← Chapters

အခန်း (၁၆၂)

Vol. 11 Ch. 162

အခန်း (၁၆၂)

Vol. 11 Ch. 162

စားနေချိန်တွင် ကျန်းတန်းဟယ်သည် ရှောင်းကောကို ဟင်းထည့်ပေးဖို့ မမေ့ချေ။ ရှောင်းကောသည် ကလေးနှစ်ယောက်ကိုသာ ထည့်ပေးဖို့ အာရုံများနေပြီး သူမကိုယ်တိုင် သိပ်မစားသည့်အတွက် ကျန်းတန်းဟယ် ပိုပြီး စိတ်ပူနေရသည်။

ကျန်းတန်းဟယ်သည် ရှောင်းကော၏ ပန်းကန်ထဲသို့ အသားတွေ၊ ငါးတွေ ပုံနေအောင် ထည့်ပေးလိုက်သည်။ အရွက်တစ်မျှင် မရှိနေပေ။

ရှောင်းကော သက်ပြင်းချကာ ကျန်းတန်းဟယ်အား ကူကယ်ရာမဲ့စွာပဲ ကြည့်လိုက်တော့သည်။ သူမ တစ်ကယ်ကို ထပ်မစားနိုင်တော့ဘူး။

“ ဒီငါးက ကောင်းတယ်!”

ရှောက်ကျန်းသည် နန်းတော်တွင် မျိုးစုံသော ငါးချက်နည်းများကို စားဖူးပြီးသားပင်။ သို့ပေမဲ့ များသောအားဖြင့် ငါးကို ပြုတ်ပြီး ချက်တာရယ်၊ ဆီပူနှင့် ကြော်ထားတာ မျိုးသာ ရှိသည်။ ငါးထဲကို ရှာလကာရည်အချဥ် ထည့်လိုက်လျှင် ဒီလောက် အရသာရှိသွားမည်လို့ သူတစ်ခါ မတွေးမိခဲ့ဖူးပေ။ ဒါ့အပြင် ရှောင်းကော လုပ်ပေးထားတဲ့ ငါးခေါင်းသည်လည်း အရသာ ကောင်းလှပြီး နူးအိနေသည်။

“ ရှောင်းကော မင်းရဲ့ ခေါင်းထဲမှာ တစ်ကယ်ကို ဆန်းကြယ်တဲ့ အကြံဉာဏ်တွေ ပြည့်နေတာပဲ”

ငါးတစ်ကောင်ကို သုံးပိုင်းခွဲပြီးတောင် ချက်လို့ ရတာပဲ။ နန်းတော်ထဲက အဲ့ဒီ ခေတ်နောက်ကျနေသူတွေသာ သူတို့ရဲ့ ဟင်းချက်နည်းတွေကို ပိုပြီး ဆန်းသစ်နိုင်စွမ်း ရှိခဲ့ရင် သူနေ့တိုင်း တူညီတဲ့ဟင်းတွေ စားရပြီး ရိုးအီနေရမှာ မဟုတ်တော့ဘူး။

ရှောက်ကျန်း၏ ချီးကျူးစကားကို ရှောင်းကော ကြားသောအခါမှာ သူမသည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“ အဲ့လိုပါပဲ။ စားတာနဲ့ သောက်တာက လူသားတွေအတွက် အရေးအကြီးဆုံး အရာပဲမလား? ဒါကြောင့် ကျွန်မက အချိန်ရှိရင် ချက်ဖို့ဟင်းတွေကို တွေးနေရတာ ကြိုက်တယ်”

ကျန်းတန်းဟယ်သည် ဂုဏ်ယူစွာ ဝန်ခံလိုက်သည်။

“ ကျွန်တော့်ရဲ့မိန်းမက ဉာဏ်ကောင်းလို့ပါ”

ရှောင်းကောသည် နှိမ့်ချဖို့ အတော်လေး ကြိုးစားထားပေမဲ့ ကျန်းတန်းဟယ်သည် တိုက်ရိုက်ပဲ ချီးကျူးမှုကို သူမအစား လက်ခံပေး လိုက်သည်။

