← Chapters

ပိုက်ဆံက လက်ထဲမှာတောင် ကြာကြာမကိုင်ရသေးဘူး

Vol. 46 Ch. 685

ပိုက်ဆံက လက်ထဲမှာတောင် ကြာကြာမကိုင်ရသေးဘူး

Vol. 46 Ch. 685

ဟွာရှားနိုင်ငံ၊ ကျန်းနန်မြို့….

"မိန်းကလေးဟုန်းရီ… သခင်ဆီက အချက်ပြမရတာ သုံးနာရီလောက်ရှိပါပြီ"

"သိတယ်"

ဟုန်းရီက ခေါင်းညိတ်ပြလိုက်သည်။

"ဒီလူတွေက မစ္စတာကျန်းကို ခဏခဏသွေးတိုးလာစမ်းနေတာ။ သူတို့ကို မစ္စတာကျန်းက မရှင်းနိုင်ဘူးလို့များ ထင်နေကြတာလား။ အကုန် အဆင်သင့်ဖြစ်ပြီလား"

"အဆင်သင့်ဖြစ်ပါပြီ။ ကုန်သွယ်ရေးပညာရှင်အယောက်တစ်သောင်းနှစ်ထောင်က အဖွဲ့၈၉ဖွဲ့ခွဲပြီး ဈေးကွက်ထဲမှာ နေရာယူထားပါတယ်။ မိန်းကလေးရဲ့အမိန့်ကို စောင့်နေကြတာပါ"

"ကောင်းတယ်။ ဈေးကွက်ဖွင့်တာနဲ့ စစ်ဆင်ရေးကို ချက်ချင်းစလိုက်တော့။ ခဏလေးအတွင်းမှာတင် သူတို့ရဲ့အကောင့်တွေ ပြုတ်သွားတာကိုမြင်ချင်တယ်"

"ဟုတ်ကဲ့ပါ မိန်းကလေးဟုန်းရီ"

"စစ်ဆင်ရေးလျှို့ဝှက်ကုတ် - သုံးရောင်ခြည်စီမံကိန်း.. အားလုံး အသင့်ပြင်ထားကြ"

...

"အဲဒီကောင် ကျန်းမု်န့လောင်ကတော့…"

ဂရေ့ဗ်တစ်ယောက် ကျန်းမုန့်လောင်ကြောင့် ကုန်သွားသော ဘဏ္ဍာငွေများကို အတည်ပြုပေးပြီးနောက် ယခင်ကတည်းက ကျပ်တည်းနေသော နိုင်ငံတော်ရန်ပုံငွေမှာ သိသိသာသာလျော့နည်းသွားလေသည်။

ကံကောင်းချင်တော့ ပြည်တွင်းကားဝယ်ယူမှုများကို မိမိတို့၏ပြည်တွင်းငွေကြေးဖြင့် ပေးချေ၍ရသောကြောင့် တော်သေးသည်။ မဟုတ်ပါက သူတို့၏လက်ကျန်အရန်နိုင်ငံခြားငွေနှင့်သာဆိုလျှင် များများစားစားပေးနိုင်မည်မဟုတ်။

အစတုန်းက သူတို့ထံတွင် အမေရိကန်ဒေါ်လာဘီလီယံရာဂဏန်းခန့်သာ ရှိသော်ငြား အများစုက တောင်အာဖရိကဘဏ်ကြီးများထဲတွင် စီးဆင်းနေခြင်းပင်။ လွန်ခဲ့သည့်တစ်လကျော်က စစ်ဆင်ရေးကြောင့် ယခုဆိုလျှင် အမေရိကန်ဒေါ်လာလေးဆယ်ဘီလီယံငါးဆယ်ဘီလီယံခန့်သာ ကျန်တော့သဖြင့် သူတို့နိုင်ငံမှာ ယခင်ကထက် ပိုမွဲတေသွားသယောင်ပင်။

"ဒီလိုအချိန်မျိုးမှာသာ တစ်ယောက်ယောက်က ငါတို့ရဲ့နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်ကို တိုက်ခိုက်လာခဲ့ရင် ငါတို့ တောင့်ခံနိုင်မှာမဟုတ်ဘူး"

