← Chapters

ငါ့ကိုထိရဲလားလို့ သူတို့ကို သွားမေးလိုက်

Vol. 46 Ch. 686

ငါ့ကိုထိရဲလားလို့ သူတို့ကို သွားမေးလိုက်

Vol. 46 Ch. 686

"မစ္စတာဘရစ်တို... ခင်ဗျားလူက ခင်ဗျားကို တစ်ခုခုပြောချင်နေတဲ့ပုံပဲ"

စစ်ကြောရေးခန်းထဲတွင် ပိတ်လှောင်ခံထားရသော ကျန်းမုန့်လောင်သည် အကျဉ်းသားတစ်ယောက်နှင့်မတူဘဲ အလည်အပတ်လာရောက်သည့် ဘော့စ်တစ်ယောက်အလားပင်။

ဘရစ်တိုလည်း တစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့ဘေးတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ရှိနေကြောင်း မြင်လိုက်ရသည်။ ထိုလူ့ပုံစံမှာ တစ်ခုခုပြောချင်နေဟန်ရှိသော်ငြား တွေဝေနေပုံပင်။

"ဘာကိစ္စလဲ။ ပြောစရာရှိလို့လား"

ဘရစ်တိုက မေးလိုက်လေသည်။

"ဘရစ်တို"

ထိုလူက အနားသို့ကပ်လာပြီး ခပ်တိုးတိုးပြောလိုက်၏။

"အခုလေးတင် မဟာမိတ်နိုင်ငံ၁၃နိုင်ငံရဲ့ ငွေကြေးဈေးကွက် တိုက်ခိုက်ခံလိုက်ရတယ်။ သူတို့ရဲ့ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာနှစ်ထရီလီယံကျော် ထည့်ထားကြတာ။ နိုင်ငံလေးနိုင်ငံကတော့ ငါးမိနစ်မပြည့်သေးမှာတင် လုံးဝပြိုလဲသွားပါပြီ။ ကျန်တဲ့ကိုးနိုင်ငံကတော့ တောင့်ခံထားတုန်းပဲ.."

"မင်း ဘာပြောလိုက်တာလဲ"

အစောတုန်းကပြောသည့်စကားက အမှန်ဖြစ်ကြောင်း သိလိုက်ရသောအခါ ဘရစ်တိုက ကျန်းမုန့်လောင်ကို ကြည့်လိုက်လေသည်။

"မစ္စတာဘရစ်တို... ခင်ဗျားကိုကြည့်ရတာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သတိထားမိသွားပုံပဲ"

ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။

"အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။ ကျုပ်က ကိုယ့်အသက်ကိုယ်မြတ်နိုးပြီး သေရမှာကြောက်တယ်လေ။ ဒီတော့ ခင်ဗျားတို့တွေ ကျုပ်ကို သတ်ဖို့ကြိုးစားနေတဲ့အချိန်ကတည်းက အချိန်မရွေးတုံ့ပြန်နိုင်အောင် ပြင်ဆင်ထားတာ။ ဒီလက်ဆောင်လေးကို သဘောကျရဲ့လား"

"ဟမ့်.. ကျန်းမုန့်လောင်.. မင်းက အကျဉ်းချခံထားရတယ်ဆိုတာကို သတိရဦးနော်။ မင်းမှာ ငါတို့နဲ့ ညှိနှိုင်းပိုင်ခွင့်မရှိဘူး။ ဒီနည်းလမ်းတွေနဲ့ မင်းလွတ်နိုင်မယ်များ ထင်နေတာလား"

"ဪ.. ကျုပ်က လောလောဆယ်တော့ ဒီနေရာက ထွက်သွားဖို့ စိတ်ကူးမရှိသေးဘူး"

ကျန်းမုန့်လောင်က အေးအေးလူလူ ခြေချိတ်ထိုင်လိုက်သည်။

ကျန်းမုန့်လောင်၏စကားထဲရှိ "အခုလောလောဆယ်"ဟူသော စကားလုံး၏ အဓိပ္ပာယ်ကိုမူ ဘရစ်တို နားမလည်ခဲ့ပေ။ ကျန်းမုန့်လောင်က သူ့ကံကြမ္မာကို လက်ခံပြီး ဖြစ်လာမည့်အကျိုးဆက်များကို ရင်ဆိုင်တော့မည်ဟုသာ တွေးမိသည်။

"ကျုပ် ရေဆာတယ်။ ဖရာပူချီနိုတစ်ခွက်လောက်။ ဗနီလာအရသာနဲ့ ပွဲကြီးနော်။ မာကာရွန်လည်း ထည့်မယ်"

