← Chapters

ငါ့ကိုပြန်မပို့ရင် မင်းတို့ကိုသတ်ပစ်မယ်

Vol. 46 Ch. 682

ငါ့ကိုပြန်မပို့ရင် မင်းတို့ကိုသတ်ပစ်မယ်

Vol. 46 Ch. 682

တစ်ခါတုန်းက နိဗ္ဗာန်ကျွန်းမှာ ကမ္ဘာပေါ်ရှိ အခြားဖြစ်တည်မှုများထက် သာလွန်မြင့်မြတ်ပြီး ကမ္ဘာမြေပေါ်ရှိ နတ်ဘုံနတ်နန်းတစ်ခုဟုပင် ဆိုရလောက်အောင် ဆန်းကြယ်လှသော နေရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ ကမ္ဘာပေါ်ရှိ လူတိုင်းက ဤနေရာတွင် ကျင့်စဉ်များကို ကျင့်ကြံနိုင်ရန် အိပ်မက်မက်ခဲ့ကြပြီး မျိုးနွယ်စုပေါင်းများစွာအပေါ် လွှမ်းမိုးနိုင်သည့် ခမ်းနားထည်ဝါမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော် ယခုမူ မည်သို့ဖြစ်သွားလေပြီလဲ။ မိန်းမတစ်ယောက်ကြောင့်နှင့် ကြောက်ဖို့ကောင်းလှသော ကျန်းမုန့်လောင်ကို စော်ကားမိသွားသည့် ထိုသုန်းဝေ့ကြောင့်ပင်။

ယခုတော့ သူတို့မှာ ကမ္ဘာမြေထက်ရှိ နတ်ဘုံနတ်နန်းထဲမှ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာဦးလူသားများနှင့် ရောနှောနေထိုင်နေရသည်။ သူတို့အတွက် ဘေးကင်းလုံခြုံမှုဟူ၍ မရှိတော့ပေ။

သို့သော် ဤအချက်ကြောင့် တော်တော်များများမှာ အမှန်တရားတစ်ခုကို သိရှိခဲ့ရသည်။ ဘဝကို ပျော်နိုင်တုန်း ပျော်ထားရမည်။ ကျင့်ကြံနေတော့ရော ဘာထူးမည်နည်း။ ထိုကျင့်ကြံမှုများမှာ မိမိအသက်ကို နှစ်အနည်းငယ်မျှ ဆွဲဆန့်ပေးထားရုံမျှသာ တတ်နိုင်ပေသည်။ အကြွင်းမဲ့ငယ်ရွယ်မှုကိုတော့ မယူပေးနိုင်ပေ။

လောကီကမ္ဘာတွင် ပျော်ရွှင်စရာများ မပေါပေဘူးလား။ ဤနေရာတွင် ခြိုးခြံတတ်သော ဘုန်းကြီးတစ်ပါးနှယ် ဘာကြောင့်နေနေရမည်နည်း။

ဤအချက်ကို သဘောပေါက်လိုက်သဖြင့် ကျိုးပေါ်ချွမ်းလည်း အကြီးအကဲတချို့ကို ဦးဆောင်၍ သုန်းရှောင်း၏ဂိုဏ်းထဲက ခွဲထွက်ပြီး နိဗ္ဗာန်ကျွန်းထဲမှ ထွက်ခွာလာခဲ့ပြီး အခြားနေရာတွင် နေစရာအိမ်အသစ်တစ်ခုကို ရှာဖွေခဲ့သည်။