ကျန်းတန်းဟယ် ထိုစကားလုံးတွေကို ပြောပြီးတာနှင့် စားပွဲဝိုင်းရှိ လူတွေ ရယ်လိုက်ကြသည်။

ထိုသူတွေရဲ့ စနောက်နေတဲ့ အကြည့်တွေကို ရှောင်းကော လျစ်လျူရှုရင်း ကျန်းတန်းဟယ်ကို ခုံအောက်ကနေ လှမ်းဆိတ် လိုက်တော့သည်။ သူ ကြည့်လာတဲ့အချိန်မှာ အဓိပ္ပါယ် မရှိတာတွေ မပြောဖို့ရန် မျက်လုံးနဲ့ အချက်ပြလိုက်တော့သည်။

ရှောင်းကော၏ အားပျော့သော ဆိတ်ခြင်းက ကျန်းတန်းဟယ်အပေါ် လုံးဝ မသက်ရောက်ပေ။ သူမရဲ့ လက်တွေက သူ့ရဲ့ခါးနားကို ရောက်နေတဲ့အချိန်မှာ သူလှမ်းပြီး ထိုလက်သေးသေးလေးကို သူ့လက်နဲ့ ဆုပ်ကိုင်လိုက်တော့သည်။

ရှက်သွားသော ရှောင်းကောသည် ချက်ချင်း ကျန်းတန်းဟယ်ကို တွန်းလွှတ်ကာ စိုက်ကြည့် ပေးလိုက်သည်။ ထို့နောက်မှာ သူမရဲ့ ခေါင်းကို တစ်ဖက် လှည့်လိုက်ပြီး သူနှင့် အကြည့်ချင်း မဆုံတော့ပေ။

သို့ပေမဲ့လဲ သူမရဲ့ ခြိမ်းခြောက်နိုင်စွမ်း လုံးဝ မရှိသော စိုက်ကြည့်မှုက ကျန်းတန်းဟယ်ကို လုံးဝ မသက်ရောက်ပြန်ပါ။ ထိုအစား ထိုသူသည် ရယ်လိုက်သေးသည်။

ရှောင်းကောသည် အကြိမ်ရေတစ်ချို့ ထိုသူကို ဆွဲဆိတ်ပစ်လိုက်သည်။ ဒေါ်သတွေ ပုံချပြီး နောက်မှာ သူမ ထိုသူကို လျစ်လျူရှုပြီး ဆက်စားနေလိုက်တော့သည်။

စားပွဲဝိုင်းရှိ လူတွေသည် အကြည့်ချင်းဖလှယ်ပြီး ပြုံးမိသွားကြသည်။

စားလို့သောက်လို့ ပြီးချိန်တွင် စားပွဲပေါ်၌ ဟင်းတွေ အများကြီး မကျန်တော့ပေ။ အခြေခံအားဖြင့် ပြောရလျှင် ဘာမှကို မပစ်လိုက်ရပေ။

စာဖိုမှူးနှစ်ယောက်သည် အနောက်မှ အမြန်ရောက်လာပြီး စားပွဲသိမ်းလိုက်ကြသည်။ ရှောင်းကောသည် ပန်းကန်တွေ စီပေးပြီး သူမတို့အတွက် လွယ်ကူအောင် ကူပေးလိုက်သည်။

ညစာစားပြီးချိန်တွင် ရှောက်ကျန်း၊ ကျန်းတန်းဟယ်နှင့် လီရှို့ကျီတို့သည် စာဖတ်ခန်းသို့ သွားကြသည်။

စာဖတ်ခန်းသို့ လူကြီးသုံးယောက်အနောက်ကို လိုက်ဖို့ပြင်နေသေည ကလေးနှစ်ယောက်ကို ရှောင်းကော လှမ်းတားလိုက်သည်။ ထို့နောက်မှာ ကလေးတွေကို အိပ်ခန်းဆီကို ပြန်ပို့ပေးလိုက်တော့သည်။