"ကျန်းမုန့်လောင်"

ဘရစ်တိုက စားပွဲကို ခပ်ကြမ်းကြမ်းရိုက်ချလိုက်သည်။

"ငါတို့က မင်းကို ညစာစားဖို့ ဖိတ်ထားတယ်များ ထင်နေတာလား"

"အဲဒီလိုပဲမဟုတ်ဘူးလား"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်၏။

""ခင်ဗျားတို့ကို အချိန်တစ်နာရီပေးမယ်။ အဲဒီအချိန်အတွင်း ကျုပ်ရှေ့မှာ မှာထားတဲ့အစားအသောက်တွေ ရောက်နေတာပဲမြင်ချင်တယ်"

"ကျန်းမုန့်လောင်... မင်းမှာ ငါတို့နဲ့ ညှိနှိုင်းပိုင်ခွင့်ရှိလို့လား"

ဘရစ်တိုက ပြောလိုက်လေသည်။

"ဒီလောက်လေးနဲ့ ငါတို့ကို ခြိမ်းခြောက်လို့ရမယ်ထင်လား။ မမေ့နဲ့နော်။ ငါတို့ရဲ့ငွေထုတ်စက်က အမေရိကန်ဒေါ်လာတွေကို ထုတ်တာ"

ဘရစ်တိုက သူ့အနောက်ရှိလူကို ပြောလိုက်၏။

"သူတို့အတွက် ငွေပမာဏနည်းနည်း ထုတ်ပေးဖို့ ဘဏ်တွေကိုပြောလိုက်"

"သေချာလား"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်၏။

"ခင်ဗျားမှာ အခု ပိုက်ဆံဘယ်လောက်ရှိလို့လဲ။ ငါးဆယ်ထရီလီယံလား။ ခြောက်ဆယ်ထရီလီယံလား။ ခင်ဗျားတို့မှာ နိုင်ငံတော်အကြွေးနှစ်ထရီလီယံကျော်တောင် ရှိနေတာ။ ပိုက်ဆံထပ်ချေးနေမယ်ဆိုရင် အကြွေးပြန်ဆပ်ဖို့တောင် ရန်ပုံငွေရှိလို့လား"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။

"ကျုပ်က ဒီတစ်ခေါက် အမေရိကန်ဒေါ်လာတစ်ရာကွာဒရီလီယံ ပြင်ဆင်ထားတာနော်။ သတ္တိရှိရင် အကုန်ထည့်လိုက်လေ"

"တစ်ရာကွာဒရီလီယံတဲ့လား"

ဘရစ်တိုလည်း ပင့်သက်ရှိုက်လိုက်မိသည်။ ငွေစက္ကူထုတ်လုပ်သည့်စက်က မည်သူ့အပိုင်လေလဲ။ အမေရိကလား။ ကျန်းမုန့်လောင်လား။ ဒေါ်လာတစ်ရာကွာဒရီလီယံဆိုသည်မှာ သူတို့နိုင်ငံ၏ငါးနှစ်စာဝင်ငွေပင်။ သူက ထိုပမာဏကို မည်သို့စုဆောင်းထားလေသလဲ။ ထို့ပြင် ငွေသားချည်းသက်သက်လည်း ဖြစ်နေပြန်သည်။

"တကယ်တော့ အစတုန်းက အဲဒီလောက်အထိ မရှိဘူး"

ကျန်းမုန့်လောင်က ဆိုလာလေသည်။

"လွန်ခဲ့တဲ့တစ်လတုန်းက အလကားနေရင်း လေးဆယ့်ငါးထရီလီယံလောက်ရလိုက်တာလေ။ အချီကြီးပွလိုက်တာပေါ့"

ဘရစ်တိုခမျာ အံတင်းတင်းကြိတ်ထားလိုက်မိသည်။ အမှန်ပင်။ သူတို့က အမေရိကန်ဒေါ်လာများကို ထုတ်လုပ်ပါသော်ငြား ဤမျှများပြားသော ရန်ပုံငွေကိုတော့ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်နည်း။ အမေရိကန်ဒေါ်လာတစ်ရာကွာဒရီလီယံတဲ့လား။ ဤသည်မှာ ကျန်းမုန့်လောင်၏လက်ထဲသို့ ပိုက်ဆံထပ်ထည့်ပေးနေသလိုပင် ဖြစ်ချေမည်။

"မစ္စတာဘရစ်တို.. မိနစ်ပိုင်းအတွင်းမှာတင် နောက်ထပ်နိုင်ငံသုံးနိုင်ငံ ပြိုလဲသွားပါပြီ။ ကျန်းမုန့်လောင်က အမေရိကန်ဒေါ်လာတစ်ရာဘီလီယံနီးပါ အမြတ်ရသွားပါပြီ"