ဟွာရှားကို ပြန်ဖို့ကတော့ စဉ်းစားနေစရာပင် မလိုပေ။ ဤတစ်သက်တော့ မဖြစ်နိုင်တော့ပေ။ ထိုကပ်ဘေးနှင့်များ ကံမကောင်းအကြောင်းမလှ၍ ပြန်တွေ့ခဲ့ပါက သူတို့လည်း နိဗ္ဗာန်ကျွန်းထဲက နှင်ထုတ်ခံရုံသာမက ကမ္ဘာမြေပေါ်ကပါ နှင်ထုတ်ခံရမလားဆိုသည်ကို မသိနိုင်ပေ။ ထိုလူ၏တွေးခေါ်ပုံမျိုးနှင့်သာဆိုလျှင် ဤကမ္ဘာမြေပေါ်က နှင်ထုတ်ခံရနိုင်ခြေရှိသည်။

သူ့ကို ထိပ်တိုက်ရင်မဆိုင်နိုင်မှတော့ ရှောင်လို့ရတယ်မဟုတ်လား...

ဤသို့ဖြင့် သမုဒ္ဒရာ၏အခြားတစ်ဖက်ခြမ်းသို့ ရွက်လွှင့်၍ အမေရိကအထိ ရောက်လာခဲ့ကြသည်။

ကျန်းမုန့်လောင်တို့တစ်သိုက်နှင့် ယှဉ်လိုက်လျှင် ကျိုးပေါ်ချွမ်းနှင့် ထျန်းယွမ်အဆင့်သိုင်းပညာရှင်များမှာ ကြက်ပေါက်လေးများအလားပင်။ သူတို့ထဲတွင် အရည်အချင်းပြည့်ဝသူ တစ်ယောက်မှမပါပေ။ သို့သော် ဤဒုတိယကမ္ဘာတွင်မူ သူတို့က အနှိုင်းမဲ့ဆရာသခင်များပင်။ တရားဝင်အင်အားစုများနှင့် မြေအောက်ဂိုဏ်းများအကြား ထျန်းယွမ်အဆင့်ကို ကျော်ဖြတ်ထားနိုင်သူမှာ ယင်ဝူယီတစ်ယောက်သာရှိ၏။ သူသည် ဟွာရှားနိုင်ငံရှိ နတ်ဘုရားတမျှ ဖြစ်တည်မှုတစ်ခုပင်။

ဟွာရှားနိုင်ငံလို နိုင်ငံတိုင်း၏နယ်စပ်များတွင် စိတ်စွမ်းအားရှင်အဖွဲ့အစည်း သို့မဟုတ် သန္ဓေပြောင်းလူသားများက ကင်းလှည့်စစ်ဆေးကြသည်။ သူတို့က ကိုယ့်အစွမ်းကိုယ် မထိန်းချုပ်နိုင်ကြသဖြင့် အမေရိကရှိ စိတ်စွမ်းအားရှင်များက သူတို့ရောက်လာသည်နှင့် ချက်ချင်းသတိထားမိသွားသည်။

ဒုတိယကမ္ဘာ၏ စည်းမျဉ်းအရ အဆင့်ခုနစ်စိတ်စွမ်းအားရှင်အဆင့်နှင့်အထက်ရှိသူများအနေနှင့် အခြားနိုင်ငံထဲသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ခွင့်မရပေ။ အစီရင်ခံတင်ပြရသည်။ အန္တရာယ်မရှိကြောင်း အတည်ပြုရသည်။ ဝင်ခွင့်ရရန်အတွက် အရာရှိများကိုလည်း အမြဲစောင့်ကြပ်ခွင့်ပေးရမည်။

စည်းမျဉ်းဆိုသည်မှာ အားနည်းသူကို ထိန်းချုပ်ထားရန်အတွက်သာ။ ထျန်းယွမ်အဆင့်ကို ဟိုးယခင်ကတည်းက တက်လှမ်းနိုင်ခဲ့သော ကျန်းမုန့်လောင်ကတော့ လွတ်လွတ်လပ်လပ်ကမ္ဘာပတ်နိုင်ပေသည်။

