အခန်း (၁၆၅)
Vol. 11 Ch. 165
ဒီအကြောင်းကို သူမပိုတွေးလေလေ အဲ့တာက ဖြစ်နိုင်ခြေရှိလေလေပင်။
ကလေးမွေးရတဲ့ ရည်ရွယ်ချက်က လူကြီးတွေ တစ်ယောက်ယောက်နဲ့ ကစားဖို့ပဲ။ ရည်ရွယ်ချက် ရှိတဲ့ အဲဒီ ဗီဒီယိုတွေမှာ မိဘ တော်တော်များများက ဟာသဖြစ်နေတာမဟုတ်လား။ ရှောင်းကောက သူမ ဒီကိစ္စကို စဉ်းစားနိုင်တယ်လို့ ခံစားရသည်။
ကျွမ်းကျွမ်းက သူ့မိခင်အတွက် စွန့်လွှတ်အနစ်နာခံမှုများ ပြုလုပ်လိုသည်မှာ သေချာသည်။
ရှောင်းကောက အဲ့အကြောင်းကို ပိုတွေးလေလေ သူမ ပိုစိတ်လှုပ်ရှားလေလေပင်။ သူမအဝတ်အစားတွေကို တစ်ထည်ပြီးတစ်ထည် ခေါက်ခဲ့သည်။ မကြာမီ ကုတင်ပေါ်တွင် အရောင်စုံလင်တဲ့ အထည်နှစ်ထည်သာ ကျန်တော့သည်။ ပထမတော့ ရှောင်းကောက ၎င်းတို့ကို ထုပ်ပိုးမှုအဖြစ် အသုံးပြုရန် ရည်ရွယ်ထားသည်ဟု ထင်ခဲ့သည်။ သူမ ကောက်ယူလိုက်သောအခါတွင် ၎င်းတို့သည် လူကြီးအရွယ် ရိုးရာဝတ်စုံများဖြစ်ကြောင်း သူမတွေ့လိုက်ရသည်။
ဘေးမှာရပ်နေတဲ့ ကျန်းတန်းဟယ်က ရှောင်းကော နောက်ဆုံးမှာ အရေးကြီးဆုံးအဝတ်အစား အပိုင်းအစအား ရသွားတာကို မြင်လိုက်ရသည်။ သူ ချက်ချင်းပြောလိုက်သည်။ “အဲ့တာ မင်းအတွက်”
ရှောင်းကော အံ့သြတကြီးနဲ့ သူ့ကိုပြန်ကြည့်လိုက်သည်။ "တကယ်လား"
"ဒါပေါ့"
အဝတ်အစားအသစ်တွေကို မကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ။ အရမ်းလှတဲ့ ၀တ်စုံဆိုရင်ပြောမနေနဲ့ အမျိုးသမီးတွေက လက်ဆောင်တွေ ရတာ သဘောကျကြသည်။
ရှောင်းကောက အဝတ်အစားကို ကောက်ကိုင်လိုက်ပြီး အခန်းထဲရှိ ကြေးဝါရောင်မှန်ဆီသို့ သွားလိုက်သည်။ သူမရှေ့မှာ အဲ့တာကို ကိုင်ထားပြီး သဘောကျနေလေသည်။
အခုမှသူမ ကွက်ကွက်ကွင်းကွင်းမြင်တော့သည် အရောင်တွေက အရမ်းလှတယ်လို့ ထင်မိသည်။ အခုသူမ၏ ခန္ဓာကိုယ်ပေါ်တွင် ၀တ်ထားသည့် ၀တ်စုံ ပို၍ပင်လှပနေသည်။
"ဘယ်လောက်လှလိုက်လဲ!"
