အခန်း (၁၆၄)
Vol. 11 Ch. 164
“အာ? ကျွန်တော် လိုက်ရှာနေတာ ကြာလှပြီ။ ခင်ဗျားက ဒီမှာလာပြီး ရေချိုးနေတာပေါ့”
တုံးအပုံ ပေါက်ပေမဲ့ ကျန်းမာလှတဲ့ ကျန်းတန်းဟယ်ကို လီရှို့ကျီ ကြည့်လိုက်သည်။ သူ သက်ပြင်း တစ်ချက် ချလိုက်သည်။ 'ကျေးဇူးတော်ပဲ။ အဆင်ပြေနေသားပဲ။'
“ မြန်မြန် သမားတော်ကို ခဏလောက် ကြည့်ခိုင်းလိုက်ပါ”
ပြောပြီးတာနှင့် လီရှို့ကျီသည် လူနှစ်ယောက်ကို အခန်းထဲ ခေါ်သွင်းလိုက်သည်။
ကျန်းတန်းဟယ်သည် အခန်းထဲကို အရင် ဝင်လိုက်သည်။ သူ ပြောင်းထားတဲ့ အတွင်းဝတ်ကို ဖွက်ပြီးနောက်မှာ ပုံမှန်အတိုင်းပဲ စားပွဲပေါ်မှာ ဝင်ထိုင်လိုက်သည်။
“ ငါအဆင်ပြေတယ်”
ကျန်းတန်းဟယ် လီရှို့ကျီကို ရှင်းပြနေတာ ဆယ်ကြိမ်လောက်ရှိပြီပင်။ တစ်ဖက်လူက နားထောင်ရန် ငြင်းဆိုနေပြီး သူ့ကို သမားတော်နဲ့ နှလုံးခုန်နှုန်းကို စမ်းခိုင်းဖို့သာ လောနေခဲ့သည်။
သမားတော်သည် အခုမှ အသက်ရှုမလို့ လုပ်နေတုန်းမှာပဲ လီရှို့ကျီက သူ့ကို စတင်ပြီး ထပ်လောပြန်သည်။ သူ သွေးတွေ အန်ထွက်တော့မည်။ ဒါက အိမ်ခေါ်ကုတာလား သမားတော် မသေမချင်း ကုခိုင်းတာလား မသဲကွဲတော့ဘူး။ အလာလမ်းတုန်းကဆိုလည်း မောင်းတာ ကြမ်းတမ်းလွန်းတော့ သူ အန်မိတော့ မတတ် ဖြစ်ခဲ့ရသည်။
သူ့၏ အရှေ့က အလွန်ကျန်းမာသန်စွမ်းတဲ့ အမျိုးသားကိုကြည့်ရင်း သမားတော် အနည်းငယ် ကူကယ်ရာမဲ့လာတော့သည်။ ထိုအမျိုးသားရဲ့ မျက်နှာက အနီရောင်သန်းပြီး အလွန်ကျန်းမာပုံပေါက်သည်။ သူ အဘယ်ကြောင့် နှလုံးခုန် စမ်းပေးရအုံးမည်နည်း?
သို့ပေမဲ့လဲ သမားတော်တစ်ယောက်ရဲ့ တာဝန် သိစိတ်အရ သူ ကျန်းတန်းဟယ်၏ နှလုံးခုန်သံကို စမ်းပေးရပေမည်။
လီရှို့ကျီ တစ်ယောက် ခံစားချက်မဲ့နေသော ကျန်းတန်းဟယ်ကို ကြည့်ပြီး သူ့ခေါင်းကိုသာ ပူပင်စွာ ဖွလိုက်တော့သည်။ သူပဲ ကူပြီး ကျန်းတန်းဟယ်၏ လက်ကို ယူပေးကာ ခေါင်းအုံးပေါ် တင်ပေးလိုက်သည်။
ကျန်းတန်းဟယ်သည် လီရှို့ကျီကို တားမရတော့လဲ ငြိမ်ပြီးသာ နေပေးလိုက်တော့သည်။
သမားတော်က သူ့ရဲ့ မုတ်ဆိတ်ငုတိုလေးတွေကို တစ်ချက်သပ်ပြီး ကျန်းတန်းဟယ်ကို ဂရုတစိုက် သွေးခုန်နှုန်း စမ်းလိုက်သည်။
“ ဟာသပဲ!”