ကျန်းမုန့်လောင်၏အမိန့်အောက်တွင် လှုပ်ရှားနေရသော ယဲ့ရင်နှင့်အခြားလူများမှာ အာရုံခံမှုများကို လွတ်လွတ်ကင်းကင်းရှောင်တိမ်းနိုင်ပြီး သာမန်လူများအဖြစ် ရုပ်ဖျက်နိုင်ကြသည်။

နောက်တစ်မျိုးကတော့ ကြီးမားလှသော အစွမ်းများကိုထုတ်သုံးပြီး ဤစည်းမျဉ်းများကို ချိုးဖောက်ပစ်သူများပင်။ ကျိုးပေါ်ချွမ်းက ထိုသို့သောလူစားမျိုးပင်။

သူတို့ အမေရိကသို့ ရောက်ရောက်ချင်းမှာပင် ပြည်တွင်းစိတ်စွမ်းအားရှင်အယောက်နှစ်ဆယ်ကျော်ထံမှ အဝိုင်းခံထားရသည်။ တိုက်ပွဲကြီးကြီးမားမားပင် မဖြစ်လိုက်ပါဘဲ မိနစ်ပိုင်းအတွင်းမှာပင် တော်တော်များများသေဆုံးကုန်ပြီး ဒဏ်ရာရသူက ရကုန်သည်။ စိတ်စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ ယာယီနည်းပြပင် သေလုမျောပါးရိုက်နှက်ခံလိုက်ရသည်။

သို့သော် သူတို့၏လာရင်းရည်ရွယ်ချက်ကို ပြောပြလိုက်ချိန်မှာပင် အမေရိကန်များလည်း ရယ်ချင်သွားရသည်။ ဤလူများက အမေရိကသို့ ပြောင်းရွှေ့နေထိုင်ချင်ကြခြင်းပင်။ သူတို့ကို အာဏာနှင့် ငွေကြေးသာ ထောက်ပံ့ပေးပါက စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ အမိန့်များကို နာခံရန်ပင် အသင့်ဖြစ်နေကြောင်း ဖော်ပြလာကြသည်။

သူတို့ကလည်း ငွေကြေးအလျှံပယ်ရှိကြသည်။ ယခုလိုအဆင့်မြင့်ဆရာသခင်များသာ စွမ်းအားရှင်မဟာမိတ်အဖွဲ့ထဲကို ဝင်ရောက်ပူးပေါင်းလာမည်ဆိုပါက သူတို့၏တိုက်ခိုက်ရေးစွမ်းအားက ဒုတိယကမ္ဘာတွင် အနှိုင်းမဲ့ဖြစ်သွားပေလိမ့်မည်။

သိပ်မကြာခင်တုန်းက ဟွာရှားနိုင်ငံရှိ သိုင်းနတ်ဘုရားက ထျန်းယွမ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဟူသော သတင်းကြောင့် သူတို့အားလုံး စိုးရိမ်ကြောင့်ကြနေခဲ့ရသည်။ ကမ္ဘာ့အင်အားမျှခြေက ပျက်စီးသွားပြီဖြစ်ရာ စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ အစွမ်းအထက်ဆုံးလူရှစ်ယောက်စလုံးက နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်ဖြစ်အောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေကြသည်။

သူတို့ဘက်က အခွင့်အလမ်းများကို ရှာဖွေနေခိုက် ကံကောင်းထောက်မစွာဖြင့် ထျန်းယွမ်အဆင့် ပညာရှင်များက သူတို့ဆီသို့ အလိုလိုရောက်လာခဲ့သည်။

အရေးအကြီးဆုံးမှာ ဤလူများက ဟွာရှားသွေးပါသော်ငြား နိဗ္ဗာန်ကျွန်းတွင် ကြီးပြင်းလာကြသူများဖြစ်သဖြင့် မျိုးချစ်စိတ်ဟူ၍ လုံးဝမရှိကြပေ။ ထို့ပြင် စုံစမ်းစစ်ဆေးကြည့်လိုက်သောအခါ သူတို့က ဟွာရှားနိုင်ငံထဲတွင် ဘာမှတ်ပုံတင်မှမရှိဘဲ လေလွင့်လူသားများနှယ် ဖြစ်နေပေသည်။