ရှောင်းကောက မှန်ထဲက အဝတ်တွေကို ကြည့်ပြီး သူမရဲ့ နှလုံးခုန်သံ ပြင်းပြင်းထန်ထန် ခုန်ပေါက်နေသည်။
"မှန်တယ်။ လှတယ်"
ကျန်းတန်းဟယ်က မှန်ထဲကိုကြည့်ပြီး ပြုံးကာ အသက်ဝင်နေတဲ့ မျက်နှာကို ကြည့်လိုက်သည်။ သူ့နှလုံးသားလည်း အရှိုင်းဆန်စွာ ခုန်နေခဲ့သည်။ ရှောင်းကောက ရုပ်ရည်ချောမောသူဖြစ်ကြောင်း သူ အမြဲသိထားခဲ့သော်လည်း သူမက သူထင်ထားတာထက်ပင် ပိုလှနေပုံရသည်။
ကျန်းတန်းဟယ် မှင်သက်သွားပြီး ရှောင်းကောကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။
ရှောင်းကောက ကျန်းတန်းဟယ်ကို အကြိမ်အနည်းငယ် ခေါ်ခဲ့သော်လည်း အကြောင်းပြန်လာခြင်းမရှိပေ။ သူမ အဲ့တာက ထူးဆန်းနေတာကို တွေ့လိုက်ရသည်။ မှန်ထဲမှာ သူက သူမကို ကြည့်နေသည်။ သူမ သူ့ကို ခေါ်နေတာကို သူဘာလို့ မတုံ့ပြန်တာလဲ။
"ကျန်းတန်းဟယ်"
ရှောင်းကော လှည့်လိုက်ပြီး အဝတ်အစားကို သူမရဲ့ ရင်ဘတ်၌ ပွေ့ဖက်ထားသည်။ ထို့နောက် သူမက မှင်သက်နေတဲ့ လူဆီ ချဉ်းကပ်သွားခဲ့သည်။
ကျန်းတန်းဟယ်၏ မျက်လုံးတွေက မှန်ထဲက ရှောင်းကော၏ ပုံရိပ်နောက်သို့ လိုက်သွားသည်။ သတိပြန်ဝင်လာသောအခါ ရှောင်းကော၏မျက်နှာက သူ့ရှေ့ရောက်လုနီးပါးဖြစ်နေသည်ကို သူသိလိုက်ရသည်။
လန့်ဖျပ်သွားပြီး ခေါင်းကို နောက်ကိုယိုင်လိုက်ကာ ရှောင်းကော ထပ်ထားတဲ့ အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ စုပုံပြီး ပြုတ်ကျသွားလေသည်။
ရှောင်းကောက သူ့ကို ကြောက်လန့်သွားစေဖို့ မမျှော်လင့်ထားပေ။ သူ အဝတ်ပုံထဲ ပြုတ်ကျတော့မည်ကို မြင်လိုက်ရသဖြင့် သူမ သူ့ကို ပြန်ဆွဲရန် လက်လှမ်းလိုက်သည်။ ဒါပေမယ့် သူက သူမထင်တာထက် အများကြီး ပိုလေးသည်—သူမ သူ့ကို တားဖို့ ပျက်ကွက်ခဲ့ရုံမက သူနဲ့ အတူ ဆွဲချခံလိုက်ရသည်။
ရှောင်းကောက ကျန်းတန်းဟယ်၏ ရင်ဘတ်ပေါ်သို့ လဲကျသွားပြီး နောက်ဆုံးတွင် သူနဲ့ မျက်နှာချင်းဆိုင် လှဲကျနေခဲ့သည်။ ဆံပင်အသုံးအဆောင်ပစ္စည်းတွေနဲ့ အဝတ်အစားတွေလည်း ပြိုကျသွားသည်။
ရှောင်းကော သက်ပြင်းချလိုက်သည်။ အရာအားလုံးကို နောက်ထပ် လုပ်ရလိမ့်မယ်ထင်တယ်...