သူတို့သုံးယောက်တွင် ဆွေးနွေးစရာ ကိစ္စတွေ ရှိနေလောက်မည်။ ကျွမ်းကျွမ်းနှင့် ရှောက်ယိတို့ သွားမနှောက်ယှက်မိတာ ပိုကောင်းမည်။

ကလေးနှစ်ယောက်သည် ရှောင်းကောနှင့် အိပ်ခန်းသို့ ပြန်ရောက်သောအခါတွင် ရှောက်ယိသည် ပစ်လှဲချလိုက်ပြီး သူ့၏ ဒေါ်သတွေကို အိပ်ယာပေါ်သာ ပုံချလိုက်သည်။ ဘာတွေ ဖြစ်နေလဲ ရှောင်းကော နားမလည်နေသည့်အတွက် ကျွမ်းကျွမ်းသည် ဘေးမှ လာရှင်းပြပေးသည်။

“ မနေ့က တစ်ယောက်ယောက်က ရှောက်ယိကို ပြန်ခေါ်သွားချင်ခဲ့တယ်။ ဒါပေမဲ့ ရှောက်ယိက ဒီကအစားအသောက်တွေက အရမ်းကောင်းတယ်လို့ ပြောပြီး ပြန်သွားဖို့ ငြင်းခဲ့တယ်။ ဒါကြောင့် သူ့အဖေ ဒီနေ့ ရောက်လာတာ”

ကျွမ်းကျွမ်း၏ ရှင်းပြမှုအပြီး နောက်ဆုံးတော့ ရှောင်းကော နားလည် သွားခဲ့ပြီဖြစ်သည်။

“ ရှောက်ယိ?” ရှောင်းကောသည် သက်ပြင်းချပြီး ထိုကောင်လေး လှဲနေသော အိပ်ယာအနားကို လျှောက်သွားလိုက်သည်။ သူမသည် ကလေး၏ အနားကို ထိုင်ချလိုက်ပြီး တစ်ချက် တို့ကြည့်လိုက်သည်။

“ ရှောက်ယိ?”

အကြိမ်ရေတစ်ချို့ ခေါ်ပြီးတာတောင်မှ ရှောက်ယိဘက်က ပြန်မဖြေလာခဲ့ပေ။ သူမ ကောက်ပွေ့လိုက်ပြီး လက်မောင်းထဲ ထည့်ထားလိုက်သည်။

“ ရှောက်ယိ သားဘာလို့ သားဖေဖေကို မကြိုက်တာလဲ ပြောလို့ရမလား?”

မျက်နှာကို ကာထားသော ရှောက်ယိ၏ လက်တွေကို ရှောင်းကော ဆွဲဖယ်လိုက်သည်။ မျက်မှောင်ကြုတ်နေသော ကောင်လေးကို သူမ တည့်ပဲ မေးပစ်ခဲ့သည်။

“....”

ရှောက်ယိ ဘာမှ ဆက်မပြောလာဆဲပင်။

ဒါကိုမြင်တဲ့အခါမှာ ရှောင်းကောသည် ကူကယ်ရာမဲ့စွာပဲ သက်ပြင်းချနိုင်တော့သည်။ သူမက ဝမ်းနည်းချင်ယောင်ဆောင် လိုက်ကာ ပြောလိုက်သည်။

“ ကောင်းပြီ ဒါဆို ရှောက်ယိ ဘာမှမပြောလဲ ရပါတယ်။ အဒေါ်တို့က သူငယ်ချင်းတွေကို ထင်နေခဲ့တာ။ အဒေါ် သားကို ကြိုက်သလို သားကလဲ ကြိုက်မယ်လို့လေ။ ဒါပေမဲ့လဲ ကြည့်ရတာ စိတ်ကူးယဥ်ခဲ့မိပုံပဲ”

ရှောက်ယိ၏ မျက်လုံးတွေသည် ပိတ်နေခဲ့တာ ဖြစ်သည်။ ရှောင်းကော၏ စကားကို ကြားသော အခါမှာ သူချက်ချင်းပဲ မျက်လုံးဖွင့်ပြီး ပူပင်စွာ ပြောလာသည်။

“ ဟုတ်ဘူး ဟုတ်ဘူး! သားကြိုက်တယ်! တစ်ကယ် ကြိုက်တာ! ရှောင်းကောကလဲ သားသူငယ်ချင်းပဲ!”