နောက်ကြောင်းရှင်းလှသော ဤနောက်ခံမျိုးနှင့် အစွမ်းထက်လှသောစွမ်းရည်များကြောင့် ဤလူများကို လက်ခံခြင်းမှာ သူတို့အတွက် ပိုလွယ်ကူသွားခဲ့သည်။

လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးနောက် အရာအားလုံးက ချောချောမွေ့မွေ့ပင် ဖြစ်ခဲ့သည်။ နောက်တစ်ရက်မှာပင် သူတို့လည်း အမြဲတမ်းနေထိုင်ခွင့်ကို ရရှိခဲ့ပြီး စွမ်းအားရှင်မဟာမိတ်အဖွဲ့ဝင်များ ဖြစ်လာကြသည်။

စွမ်းအားရှင်မဟာမိတ်အဖွဲ့တွင် အဓိကနည်းပြတစ်ယောက်နှင့် လက်ထောက်နည်းပြ၇ယောက်ရှိသည်။ ထျန်းယွမ်အဆင့်သိုင်းပညာရှင်များက လက်ထောက်နည်းပြရာထူးကိုသာ ရကြသော်ငြား နည်းပြချုပ်၏အမိန့်များကို နာခံစရာမလိုဘဲ အခြားလက်ထောက်နည်းပြများနှင့် တန်းတူအာဏာမျိုး ရလိုက်သည်။သို့ဖြစ်လေရာ မစ်ရှင်ကို လက်ခံမလား၊ လက်မခံဘူးလားဆိုသည်ကိုလည်း ကိုယ်တိုင်ရွေးချယ်ခွင့်ရသည်။ မစ်ရှင်တစ်ခုလုပ်တိုင်းလည်း ဆုလာဘ်အမြောက်အများရကြသည်။

ထျန်းယွမ်အဆင့်သိုင်းပညာရှင်များ၏ တပည့်များ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကလည်း အလွန်မြင့်မားလှသည်။

သူတို့၏သစ္စာရှိမှုကို ပြသရန်နှင့် သူတို့၏ခွန်အားကို သရုပ်ပြရန်အတွက် ရက်အနည်းငယ်အတွင်းမှာပင် နိုင်ငံပေါင်းများစွာရှိ စိတ်စွမ်းအားရှင်အဖွဲ့အစည်းများကို ရှင်းလင်းပစ်ခဲ့ကြပြီး လုံရှားအထူးတပ်ဖွဲ့ကိုပင် ထပ်ခါထပ်ခါရန်စနေခဲ့သည်။

သို့သော် သိပ်မကြာခင်မှာပင် ဤကိစ္စနှင့် ပက်ပင်းတိုးပါတော့သည်။ ကျန်းမုန့်လောင်၏ဘေးတွင် အစွမ်းထက်လှသော သိုင်းပညာရှင်တစ်ယောက်က စောင့်ကြပ်နေနိုင်သည်ဟု ထည့်တွက်ကာ ဘေးကင်းလုံခြုံရေးအတွက် သူတို့သည် ထျန်းယွမ်အဆင့်ငါးရှိသော ကျိုးပေါ်ချွမ်းကို အထူးတလည်ဖိတ်ကြားခဲ့ကြသည်။

ကျိုးပေါ်ချွမ်းကတော့ ရှေးဟောင်းသိုင်းပညာရှင်များက မာနကြီးပြီး ပိုက်ဆံလည်း မပြတ်လပ်ကြသည့်အတွက် ဤကိစ္စက သည်အတိုင်းပြီးသွားလိမ့်မည်ဟုသာ ထင်ခဲ့မိသည်။ တစ်ဖက်လူက အားနည်းသော သိုင်းပညာရှင်တစ်ယောက်ဟု ထင်ခဲ့မိသော်ငြား ယနေ့ပစ်မှတ်၏ဘေးတွင် ဤမျှအစွမ်းထက်သူတစ်ယောက် ရှိနေလိမ့်မည်ဟု လုံးဝထင်မထားချေ။