ဂရေ့ဗ်ခမျာ ခါးခါးသီးသီး ပြုံးလိုက်မိသည်။ သို့သော် ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်သည့်အတွက် မည်သူကမှ ရန်လာစရဲမည်မဟုတ်ချေ။

"ဒါပေမဲ့ ဒါက အဖြေမဟုတ်သေးဘူး"

ဂရေ့ဗ်လည်း ခဏလောက်စဉ်းစားနေမိသည်။ နို်ငငံ၏အင်အားက သာမန်လူများကို တားဆီးနိုင်သော်လည်း တကယ်တမ်းတွင် ကြောက်လန့်စေရန်အတွက် လက်ထဲတွင် "ကျည်ဆန်များ"ရှိနေရန် လိုအပ်သည်။

သို့သော် သာမန်ပြည်ပကုန်သွယ်ရေးကတစ်ဆင့် အမေရိကန်ဒေါ်လာအရန်ငွေကြေးကို ပြန်လည်စုဆောင်းရန်မှာ သမုဒ္ဒရာထဲက ရေတစ်စက်သာသာပင်။ ဟွာရှားနိုင်ငံက နိုင်ငံခြားငွေလဲလှယ်ရေးမှတစ်ဆင့် အမေရိကန်ဒေါ်လာထရီလီယံပေါင်းများစွာ စုဆောင်းနိုင်ခဲ့သည်ကို အားမကျလေနှင့်။ ၎င်းမှာ နှစ်ပေါင်းလေးဆယ်ကြာအောင် ကြိုးစားစုဆောင်းထားရသည့် ရလဒ်ပင်။

သို့သော် ငွေကြေးဆိုသည်မှာ လိုအပ်တိုင်း ဖန်ဆင်း၍ရနိုင်သော အရာမဟုတ်ပေ။ သူတို့၏လက်ရှိဈေးကွက်ပမာဏအရ သူတို့၏နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်ထဲသို့ ဒေါ်လာဘီလီယံရာဂဏန်းမျှ ဝင်လာလိုက်ရုံဖြင့် သူတို့မှာရှိသည့် ငွေနည်းနည်းလေးကို လုယူသွားရန် လွယ်ကူလွန်းလှသည်။ ထိုအခါ သူတို့နိုင်ငံ၏ငွေကြေးတန်ဖိုးကလည်း ကျဆင်းသွားပေလိမ့်မည်။

"ညွှန်ကြားရေးမှူး.. ကျွန်တော်တို့ဆီမှာ အမေရိကန်ငွေတိုက်စာချုပ်တွေ အများကြီးရှိတယ်မဟုတ်ဘူးလား"

ဂရေ့ဗ်၏လက်ထောက်က အကြံပြုလာလေသည်။

"အခုအချိန်က အရေးပေါ်ကာလဆိုတော့ ဒီစာချုပ်တွေကို အရင်ထုတ်ရောင်းပြီး အရန်ငွေကြေးကို အတိုင်းအတာတစ်ခုအထိရအောင် ဖြည့်တင်းပြီးမှ ပြန်ဝယ်လို့ရတာပဲ။ တကယ်တမ်းပြောရရင် အဲဒီစာချုပ်ရဲ့အတိုးကလည်း သိပ်များတာမှမဟုတ်တာ"

"အကြံကောင်းပဲ"

ဂရေ့ဗ်လည်း ခေါင်းညိတ်ပြလိုက်သည်။

"ငါတို့ဆီမှာ ငွေတိုက်စာချုပ် ဘယ်လောက်ရှိသေးလဲ"

