟင်းပိုပြီး ချက်သည်။ သူမတို့သုံးယောက်ထဲ ရှိတယ်ဆိုပေမဲ့ သူမသည် ဟင်းပွဲတွေ သုံးခုလောက် ပြင်ဆင်ဆဲ ဖြစ်သည်။
စားပွဲပေါ်တွင် ဝက်အမြှောင်းဟင်း၊ ငရုတ်ကောင်းစိမ်းဟင်း၊ ဝက်အသည်း၊ မှိုနှင့်ရောကျောထားသော အရွက်ကြော်၊ ပြီး ချွိုင်ဆမ်ကြော်တို့ ရှိသည်။ ဟင်းအားလုံးသည် ရိုးရှင်းသော အိမ်ချက်ဟင်းများသာ ဖြစ်သည်။
ရှောင်းကောသည် ကလေးနှစ်ယောက်အတွက် ဆန်ပြုတ်ခပ်ပေးလိုက်ပြီး ဘန်းကိတ်ကို တစ်ဝက်ဆီ ခွဲပေးလိုက်သည်။ ကလေး တစ်ယောက်ချင်းဆီ၏ ဘန်းကိတ်တစ်ခုချင်းသည် ကျွမ်းကျွမ်း၏ မျက်နှာလောက်နီးနီး ကြီးသည်။
ရှောင်းကောသည်လည်း ဆန်ပြုတ် တစ်ပန်းကန် ထည့်ပြီး သောက်တော့မည့် အချိန် အသံတစ်ခုကို ကြားလိုက်ရသည်။
ခဏအကြာတွင် သူမတို့အရှေ့သို့ လီရှို့ကျီ ပေါ်လာခဲ့သည်။
“ ဟဟ ငါသိနေတယ်လေ။ ဒီအနံ့က သေချာပေါက် မီးဖိုချောင်က မဟုတ်ဘူးဆိုတာကို”
ကျန်းတန်းဟယ်သည် လီရှို့ကျီ အနောက်မှ တစ်လှမ်းနောက်ကျပြီး ရောက်လာခဲ့သည်။ သူသည် ဘေးမှ ဖြတ်လျှောက်လာပြီး ရှောင်းကော၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
လီရှို့ကျီသည် အနောက်မှ မကျန်ခဲ့ချင်သည့် အတွက် အမြန် စားပွဲနားကို လျှောက်လာပြီး ဝင်ထိုင်ကာ စားပွဲပေါ်ကို နှာခေါင်းတစ်ရှုံ့ရှုံ့ လုပ်တော့သည်။
သူတို့တွေ ရုတ်တရက် ပြန်လာမည်ကို ရှောင်းကော မသိသည့်အတွက် သူတို့တွေအတွက် တူတို့ ပန်းကန်တို့ကို သူမ မပြင်ဆင်ထားမိခဲ့ပေ။
“ ရှင်တို့ စားပြီးပြီလား?”
ကျန်းတန်းဟယ်သည် ဖြေတော့မလို့ပေမဲ့ လီရှို့ကျီသည် သူ့ကို ရိုက်ပစ်ကာ ပြောလိုက်သည်။ “ မစားရသေးဘူး။ ကျွန်တော် ဗိုက်ဆာနေပြီ”
ကျန်းတန်းဟယ်သည် ပါးစပ်ပိတ်လိုက်ပြီး လီရှို့ကျီကို စိုက်ကြည့်လိုက်သည်။
ရှောင်းကောကြားသည့်အခါမှာ ချက်ချင်း ထလိုက်ပြီး သူတို့အတွက် တူနှင့် ပန်းကန်ယူပေးဖို့ လုပ်လိုက်သည်။
ကျန်းတန်းဟယ်သည် ရှောင်းကောကို တားပြီး ပြောလိုက်သည်။ “ ရှို့ကျီကို သွားခိုင်းလိုက်ပါ”
လီရှို့ကျီသည် စားပွဲပေါ်ရှိ ဝက်အမြှောင်းကို လက်လှမ်းဖို့ လုပ်နေချိန်မှာ ကျန်းတန်းဟယ်၏ စကားကို ကြားလိုက်ရသည်။ သူသည် ခွေးတစ်ကောင်လို ညည်းညူလိုက်ပြီး တွန့်ဆုတ် တွန့်ဆုတ်နှင့် မီးဖိုဆောင်ဆီကို သွားလိုက်သည်။
ထိုအမျိုးသားနှစ်ယောက်၏ မျက်နှာပေါ်က မောပန်းနေပုံကို မြင်တော့ ရှောင်းကောသည် လီရှို့ကျီကို တားကာ သူမကိုယ်တိုင် သွားယူချင်ခဲ့သည်။