ရှောက်ယိ၏ ပူပင်တကြီး ပုံစံကိုကြည့်ပြီး ရှောင်းကော နူးညံ့စွာ ပြုံးလိုက်သည်။

“ ဒါဆို အခုန စကားပြောနေတုန်းက ဘာလို့ လျစ်လျူရှုခဲ့တာလဲ…”

ရှောင်းကောသည် စိတ်ပျက်နေသော အကြည့်နှင့် ပြောလိုက်ခြင်းဖြစ်သည်။

ရှောက်ယိချက်ချင်းပဲ ရှောင်းကောဘက်ကို လှည့်လာကာ ပြောလိုက်သည်။ “ မဟုတ်ဘူး! သားဒီတိုင်း အဲ့ဒီလူကို မတွေ့ချင်လို့…”

“အဲ့ဒီလူ?” ရှောင်းကော ကြောင်သွားခဲ့သည်။ “ ရှောက်ကျန်းကို ပြောတာလား?”

“ သားဘာလို့ သူ့ကို မကြိုက်တာလဲ?” သံပူနေတုန်း ရိုက်ဖို့ရန် ရှောင်းကော ကြိုးစားလိုက်သည်။

“ ဘာလို့.. ဘာလို့ဆို…”

ရှောက်ယိသည် အစက ဒေါ်သထွက်နေခဲ့သည်။ သူ့အဖေ၏ အပြစ်တွေကို ပြောချင်ပေမဲ့ အချိန်အကြာကြီး ရပ်နေပြီးဘာမှ မပြောနိုင်ခဲ့ပေ။ တစ်ဖြည်းဖြည်းနှင့် ရှောက်ယိသည် တည်ငြိမ် လာပြီး မေးလိုက်မိသည်။ “ ဟုတ်တယ်။ ငါဘာလို့ မုန်းနေတာလဲ?”

“သူ ငါ့ကို ကောင်းကောင်း ဂရုမစိုက်လို့လား?

ဟုတ်ဘူး သူ ငါ့ကို ကောင်းကောင်း ဂရုစိုက်တယ်…”

“ သူ ငါ့ကို မချစ်လို့လား? ဟုတ်ဘူး သူ ငါ့ကို အရမ်းချစ်တယ်။ ငါက သူ့ရဲ့နှလုံးသားလို့ သူပြောခဲ့တယ်။ ငါမရှိရင် မနေနိုင်ဘူးဆိုပြီး..”

“ ဒါဆို ငါဘာလို့ သူ့ကို မုန်းနေတာလဲ..”

ရှောက်ယိ၏ မျက်လုံးထဲတွင် ရှုတ်ထွေးမှုတွေ ပြည့် လာ သည်။ 'သူဘာလို့ မုန်းနေမိတာလဲ? သူ့အဖေကို တစ်ကယ်ပဲ မုန်းနေတာလား?'

ရှောက်ယိ၏ ခေါင်းထိပ်လေးကို ရှောင်းကော ပုတ်ပေးလိုက်ပြီး ရှုတ်ထွေးနေသော မျက်လုံးလေးများထဲ စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် ဖြေးဖြေးချင်း ပြောပြလိုက်သည်။

“ ရှောက်ယိဘာလို့ သူ့ကို မုန်းတာလဲ? သားငယ်ငယ်လေးတုန်းက သူက သားနဲ့ အတူတူမရှိခဲ့လို့လား?”

ရှောက်ယိနှင့် ကျွမ်းကျွမ်းသည် အလွန်တူသည်။ ဖခင်တွေ၏ ပျက်ကွက်မှုကို ဆင်ခြင်တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ တစ်ကယ်ကျတော့ သူတို့သာ ဖခင်နှင့် အချိန်ပိုဖြုန်းဖို့ အခွင့်အရေးရခဲ့လျှင် ဖခင်တွေ အပေါ် သူတို့ရဲ့ လေးစားမှုက ရှိနေဆဲ ဖြစ်သည်။

ရှောက်ယိ ခေါင်းညိတ်လိုက်သည်။ “ ဟုတ်တယ် ဟုတ်တယ် တစ်ကယ်တော့ သားသူ့ကို မမုန်းပါဘူး။ ဒီတိုင်း..”