အဓိပ္ပါယ်မရှိသော ရလဒ်ကြောင့် သမားတော်က နှစ်ကြိမ်လောက် ဟိန်းလိုက်သည်။ သူ အလွန်ကို ဒေါ်သ ထွက်နေပြီ။
သူ့ရဲ့ အပြုအမူကြောင့် လူနှစ်ယောက် စိတ်ရှုတ်သွားသည်။
ထွက်သွားတော့မည့် သမားတော်ကို လီရှို့ကျီ အလျင်အမြန် မေးလိုက်သည်။ “ သမားတော်ကြီး မသွားပါနဲ့အုံး။ သူ့ရဲ့ ကျန်းမာရေး ဘယ်လို အခြေအနေ ရှိလဲ?”
ဘာလို့ သမားတော်က ဘာမှ မပြောပဲ ထထွက်သွားရတာလဲ?
“ ဟူး မင်းနဲ့ပတ်သတ်ပြီး ဘာမှ မူမမှန်တာ မရှိဘူး။ ဒီတိုင်း မင်းရဲ့ ကျောက်ကပ်တွေက သေလောက်အောင် အလုပ်လုပ်နေပြီး မင်းရဲ့ နှလုံးခုန်သံကလဲ သေလောက်အောင် အားပြင်းရုံပဲ။ ဒါပေမဲ့ ဒါက ပြဿနာ ကြီး မဟုတ်ပါဘူး။ တရားထိုင်ပြီး တည်ငြိိမ်အောင် လုပ်လိုက်ရင် ရပါပြီ”
ပြောပြီးတာနှင့် သမားတော်သည် ထထွက်သွားသည်။ သို့ပေမဲ့ သမားတော်သည် ပြန်လှည့်လာပြီး ပြောလိုက်ပြန်သည်။
“ ကြည့်ရသလောက်တော့ မင်းရဲ့ ဂနာမငြိမ်နေတာတွေ ပျောက်တော့မဲ့ပုံပါပဲ။ ဆေးသောက်ဖို့ မလိုတော့ဘူးရယ်”
ဒါနဲ့ပဲ ဆေးကုစရိတ်တောင် မတောင်းပဲ သမားတော်က ထွက်သွားပါတော့သည်။ ထွက်သွားရင် သမားတော်သည် သက်ပြင်း ချလိုက်ကာ ရေရွတ်လိုက်သည်။ “အာ… ဒီခရီးက…”
လီရှို့ကျီ နားမလည်ပေမဲ့ ကျန်းတန်းဟယ် နားလည်ပါသည်။ သူ့၏မျက်နှာက ရှက်ရွံ့မှုကို မဖုံးကွယ်နိုင်တော့ချေ။ တံခါးဝနားက သမားတော်၏ သက်ပြင်းချသံကိုပါ ကြားလိုက်တော့ သူတစ််ကယ်ကို ပျောက်ကွယ် သွားချင်တော့သည်။
လီရှို့ကျီ နားမလည်သော်ငြား ဒီကိစ္စရဲ့ ဟိုးအနက်ပိုင်းအထိ သူနားလည်သည်။ သို့ကြောင့်မို့ သမားတော်၏ အနောက်ကို အမြန် လိုက်လိုက်သည်။
ကျန်းတန်းဟယ် မတ်တပ်ရပ်လိုက်ပြီး ပြန်ခေါ်ချင်ခဲ့ပေမဲ့ သူ တံခါးဝနားကို ရောက်သော အခါမှာတော့ လူတစ်ယောက်ရဲ့ အရိပ်အယောင်ကိုတောင်မှ မတွေ့ရတော့ပေ။
သူ တံခါးကို ပိတ်ပစ်ပြီး အော်လိုက်သည်။ “ဒါဘာတုန်းကွ!”
သူ့မှာ အရွယ်ရောက်ပြီးသားဖြစ်နေတာ တောင်မှ ဒီလိုမျိူးကိစ္စကို အဖော်ထုတ်ခံရပြီး အရှက်ကွဲခံလိုက်ရသေးသည်။ သူ စိတ်တိုတိုနဲ့ ဖွက်ထားသော အတွင်းဝတ်ကို အိပ်ယာပေါ်ကို လွှင့်ပစ်လိုက်တော့သည်။
နေ့လည်စာချိန်မှာ ရှောက်ယိနှင့် ကျွမ်းကျွမ်းသည် ထမင်းစားခန်းက စားပွဲတွင် ထိုင်ကာ စားနေကြသည်။ ကလေးနှစ်ယောက်သည် အချင်းချင်း ရှုတ်ထွေးစွာ ကြည့်လိုက်ကြသည်။
“ ကျွမ်းကျွမ်း ဘာလို့ငါတို့ပဲ စားနေတာလဲ?”