ရှောင်းကောသည် အဝတ်ခေါက်ရန် တွေးနေစဉ်မှာပင် သူမ မျက်နှာပေါ်တွင် ယားယံခြင်းကို ရုတ်ချည်း ခံစားခဲ့ရသည်။
ထို့ကြောင့် ရှောင်းကောက ကုတ်ဖို့ သူမလက်ကို မြှောက်လိုက်သည်။ အဲ့တာ ဘာကြီးလဲဆိုတာကို သူမကြည့်ခါနီးမှာ ကျန်းတန်းဟယ်ရဲ့ အကြည့်တွေနဲ့ ဆုံသွားသည်။
သူ့မျက်လုံးတွေက ထူးဆန်းတဲ့ အလင်းရောင်များဖြင့် တောက်ပနေသည်။ သူတို့သည် ညကောင်းကင်တွင် အတောက်ပဆုံး ကြယ်များကဲ့သို့ ပြိုးပြိုးပြက်ပြက်နှင့် ဆွဲဆောင်မှုရှိနေခဲ့သည်။
သူ့အသက်ရှူသံက အရမ်းနီးကပ်နေပြီး ရှောင်းကော ရဲ့ ခန္ဓာကိုယ်အနှံ့ ထူးဆန်းတဲ့ခံစားချက်တစ်ခု ချက်ချင်းပျံ့နှံ့သွားပြီး သူမရဲ့နှလုံးကို ခုန်သွားစေခဲ့သည်။
ဒီအခိုက်အတန့်မှာ သူမ ဘယ်ရောက်နေလဲဆိုတာ သိလိုက်ရသည်။ ရှောင်းကော ထခါနီးတွင် ကျန်းတန်းဟယ်က သူ့လက်နဲ့ ဖိချလိုက်ကာ ရှောင်းကောကို သူ့ဆီသို့ ပြန်ဆွဲခေါ်ခဲ့သည်။
ထိုအချိန်တွင် လေထုက အေးခဲသွားပုံရသည်။
အေးမြသောလေနုအေးသည် အိပ်ယာကန့်လန့်ကာများကို ဖြတ်၍ လွင့်ပျံလာသည်။
ရှောင်းကော ကြောင်သွားကာ ဘာတွေဖြစ်နေတာလဲ မပြောနိုင်တော့ပေ။ သူမစိတ်တွေ ဗလာဖြစ်သွားပြီး ကျန်းတန်းဟယ်က သူမကို ယူဆောင်လာပေးတဲ့ စိတ်လှုပ်ရှားမှုကို လေးလေးနက်နက်နဲ့ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ရသည်။
ဤအရေးကြီးသောအခိုက်အတန့်တွင် ရှောင်းကော လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိသွားပြီး သူ၏ခံစားချက်များကြောင့် ကျော်လွှားခဲ့သော ကျန်းတန်းဟယ် ကို တွန်းထုတ်လိုက်သည်။
နှစ်ယောက်သား စိတ်တည်ငြိမ်အောင် ကြိုးစားခဲ့ကြသည်။ ရှောင်းကောကို မရှက်သွားစေဖို့နဲ့ သူ့ကိုယ်သူ အရူးလုပ်ခြင်းမှ ရှောင်ကြဉ်ရန်အတွက် ကျန်းတန်းဟယ်က အတွေးဖြင့် အိမ်မှထွက်ခဲ့ပြီး ရှောင်းကောကို သူမ၏ စိတ်ခံစားချက်များကို ဖြေရှင်းရန် တစ်ယောက်တည်း ထားခဲ့လိုက်သည်။
သူထွက်သွားပြီးနောက် ရှောင်းကောက သူ့ကိုယ်သူ စောင်ဖြင့် ခြုံထားလိုက်သည်။
ရှောင်းကော၏ နှလုံးသားက ရှက်ရွံ့မှုနှင့် ရှုပ်ထွေးမှုများဖြင့် ခုန်နေသည်။ သူမ နောက်ဆုတ်ကာ အကာအကွယ် ပေးနိုင်တဲ့စောင်ထဲတွင် ပုန်းနေရုံမှလွဲ၍ ဘာကိုမှ မလိုချင်တော့ပေ။
"ကျန်းတန်းဟယ်"
လီရှို့ကျီ အချိန်အတော်ကြာအောင် ရှာဖွေခဲ့သော်လည်း သူ့ကို မတွေ့ခဲ့ရပေ။ ထို့နောက် သူ့ကိုရှာရန် ရှောင်းကော၏ နေအိမ်သို့ သွားခါနီးတွင်၊ အနီးနားမှာ သူ့ကိုတွေ့လိုက်ရသည်။
ကျန်းတန်းဟယ်က စိတ်တည်ငြိမ်အောင် ကြိုးစားနေသည်။ လီရှို့ကျီ၏အသံကိုကြားတော့ သူက သူ့အဝတ်အစားများကို အမြန်ပြင်ဆင်လိုက်သည်။
"ဘာရှိလို့လဲ"
လီရှို့ကျီက ကျန်းတန်းဟယ်ကိုကြည့်ကာ အလွန်စိတ်ဝင်စားစရာကောင်းသည်ကို တွေ့လိုက်ရသည်။ "ဒါက ဘယ်လိုပုံစံမျိုးလဲဟ။ ဟားဟားဟား..."