ရှိနေခဲ့လျှင်ပင် ထိုလူက သိုင်းနတ်ဘုရားကိုယ်တိုင်ဖြစ်နေမည်ဆိုလျှင်ပင် သူ့အတွက်တော့ သာမန်အဆင့်တစ်ထျန်းယွမ်သိုင်းပညာရှင်ဆိုသည်မှာ ပြိုင်ဘက်ဟုပင် မခေါ်ထိုက်ပေ။

သို့သော် ဤလူ့ကို ကာကွယ်ပေးနေသူမှာ ထျန်းယွမ်အဆင့်သိုင်းပညာရှင်မဟုတ်ပါဘဲ သူကိုယ်တိုင်က ထျန်းယွမ်အဆင့်သိုင်းပညာရှင်ပေါင်းများစွာထက် ပိုအစွမ်းထက်နေလိမ့်မည်ဟု မည်သူက ထင်ထားပါအံ့နည်း။

"ကျိုးပေါ်ချွမ်း.. ဒါက ငါတို့ရဲ့ ဒီနေ့မစ်ရှင်အတွက် ပစ်မှတ်ပဲ"

ထိုအချိန်တွင် ကားလ်က ပျက်ယွင်းနေသော ကျိုးပေါ်ချွမ်း၏အမူအရာကို သတိမထားမိဘဲ ပြောလိုက်သည်။

"သူ့ကိုဖမ်းလိုက်။ ပြီးရင် ငါတို့ ပြန်ပြီး သတင်းပို့လို့ရပြီ"

"မင်း မကြားဘူးလား။ ငါ့ကို မြန်မြန်ဖမ်းလေ။ မဟုတ်ရင် သတင်းပြန်ပို့လို့ရမှာမဟုတ်ဘူး"

"ကျန်း...မစ္စတာကျန်း.. မနောက်ပါနဲ့တော့ဗျာ။ ခင်ဗျားမှန်းသာ သိခဲ့ရင် ကျွန်တော် ခင်ဗျားကို ပြဿနာလာရှာမိမှာမဟုတ်ပါဘူး"

ကျိုးပေါ်ချွမ်းခမျာ တစ်ကိုယ်လုံးတုန်ယင်နေလေသည်။

သူ့ရှေ့ရှိ ဤလူမှာ မည်သူလေလဲ။ စွမ်းအင်ယူနစ်၄၀ကျော်ကို အသာလေးထုတ်သုံးနိုင်သူပင်။ သူ့အနေနှင့် ဤလူ့ကို မည်သို့ဖမ်းနိုင်မည်နည်း။

"ကျန်း.. မစ္စတာကျန်း မနောက်ပါနဲ့။ ကျွန်တော်တို့က ခင်ဗျားကို ဘယ်လိုလုပ်ပြီး ဖမ်းရဲမှာလဲ"

ကျိုးပေါ်ချွမ်းတစ်ယောက် ဦးနှောက်မပျက်သေးသရွေ့တော့ ကျန်းမုန့်လောင်ကို ရန်သွားစမည်မဟုတ်ပေ။

"ကြည့်စမ်း.. မင်းတို့က ငါ့ကိုဖမ်းဖို့အတွက် အမေရိကကနေ အာဖရိကအထိတောင် လာခဲ့ရတာ။ မလွယ်ဘူးလေ။ မင်းတို့လည်း စားဝတ်နေရေးအတွက် လုပ်နေရတာမလား"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။

"မြန်မြန်လုပ်.. ငါ့ကို မြန်မြန်ဖမ်းလိုက်တော့"