"သေစမ်း"

မာန်တက်နေသော ကျန်းမုန့်လောင်၏အမူအရာကိုကြည့်ရင်း ဘရစ်တိုခမျာ သူ့အား အရှင်လတ်လတ်အရေခွံစုတ်ပစ်ချင်စိတ် ပေါက်သွားသည်။ သို့သော် ကျန်းမုန့်လောင်ကို ယခုအချိန်အထိ သတ်၍မရသေးပေ။ သူ့လျှို့ဝှက်ချက်များကို မဖော်ထုတ်ရသေးပေ။

"မစ္စတာဘရစ်တို.. ကျုပ်တို့ကို ကူညီပါဦး။ ကျုပ်တို့ရဲ့ငွေကြေးတန်ဖိုးတွေ ဆက်တိုက်ထိုးကျနေတာ။ ကျုပ်တို့နိုင်ငံရဲ့စီးပွားရေးလည်း ပြိုလဲတော့မှာ"

နိုင်ငံပေါင်း၈၈နိုင်ငံ၏ ကိုယ်စားလှယ်များလည်း ဤနေရာသို့ စုဝေးရောက်ရှိလာကြသည်။ သူတို့က ယနေ့တွင် ရာဇဝင်ကြွေးဆပ်နိုင်ရန် မျှော်လင့်ထားကြပါသော်ငြား ကျန်းမုန့်လောင်ကို အပြစ်မပေးနိုင်သည့်အပြင် သတင်းဆိုးတစ်ခုပြီးတစ်ခုသာ ရောက်လာခဲ့သည်။

"ကျန်းမုန့်လောင်.. မင်းရဲ့လူတွေကို ရပ်တန်းကရပ်ခိုင်းလိုက်။ မဟုတ်လို့ကတော့ မင်းကို အရင်ဆုံးမပြမယ်"

"ဘာလို့ တအားကြမ်းတမ်းနေတာလဲ"

ကျန်းမုန့်လောင်က ဝမ်းနည်းကြေကွဲဟန်ဖြင့် ပြောလိုက်လေသည်။

"ခင်ဗျားတို့ ကျုပ်ကို အမိန့်ပေးချင်တယ်ဆိုရင် အနည်းဆုံးတော့ ဆက်သွယ်ရေးကိရိယာလေးတစ်ခုတော့ ပေးသင့်တယ်မလား"

"သူ့ကိုပေးလိုက်"

ဘရစ်တိုက သူ့ဘေးရှိ လူတစ်ယောက်ကို မျက်ရိပ်ပြလိုက်သည်။

အထူးပြုလုပ်ထားသော သတ္တုတံခါးကြီး ပွင့်သွားပြီးနောက် နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်တစ်ယောက် အထဲသို့ ဝင်လာလေသည်။ ထို့နောက် ခေတ်နောက်ကျနေဟန်တူသော ဆဲလ်ဖုန်းတစ်လုံးကို ကျန်းမုန့်လောင်အား ပေးလာချေသည်။ ဤကျွန်းပေါ်တွင် ဆက်သွယ်မှုများကို ပိတ်ဆို့ထားသည်ဖြစ်ရာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ချင်ပါက အထူးကိရိယာများကို လိုအပ်ပေသည်။

ကျန်းမုန့်လောင်လည်း ဟုန်းရီထံသို့ ခပ်မြန်မြန်ဆက်သွယ်လိုက်သည်။

"မစ္စတာကျန်း.. ရှင် လွတ်လာပြီလား"

ဟုန်းရီမှာ အတန်ငယ်အံ့ဩသွားလေဟန်ပင်။ မစ္စတာကျန်းက နည်းနည်းလောက်ဆက်ကစားလိုက်ဦးမည်ဟု ပြောထားသည်မဟုတ်ပါလော။

"မဟုတ်ဘူး။ သူတို့က ငါ့ကို ပြန်မလွှတ်ချင်လောက်အောင် ဖော်ရွေနေကြတာလေ"

သူက ပြန်ပြောလိုက်သည်။

"တကယ်လား"

ကျန်းမုန့်လောင်၏လေသံက လှောင်ရိပ်စွန်းနေကြောင်း ဟုန်းရီ အတပ်သိလိုက်သည်။

"ဟုတ်တယ်။ သူတို့က ခဏနေရင် ငါ့ကို ဖရာပူချီနိုနဲ့ ဧည့်ခံမလို့တဲ့"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"အခု အခြေအနေ ဘယ်လိုရှိပြီလဲ"