“ငါမသိဘူး။ မေမေက ဗိုက်မဆာ သေးဘူးတဲ့။ ဖေဖေက မအားလို့တဲ့” ကျွမ်းကျွမ်းလဲ သိသလောက် ပြောပြလိုက်သည်။
“ ဦးလေးရှို့ကျီ ကကော?”
ဝမ်ရှောက်ယိလဲ ခေါင်းညိတ်လိုက်သည်။ လီရှို့ကျီ မရှိနေသေးဘူးလေ။
“ အွန်း ငါလဲမသိဘူး…သူက အိမ်မှာ မရှိဘူး”
ကျွမ်းကျွမ်းလဲ သေချာမသိကြောင်း ပြောရန် ခေါင်းရမ်းလိုက်သည်။ ကျွမ်းကျွမ်း ရှောင်းကောနှင့် ကျန်းတန်းဟယ်ကို သွားရှာသော အခါမှာ အသားဖြူဖြူ မုတ်ဆိတ်မွှေးနဲ့ လူတစ်ယောက်နှင့်အတူ ထွက်သွားသော လီရှို့ကျီနဲ့ တွေ့ခဲ့ရသည်။ ထိုကတည်းက လီရှို့ကျီ ပြန်မလာခဲ့တော့တာ ဖြစ်သည်။
ရှောက်ယိလဲ ပုခုံးကျုံ့ပြီး လက်မောင်းကို ဖြန့်ကာ လူကြီးတွေက တစ်ကယ် နားလည်ရ ခက်ကြောင်း အမူအရာနှင့် ပြလိုက်သည်။ အစားအသောက်တွေ ရှိနေတာတောင် တစ်ယောက်မှ မစားချင်နေကြဘူးပဲ။
“ ကျွမ်းကျွမ်း စားမယ်။ ငါတို့ပိုစားလို့ ရတယ်”
“အွန်း!”
ကြောင်မရှိလျှင် ကြွက်ထမည်။
ကလေးနှစ်ယောက်သည် နှစ်နာရီလောက်ကြာပြီးနောက်မှာ နောက်ဆုံးတော့ စားသောက်ခြင်း ပြီးစသွားခဲ့သည်။ စားပွဲတစ်ခုလုံးရှုတ်ထွေးနေသည်။ သူတို့ရဲ့ ကိုယ်တွေမှာပါ အသီးအနှံတွေ ဆန်ဖတ်တွေ ကပ်နေခဲ့လေသည်။ လက်နှစ်ဖက်လုံးက စွတ်ပြုတ်ရည်တွေ ပေနေပြီး လက်သည်းကြားတွင် ဆန်စိများ ညှပ်ဝင် နေခဲ့သည်။
ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိသည် ဖွခဲ့ပေမဲ့ ဘာကိုမှ မဖြုန်းတီးခဲ့ပေ။ ဆန်တွေ တစ်ချို့ ဖိတ်ကျပြီး စွပ်ပြုတ်ထဲမှ အရွက်တစ်ချို့ ကိုယ်ပေါ် ပေနေရုံတင်။
မီးဖိုခန်းရှိ အစေခံများက စားပွဲရှင်းဖို့ လာသော အခါမှာမြင်လိုက်ရသော မြင်ကွင်းကြောင့် မေ့လဲမတတ် ဖြစ်သွားခဲ့သည်။“ စားပွဲပေါ်မှာ စစ်ဖြစ်ထားတာလား? ရှုတ်ပွ နေတာပဲ!”
ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိသည် စာဖတ်ခန်းတွင် ဆက်ကစားနေချင်သေးပေမဲ့ စာရွက်ကိုထိလိုက်တာနှင့် သူတို့ရဲ့ ပေနေသော လက်များကြောင့် အရာတွေ ထင်ကုန်ခဲ့သည်။ ထိုအချိန်မှသာ ကလေးနှစ်ယောက်သည် လက်ဆေးဖို့ သတိရကြသည်။
လက်ဆေးပြီးနောက်တွင် ကလေးနှစ်ယောက်သည် အချင်းချင်း ကြည့်မိကြပြီး မျက်နှာပေါ်တွင် ပေပွနေသည်များကို နောက်ဆုံးတော့ မြင်တွေ့သွားခဲ့ပြီ။ သူတို့တွေ ရွံရှာစွာ အချင်းချင်း အနားကနေ ခွာလိုက်ကြသည်။
“ ကျွမ်းကျွမ်း ငါတို့ ရေချိုး ကြမလား?”