“ သူ့ကို စိတ်မပူပါနဲ့။ လွှတ်လိုက်ပါ”
ကျန်းတန်းဟယ်သည် ရှောင်းကောကို ပြန်ဆွဲလိုက်ကာ သူမကို ထိုင်ခိုင်းလိုက်သည်။ သူသည် တစ်နေကုန် အပြင်မှာ ရှိနေခဲ့ပြီး ရေတစ်စက်တောင် မသောက်ရသေးပေ။ သူ့ရဲ့ နှုတ်ခမ်းတွေ ချောက်သွေ့နေခဲ့ပြီ။
သူ လှည့်ပတ်ကြည့်လိုက်ပြီး ရှောင်းကော၏ အရှေ့မှ ဆန်ပြုတ်ပန်းကန်ကို တွေ့သော အခါမှာ တစ်ထိုင်ထဲ မော့ချလိုက်တော့သည်။
“ ဟူး…”
“အဲ့ဒါက ကျွန်မရဲ့ ပန်းကန်…”
ရှောင်းကောသည် သူမ၏ ပန်းကန် တစ်ခုလုံးကို စားပစ်လိုက်သော ကျန်းတန်းဟယ်ကို ကြည့်ပြီး ပြောတော့မည့် စကားလုံးများကို ပြန်မြိုချလိုက်ရသည်။
ကျန်းတန်းဟယ်သည် ပန်းကန်လုံးကို ချလိုက်ပြီး သူ့ရဲ့ နှုတ်ခမ်းကို သုတ်လိုက်သည်။ ထို့နောက်မှာ ပန်းကန်အား ရှောင်းကော၏ အရှေ့တွင် တည်ငြိမ်စွာ ပြန်ထား ပေးလိုက်သည်။ ဒါက သူမရဲ့ ပန်းကန်ဆိုတာကို သူသေချာပေါက် သိတာပေါ့။
ရှောင်းကောသည် တည်ငြိမ်နေတဲ့ မျက်နှာနဲ့ သူမအတွက် ဆန်ပြုတ် နောက်တစ်ပန်းကို ထည့်လိုက်တော့သည်။
‘ ထားတော့ သောက်ပါစေတော့။ ဘယ်လိုနေနေ ပထမဆုံးအကြိမ်လဲ မဟုတ်တော့ဘူး’
ကျန်းတန်းဟယ်သည် ရှောင်းကော၏ မျက်နှာကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ ငြင်းပယ်မှု ဒါမှမဟုတ် မကြိုက်သည့် အရိပ်အယောင်ကို မတွေ့သော အခါမှာ သူ ပြုံးလိုက်မိသည်။
လီရှို့ကျီသည် စားပွဲပေါ်ရှိ ဟင်းများကို တွေးနေခဲ့သည်။ စားပွဲကို အရောက် နောက်ကျလို့ မကျန်တော့မည်ကို သူ စိတ်ပူ နေခဲ့သည်။
သူသည် မီးဖိုခန်းကို ရောက်သောအခါမှာ ပတ်ပတ်လည်ရှိ ဘာ မူမမှန်တာကိုမှ သတိမထားမိခဲ့ပေ။ အဲဲ့ဒီအစား သူသည် လူအုပ်ကြီးကို ကတိုက်ကရိုက် ရှောင်လိုက်ပြီး သူ့အတွက် တူနှင့် ပန်းကန်ကို ယူလိုက်ကာ မသွားခင်တွင် အိုးထဲရှိ ဘန်းကိိတ်ကြီး နှစ်ခုကိုပါ ယူသွားလိုက်သေးသည်။ နောက်မှ ထပ်စားရမည်။
ပြန်သွားတော့မည့်အချိန်မှာပဲ သူ ခဏ ရပ်သွားခဲ့သည်။ သူ အနောက်ကို ပြန်လှည့်ကာ ဘန်းကိတ် နောက်တစ်ခုကို ထပ်ယူလိုက်သည်။
“ ငါထပ်စားရမယ်.. ထပ်ပြီး အင်း ထပ်ပြီး.. ထပ်ပြီး”
စားသောက်ခန်းကို ပြန်ရောက်ချိန်မှာ သူ ချက်ချင်း တူနှင့် ဘန်းကိတ်ကြီးကြီး တစ်ခုရယ်၊ ဝက်သား တစ်မြှောင်းရယ်ကို ယူလိုက်သည်။ မျှော်လင့်ထားသလို သူ စိတ်ကူးယဥ်ထားသည့် အရသာပင်။
“အွမ်း.. ကောင်းတယ် ကောင်းတယ် အရသာရှိချက်ပဲ”