"အမေရိကန်ဒေါ်လာ၂၄ဘီလီယံဝန်းကျင်ပါ။ အကုန်ထုတ်ရောင်းပစ်ဖို့ အကြံပေးချင်ပါတယ်။ ရင်းနှီးငွေများတဲ့ အုပ်စုတွေက ကျွန်တော်တို့ရဲ့နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်ထဲကို ဝင်မလာရဲပေမဲ့ ရင်းနှီးငွေနည်းတဲ့ ငွေကြေးကစားသမားတွေက အရမ်းသောင်းကျန်းနေပါတယ်။ ဒီလထဲမှာတင် နိုင်ငံတကာငွေကြေးကစားသမားတွေရဲ့ အမေရိကန်ဒေါ်လာနှစ်ဘီလီယံလောက် ကျွန်တော်တို့ဈေးကွက်ထဲကို ဝင်လာပါတယ်။ ဒီငွေတွေနဲ့ဆိုရင် ကျွန်တော်တို့တွေ သူတို့ကို အသာလေးပြန်ဝါးမျိုပစ်နိုင်ပါတယ်"

"မင်းပြောမှ သတိထားမိတယ်"

ဂရေ့ဗ် ရယ်မောလိုက်မိတော့သည်။ အမေရိကန်ဒေါ်လာ၂၄ဘီလီယံ ငွေတိုက်စာချုပ်၏နှစ်စဉ်အတိုးနှုန်းက ဒေါ်လာတစ်ဘီလီယံပင် မပြည့်ချေ။ ထိုငွေတိုက်စာချုပ်များကိုသာ ရောင်းချလိုက်ပါက နှစ်ဘီလီယံလောက် မြတ်နိုင်သည်ဖြစ်ရာ ဆွဲဆောင်မှုရှိလှပေသည်။

"ဒါဆိုလည်း လုပ်လိုက်ကြစို့။ ငါ အထက်လူကြီးတွေကို တင်ပြလိုက်မယ်။ ဒါက အရေးပေါ်ကာလဆိုတော့ အခုချက်ချင်းရောင်းပစ်လိုက်တာပေါ့"

"ဟုတ်ကဲ့"

အမေရိကန်ငွေတိုက်စာချုပ်မှာ တစ်နေ့လျှင် ဒေါ်လာခြောက်ရာဘီလီယံ၊ ခုနစ်ရာဘီလီယံလောက် အမြတ်ထွက်နေသည်ဖြစ်ရာ သူတို့ ဈေးကွက်ထဲသို့ ထည့်လိုက်သော အမေရိကန်ဒေါ်လာ၂၄ဘီလီယံမှာ ဘာဂယက်မှ ထမသွားစေနိုင်ပေ။

"ဟင်.. တစ်ယောက်ယောက်က ငါတို့စာချုပ်တွေကို ဒီလောက်မြန်မြန်ကြီး ဝယ်သွားတာလား"

သူတို့ အံ့ဩသွားသော်ငြား စိတ်ထဲတော့ ထည့်မထားပေ။

တကယ်တမ်းတွင် အမေရိကန်ဒေါ်လာ၂၄ဘီလီယံဆိုသည်မှာ များပြားလှသောအော်ဒါတစ်ခု မဟုတ်သည့်အတွက် နိုင်ငံတော်တော်များများက အသာလေးဝယ်ယူနိုင်စွမ်းရှိ၏။

တောင်အာဖရိကသာမက ယခင်တစ်ခေါက် စစ်ဆင်ရေးတွင် ကျန်းမုန့်လောင်ကို ပစ်မှတ်ထားခဲ့သည်ံ အဖွဲ့အစည်းများစွာလည်း ထိခိုက်နစ်နာခဲ့ရပြီး အချို့နိုင်ငံများဆိုလျှင် ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားသည့် အရန်နိုင်ငံခြားငွေများကို ညတွင်းချင်းဆုံးရှုံးလိုက်ရသည်။

ထို့ကြောင့် လူအများစုက ဤနည်းလမ်းကိုသာ စဉ်းစားမိကြသည်။ ကမ္ဘာတစ်ဝှမ်းတွင် အမေရိကန်ဒေါ်လာ၂၅ထရီလီယံတန်ဖိုးရှိသော ငွေတိုက်စာချုပ်များ ရှိပေသည်။ လူတိုင်း အင်အားနည်းနေကြချိန်မှာ ဤသည်ကပင် တစ်ခုတည်းသော လွတ်လမ်းဖြစ်၏။