"နောက်တစ်ခါ အလုပ်လက်ခံရင် အသေးစိတ်အချက်အလက်တွေကို သေချာစစ်ဆေးမှပဲ"

ဤသည်မှာ ကြွားလုံးထုတ်ရမည့် အခွင့်အရေးတစ်ခုဟု ကျိုးပေါ်ချွမ်း ထင်လိုက်မိသည်။ သို့သော် သေစေနိုင်လောက်အောင် ထောင်ချောက်ကြီးတစ်ခု ဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။

"လောင်ကျိုး.. ခင်ဗျား ဘာဖြစ်နေတာလဲ"

သိမ်းငှက်ကိုမြင်လိုက်ရသည့် ကြက်ပေါက်လေးတစ်ကောင်နှယ် တုန်ယင်နေသော ကျိုးပေါ်ချွမ်းကိုကြည့်ပြီး ကားလ်လည်း ချက်ချင်းဆိုသလို ထိတ်လန့်သွားလေသည်။

အရှေ့တိုင်းကလာသည့် သိုင်းပညာရှင်ကျိုးပေါ်ချွမ်းက ထျန်းယွမ်အဆင့်သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း သူသိသည်။ ထိုလူ့ကို သူ အထင်သေးနေဆဲဖြစ်သော်ငြား ခွန်အားအရာ၌မူ ထိုလူသည် စွမ်းအားရှင်မဟာမိတ်အဖွဲ့တစ်ခုလုံးထက် သာလွန်ပေသည်။

ကျန်းမုန့်လောင်က ထိုလူ့ကို ဤမျှအထိ ကြောက်လန့်နေအောင် လုပ်နိုင်လေသလား။

"ပါးစပ်ပိတ်ထား"

ကျိးပေါ်ချွမ်းက အော်ဟစ်လိုက်၏။

"မင်းတို့က မစ္စတာကျန်းကို ဖမ်းရဲကြတယ်ပေါ့။ မင်းတို့ ရူးသွားတာလား။ ဒါမှမဟုတ် သေချင်နေတာလား"

"လောင်ကျိုး ဒါက..."

ကားလ်က ငတုံးတစ်ယောက်ဆိုလျှင်ပင် တည်ငြိမ်မှုပျောက်ဆုံးနေသော ကျိုးပေါ်ချွမ်း၏ပုံစံအရ ဤလူမှာ ကျိုးပေါ်ချွမ်းရင်ဆိုင်နိုင်သော လူတစ်ယောက်မဟုတ်ကြောင်း သိလိုက်သည်။

"မစ္စတာကျန်း.. ကျွန်တော်တို့မှားသွားပါတယ်"

ကျိုးပေါ်ချွမ်းလည်း အမှားကို ချက်ချင်းဝန်ခံပြီး တောင်းပန်လိုက်သည်။

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဘယ်လိုလျော်ကြေးမျိုးပဲလိုချင်လိုချင် ကျွန်တော်တို့ ကြိုစားပေးပါ့မယ်။ မသိလို့မှားမိတာမို့လို့ ဒီတစ်ခေါက်တော့ ကျွန်တော့်ဘက်က ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ"

"ငါက ပြန်မယ်လို့ပြောမိလို့လား"

ကျန်းမုန့်လောင်က သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"ငါ အခု စိတ်ပြောင်းသွားပြီ။ ငါ့ကိုကြိုးတုပ်ပြီး မင်းတို့ခေါင်းဆောင်ဆီ ခေါ်သွားစမ်းပါ"

"ဟင်"

ကျိုးပေါ်ချွမ်းခမျာ ကြက်သေသေသွားလေသည်။

"ချီးကိုဟင်လား"

ကျန်းမုန့်လောင်က ဆူပူလိုက်သည်။

"မင်းတို့ အခုချက်ချင်း ငါ့ကိုခေါ်မသွားဘူးဆိုရင် ဒီနေရာမှာ အကုန်လုံးကိုသတ်ပစ်မယ်"

All Chapters