“ သား မသိလိုက်ပဲ ဒီတိုင်း ရှောင်နေမိတာပေါ့?”

ရှောင်းကောသည် ရှောက်ယိကိုယ်စား စကားကို အဆုံးသတ် ပေးလိုက်ပြီး သေချာမှုများနှင့် ကြည့်ပေး လိုက်သည်။

ရှောက်ယိသည် အဆက်မပြတ် ခေါင်းညိတ် လာခဲ့သည်။ “ ဟုတ်တယ်!”

သူမတို့ စကားပြောနေသည်ကို နားထောင် နေခဲ့သော ကျွမ်းကျွမ်းလဲ အမြန် အရှေ့တိုးလာခဲ့သည်။ “ ငါ့လိုပဲ”

ရှောက်ယိ၏ စိတ်ဝင်စားမှု ပြောင်းသွားတော့သည်။ သူသည် ထိုနေရာကနေ ကျွမ်းကျွမ်းနှင့် အတွေးများ စတင် ဖလှယ်နေကြသည်။

ကလေးနှစ်ယောက်ကို မနှောက်ယှက်ပဲ ရှောင်းကော အပြင်ကို ထွက်ပေးလိုက်သည်။ ကလေး နှစ်ယောက်ကို အချိန်ခဏ ပေးလိုက်မည်။ အချင်းချင်း စကားပြောကြတာ ပိုကောင်းမည်။

…….

ရှောင်းကော သူမ၏ အခန်းသို့ ပြန်သွားနေစဥ်တွင် စာဖတ်ခန်းမှ ပြန်လာသော လူတစ်စုနှင့် တွေ့လိုက်ရသည်။ ရှောက်ကျန်း၏ ပုံစံက ပြန်တော့မည့်ပုံမို့ ရှောင်းကောသည် အခန်းကို အမြန် ပြန်သွားပြီး ရှောက်ယိကို ခေါ်လိုက်သည်။

“ ဟုတ်ပြီ ပြန်ကြစို့။ အေးနေပြီ”

ရှောက်ကျန်းသည် သူ့ဘေးရှိ လူတစ်ချို့ကို ကြည့်လိုက်သည်။ ထို့နောက်မှာ သူ့၏ ပုံစံသည် တစ်ခုခုကို ရှာဖွေနေသကဲ့သို့ပင်။ နောက်ဆုံးတွင် ထောင့်နား၌ ရပ်နေသော ပုံရိပ်အသေးလေးကို သူမြင်လိုက်ရသည်။

“ သူ မထွက်လာတော့ဘူး ထင်နေခဲ့တာ..”

ရှောက်ကျန်းသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်လိုက်သည်။

ထိုအရာကိုမြင်တော့ ရှောက်ယိလဲ သူနှင့် အတူ လိုက်ရယ်လိုက်သည်။

ရှောက်ကျန်း မြင်သောအခါမှာ သူ ပျော်ရွှင်စွာ ပြုံးလိုက်သည်။ ထို့နောက်မှာ သူ မျက်လုံးထဲ၌ မျက်ရည်တွေ ချက်ချင်းပဲ ပြည့်လာခဲ့သည်။

မျက်ရည်တွေ စီးကျမလာခင်မှာပဲ ရှောက်ကျန်း ချက်ချင်း အနောက်ကို လှည့်ပြီး ရထားလုံးထဲသို့ ဝင်လိုက်တော့သည်။ ထို့နောက်တွင် တုန်ရီနေသော အသံကို ကြိုးစား ထိန်းချုပ်ကာ ပြောလိုက်သည်။

“ …. ပြန်မယ်”