ရွေးချယ်စရာမရှိပါချေ။ ငွေကြေးဈေးကွက်တည်ငြိမ်ရန်နှင့် နိုင်ငံခြားငွေကုန်သွယ်မှုအတွက် အမေရိကန်ဒေါ်လာကို လိုအပ်နေဆဲသာ။ အကယ်၍ အရန်နိုင်ငံခြားငွေသာ ပြတ်လပ်သွားပါက သူတို့အနေနှင့် နိုင်ငံတကာတွင် စီးပွားရေးလုပ်နိုင်တော့မည်မဟုတ်ပေ။

လွန်ခဲ့သည့်တစ်လအတွင်း ဈေးကွက်ထဲတွင် အမေရိကန်ဒေါ်လာ၂၀ဘီလီယံတန်ဖိုးရှိသော ငွေတိုက်စာချုပ်များကို ရောင်းချခဲ့ကြသည်။

ဤသည်မှာ ကောင်းမွန်သော လက္ခဏာတစ်ခုမဟုတ်ပေ။ အကယ်၍ ဤငွေတိုက်စာချုပ်ကို ဝယ်ယူမည့်လူမရှိပါက အကျိုးဆက်က ဆိုးဝါးသွားနိုင်သည်။

ဝယ်သူမရှိပါက အမေရိကန်ဒေါ်လာ၏ ယုံကြည်မှုတန်ဖိုးလည်း ထိုးကျသွားပြီး ငွေကြေးတန်ဖိုးကျဆင်းလာမည်ဖြစ်၏။ ရလဒ်အနေနှင့် ဒေါ်လာသုံးစွဲရသည့် နိုင်ငံများတွင် ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးပျက်ကပ်များ ဆိုက်ရောက်လာနိုင်သည်။

ဤအခြေအနေကြောင့် ထိုနိုင်ငံများလည်း ကြောက်ဒူးတုန်နေကြခြင်းပင်။ ၎င်းမှာ ရူးသွပ်မှုဖြင့် သေမင်းခံတွင်းဝသို့ သက်ဆင်းနေသည့်အလားပင်။

သို့သော် ထင်မှတ်မထားပါဘဲ ဤဝန်ထုပ်ဝန်ပိုးကို လက်ခံရန် ဆန္ဒရှိသူများ အမြောက်အများရှိနေပေသည်။ ဤသည်မှာ ကျန်းမုန့်လောင်ကို တိုက်ခိုက်ရာတွင် မပါဝင်ခဲ့သော ကျန်နိုင်ငံများက အခွင့်ကောင်းကို အမိအရဆုပ်ကိုင်၍ အမေရိကန်ငွေတိုက်စာချုပ်များကို ဝယ်ယူစုဆောင်းနေကြခြင်းဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ ဒေါ်လာငွေက ကမ္ဘာသုံးငွေကြေးဖြစ်နေဆဲပင်။ တန်ဖိုးက သိသိသာသာမကျဆင်းသရွေ့ လေးရာခိုင်နှုန်းကျော်သည့် အတိုးနှုန်းဆိုသည်မှာ မက်လောက်စရာပင်။

ဝယ်ယူသူများမှာ မတူညီသောအဖွဲ့အစည်းများက ဖြစ်သော်လည်း ဤလူအားလုံး၏နောက်ကွယ်တွင် ကျန်းမုန့်လောင်တစ်ယောက်တည်းသာ ရှိနေကြောင်းကိုမူ မည်သူမှ မသိကြပေ။

အမေရိကန်ဒေါ်လာ၂၀၇ထရီလီယံထဲတွင် သူသည် ၁၈ထရီလီယံတန်ဖိုးရှိသော ငွေတိုက်စာချုပ်များကို သိမ်းကျုံးဝယ်ယူခဲ့သည်။ ကျန်ပမာဏမှာမူ တစ်ဆင့်ခံဈေးကွက်တွင် အရောင်းအဝယ်လုပ်၍မရနိုင်သည့် စာချုပ်များပင်။

သူသည် ဤငွေတိုက်စာချုပ်များကို သိမ်းပိုက်ရန်အတွက် အမေရိကန်ဒေါ်လာ၁၈ထရီလီယံအထိ အကုန်အကျခံခဲ့သည်။