"ကျွန်မတို့ဘက်က ကုန်သွယ်ရေးသမားတွေက ပစ်မှတ်ဈေးကွက်၂၈ခုကို တိုက်ခိုက်ထားပါတယ်။ လောလောဆယ်တော့ ၁၁နိုင်ငံ ပြိုလဲသွားပါပြီ။ ကျန်တဲ့၁၇နိုင်ငံကတော့ ခုခံနေတုန်းပါ။ အခုအချိန်အထိတော့ ကျွန်မတို့ဘက်က ဒေါ်လာ၃၃၈ဘီလီယံ အမြတ်ရထားပါပြီ"

"အင်း.. ကောင်းတယ်။ ဆက်လုပ်ထား။ ပစ်မှတ်နိုင်ငံ၆၀ကျန်သေးတယ်"

"ကျန်းမုန့်လောင်"

ဘရစ်တိုခမျာ ဒေါသူပုန်ထသွားလေသည်။

"မင်းရဲ့လက်အောက်ငယ်သားကို ရပ်ခိုင်းထားတာလေ။ တိုက်ပွဲရလဒ်အကြောင်း မေးခိုင်းတာမဟုတ်ဘူး"

"ဪ ဟုတ်သားပဲ။ လိုရင်းကိုမေ့နေတာ"

ကျန်းမုန့်လောင်လည်း ခေါင်းတကုတ်ကုတ်လုပ်နေချေသည်။

"ဟုန်းရီ မရပ်လိုက်နဲ့။ တိုက်ခိုက်မှုကို အရှိန်မြှင့်လိုက်။ အဲဒီဈေးကွက်၁၇ခုလုံးကို ဆယ်မိနစ်အတွင်း ပြိုလဲသွားအောင် တိုက်ခိုက်ပစ်လိုက်"

"ဟုတ်ကဲ့"

...

"ကျန်းမုန့်လောင်.. မင်း ဘာလုပ်နေတာလဲ"

ကျန်းမုန့်လောင်၏အမိန့်ကို ကြားသောအခါ ၁၇နိုင်ငံမှ စိတ်စွမ်းအားရှင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှာ စိတ်မထိန်းနိုင်တော့ချေ။

"ခင်ဗျားတို့ပဲ ကျုပ်ကို ရပ်ခိုင်းထားတာမဟုတ်လား။ သူတို့တွေကအကုန်လုံးကို အပြတ်တိုက်ပြီးသွားရင် သေချာပေါက်ရပ်ရတော့မှာပဲမလား။ ဘာဖြစ်နေတာလဲ"

"မင်း.. မင်းကိုယ်တိုင် တောင်းဆိုတာနော်"

ကျန်းမုန့်လောင်ကို လက်ညှိုးထိုးနေကြသော သူတို့၏လက်ချောင်းများက ထိန်းချုပ်၍မရနိုင်လောက်အောင် တုန်ယင်နေသည်မှာ ပါကင်ဆန်ရောဂါရနေသည့်အလားပင်။

"ကျုပ်ကို သတ်ပစ်ချင်ပေမဲ့ သတ်ပစ်လို့မရဖြစ်နေတဲ့ ခင်ဗျားတို့ရဲ့ အမူအရာကို ကျုပ် သိပ်ကြိုက်တာ"

ကျန်းမုန့်လောင်က ဆက်ရန်စလိုက်သည်။

"ကျန်းမုန့်လောင်.. ငါတို့က မင်းကိုညှာနေတာနဲ့ပဲ မင်းကိုကြောက်နေတယ်လို့ ထင်နေတာလား"

ဘရစ်တိုက ပြောလိုက်လေသည်။

"သူ့ခြေထောက်ကို ရိုက်ချိုးလိုက်စမ်း"

"ဒါက..."

ကျန်းမုန့်လောင်၏ဘေးနားရှိ စိတ်စွမ်းအားရှင်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် ကျန်းမုန့်လောင်ကို ဖမ်းဆီးရန် ကြိုးစားခဲ့ကြသည့် စိတ်စွမ်းအားရှင်၃၀၂ထဲတွင် ပါဝင်ပေသည်။ ကျန်းမုန့်လောင်၏အစွမ်းကို သူတို့ မြင်ထားပြီးဖြစ်၏။ သူသည် သက်သက်ပျော်ပါးရန် ဤနေရာသို့ ရောက်လာခြင်းပင်။ သို့မဟုတ်ပါက မည်သူကများ သူ့ကို ဖမ်းနိုင်မည်နည်း။

"မင်းတို့နှစ်ယောက်က ဘာကိုစောင့်နေတာလဲ။ ငါ့အမိန့်ကို အာခံတာလား"