လီရှို့ကျီသည် သူ့ရဲ့ ပါးစပ်ထဲကို ဝက်တစ်မြှောင်းနဲ့ ငရုတ်ကောင်းစိတ် ဝက်အသည်းကို ထိုးထည့်လိုက်သည်။ သူသည် အလွန်ကို စိတ်ပါလက်ပါ စားသောက် နေခဲ့သည်။
ကျန်းတန်းဟယ်သည်လည်း ရှောင်းကော ကမ်းပေး လာသော ဆန်ပြုတ်ပန်းကန်ကို တစ်ဖက်ယူရင်း ကျန်တစ်ဖက်က ဘန်းကိတ် ကြီးကို ကိုင်ထားကာ လီရှို့ကျီထက် အနည်းငယ် အဆင်ပြေသော အပြုအမူဖြင့် စစားတော့သည်။
မနက်ခင်းတုန်းက သူဘာကိုမှ စားဖို့ အချိန် မရှိခဲ့ပေ။ တစ်နေကုန် အလုပ်များနေပြီး အိမ်ပြန်ရောက်တော့လည်း ဟင်းတွေရဲ့ မွှေးကြိုင်လှသော အနံ့ကို ရတဲ့အခါ သူ့ရဲ့ ကိုယ်တွင်းကလီစာတွေက ကျယ်လောင်စွာ ဆန္ဒပြနေခဲ့ပြီ ဖြစ်သည်။
“ အရသာရှိလိုက်တာ!”
တစ်ကိုက်ကိုက်ပြီးတာနှင့် ကျန်းတန်းဟယ်၏ မျက်လုံးသည် အရောင်တောက်သွားကာ ရှောင်းကောအား ချီးကျူးတော့သည်။ သူ ကြွားနေတာ မဟုတ်ပါ။ ဒါက တစ်ကယ်ကို သူ စားဖူးသမျှထဲမှာ အကောင်းဆုံးပင်။ သူ တစ်ကိုက်ပြီး တစ်ကိုက် ထပ်စားလိုက်သည်။ ဒီအချိန်တွေမှာ အချိန်တွေကုန်တာ အရမ်း မြန်ပြီး သူ အိမ်ပြန်ကာ ရှောင်းကော၏ ဟင်းတွေ အမြဲ စားနိုင်ပါစေလို့သာ ဆုတောင်းသည်။
“ ကောင်းရင် များများစား”
ရှောင်းကောသည် သူတို့စားနေတာကို ကြည့်နေလိုက်သည်။ သူတို့၏ ပုံစံက အနည်းငယ် ချဲ့ကားရာ ကျနေပေမဲ့ ရှောင်းကော ပျော်ပါသည်။
ကျွမ်းကျွမ်းနှင့် ရှောက်ယိသည် ထိုအချိန်တွင် မနေနိုင်စွာ အနည်းငယ် ပူပန်လာရတော့သည်။ ရှောင်းကော သူတို့အတွက် ချက်ပေးထားသည့် ဟင်းတွေသည် ကုန်တော့မည်။
ကလေးနှစ်ယောက်သည် အချင်းချင်း ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ သူတို့သည် အရင်လို ဖြည်းဖြည်းလေး မဝါးတော့ပဲ ဟင်းပွဲတွေကို စိတ်လှုပ်ရှားစွာ လက်လှမ်းလာတော့သည်။
လီရှို့ကျီသည် သူ့ရဲ့ ဘန်းကိတ်ကို ဟင်းရွက် စွတ်ပြုတ်အတွင်း နှစ်လိုက်ကာ တစ်စက်မကျန် အကုန် သောက်လိုက်သည်။
“ အစ်” လီရှို့ကျီသည် ဘန်းကိတ်ကို မြိုချလိုက်ကာ ကျယ်လောင်လှသော လေတက်သံကြီး ထွက်လာခဲ့သည်။
ကျန်းတန်းဟယ်သည် သူ့၏ ပန်းကန်နှင့် တူကို ချလိုက်သည်။ နေ့လည်စာသည် တစ်ကယ်ကို အရသာရှိလှပြီး ဗိုက်တင်းသွားပြီ။
ရှောင်းကောသည်လည်း စားလို့ ပြီးသွားပြီ ဖြစ်သည်။ သူမသည်း ဘေးတွင်ထိုင်ကာ သူတို့တွေ စားနေတာကို ကြည့်နေခဲ့သည်။ လီရှို့ကျီနှင့် ကျန်းတန်းဟယ် အစောက ဘယ်နေရာကို သွားနေခဲ့လဲ သူမ သိချင်သွားသည်။ ဘာလို့သူတို့ ကြည့်ရတာ အရမ်း ဆာနေကြသလို ဖြစ်နေရတာလဲ?