အခြားနိုင်ငံများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ငွေဖြင့် ပစ်ပေါက်၍ရသော်လည်း အကြီးမားဆုံးပြိုင်ဘက်ကတော့ ဤမျှမရိုးရှင်းပေ။ သူတို့၏ပြည်တွင်းသုံးငွေကြေးက ဒေါ်လာဖြစ်နေသည့်အတွက် သူတို့ကို ငွေကြေးနှင့်ဖိနှိပ်ရန်ဆိုပါ အမေရိကန်ဒေါ်လာထရီလီယံပေါင်းများစွာ လိုအပ်ပေသည်။ ထိုပမာဏကို ကိုင်ထားသည့်တိုင် သူတို့ကို အလဲထိုးရန် မသေချာသေးပေ။

...

"မိန်းကလေးဟုန်းရီ.. ကျွန်တော်တို့ အခု တစ်ဆင့်ခံဈေးကွက်ထဲက အမေရိကန်ငွေတိုက်စာချုပ်တွေအကုန်လုံးနီးပါးကို ဝယ်ပြီးပါပြီ။ ရောင်းချတဲ့နိုင်ငံအများစုက မစ္စတာကျန်းကို တိုက်ခိုက်ခဲ့တဲ့လူတွေပါ"

လက်ထောက်ဖြစ်သူက ပြောလာလေသည်။

"သူတို့ကတော့ အဲဒီတုန်းက ငွေတိုက်စာချုပ်တွေ ဝယ်ထားမိလို့ သူတို့ကိုယ်သူတို့ ဂုဏ်ယူနေကြမှာပဲ"

ဟုန်းရီက လှောင်ပြုံးပြုံးလိုက်လေသည်။

"ဒါပေမဲ့ သူတို့မသိတာက အဲဒီပိုက်ဆံတွေကို လက်ထဲမှာ နွေးအောင်တောင် မကိုင်ရသေးဘဲ ပေးပစ်လိုက်ရတော့မယ်ဆိုတာပဲ"

"မိန်းကလေးဟုန်းရီ...ခင်ဗျားရဲ့ဗျူဟာက အရမ်းမိုက်တာပဲ။ သူတို့တွေ လက်ကျန်ဒေါ်လာ ပြတ်လပ်နေမှန်းသိတော့ သူတို့ဆီမှာရှိသမျှ နိုင်ငံခြားအရန်ငွေအကုန်လုံးကို ဒီလိုနည်းနဲ့ အကုန်ထုတ်ပေးလာအောင် လုပ်လိုက်တာပဲ။ ဒေါ်လာ၂၀ထရီလီယံနီးပါးကိုသာ တစ်စုတစ်စည်းတည်းဖြစ်အောင် လုပ်လိုက်ရင် ပြန်ရင်ဆိုင်ဖို့ လွယ်မှာမဟုတ်ဘူး။ အခုလို တစ်ကွဲတစ်ပြားစီဖြစ်နေတော့ ကလေးလက်ထဲက သကြားလုံးလုလိုက်ရသလိုပဲ"

"ဟမ့်.. မစ္စတာကျန်းရဲ့ငွေက ယူဖို့လွယ်တယ်များ မှတ်နေတာလား။ သူတို့ကို ခဏလောက်တော့ ပျော်ခွင့်ပေးထားလိုက်ဦး။ ဈေးကွက်ဖွင့်တဲ့အချိန်ကို စောင့်နေလိုက်။ ငါတို့တွေ သူတို့ကို လက်ဆောင်အကြီးကြီးတစ်ခု ပို့ပေးရမယ်"

"သူတို့ဆီမှာ တစ်ပြားမှ မကျန်တော့ဘူးဆိုတာနဲ့ ငါတို့လက်ထဲက ငွေတိုက်စာချုပ်တွေကို ထုတ်ရောင်းပစ်လိုက်မယ်။ အဲဒီအချိန်ကျရင် ဘယ်သူဝယ်နိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။ အဲဒီအချိန်ကျရင် ဟဲဟဲ... အမေရိကန်ဒေါ်လာကလည်း တန်ဖိုးမရှိတော့ဘူးလေ"