ထိုလူက သူ့ကို အာရုံကင်းမဲ့စွာ ကြည့်နေဆဲပင်။ ကျန်းတန်းဟယ်က သူ့ကို ပါးရိုက်ဖို့ သေလုမျောပါး ဖြစ်နေသည်။ မခံမရပ်နိုင်ဖြစ်သည့်အခါ လီရှို့ကျီနဲ့ ဘယ်သူမှ မယှဉ်နိုင်ပေ။
"ဘာလဲ"
ကျန်းတန်းဟယ်က ခက်ခက်ခဲခဲနဲ့ သူ့ခြေထောက်ကိုပြောင်းလိုက်ပြီး လျစ်လျူရှုထားတဲ့ လီရှို့ကျီ ကို စိုက်ကြည့်လိုက်သည်။ သူ့ကို ထပ်မေးခဲ့ပေမယ့် သူ့အသံက ပထမအကြိမ်ကထက် ပိုစိတ်မရှည်တာ ထင်ရှားသည်။
လီရှို့ကျီက ထိလွယ်ရှလွယ် ဖြစ်တတ်တဲ့သူမဟုတ်သော်လည်း သူ၏နားတွေက စူးရှပြီး အန္တရာယ်လက္ခဏာများကို ဖမ်းယူဖို့တော့ လျင်မြန်သည်။ ထို့ကြောင့် သူက လေးနက်တဲ့ မျက်နှာထားနဲ့ပြောလိုက်သည်။ "မရီးနဲ့ ကျွမ်းကျွမ်းမနက်ဖြန် ပြန်လာမယ်လို့ ကြားတယ်"
လီရှို့ကျီက သူဘာကြောင့် ဒီလောက် အလျင်လိုနေရတာကို သတိရမိသည်။ တရားသူကြီး လျို ထွက်သွားတာကို သူ မြင်တော့ သူ အိမ်ထဲသို့ ဝင်ခဲ့သည်။ အဲဒီလူကိုမေးပြီးမှ ဘာတွေဖြစ်နေတာလဲဆိုတာကို သူသိခဲ့ရသည်။ သတင်းကြားပြီးနောက် သူက ကျန်းတန်းဟယ်ကို အမြန်လိုက်ရှာခဲ့တာ။
ကျန်းတန်းဟယ်က မြေပြင်ပေါ်တွင် အမြစ်တွယ်ရပ်နေပြီး သူမှန်တယ်ဆိုတဲ့အကြောင်း အသိအမှတ်ပြုရန် ညင်သာစွာ ခေါင်းညိတ်ခဲ့သည်။
လီရှို့ကျီ စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။ "ဒါဆို ငါ့မရီးရဲ့ ပြင်ထားတဲ့ အစားအသောက်ကို ငါထပ်ပြီး မခံစားနိုင်တော့ဘူးပေါ့"
အချိန်အတော်ကြာ အတူတူ ဖြတ်သန်းပြီးနောက် သူတို့ ထွက်သွားတာကို သူ မြင်ရဖို့ အနည်းငယ် ဝန်လေးသွားသလို ခံစားလိုက်ရသည်။
"စကားမစပ် နန်းတော်က စာတစ်စောင်ရောက်တယ်"
လီရှို့ကျီ တစ်ခုခုကို တွေးပြီး ခုနက ရရှိထားတဲ့ စာတစ်စောင်ကို ထုတ်လိုက်သည်။
ကျန်းတန်းဟယ်၏ မျက်နှာက ယခုအခါ မီးသွေးကဲ့သို့ မည်းမှောင်နေသော်လည်း စာအိတ်ကို ယူသွားခဲ့သည်။
"မင်းဘာလို့ ဖတ်ရမယ့်စာကို ချိုးလိုက်တာတုန်း"
လီရှို့ကျီက သူဘာကြောင့် ဒီလိုအပြုအမူတွေ လုပ်နေရတာလဲဆိုတာ တကယ်ကို နားမလည်ခဲ့ပါပေ။
“..…မင်းအလုပ်မဟုတ်ဘူး”
ကျန်းတန်းဟယ် တင်းတင်းမာမာပြောပြီး သူ့နဖူးပေါ်ရှိ သွေးကြောတွေက ဖောင်းလာသည်။
လီရှို့ကျီ သူ့ကို ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးချေ။ သူ နေမကောင်းဖြစ်နေတယ်လို့ ထင်ပြီး ရဲရင့်စွာ ရှေ့ကို လျှောက်ခဲ့သည်။