ကျွမ်းကျွမ်းနှင့် ရှောက်ယိလဲ စားပြီးတာ ကြာလှနေပြီ ဖြစ်သည်။ သူတို့သည် ကလေးတွေမို့ အများကြီး မစားနိုင်ကြပေ။ စားသောက်ပြီးနောက်တွင် သူတို့တွေသည် ခန်းမအတွင်းမှ ထွက်ကာ ဆော့နေကြသည်။
တစ်ယောက်ယောက်က ဟင်းပွဲတွေကို လာသိမ်း ပေးခဲ့သည်။ ရှောင်းကောသည် ဖိနပ်တွေကို တွေးနေမိခဲ့ပြီး အခန်းဆီ မပြန်သွားခင် အကုန်လုံးစားပြီးသည်အထိ သူမ စောင့်နေခဲ့သည်။
ကျန်းတန်းဟယ်နှင့် လီရှို့ကျီသည် သူတို့ ဗိုက်ထဲရှိအစာတွေ အထိုင်ကျသွားအောင် ခဏ စောင့်နေပြီးနောက်တွင် အလုပ်လုပ်ဖို့ရန် ပြန် ထွက်သွားခဲ့ကြသည်။
အခန်းသို့ ပြန်ရောက်သောအခါတွင် ရှောင်းကောသည် စောင်ကို မလိုက်ကာ ချုပ်လုပ်စ ဖိနပ်ကို အပြင် ထုတ်လိုက်သည်။
သူမသည် ဟင်းမချက်ခင် ဖိနပ်တွေကို စောင်နှင့် အုပ်ထားခဲ့တာဖြစ်သည်။ သူမသည် ဖိနပ်တစ်စုံအတွက် ရှက်နေတာမို့ ဖုံးထားလိုက်တာ ပိုကောင်းသည်လေ။
ရှောင်းကောသည်အပ်နှင့် အပ်ချည်ကို ယူကာ ဖိနပ်၏ ဘေးဘက်ကို တွဲဖို့ရန် ဆက်လုပ်လိုက်သည်။ များမကြာမီတွင် သူမသည် ဖိနပ်ထိပ်ပိုင်းကို ဝယ်လာသော အမွှေးတွေနှင့် ချုပ်ပေးလို့ ရတော့မည် ဖြစ်သည်။ နောက်ဆုံး အချက်အဖြစ် ဖိနပ်ကို တွဲချုပ်ပြီးသည်နှင့် ဖိနပ်က အသင့်ဖြစ်သွားပြီ။
ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်း စာဖတ်ရသည်ကို ကြိုက်ကြောင်း သိသွားကတည်းက ကျွမ်းကျွမ်းအတွက် အမျိုးအစား စုံလင်လှသော စာအုပ်များ ဝယ်ပေးခဲ့သည်။
ထို့ကြောင့်မို့ ကျွမ်းကျွမ်းသည် အချိန်ရှိတိုင်း ရှောက်ယိကိုပါ ခေါ်ကာ စာကြည့်ခန်းကိုသာ သွားလိမ့်မည်။ ထို့ကြောင့် ရှောင်းကောအတွက် ဖိနပ်ချုပ်ဖို့ အချိန်ပို ရသွားတော့သည်။