ဘရစ်တိုက ကြိမ်းမောင်းလိုက်၏။

သို့သော် ထိုစိတ်စွမ်းအားရှင်နှစ်ယောက်ကတော့ တုတ်တုတ်မျှမလှုပ်ပါဘဲ အကြည့်လွှဲနေကြသည်။

"ဟားဟားဟား.. သူတို့ကို မေးကြည့်လိုက်စမ်းပါ။ သူတို့ထဲက ဘယ်သူကများ ကျုပ်ကိုထိရဲသလဲလို့"

"မင်းတို့နှစ်ယောက် ဘာဖြစ်နေတာလဲ"

"မစ္စတာဘရစ်တို..ကျွန်တော်...ကျွန်တော်တို့ မလုပ်ရဲဘူး"

"ဟားဟားဟား တွေ့လား.. မလုပ်ရဲဘူးတဲ့"

"မင်းတို့က ဘာတွေကြောက်နေတာလဲ။ သူက အကျဉ်းသားတစ်ယောက် ဖြစ်နေပြီလေ။ သူ့လက်တွေကိုလည်း လက်ထိပ်ခတ်ထားတယ်။ ဘာလုပ်နိုင်မှာမို့လို့လဲ"

ဘရစ်တိုခမျာ အော်ဟစ်မိတော့မတတ်ပင်။

"ချောက်"

သူ့စကားအဆုံးမှာပင် အထူးပြုလုပ်ထားသော သတ္တုစပ်လက်ထိပ်က ဂျွတ်ခနဲကျိုးသွားလေသည်။

"သူတို့ ခင်ဗျားကို ပြောမပြဘူးလား။ ကျုပ်က အဖမ်းခံလိုက်ရတာမဟုတ်ဘူး။ လိုလိုလားလားနဲ့ကို လိုက်လာတာ"

ဘရစ်တိုခမျာ မျက်လုံးအပြူးသားဖြစ်သွားရသည်။

ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။

"ခဏနေဦး"

ဘရစ်တိုတစ်ယောက် အတွေးများသွားရလေသည်။

အစီရင်ခံစာများအရ ကျန်းမုန့်လောင်တွင် သက်တော်စောင့်တစ်ယောက်မှမရှိဟု သိရသည်။ ဤတစ်ခေါက်တွင် သူ့ကိုဖမ်းရန်အတွက် သူတို့ဘက်က နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်အယောက်၁၆၀ ဆုံးရှုံးခဲ့ရသည်။ ကျန်လူအားလုံးနီးပါးကလည်း ဒဏ်ရာရခဲ့ကြသည်ဖြစ်ရာ ကျန်းမုန့်လောင်၏ခွန်အားက အံ့မခန်းပင်ဖြစ်ကြောင်း သက်သေပြနေပေသည်။

သူသာ အဖမ်းခံလိုက်ရသည်ဆိုပါက ပြင်းထန်လှသော တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပေလိမ့်မည်။

သို့သော် ကျန်းမုန့်လောင်၏ပုံစံက ကြီးမားလှသောတိုက်ပွဲတစ်ခုကို ဆင်နွှဲလာရသူတစ်ယောက်နှင့် မတူပါချေ။ သူ့တွင် ပြင်ပဒဏ်ရာတစ်ခုမှလည်း မရှိပေ။

သူ့တွင် ဘာဒဏ်ရာမှ မရှိဘူးဆိုပါက မည်သို့ဖမ်းနိုင်ခဲ့လေသလဲ။

"မဟုတ်သေးဘူး။ ကျန်းမုန့်လောင်က အနိုင်ပိုင်းခံလိုက်ရတာမဟုတ်ဘူး"

နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်၃၀၂ယောက်နှင့်အတူ ထျန်းယွမ်အဆင့်သိုင်းပညာရှင်တစ်ယောက်ဖြစ်သော ကျိုးပေါ်ချွမ်းကိုပါ လွှတ်လိုက်သည့်တိုင် ကျန်းမုန့်လောင်က ဘေးမသီရန်မခရှိနေသည်တဲ့လား။

သူသာ အဖမ်းမခံခဲ့ရဘူးဆိုပါက ဤနေရာသို့ လိုလိုလားလားလိုက်ပါလာခြင်းပင်။

ကျန်းမုန့်လောင်က လက်ထိပ်ကို ဘေးသို့ ပစ်ချလိုက်ပြီး ဘရစ်တိုကို လက်ညှိုးထိုးလိုက်လေသည်။

"မင်းတို့နှစ်ယောက်.. သူ့လက်ကို ရိုက်ချိုးပစ်လိုက်"

All Chapters