သူက ကျန်းတန်းဟယ်ကို စိုးရိမ်တကြီးနဲ့ ဆွဲကိုင်လိုက်ပြီး သူ့ကို သမားတော်ခေါ်ပြပေးဖို့အတွက် ထိုင်ခိုင်းလိုက်သည်။
"မလှုပ်နဲ့၊ ငါ့ကိုမထိနဲ့!" ကျန်းတန်းဟယ် လီရှို့ကျီကို အော်လိုက်သည်။ "ငါ နေကောင်းတယ် နေကောင်းတယ်။ နန်းတော်ကိုသွားတော့"
သူစကားပြောနေစဉ်တွင် သူက လီရှို့ကျီ ဆီသို့ ပြန်လှည့်ကာ စာကို ပေးလိုက်သည်။
ကျီရှို့ကျီက စိုးရိမ်တကြီးနဲ့ စာကိုယူလိုက်သည်။ ကျန်းတန်းဟယ် နေမကောင်းဖြစ်နေသည်မှာ ပို၍သေချာသည်။
"ဒါဆို မင်းတစ်ယောက်တည်း အဆင်ပြေလို့လား"
ကျန်းတန်းဟယ်က သူ လန့်ဖျပ်နေသေးသည်ကို မြင်လိုက်ရသောကြောင့် လက်ကို အားကြိုးမာန်တက် ဝှေ့ယမ်းကာ သူကို လမ်းကနေပျောက်သွားဖို့ အချက်ပြလိုက်သည်။
လီရှို့ကျီ နောက်ဆုံးတွင် ထွက်ခွာသွားသော်လည်း အလုပ်ကိစ္စပြီးသည်နှင့် သမားတော်ကိုခေါ်လာဖို့ စိတ်ကူးခဲ့သည်။
ကျန်းတန်းဟယ် နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့သည်။ လီရှို့ကျီ ထွက်သွားပြီးနောက် သူ ချက်ချင်းပင် အိမ်က သီးသန့်အခန်းကို ရှာဖွေခဲ့သည်။ သူ တံခါးကို သော့ခတ်ပြီး သူကြုံတွေ့နေရတဲ့ အခြေအနေတွေကို ထုတ်ဖော်လိုက်သည်။
ကျန်းတန်းဟယ် သူ့ကိုယ်သူ အားကိုးရာမဲ့စွာ ငုံ့ကြည့်နေသည်။ "ဒါက ခဏအတွင်း သက်သာသွားမယ့်ပုံမပေါ်ဘူး ဒါဆို ငါလုပ်မှဖြစ်တော့မယ်..." ကျန်းတန်းဟယ် က သူ့လက်တွေကို ကြည့်ပြီး အတွေးနက်နက်ထဲ ဝင်သွားသည်...
မွန်းတည့်ချိန် စာကြည့်ခန်းထဲ၌..
"ကျွမ်းကျွမ်း မင်းအဖေ ဘယ်မှာလဲ"
လီရှို့ကျီက သမားတော်နဲ့အတူ ပြန်ရောက်လာသည်။ ကျန်းတန်းဟယ်ကို လှည့်ပတ်ကြည့်ခဲ့သော်လည်း မတွေ့ပေ။ ထိုလူသည် နာကျင်မှုကြောင့် တစ်နေရာရာမှာ မူးလဲနေမည်ကို သူကြောက်သောကြောင့် အနည်းငယ် စိတ်ပူသွားသည်။
"သား သူ့ကို မမြင်မိဘူး"
ကျွမ်းကျွမ်း ခေါင်းယမ်းလိုက်သည်။ သူ စောစော ထမင်းစားတုန်းက သူ့မိဘတွေ အနားမှာ မရှိတော့ပေ။
လီရှို့ကျီ စိတ်အားထက်သန်စွာ ပြေးလွှားနေသည့် သမားတော်ကြီးကို ဆွဲကိုင်လိုက်ပြီး အိမ်၏ အခြားထောင့်သို့ ပြေးသွားခဲ့သည်။
"ကျန်းတန်းဟယ်!"
ကျန်းတန်းဟယ်သည် ရေချိုးပြီးသည်နှင့် လီရှို့ကျီရဲ့ ခေါ်သံကြားတဲ့အချိန်မှာ သူ့အဝတ်အစားတွေကို ၀တ်နေပြီ။
သူ ဝတ်ရုံကို အမြန်ဝတ်လိုက်သည်။ သူထွက်လာတော့လီရှို့ကျီက တော်တော်လေးကို အသက်ရှုထုတ်နေရတဲ့ အဘိုးကြီးအား အမြန်ဆွဲလာသည်ကို တွေ့လိုက်ရသည်။