ရှောက်ယိသည် တွန့်ဆုတ်စွာ ပြောလာသည်။ သူတို့တွေ အစောက အလွန် ကစားထားသည်လေ။ ဒီလိုမျိုး ဖြစ်သွားမယ် မထင်ခဲ့ဘူး။ အခုတော့ စတင်ပြီး နေမထိထိုင်မသာ ဖြစ်လာရပြီ။
“ ဟုတ်ပြီ အိမ်ထဲဝင်ပြီး အင်္ကျီ ယူကြတာပေါ့”
ကျွမ်းကျွမ်း၏ အကြံက ကောင်းသည်။ ရှောက်ယိသည် ကျွမ်းကျွမ်းထက် ပိုအသက်ကြီးပြီး ကစားမက်ပေမဲ့ ကိစ္စတိုင်းကို ကျွမ်းကျွမ်းက ဦးဆောင်သူ ဖြစ်သည်။ ရှောက်ယိသည်လည်း ကျွမ်းကျွမ်းစကားကို အမြဲနားထောင်သည်။
ကလေးနှစ်ယောက်သည် အချင်းချင်းကြားကို ခြေတစ်လှမ်းစာလောက် ခွာပြီးမှ အိမ်ထဲကို အတူတူသွားပြီး အဝတ်သွားယူကြသည်။ အမှန်ပြောရလျှင် ယခုအချိန်တွင် သူတို့နှစ်ယောက်လုံးသည် အချင်းချင်း အလွန်ရွံရှာနေကြမိနေသည်..
အခန်းကို ရောက်သောအခါမှာ အိပ်ယာပေါ်တွင် ထိုင်နေသော ရှောင်းကောကို ကြည့်တောင်မကြည့်ကြပေ။ ကလေး နှစ်ယောက်လုံးသည် တန်းပြီး ကိုယ့်အိတ်ကို ဖွင့်ကြတော့သည်။
“ ဒီမှာ ရှောက်ယိ”
ကျွမ်းကျွမ်းက အဝတ်သန့်တစ်စုံကို အမြန်ရှာပြီး ရှောက်ယိကို လှမ်းပေးလိုက်သည်။ ထို့နောက်မှာ ရေချိုးနေရာကို မသွားခင် သူ့အတွက် တစ်စုံကို ထုတ်လိုက်သည်။
“ဟေးဟေးဟေး” ရှောင်းကော လှမ်းခေါ်လိုက်ရသည်။
အခုလေးတင် သူမ အတွေးထဲ နစ်မြောနေတုန်း တံခါးဖွင့်သံကို ကြားလိုက်ရသည်။ သူမ မော့ကြည့်တော့ ညစ်ပတ်အိုးနှစ်ယောက်ကို တွေ့ရသည်လေ။
ထိုအချိန်မှာ ရှောင်းကော မတွေးနိုင်တော့ပေ။ သူမအခု ခံစားနေနိုင်သည်ဆိုလို့ ဒေါ်သထွက်ခြင်းသာ။ ဒီကလေးနှစ်ယောက် မီးဖိုခန်ထဲမှာ ရန်ဖြစ်လာကြတာများလား?
ကလေးနှစ်ယောက်က အသံမပေးပဲ အခန်းထဲ ဝင်လာပြီး အဝတ်တွေထုတ်ပြီးတာနဲ့ ထွက်သွားဖို့ လုပ်တိုင်း သူမက လွှတ်ပေးမည် မဟုတ်ပါ။ ဘယ်လိုကြောင့် ဒီအခြေအနေ ရောက်လာလဲတော့ မေးမှကို ဖြစ်တော့မည်။
ကျွမ်းကျွမ်းနှင့် ရှောက်ယိ၏ ကျောတွေ တုန်သွားပြီး တံတွေးမြိုချမိကာ အချင်းချင်း ကြည့်လိုက်ကြသည်။
“ ပြေး!”