"မိန်းကလေးဟုန်းရီ.. တောင်အာဖရိကစံတော်ချိန်မှာ ကိုးနာရီခွဲတော့မယ်"

"သူတို့ကများ အဲဒီစိတ်စွမ်းအားရှင်တွေကို ကူညီပေးရဲတယ်ပေါ့။ သူတို့နဲ့ အရင်စလိုက်ရအောင်။ နေရာယူထား။ သူတို့တွေကို အပြတ်ချေမှုန်းပစ်လိုက်တော့"

...

တောင်အာဖရိက၏ စံတော်ချိန်က ဈေးကွက်ဖွင့်ချိန်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် မျှော်လင့်ချက်ပျက်သုဉ်းခြင်းတို့ ကျရောက်လာလေတော့သည်။

"တီ တီ တီ..."

"ဂရေ့ဗ်ပါ"

"မစ္စတာဂရေ့ဗ် ကျွန်တော်တို့ရဲ့ငွေကြေးဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ၅၀ဘီလိယံလောက် ရုတ်တရက်ကြီး ဝင်လာပါတယ်။ ငွေလဲနှုန်းက ရုတ်တရက်ထိုးကျသွားလို့ ကျွန်တော်တို့ရဲ့ငွေကြေးတန်ဖိုးက အောက်ဆုံးကို ထိုးကျသွားပါပြီ"

"ဘယ်လိုဖြစ်တာလဲ။ အဲဒီရောင်းချသူတွေက ဘယ်ကရောက်လာတာလဲ"

"မသိပါဘူး။ ဒီအရောင်းအော်ဒါတွေက ဘယ်ကမှန်းမသိဘဲ ပေါ်လာတာ။ နောက်ထပ်ငါးဆယ်ဘီလီယံ ထပ်ဝင်လာပြန်ပြီ"

"မစ္စတာဂရေ့ဗ်... တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေါ်လာငွေလက်ကျန်က ၃၀ဘီလီယံတောင် မပြည့်ပါဘူး။ ကျွန်တော်တို့ ဆက်တောင့်ခံထားနိုင်မှာမဟုတ်ဘူး"

"ခဏနေဦး။ ငါ အခုချက်ချင်း အကူအညီတောင်းလိုက်မယ်"

...

"မစ္စတာဘိုဒစ်.. ကျုပ်တို့ရဲ့ငွေကြေးဈေးကွက် တိုက်ခိုက်ခံနေရတယ်။ ခင်ဗျားမှာ အရန်ဒေါ်လာငွေများ ရှိ..."

"ဘာ.. ခင်ဗျားတို့လည်း တိုက်ခိုက်ခံနေရတာလား။ အကောင့်တစ်ခုလုံး ပြုတ်သွားပြီလား"

"မစ္စတာဟင်မဲလ်.. ခင်ဗျား.."

"ဟင်.. ခင်ဗျားလည် ချေးငွေလိုချင်တာလား။ ခင်ဗျားဆီကိုလည်း ဒေါ်လာ၂၀၀ဘီလီယံ ဝင်လာတယ်ပေါ့"

...

ဖုန်းဆက်လိုက်တိုင်း သူ အကူအညီတောင်းလိုက်သည့်လူတိုင်းကလ်ညး အလားတူသေရေးရှင်ရေးအခြေအနေနှင့် ကြုံနေရသည်။ အရန်နိုင်ငံခြားငွေ ဒေါ်လာတစ်ရာဘီလီယံအောက်ရှိသော နိုင်ငံများမှာ ငါးမိနစ်အတွင်း ငွေခန်းသွားပြီး နည်းနည်းပိုများသော နိုင်ငံများမှာမူ အသည်းအသန်ရုန်းကန်နေကြရသည်။ တစ်ဖက်တွင်မူ သူတို့၏ပြိုင်ဘက်က အလျင်စလိုမနိုင်ပါဘဲ အေးအေးဆေးဆေးပင်။

All Chapters