ရထားလုံးနှင့်အတူ စစ်သည်တစ်ချို့သည် လျင်မြန်စွာ ထွက်ခွာသွားကြသည်။

ထွက်ခွာနေသော ရထားလုံးကို ကြည့်နေပေမဲ့ ရှောက်ယိ၏ မျက်လုံးထဲတွင် အစောက ပုံရိပ်တစ်ချို့သာ ထပ်ခါ ထပ်ခါ မြင်ယောင် နေမိသည်။ သူသည် မြေပြင်တွင် သံမှိုဆွဲ နေမိကာ ပြောလိုက်သည်။ “ ငါသေချာမြင်လိုက်တယ်..အဲ့ဒါ မျက်ရည်…”

ရထားလုံး ထွက်သွားတော့ ကလေးနှစ်ယောက်ကို အိမ်ထဲ ပြန်ခေါ်ဖို့ရန် ရှောင်းကော ကြည့်လိုက်သောအခါမှာ ထိုနေရာတွင် အမြစ်တွယ်နေသော ရှောက်ယိကို သူမ မြင်လိုက်ရသည်။ ကလေးသည် ရုတ်တရက် အဖေနှင့် ခွဲရမှာ တွန့်ဆုတ်နေသည်လို့ တွေးမိတော့ သူမ နှစ်သိမ့်စွာ ခေါင်းလေးကို သပ်ပေးလိုက်သည်။

ကျန်းတန်းဟယ် အနောက်ကို လှည့်လိုက်သော အခါမှာ ရှောင်းကော အင်္ကျီ ပါးပါးလေးသာ ဝတ်ထားသည်ကို သူမြင်လိုက်ရသည်။ သူ သူမကို စိုးရိမ်သွားပြီး ပြောလိုက်သည်။ “ မြန်မြန် အိမ်ထဲ ပြန်ဝင်ကြစို့”

ကျန်းတန်းဟယ် ဆိုလိုချင်တာကို ရှောင်းကော နားလည်သည်မို့ ခေါင်းညိတ်ပြလိုက်ပြီး ကလေး နှစ်ယောက်နှင့် အိမ်ထဲ ပြန်ဝင်သွား လိုက်သည်။

…..

နောက်တစ်နေ့မနက်တွင် ရှောင်းကောသည် ဖိနပ်ချုပ်ရင်း အချိန်ကုန်ဆုံးနေခဲ့သည်။ တစ်နေ့နှင့် တစ်ည ကြိုးစားပြီး နောက်ဆုံးတွင် ဖိနပ်တစ်စုံ ပြီးတော့မည်ပင်။

“ မေမေ မေမေ”

ရှောင်းကောဆီသို့ ကျွမ်းကျွမ်း အပြေး ရောက်လာသည်။

ရှောင်းကောသည် ဖိနပ်တွေကို အောက်ချလိုက်ပြီး ပြေးလာလို့ မောနေတဲ့ ကလေးကို နောက်ကျော ပုတ်ပေးကာ မေးလိုက်သည်။ “ ဘာဖြစ်လို့လဲ? ဘာလို့အခုလို အလောတကြီး ဖြစ်နေရတာလဲ?”

ကျွမ်းကျွမ်းသည် အသက်လုရှူရင်း ပြောလိုက်သည်။

“ သား တရားသူကြီးလျိုကို အခုတင် တွေ့လိုက်တယ်။ သားတို့ မနက်ဖြန် ပြန်ကြမယ်လို့ ပြောနေတယ်”

ကျွမ်းကျွမ်း၏ အသံထဲတွင် ပျော်ရွှင်မှုနှင့် တွန့်ဆုတ်မှူတို့ ပြည့်နေခဲ့သည်။ “ သား အိမ်ပြန်ရောက်ရင် ရှောက်ယိနဲ့ ဖေဖေ့ကို တွေ့လို့ မရတော့ဘူး”

ထိုစကားလုံးတွေကြောင့် ရှောင်းကော၏ ဝမ်းဗိုက်ထဲ အောင့်လာသလိုပင်။ “ သူ အခု ဘယ်မှာလဲ?”

All Chapters