ကလေးနှစ်ယောက် ချက်ချင်း ပြေးတော့သည်။
ကလေးနှစ်ယောက်၏ မျက်နှာပေါ်က အပြစ်ရှိစိတ်ကို ရှောင်းကောမြင်လိုက်သည်။ ဒါကသူတို့၏ အပြစ်ကို ဝန်ခံလိုက်ခြင်းပင်။ သူမက ဘာဖြစ်ခဲ့လဲဆိုတာ မေးချင်ရုံတင် ဆိုပေမဲ့ ကလေးနှစ်ယောက်သည် ကြောက်ပြီး ထွက်ပြေးသွားကြသည်။ ရှောင်းကော သေချာလေး မေးရအုံးပေမည်။ အစောတင်ကမှ ကလေးတွေ ဒီနေ့ အရမ်း တိတ်ဆိတ်နေသည့်အတွက် တစ်ခုခုတော့ ဖြစ်နေတာပဲဟု တွေးနေခဲ့မိတာ ဖြစ်သည်။
ပထမတော့ ရှောင်းကောသည် အရင် ခေါ်ကြည့်သေး သည်။ ကလေးတွေ ပြန်မဖြေကြတော့ သူမ ထပြီး လိုက်ရှာရတော့သည်။
“ ကျွမ်းကျွမ်း! ရှောက်ယိ! ပြေးထားအုံးပေါ့! မိမှ မေမေဘာလုပ်မလဲ စောင့်ကြည့်နေ”
ကျွမ်းကျွမ်းနှင့် ရှောက်ယိသည် ခြေတံတို သော်ငြား တော်တော် သွက်ကြသည်။ ရှောင်းကော ခြေလှမ်း အမြန်လှမ်းပြီး သူတို့နောက်ကို လိုက်နေရသည်။ သို့ပေမဲ့ ထောင့်တစ်ခုမှာ သူမ တွေ့လိုက်တော့ ကလေးတွေကို မတွေ့ရတော့ပေ။
သူတို့ အဝေးကြီး မရောက်လောက်သေးတာကို မှန်းမိသည်မို့.. ဒီအနီိးအနားမှာ ပုန်းနေတာပဲ ဖြစ်လောက်မည်။ ဒါကြောင့်မို့ သူမ ဖြေးဖြေးချင်း သွားဖို့ ဆုံးဖြတ်လိုက်သည်။ သူမ ပတ်ပတ်လည်ကို တစ်ချက်ကြည့်ပြီး ထွက်သွားချင်ဟန်ဆောင်ကာ ထောင့်ကွယ်တစ်ခုတွင် ပုန်းပြီး ကလေးတွေကို စောင့်ကြည့်နေလိုက်သည်။
“ ကျွမ်းကျွမ်း အခုရပြီလား?”
သိပ်မကြာသေး.. ရှောက်ယိ၏ စကားသံ ထွက်လာသည်။
ရှောင်းကော သေချာနားထောင်ရင်း ထိုနေရာကို အာရုံစိုက်ပြီး ကြည့်လိုက်သည်။“အိုး ဒီတော့ အဲ့မှာပေါ့”
“ရှူး!”
ကျွမ်းကျွမ်းသည် ရှောက်ယိ၏ ပါးစပ်ကို အမြန်အုပ်ပြီး ပြောလိုက်သည်။ “စကားမပြောနဲ့အုံး”
ရှောက်ယိ ခေါင်းညိတ်ပြမှ ကျွမ်းကျွမ်း လွှတ်ပေးလိုက်သည်။
ခနအကြာမှာ ကျွမ်းကျွမ်းသည် ခေါင်းမော့ပြီး လှည့်ပတ်ရှာကြည့်လိုက်သည်။
ဒါကိုမြင်တော့ ကျွမ်းကျွမ်း မြင်သွားမှာစိုး၍ ရှောင်းကော အမြန်ပြန်ပုန်းလိုက်သည်။
ဒါပေမဲ့လဲ ကျွမ်းကျွမ်း၏ လှုပ်ရှားမှုကို ရှောင်းကော ပြန်ချောင်းကြည့်ရသေးသည်။ ကောင်လေးက တော်တော်လေး သတိကြီးသည်။ ဘယ်လိုထောက်လှမ်း ရမယ်ဆိုတာတောင် သိသည်။
အသံထပ်ကြားတော့ ရှောင်းကောသည် ဖြည်းဖြည်းချင်း ခေါင်းထုတ်လိုက်သည်။
“ ကျွမ်းကျွမ်း ဘယ်လိုလဲ? ငါစကားပြောလို့ ရပြီလား?”
“အင်း”
ကျွမ်းကျွမ်း ခေါင်းညိတ်ပြီး ရှောက်ယိကို စကားပြောနိုင်ကြောင်း အသိပေးလိုက်သည်။